အပိုင်း ( ၁၆ )

4.2K 118 2
                                    

မြေပြန့်သူလေး
-------------------
Part - 16
-------------
" အချစ် ဒီညရော ဘယ်မှာအိပ်မှာလဲ "

" ဟင် အရင်ကလို ဆိုဖာပေါ်မှာပဲအိပ်မယ်လေ "

" အချစ်ကလည်းကွာ ကိုယ်နဲ့အတူတူအိပ်မယ်လေ "

" CEO နော် ဒီနေ့မှရည်းစားဖြစ်တာကို အသားယူဖို့စဥ်းစားနေတာ "

" ကိုယ့်ကောင်မလေး ဆိုဖာပေါ်မှာအိပ်တာ
မကြည့်ရက်လို့ပါကွာ "

" အပြောကတော့ ရွှေမန်းပဲ "

" ချစ်လို့ပါဗျ "

ပြောရင်းနဲ့ သူမခါးကိုလာဖက်တဲ့လက်တစ်စုံကြောင့် တုန်သွားမိသည်

" CEO နော် "

" အခုထိ CEO ပဲလား "

" ဟင် ဒါဆို ဘယ်လိုခေါ်ရမှာလဲ "

" ကိုကိုလို့ခေါ်ပေါ့ကွ "

" ဟင် အဲ့လိုကြီးကျ "

" CEO လို့ထပ်ခေါ်ရင် နမ်းမှာနော် "

" ဟွန့် အာဏာပါဝါတွေပြနေတာ "

" ဒီတစ်ကြိမ်ပဲ အာဏာပြမှာ ကျန်တာက အချစ်သဘောပဲ "

" ဟုတ်မယ်ထင်တယ် မျက်ဝန်းသူငယ်ချင်းလည်းပြောဖူးတယ် အသက်ကြီးမှရည်းစားရတဲ့လူတွေက သူငယ်ပြန်နေသလိုပဲတဲ့ အခုကိုကိုလည်းအဲ့လိုပဲ အဟိ "

" အော် ဟော် ဒီကလေးမ နာချင်နေပြီ "

" ဗြဲ "

လျှာလေးထုတ်ပြီးပြောင်ပြတဲ့ အသစ်စက်စက်ချစ်သူလေးကိုသူလည်း ကလိထိုးလိုက်တယ်

" ဟင် မယားဘူးလား "

" မျက်ဝန်းက ကလိထိုးရင်မယားတတ်ဘူး ကိုကိုရဲ့ အဟားဟား ကရော်ကရော် "

" ဒါဆိုလည်း ဒီလိုလုပ်မယ် ပြွတ် "

သူမပါးကိုအနမ်းလာပေးတဲ့ CEO ကြောင့် ကြောင်သွားမိသည်

ဒါကဘဝမှာပထမဆုံး သူစိမ်းယောက်ျားလေးတစ်ယောက်ဆီက အနမ်းပေးခံရခြင်းပင်

ခွန်းမှာတော့ မျက်နှာပြင်တစ်ခုလုံး နှင်းဆီပန်းလေးလိုဖြစ်သွားတဲ့ အချစ်လေးကြောင့် သဘောကျစွာရယ်လိုက်မိသည်

" အိပ် အိပ်တော့မယ် "

ခွန်းလည်း ရှက်သွားတဲ့ကလေးမကြောင့် အနောက်ကနေတော့လိုက်မသွားတော့ပါ
_
_
_
_

မြေပြန့်သူလေး ( Complete  ) Where stories live. Discover now