伪装学渣
Wei Zhuang Xue Zha
ZAWGYI
ေသာက္ေခ်ာႀကီးေတာ့ အခုခ်ိန္ဆို ေစာင္ေခါင္းၿမီးျခံဳၿပီး တုန္ေနေလာက္ၿပီ
အခန္း(2-3) စာသင္ခန္းအတြင္းၾကည့္လိုက္စဥ္မွာေတာ့ ပိန္းပိတ္ေအာင္ေမွာင္မည္းလ်က္ရွိေခ်၏။ မသိပါက ညပိုင္းself-studyအတန္းဆင္းသြားၿပီလို႔ပင္ ထင္ရေလာက္သည္။
"သူတို႔ဘာေတြထပ္ၿပီး လုပ္ေနၾကျပန္တာလဲ?"
ဟယ့္ေက်ာင္းသည္ အေနာက္မွေလွ်ာက္လာရင္း မေရမရာျဖင့္ အတန္ငယ္စိတ္ထင့္လို႔လာရသည္။
ရွဲ႕ယြီသည္ တံခါးေပါက္ကိုမွီလိုက္ၿပီး အခန္းတြင္းအားလွမ္းျမင္ရဖို႔ မ်က္ဝန္းတို႔ကိုေမွးက်ဥ္းလိုက္ပါ၏။
ဝမ့္သာမွာ ေျခသံၾကားလိုက္ျခင္းေၾကာင့္ လွည့္ျကည့္လာရင္းမွ အံ့ၾသဝမ္းသာစြာျဖင့္ေအာ္ေျပာလာသည္။
"တိုက္တိုက္ဆိုင္ဆိုင္ပဲ ၊ ငါတို႔ကအခုမွစမလို႔ ၊ အတူပါပါ့လား?"
ဟယ့္ေက်ာင္းက ေျခႏွစ္လွမ္းမွ်ေနာက္ဆုပ္လို႔သြားရစဥ္ ရွဲ႕ယြီကလွမ္းဆြဲလို႔ထားေလသည္။
"ဒီေန႔ေတာ့ပံုျပင္မေျပာေတာ့ဘူး. ."
ဝမ့္သာကဆိုလို႔လာသည္။
"ငါတို႔ ခဲတံေထာက္ၿပီး ဝိညာဥ္ေခၚတမ္းကစားမလို႔။ ေခြး႐ူးကခုနေလးတင္ထြက္သြားတာမို႔ စိတ္ခ်ရတယ္။"
"အစ္ကိုေက်ာင္း ၊ ဒီမွာထိုင္ ၊ အထူးကိုမင္းအတြက္ ေနရာခ်န္ေပးထားတာ။"
ဟယ့္ေက်ာင္းက ပံုမွန္ဆိုအေတာ္ေလးဖ်တ္လတ္တက္ႂကြလြန္းသူျဖစ္တာေၾကာင့္ ဝမ့္သာကဘာပဲလုပ္လုပ္ သူ႔အားမေမ့မေလွ်ာ့ေခၚတတ္သည္။
". . . . . . အရမ္းပဲစိတ္လႈပ္ရွားဖို႔ေကာင္းတယ္။"
ဟယ့္ေက်ာင္းသည္ စိတ္ထဲမွေနေျပာမိရ၏။ ခ်ီးကိုစိတ္လႈပ္ရွားဖို႔ေကာင္းတာလား ၊ တစ္ေန႔တစ္ေန႔ စာေကာင္းေကာင္းမလုပ္ဘဲနဲ႔ ပတ္ၿပီးဗ႐ုတ္က် ကျမင္းေနၾကတာပဲ။
ဝမ့္သာသည္ ေျပာၿပီးေနာက္မွ ရွဲ႕ယြီကိုျဖင့္တစ္ေယာက္တည္းမတ္တပ္ရပ္ခ်န္ထားခဲ့လို႔ကလည္း မသင့္ေလ်ာ္ဟု ခံစားမိရျခင္ေၾကာင့္ ထပ္မံေမးလိုက္သည္။
"အစ္ကိုယြီ ပါမလား?"
"ပါမွာ. ."
ကိုယ္တိုင္ပုန္းေရွာင္လို႔မရမွေတာ့လည္း တစ္ေယာက္ကိုပါ သူႏွင့္အတူအပါေခၚကိုေခၚရမည္ေလ ၊ ဟယ့္ေက်ာင္းသည္ ရွဲ႕ယြီအစားေျဖလိုက္ပါသည္။
"သူပါမွာ။"
ကစားသူက စုစုေပါင္း(၄)ေယာက္။
အျခားသူမ်ားကေတာ့ ေဘးတြင္ရပ္ကာၾကည့္လို႔ေနၾကသည္။
ေယာက္်ားတစ္ပိုင္း မိန္းမၾကမ္းျဖစ္တဲ့ ရႊီခ်င္ခ်င္ကေတာ့ ေပါင္ကိုတစ္ခ်က္႐ိုက္လိုက္ၿပီး 'ေမးခြန္းေမးတဲ့သူ' လုပ္မည္ဟုဆိုလာခဲ့သည္။
"ငါေမးမယ္!"
သူမက ေျပာၿပီးေနာက္ ခဲတံကိုေကာက္ကိုင္လိုက္သည္။
ဝမ့္သာသည္ ရႊီခ်င္ခ်င္၏လက္အေပၚ၌ သူ႔လက္ကိုထပ္လိုက္ၿပီး ျငင္းဆိုျခင္းမျပဳ။
"ေကာင္းၿပီ ၊ နင္ေမး။"
ဟယ့္ေက်ာင္းမွာ နဂိုကတည္းကိုကမပါဝင္ခ်င္ခဲ့ ၊ သို႔တိုင္ ဝမ့္သာသည္ကား မမွိတ္မသုန္သူ႔အားစိုက္ၾကည့္လို႔ေနသည္။ သိသာလွေပ၏ ၊ ဝမ့္သာတစ္ေယာက္ ရွဲ႕ယြီရဲ႕လက္ကိုမထိရဲေနျခင္း ၊ ဤအတြက္ဟယ့္ေက်ာင္းကိုျမန္ျမန္သူ႔အေပၚ လက္လာတင္ခိုင္းေနျခင္းသာျဖစ္သည္။
ရွဲ႕ယြီသည္ကား အလြန္မွခပ္တန္းတန္းေနတတ္တဲ့သူ။
သူဘာမွမလုပ္ပါဘဲ ၿငိမ္ၿငိမ္ဆိမ္ဆိမ္ေမွာက္အိပ္ေနလွ်င္ေတာင္မွ လူအေပါင္းကို ခပ္တန္းတန္းေနေစသည့္ အဓိပၸာယ္မ်ိဳးေဆာင္သည္။ အတန္းထဲ၌ ဟယ့္ေက်ာင္းတစ္ေယာက္သာလွ်င္ သူနဲ႔ကရယ္ရယ္ေမာေမာေျပာဆိုဆက္ဆံရဲၿပီး အခုခ်ိန္ထိတိုင္ၾကံ့ၾကံ့ခံအသက္ရွင္ေနေသးတာဆိုလို႔ ဟယ့္ေက်ာင္းတစ္ေယာက္သာ။
ရွဲ႕ယြီက ေနာက္ဆံုးေပ။
သူသည္ လက္ကိုေျမာက္ကာ ဟယ့္ေက်ာင္း၏လက္ဖမိုးထက္တင္လိုက္ေလသည္။ ေႏြရာသီႀကီးျဖစ္ေနတာေတာင္မွ ရွဲ႕ယြီ၏လက္ထိပ္ေလးေတြက ေအးစက္ေနသေယာင္ ဟယ့္ေက်ာင္းခံစားမိလိုက္ရသည္။
ထိုေအးစက္မႈက သူ႔လက္ဖမိုးထက္၌မူေလာင္ၿမိဳက္လို႔ေန၏။
ထိုခံစားခ်က္က တကယ္ပဲဘယ္လိုဆိုသည္ကိုျဖင့္ သူလည္းေသခ်ာမေျပာတတ္ေခ်။ အေတြးတို႔က ႐ုတ္တရက္ႀကီး ေယာက္ယက္ခတ္လို႔သြား၏။ အစကေတာ့ ဒီအစုတ္အျပတ္ကစားနည္းကို စိတ္ပူေနတာျဖစ္ေပမယ့္ ႐ုတ္တရက္အတြင္းမွာပဲ ဦးေႏွာက္အတြင္းဘာကိုမွမေတြးမိေတာ့။
"မ်က္လံုးမွိတ္ မ်က္လံုးမွိတ္ ၊ အရင္ဆံုးမ်က္လံုးကိုမွိတ္. ."
ဝမ့္သာကဆိုလာသည္။
"မ်က္လံုးမဖြင့္နဲ႔ ၊ မဟုတ္ရင္ေတာ့ အဲ့ဒါေရာက္လာတဲ့အခ်ိန္ၾက ဝိညာဥ္ႏုတ္သြားမယ္။"
"မ်က္လံုးမွိတ္ထားရင္ၾက အဲ့ဒါကဘယ္ကိုေရာက္ေနတယ္ဆိုတာကို ဘယ္လိုၾကည့္ေတာ့မလဲ?"
". . . . . . ဒီကလုပ္နည္းမွာေတာ့ အဲ့လိုပဲေရးထားတာပဲ ၊ ယံုခ်င္ယံုမယံုခ်င္လည္းေန။"
"ဟုတ္ပါၿပီ ၊ မွိတ္မွိတ္မွိတ္ ၊ ခဏေနမွျပန္ဖြင့္ၾကတာေပါ့။"
ရွဲ႕ယြီကေတာ့ ဘယ္လိုမွ အဲ့ဒါေတြကိုအယံုအၾကည္မရွိ ၊ လက္တစ္ဖက္က ဟယ့္ေက်ာင္းလက္ကိုကိုင္လို႔ထားၿပီး က်န္လက္တစ္ဖက္ကိုေတာ့ စားပြဲထက္တင္လို႔ထားမိကာ ေခါင္းကိုေစာင္းငဲ့လ်က္ ဟယ့္ေက်ာင္းကိုၾကည့္မိေလသည္။
ပါးစပ္မွေန မေၾကာက္ဘူး မေၾကာက္ဘူး ၊ ဘယ္သူေၾကာက္ ေၾကာက္တဲ့သူကေခြးမလို႔ပဲဟုေျပာသည့္သူမွာ ယခု၌မူအားလံုးထက္ကိုပိုၿပီး မ်က္ဝန္းတို႔ကိုအတင္းပဲမွိတ္လို႔ထားေလ၏။
ဘယ္ေလာက္မွမၾကာေသး ဟယ့္ေက်ာင္းမွာသည္းမခံႏိုင္ေတာ့ဘဲ ေမးမိေတာ့သည္။
"မၿပီးေသးဘူးလား?"
ရႊီခ်င္ခ်င္မွာ မႏၲန္ကိုရြတ္ဆိုေနစဲပဲရွိေသးေလသည္။
"ေရွးဘဝ ေရွးဘဝ ၊ ငါကအခုမင္းရဲ႕ ယခုလက္ရွိဘဝကပါ ၊ အကယ္လို႔ ငါနဲ႔အထံုေရစက္ ဆက္လက္ရွိေနခ်င္ေသးပါက. . . . . . ၾကားဝင္မျဖတ္စမ္းနဲ႔ ၊ လာတာက ဘယ္နားသြားအဲ့ေလာက္ျမန္မွာလဲဟ။"
ဒီလူရဲ႕ မ်က္ေတာင္တို႔က အလြန္ပင္ရွည္၏။
ရွဲ႕ယြီသည္ ခဏၾကာေအာင္ စိုက္ၾကည့္လို႔ေနမိသည္။
စာသင္ခန္းတြင္းက မည္းေမွာင္ေနေသာ္ျငား ဝမ့္သာကလက္ႏွိပ္ဓာတ္မီးကို ဖြင့္လို႔ထားၿပီး စားပြဲထက္ကထိုစာရြက္ကိုထိုးလို႔ေပးထားရာ အနားဝန္းက်င္တစ္ဝိုက္ေတာ့ အနည္းငယ္လင္းခ်င္းလို႔ေနပါသည္။
ဟယ့္ေက်ာင္း၏ မ်က္ႏွာတစ္ျခမ္းက အေမွာင္ထဲကြယ္လို႔ေနၿပီး က်န္မ်က္ႏွာတစ္ျခမ္းမွာမူ အျဖဴေရာင္အလင္းျဖင့္ အနားသတ္ပံုၾကမ္းေရးဆြဲထားသဏၭာန္ေပၚလြင္လို႔ေန၏။
ႏွာတံျမင့္ျမင့္ ၊ မ်က္ႏွာသြင္ျပင္က တိရိေပၚလြင္ကာ မ်က္ခံုးမ်က္လံုးတို႔က ငယ္ရြယ္ႏုပ်ိဳျခင္းအေငြ႕အသက္တို႔ သိပ္သည္းစြာရွိေနသည္။ စကားမေျပာ ၊ ျပံဳးရယ္ျခင္းမရွိသည့္အခါမ်ိဳးတြင္ တစ္စံုတစ္ရာေသာ ေျပာမျပတတ္ေလာက္ေအာင္တင္းမာသည့္ခံစားခ်က္မ်ိဳးေပးစြမ္းသည္။ ဟယ့္ေက်ာင္း၏ ညာဘက္နားထက္၌ နားေပါက္သံုး/ေလးေပါက္ခန္႔ရွိ၏ ၊ ရွဲ႕ယြီသည္ ေႏြရာသီေက်ာင္းပိတ္ခိုက္ ပထမဆံုးအႀကိမ္ဆံုေတြ႕ၾကစဥ္တုန္းကအခ်ိန္ကို ႐ုတ္တရက္သတိရလို႔သြားသည္။ ထိုအခ်ိန္က ထိုသူ၏နားထက္၌ နားကြင္းႏွစ္ကြင္းတပ္လို႔ထားသည္မွာ ကလက္တက္တက္ျဖင့္ မေတာ္တေရာ္ရွိလြန္းလွပါသည္။
ဟယ့္ေက်ာင္းတစ္ေယာက္ မ်က္လံုးကိုမွိတ္လို႔ အတန္ၾကာသည္အထိ ေစာင့္ၿပီးသြားခ်ိန္မွာေတာ့ တကယ္ကိုဆက္လက္မွိတ္ထား၍မရေတာ့ေခ်။ ဝမ့္သာသည္ကား ေက်ာခ်မ္းဖြယ္ရာ ထူးထူးဆန္းဆန္းေနာက္ခံေတးသြားအား ခပ္တိုးတိုးဖြင့္လို႔ထားကာ ရႊီခ်င္ခ်င္သည္လည္းပဲ မႏၲန္ကိုေကာင္းေကာင္းမရြတ္ပါဘဲ သရဲဝင္ပူးေနသကဲ့သို႔ရြတ္ဆိုေနေလသည္။
သူခံစားမိလာရသည္မွာ ဆက္လက္မွိတ္ထားပါက မေကာင္းဆိုးဝါးေတြ သူ႔ေဘးအနားဝိုင္းလာၿပီး ပါတီပြဲက်င္းပ ကခုန္ေနၾကေလာက္မည္ဟု။
ထို႔ေနာက္မွာေတာ့ သူသည္မ်က္ဝန္းတို႔ကို ျဖည္းညင္းစြာဖြင့္လိုက္စဥ္ မေမွ်ာ္လင့္စြာ ျဗဳန္းစားႀကီး ရွဲ႕ယြီ၏မ်က္ဝန္းတို႔ႏွင့္ ၾကံဳဆံုလို႔သြားခဲ့ရသည္။
ႏွစ္ဦးသား အၾကည့္ခ်င္းဆံုမိၾကေလ၏။
". . . . . ."
ရႊီခ်င္ခ်င္သည္အဆံုးမွာေတာ့ မႏၲန္ရြတ္လို႔ၿပီးဆံုးသြားခဲ့ၿပီး ေမးခြန္းမေမးခင္၌ သူမကထပ္မံေျပာလာသည္။
"မ်က္လံုးမဖြင့္နဲ႔ေနာ္ ၊ ဝိညာဥ္ႏုတ္ခံရမယ္။"
သူ႔ကိုၾကည့္ၿပီးဟယ့္ေက်ာင္းတစ္ေယာက္မွင္တက္ေနသည္ကိုေတြ႕ေတာ့ ရွဲ႕ယြီမွာ ဒီလူထပ္ၿပီး အျပင္မွာတည္ၿငိမ္ေနသလိုဟန္ေဆာင္ၿပီး စိတ္ထဲမွာၾကတုန္လႈပ္ေနေလာက္တယ္ဟုေတြးမိကာ ေအးစက္စက္လည္းမႏိုင္ ေႏြးေထြးမႈလည္းမရွိသည့္ အျပံဳးတစ္ပြင့္လွစ္ဟလို႔ ဟယ့္ေက်ာင္းအား အသံမထြက္ဘဲနႈတ္ခမ္းလႈပ္ရံုဆိုလိုက္သည္ - တကယ္မဟုတ္ဘူး။
ရႊီခ်င္ခ်င္သည္ကား ပံုမွန္ဆို ေပါ့ေပါ့တန္တန္ေနတတ္သူျဖစ္လင့္ကစား ေမးခြန္းေမးခ်ိန္တြင္ေတာ့ မိန္းမငယ္ေလးတစ္ေယာက္ရဲ႕ ဗီဇကထြက္ျပဴလို႔လာသည္။ အေတာ္ၾကာသည့္တိုင္ေတြေဝေနကာ အားလံုး၏နားရြက္မ်ားကိုလည္းပိတ္ထားခ်င္မိ၏ ၊ အဆံုးတြင္မူ ေမးခြန္းတစ္ခုေမးလိုက္ေတာ့သည္။
"သူ. . . . . . ငါ့ကိုသေဘာက်လား?"
"ဘယ္သူတုန္း. ."
ဝမ့္သာက ပထမဆံုးခုန္ထမိရ၏။
"နာမည္ေျပာ ၊ ဘယ္သူမ်ားတုန္း ငါကဘယ္လိုေၾကာင့္မသိရတာလဲ ၊ ဘယ္ႏြားကမ်ား ငါတို႔အခန္း(3)ရဲ႕ပန္းတစ္ပြင့္ကို ျဖားေယာင္သြားရတာလဲ?"
ရႊီခ်င္ခ်င္ : "စိတ္ရႈပ္ဖို႔ေကာင္းခ်က္ပဲ နင္ ၊ နင့္ေသာက္အပူမပါဘူး။"
ဝမ့္သာ : "မျဖစ္ႏိုင္တာ ၊ အတန္းအားလံုးရဲ႕ ဘယ္လိုလႈပ္ရွားမႈမ်ိဳးမဆို ငါ့မ်က္ဝန္းတစ္စံုကေန လြတ္ထြက္မသြားႏိုင္ဘူး။"
ရႊီခ်င္ခ်င္ : ". . . . . . နင္ေခၽြတာၿပီးေျပာ။"
အဆံုးမွာေတာ့ ခဲတံအသြားက 'ျငင္းဆို' ဆိုသည့္စာလံုးေပၚသို႔က်လို႔သြားေလသည္။
ဟယ့္ေက်ာင္းသည္ စိတ္ထဲ၌ထိတ္ထိတ္ပ်ာပ်ာျဖစ္သြားရ၏။
"ဒီအရာက တကယ္ႀကီးလႈပ္တာလား?"
"႐ွဴး ၊ အဲ့လိုမေျပာရဘူး ၊ ခဲတံဝိညာဥ္ကိုမေလးမစားမလုပ္နဲ႔။"
ဝမ့္သာကေျပာလာပါသည္။
ဟယ့္ေက်ာင္း : "မေလးစားရင္ ဘယ္လိုျဖစ္မွာလဲ?"
ဝမ့္သာမွာ စကားလံုးေတြပင္ေသခ်ာမစဥ္ရေသး ရွဲ႕ယြီ၏ခပ္ျပတ္ျပတ္ေျပာလိုက္သံအားၾကားလိုက္ရသည္။
"ညၾကမင္းကိုလာရွာလိမ့္မယ္။"
". . . . . ."
ဟယ့္ေက်ာင္းတြင္ကား ေမးစရာဘာမွမရွိ ၊ ခဲတံဝိညာဥ္ကိုမေမးဘဲေနလွ်င္ မေလးစားရာေရာက္သည္ဟု ဝမ့္သာကဆိုလာျပန္သည့္အခါမွာေတာ့ ဟယ့္ေက်ာင္းသည္ အတန္ၾကာစဥ္းစား၍ အဆံုးမွာေတာ့ေမးလိုက္ပါသည္။
"ကမ႓ာေပၚမွာ ငါ့ထက္ေခ်ာတဲ့လူရွိေသးလား?"
ရႊီခ်င္ခ်င္ : "အရွက္မရွိခ်က္။"
ဝမ့္သာ : "အရွက္မရွိခ်က္ပဲ။"
ရွဲ႕ယြီ : "ဟက္။"
"အစ္ကိုႀကီး ၊ မင္းအလွည့္ေရာက္ၿပီ။"
ဝမ့္သာသည္ ရွဲ႕ယြီထံမ်က္လံုးပုတ္ခတ္ပုတ္ခတ္လုပ္ျပလာခဲ့သည္။
ရွဲ႕ယြီေျပာလိုက္သည္။
"ငါ့မွာလည္း ဘာမွေမးစရာမရွိဘူး။"
ဟယ့္ေက်ာင္း : "မျဖစ္ဘူး ၊ မေလးစားရာေရာက္တယ္။"
ရွဲ႕ယြီ : ". . . . . ."
က်ိဳးသာ့ေလမွာ ရွဲ႕ယြီထံဖုန္းဆက္လို႔လာၿပီး စကားႏွစ္ခြန္းမွ်ပင္မေျပာရေသး ၾကားတာနဲ႔ရွဲ႕ယြီစိတ္ၾကည္ႏူးလ်က္ရွိမွန္းသိလိုက္ရသည္။
"ဘာေတြမ်ားျဖစ္လို႔လဲ? အဲ့ေလာက္ေတာင္ေပ်ာ္ေနတာ?"
ရွဲ႕ယြီကမည္သို႔မွ်မဆို တန္ျပန္ေမးလို႔လာသည္။
"မင္းၾကေတာ့ေရာ ၊ ဟိုကဖုန္းဆက္လာတာနဲ႔ပဲ တစ္ေလွ်ာက္လံုးအူျမဴးေနၿပီး။"
"ခ်ီးထုပ္ေကာင္ေလးသာ့ေမေလ ဒီေန႔ဖုန္းဆက္လာတယ္!"
က်ိဳးသာ့ေလက ေျပာလာ၏။
"မင္းစိတ္ခ် ၊ ငါမင္းအစားပါ ဆူေပးလိုက္တယ္။ အဲ့ခ်ီးထုပ္ေကာင္ေလးက တအားရြပိုးထိုးတာ မဆူေပးလို႔မရဘူး။"
သာ့ေမဒီလိုဖုန္းဆက္လာမႈက တကယ္ကိုေမွ်ာ္လင့္မထားတာႀကီး ၊ oversea callျဖစ္တာေတာင္ အံ့ၾသစရာေကာင္းစြာ မည္သူမွဖုန္းေျပာခေစ်းႀကီးသည္ကိုစိတ္မပူမိၾက။ ေလက်စ္အေမေရာ ၊ အန္တီေမေရာကပါ တန္းစီလို႔ သာ့ေမႏွင့္စကားေျပာခ်င္ေနၾကသည္။ က်ိဳးသာ့ေလမွာ ေသေသရွင္ရွင္ဖုန္းကိုမလႊတ္ဘဲ ေမာင္ပိုင္စီးလို႔ထားေတာ့၏။ အဆံုးတြင္ေတာ့ ျပတင္းေပါက္ေဘာင္ေပၚေမွာက္လို႔ ခႏၶာကိုယ္တစ္ဝက္အားအျပင္ဘက္ထုပ္ထားၿပီး ဖင္ေထာင္ကာ ဖုန္းလုမယ့္ေၾကာက္စရာေကာင္းလွသူမ်ားရန္မွ ကင္းေအာင္လုပ္လိုက္ပါသည္။ ထို႔ေနာက္၌မူ တင္ပါးထက္သို႔ ေလက်စ္အေမ၏ကန္ခ်က္ႏွစ္ခ်က္က်ေရာက္လို႔လာခဲ့ရာ ေလးထပ္ကေနျပဳတ္က်လုနီးျဖစ္သြားခဲ့ေသးသည္။
ရွဲ႕ယြီသည္ ထိုျမင္ကြင္းအား ျမင္ေယာင္ၾကည့္မိ၏။
"ဒါမွတကယ့္အေမရင္းကြ။"
သာ့ေမကေျပာလာသည္။
"အေမရင္း ၊ ဘယ္လိုေတာင္သေရာ္လိုက္တဲ့ အသံုးအနႈန္းတုန္း။"
"သာ့ေမကေျပာတယ္ သူအဲ့ဘက္မွာအေတာ္အဆင္ေျပပါတယ္တဲ့ ၊ ငါတို႔ကိုမစိုးရိမ္နဲ႔တဲ့ ၊ ဒင္းကႂကြားေသးတာ ၊ သူ႔႐ုပ္ရည္ကျပည္တြင္းမွာရွိတုန္းကေတာ့သိပ္ၿပီးေရပန္းမစားေပမယ့္ ႏိုင္ငံျခားလည္းထြက္ၿပီးေရာ အားလံုးကသူ႔ကို သူမတူေအာင္ကိုေခ်ာတဲ့သူလို႔ထင္လာၾကတယ္ ဆိုၿပီးလည္းေျပာေသးတယ္။ ၿပီးေတာ့ ဟိုအစုတ္ပလုတ္ပန္းအိုးေလ ၊ အဲ့ပန္းအိုးက သူ႔ရဲ႕ႏွလံုးသည္းပြတ္တဲ့ ၊ အၿမဲလိုလိုသတိတရေတြးမိတယ္ဆိုပဲ။"
"အရင္က ငါတို႔ဘတ္စကက္ေဘာအတူသြားကစားျဖစ္တဲ့ အစုတ္အျပတ္ကြင္းဖ်က္လိုက္တာကိုလည္း ငါသူ႔ကိုေျပာလိုက္တယ္ --- --- ေသာက္အဝတ္စစုတ္အနည္းငယ္ကိုပတ္ၿပီးလုပ္ထားတာကိုမ်ား အားကစားကြင္းလုပ္ေခၚေနတာ ၊ ဒါေပမယ့္ ရပ္ကြက္ထဲကြင္းအသစ္လာလုပ္သြားၿပီ ၊ အားကစားကြင္းအသစ္! ဒီေလာက္ႏွစ္ေတြအၾကာႀကီးေနလာတာ ေနာက္ဆံုးေတာ့ကြင္းအသစ္ရလိုက္ၿပီပဲ! အဲ့ပလတ္စတစ္ေနထိုးလို႔ထြက္လာတဲ့ ရနံ့ကိုရွဴမိရင္သက္ေသာင့္သက္သာသိပ္ရွိတာပဲ ၊ သူျပန္လာခ်ိန္ၾက ငါတို႔ထပ္ၿပီးဘတ္စကက္ေဘာအတူကစားၾကရေအာင္။"
က်ိဳးသာ့ေလမွာ ေတာင္စဥ္ေရမရ တစ္ပံုတစ္ပင္ေျပာလို႔လာသည္။
ရွဲ႕ယြီသည္နားေထာင္ရင္း တစ္ခါတစ္ေလမွ တစ္ခြန္းစႏွစ္ခြန္းစျပန္လို႔ေျပာသည္။
"ရွဲ႕Boss မင္းအိပ္ေတာ့မွာလား?"
"ဟင့္အင္း ၊ မင္းဆက္ေျပာ။"
က်ိဳးသာ့ေလမွာ ဝရံတာတြင္ထြက္ရပ္လို႔ဖုန္းေျပာေနျခင္းျဖစ္သည္။ ညသန္းေခါင္ခ်ိန္မို႔ အိမ္ကလူေတြႏိုးသြားမွာစိုးတာလည္းပါသည္။ သူ၏လက္ေခ်ာင္းၾကား၌စီးကရက္တစ္လိတ္ညႇပ္လို႔ထားရာ ေဆးလိပ္မီးမွာညအေမွာင္ထဲ၌ တလက္လက္လင္းလို႔ေနသည္။ သူသည္ေဆးလိပ္ျပာတို႔ကိုေတာက္ခ်ၿပီးေနာက္ ဆိုလိုက္သည္။
"ဘာေျပာရမွာတုန္း ၊ တကယ္ေတာ့ငါအေတာ္ေလးဝမ္းနည္းေနတာ။"
ရွဲ႕ယြီသည္ ဘာမွမေျပာမိ။
"ငါေျပာတာက ေပ်ာ္ရႊင္တဲ့ပံုေပါက္ေနတာဆိုေပမယ့္. . ."
က်ိဳးသာ့ေလ၏ ေလသံကတိုးလ်လို႔သြား၏ ၊ ေဆးလိပ္ေသာက္ေနလို႔ပဲလား ဘာလားေတာ့မသိ အဆံုးသက္ေလသံမွာ ကြဲအက္အက္ႏိုင္လွသည္။
". . . . . . ထားပါ ၊ မေျပာေတာ့ဘူး ၊ ငါကဘာကိုေျပာရမွာလဲ။"
က်ိဳးသာ့ေလသည္ ဝရံတာထက္ရပ္ရင္းမွ ေအာက္ဘက္ရွိျမင္ေတြ႕ေနရတာ ဆယ့္သံုး/ေလးႏွစ္ရွိၿပီျဖစ္သည့္ ရႈခင္းတို႔အားလွမ္းၾကည့္ေနမိသည္။ ရႈပ္ပြေနတဲ့ လွ်ပ္စစ္မီးႀကိဳးေတြ ၊ ၿပီးေတာ့ ဘယ္အိမ္ကသိမ္းဖို႔ေမ့သြားခဲ့မွန္းမသိတဲ့ ဂြမ္းကပ္ေစာင္တစ္ထည္ ေလတိုက္လို႔တိုက္ေအာက္ျပဳတ္က်လာသည္တို႔အား။
တဖန္ဟိုးအေဝးက အဝတ္စစုတ္သံုးေလးစျဖင့္ပတ္ၿပီးလုပ္ထားသည့္ ဘတ္စကက္ေဘာကြင္းမွာ ယခုေတာ့အမ်ားသံုးသန္႔စင္ခန္းအျဖစ္ေျပာင္းလဲသြားေပၿပီ။ အမ်ားသံုးသန္႔စင္ခန္းအားေဆာက္လုပ္ထားသည္မွာ သူတို႔ယခုေနေနသည့္အိမ္ေတြထက္ပင္ ပိုလို႔ေကာင္းေနေသး၏။ ဥေရာပစတိုင္ျဖစ္ၿပီး ေခါင္မိုးအထြတ္အခၽြန္ေလးမ်ားက ထိုးထိုးေထာင္ေထာင္ရွိလို႔ေနၾကပါသည္။
သူသည္ဖုန္းကိုခ်ေတာ့မည့္အခိုက္ ရွဲ႕ယြီေျပာလိုက္သည္အား ၾကားလိုက္ရေလသည္။
"ငါလည္းဝမ္းနည္းတယ္ကြ ၊ တစ္ေန႔တစ္ေန႔ဘာမဟုတ္တဲ့ ခ်ီးလိုက်ံုးအိမ္က ဒုသခင္ေလးဆိုၿပီး သခင္ေလး ၊ ဒုသခင္ေလး နဲ႔ေခၚေခၚေနတာကဦးေႏွာက္ထဲကိုမစင္လာစြန္႔ေနသလိုပဲ။"
က်ိဳးသာ့ေလ၏ စိတ္ထဲကဝမ္းနည္းေနမႈတို႔မွာ ဒီလိုနဲ႔ပဲ ရွဲ႕ယြီရဲ႕ဆဲဆိုမႈေနာက္လႊင့္ပါလို႔သြားေလေတာ့သည္။
သူသည္ေဆးလိပ္မီးအားသတ္၍ ရယ္လိုက္ၿပီးေနာက္ လိုက္လို႔ဆဲသည္။
"ယီးပဲ ၊ က်ဳပ္ကစုတ္စုတ္ျပတ္ျပတ္ကြင္းထဲမွာပဲ ညီအစ္ကိုေတြနဲ႔ဘတ္စကက္ေဘာကစားရတာကိုႀကိဳက္တာ ၊ ကြင္းေနရာအသစ္ေျပာင္းတာက ငါကစားတာကိုထိခိုက္တယ္ကြ ၊ ဒီလိုေၾကာင့္နဲ႔ ကမ႓ာေပၚမွာ NBAဘတ္စကက္ေဘာကစားသမားတစ္ေယာက္ ေလွ်ာ့သြားတာကိုေရာ သိၾကရဲ႕လား။ ၿပီးေတာ့ဒီအိမ္သာက တအားကိုၾကည့္ရဆိုးခ်က္ပဲ ၊ တစ္ေန႔ၾကရင္ေတာ့ ၿဖိဳကိုပစ္ဦးမယ္။"
ႏွစ္ဦးသားသည္ ဟန္ေဆာင္မႈကင္းစြာျဖင့္ ရင္ထဲကခ်ဳပ္တည္းထားသမွ်အားလံုးအား ဖြင့္ထုတ္ေျပာပစ္လိုက္ရာ စိတ္ထဲအေတာ္ကိုလြတ္လပ္လို႔သြားရ၏။
"ငါဒီေန႔ အ႐ူးတစ္ေယာက္နဲ႔ အတူတြဲၿပီး ရန္တစ္ပြဲႏႊဲျဖစ္ေသးတယ္. ."
ရွဲ႕ယြီသည္ ရယ္ေမာလိုက္လ်က္မွ ေျပာလိုက္၏။
"ငါ့ထံုေက်ာေလ ၊ မင္းသိပါတယ္။"
က်ိဳးသာ့ေလက အေမးရွိလာသည္။
"မင္းထံုေက်ာကို ငါကဘယ္လိုလုပ္ၿပီးသိတာတုန္း? ငါတို႔ႏွစ္ေယာက္ကျဖင့္ တစ္ၿမိဳ႕တည္းမွာေတာင္ရွိတာမဟုတ္တဲ့ဟာ ၊ ေခ်ာလားသူက?"
ရွဲ႕ယြီကဆိုလိုက္၏။
"ေသာက္ေခ်ာႀကီး။"
". . . . . ."
က်ိဳးသာ့ေလသည္ သူ႔ရဲ႕ဒီဘဝတစ္ေလွ်ာက္လံုးမွာ ေသာက္ေခ်ာႀကီးဆိုတာမ်ိဳးအား ေတြ႕ဖူးတာဆိုလို႔ သံုး/ေလးေယာက္ပင္မရွိဟူ၍သာ ေတြးဆမိေလသည္။ ထိုအမည္နာမမ်ိဳးအား သူကိုယ္သူအားေခၚတာကလြဲ ေနာက္တစ္ေယာက္ဆိုလို႔ ရွဲ႕ယြီသာလွ်င္ရွိေပမည္ --- --- ေႏြေက်ာင္းပိတ္ရက္က ရဲစခန္း၌ သူသည္ဒူးေထာက္လ်က္ လက္ကိုေခါင္းထက္တင္ထားရသည့္ အေနအထားအတိုင္းရွိေနရရင္းမွ တစ္စံုတစ္ေယာက္ေသာ ေသာက္ေခ်ာႀကီးအား ခ်ီးက်ဴးစကားဆိုခဲ့ေလသည့္ကိစၥကိုျဖင့္ လံုးလံုးေမ့ေလ်ာ့လို႔သြားခဲ့ၿပီျဖစ္သည္။
"မျဖစ္ႏိုင္တာ ၊ မင္းငါ့ကိုလာေနာက္ေနတာမလား။"
ႏွစ္ဦးသား တစ္ခဏၾကာေျပာဆိုၾကၿပီးေနာက္ က်ိဳးသာ့ေလမွာ ႐ုတ္တရက္ႀကီးစကားမဆိုေတာ့ေခ်။ သူသည္အသက္ေအာင့္ကာ တစ္စံုတစ္ရာကိုအာရံုစူးစိုက္မိၿပီးေနာက္မွ ေမးလာ၏။
"ဘာအသံလဲ?"
"ရွဲ႕Boss မင္းရဲ႕အဲ့ဘက္ကဘာအသံတုန္း? ထူးဆန္းတယ္။"
ရွဲ႕ယြီသည္လည္း ၾကားလိုက္ပါသည္။ ထပ္၍ဘယ္ကလာမွန္းမသိသည့္ တံခါးေခါက္သံပင္ ၊ ဒီတစ္ေခါက္တြင္ေတာ့ သူအိပ္ခန္းနဲ႔အေတာ္ေလးကိုနီးကပ္လာ၏ ၊ သူကေတာ့ ေပါ့ေပါ့တန္တန္သာ ေျပာလိုက္သည္။
". . . . . . ဂုဏ္ယူပါတယ္ ၊ အဲ့ဒါငါတို႔အေဆာင္ကမေကာင္းဆိုးဝါးပဲ။"
က်ိဳးသာ့ေလ : "မင္းတို႔အေဆာင္က သရဲေျခာက္တယ္?"
"အံ့ၾသသြားလား. ."
ရွဲ႕ယြီကဆိုသည္။
"ေနာက္ေတာ့မွ အဲ့အေၾကာင္းမင္းကိုေျပာျပဦးမယ္ ၊ ေသာက္ေခ်ာႀကီးေတာ့ အခုခ်ိန္ဆို ေစာင္ေခါင္းၿမီးျခံဳၿပီး တုန္ေနေလာက္ၿပီ ၊ ငါသြားၿပီးရႈစားလိုက္ဦးမယ္။"
____________
UNICODE
အခန်း(၂၂)
သောက်ချောကြီးတော့ အခုချိန်ဆို စောင်ခေါင်းမြီးခြုံပြီး တုန်နေလောက်ပြီ
အခန်း(2-3) စာသင်ခန်းအတွင်းကြည့်လိုက်စဉ်မှာတော့ ပိန်းပိတ်အောင်မှောင်မည်းလျက်ရှိချေ၏။ မသိပါက ညပိုင်းself-studyအတန်းဆင်းသွားပြီလို့ပင် ထင်ရလောက်သည်။
"သူတို့ဘာတွေထပ်ပြီး လုပ်နေကြပြန်တာလဲ?"
ဟယ့်ကျောင်းသည် အနောက်မှလျှောက်လာရင်း မရေမရာဖြင့် အတန်ငယ်စိတ်ထင့်လို့လာရသည်။
ရှဲ့ယွီသည် တံခါးပေါက်ကိုမှီလိုက်ပြီး အခန်းတွင်းအားလှမ်းမြင်ရဖို့ မျက်ဝန်းတို့ကိုမှေးကျဉ်းလိုက်ပါ၏။
ဝမ့်သာမှာ ခြေသံကြားလိုက်ခြင်းကြောင့် လှည့်ကြည့်လာရင်းမှ အံ့သြဝမ်းသာစွာဖြင့်အော်ပြောလာသည်။
"တိုက်တိုက်ဆိုင်ဆိုင်ပဲ ၊ ငါတို့ကအခုမှစမလို့ ၊ အတူပါပါ့လား?"
ဟယ့်ကျောင်းက ခြေနှစ်လှမ်းမျှနောက်ဆုပ်လို့သွားရစဉ် ရှဲ့ယွီကလှမ်းဆွဲလို့ထားလေသည်။
"ဒီနေ့တော့ပုံပြင်မပြောတော့ဘူး. ."
ဝမ့်သာကဆိုလို့လာသည်။
"ငါတို့ ခဲတံထောက်ပြီး ဝိညာဉ်ခေါ်တမ်းကစားမလို့။ ခွေးရူးကခုနလေးတင်ထွက်သွားတာမို့ စိတ်ချရတယ်။"
"အစ်ကိုကျောင်း ၊ ဒီမှာထိုင် ၊ အထူးကိုမင်းအတွက် နေရာချန်ပေးထားတာ။"
ဟယ့်ကျောင်းက ပုံမှန်ဆိုအတော်လေးဖျတ်လတ်တက်ကြွလွန်းသူဖြစ်တာကြောင့် ဝမ့်သာကဘာပဲလုပ်လုပ် သူ့အားမမေ့မလျှော့ခေါ်တတ်သည်။
". . . . . . အရမ်းပဲစိတ်လှုပ်ရှားဖို့ကောင်းတယ်။"
ဟယ့်ကျောင်းသည် စိတ်ထဲမှနေပြောမိရ၏။ ချီးကိုစိတ်လှုပ်ရှားဖို့ကောင်းတာလား ၊ တစ်နေ့တစ်နေ့ စာကောင်းကောင်းမလုပ်ဘဲနဲ့ ပတ်ပြီးဗရုတ်ကျ ကမြင်းနေကြတာပဲ။
ဝမ့်သာသည် ပြောပြီးနောက်မှ ရှဲ့ယွီကိုဖြင့်တစ်ယောက်တည်းမတ်တပ်ရပ်ချန်ထားခဲ့လို့ကလည်း မသင့်လျော်ဟု ခံစားမိရခြင်ကြောင့် ထပ်မံမေးလိုက်သည်။
"အစ်ကိုယွီ ပါမလား?"
"ပါမှာ. ."
ကိုယ်တိုင်ပုန်းရှောင်လို့မရမှတော့လည်း တစ်ယောက်ကိုပါ သူနှင့်အတူအပါခေါ်ကိုခေါ်ရမည်လေ ၊ ဟယ့်ကျောင်းသည် ရှဲ့ယွီအစားဖြေလိုက်ပါသည်။
"သူပါမှာ။"
ကစားသူက စုစုပေါင်း(၄)ယောက်။
အခြားသူများကတော့ ဘေးတွင်ရပ်ကာကြည့်လို့နေကြသည်။
ယောက်ျားတစ်ပိုင်း မိန်းမကြမ်းဖြစ်တဲ့ ရွှီချင်ချင်ကတော့ ပေါင်ကိုတစ်ချက်ရိုက်လိုက်ပြီး 'မေးခွန်းမေးတဲ့သူ' လုပ်မည်ဟုဆိုလာခဲ့သည်။
"ငါမေးမယ်!"
သူမက ပြောပြီးနောက် ခဲတံကိုကောက်ကိုင်လိုက်သည်။
ဝမ့်သာသည် ရွှီချင်ချင်၏လက်အပေါ်၌ သူ့လက်ကိုထပ်လိုက်ပြီး ငြင်းဆိုခြင်းမပြု။
"ကောင်းပြီ ၊ နင်မေး။"
ဟယ့်ကျောင်းမှာ နဂိုကတည်းကိုကမပါဝင်ချင်ခဲ့ ၊ သို့တိုင် ဝမ့်သာသည်ကား မမှိတ်မသုန်သူ့အားစိုက်ကြည့်လို့နေသည်။ သိသာလှပေ၏ ၊ ဝမ့်သာတစ်ယောက် ရှဲ့ယွီရဲ့လက်ကိုမထိရဲနေခြင်း ၊ ဤအတွက်ဟယ့်ကျောင်းကိုမြန်မြန်သူ့အပေါ် လက်လာတင်ခိုင်းနေခြင်းသာဖြစ်သည်။
ရှဲ့ယွီသည်ကား အလွန်မှခပ်တန်းတန်းနေတတ်တဲ့သူ။
သူဘာမှမလုပ်ပါဘဲ ငြိမ်ငြိမ်ဆိမ်ဆိမ်မှောက်အိပ်နေလျှင်တောင်မှ လူအပေါင်းကို ခပ်တန်းတန်းနေစေသည့် အဓိပ္ပာယ်မျိုးဆောင်သည်။ အတန်းထဲ၌ ဟယ့်ကျောင်းတစ်ယောက်သာလျှင် သူနဲ့ကရယ်ရယ်မောမောပြောဆိုဆက်ဆံရဲပြီး အခုချိန်ထိတိုင်ကြံ့ကြံ့ခံအသက်ရှင်နေသေးတာဆိုလို့ ဟယ့်ကျောင်းတစ်ယောက်သာ။
ရှဲ့ယွီက နောက်ဆုံးပေ။
သူသည် လက်ကိုမြောက်ကာ ဟယ့်ကျောင်း၏လက်ဖမိုးထက်တင်လိုက်လေသည်။ နွေရာသီကြီးဖြစ်နေတာတောင်မှ ရှဲ့ယွီ၏လက်ထိပ်လေးတွေက အေးစက်နေသယောင် ဟယ့်ကျောင်းခံစားမိလိုက်ရသည်။
ထိုအေးစက်မှုက သူ့လက်ဖမိုးထက်၌မူလောင်မြိုက်လို့နေ၏။
ထိုခံစားချက်က တကယ်ပဲဘယ်လိုဆိုသည်ကိုဖြင့် သူလည်းသေချာမပြောတတ်ချေ။ အတွေးတို့က ရုတ်တရက်ကြီး ယောက်ယက်ခတ်လို့သွား၏။ အစကတော့ ဒီအစုတ်အပြတ်ကစားနည်းကို စိတ်ပူနေတာဖြစ်ပေမယ့် ရုတ်တရက်အတွင်းမှာပဲ ဦးနှောက်အတွင်းဘာကိုမှမတွေးမိတော့။
"မျက်လုံးမှိတ် မျက်လုံးမှိတ် ၊ အရင်ဆုံးမျက်လုံးကိုမှိတ်. ."
ဝမ့်သာကဆိုလာသည်။
"မျက်လုံးမဖွင့်နဲ့ ၊ မဟုတ်ရင်တော့ အဲ့ဒါရောက်လာတဲ့အချိန်ကြ ဝိညာဉ်နုတ်သွားမယ်။"
"မျက်လုံးမှိတ်ထားရင်ကြ အဲ့ဒါကဘယ်ကိုရောက်နေတယ်ဆိုတာကို ဘယ်လိုကြည့်တော့မလဲ?"
". . . . . . ဒီကလုပ်နည်းမှာတော့ အဲ့လိုပဲရေးထားတာပဲ ၊ ယုံချင်ယုံမယုံချင်လည်းနေ။"
"ဟုတ်ပါပြီ ၊ မှိတ်မှိတ်မှိတ် ၊ ခဏနေမှပြန်ဖွင့်ကြတာပေါ့။"
ရှဲ့ယွီကတော့ ဘယ်လိုမှ အဲ့ဒါတွေကိုအယုံအကြည်မရှိ ၊ လက်တစ်ဖက်က ဟယ့်ကျောင်းလက်ကိုကိုင်လို့ထားပြီး ကျန်လက်တစ်ဖက်ကိုတော့ စားပွဲထက်တင်လို့ထားမိကာ ခေါင်းကိုစောင်းငဲ့လျက် ဟယ့်ကျောင်းကိုကြည့်မိလေသည်။
ပါးစပ်မှနေ မကြောက်ဘူး မကြောက်ဘူး ၊ ဘယ်သူကြောက် ကြောက်တဲ့သူကခွေးမလို့ပဲဟုပြောသည့်သူမှာ ယခု၌မူအားလုံးထက်ကိုပိုပြီး မျက်ဝန်းတို့ကိုအတင်းပဲမှိတ်လို့ထားလေ၏။
ဘယ်လောက်မှမကြာသေး ဟယ့်ကျောင်းမှာသည်းမခံနိုင်တော့ဘဲ မေးမိတော့သည်။
"မပြီးသေးဘူးလား?"
ရွှီချင်ချင်မှာ မန္တန်ကိုရွတ်ဆိုနေစဲပဲရှိသေးလေသည်။
"ရှေးဘဝ ရှေးဘဝ ၊ ငါကအခုမင်းရဲ့ ယခုလက်ရှိဘဝကပါ ၊ အကယ်လို့ ငါနဲ့အထုံရေစက် ဆက်လက်ရှိနေချင်သေးပါက. . . . . . ကြားဝင်မဖြတ်စမ်းနဲ့ ၊ လာတာက ဘယ်နားသွားအဲ့လောက်မြန်မှာလဲဟ။"
ဒီလူရဲ့ မျက်တောင်တို့က အလွန်ပင်ရှည်၏။
ရှဲ့ယွီသည် ခဏကြာအောင် စိုက်ကြည့်လို့နေမိသည်။
စာသင်ခန်းတွင်းက မည်းမှောင်နေသော်ငြား ဝမ့်သာကလက်နှိပ်ဓာတ်မီးကို ဖွင့်လို့ထားပြီး စားပွဲထက်ကထိုစာရွက်ကိုထိုးလို့ပေးထားရာ အနားဝန်းကျင်တစ်ဝိုက်တော့ အနည်းငယ်လင်းချင်းလို့နေပါသည်။
ဟယ့်ကျောင်း၏ မျက်နှာတစ်ခြမ်းက အမှောင်ထဲကွယ်လို့နေပြီး ကျန်မျက်နှာတစ်ခြမ်းမှာမူ အဖြူရောင်အလင်းဖြင့် အနားသတ်ပုံကြမ်းရေးဆွဲထားသဏ္ဌာန်ပေါ်လွင်လို့နေ၏။
နှာတံမြင့်မြင့် ၊ မျက်နှာသွင်ပြင်က တိရိပေါ်လွင်ကာ မျက်ခုံးမျက်လုံးတို့က ငယ်ရွယ်နုပျိုခြင်းအငွေ့အသက်တို့ သိပ်သည်းစွာရှိနေသည်။ စကားမပြော ၊ ပြုံးရယ်ခြင်းမရှိသည့်အခါမျိုးတွင် တစ်စုံတစ်ရာသော ပြောမပြတတ်လောက်အောင်တင်းမာသည့်ခံစားချက်မျိုးပေးစွမ်းသည်။ ဟယ့်ကျောင်း၏ ညာဘက်နားထက်၌ နားပေါက်သုံး/လေးပေါက်ခန့်ရှိ၏ ၊ ရှဲ့ယွီသည် နွေရာသီကျောင်းပိတ်ခိုက် ပထမဆုံးအကြိမ်ဆုံတွေ့ကြစဉ်တုန်းကအချိန်ကို ရုတ်တရက်သတိရလို့သွားသည်။ ထိုအချိန်က ထိုသူ၏နားထက်၌ နားကွင်းနှစ်ကွင်းတပ်လို့ထားသည်မှာ ကလက်တက်တက်ဖြင့် မတော်တရော်ရှိလွန်းလှပါသည်။
ဟယ့်ကျောင်းတစ်ယောက် မျက်လုံးကိုမှိတ်လို့ အတန်ကြာသည်အထိ စောင့်ပြီးသွားချိန်မှာတော့ တကယ်ကိုဆက်လက်မှိတ်ထား၍မရတော့ချေ။ ဝမ့်သာသည်ကား ကျောချမ်းဖွယ်ရာ ထူးထူးဆန်းဆန်းနောက်ခံတေးသွားအား ခပ်တိုးတိုးဖွင့်လို့ထားကာ ရွှီချင်ချင်သည်လည်းပဲ မန္တန်ကိုကောင်းကောင်းမရွတ်ပါဘဲ သရဲဝင်ပူးနေသကဲ့သို့ရွတ်ဆိုနေလေသည်။
သူခံစားမိလာရသည်မှာ ဆက်လက်မှိတ်ထားပါက မကောင်းဆိုးဝါးတွေ သူ့ဘေးအနားဝိုင်းလာပြီး ပါတီပွဲကျင်းပ ကခုန်နေကြလောက်မည်ဟု။
ထို့နောက်မှာတော့ သူသည်မျက်ဝန်းတို့ကို ဖြည်းညင်းစွာဖွင့်လိုက်စဉ် မမျှော်လင့်စွာ ဗြုန်းစားကြီး ရှဲ့ယွီ၏မျက်ဝန်းတို့နှင့် ကြုံဆုံလို့သွားခဲ့ရသည်။
နှစ်ဦးသား အကြည့်ချင်းဆုံမိကြလေ၏။
". . . . . ."
ရွှီချင်ချင်သည်အဆုံးမှာတော့ မန္တန်ရွတ်လို့ပြီးဆုံးသွားခဲ့ပြီး မေးခွန်းမမေးခင်၌ သူမကထပ်မံပြောလာသည်။
"မျက်လုံးမဖွင့်နဲ့နော် ၊ ဝိညာဉ်နုတ်ခံရမယ်။"
သူ့ကိုကြည့်ပြီးဟယ့်ကျောင်းတစ်ယောက်မှင်တက်နေသည်ကိုတွေ့တော့ ရှဲ့ယွီမှာ ဒီလူထပ်ပြီး အပြင်မှာတည်ငြိမ်နေသလိုဟန်ဆောင်ပြီး စိတ်ထဲမှာကြတုန်လှုပ်နေလောက်တယ်ဟုတွေးမိကာ အေးစက်စက်လည်းမနိုင် နွေးထွေးမှုလည်းမရှိသည့် အပြုံးတစ်ပွင့်လှစ်ဟလို့ ဟယ့်ကျောင်းအား အသံမထွက်ဘဲနှုတ်ခမ်းလှုပ်ရုံဆိုလိုက်သည် - တကယ်မဟုတ်ဘူး။
ရွှီချင်ချင်သည်ကား ပုံမှန်ဆို ပေါ့ပေါ့တန်တန်နေတတ်သူဖြစ်လင့်ကစား မေးခွန်းမေးချိန်တွင်တော့ မိန်းမငယ်လေးတစ်ယောက်ရဲ့ ဗီဇကထွက်ပြူလို့လာသည်။ အတော်ကြာသည့်တိုင်တွေဝေနေကာ အားလုံး၏နားရွက်များကိုလည်းပိတ်ထားချင်မိ၏ ၊ အဆုံးတွင်မူ မေးခွန်းတစ်ခုမေးလိုက်တော့သည်။
"သူ. . . . . . ငါ့ကိုသဘောကျလား?"
"ဘယ်သူတုန်း. ."
ဝမ့်သာက ပထမဆုံးခုန်ထမိရ၏။
"နာမည်ပြော ၊ ဘယ်သူများတုန်း ငါကဘယ်လိုကြောင့်မသိရတာလဲ ၊ ဘယ်နွားကများ ငါတို့အခန်း(3)ရဲ့ပန်းတစ်ပွင့်ကို ဖြားယောင်သွားရတာလဲ?"
ရွှီချင်ချင် : "စိတ်ရှုပ်ဖို့ကောင်းချက်ပဲ နင် ၊ နင့်သောက်အပူမပါဘူး။"
ဝမ့်သာ : "မဖြစ်နိုင်တာ ၊ အတန်းအားလုံးရဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးမဆို ငါ့မျက်ဝန်းတစ်စုံကနေ လွတ်ထွက်မသွားနိုင်ဘူး။"
ရွှီချင်ချင် : ". . . . . . နင်ချွေတာပြီးပြော။"
အဆုံးမှာတော့ ခဲတံအသွားက 'ငြင်းဆို' ဆိုသည့်စာလုံးပေါ်သို့ကျလို့သွားလေသည်။
ဟယ့်ကျောင်းသည် စိတ်ထဲ၌ထိတ်ထိတ်ပျာပျာဖြစ်သွားရ၏။
"ဒီအရာက တကယ်ကြီးလှုပ်တာလား?"
"ရှူး ၊ အဲ့လိုမပြောရဘူး ၊ ခဲတံဝိညာဉ်ကိုမလေးမစားမလုပ်နဲ့။"
ဝမ့်သာကပြောလာပါသည်။
ဟယ့်ကျောင်း : "မလေးစားရင် ဘယ်လိုဖြစ်မှာလဲ?"
ဝမ့်သာမှာ စကားလုံးတွေပင်သေချာမစဉ်ရသေး ရှဲ့ယွီ၏ခပ်ပြတ်ပြတ်ပြောလိုက်သံအားကြားလိုက်ရသည်။
"ညကြမင်းကိုလာရှာလိမ့်မယ်။"
". . . . . ."
ဟယ့်ကျောင်းတွင်ကား မေးစရာဘာမှမရှိ ၊ ခဲတံဝိညာဉ်ကိုမမေးဘဲနေလျှင် မလေးစားရာရောက်သည်ဟု ဝမ့်သာကဆိုလာပြန်သည့်အခါမှာတော့ ဟယ့်ကျောင်းသည် အတန်ကြာစဉ်းစား၍ အဆုံးမှာတော့မေးလိုက်ပါသည်။
"ကမ႓ာပေါ်မှာ ငါ့ထက်ချောတဲ့လူရှိသေးလား?"
ရွှီချင်ချင် : "အရှက်မရှိချက်။"
ဝမ့်သာ : "အရှက်မရှိချက်ပဲ။"
ရှဲ့ယွီ : "ဟက်။"
"အစ်ကိုကြီး ၊ မင်းအလှည့်ရောက်ပြီ။"
ဝမ့်သာသည် ရှဲ့ယွီထံမျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ပြလာခဲ့သည်။
ရှဲ့ယွီပြောလိုက်သည်။
"ငါ့မှာလည်း ဘာမှမေးစရာမရှိဘူး။"
ဟယ့်ကျောင်း : "မဖြစ်ဘူး ၊ မလေးစားရာရောက်တယ်။"
ရှဲ့ယွီ : ". . . . . ."
ကျိုးသာ့လေမှာ ရှဲ့ယွီထံဖုန်းဆက်လို့လာပြီး စကားနှစ်ခွန်းမျှပင်မပြောရသေး ကြားတာနဲ့ရှဲ့ယွီစိတ်ကြည်နူးလျက်ရှိမှန်းသိလိုက်ရသည်။
"ဘာတွေများဖြစ်လို့လဲ? အဲ့လောက်တောင်ပျော်နေတာ?"
ရှဲ့ယွီကမည်သို့မျှမဆို တန်ပြန်မေးလို့လာသည်။
"မင်းကြတော့ရော ၊ ဟိုကဖုန်းဆက်လာတာနဲ့ပဲ တစ်လျှောက်လုံးအူမြူးနေပြီး။"
"ချီးထုပ်ကောင်လေးသာ့မေလေ ဒီနေ့ဖုန်းဆက်လာတယ်!"
ကျိုးသာ့လေက ပြောလာ၏။
"မင်းစိတ်ချ ၊ ငါမင်းအစားပါ ဆူပေးလိုက်တယ်။ အဲ့ချီးထုပ်ကောင်လေးက တအားရွပိုးထိုးတာ မဆူပေးလို့မရဘူး။"
သာ့မေဒီလိုဖုန်းဆက်လာမှုက တကယ်ကိုမျှော်လင့်မထားတာကြီး ၊ oversea callဖြစ်တာတောင် အံ့သြစရာကောင်းစွာ မည်သူမှဖုန်းပြောခစျေးကြီးသည်ကိုစိတ်မပူမိကြ။ လေကျစ်အမေရော ၊ အန်တီမေရောကပါ တန်းစီလို့ သာ့မေနှင့်စကားပြောချင်နေကြသည်။ ကျိုးသာ့လေမှာ သေသေရှင်ရှင်ဖုန်းကိုမလွှတ်ဘဲ မောင်ပိုင်စီးလို့ထားတော့၏။ အဆုံးတွင်တော့ ပြတင်းပေါက်ဘောင်ပေါ်မှောက်လို့ ခန္ဓာကိုယ်တစ်ဝက်အားအပြင်ဘက်ထုပ်ထားပြီး ဖင်ထောင်ကာ ဖုန်းလုမယ့်ကြောက်စရာကောင်းလှသူများရန်မှ ကင်းအောင်လုပ်လိုက်ပါသည်။ ထို့နောက်၌မူ တင်ပါးထက်သို့ လေကျစ်အမေ၏ကန်ချက်နှစ်ချက်ကျရောက်လို့လာခဲ့ရာ လေးထပ်ကနေပြုတ်ကျလုနီးဖြစ်သွားခဲ့သေးသည်။
ရှဲ့ယွီသည် ထိုမြင်ကွင်းအား မြင်ယောင်ကြည့်မိ၏။
"ဒါမှတကယ့်အမေရင်းကွ။"
သာ့မေကပြောလာသည်။
"အမေရင်း ၊ ဘယ်လိုတောင်သရော်လိုက်တဲ့ အသုံးအနှုန်းတုန်း။"
"သာ့မေကပြောတယ် သူအဲ့ဘက်မှာအတော်အဆင်ပြေပါတယ်တဲ့ ၊ ငါတို့ကိုမစိုးရိမ်နဲ့တဲ့ ၊ ဒင်းကကြွားသေးတာ ၊ သူ့ရုပ်ရည်ကပြည်တွင်းမှာရှိတုန်းကတော့သိပ်ပြီးရေပန်းမစားပေမယ့် နိုင်ငံခြားလည်းထွက်ပြီးရော အားလုံးကသူ့ကို သူမတူအောင်ကိုချောတဲ့သူလို့ထင်လာကြတယ် ဆိုပြီးလည်းပြောသေးတယ်။ ပြီးတော့ ဟိုအစုတ်ပလုတ်ပန်းအိုးလေ ၊ အဲ့ပန်းအိုးက သူ့ရဲ့နှလုံးသည်းပွတ်တဲ့ ၊ အမြဲလိုလိုသတိတရတွေးမိတယ်ဆိုပဲ။"
"အရင်က ငါတို့ဘတ်စကက်ဘောအတူသွားကစားဖြစ်တဲ့ အစုတ်အပြတ်ကွင်းဖျက်လိုက်တာကိုလည်း ငါသူ့ကိုပြောလိုက်တယ် --- --- သောက်အဝတ်စစုတ်အနည်းငယ်ကိုပတ်ပြီးလုပ်ထားတာကိုများ အားကစားကွင်းလုပ်ခေါ်နေတာ ၊ ဒါပေမယ့် ရပ်ကွက်ထဲကွင်းအသစ်လာလုပ်သွားပြီ ၊ အားကစားကွင်းအသစ်! ဒီလောက်နှစ်တွေအကြာကြီးနေလာတာ နောက်ဆုံးတော့ကွင်းအသစ်ရလိုက်ပြီပဲ! အဲ့ပလတ်စတစ်နေထိုးလို့ထွက်လာတဲ့ ရနံ့ကိုရှူမိရင်သက်သောင့်သက်သာသိပ်ရှိတာပဲ ၊ သူပြန်လာချိန်ကြ ငါတို့ထပ်ပြီးဘတ်စကက်ဘောအတူကစားကြရအောင်။"
ကျိုးသာ့လေမှာ တောင်စဉ်ရေမရ တစ်ပုံတစ်ပင်ပြောလို့လာသည်။
ရှဲ့ယွီသည်နားထောင်ရင်း တစ်ခါတစ်လေမှ တစ်ခွန်းစနှစ်ခွန်းစပြန်လို့ပြောသည်။
"ရှဲ့Boss မင်းအိပ်တော့မှာလား?"
"ဟင့်အင်း ၊ မင်းဆက်ပြော။"
ကျိုးသာ့လေမှာ ဝရံတာတွင်ထွက်ရပ်လို့ဖုန်းပြောနေခြင်းဖြစ်သည်။ ညသန်းခေါင်ချိန်မို့ အိမ်ကလူတွေနိုးသွားမှာစိုးတာလည်းပါသည်။ သူ၏လက်ချောင်းကြား၌စီးကရက်တစ်လိတ်ညှပ်လို့ထားရာ ဆေးလိပ်မီးမှာညအမှောင်ထဲ၌ တလက်လက်လင်းလို့နေသည်။ သူသည်ဆေးလိပ်ပြာတို့ကိုတောက်ချပြီးနောက် ဆိုလိုက်သည်။
"ဘာပြောရမှာတုန်း ၊ တကယ်တော့ငါအတော်လေးဝမ်းနည်းနေတာ။"
ရှဲ့ယွီသည် ဘာမှမပြောမိ။
"ငါပြောတာက ပျော်ရွှင်တဲ့ပုံပေါက်နေတာဆိုပေမယ့်. . ."
ကျိုးသာ့လေ၏ လေသံကတိုးလျလို့သွား၏ ၊ ဆေးလိပ်သောက်နေလို့ပဲလား ဘာလားတော့မသိ အဆုံးသက်လေသံမှာ ကွဲအက်အက်နိုင်လှသည်။
". . . . . . ထားပါ ၊ မပြောတော့ဘူး ၊ ငါကဘာကိုပြောရမှာလဲ။"
ကျိုးသာ့လေသည် ဝရံတာထက်ရပ်ရင်းမှ အောက်ဘက်ရှိမြင်တွေ့နေရတာ ဆယ့်သုံး/လေးနှစ်ရှိပြီဖြစ်သည့် ရှုခင်းတို့အားလှမ်းကြည့်နေမိသည်။ ရှုပ်ပွနေတဲ့ လျှပ်စစ်မီးကြိုးတွေ ၊ ပြီးတော့ ဘယ်အိမ်ကသိမ်းဖို့မေ့သွားခဲ့မှန်းမသိတဲ့ ဂွမ်းကပ်စောင်တစ်ထည် လေတိုက်လို့တိုက်အောက်ပြုတ်ကျလာသည်တို့အား။
တဖန်ဟိုးအဝေးက အဝတ်စစုတ်သုံးလေးစဖြင့်ပတ်ပြီးလုပ်ထားသည့် ဘတ်စကက်ဘောကွင်းမှာ ယခုတော့အများသုံးသန့်စင်ခန်းအဖြစ်ပြောင်းလဲသွားပေပြီ။ အများသုံးသန့်စင်ခန်းအားဆောက်လုပ်ထားသည်မှာ သူတို့ယခုနေနေသည့်အိမ်တွေထက်ပင် ပိုလို့ကောင်းနေသေး၏။ ဥရောပစတိုင်ဖြစ်ပြီး ခေါင်မိုးအထွတ်အချွန်လေးများက ထိုးထိုးထောင်ထောင်ရှိလို့နေကြပါသည်။
သူသည်ဖုန်းကိုချတော့မည့်အခိုက် ရှဲ့ယွီပြောလိုက်သည်အား ကြားလိုက်ရလေသည်။
"ငါလည်းဝမ်းနည်းတယ်ကွ ၊ တစ်နေ့တစ်နေ့ဘာမဟုတ်တဲ့ ချီးလိုကျုံးအိမ်က ဒုသခင်လေးဆိုပြီး သခင်လေး ၊ ဒုသခင်လေး နဲ့ခေါ်ခေါ်နေတာကဦးနှောက်ထဲကိုမစင်လာစွန့်နေသလိုပဲ။"
ကျိုးသာ့လေ၏ စိတ်ထဲကဝမ်းနည်းနေမှုတို့မှာ ဒီလိုနဲ့ပဲ ရှဲ့ယွီရဲ့ဆဲဆိုမှုနောက်လွှင့်ပါလို့သွားလေတော့သည်။
သူသည်ဆေးလိပ်မီးအားသတ်၍ ရယ်လိုက်ပြီးနောက် လိုက်လို့ဆဲသည်။
"ယီးပဲ ၊ ကျုပ်ကစုတ်စုတ်ပြတ်ပြတ်ကွင်းထဲမှာပဲ ညီအစ်ကိုတွေနဲ့ဘတ်စကက်ဘောကစားရတာကိုကြိုက်တာ ၊ ကွင်းနေရာအသစ်ပြောင်းတာက ငါကစားတာကိုထိခိုက်တယ်ကွ ၊ ဒီလိုကြောင့်နဲ့ ကမ႓ာပေါ်မှာ NBAဘတ်စကက်ဘောကစားသမားတစ်ယောက် လျှော့သွားတာကိုရော သိကြရဲ့လား။ ပြီးတော့ဒီအိမ်သာက တအားကိုကြည့်ရဆိုးချက်ပဲ ၊ တစ်နေ့ကြရင်တော့ ဖြိုကိုပစ်ဦးမယ်။"
နှစ်ဦးသားသည် ဟန်ဆောင်မှုကင်းစွာဖြင့် ရင်ထဲကချုပ်တည်းထားသမျှအားလုံးအား ဖွင့်ထုတ်ပြောပစ်လိုက်ရာ စိတ်ထဲအတော်ကိုလွတ်လပ်လို့သွားရ၏။
"ငါဒီနေ့ အရူးတစ်ယောက်နဲ့ အတူတွဲပြီး ရန်တစ်ပွဲနွှဲဖြစ်သေးတယ်. ."
ရှဲ့ယွီသည် ရယ်မောလိုက်လျက်မှ ပြောလိုက်၏။
"ငါ့ထုံကျောလေ ၊ မင်းသိပါတယ်။"
ကျိုးသာ့လေက အမေးရှိလာသည်။
"မင်းထုံကျောကို ငါကဘယ်လိုလုပ်ပြီးသိတာတုန်း? ငါတို့နှစ်ယောက်ကဖြင့် တစ်မြို့တည်းမှာတောင်ရှိတာမဟုတ်တဲ့ဟာ ၊ ချောလားသူက?"
ရှဲ့ယွီကဆိုလိုက်၏။
"သောက်ချောကြီး။"
". . . . . ."
ကျိုးသာ့လေသည် သူ့ရဲ့ဒီဘဝတစ်လျှောက်လုံးမှာ သောက်ချောကြီးဆိုတာမျိုးအား တွေ့ဖူးတာဆိုလို့ သုံး/လေးယောက်ပင်မရှိဟူ၍သာ တွေးဆမိလေသည်။ ထိုအမည်နာမမျိုးအား သူကိုယ်သူအားခေါ်တာကလွဲ နောက်တစ်ယောက်ဆိုလို့ ရှဲ့ယွီသာလျှင်ရှိပေမည် --- --- နွေကျောင်းပိတ်ရက်က ရဲစခန်း၌ သူသည်ဒူးထောက်လျက် လက်ကိုခေါင်းထက်တင်ထားရသည့် အနေအထားအတိုင်းရှိနေရရင်းမှ တစ်စုံတစ်ယောက်သော သောက်ချောကြီးအား ချီးကျူးစကားဆိုခဲ့လေသည့်ကိစ္စကိုဖြင့် လုံးလုံးမေ့လျော့လို့သွားခဲ့ပြီဖြစ်သည်။
"မဖြစ်နိုင်တာ ၊ မင်းငါ့ကိုလာနောက်နေတာမလား။"
နှစ်ဦးသား တစ်ခဏကြာပြောဆိုကြပြီးနောက် ကျိုးသာ့လေမှာ ရုတ်တရက်ကြီးစကားမဆိုတော့ချေ။ သူသည်အသက်အောင့်ကာ တစ်စုံတစ်ရာကိုအာရုံစူးစိုက်မိပြီးနောက်မှ မေးလာ၏။
"ဘာအသံလဲ?"
"ရှဲ့Boss မင်းရဲ့အဲ့ဘက်ကဘာအသံတုန်း? ထူးဆန်းတယ်။"
ရှဲ့ယွီသည်လည်း ကြားလိုက်ပါသည်။ ထပ်၍ဘယ်ကလာမှန်းမသိသည့် တံခါးခေါက်သံပင် ၊ ဒီတစ်ခေါက်တွင်တော့ သူအိပ်ခန်းနဲ့အတော်လေးကိုနီးကပ်လာ၏ ၊ သူကတော့ ပေါ့ပေါ့တန်တန်သာ ပြောလိုက်သည်။
". . . . . . ဂုဏ်ယူပါတယ် ၊ အဲ့ဒါငါတို့အဆောင်ကမကောင်းဆိုးဝါးပဲ။"
ကျိုးသာ့လေ : "မင်းတို့အဆောင်က သရဲခြောက်တယ်?"
"အံ့သြသွားလား. ."
ရှဲ့ယွီကဆိုသည်။
"နောက်တော့မှ အဲ့အကြောင်းမင်းကိုပြောပြဦးမယ် ၊ သောက်ချောကြီးတော့ အခုချိန်ဆို စောင်ခေါင်းမြီးခြုံပြီး တုန်နေလောက်ပြီ ၊ ငါသွားပြီးရှုစားလိုက်ဦးမယ်။"