အပိုင်း ( ၁၂ )

4.5K 117 0
                                    

မြေပြန့်သူလေး
-------------------
Part - 12
-------------
"'' ဖုန်းနံပါတ်တောင်းပြီး ဖုန်းလည်းမဆက်ဘူး အဲ့လိုမှန်းသိရင် သူ့ဖုန်းနံပါတ်လေးပါ တောင်းထားလိုက်ပါတယ် "''

မျက်ဝန်းမှာ တစ်ယောက်ထဲကြိတ်မနိုင်ခဲမရ ဖြစ်နေတော့တယ်

၂ရက်တောင်ပြည့်တော့မယ် ဟင်း.....အင်းပေါ့လေ ငါကကြိုက်နေရတဲ့သူကိုး....

ပုံမှန်ဆို စနေနေ့တိုင်းပျော်နေတတ်ပေမဲ့ ဒီနေ့တော့ သူမမှာမပျော်နိုင်ပေ

" ကဗျာ သူဘာဖြစ်နေတာလဲ အသည်းကွဲနေတာလား "

" မသိဘူး မဝေရဲ့ ကဗျာလည်းကြည့်နေတာကြာပြီ တစ်ယောက်တည်းကိုပုံစံအမျိုးမျိုးလုပ်နေတာ "

" ကျွန်တော်ရောပဲ "

အောင်ခန့်ဖြိုး အပါအဝင် ဟိုဘက်အဖွဲ့ကလူတွေကပါ ရောယောင်ပြီးလာစပ်စုနေကြသည်

" အဟန့်.... ရုံးချိန်ပဲရှိသေးတာနော် စပ်စုတာလေးတွေလျှော့ "

ဂျာကြီးအသံကြားမှ ဒီဘက်ကိုရောက်နေတဲ့ မျက်လုံးတွေ နားတွေ သူတို့ဘက်ကိုပြန်ရောက်သွားကြတယ်

ကဗျာလည်း ထိုအခါမှအသိဝင်ပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေလိုက်သည်

စနေနေ့တိုင်း ရုံးဆင်းချိန်က ၄နာရီဖြစ်တာမို့ အိမ်ကိုတော့ ၆နာရီမထိုးခင်ပြန်ရောက်လေသည်

" မမကြီး မေကြီးက ထမင်းစားပြီးမှ သူငယ်ချင်းတွေဆီသွားတဲ့ "

" အင်းအင်း သိတယ်
သားသားရော စာတွေလိုက်နိုင်လား "

" ဟုတ် ၈တန်းကလွယ်ပါတယ် အေးဆေး "

" အဲ့ဆို မဟော်သဓာထဲက အရှေ့ဘက်မှာရှိတဲ့ရွာက ဘာလဲ "

" ပါစီနယဝမဇ္စျဂုံးရွာလေ "

ဒတ်ခနဲဖြေလိုက်တဲ့မောင်ဖြစ်သူကြောင့် သူမလည်းကျေနပ်မိသွားသည်

" အဲ့ဒါဆိုလည်းပြီးရော စာတော့သေချာလုပ်နော်"

" ဟုတ် "

" နှောင်းရော ဘယ်သွားလဲ "

" ကိုကြီးဝလ္လာတို့အိမ်မှာ စာသွားမေးတယ် "

" ၇နာရီထိုးတော့မယ် သွားခေါ်ဦးသူ့ကို "

" ဟုတ် "

မြေပြန့်သူလေး ( Complete  ) Opowieści tętniące życiem. Odkryj je teraz