Unicode
သူ့ကို ဖမ်းစားလိုက်သော ပုံရိပ်လေးတစ်ခု
___________________________
"ကျွန်ုပ်တို့ နန်းတွင်းအထူးစုံစမ်းရေးအဖွဲ့အနေနဲ့ အမှုကိစ္စတွေရဲ့ အသေးစိတ်အချက်အလက်တွေကို ပြောပြခွင့်မရှိပါဘူး။ ဒါကြောင့် မိဖုရားစန္ဒာ အမှုရဲ့အသေးစိတ်အချက်အလက်ကို မပြောပြပေးနိုင်တာတော့ ခွင့်လွှတ်ပါ အရှင့်သား။ ဒါပေမဲ့ နန်းတွင်းမှာ နှစ် ၅၀အတွင်းဖြစ်တဲ့အမှုတွေကို စာရင်းပြုစုထားတဲ့ စာအုပ်တော့ရှိပါတယ်။ အဲ့ဒီ့စာအုပ်က စာကြည့်ဆောင်မှာရှိပါတယ်။ စာအုပ်ကနေ မိဖုရားစန္ဒာအမှုအကြောင်း ထိုက်သင့်သလောက်တော့သိရှိရမှာပါ"
အရုဏသည် နန်းတွင်းစုံစမ်းစစ်ဆေးရေးမှူးပြောလိုက်သော စကားများကို နားထဲပြန်လည်ကြားယောင်ရင်း စာအုပ်စင်ပေါ်မှ အနက်ရောင်သားရေပြားဖြင့်အဖုံးချုပ်ထားသည့် စာအုပ်ထူထူကိုဆွဲထုတ်လိုက်သည်။ စာအုပ်ကို ဆွဲထုတ်လိုက်သဖြင့် လွတ်သွားသောအပေါက်နေရာတွင် မြင်ကွင်းတစ်ခုက လှစ်ခနဲပေါ်လာ၏။
ယုဂန်နိုင်....
ယုဂန်နိုင်သည် များသောအားဖြင့် ဆံပင်ကိုတစ်ဝက်စည်း၊ သို့မဟုတ် ဖားလျားချထားလေ့ရှိရာ ဒီနေ့တွင်မူ ထူးထူးခြားခြား ဆံနွယ်များကိုထုံးဖွဲ့ထား၏။ သေသေသပ်သပ် ထုံးဖွဲ့ထားခြင်း မဟုတ်သောကြောင့် ဖြောင့်စင်းပါးလျားသည့် ဆံနွယ်ပျော့များသည် သူ၏နုထွေးသောမျက်နှာထက်သို့ ကပိုကရို အိကျဆင်းနေသည်။ သူသည် ကော့ညွတ်ရှည်လျားသောမျက်တောင်များကို အသာ,စင်းပြီး ကြည်မြသောမျက်နှာထားဖြင့် စာအုပ်ကိုစိတ်ဝင်တစားဖတ်နေ၏။
သူထိုင်နေသော စားပွဲခုံမှာပြတင်းပေါက်၏ဘေးတွင်မို့
ပြတင်းပေါက်မှ ကျူးကျော်စီးကျလာသော အဝါသန်းသည့်နေရောင်ခြည်နွေးနွေးသည် ယုဂန်ပေါ်သို့ တစ်စွန်းတစ်စ ဖြာကျနေသည်။ နေမင်း၏ရောင်ခြည်အောက်တွင် သူ၏ နက်မှောင်သောဆံပင်မှာ ပို၍လင်းလက်နေသယောင်။ ဖြူဥသော အသားအရေမှာ ပို၍ကြည်လင်တောက်ပနေသလိုရှိပြီး လှုပ်ရှားမှုတိုင်းဟာ ပိုမိုအသေးစိတ်ဆန်ကာ နှေးကွေးနေသယောင်။
ထူးဆန်းသည်။
အချိန်များမှာ အလွန်တရာနှောင့်နှေးသွားဟန်ရှိပြီး
အရုဏသည် အကြောင်းမဲ့သပ်သပ်နှင့် ယုဂန်၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်သတိပြုမိနေသည်။
မသိမသာလှုပ်ရှားနေသော မျက်ခွံနှင့် နူးညံ့လွန်းစွာတုန်လှုပ်သွားသော မျက်တောင်ဖျားလေးကအစ...
နားရွက်ပေါ်တင်နေသော ဆံစအချို့ဟာ ထွေးအိစွာကျဆင်းလာပြီး ပန်းရောင်ဖျော့သောပါးပြင်ကို ထိခတ်သွားသည်အဆုံး....
ဖျော့တော့သောလက်ပေါ်ရှိ စိမ်းပြာရောင်အကြောစိမ်းလေးများနှင့် ညင်သာလွန်းစွာ လှုပ်လီလှုပ်လဲ့ဖြစ်သွားသော လည်ဇလုပ် အထိ...
အသေးစိတ်ဆန်လွန်းစွာ လှုပ်ရှားမှုတိုင်းကို အရုဏသည် အမှုမဲ့ငေးကြည့်မိနေသည်။ သူ၏ခေါင်းထဲတွင် တခြားအတွေးဟူ၍ တစ်စက်မှ မရှိတော့။ အာရုံတို့ဟာ ထိုမြင်ကွင်းအပေါ်ကိုသာ ဈာန်ဝင်စားလျက်ရှိပြီး စိတ်အစုံဟာ မျောလွင့်သွားသယောင်။
ထူးဆန်းသော နွေးထွေးဆွတ်ပျံ့သည့် ခံစားချက်မျိုးဖြစ်သည်။ တစ်ခါမှ မတွေ့ကြုံဖူး၊ မခံစားဖူးသော ရင်ထဲ၊ နှလုံးသားထဲမှ စူးနစ်ဝင်ရောက်သည့် စိမ်းသက်သောခံစားချက်မျိုးဖြစ်သည်။
ပတ်ဝန်းကျင်ဟာ အလွန်အမင်းတိတ်ဆိတ်ငြိမ်သက်နေ၏။ ညှင်းသဲ့သော လေ၏အသံမှတစ်ပါး တခြားသောအသံများမရှိ။ တိတ်ဆိတ်လွန်းသောကြောင့် သူသည် သူ၏ရင်ထဲမှ နူးညံ့လွန်းသောလှုပ်ခတ်မှု၏ အသံဖျော့ဖျော့ကိုပင် ကြားနေရသည်။
အစိမ်းရောင်မျက်ဝန်းများဟာ တွေ့မြင်နေရသော ကောင်လေး၏ပုံရိပ်မှ မခွာနိုင်။
သွယ်လျစွာ လှပသော အနှီသူ၏လက်ချောင်းများသည် စာအုပ်ထောင့်စွန်းကို ရွရွလေးကိုင်ထားသည်။ ဖြူဖျော့သော အနှီလက်ချောင်းထိပ်များတွင် မနုလွန်း ၊ မရင့်လွန်းသောပန်းနုရောင်ဖျော့ဖျော့ သန်းနေ၏။ နုအိအေးစက်မည်ဖြစ်သော ထိုလက်ချောင်းထိပ်လေးများသည် ပါးလွှာသော စက္ကူ၏ထောင့်စွန်းကို တို့ထိပြီး စာရွက်ကိုဖြည်းဖြည်းချင်း လှန်လိုက်၏။
မျက်တောင်တစ်ချက်ခတ်သွားသည်။
မထူလွန်း မပါးလွန်းသော နီစွေးစွေးနှုတ်ခမ်းသည် တင်းတင်းစေ့ထားရာမှ အတန်ငယ်ပွင့်ဟ,သွားသည်။
အရုဏသည် ထိုသူ၏လှုပ်ရှားမှုသေးသေးလေးကအစ ဂရုတစိုက်နှင့် ဆက်လက်ငေးကြည့်မိနေဆဲ...
" ဘာလုပ်နေတာလဲ"
နောက်ကွယ်မှ ရုတ်တရက်ထွက်လာသော နန္ဒ၏အသံကြောင့် အရုဏ လန့်သွားပြီး လက်ထဲမှစာအုပ်ကို ကမန်းကတန်းကောက်ဖွင့်လိုက်သည်။
အရုဏသည် စစ်သည်တစ်ယောက်ဖြစ်သည်နှင့်အညီ သတိနှင့်အသိကို အမြဲတစေယှဉ်တွဲထားသူ ဖြစ်၏။ နောက်ကွယ်မှ အရှိန်နှင့်လာသောဓားကို သိစေရန်၊ နောက်ကျောမှ အန္တရာယ်ကို သတိပြုမိစေရန် လေ့ကျင့်ထားသူဖြစ်သဖြင့် ဘေးဘီကို အမြဲသတိရှိသည်။ ထို့ကြောင့် အရုဏသည် ဤကဲ့သို့ အသိစိတ်လွတ်သွားသဖြင့် ထိတ်လန့်သွားခြင်းမျိုး မရှိခဲ့ဖူး။
လန့်သည် ဆိုသည်မှာ ဤကဲ့သို့နှလုံးခုန်သံကို မြန်သွားစေပါလား...
" အာ...စာအုပ် ဖတ်နေတာ...စာအုပ်..."
နန္ဒသည် သူ့ကိုပြူးကြည့်နေပြီး လက်ထဲမှစာအုပ်ကို စပ်စုလိုစိတ်ဖြင့် လှမ်းကြည့်သည်။ ထို့နောက် အရုဏကို မျက်မှောင်ကုပ်၍ကြည့်လေသည်။
" ပြောင်းပြန်ကြီး ဖတ်နေတာလား..."
အရုဏသည် ပြောင်းပြန်ဖြစ်နေသော စာအုပ်ကိုငုံ့ကြည့်ပြီး ပြန်ဖြေစရာစကားပျောက်ရှသွား၏။ သူသည် ကူကယ်ရာမဲ့သွားသလို ခံစားလိုက်ရပေသည်။ သူ့ပုံစံဟာ အူကြောင်ကြောင်ဖြစ်သွားသလား။ ခက်ထန်တည်ကြည်သော အရုဏ၏ပုံရိပ်ကို ထိခိုက်ပျက်ပြားသလို သူခံစားလိုက်ရသည်။ သိက္ခာအကျမခံနိုင်သဖြင့် ပါးစပ်ထဲတွေ့ကရာကို သူပြောလိုက်သည်။
" ပြောင်းပြန်ဖတ်နည်း လေ့ကျင့်နေတာ...အခုတလော စာကိုပြောင်းပြန်ဖတ်တာ ခေတ်စားနေတယ်ဆိုလို့..."
နန္ဒသည် သူ့ကိုအူလည်လည်နှင့်စိုက်ကြည့်နေတော့သည်။
အရုဏသည် ချောင်းတစ်ချက်ဟန့်ပြီး သူ၏တည်ကြည်သောမျက်နှာကို ဆက်လက်ထိန်းထား၏။
အရုဏ၏ခပ်တည်တည်ရုပ်ကြောင့် ရိုးသားသောနန္ဒမှာ သူ့စကားကို ယုံကြည်သွားလေသည်။
"ဟုတ်လား...စာပြောင်းပြန်ဖတ်တာ ခေတ်စားနေတာကို ကျွန်ုပ် ဘာလို့မသိတာပါလိမ့်..."
နန္ဒသည် ခေါင်းကိုကုတ်ကာပြောရင်း ယုဂန်နိုင်ဆီ ထွက်သွားသည်။
" ဒီမှာ...ယုဂန်...မင်းပြောတဲ့အတိုင်း ဒါစစ်ရေးဗျူဟာနဲ့ပတ်သက်တဲ့စာအုပ်တွေပဲ...ငါ စေတနာနဲ့ရှာလာပေးတာနော်..."
နန္ဒသည် သယ်လာသောစာအုပ်အထူကြီးနှစ်အုပ်ကို ယုဂန်ရှေ့ရှိ စားပွဲခုံပေါ်ပစ်တင်လိုက်သည်။
" ကျေးဇူးပါ..."
ယုဂန် တစ်ချက်ပြုံးပြီး ထိုစာအုပ်နှစ်အုပ်ကိုယူကာ လှန်ကြည့်နေ၏။ ထိုစဉ် အရုဏမှာ ယုဂန်၏စားပွဲဘေးနားရှိ မလှမ်းမကမ်းခုံတွင် ဝင်ထိုင်လိုက်သော်လည်း ယုဂန်ကိုမူ လှည့်မကြည့်မိအောင် ဂရုစိုက်နေသည်။
ဘာကြောင့်မှန်းမသိသော်လည်း သူသည် ယုဂန်ကိုကြည့်ရန် ဝန်လေးနေမိ၏။ ယုဂန်နှင့် မျက်နှာချင်းဆိုင်ရမည်ကိုလည်း ရုတ်တရက်ကြီး ကြောက်ရွံ့သလိုခံစားနေရသည်။
ကြောက်ရွံ့တယ်?
ဘာကြောက်စရာရှိလို့လဲ...
ကြောက်ရွံ့တာလည်း မဟုတ်ဘဲ ထူးဆန်းသည့် ခံစားချက်ကြီးပင်...
ထူးဆန်းသည်...ထူးဆန်းသည်...ထူးဆန်းသည်။
နန္ဒ:" ဒါနဲ့ မင်းက ဘယ်တုန်းက စစ်ရေးဗျူဟာတွေကို စိတ်ဝင်စားသွားပြီး လေ့လာနေတာလဲ..."
နန္ဒသည် ယုဂန်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။
ယုဂန်:" ကြာပါပြီ...ငါ ဒီဘက်ကမ္ဘာကို စရောက်ကတည်းကပဲ..."
ယုဂန်သည် စာအုပ်ကိုကြည့်ရင်း လွှတ်ခနဲပြောလိုက်မိသည်မို့ စကားထဲအမှားပါ,သွား၏။
နန္ဒ:" ဒီဘက်ကမ္ဘာ ရောက်ကတည်းက တဲ့လား..."
ယုဂန်:" အချိန်တော်တော်ကြာပြီလို့ ပြောတာပါ"
နန္ဒမှာ အများကြီးမစဉ်းစားတတ်သူမို့ ထိုစကားအပေါ်လည်း ယုံမှားသံသယမရှိခဲ့ပါချေ။
နန္ဒ:" အဲ့တာတွေလေ့လာရတာ မရှုပ်ဘူးလား...စစ်ခြူ၊ စစ်မြူ၊ စစ်သိပ်၊ စစ်ချီ၊ စစ်ဆင်...ပြီးတော့....ဘာကျန်သေးလဲ..."
ယုဂန်:" စစ်ဆုတ်..စစ်ပြန်?"
နန္ဒ:" အေး...အဲ့တာတွေက တကယ်ရှုပ်ပြီး ပျင်းစရာကြီး..."
ယုဂန်:" ရှုပ်ပေမဲ့ စိတ်ဝင်စားဖို့ကောင်းတယ်လေ။ ငါက အစထဲက ဒီလိုမျိုးဗျူဟာချရတာတွေ...စဉ်းစားရတာတွေကို သဘောကျတယ်။ အဲ့တာကြောင့် သင်္ချာတွက်ရတာလည်းကြိုက်ပြီး...စစ်တုရင်ကိုလည်း သဘောကျတာ ထင်တယ်"
ယုဂန် ဂိမ်းဆော့တိုင်းလည်း strategy games များကိုသာ အဓိကဆော့ဖြစ်ခဲ့ကြောင်းကိုတော့ နန္ဒနားလည်မည်မဟုတ်သဖြင့် ထည့်မပြောနေတော့။
နန္ဒ:" စစ်တုရင် ထိုးတတ်တာလား..."
ယုဂန်:" အင်း...တော်တော်လေးကျွမ်းကျင်တဲ့အဆင့်ထဲ ပါ,ပါတယ်.."
တက္ကသိုလ်ပေါင်းစုံမှာ ပထမရတာမျိုးပေါ့...
ယုဂန်သည် ထိုသို့တွေးမိပြီး ပြုံးလိုက်မိသော်လည်း
ကိုယ့်ဂုဏ်ကို မဖော်ချင်သူမို့ နှုတ်ဆိတ်နေလိုက်သည်။
ပြောပြလည်း နန္ဒက သိမှာမှမဟုတ်ဘဲ။
နန္ဒ:" ငါက မင်းကို အမတ်ကြီးဆီမှာ ဗေဒင်နဲ့နက္ခတ်ပညာတွေ သင်နေတုန်းလို့ ထင်ထားတာ..."
ယုဂန်:" အဲ့တာလည်း သင်တယ်လေ..."
ယုဂန်သည် မျက်ဝန်းတို့ ဖျက်ခနဲလက်သွား၏။
ယုဂန်:" ငါအခုတလော ဟတ္တသမုဒြိကသျှတ္တရ...ဘုရားရေ....ပြောရတာလည်းလျှာခေါက်လိုက်တာ...အဲ့ဟာကို သင်နေတာ...မနေ့က သင်ခန်းစာအသစ်တစ်ခုထပ်သင်ထားတယ်....မင်းလက်ကို ဖြန့်လိုက်....ငါပြမယ်"
နန္ဒသည် လက်ဖဝါးကို ဖြန့်ပြီး ယုဂန်ရှေ့ကိုတိုးပေးလိုက်သည်။ ယုဂန်သည် နန္ဒလက်ဖဝါးရှိ အရေးအကြောင်းလက္ခဏာများအနက် အရေးအကြောင်းတစ်ခုကို လက်ညှိုးထိပ်လေးဖြင့် ထောက်၍ပြောသည်။
ယုဂန်:" လက်ညှိုးနဲ့လက်မကြားကနေ စ,ပြီး လက်သန်းရှိတဲ့ လက်ဖဝါးစောင်းဘက်ဆီသွားတဲ့ လမ်းကြောင်းကို သုသမ္မဏလေခါလို့ ခေါ်တယ်။ ပညာဉာဏ်ကိုအားပေးတယ်...ပြောရရင် ဉာဏ်လမ်းကြောင်းပေါ့...ဦးခေါင်းနဲ့လည်းဆိုင်တယ်တဲ့။ မင်းကိုကြည့်ရရင်...ဉာဏ်လမ်းကြောင်းက ဖြောင့်နေတဲ့အတွက် လက်တွေ့ကျကျစဉ်းစားတတ်တယ်...လက်တွေ့ဆန်တယ်။ ပြီးတော့ လမ်းကြောင်းက နည်းနည်းတိုတော့ ဉာဏ်ရည်ဉာဏ်သွေးက...နည်းနည်းနိမ့်..."
ယုဂန်သည် အဆုံးသတ်အသံကိုတိုးဖျော့စွာပြောလိုက်သည့်တိုင် နန္ဒသည် မျက်နှာမှုန်ကုတ်သွားလေသည်။ ယုဂန်သည် နန္ဒ၏မျက်နှာအမူအရာကို မြင်လိုက်သဖြင့်
လက္ခဏာမှ ကောင်းကွက်လေးတစ်ခုကို အလျင်အမြန်ရှာဖွေပြီးပြောလိုက်ရတော့သည်။
ယုဂန်:" အာ...မင်းက ကြာသပတေးဂြိုလ်ခုံမှာ ကြယ်ပွင့်ပါတာပဲ....ဒါကြောင့် ကြီးပွားချမ်းသာမယ်...အိမ်ထောင်ဖက်ကောင်းရမယ်...စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ ကောင်းမွန်တဲ့ဘဝကို ရမှာ..."
ထိုအခါမှ နန္ဒမျက်နှာ ပြန်လည်ဝင်းပသွားသည်။
နန္ဒ:" အိမ်ထောင်ဖက်ကောင်းရမှာတဲ့လား...မဆိုးဘူး...မဆိုးဘူး..."
ပီယံ:" လက္ခဏာ ကြည့်ပေးနေတာလား..."
ထိုအခိုက်၌ စာကြည့်ဆောင်တွင် ကဗျာစာအုပ်ကိုပြန်လာထားသော ပီယံသည် သူတို့နှစ်ယောက်နားရောက်ချလာ၏။ ယုဂန်သည် ပီယံ့ကိုလှမ်းကြည့်ပြီး
" မင်းရော ကြည့်ပေးရမလား..."
ဟုလှမ်းမေးသည်။ ပီယံသည် သူ့လက်ဖဝါးကို မဆိုင်းမတွဖြန့်ပေးသည်။
ယုဂန်:" ကဲ...ပီယံ့ကိုကြည့်ရရင် ဉာဏ်လမ်းကြောင်းက တနင်္လာဂြိုလ်ခုံပေါ် ကွေးဆင်းသွားတဲ့အတွက် စိတ်ကူးယဉ်ဆန်တယ်....အတီးအမှုတ်၊ အနုလင်္ကာ၊ ကဗျာသီချင်းဝါသနာပါတယ်..."
နန္ဒ:" မှန်တယ်...ပီယံက အဲ့တာတွေအရမ်းဝါသနာပါတာ..."
ယုဂန်:" ထိုးထွင်းဉာဏ်လည်းကောင်းတယ်...စိတ်ကူးစိတ်သန်းကောင်းတယ်။ ဩဇာအာဏာမပြတတ်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်နိုင်တယ်...ပြီးတော့ သောကြာဂြိုလ်ခုံမှာ ကြယ်ပွင့်ပါတော့...အရမ်းစန်းပွင့်တဲ့သူပဲ...."
နန္ဒ:" အဲ့တာလည်း မှန်တယ်...ပီယံက စန်းပွင့်တယ်..."
ပီယံ:" ယုဂန်က တကယ်ကောင်းကောင်းကြည့်တတ်တာပဲ..."
ယုဂန်သည် နှာရှုံ့၍ရယ်လိုက်၏။
ယုဂန်:" သင်ခန်းစာနှစ်ခုသုံးခု လောက်ပဲတတ်သေးတာပါ..."
ပီယံ:" မနှိမ့်ချပါနဲ့...တကယ်တော်တာပဲကို။ အစ်ကိုတော်အရုဏလည်း ခဏလာပါလား...အစ်ကိုတော်အရုဏရဲ့လက္ခဏာကို ယုဂန်ကြည့်,ကြည့်ပါလား..."
အရုဏသည် ထိုစကားကိုကြားလိုက်သောအခါ ကျင်ခနဲတွန့်သွား၏။
ယုဂန် အရှေ့ကိုသွားရမည်တဲ့လား...
သာမန်ဆိုပါက ဘာမဟုတ်သောကိစ္စအတွက် တွန့်ဆုတ်ခြင်းမရှိဘဲ ထ,သွားလိုက်မည်ဖြစ်သော်လည်း
ယခုတွင်မူ ထူးဆန်းသောဤခံစားချက်ကြီးကြောင့်
ယုဂန်နှင့်မျက်နှာချင်း မဆိုင်ချင်နေခဲ့။ သို့သော်လည်း
အခုမှ စကားတစ်ခွန်းမှမဆိုဘဲ ထ,ထွက်သွားမည်ဆိုပါက
မကောင်းတတ်သည့်အတွက် အသက်တစ်ချက်ရှူသွင်းလိုက်ပြီး ယုဂန်၏ဘေးတွင်ရပ်လိုက်သည်။
ယုဂန်:" လက်ဖဝါး...တစ်ချက်လောက်..."
အရုဏသည် လက်ဖဝါးကို တုံ့တုံ့ဆိုင်းဆိုင်းဖြင့် ဖြန့်လိုက်သည်။ သို့သော် ယုဂန်ရှေ့သို့ လက်ဖဝါးကိုမတိုးရဲ။
တွန့်ဆုတ် တွန့်ဆုတ်ဖြစ်နေသည့်အတွက် ယုဂန်သည် စိတ်မရှည်တော့ဘဲ အရုဏ၏လက်ကို ပယ်ပယ်နယ်နယ်ဆုပ်ကိုင်ပြီး ဆွဲယူကြည့်လိုက်တော့သည်။
အထိအတွေ့ကြောင့် အရုဏ၏မျက်ဝန်းတို့အနည်းငယ်ကျယ်သွားသော်လည်း သူသည် ထိတ်လန့်သွားသောအမူအရာကို အလျင်အမြန်ရုတ်သိမ်းကာ တည်သောရုပ်ကို ပြန်လည်ချိတ်ဆွဲလိုက်သည်။
ယုဂန်၏လက်ချောင်းထိပ်လေးများမှာ နူးညံ့နေ၏။
တွေးထင်ထားသည့်အတိုင်း နုအိအေးစက်နေသည်။
အရုဏ၏ပူနွေးသောလက်ဖဝါးထက်တွင် ယုဂန်လက်ချောင်းထိပ်မှ အေးစက်မှုကို ခံစားနေရသည်။
ယုဂန်:" ဉာဏ်လမ်းကြောင်းက အင်္ဂါကြယ်ထွန်းရာဘက်ကိုသွားတဲ့အတွက် ဖျက်ဆီးမှုစစ်အတတ်ဘက်မှာ ကျွမ်းကျင်လိမ္မာမယ်...ရဲစွမ်းသတ္တိနဲ့ပြည့်စုံတယ်...ပြီးတော့ နှလုံးသားလမ်းကြောင်းကို နည်းနည်းလေးကြည့်တတ်လို့ ကြည့်ပေးမယ်....နှလုံးသားလမ်းကြောင်းမှာ ဒီလိုမျိုး
အဖျားလေးက နှစ်ခုကွဲနေတယ်...တွေ့လား..."
ယုဂန်သည် အရုဏ၏လက်ဖဝါးကို နူးညံ့စွာတို့ထိလိုက်သည်။ အရုဏသည် ကြက်သီးဖျင်းဖျင်းထ,သွားပြီး အခုချက်ချင်း မိမိလက်ကိုဆတ်ခနဲပြန်ရုတ်သိမ်းလိုက်ချင်ပါ၏။ မိမိအမူအရာမှာ ထူးဆန်းသွားမည်စိုးသဖြင့်သာ
ဆက်လက်သည်းခံနေရသည်။
သူသည် ယုဂန်၏လက်ကိုကိုင်ဖူးရုံမကလို့ လူတစ်ကိုယ်လုံးပါ ပွေ့ချီဖူးပါ၏။ သို့သော် အခုလိုခံစားချက်မျိုး မဖြစ်ဖူးခဲ့။
ထူးဆန်းလိုက်တဲ့ ခံစားချက်ပါပင်။
ထူးဆန်းသည်...ထူးဆန်းသည်...ထူးဆန်းသည်။
ယုဂန်:" အဲ့တာက အချစ်ရေးမှာ သစ္စာရှိတာကို ပြတာ..."
နန္ဒ:" လူပျိုကြီးဖြစ်မယ်ဆိုတဲ့ လမ်းကြောင်းရောမပါဘူးလား..."
နန္ဒက ရယ်ကျဲကျဲဖြင့်ပြောသည်။ အရုဏလို ရုပ်တည်ကြီးနှင့် ခံစားချက်ကင်းမဲ့သောလူဟာ ချစ်ရမည့်သူရှိလာမည်မဟုတ်ဟု သူတွေးထင်၏။
ယုဂန်:" ငါက နှလုံးသားလမ်းကြောင်းဆို အဲ့တစ်ခုပဲသိတာ...ကျန်တာ မသိတော့ မပြောတတ်ဘူး..."
အရုဏ:" ကြည့်လို့ပြီးပြီမလား..."
အရုဏအသံမှာ ခါတိုင်းလိုဩဇာပြည့်သောအသံမဟုတ်ဘဲ အနည်းငယ်တုန်ယင်နေသယောင်။
ယုဂန် စိတ်ထင်တာပဲ နေမှာပါလေ။
ယုဂန်" ရပါပြီ..."
အရုဏသည် ချက်ချင်းပင် လက်ကိုရုတ်သိမ်းလိုက်သည်။ သူ၏လက်ဖဝါးအတွင်း၌ ချွေးများပင်စို့နေလျက်။
ထူးဆန်းသည်။
ဘာကြောင့် ရင်ထဲမှာ လှုပ်ခတ်နေပါလိမ့်။
အရုဏသည် မလုံမလဲစိတ်ကြောင့် ယုဂန်ကိုပင် ငုံ့မကြည့်နိုင်ဘဲ မိမိ၏ခုံဆီပြန်သွားကာ စာအုပ်ကိုဖွင့်ပြီး ဆက်လက်ကြည့်နေတော့သည်။
ပီယံ:" ယုဂန်ရဲ့ ဉာဏ်လမ်းကြောင်းကရော ဘယ်လိုလဲ...အလွန်ကောင်းမယ်ထင်တယ်...ယုဂန်က ဉာဏ်ကောင်းတော့လေ..."
ယုဂန်:" ငါ့ရဲ့ ဉာဏ်လမ်းကြောင်းက အနေတော်ပါပဲ။ဉာဏ်လမ်းကြောင်းက လက်မနဲ့လက်ညှိုးကြားကနေ အရမ်းရှည်ပြီး လက်ဖဝါးစောင်းထိ ရောက်နေမယ်ဆိုရင် အရမ်းဉာဏ်ရည်ဉာဏ်သွေးအရမ်းကောင်းပေမဲ့ တဇွတ်ထိုးဆန်တယ်တဲ့။ လုပ်မိလုပ်ရာ စွတ်လုပ်တတ်ပြီး အစွန်းရောက်တယ်တဲ့။ ဘာပဲဖြစ်ဖြစ် လက္ခဏာဆိုတာ အစိတ်အပိုင်းတစ်ခုသာသာပါ....ကိုယ့်ရဲ့တကယ့်စိတ်ရင်းကမှ အရေးကြီးဆုံးမဟုတ်လား..."
ပီယံသည် ထောက်ခံသောအားဖြင့် ခေါင်းတညိတ်ညိတ်။
************************************
လက်မနှင့်လက်ညှိုးကြားမှ လက္ခဏာရေးကြောင်းတစ်ခုသည် ဖြောင့်တန်းစွာသွားပြီး လက်သန်းရှိရာဘက်၏ လက်ဖဝါးထောင့်စွန်းသို့ ထိတွေ့နေပါ၏။ အဆိုပါလက်ပိုင်ရှင်သည် မိမိလက်ကို နေရောင်ခြည်အောက်တွင် ဖြန့်ရင်းငုံ့ကြည့်နေသည်။ ထို့နောက် လက်ကို ဖြည်းဖြည်းချင်းဆုပ်လိုက်၏။ နွေးထွေးအလင်းရောင်ကို သူ မဖမ်းဆုပ်နိုင်ခဲ့။ သူ၏လက်ထဲတွင် ဆုပ်ကိုင်ထားမိသောအရာဟူ၍ မရှိနေခဲ့။
နွေးထွေးသော နေရောင်ခြည်ကို သူ,မဖမ်းဆုပ်နိုင်သကဲ့သို့ သူ၏ဘဝတွင်လည်း မပိုင်ဆိုင်နိုင်ဘဲ လက်လွှတ်ခဲ့ရသော အရာတစ်ခုရှိသည်။ တန်ဖိုးအရှိဆုံးသော၊ မြတ်နိုးဆုံးသောအရာတစ်ခုကို စွန့်လွှတ်ခဲ့ဖူးသည်။
မဟုတ်ဘူး....
စွန့်လွှတ်ခဲ့တာ မဟုတ်ဘဲ စွန့်လွှတ်ခဲ့ရတာ။
သဒ္ဒါနည်းအရ 'ပစ္စည်း' ဟုခေါ်သော 'ရ'
စကားလုံးလေးကို ထည့်သုံးရမည်။ 'စွန့်လွှတ်ခဲ့ခြင်း'နှင့်
'စွန့်လွှတ်ခဲ့ရခြင်း' မှာ တူမယောင်ယောင်နှင့် ကြီးမားသော အဓိပ္ပါယ်ကွာခြားပါ၏။
မဖြစ်မနေမို့ စွန့်လွှတ်ခဲ့ရတာ....
အတင်းအကြပ်ခိုင်းစေလို့ စွန့်လွှတ်ခဲ့ရတာ....
စိတ်ရင်းနဲ့မဟုတ်ဘဲ ရင်နာနာနဲ့စွန့်လွှတ်ခဲ့ရတာ....
စွန့်လွှတ်ပြီး တခြားသူရဲ့လက်ထဲကို ထည့်ပေးလိုက်ရတာ....
"သုရှင်ရဲ့ ဘက်လိုက်မှုကတော့ ဩချရလောက်ပါရဲ့။
သူ့ရဲ့သားတော်ကြီးမှ သားတော်ကြီးပဲ။ သူက အိမ်ရှေ့စံကိုပဲချစ်ပြီး အလေးပေးချင်နေတာကို ပေါ်တင်မပြောဘူး။ လှည့်ပတ်ပြောပြီး အိမ်ရှေ့စံကမှ တော်တာ...ဘာညာနဲ့
အလကားသက်သက် မြှောက်ပင့်ပြီးချီးကျူးနေတယ်..."
မယ်မယ့်၏မကျေမနပ်စကားသံများကြောင့် မင်းယောဇာသည် နေရောင်ခြည်ထဲတွင် လက်သီးကိုဆုပ်နေရာမှ
မယ်မယ့်ကိုလှည့်ကြည့်လိုက်သည်။
မယ်မယ်သည် ဒေါသထွက်နေပြီး မျက်နှာမှာမော်တင်းနေ၏။ အစ်ကိုတော်မဏိစက္ကမှာမူ မယ်မယ့်၏စကားကိုလည်း အဖက်မလုပ်၊ မယ်မယ့်ကိုလည်း ဂရုမစိုက်ဘဲ
ငွေဖလားကိုကိုင်ရင်း ဖလားထဲမှရေများကို နှိုက်၍
သူအမြတ်တနိုးစိုက်ထားပါသော ခရမ်းရောင်သစ်ခွပန်းများကို ရေဖြင့်တောက်နေသည်။
အစ်ကိုတော်မဏိစက္ကသည် လူသာကြမ်းသော်လည်း စိတ်ကမူ နူးညံ့သည်ဟုထင်ရသည်။ သူ၏ နူးညံ့လှပသောသစ်ခွပန်းများကို အလွန်တရာဂရုတစိုက်တန်ဖိုးထားကာ သဲသဲလှုပ်စောင့်ရှောက်တတ်သူပင်။
"သားတော်ချင်းအတူတူ ခွဲခြားလွန်းတယ်။ သူ့သားတော်ကြီးကို အလေးပေးတာရဲ့ ငါးပုံတစ်ပုံလောက်ဖြစ်ဖြစ် မင်းယောဇာကို အလေးပေးကြည့်ပါလား...မင်းယောဇာအပေါ် နည်းနည်းလောက်ဖြစ်ဖြစ် ကောင်းပေးကြည့်ပါလား...။ ဘဒ္ဒါတောင်မှ တစ်ဦးတည်းသော သမီးတော်ဖြစ်နေလို့ နည်းနည်းကောင်းပေးနေတာ..."
ဒီတစ်ခါတော့ မဏိသည် မိဖုရားမေသီရိကို လှည့်ကြည့်လာ၏။ သူသည် နှုတ်ခမ်းမှ တစ်စုံတစ်ရာကို မထုတ်ပြောသော်လည်း သူ၏အကြည့်တွင် အဓိပ္ပါယ်ပါနေသည်။ "မပြောပါနဲ့" ဟူသော သဘော။
" သူ့သားတော်ကြီးက လွဲရင်း ကျန်တဲ့သူတွေကို နှိမ့်ချဖို့ပဲ။ မဏိတောင်မှ အရမ်းထူးချွန်လို့ သူအပြစ်ပြောလို့မရလို့ ငြိမ်နေတာ...မိဖုရားခေါင်ကြီးကလည်း
အိမ်ရှေ့စံကို သုရှင်ပ,စားပေးတာသိလို့ မာန်တက်နေတာ။ အခုဆို အရုဏကိုပါ သူ့ဘက်ပါအောင်ဆွဲနေပြီ....
မဏိက စစ်ရေးမှာတော်တယ်။ အိမ်ရှေ့စံက မတော်ဘူး...အဲ့တာကြောင့် စစ်ရေးစစ်ရာဘက် အားကိုးလို့ရအောင် အရုဏကိုဆွဲထည့်နေတာပဲ..."
" ဘာလို့ ဒီစကားတွေကိုထပ်တလဲလဲပြောနေတာလဲ..."
မဏိသည် စိတ်မရှည်ဟန်ဖြင့် ပြောလာ၏။ မဏိသည် တတ်နိုင်သမျှ စကားကိုအေးဆေးအောင်ပြောသော်လည်း
အသံမှာ မာနေ၏။
"မိဖုရားခေါင်ကြီးက ဘာပဲလုပ်နေ လုပ်နေ၊ ဂရုစိုက်မနေပါနဲ့လို့ ကျွန်ုပ်မပြောဘူးလား....သုရှင်က ဘယ်သူ့ကိုပဲ ဦးစားပေးပေး၊ ဘယ်သူ့ကိုပဲ ပိုချစ်ချစ်...သူ့ဘာသာပဲရှိပါစေ။ ကျွန်ုပ်တို့က သုရှင်ကို မဖြစ်မနေလိုအပ်နေတာမှမဟုတ်တာ။ ကိုယ့်ဘဝနဲ့ကိုယ် နေရမှာပဲ..."
"ဂရုမစိုက်လို့ ရမလား....သူက နင်တို့ခမည်းတော်လေ။
ကိုယ့်ဘဝနဲ့ကိုယ်နေရအောင် နင်တို့ကဘုရင့်သားတော်တွေ...နေချင်တိုင်းနေလို့ရမလား.....
သားတော်ချင်းတူတူ ခွဲခြားနေတာကို ငါကဒေါသထွက်လွန်းလို့ပါ။ ငါ့သားတော်နှစ်ယောက်ရဲ့ အရည်အချင်းနဲ့ကိုက်ညီတဲ့နေရာကို ငါက ထိုက်ထိုက်တန်တန် ရစေချင်တာပါ...မိဖုရားခေါင်ကြီးက ငါ့ကိုများတွေ့ရင် ဘယ်လောက်တောင် လှောင်ပြောင်တဲ့စကားတွေနဲ့ တိုက်ခိုက်လိုက်သလဲ....သူက ဘုရင့်သမီးတော်၊ ငါက အမတ်ကြီးရဲ့စွန့်ပစ်ခံရတဲ့သမီးဆိုပြီး မထိတထိပြောတဲ့အပြင် ငါ့ရဲ့သားတော်နှစ်ပါးနဲ့ သမီးတော်ကိုပါ မထင်ရင် မထင်သလို နှိမ်သေးတယ်"
မင်းယောဇာသည် မျက်နှာတည်ပြီး နှုတ်ဆိတ်နေ၏။
သို့သော် မိဖုရားမေသီရိ၏စကားကြောင့် သူ၏မျက်ဝန်းထောင့်များ နီရဲသည်အထိဖြစ်သွားပြီး ဆုပ်လက်စလက်သီးမှာ ပိုမိုတင်းကြပ်သွားသည်။
မဏိ:" နှိမ်ရင်လည်း လှည့်ထွက်လာခဲ့။ အဲ့လိုစကား
အချေအတင်တွေပြောပြီး အကုသိုလ်ပွားနေမယ်ဆိုရင်
ဘာလို့ မိဖုရားခေါင်ကြီးနဲ့ သွားတွေ့နေသေးလဲ...ရှောင်နေလိုက်။ ဘာလို့များ ကိုယ့်ဒေါသကိုယ် ရှာနေရတာလဲ"
မိဖုရားမှာ မဏိစကားကြောင့် တင်းသွားဟန်ရှိသည်။
" ငါက အဲ့တာတွေ နင့်ကိုအားမရတာ...မဏိ။ နင်က အိမ်ရှေ့စံဖြစ်ဖို့ အရည်အချင်းအရှိဆုံးဆိုတာ နင်သိတယ်။ ဒါပေမဲ့ နင်ကိုယ်၌ကိုက မလိုချင်ဘဲ စစ်တိုက်ရတာနဲ့တင် ပျော်မွေ့ပြီးကျေနပ်နေတယ်။ နင့်ညီတော်၊ နှမတော်နဲ့ မယ်တော့်အတွက် နည်းနည်းပါးပါးလုပ်ပေးမယ် မရှိဘူး။ နင်က ကြိုးစားပြီး အိမ်ရှေ့စံထက်သာတဲ့လူဆိုတာ ပြသပေးရမှာပေါ့...မက္ကမြို့စားရဲ့သမီးကို ငြင်းလိုက်တဲ့ကိစ္စကိုလည်း ငါမကျေနပ်နိုင်သေးဘူး....အဲ့ကိစ္စကြောင့်နဲ့ သုရှင်က နင့်ကိုပြောဆိုချင်နေတာ"
မဏိ ပြင်းထန်သော သက်ပြင်းချသည်။
မိဖုရား: " မင်းယောဇာ...တွေ့တယ်မလား...နင့်အစ်ကိုတော်ပုံစံကို...ရောင့်ရဲတတ်တဲ့လူလိုမျိုး ပြုမူနေတာ..."
မဏိ: " ယောဇာငယ်...အစ်ကိုတော် အားနာပေမဲ့ မင်းခဏလောက် ထွက်သွားပေးလို့ရမလား...မယ်တော်နဲ့ ပြောစရာရှိလို့ပါ..."
မင်းယောဇာသည် တစ်ခွန်းမှမဆိုဘဲ သူတို့နှစ်ယောက်နားမှ အေးအေးဆေးဆေးထွက်သွားပေးသည်။ မင်းယောဇာထွက်သွားမှ မဏိသည် မိဖုရားနားသို့လျှောက်လာသည်။
" မင်းယောဇာရှေ့မှာ ဒီလိုစကားတွေကို မပြောလို့ မရဘူးလား...သူ့ရှေ့မှာ သုရှင်က အရေးပေးတာတွေရော၊ မပေးတာတွေရော၊ နှိမ်တာတွေရော မပြောလို့မရဘူးလား...
မင်းယောဇာကို သွေးမထိုးပေးလို့ မရဘူးလား"
မဏိ၏အသံသည် အက်ရှရှနှင့် တည်ငြိမ်လွန်းသည်။
" ငါကဖြစ်နေတဲ့အမှန်တရားတွေကို ပြောပြနေတာ...
နင်ကသာ နင့်ညီတော်အတွက် ကောင်းမွန်တဲ့ဘဝကိုရအောင် မလုပ်ပေးဘဲနဲ့..."
" ကျွန်ုပ်အတွက် ကောင်းမွန်တဲ့ဘဝဆိုတာ ရာထူးရာခံတွေ၊ ပြိုင်ဆိုင်မှုတွေ၊ မနာလိုမှုတွေနဲ့ ပြည့်နေတဲ့ဘဝမဟုတ်ဘူး"
မိဖုရားစကားမဆုံးခင် မဏိကဖြတ်ပြောသည်။
"အဲ့တာတွေကနေ တတ်နိုင်သမျှကင်းကင်းရှင်းရှင်းနေချင်တာ...အေးအေးချမ်းချမ်းနေချင်တာ...ကောင်းမွန်တဲ့ဘဝဆိုတာကို ကျွန်ုပ်က အဲ့လိုသတ်မှတ်တယ်။ ယောဇာငယ်ကိုရော၊ ဘဒ္ဒါကိုရော ဒီလိုမျိုးပဲဖြစ်စေချင်တယ်။
အခုဆို ယောဇာက မယ်မယ့်ရဲ့စကားတွေကြောင့် အားမလိုအားမရစိတ်တွေ၊ မနာလိုစိတ်တွေနဲ့ အစိုးမရတဲ့သူ ဖြစ်နေပြီ..."
" စကားကို လက်လွတ်စပယ်မပြောပါနဲ့။ ငါမွေးထားတဲ့သားပါ....ငါ့သားတော်အတွက် ငါက အကောင်းဆုံးအရာကိုပဲ ပေးအပ်ချင်တာ။ ဒါကို မနာလိုစိတ်လို့ နင်ပြောမလား...ယောဇာငယ်က သူနဲ့ထိုက်တန်တဲ့နေရာကို သိစေချင်လို့ပြောပြတာပဲ"
" ယောဇာငယ်က မယ်မယ့်ရဲ့သားတော်ဖြစ်သလို ကျွန်ုပ်ရဲ့ညီတော်ပါ...ယောဇာငယ်ရဲ့အကျိုးကို ကျွန်ုပ်လည်း လိုလားတယ်..."
မဏိသည် အသက်တစ်ချက်ရှိုက်ပြီးမှ ကျန်ရှိသော စကားကိုဆက်ပြော၏။
"ယောဇာငယ်က အထိုက်အသင့်နာကျင်ပြီးတဲ့ ကလေးပါ။ ဒါကြောင့်မို့လို့ ထပ်ပြီးတော့ ပူလောင်တဲ့ယှဉ်ပြိုင်ချင်စိတ်တွေ၊ အမုန်းတရားတွေ ထည့်မပေးပါနဲ့တော့...ကျေးဇူးပြုပြီး...."
မဏိသည် ပျော့သောအသံဖြင့် တောင်းဆို၏။ ထို့နောက် မိဖုရားနားမှ ကျောခိုင်းထွက်လာခဲ့သည်။
******************************
လွန်ခဲ့သော ၂၄ နှစ်ခန့်က.....
မိုးများသည် ထစ်ချုန်းစွာ သည်းကြီးမည်းကြီးရွာသွန်းနေခဲ့၏။ လျှပ်ပန်းလျှပ်နွယ်များဟာ ကောင်းကင်မှာ ဖြန့်ကျက်နေရာယူထားသလို ပြင်းထန်သော မိုးစက်မိုးပေါက်များဟာလည်း ဆီးနှင်းပေါက်တမျှ အေးစိမ့်လွန်းနေသည်။
ထိုကဲ့သို့ ကြောက်မက်စဖွယ်ရွာသွန်းနေသောမိုးကို မမှုဘဲ
သေးငယ်သော ကလေးတစ်ယောက်မှာမူ ဘုရင့်၏နန်းဆောင်ရှေ့တွင် တုပ်တုပ်မျှမလှုပ်ဘဲ ဒူးထောက်နေခဲ့၏။
ထိုကလေးသည် ခေါင်းကိုငိုက်စိုက်ချထားပြီး တစ်ကိုယ်လုံး မိုးရေများဖြင့် စိုရွှဲနေခဲ့ပါ၏။ ခန္ဓာကိုယ်သေးသေးလေးသည် အေးစိမ့်မှုကြောင့် တုန်ယင်နေခဲ့သည့်တိုင်
အံကိုခဲပြီး ဒူးထောက်နေဆဲ။ နှုတ်ခမ်းများမှာ အတန်ငယ်ပင် ပြာနှမ်းလာသယောင်။
"မင်းသားမဏိစက္ကက အသက် ၄နှစ်သာ ရှိသေးပေးမဲ့
ဇွဲကတော့ မသေးဘူး။ ဒီနေရာမှာ ဒူးထောက်နေတာ ကြာပြီမလား....မိုးရွာလည်း ဆက်ပြီးဒူးထောက်နေတုန်းပဲ..."
" အရွယ်ငယ်ငယ်လေးနဲ့ သူ့ရဲ့ညီတော်ကို သိပ်ချစ်ရှာတာပဲနော်"
"ဟုတ်ပါရဲ့...မင်းသားယောဇာငယ်ကလည်း ကံဆိုးရှာပါတယ်။ သူ့ရဲ့မကောင်းတဲ့ကံကြောင့် မြစ်ထဲကို အရှင်လတ်လတ်မျှောပစ်ရမယ်တဲ့။ ၁ နှစ်ပဲရှိသေးတဲ့ကလေးက မြစ်ထဲမျှောရင် ဘယ်လိုလုပ် အသက်ရှင်ပါ့မလဲ...."
" မိဖုရားမေသီရိဒေဝီလည်း သူ့ရဲ့သားတော်ကို မြစ်ထဲမျှောရမယ်ဆိုလို့ စိတ်ထိခိုက်ပြီး အိပ်ရာပေါ်ကတောင် မထ,နိုင်တော့ဘူး။ သုရှင်ကလည်း ဘယ်လိုလုပ်ပြီး ကိုယ့်သားတော်အရင်းကို ဒီလိုလုပ်နိုင်ရတာလဲ..."
" မင်းယောဇာကိုမထုတ်ရင် သုရှင်ရဲ့ကျန်းမာရေး ထိခိုက်မယ်လို့ ဟောထားတာကိုဟဲ့....သုရှင်ရဲ့ကျန်းမာရေးတော့ မသိပေမဲ့ ဒီတိုင်းဆက်သွားရင် မင်းသားမဏိရဲ့ကျန်းမာရေးကို ထိခိုက်တော့မယ်..."
" မင်းသားမဏိက သူ့ရဲ့အထိန်းတော်တွေလာချော့ခေါ်တာတောင် မထ,ဘူးလေ...သုရှင်က ဆုံးဖြတ်ချက်ကို မပြင်မချင်း မထ,နိုင်ဘူးတဲ့။ သိပ်ခေါင်းမာတဲ့ ကလေးပဲ"
နန်းတွင်းရှိ လူများသည် မဏိကိုလှမ်းကြည့်ရင်း တီးတိုးစကားများဆိုသွားကြ၏။ ကရုဏာသပ်ကြ၏။
ထိုသူတို့၏စကားများကို မဏိ မကြားပါချေ။ သူ၏နားထဲတွင် မိုးစက်မိုးပေါက်များ၏ ဆူညံနေသည့် အသံများကိုသာ ကြားနေရသည်။ ထို့နောက် အလွန်အမင်းအေးစက်မှု။
ထီးကိုင်ထားသော အမျိုးသမီးတစ်ဦးသည် မိုးရေထဲသို့ ရဲရဲဝံ့ဝံ့ထွက်လာပြီး မဏိအပေါ်သို့ ထီးကိုအုပ်မိုးလိုက်သည်။ သူမသည် မဏိ၏ဘေးနားတွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အလွန်တရာ ကြင်နာသောအသံဖြင့်ပြောသည်။
" ဒီတိုင်းသာ မိုးရေထဲဆက်နေရင် ဖျားနာပါလိမ့်မယ်..."
ထိုအမျိုးသမီး၏အစိမ်းရောင်မျက်ဝန်းများက မဏိကို
နူးညံ့စွာကြည့်နေသည်။ မဏိကမူ ခေါင်းကိုငုံ့ထားဆဲ။
တစ်ခွန်းမှ ပြန်မပြော။
" ဖျားနာရင် ဆေးအခါးကြီးတွေသောက်ရမှာနော်.."
"ကျွန်ုပ် ဆေးမကြောက်ဘူး"
မဏိ၏အသံမှာ တုန်ရီပြီးအက်ရှနေလေသည်။ သို့စေကာမူ ရဲရင့်မှုနှင့် ဇွဲက မလျှော့သေး။
" ဒီလိုသာ မိုးရေထဲဆက်ဒူးထောက်နေမယ်ဆိုရင်
သတိလစ်မူးလဲတဲ့အထိ နေမကောင်းဖြစ်လိမ့်မယ်...
ကျေးဇူးပြုပြီး ထ,လိုက်ပါတော့နော်..."
" ခမည်းတော်က ညီတော့်ကို မြစ်ထဲမျှောမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို မပြင်မချင်း မထ,နိုင်ပါဘူး..."
" ဒါပေမဲ့ ဒီလိုသာဆက်လုပ်နေရင် သင့်အတွက် မကောင်းဘူး..."
" ညီတော့်ကို မြစ်ထဲမျှောရင် မယ်မယ်သိပ်ကို ဝမ်းနည်းရပါလိမ့်မယ်။ အများကြီးငိုပြီး နေမကောင်းဖြစ်ပါလိမ့်မယ်...ဒါကြောင့်မို့ ညီတော့်ကိုမြစ်ထဲမျှောမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပြင်မှဖြစ်ပါမယ်..."
ဇွဲကောင်းသည့် မဏိကိုပြော၍ရမည်မဟုတ်မှန်း စန္ဒာသိလိုက်သဖြင့် သက်ပြင်းသာချလိုက်မိသည်။ သူမသည်
မဏိ၏ ပါးနုနုလေးကို လက်ညှိုးဖြင့်အသာအယာထိတွေ့လိုက်သည်။
အလွန်အမင်းအေးစက်နေပါသကော...
စိုးရိမ်စိတ်ဖြင့် သူမခြုံလာသည့်ပဝါကိုဖယ်ပြီး မဏိကို လွှမ်းခြုံပေးလိုက်သည်။
"အမောင်က..အဲ....သုရှင်က ဒီဆုံးဖြတ်ချက်ကိုပြင်အောင် ကျွန်ုပ် ကူပြီးတောင်းဆိုပေးပါ့မယ်..."
မဏိသည် သူမကိုလှည့်ကြည့်လာ၏။ ကလေး၏မျက်လုံးများမှာ ရဲနေသည်။ ငိုထားလို့လား၊ မိုးရေကြောင့်လားတော့ မသိ။
"တကယ်လား..."
ကလေး၏ညှို့မှိုင်းနေသော မျက်ဝန်းများသည် အခုမှ အတန်ငယ်တောက်ပလာသယောင်။
" အင်း...ဒါကြောင့် မိုးရေထဲမှာ ဆက်ပြီးဒူးမထောက်နေပါနဲ့တော့..."
"မဖြစ်ပါဘူး...သင့်ဘက်ကလည်း တောင်းဆိုပြီးတော့ ကျွန်ုပ်ဘက်ကလည်း ဆက်လက်ပြီးတောင်းဆိုနေမှဖြစ်မှာပါ..."
" ဘယ်လိုလုပ်ပြီး ဒီလောက် ခေါင်းမာရတာလဲ...ကလေးရယ်..."
သက်ပြင်းချသောလေသံရောပြီး သူမပြောသည်။ ထို့နောက် မတ်တပ်ထ,ရပ်လိုက်ပြီး ထီးကိုမူ မဏိအပေါ်သို့ သိသိသာသာ အုပ်မိုးပေးထားသည်။
" သင်မထမချင်း ကျွန်ုပ်ဒီနားမှာ ရှိနေပေးပါ့မယ်..."
သူမသည် ထီးကို မဏိအပေါ် ကိုသာ အလုံးစုံအုပ်မိုးပေးထားသဖြင့် သူမကတော့ မိုးရေများဖြင့် ရွှဲရွှဲနစ်သွားလျက်။
***************************************
A/N
ယုဂန်နိုင် equal to အလှလေး 😛
23.12.2020
( Wednesday )
Zawgyi
သူ႔ကို ဖမ္းစားလိုက္ေသာ ပုံရိပ္ေလးတစ္ခု
___________________________
"ကြၽန္ုပ္တို႔ နန္းတြင္းအထူးစုံစမ္းေရးအဖြဲ႕အေနနဲ႔ အမႈကိစၥေတြရဲ႕ အေသးစိတ္အခ်က္အလက္ေတြကို ေျပာျပခြင့္မရွိပါဘူး။ ဒါေၾကာင့္ မိဖုရားစႏၵာ အမႈရဲ႕အေသးစိတ္အခ်က္အလက္ကို မေျပာျပေပးႏိုင္တာေတာ့ ခြင့္လႊတ္ပါ အရွင့္သား။ ဒါေပမဲ့ နန္းတြင္းမွာ ႏွစ္ ၅၀အတြင္းျဖစ္တဲ့အမႈေတြကို စာရင္းျပဳစုထားတဲ့ စာအုပ္ေတာ့ရွိပါတယ္။ အဲ့ဒီ့စာအုပ္က စာၾကည့္ေဆာင္မွာရွိပါတယ္။ စာအုပ္ကေန မိဖုရားစႏၵာအမႈအေၾကာင္း ထိုက္သင့္သေလာက္ေတာ့သိရွိရမွာပါ"
အ႐ုဏသည္ နန္းတြင္းစုံစမ္းစစ္ေဆးေရးမႉးေျပာလိုက္ေသာ စကားမ်ားကို နားထဲျပန္လည္ၾကားေယာင္ရင္း စာအုပ္စင္ေပၚမွ အနက္ေရာင္သားေရျပားျဖင့္အဖုံးခ်ဳပ္ထားသည့္ စာအုပ္ထူထူကိုဆြဲထုတ္လိုက္သည္။ စာအုပ္ကို ဆြဲထုတ္လိုက္သျဖင့္ လြတ္သြားေသာအေပါက္ေနရာတြင္ ျမင္ကြင္းတစ္ခုက လွစ္ခနဲေပၚလာ၏။
ယုဂန္ႏိုင္....
ယုဂန္ႏိုင္သည္ မ်ားေသာအားျဖင့္ ဆံပင္ကိုတစ္ဝက္စည္း၊ သို႔မဟုတ္ ဖားလ်ားခ်ထားေလ့ရွိရာ ဒီေန႔တြင္မူ ထူးထူးျခားျခား ဆံႏြယ္မ်ားကိုထုံးဖြဲ႕ထား၏။ ေသေသသပ္သပ္ ထုံးဖြဲ႕ထားျခင္း မဟုတ္ေသာေၾကာင့္ ေျဖာင့္စင္းပါးလ်ားသည့္ ဆံႏြယ္ေပ်ာ့မ်ားသည္ သူ၏ႏုေထြးေသာမ်က္ႏွာထက္သို႔ ကပိုက႐ို အိက်ဆင္းေနသည္။ သူသည္ ေကာ့ၫြတ္ရွည္လ်ားေသာမ်က္ေတာင္မ်ားကို အသာ,စင္းၿပီး ၾကည္ျမေသာမ်က္ႏွာထားျဖင့္ စာအုပ္ကိုစိတ္ဝင္တစားဖတ္ေန၏။
သူထိုင္ေနေသာ စားပြဲခုံမွာျပတင္းေပါက္၏ေဘးတြင္မို႔
ျပတင္းေပါက္မွ က်ဴးေက်ာ္စီးက်လာေသာ အဝါသန္းသည့္ေနေရာင္ျခည္ေႏြးေႏြးသည္ ယုဂန္ေပၚသို႔ တစ္စြန္းတစ္စ ျဖာက်ေနသည္။ ေနမင္း၏ေရာင္ျခည္ေအာက္တြင္ သူ၏ နက္ေမွာင္ေသာဆံပင္မွာ ပို၍လင္းလက္ေနသေယာင္။ ျဖဴဥေသာ အသားအေရမွာ ပို၍ၾကည္လင္ေတာက္ပေနသလိုရွိၿပီး လႈပ္ရွားမႈတိုင္းဟာ ပိုမိုအေသးစိတ္ဆန္ကာ ေႏွးေကြးေနသေယာင္။
ထူးဆန္းသည္။
အခ်ိန္မ်ားမွာ အလြန္တရာေႏွာင့္ေႏွးသြားဟန္ရွိၿပီး
အ႐ုဏသည္ အေၾကာင္းမဲ့သပ္သပ္ႏွင့္ ယုဂန္၏ လႈပ္ရွားမႈတိုင္းကို အေသးစိတ္သတိျပဳမိေနသည္။
မသိမသာလႈပ္ရွားေနေသာ မ်က္ခြံႏွင့္ ႏူးညံ့လြန္းစြာတုန္လႈပ္သြားေသာ မ်က္ေတာင္ဖ်ားေလးကအစ...
နား႐ြက္ေပၚတင္ေနေသာ ဆံစအခ်ိဳ႕ဟာ ေထြးအိစြာက်ဆင္းလာၿပီး ပန္းေရာင္ေဖ်ာ့ေသာပါးျပင္ကို ထိခတ္သြားသည္အဆုံး....
ေဖ်ာ့ေတာ့ေသာလက္ေပၚရွိ စိမ္းျပာေရာင္အေၾကာစိမ္းေလးမ်ားႏွင့္ ညင္သာလြန္းစြာ လႈပ္လီလႈပ္လဲ့ျဖစ္သြားေသာ လည္ဇလုပ္ အထိ...
အေသးစိတ္ဆန္လြန္းစြာ လႈပ္ရွားမႈတိုင္းကို အ႐ုဏသည္ အမႈမဲ့ေငးၾကည့္မိေနသည္။ သူ၏ေခါင္းထဲတြင္ တျခားအေတြးဟူ၍ တစ္စက္မွ မရွိေတာ့။ အာ႐ုံတို႔ဟာ ထိုျမင္ကြင္းအေပၚကိုသာ ဈာန္ဝင္စားလ်က္ရွိၿပီး စိတ္အစုံဟာ ေမ်ာလြင့္သြားသေယာင္။
ထူးဆန္းေသာ ေႏြးေထြးဆြတ္ပ်ံ႕သည့္ ခံစားခ်က္မ်ိဳးျဖစ္သည္။ တစ္ခါမွ မေတြ႕ႀကဳံဖူး၊ မခံစားဖူးေသာ ရင္ထဲ၊ ႏွလုံးသားထဲမွ စူးနစ္ဝင္ေရာက္သည့္ စိမ္းသက္ေသာခံစားခ်က္မ်ိဳးျဖစ္သည္။
ပတ္ဝန္းက်င္ဟာ အလြန္အမင္းတိတ္ဆိတ္ၿငိမ္သက္ေန၏။ ညႇင္းသဲ့ေသာ ေလ၏အသံမွတစ္ပါး တျခားေသာအသံမ်ားမရွိ။ တိတ္ဆိတ္လြန္းေသာေၾကာင့္ သူသည္ သူ၏ရင္ထဲမွ ႏူးညံ့လြန္းေသာလႈပ္ခတ္မႈ၏ အသံေဖ်ာ့ေဖ်ာ့ကိုပင္ ၾကားေနရသည္။
အစိမ္းေရာင္မ်က္ဝန္းမ်ားဟာ ေတြ႕ျမင္ေနရေသာ ေကာင္ေလး၏ပုံရိပ္မွ မခြာႏိုင္။
သြယ္လ်စြာ လွပေသာ အႏွီသူ၏လက္ေခ်ာင္းမ်ားသည္ စာအုပ္ေထာင့္စြန္းကို ႐ြ႐ြေလးကိုင္ထားသည္။ ျဖဴေဖ်ာ့ေသာ အႏွီလက္ေခ်ာင္းထိပ္မ်ားတြင္ မႏုလြန္း ၊ မရင့္လြန္းေသာပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ သန္းေန၏။ ႏုအိေအးစက္မည္ျဖစ္ေသာ ထိုလက္ေခ်ာင္းထိပ္ေလးမ်ားသည္ ပါးလႊာေသာ စကၠဴ၏ေထာင့္စြန္းကို တို႔ထိၿပီး စာ႐ြက္ကိုျဖည္းျဖည္းခ်င္း လွန္လိုက္၏။
မ်က္ေတာင္တစ္ခ်က္ခတ္သြားသည္။
မထူလြန္း မပါးလြန္းေသာ နီေစြးေစြးႏႈတ္ခမ္းသည္ တင္းတင္းေစ့ထားရာမွ အတန္ငယ္ပြင့္ဟ,သြားသည္။
အ႐ုဏသည္ ထိုသူ၏လႈပ္ရွားမႈေသးေသးေလးကအစ ဂ႐ုတစိုက္ႏွင့္ ဆက္လက္ေငးၾကည့္မိေနဆဲ...
" ဘာလုပ္ေနတာလဲ"
ေနာက္ကြယ္မွ ႐ုတ္တရက္ထြက္လာေသာ နႏၵ၏အသံေၾကာင့္ အ႐ုဏ လန႔္သြားၿပီး လက္ထဲမွစာအုပ္ကို ကမန္းကတန္းေကာက္ဖြင့္လိုက္သည္။
အ႐ုဏသည္ စစ္သည္တစ္ေယာက္ျဖစ္သည္ႏွင့္အညီ သတိႏွင့္အသိကို အၿမဲတေစယွဥ္တြဲထားသူ ျဖစ္၏။ ေနာက္ကြယ္မွ အရွိန္ႏွင့္လာေသာဓားကို သိေစရန္၊ ေနာက္ေက်ာမွ အႏၲရာယ္ကို သတိျပဳမိေစရန္ ေလ့က်င့္ထားသူျဖစ္သျဖင့္ ေဘးဘီကို အၿမဲသတိရွိသည္။ ထို႔ေၾကာင့္ အ႐ုဏသည္ ဤကဲ့သို႔ အသိစိတ္လြတ္သြားသျဖင့္ ထိတ္လန႔္သြားျခင္းမ်ိဳး မရွိခဲ့ဖူး။
လန႔္သည္ ဆိုသည္မွာ ဤကဲ့သို႔ႏွလုံးခုန္သံကို ျမန္သြားေစပါလား...
" အာ...စာအုပ္ ဖတ္ေနတာ...စာအုပ္..."
နႏၵသည္ သူ႔ကိုျပဴးၾကည့္ေနၿပီး လက္ထဲမွစာအုပ္ကို စပ္စုလိုစိတ္ျဖင့္ လွမ္းၾကည့္သည္။ ထို႔ေနာက္ အ႐ုဏကို မ်က္ေမွာင္ကုပ္၍ၾကည့္ေလသည္။
" ေျပာင္းျပန္ႀကီး ဖတ္ေနတာလား..."
အ႐ုဏသည္ ေျပာင္းျပန္ျဖစ္ေနေသာ စာအုပ္ကိုငုံ႔ၾကည့္ၿပီး ျပန္ေျဖစရာစကားေပ်ာက္ရွသြား၏။ သူသည္ ကူကယ္ရာမဲ့သြားသလို ခံစားလိုက္ရေပသည္။ သူ႔ပုံစံဟာ အူေၾကာင္ေၾကာင္ျဖစ္သြားသလား။ ခက္ထန္တည္ၾကည္ေသာ အ႐ုဏ၏ပုံရိပ္ကို ထိခိုက္ပ်က္ျပားသလို သူခံစားလိုက္ရသည္။ သိကၡာအက်မခံႏိုင္သျဖင့္ ပါးစပ္ထဲေတြ႕ကရာကို သူေျပာလိုက္သည္။
" ေျပာင္းျပန္ဖတ္နည္း ေလ့က်င့္ေနတာ...အခုတေလာ စာကိုေျပာင္းျပန္ဖတ္တာ ေခတ္စားေနတယ္ဆိုလို႔..."
နႏၵသည္ သူ႔ကိုအူလည္လည္ႏွင့္စိုက္ၾကည့္ေနေတာ့သည္။
အ႐ုဏသည္ ေခ်ာင္းတစ္ခ်က္ဟန႔္ၿပီး သူ၏တည္ၾကည္ေသာမ်က္ႏွာကို ဆက္လက္ထိန္းထား၏။
အ႐ုဏ၏ခပ္တည္တည္႐ုပ္ေၾကာင့္ ႐ိုးသားေသာနႏၵမွာ သူ႔စကားကို ယုံၾကည္သြားေလသည္။
"ဟုတ္လား...စာေျပာင္းျပန္ဖတ္တာ ေခတ္စားေနတာကို ကြၽန္ုပ္ ဘာလို႔မသိတာပါလိမ့္..."
နႏၵသည္ ေခါင္းကိုကုတ္ကာေျပာရင္း ယုဂန္ႏိုင္ဆီ ထြက္သြားသည္။
" ဒီမွာ...ယုဂန္...မင္းေျပာတဲ့အတိုင္း ဒါစစ္ေရးဗ်ဴဟာနဲ႔ပတ္သက္တဲ့စာအုပ္ေတြပဲ...ငါ ေစတနာနဲ႔ရွာလာေပးတာေနာ္..."
နႏၵသည္ သယ္လာေသာစာအုပ္အထူႀကီးႏွစ္အုပ္ကို ယုဂန္ေရွ႕ရွိ စားပြဲခုံေပၚပစ္တင္လိုက္သည္။
" ေက်းဇူးပါ..."
ယုဂန္ တစ္ခ်က္ၿပဳံးၿပီး ထိုစာအုပ္ႏွစ္အုပ္ကိုယူကာ လွန္ၾကည့္ေန၏။ ထိုစဥ္ အ႐ုဏမွာ ယုဂန္၏စားပြဲေဘးနားရွိ မလွမ္းမကမ္းခုံတြင္ ဝင္ထိုင္လိုက္ေသာ္လည္း ယုဂန္ကိုမူ လွည့္မၾကည့္မိေအာင္ ဂ႐ုစိုက္ေနသည္။
ဘာေၾကာင့္မွန္းမသိေသာ္လည္း သူသည္ ယုဂန္ကိုၾကည့္ရန္ ဝန္ေလးေနမိ၏။ ယုဂန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ရမည္ကိုလည္း ႐ုတ္တရက္ႀကီး ေၾကာက္႐ြံ႕သလိုခံစားေနရသည္။
ေၾကာက္႐ြံ႕တယ္?
ဘာေၾကာက္စရာရွိလို႔လဲ...
ေၾကာက္႐ြံ႕တာလည္း မဟုတ္ဘဲ ထူးဆန္းသည့္ ခံစားခ်က္ႀကီးပင္...
ထူးဆန္းသည္...ထူးဆန္းသည္...ထူးဆန္းသည္။
နႏၵ:" ဒါနဲ႔ မင္းက ဘယ္တုန္းက စစ္ေရးဗ်ဴဟာေတြကို စိတ္ဝင္စားသြားၿပီး ေလ့လာေနတာလဲ..."
နႏၵသည္ ယုဂန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ထိုင္လိုက္သည္။
ယုဂန္:" ၾကာပါၿပီ...ငါ ဒီဘက္ကမာၻကို စေရာက္ကတည္းကပဲ..."
ယုဂန္သည္ စာအုပ္ကိုၾကည့္ရင္း လႊတ္ခနဲေျပာလိုက္မိသည္မို႔ စကားထဲအမွားပါ,သြား၏။
နႏၵ:" ဒီဘက္ကမာၻ ေရာက္ကတည္းက တဲ့လား..."
ယုဂန္:" အခ်ိန္ေတာ္ေတာ္ၾကာၿပီလို႔ ေျပာတာပါ"
နႏၵမွာ အမ်ားႀကီးမစဥ္းစားတတ္သူမို႔ ထိုစကားအေပၚလည္း ယုံမွားသံသယမရွိခဲ့ပါေခ်။
နႏၵ:" အဲ့တာေတြေလ့လာရတာ မရႈပ္ဘူးလား...စစ္ျခဴ၊ စစ္ျမဴ၊ စစ္သိပ္၊ စစ္ခ်ီ၊ စစ္ဆင္...ၿပီးေတာ့....ဘာက်န္ေသးလဲ..."
ယုဂန္:" စစ္ဆုတ္..စစ္ျပန္?"
နႏၵ:" ေအး...အဲ့တာေတြက တကယ္ရႈပ္ၿပီး ပ်င္းစရာႀကီး..."
ယုဂန္:" ရႈပ္ေပမဲ့ စိတ္ဝင္စားဖို႔ေကာင္းတယ္ေလ။ ငါက အစထဲက ဒီလိုမ်ိဳးဗ်ဴဟာခ်ရတာေတြ...စဥ္းစားရတာေတြကို သေဘာက်တယ္။ အဲ့တာေၾကာင့္ သခ်ၤာတြက္ရတာလည္းႀကိဳက္ၿပီး...စစ္တုရင္ကိုလည္း သေဘာက်တာ ထင္တယ္"
ယုဂန္ ဂိမ္းေဆာ့တိုင္းလည္း strategy games မ်ားကိုသာ အဓိကေဆာ့ျဖစ္ခဲ့ေၾကာင္းကိုေတာ့ နႏၵနားလည္မည္မဟုတ္သျဖင့္ ထည့္မေျပာေနေတာ့။
နႏၵ:" စစ္တုရင္ ထိုးတတ္တာလား..."
ယုဂန္:" အင္း...ေတာ္ေတာ္ေလးကြၽမ္းက်င္တဲ့အဆင့္ထဲ ပါ,ပါတယ္.."
တကၠသိုလ္ေပါင္းစုံမွာ ပထမရတာမ်ိဳးေပါ့...
ယုဂန္သည္ ထိုသို႔ေတြးမိၿပီး ၿပဳံးလိုက္မိေသာ္လည္း
ကိုယ့္ဂုဏ္ကို မေဖာ္ခ်င္သူမို႔ ႏႈတ္ဆိတ္ေနလိုက္သည္။
ေျပာျပလည္း နႏၵက သိမွာမွမဟုတ္ဘဲ။
နႏၵ:" ငါက မင္းကို အမတ္ႀကီးဆီမွာ ေဗဒင္နဲ႔နကၡတ္ပညာေတြ သင္ေနတုန္းလို႔ ထင္ထားတာ..."
ယုဂန္:" အဲ့တာလည္း သင္တယ္ေလ..."
ယုဂန္သည္ မ်က္ဝန္းတို႔ ဖ်က္ခနဲလက္သြား၏။
ယုဂန္:" ငါအခုတေလာ ဟတၱသမုၿဒိကသွ်တၱရ...ဘုရားေရ....ေျပာရတာလည္းလွ်ာေခါက္လိုက္တာ...အဲ့ဟာကို သင္ေနတာ...မေန႔က သင္ခန္းစာအသစ္တစ္ခုထပ္သင္ထားတယ္....မင္းလက္ကို ျဖန႔္လိုက္....ငါျပမယ္"
နႏၵသည္ လက္ဖဝါးကို ျဖန႔္ၿပီး ယုဂန္ေရွ႕ကိုတိုးေပးလိုက္သည္။ ယုဂန္သည္ နႏၵလက္ဖဝါးရွိ အေရးအေၾကာင္းလကၡဏာမ်ားအနက္ အေရးအေၾကာင္းတစ္ခုကို လက္ညႇိဳးထိပ္ေလးျဖင့္ ေထာက္၍ေျပာသည္။
ယုဂန္:" လက္ညႇိဳးနဲ႔လက္မၾကားကေန စ,ၿပီး လက္သန္းရွိတဲ့ လက္ဖဝါးေစာင္းဘက္ဆီသြားတဲ့ လမ္းေၾကာင္းကို သုသမၼဏေလခါလို႔ ေခၚတယ္။ ပညာဉာဏ္ကိုအားေပးတယ္...ေျပာရရင္ ဉာဏ္လမ္းေၾကာင္းေပါ့...ဦးေခါင္းနဲ႔လည္းဆိုင္တယ္တဲ့။ မင္းကိုၾကည့္ရရင္...ဉာဏ္လမ္းေၾကာင္းက ေျဖာင့္ေနတဲ့အတြက္ လက္ေတြ႕က်က်စဥ္းစားတတ္တယ္...လက္ေတြ႕ဆန္တယ္။ ၿပီးေတာ့ လမ္းေၾကာင္းက နည္းနည္းတိုေတာ့ ဉာဏ္ရည္ဉာဏ္ေသြးက...နည္းနည္းနိမ့္..."
ယုဂန္သည္ အဆုံးသတ္အသံကိုတိုးေဖ်ာ့စြာေျပာလိုက္သည့္တိုင္ နႏၵသည္ မ်က္ႏွာမႈန္ကုတ္သြားေလသည္။ ယုဂန္သည္ နႏၵ၏မ်က္ႏွာအမူအရာကို ျမင္လိုက္သျဖင့္
လကၡဏာမွ ေကာင္းကြက္ေလးတစ္ခုကို အလ်င္အျမန္ရွာေဖြၿပီးေျပာလိုက္ရေတာ့သည္။
ယုဂန္:" အာ...မင္းက ၾကာသပေတးၿဂိဳလ္ခုံမွာ ၾကယ္ပြင့္ပါတာပဲ....ဒါေၾကာင့္ ႀကီးပြားခ်မ္းသာမယ္...အိမ္ေထာင္ဖက္ေကာင္းရမယ္...စိတ္ခ်မ္းသာ ကိုယ္ခ်မ္းသာနဲ႔ ေကာင္းမြန္တဲ့ဘဝကို ရမွာ..."
ထိုအခါမွ နႏၵမ်က္ႏွာ ျပန္လည္ဝင္းပသြားသည္။
နႏၵ:" အိမ္ေထာင္ဖက္ေကာင္းရမွာတဲ့လား...မဆိုးဘူး...မဆိုးဘူး..."
ပီယံ:" လကၡဏာ ၾကည့္ေပးေနတာလား..."
ထိုအခိုက္၌ စာၾကည့္ေဆာင္တြင္ ကဗ်ာစာအုပ္ကိုျပန္လာထားေသာ ပီယံသည္ သူတို႔ႏွစ္ေယာက္နားေရာက္ခ်လာ၏။ ယုဂန္သည္ ပီယံ့ကိုလွမ္းၾကည့္ၿပီး
" မင္းေရာ ၾကည့္ေပးရမလား..."
ဟုလွမ္းေမးသည္။ ပီယံသည္ သူ႔လက္ဖဝါးကို မဆိုင္းမတြျဖန႔္ေပးသည္။
ယုဂန္:" ကဲ...ပီယံ့ကိုၾကည့္ရရင္ ဉာဏ္လမ္းေၾကာင္းက တနလၤာၿဂိဳလ္ခုံေပၚ ေကြးဆင္းသြားတဲ့အတြက္ စိတ္ကူးယဥ္ဆန္တယ္....အတီးအမႈတ္၊ အႏုလကၤာ၊ ကဗ်ာသီခ်င္းဝါသနာပါတယ္..."
နႏၵ:" မွန္တယ္...ပီယံက အဲ့တာေတြအရမ္းဝါသနာပါတာ..."
ယုဂန္:" ထိုးထြင္းဉာဏ္လည္းေကာင္းတယ္...စိတ္ကူးစိတ္သန္းေကာင္းတယ္။ ဩဇာအာဏာမျပတတ္တဲ့ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ ျဖစ္ႏိုင္တယ္...ၿပီးေတာ့ ေသာၾကာၿဂိဳလ္ခုံမွာ ၾကယ္ပြင့္ပါေတာ့...အရမ္းစန္းပြင့္တဲ့သူပဲ...."
နႏၵ:" အဲ့တာလည္း မွန္တယ္...ပီယံက စန္းပြင့္တယ္..."
ပီယံ:" ယုဂန္က တကယ္ေကာင္းေကာင္းၾကည့္တတ္တာပဲ..."
ယုဂန္သည္ ႏွာရႈံ႕၍ရယ္လိုက္၏။
ယုဂန္:" သင္ခန္းစာႏွစ္ခုသုံးခု ေလာက္ပဲတတ္ေသးတာပါ..."
ပီယံ:" မႏွိမ့္ခ်ပါနဲ႔...တကယ္ေတာ္တာပဲကို။ အစ္ကိုေတာ္အ႐ုဏလည္း ခဏလာပါလား...အစ္ကိုေတာ္အ႐ုဏရဲ႕လကၡဏာကို ယုဂန္ၾကည့္,ၾကည့္ပါလား..."
အ႐ုဏသည္ ထိုစကားကိုၾကားလိုက္ေသာအခါ က်င္ခနဲတြန႔္သြား၏။
ယုဂန္ အေရွ႕ကိုသြားရမည္တဲ့လား...
သာမန္ဆိုပါက ဘာမဟုတ္ေသာကိစၥအတြက္ တြန႔္ဆုတ္ျခင္းမရွိဘဲ ထ,သြားလိုက္မည္ျဖစ္ေသာ္လည္း
ယခုတြင္မူ ထူးဆန္းေသာဤခံစားခ်က္ႀကီးေၾကာင့္
ယုဂန္ႏွင့္မ်က္ႏွာခ်င္း မဆိုင္ခ်င္ေနခဲ့။ သို႔ေသာ္လည္း
အခုမွ စကားတစ္ခြန္းမွမဆိုဘဲ ထ,ထြက္သြားမည္ဆိုပါက
မေကာင္းတတ္သည့္အတြက္ အသက္တစ္ခ်က္ရွဴသြင္းလိုက္ၿပီး ယုဂန္၏ေဘးတြင္ရပ္လိုက္သည္။
ယုဂန္:" လက္ဖဝါး...တစ္ခ်က္ေလာက္..."
အ႐ုဏသည္ လက္ဖဝါးကို တုံ႔တုံ႔ဆိုင္းဆိုင္းျဖင့္ ျဖန႔္လိုက္သည္။ သို႔ေသာ္ ယုဂန္ေရွ႕သို႔ လက္ဖဝါးကိုမတိုးရဲ။
တြန႔္ဆုတ္ တြန႔္ဆုတ္ျဖစ္ေနသည့္အတြက္ ယုဂန္သည္ စိတ္မရွည္ေတာ့ဘဲ အ႐ုဏ၏လက္ကို ပယ္ပယ္နယ္နယ္ဆုပ္ကိုင္ၿပီး ဆြဲယူၾကည့္လိုက္ေတာ့သည္။
အထိအေတြ႕ေၾကာင့္ အ႐ုဏ၏မ်က္ဝန္းတို႔အနည္းငယ္က်ယ္သြားေသာ္လည္း သူသည္ ထိတ္လန႔္သြားေသာအမူအရာကို အလ်င္အျမန္႐ုတ္သိမ္းကာ တည္ေသာ႐ုပ္ကို ျပန္လည္ခ်ိတ္ဆြဲလိုက္သည္။
ယုဂန္၏လက္ေခ်ာင္းထိပ္ေလးမ်ားမွာ ႏူးညံ့ေန၏။
ေတြးထင္ထားသည့္အတိုင္း ႏုအိေအးစက္ေနသည္။
အ႐ုဏ၏ပူေႏြးေသာလက္ဖဝါးထက္တြင္ ယုဂန္လက္ေခ်ာင္းထိပ္မွ ေအးစက္မႈကို ခံစားေနရသည္။
ယုဂန္:" ဉာဏ္လမ္းေၾကာင္းက အဂၤါၾကယ္ထြန္းရာဘက္ကိုသြားတဲ့အတြက္ ဖ်က္ဆီးမႈစစ္အတတ္ဘက္မွာ ကြၽမ္းက်င္လိမၼာမယ္...ရဲစြမ္းသတၱိနဲ႔ျပည့္စုံတယ္...ၿပီးေတာ့ ႏွလုံးသားလမ္းေၾကာင္းကို နည္းနည္းေလးၾကည့္တတ္လို႔ ၾကည့္ေပးမယ္....ႏွလုံးသားလမ္းေၾကာင္းမွာ ဒီလိုမ်ိဳး
အဖ်ားေလးက ႏွစ္ခုကြဲေနတယ္...ေတြ႕လား..."
ယုဂန္သည္ အ႐ုဏ၏လက္ဖဝါးကို ႏူးညံ့စြာတို႔ထိလိုက္သည္။ အ႐ုဏသည္ ၾကက္သီးဖ်င္းဖ်င္းထ,သြားၿပီး အခုခ်က္ခ်င္း မိမိလက္ကိုဆတ္ခနဲျပန္႐ုတ္သိမ္းလိုက္ခ်င္ပါ၏။ မိမိအမူအရာမွာ ထူးဆန္းသြားမည္စိုးသျဖင့္သာ
ဆက္လက္သည္းခံေနရသည္။
သူသည္ ယုဂန္၏လက္ကိုကိုင္ဖူး႐ုံမကလို႔ လူတစ္ကိုယ္လုံးပါ ေပြ႕ခ်ီဖူးပါ၏။ သို႔ေသာ္ အခုလိုခံစားခ်က္မ်ိဳး မျဖစ္ဖူးခဲ့။
ထူးဆန္းလိုက္တဲ့ ခံစားခ်က္ပါပင္။
ထူးဆန္းသည္...ထူးဆန္းသည္...ထူးဆန္းသည္။
ယုဂန္:" အဲ့တာက အခ်စ္ေရးမွာ သစၥာရွိတာကို ျပတာ..."
နႏၵ:" လူပ်ိဳႀကီးျဖစ္မယ္ဆိုတဲ့ လမ္းေၾကာင္းေရာမပါဘူးလား..."
နႏၵက ရယ္က်ဲက်ဲျဖင့္ေျပာသည္။ အ႐ုဏလို ႐ုပ္တည္ႀကီးႏွင့္ ခံစားခ်က္ကင္းမဲ့ေသာလူဟာ ခ်စ္ရမည့္သူရွိလာမည္မဟုတ္ဟု သူေတြးထင္၏။
ယုဂန္:" ငါက ႏွလုံးသားလမ္းေၾကာင္းဆို အဲ့တစ္ခုပဲသိတာ...က်န္တာ မသိေတာ့ မေျပာတတ္ဘူး..."
အ႐ုဏ:" ၾကည့္လို႔ၿပီးၿပီမလား..."
အ႐ုဏအသံမွာ ခါတိုင္းလိုဩဇာျပည့္ေသာအသံမဟုတ္ဘဲ အနည္းငယ္တုန္ယင္ေနသေယာင္။
ယုဂန္ စိတ္ထင္တာပဲ ေနမွာပါေလ။
ယုဂန္" ရပါၿပီ..."
အ႐ုဏသည္ ခ်က္ခ်င္းပင္ လက္ကို႐ုတ္သိမ္းလိုက္သည္။ သူ၏လက္ဖဝါးအတြင္း၌ ေခြၽးမ်ားပင္စို႔ေနလ်က္။
ထူးဆန္းသည္။
ဘာေၾကာင့္ ရင္ထဲမွာ လႈပ္ခတ္ေနပါလိမ့္။
အ႐ုဏသည္ မလုံမလဲစိတ္ေၾကာင့္ ယုဂန္ကိုပင္ ငုံ႔မၾကည့္ႏိုင္ဘဲ မိမိ၏ခုံဆီျပန္သြားကာ စာအုပ္ကိုဖြင့္ၿပီး ဆက္လက္ၾကည့္ေနေတာ့သည္။
ပီယံ:" ယုဂန္ရဲ႕ ဉာဏ္လမ္းေၾကာင္းကေရာ ဘယ္လိုလဲ...အလြန္ေကာင္းမယ္ထင္တယ္...ယုဂန္က ဉာဏ္ေကာင္းေတာ့ေလ..."
ယုဂန္:" ငါ့ရဲ႕ ဉာဏ္လမ္းေၾကာင္းက အေနေတာ္ပါပဲ။ဉာဏ္လမ္းေၾကာင္းက လက္မနဲ႔လက္ညႇိဳးၾကားကေန အရမ္းရွည္ၿပီး လက္ဖဝါးေစာင္းထိ ေရာက္ေနမယ္ဆိုရင္ အရမ္းဉာဏ္ရည္ဉာဏ္ေသြးအရမ္းေကာင္းေပမဲ့ တဇြတ္ထိုးဆန္တယ္တဲ့။ လုပ္မိလုပ္ရာ စြတ္လုပ္တတ္ၿပီး အစြန္းေရာက္တယ္တဲ့။ ဘာပဲျဖစ္ျဖစ္ လကၡဏာဆိုတာ အစိတ္အပိုင္းတစ္ခုသာသာပါ....ကိုယ့္ရဲ႕တကယ့္စိတ္ရင္းကမွ အေရးႀကီးဆုံးမဟုတ္လား..."
ပီယံသည္ ေထာက္ခံေသာအားျဖင့္ ေခါင္းတညိတ္ညိတ္။
************************************
လက္မႏွင့္လက္ညႇိဳးၾကားမွ လကၡဏာေရးေၾကာင္းတစ္ခုသည္ ေျဖာင့္တန္းစြာသြားၿပီး လက္သန္းရွိရာဘက္၏ လက္ဖဝါးေထာင့္စြန္းသို႔ ထိေတြ႕ေနပါ၏။ အဆိုပါလက္ပိုင္ရွင္သည္ မိမိလက္ကို ေနေရာင္ျခည္ေအာက္တြင္ ျဖန႔္ရင္းငုံ႔ၾကည့္ေနသည္။ ထို႔ေနာက္ လက္ကို ျဖည္းျဖည္းခ်င္းဆုပ္လိုက္၏။ ေႏြးေထြးအလင္းေရာင္ကို သူ မဖမ္းဆုပ္ႏိုင္ခဲ့။ သူ၏လက္ထဲတြင္ ဆုပ္ကိုင္ထားမိေသာအရာဟူ၍ မရွိေနခဲ့။
ေႏြးေထြးေသာ ေနေရာင္ျခည္ကို သူ,မဖမ္းဆုပ္ႏိုင္သကဲ့သို႔ သူ၏ဘဝတြင္လည္း မပိုင္ဆိုင္ႏိုင္ဘဲ လက္လႊတ္ခဲ့ရေသာ အရာတစ္ခုရွိသည္။ တန္ဖိုးအရွိဆုံးေသာ၊ ျမတ္ႏိုးဆုံးေသာအရာတစ္ခုကို စြန႔္လႊတ္ခဲ့ဖူးသည္။
မဟုတ္ဘူး....
စြန႔္လႊတ္ခဲ့တာ မဟုတ္ဘဲ စြန႔္လႊတ္ခဲ့ရတာ။
သဒၵါနည္းအရ 'ပစၥည္း' ဟုေခၚေသာ 'ရ'
စကားလုံးေလးကို ထည့္သုံးရမည္။ 'စြန႔္လႊတ္ခဲ့ျခင္း'ႏွင့္
'စြန႔္လႊတ္ခဲ့ရျခင္း' မွာ တူမေယာင္ေယာင္ႏွင့္ ႀကီးမားေသာ အဓိပၸါယ္ကြာျခားပါ၏။
မျဖစ္မေနမို႔ စြန႔္လႊတ္ခဲ့ရတာ....
အတင္းအၾကပ္ခိုင္းေစလို႔ စြန႔္လႊတ္ခဲ့ရတာ....
စိတ္ရင္းနဲ႔မဟုတ္ဘဲ ရင္နာနာနဲ႔စြန႔္လႊတ္ခဲ့ရတာ....
စြန႔္လႊတ္ၿပီး တျခားသူရဲ႕လက္ထဲကို ထည့္ေပးလိုက္ရတာ....
"သုရွင္ရဲ႕ ဘက္လိုက္မႈကေတာ့ ဩခ်ရေလာက္ပါရဲ႕။
သူ႔ရဲ႕သားေတာ္ႀကီးမွ သားေတာ္ႀကီးပဲ။ သူက အိမ္ေရွ႕စံကိုပဲခ်စ္ၿပီး အေလးေပးခ်င္ေနတာကို ေပၚတင္မေျပာဘူး။ လွည့္ပတ္ေျပာၿပီး အိမ္ေရွ႕စံကမွ ေတာ္တာ...ဘာညာနဲ႔
အလကားသက္သက္ ေျမႇာက္ပင့္ၿပီးခ်ီးက်ဴးေနတယ္..."
မယ္မယ့္၏မေက်မနပ္စကားသံမ်ားေၾကာင့္ မင္းေယာဇာသည္ ေနေရာင္ျခည္ထဲတြင္ လက္သီးကိုဆုပ္ေနရာမွ
မယ္မယ့္ကိုလွည့္ၾကည့္လိုက္သည္။
မယ္မယ္သည္ ေဒါသထြက္ေနၿပီး မ်က္ႏွာမွာေမာ္တင္းေန၏။ အစ္ကိုေတာ္မဏိစကၠမွာမူ မယ္မယ့္၏စကားကိုလည္း အဖက္မလုပ္၊ မယ္မယ့္ကိုလည္း ဂ႐ုမစိုက္ဘဲ
ေငြဖလားကိုကိုင္ရင္း ဖလားထဲမွေရမ်ားကို ႏႈိက္၍
သူအျမတ္တႏိုးစိုက္ထားပါေသာ ခရမ္းေရာင္သစ္ခြပန္းမ်ားကို ေရျဖင့္ေတာက္ေနသည္။
အစ္ကိုေတာ္မဏိစကၠသည္ လူသာၾကမ္းေသာ္လည္း စိတ္ကမူ ႏူးညံ့သည္ဟုထင္ရသည္။ သူ၏ ႏူးညံ့လွပေသာသစ္ခြပန္းမ်ားကို အလြန္တရာဂ႐ုတစိုက္တန္ဖိုးထားကာ သဲသဲလႈပ္ေစာင့္ေရွာက္တတ္သူပင္။
"သားေတာ္ခ်င္းအတူတူ ခြဲျခားလြန္းတယ္။ သူ႔သားေတာ္ႀကီးကို အေလးေပးတာရဲ႕ ငါးပုံတစ္ပုံေလာက္ျဖစ္ျဖစ္ မင္းေယာဇာကို အေလးေပးၾကည့္ပါလား...မင္းေယာဇာအေပၚ နည္းနည္းေလာက္ျဖစ္ျဖစ္ ေကာင္းေပးၾကည့္ပါလား...။ ဘဒၵါေတာင္မွ တစ္ဦးတည္းေသာ သမီးေတာ္ျဖစ္ေနလို႔ နည္းနည္းေကာင္းေပးေနတာ..."
ဒီတစ္ခါေတာ့ မဏိသည္ မိဖုရားေမသီရိကို လွည့္ၾကည့္လာ၏။ သူသည္ ႏႈတ္ခမ္းမွ တစ္စုံတစ္ရာကို မထုတ္ေျပာေသာ္လည္း သူ၏အၾကည့္တြင္ အဓိပၸါယ္ပါေနသည္။ "မေျပာပါနဲ႔" ဟူေသာ သေဘာ။
" သူ႔သားေတာ္ႀကီးက လြဲရင္း က်န္တဲ့သူေတြကို ႏွိမ့္ခ်ဖို႔ပဲ။ မဏိေတာင္မွ အရမ္းထူးခြၽန္လို႔ သူအျပစ္ေျပာလို႔မရလို႔ ၿငိမ္ေနတာ...မိဖုရားေခါင္ႀကီးကလည္း
အိမ္ေရွ႕စံကို သုရွင္ပ,စားေပးတာသိလို႔ မာန္တက္ေနတာ။ အခုဆို အ႐ုဏကိုပါ သူ႔ဘက္ပါေအာင္ဆြဲေနၿပီ....
မဏိက စစ္ေရးမွာေတာ္တယ္။ အိမ္ေရွ႕စံက မေတာ္ဘူး...အဲ့တာေၾကာင့္ စစ္ေရးစစ္ရာဘက္ အားကိုးလို႔ရေအာင္ အ႐ုဏကိုဆြဲထည့္ေနတာပဲ..."
" ဘာလို႔ ဒီစကားေတြကိုထပ္တလဲလဲေျပာေနတာလဲ..."
မဏိသည္ စိတ္မရွည္ဟန္ျဖင့္ ေျပာလာ၏။ မဏိသည္ တတ္ႏိုင္သမွ် စကားကိုေအးေဆးေအာင္ေျပာေသာ္လည္း
အသံမွာ မာေန၏။
"မိဖုရားေခါင္ႀကီးက ဘာပဲလုပ္ေန လုပ္ေန၊ ဂ႐ုစိုက္မေနပါနဲ႔လို႔ ကြၽန္ုပ္မေျပာဘူးလား....သုရွင္က ဘယ္သူ႔ကိုပဲ ဦးစားေပးေပး၊ ဘယ္သူ႔ကိုပဲ ပိုခ်စ္ခ်စ္...သူ႔ဘာသာပဲရွိပါေစ။ ကြၽန္ုပ္တို႔က သုရွင္ကို မျဖစ္မေနလိုအပ္ေနတာမွမဟုတ္တာ။ ကိုယ့္ဘဝနဲ႔ကိုယ္ ေနရမွာပဲ..."
"ဂ႐ုမစိုက္လို႔ ရမလား....သူက နင္တို႔ခမည္းေတာ္ေလ။
ကိုယ့္ဘဝနဲ႔ကိုယ္ေနရေအာင္ နင္တို႔ကဘုရင့္သားေတာ္ေတြ...ေနခ်င္တိုင္းေနလို႔ရမလား.....
သားေတာ္ခ်င္းတူတူ ခြဲျခားေနတာကို ငါကေဒါသထြက္လြန္းလို႔ပါ။ ငါ့သားေတာ္ႏွစ္ေယာက္ရဲ႕ အရည္အခ်င္းနဲ႔ကိုက္ညီတဲ့ေနရာကို ငါက ထိုက္ထိုက္တန္တန္ ရေစခ်င္တာပါ...မိဖုရားေခါင္ႀကီးက ငါ့ကိုမ်ားေတြ႕ရင္ ဘယ္ေလာက္ေတာင္ ေလွာင္ေျပာင္တဲ့စကားေတြနဲ႔ တိုက္ခိုက္လိုက္သလဲ....သူက ဘုရင့္သမီးေတာ္၊ ငါက အမတ္ႀကီးရဲ႕စြန႔္ပစ္ခံရတဲ့သမီးဆိုၿပီး မထိတထိေျပာတဲ့အျပင္ ငါ့ရဲ႕သားေတာ္ႏွစ္ပါးနဲ႔ သမီးေတာ္ကိုပါ မထင္ရင္ မထင္သလို ႏွိမ္ေသးတယ္"
မင္းေယာဇာသည္ မ်က္ႏွာတည္ၿပီး ႏႈတ္ဆိတ္ေန၏။
သို႔ေသာ္ မိဖုရားေမသီရိ၏စကားေၾကာင့္ သူ၏မ်က္ဝန္းေထာင့္မ်ား နီရဲသည္အထိျဖစ္သြားၿပီး ဆုပ္လက္စလက္သီးမွာ ပိုမိုတင္းၾကပ္သြားသည္။
မဏိ:" ႏွိမ္ရင္လည္း လွည့္ထြက္လာခဲ့။ အဲ့လိုစကား
အေခ်အတင္ေတြေျပာၿပီး အကုသိုလ္ပြားေနမယ္ဆိုရင္
ဘာလို႔ မိဖုရားေခါင္ႀကီးနဲ႔ သြားေတြ႕ေနေသးလဲ...ေရွာင္ေနလိုက္။ ဘာလို႔မ်ား ကိုယ့္ေဒါသကိုယ္ ရွာေနရတာလဲ"
မိဖုရားမွာ မဏိစကားေၾကာင့္ တင္းသြားဟန္ရွိသည္။
" ငါက အဲ့တာေတြ နင့္ကိုအားမရတာ...မဏိ။ နင္က အိမ္ေရွ႕စံျဖစ္ဖို႔ အရည္အခ်င္းအရွိဆုံးဆိုတာ နင္သိတယ္။ ဒါေပမဲ့ နင္ကိုယ္၌ကိုက မလိုခ်င္ဘဲ စစ္တိုက္ရတာနဲ႔တင္ ေပ်ာ္ေမြ႕ၿပီးေက်နပ္ေနတယ္။ နင့္ညီေတာ္၊ ႏွမေတာ္နဲ႔ မယ္ေတာ့္အတြက္ နည္းနည္းပါးပါးလုပ္ေပးမယ္ မရွိဘူး။ နင္က ႀကိဳးစားၿပီး အိမ္ေရွ႕စံထက္သာတဲ့လူဆိုတာ ျပသေပးရမွာေပါ့...မကၠၿမိဳ႕စားရဲ႕သမီးကို ျငင္းလိုက္တဲ့ကိစၥကိုလည္း ငါမေက်နပ္ႏိုင္ေသးဘူး....အဲ့ကိစၥေၾကာင့္နဲ႔ သုရွင္က နင့္ကိုေျပာဆိုခ်င္ေနတာ"
မဏိ ျပင္းထန္ေသာ သက္ျပင္းခ်သည္။
မိဖုရား: " မင္းေယာဇာ...ေတြ႕တယ္မလား...နင့္အစ္ကိုေတာ္ပုံစံကို...ေရာင့္ရဲတတ္တဲ့လူလိုမ်ိဳး ျပဳမူေနတာ..."
မဏိ: " ေယာဇာငယ္...အစ္ကိုေတာ္ အားနာေပမဲ့ မင္းခဏေလာက္ ထြက္သြားေပးလို႔ရမလား...မယ္ေတာ္နဲ႔ ေျပာစရာရွိလို႔ပါ..."
မင္းေယာဇာသည္ တစ္ခြန္းမွမဆိုဘဲ သူတို႔ႏွစ္ေယာက္နားမွ ေအးေအးေဆးေဆးထြက္သြားေပးသည္။ မင္းေယာဇာထြက္သြားမွ မဏိသည္ မိဖုရားနားသို႔ေလွ်ာက္လာသည္။
" မင္းေယာဇာေရွ႕မွာ ဒီလိုစကားေတြကို မေျပာလို႔ မရဘူးလား...သူ႔ေရွ႕မွာ သုရွင္က အေရးေပးတာေတြေရာ၊ မေပးတာေတြေရာ၊ ႏွိမ္တာေတြေရာ မေျပာလို႔မရဘူးလား...
မင္းေယာဇာကို ေသြးမထိုးေပးလို႔ မရဘူးလား"
မဏိ၏အသံသည္ အက္ရွရွႏွင့္ တည္ၿငိမ္လြန္းသည္။
" ငါကျဖစ္ေနတဲ့အမွန္တရားေတြကို ေျပာျပေနတာ...
နင္ကသာ နင့္ညီေတာ္အတြက္ ေကာင္းမြန္တဲ့ဘဝကိုရေအာင္ မလုပ္ေပးဘဲနဲ႔..."
" ကြၽန္ုပ္အတြက္ ေကာင္းမြန္တဲ့ဘဝဆိုတာ ရာထူးရာခံေတြ၊ ၿပိဳင္ဆိုင္မႈေတြ၊ မနာလိုမႈေတြနဲ႔ ျပည့္ေနတဲ့ဘဝမဟုတ္ဘူး"
မိဖုရားစကားမဆုံးခင္ မဏိကျဖတ္ေျပာသည္။
"အဲ့တာေတြကေန တတ္ႏိုင္သမွ်ကင္းကင္းရွင္းရွင္းေနခ်င္တာ...ေအးေအးခ်မ္းခ်မ္းေနခ်င္တာ...ေကာင္းမြန္တဲ့ဘဝဆိုတာကို ကြၽန္ုပ္က အဲ့လိုသတ္မွတ္တယ္။ ေယာဇာငယ္ကိုေရာ၊ ဘဒၵါကိုေရာ ဒီလိုမ်ိဳးပဲျဖစ္ေစခ်င္တယ္။
အခုဆို ေယာဇာက မယ္မယ့္ရဲ႕စကားေတြေၾကာင့္ အားမလိုအားမရစိတ္ေတြ၊ မနာလိုစိတ္ေတြနဲ႔ အစိုးမရတဲ့သူ ျဖစ္ေနၿပီ..."
" စကားကို လက္လြတ္စပယ္မေျပာပါနဲ႔။ ငါေမြးထားတဲ့သားပါ....ငါ့သားေတာ္အတြက္ ငါက အေကာင္းဆုံးအရာကိုပဲ ေပးအပ္ခ်င္တာ။ ဒါကို မနာလိုစိတ္လို႔ နင္ေျပာမလား...ေယာဇာငယ္က သူနဲ႔ထိုက္တန္တဲ့ေနရာကို သိေစခ်င္လို႔ေျပာျပတာပဲ"
" ေယာဇာငယ္က မယ္မယ့္ရဲ႕သားေတာ္ျဖစ္သလို ကြၽန္ုပ္ရဲ႕ညီေတာ္ပါ...ေယာဇာငယ္ရဲ႕အက်ိဳးကို ကြၽန္ုပ္လည္း လိုလားတယ္..."
မဏိသည္ အသက္တစ္ခ်က္ရႈိက္ၿပီးမွ က်န္ရွိေသာ စကားကိုဆက္ေျပာ၏။
"ေယာဇာငယ္က အထိုက္အသင့္နာက်င္ၿပီးတဲ့ ကေလးပါ။ ဒါေၾကာင့္မို႔လို႔ ထပ္ၿပီးေတာ့ ပူေလာင္တဲ့ယွဥ္ၿပိဳင္ခ်င္စိတ္ေတြ၊ အမုန္းတရားေတြ ထည့္မေပးပါနဲ႔ေတာ့...ေက်းဇူးျပဳၿပီး...."
မဏိသည္ ေပ်ာ့ေသာအသံျဖင့္ ေတာင္းဆို၏။ ထို႔ေနာက္ မိဖုရားနားမွ ေက်ာခိုင္းထြက္လာခဲ့သည္။
******************************
လြန္ခဲ့ေသာ ၂၄ ႏွစ္ခန႔္က.....
မိုးမ်ားသည္ ထစ္ခ်ဳန္းစြာ သည္းႀကီးမည္းႀကီး႐ြာသြန္းေနခဲ့၏။ လွ်ပ္ပန္းလွ်ပ္ႏြယ္မ်ားဟာ ေကာင္းကင္မွာ ျဖန႔္က်က္ေနရာယူထားသလို ျပင္းထန္ေသာ မိုးစက္မိုးေပါက္မ်ားဟာလည္း ဆီးႏွင္းေပါက္တမွ် ေအးစိမ့္လြန္းေနသည္။
ထိုကဲ့သို႔ ေၾကာက္မက္စဖြယ္႐ြာသြန္းေနေသာမိုးကို မမႈဘဲ
ေသးငယ္ေသာ ကေလးတစ္ေယာက္မွာမူ ဘုရင့္၏နန္းေဆာင္ေရွ႕တြင္ တုပ္တုပ္မွ်မလႈပ္ဘဲ ဒူးေထာက္ေနခဲ့၏။
ထိုကေလးသည္ ေခါင္းကိုငိုက္စိုက္ခ်ထားၿပီး တစ္ကိုယ္လုံး မိုးေရမ်ားျဖင့္ စို႐ႊဲေနခဲ့ပါ၏။ ခႏၶာကိုယ္ေသးေသးေလးသည္ ေအးစိမ့္မႈေၾကာင့္ တုန္ယင္ေနခဲ့သည့္တိုင္
အံကိုခဲၿပီး ဒူးေထာက္ေနဆဲ။ ႏႈတ္ခမ္းမ်ားမွာ အတန္ငယ္ပင္ ျပာႏွမ္းလာသေယာင္။
"မင္းသားမဏိစကၠက အသက္ ၄ႏွစ္သာ ရွိေသးေပးမဲ့
ဇြဲကေတာ့ မေသးဘူး။ ဒီေနရာမွာ ဒူးေထာက္ေနတာ ၾကာၿပီမလား....မိုး႐ြာလည္း ဆက္ၿပီးဒူးေထာက္ေနတုန္းပဲ..."
" အ႐ြယ္ငယ္ငယ္ေလးနဲ႔ သူ႔ရဲ႕ညီေတာ္ကို သိပ္ခ်စ္ရွာတာပဲေနာ္"
"ဟုတ္ပါရဲ႕...မင္းသားေယာဇာငယ္ကလည္း ကံဆိုးရွာပါတယ္။ သူ႔ရဲ႕မေကာင္းတဲ့ကံေၾကာင့္ ျမစ္ထဲကို အရွင္လတ္လတ္ေမွ်ာပစ္ရမယ္တဲ့။ ၁ ႏွစ္ပဲရွိေသးတဲ့ကေလးက ျမစ္ထဲေမွ်ာရင္ ဘယ္လိုလုပ္ အသက္ရွင္ပါ့မလဲ...."
" မိဖုရားေမသီရိေဒဝီလည္း သူ႔ရဲ႕သားေတာ္ကို ျမစ္ထဲေမွ်ာရမယ္ဆိုလို႔ စိတ္ထိခိုက္ၿပီး အိပ္ရာေပၚကေတာင္ မထ,ႏိုင္ေတာ့ဘူး။ သုရွင္ကလည္း ဘယ္လိုလုပ္ၿပီး ကိုယ့္သားေတာ္အရင္းကို ဒီလိုလုပ္ႏိုင္ရတာလဲ..."
" မင္းေယာဇာကိုမထုတ္ရင္ သုရွင္ရဲ႕က်န္းမာေရး ထိခိုက္မယ္လို႔ ေဟာထားတာကိုဟဲ့....သုရွင္ရဲ႕က်န္းမာေရးေတာ့ မသိေပမဲ့ ဒီတိုင္းဆက္သြားရင္ မင္းသားမဏိရဲ႕က်န္းမာေရးကို ထိခိုက္ေတာ့မယ္..."
" မင္းသားမဏိက သူ႔ရဲ႕အထိန္းေတာ္ေတြလာေခ်ာ့ေခၚတာေတာင္ မထ,ဘူးေလ...သုရွင္က ဆုံးျဖတ္ခ်က္ကို မျပင္မခ်င္း မထ,ႏိုင္ဘူးတဲ့။ သိပ္ေခါင္းမာတဲ့ ကေလးပဲ"
နန္းတြင္းရွိ လူမ်ားသည္ မဏိကိုလွမ္းၾကည့္ရင္း တီးတိုးစကားမ်ားဆိုသြားၾက၏။ က႐ုဏာသပ္ၾက၏။
ထိုသူတို႔၏စကားမ်ားကို မဏိ မၾကားပါေခ်။ သူ၏နားထဲတြင္ မိုးစက္မိုးေပါက္မ်ား၏ ဆူညံေနသည့္ အသံမ်ားကိုသာ ၾကားေနရသည္။ ထို႔ေနာက္ အလြန္အမင္းေအးစက္မႈ။
ထီးကိုင္ထားေသာ အမ်ိဳးသမီးတစ္ဦးသည္ မိုးေရထဲသို႔ ရဲရဲဝံ့ဝံ့ထြက္လာၿပီး မဏိအေပၚသို႔ ထီးကိုအုပ္မိုးလိုက္သည္။ သူမသည္ မဏိ၏ေဘးနားတြင္ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္ၿပီး အလြန္တရာ ၾကင္နာေသာအသံျဖင့္ေျပာသည္။
" ဒီတိုင္းသာ မိုးေရထဲဆက္ေနရင္ ဖ်ားနာပါလိမ့္မယ္..."
ထိုအမ်ိဳးသမီး၏အစိမ္းေရာင္မ်က္ဝန္းမ်ားက မဏိကို
ႏူးညံ့စြာၾကည့္ေနသည္။ မဏိကမူ ေခါင္းကိုငုံ႔ထားဆဲ။
တစ္ခြန္းမွ ျပန္မေျပာ။
" ဖ်ားနာရင္ ေဆးအခါးႀကီးေတြေသာက္ရမွာေနာ္.."
"ကြၽန္ုပ္ ေဆးမေၾကာက္ဘူး"
မဏိ၏အသံမွာ တုန္ရီၿပီးအက္ရွေနေလသည္။ သို႔ေစကာမူ ရဲရင့္မႈႏွင့္ ဇြဲက မေလွ်ာ့ေသး။
" ဒီလိုသာ မိုးေရထဲဆက္ဒူးေထာက္ေနမယ္ဆိုရင္
သတိလစ္မူးလဲတဲ့အထိ ေနမေကာင္းျဖစ္လိမ့္မယ္...
ေက်းဇူးျပဳၿပီး ထ,လိုက္ပါေတာ့ေနာ္..."
" ခမည္းေတာ္က ညီေတာ့္ကို ျမစ္ထဲေမွ်ာမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို မျပင္မခ်င္း မထ,ႏိုင္ပါဘူး..."
" ဒါေပမဲ့ ဒီလိုသာဆက္လုပ္ေနရင္ သင့္အတြက္ မေကာင္းဘူး..."
" ညီေတာ့္ကို ျမစ္ထဲေမွ်ာရင္ မယ္မယ္သိပ္ကို ဝမ္းနည္းရပါလိမ့္မယ္။ အမ်ားႀကီးငိုၿပီး ေနမေကာင္းျဖစ္ပါလိမ့္မယ္...ဒါေၾကာင့္မို႔ ညီေတာ့္ကိုျမစ္ထဲေမွ်ာမယ္ဆိုတဲ့ ဆုံးျဖတ္ခ်က္ကို ျပင္မွျဖစ္ပါမယ္..."
ဇြဲေကာင္းသည့္ မဏိကိုေျပာ၍ရမည္မဟုတ္မွန္း စႏၵာသိလိုက္သျဖင့္ သက္ျပင္းသာခ်လိုက္မိသည္။ သူမသည္
မဏိ၏ ပါးႏုႏုေလးကို လက္ညႇိဳးျဖင့္အသာအယာထိေတြ႕လိုက္သည္။
အလြန္အမင္းေအးစက္ေနပါသေကာ...
စိုးရိမ္စိတ္ျဖင့္ သူမၿခဳံလာသည့္ပဝါကိုဖယ္ၿပီး မဏိကို လႊမ္းၿခဳံေပးလိုက္သည္။
"အေမာင္က..အဲ....သုရွင္က ဒီဆုံးျဖတ္ခ်က္ကိုျပင္ေအာင္ ကြၽန္ုပ္ ကူၿပီးေတာင္းဆိုေပးပါ့မယ္..."
မဏိသည္ သူမကိုလွည့္ၾကည့္လာ၏။ ကေလး၏မ်က္လုံးမ်ားမွာ ရဲေနသည္။ ငိုထားလို႔လား၊ မိုးေရေၾကာင့္လားေတာ့ မသိ။
"တကယ္လား..."
ကေလး၏ညႇိဳ႕မႈိင္းေနေသာ မ်က္ဝန္းမ်ားသည္ အခုမွ အတန္ငယ္ေတာက္ပလာသေယာင္။
" အင္း...ဒါေၾကာင့္ မိုးေရထဲမွာ ဆက္ၿပီးဒူးမေထာက္ေနပါနဲ႔ေတာ့..."
"မျဖစ္ပါဘူး...သင့္ဘက္ကလည္း ေတာင္းဆိုၿပီးေတာ့ ကြၽန္ုပ္ဘက္ကလည္း ဆက္လက္ၿပီးေတာင္းဆိုေနမွျဖစ္မွာပါ..."
" ဘယ္လိုလုပ္ၿပီး ဒီေလာက္ ေခါင္းမာရတာလဲ...ကေလးရယ္..."
သက္ျပင္းခ်ေသာေလသံေရာၿပီး သူမေျပာသည္။ ထို႔ေနာက္ မတ္တပ္ထ,ရပ္လိုက္ၿပီး ထီးကိုမူ မဏိအေပၚသို႔ သိသိသာသာ အုပ္မိုးေပးထားသည္။
" သင္မထမခ်င္း ကြၽန္ုပ္ဒီနားမွာ ရွိေနေပးပါ့မယ္..."
သူမသည္ ထီးကို မဏိအေပၚ ကိုသာ အလုံးစုံအုပ္မိုးေပးထားသျဖင့္ သူမကေတာ့ မိုးေရမ်ားျဖင့္ ႐ႊဲ႐ႊဲနစ္သြားလ်က္။
***************************************
A/N
ယုဂန္ႏိုင္ equal to အလွေလး 😛
23.12.2020
( Wednesday )