||Lost Love|| (矢恋 ) (Complete...

Eternity_ReLi által

384K 45.7K 1.4K

Warning:This is not a translation!!! Characters and plot are all mine. It's my Own Creation. ယီကွမ်းသည် ထိုစဥ... Több

||Lost Love||
||Lost Love||
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း( ၆)
အခန်း (၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
Character Informations
အခန်း-(၁၅)
အခန်း-(၁၆)
အခန်း-(၁၇)
အခန်း-(၁၈)
အခန်း-(၁၉)
အခန်း-(၂၀)
အခန်း -(၂၁)
အခန်း-(၂၂)
အခန်း-(၂၃)
အခန်း-(၂၄)
အခန်း-(၂၅)
အခန်း-(၂၆)
အခန်း-(၂၇)
အခန်း-(၂၈)
အခန်း-(၂၉)
အခန်း-(၃၀)
Announcement!
အခန်း-(၃၁)
အခန်း-(၃၂)
အခန်း-(၃၃)
အခန်း-(၃၄)
အခန်း-(၃၅)
အခန်း-(၃၆)
အခန်း-(၃၇)
အခန်း-(၃၈)
အခန်း-(၃၉)
အခန်း-(၄၀)
အခန်း-(၄၁)
အခန်း-(၄၂)
အခန်း-(၄၃)
အခန်း-(၄၄)
အခန်း-(၄၅)
အခန်း-(၄၆)
အခန်း-(၄၇)
အခန်း-(၄၈)
အခန်း-(၄၉)
အခန်း-(၅၀)
အခန်း-(၅၁)
အခန်း-(၅၂)
အခန်း-(၅၃)
အခန်း-(၅၄)
အခန်း-(၅၅)
အခန်း-(၅၆)
အခန်း-(၅၇)
အခန်း-(၅၈)
အခန်း-(၅၉)
အခန်း-(၆၀)
အခန်း-(၆၁)
အချပ်ပို- လီဝူရှင်း
စာရေးသူ၏ကျေးဇူးတင်လွှာ

အခန်း(၁၁)

8.1K 1.3K 29
Eternity_ReLi által

(Unicode)




"ရန်ဝမ်ဖူ"


ယီကွမ်းတို့မှာ
ချန်ရှီမြို့၌ ခဏတာအနားယူပြီးမှသာ လီတိုင်းပြည်၏ နန်းမြို့တော်သို့ ခရီးဆက်ခဲ့ကြသည်။ ဖုန်းရှောင်းယွီသည်ကား သူကြုံတွေ့ခဲ့ရသော အဖြစ်အပျက်ကို စစ်သူကြီးထံ ပြောပြချင်လှသည်မို့ စိုင်းပြင်းကာ
ခရီးနှင်လျက်ရှီပြီး
ယီကွမ်းသည်လည်း ထိုကဲ့သို့ အဆောတလျင်နိုင်မှုအား
သိပ်ပြီးဂရုမထားချေ။
လက်ထပ်ပွဲက
သန်ဘက်ခါမှသာ
ပြုလုပ်မည်ဖြစ်ပြီး ယခုအချိန် သူက နန်းမြို့ရိုးကိုမြင်နေရပြီမို့
အချိန်မမှီခြင်းကို
စိုးရိမ်ပူပန်မှုမရှိချေ။
နန်းမြို့ရိုးကိုကျော်လွန်ကာ ခရီးနှင်လာရင်း ရန်ဝမ်ဖူအရှေ့၌
လှည်းကိုရပ်တန့်လိုက်သည့်အခါ ယီကွမ်း၏အနားယူဟန် မှိတ်ထားခဲ့သော မျက်ဝန်းနက်နက်တို့က
ပွင့်ဟလာခဲ့၏။

အနီးအနားမှ လူအများသည်
စစ်သည်များတသီတတန်းနှင့် လှည်းယာဉ်တော်က ရန်ဝမ်ဖူအရှေ့၌ရပ်တန့်လိုက်သည့်အခါ  အားလုံးက စပ်စုဟန်ဖြင့် ကြည့်ရှုနေကြ၏။ လှည်းယာဉ်ထက်မှ ပန်းနုရောင်စကတ်လေးနှင့် မိန်းမငယ်လေးတစ်ဦးက အလျင်ဆင်းလာပြီး
သူမ၏လက်ကမ်းလင့်မှု၌
တစ်စုံတစ်ယောက်က
ဆင်းသက်လာခဲ့သည်။
သူတို့အားလုံးမြင်နေရသည်က
အမျိုးသား ၊အမျိုးသမီးမသဲကွဲသော
ကျောပြင်သာဖြစ်ပြီး
သူက ပဝါခမောက်ကို
တပ်ဆင်ထားသည်မို့ မျက်နှာကို
မြင်နိုင်စွမ်းမရှိချေ။ သူ၏အနောက်ပါး၌မူ ကြောက်မက်ဖွယ် နှင်းဝံပုလွေတစ်ကောင်က အဝါရောင်မိန်းမငယ်တစ်ဦးနှင့်အတူ
ခုန်ဆင်းလာပြီး ပဝါခမောက်ဆောင်းထားသောသူအား ပွတ်သီးပွတ်သပ်ပြုမူနေ၏။ မိန်းမငယ်နှစ်ဦးက အစေခံများဖြစ်ဟန်ရှိပြီး အဖြူရောင်အရိပ်၏ တဖက်တချက်ဆီ၌
နေရာယူထားကာ
တံခါးဝ၌ရိုကျိုးစွာ
စောင့်ကြိုနေသော
ရန်ဝမ်ဖူမှ ဖုချို၏ ဦးဆောင်မှု၌ ရန်ဝမ်ဖူ အတွင်းသို့ ဝင်ရောက်သွားတော့၏။

သို့နှင့် သူတို့အားလုံးမှာ ခန့်မှန်းခြေအရ
ရန်ဝမ်ဖေးဖြစ်နိုင်သော အမျိုးသားငယ်ကို မြင်လိုက်နိုင်စွမ်းမရှိတော့ချေ။
အချို့လူများဆိုလျင်
နှမြောတသဖြစ်စွာနှင့်
စုပ်ပါသပ်လျက်ရှိကြပေ၏။

ရန်ဝမ်ဖူမှ အိမ်တော်ထိန်း
ဖုချိုမှာ သူ၏နောက်ပါးမှ
တိတ်ဆိတ်စွာလိုက်ပါလာသော
ယီမင်းသားကို တချက်တချက်လှမ်း အကဲခတ်လျက်ရှိသည်။
ထိုအမျိုးသားငယ်၏
လှုပ်ရှားဟန် အရာအားလုံးက သာမာန်ဖြစ်ပြီး ဧကရီလျန်ကြေငြာထားသကဲ့သို့
နွဲ့လျနေခြင်းမရှိပါချေ။
အရှိန်အဝါတစ်မျိုးဖြင့်ပင်
ပြည့်စုံ၍နေသေး၏။
သူကပဝါခမောက်တပ်ဆင်ထားသည်မှလွဲ၍ သာမာန် အမျိုးသားများအတိုင်းသာ
ရှိပြီး အေးဆေးတည်ငြိမ်လျက်ရှိသည်။
ဖုချိုက လင်းဟွေ့အဆောင်ရှိရာဘက်သို့ လမ်းပြခေါ်ဆောင်ရင်း
သူတို့အိမ်တော်၏
အနာဂတ်ဝမ်ဖေးကို
ပျူငှာစွာ ရှင်းပြလာ၏။

"ဝမ်ရယ်က နန်းတော်ကို ညီလာခံသွားတာမို့ ခဏစောင့်ပါ ဝမ်ဖေးမယ်မယ် ကျွန်တော်အခု ဝမ်ဖေးအတွက်ပြင်ဆင်ပေးထားတဲ့ အဆောင်ကို ခေါ်သွားပါ့မယ်။ "

"ကျေးဇူးပါ။ အိမ်တော်ထိန်း"

"ကျွန်တော်မျိုးအမည်နာမက ဖုချိုပါ။ "

"ကောင်းပါပြီ။ "

ယီကွမ်းမှာ ဖုချို၏ပျူငှာမှုကို တုံ့ပြန်လိုက်ရင်း ရန်ဝမ်ဖူမှ နေရာတိုင်းကို ပဝါအောက်မှ ကြည့်ရှုနေမိသည်။
ရန်ဝမ်ဖူက အတိတ်ဘဝမှအတိုင်း အနည်းငယ်မျှပင်
ပြောင်းလဲမှုမရှိပါချေ။
ခမ်းနားကြီးကျယ်စွာ
အလှဆင်ခြင်းအား
သဘောမတွေ့သော လီဝူရှင်းကြောင့်
ရန်ဝမ်ဖူသည်
အခြားသောဦးရီးတော်များ၏
ဝမ်ဖူထက် အနည်းငယ် ရိုးရှင်း၍နေပြီး
ခမ်းနားထည်ဝါမှု သိပ်မရှိဟန်ထင်ရသည်။
ရိုးရှင်းလှသော ရန်ဝမ်ဖူက
သူ၏အတိတ်ဘဝ၌
ဒုတိယအိမ်ဖြစ်ခဲ့ဖူးပြီး
လင်းဟွေ့အဆောင်.. ။
ထိုအဆောင်က
သူ၏နားခိုရာတစ်ခုဖြစ်ခဲ့သည်။
သူ၏နှုတ်ခမ်းဖျားက
အေးစက်စွာ ပြုံးနေခဲ့သော်လည်း
နှလုံးသားကမူ
အနည်းငယ်မွန်းကြပ်သွားရသည်။

ဤနေရာက သူ့အဖို့ ကောင်းသည်ထက်
မကောင်းသောအမှတ်တရက ပိုများပါ၏။

'လင်းဟွေ့အဆောင်'

ခမ်းနားထည်ဝါစွာရေးထိုးထားသော စာတန်းကို ကြည့်ရှုပြီး ယီကွမ်းမှာ
သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ သူ၏ပဝါခမောက်ကို ဖြုတ်လိုက်ပြီး လင်းဟွေ့အဆောင်၏ အနီးတဝိုက်သို့
ကြည့်ရှုမိသည့်အခါ အတိတ်ဘဝ
သူစရောက်စဥ်ကနှင့် တူစွာ
မည်သည်ကမှ
ပြောင်းလဲသွားခြင်းမရှိပါချေ။
ပန်းဥယျာဥ်..။ ရေကန်ငယ်နှင့် အပန်းဖြေဆောင်...။
တိတ်ဆိတ်စွာသဘာဝဆန်လှသော ပတ်ဝန်းကျင်....။

ယီကွမ်းမှာ လင်းဟွေ့ဟူသော စာတန်းကဗျည်းကိုသာ မော့ငေးကြည့်ရှုရင်း သူ၏အတွေးများထဲ ပျောက်ဆုံးနေခဲ့သည်။ မိအာနှင့်ပိအာသည်ကား သူတိို့၏သခင်လေးအား နားမလည်ဟန်ဖြင့်
ကြည့်ရှုနေကြပေ၏။

ဖုချိုသည်ကား
ပဝါဆွဲဖြုတ်လိုက်ပြီးနောက်
မြင်လိုက်ရသည့် မျက်နှာကြောင့်
မင်သက်သွားရသည်။
သူတို့ဝမ်ဖေးသည်ကား နတ်ဘုရားကဲ့သို့သော အလှတရားရှိပြီး
ဤတိုင်းပြည်မှ အလှပဂေးများ မယှဥ်နိုင်သော အလှတရားတစ်ပါးပင်....။ သူ၏ရှည်လျားသောအရပ်ကြောင့်သာ မဟုတ်လျင်
သူ၏သွယ်လျသောခါး၊
လှပလှသောမျက်နှာကြောင့်
သူသည် သေချာပေါက် အမျိုးသမီးတစ်ဦးအဖြစ် အထင်လွဲခံရပေလိမ့်မည်။
ဝမ်ဖေးသည်ကား လင်းဟွေ့အဆောင်၏ စာတန်းကိုကြည့်ရှုရင်း တိတ်ဆိတ်လျက်ရှိသည်မို့ သူက တိတ်ဆိတ်မှုကို ဖြိုခွဲရန်အကြံ သူတို့၏ဝမ်ရယ်ပြန်လာသည်ကို တွေ့မြင်လိုက်ရပြီး ဝမ်းသာအားရဖြင့် ဝမ်ရယ့်ထံ လှမ်း၍နှုတ်ဆက်လိုက်မိ၏။

"ဝမ်ရယ်~ ဝမ်ဖေးရောက်ရှိနေပါပြီ။"

ယီကွမ်း အတိတ်မှအမှတ်တရများကြားထဲ နစ်မြုပ်နေစဥ်၌ ဝမ်ရယ်ဟူသည့် ဖုချို၏ အားပါးတရခေါ်သံကြောင့် အနောက်သို့
လှည့်၍ကြည့်ရှုမိလိုက်သည်။ ထုံးစံအတိုင်း
အနက်ရောင်ရွှေချည်ထိုး ဝတ်ရုံကိုသာ ဝတ်ဆင်ထားသော လီဝူရှင်းက
သူ၏မျက်စိရှေ့၌ ရှိနေခဲ့ပြီး ယီကွမ်းထံသို့ လှမ်း၍ကြည့်ရှုနေခဲ့၏။ ယီကွမ်းက လီဝူရှင်း၏ အများနှင့်မတူ သာလွန်ချောမောလှသော မျက်နှာကိုမြင်ရသည်နှင့် နှလုံးသားက တင်းကြပ်သွားရသည်။ သို့သော် ခေါင်းညွှတ်လိုက်ပြီး လီဝူရှင်းထံသို့ နှုတ်ဆက်လိုက်၏။

"ဝမ်ရယ် တွေ့ရတာဝမ်းသာပါတယ်။ "

"အခုမှရောက်တာလား?"

"လမ်းမှာကိစ္စတွေရှိတာနဲ့ ကြန့်ကြာသွားတာပါ။ "

လီဝူရှင်းက ယီကွမ်း၏
အဓိပ္ပါယ်တစ်မျိုးပါသော
စကားကြောင့် မျက်မှောင်ကြုံ့သွားရကာ....

"တစ်နေရာရာ ထိခိုက်မိတာများ ရှိသေးလား?"

"မေးမြန်းတာကျေးဇူးတင်ပါရဲ့။
ဝမ်ရယ်  ဒီမင်းသားအဆင်ပြေပါတယ်။"

ဖုချိုမှာ သူတို့ဝမ်ရယ်၏ အေးစက်စက်မေးခွန်းများအပြင်
ဝမ်ဖေး၏ သူစိမ်းဆန်လှသော အသုံးအနှုန်းကို ကြားရသည့်အခါ
တံတွေးပင်သီးချင်သွားရသည်။
သူတို့ဝမ်ဖေးသည်လည်း ဝမ်ရယ်နှင့် လက်ထပ်ရသည်ကို
နှစ်သက်ခြင်းရှိဟန်မတူပေ။
အပြုအမူများက
သိသိသာသာကို
အေးစက်နေခဲ့ပြီး ဖုချိုသည်ကား
သူနွေလယ်ခေါင်ကြီး
ရေခဲလွင်ပြင်ရောက်နေသလို
ခံစားလိုက်ရသည်။
ဤစုံတွဲက စတွေ့စဥ်ကတည်းက
အဆင်မပြေကြချေ။

ဖုချို၏အနေရခက်မှုအတိုင်းပင်
မိအာနှင့်ပိအာသည်လည်း
သူတို့အရှင့်သား၏
ရုတ်တရက်ဆန်သော
အေးစက်မှုအား
နားမလည်နိုင်ပဲဖြစ်လျက်ရှိ၏။
သို့သော် သူမတို့နှစ်ဦးသည်
သူတို့အရှင့်သား၏ ခင်ပွန်းအလောင်းလျာကို ခိုးကြည့်လျက် အကဲခတ်နေမိ၏။

သတင်းများထဲမှအတိုင်းပင် ရန်ချင်းဝမ်၏ ချောမောခန့်ညားမှုက အနှိုင်းမဲ့၏။ ဓါးတစ်စင်းကဲ့သို့သော မျက်ခုံးနက်နက်..။ မျက်ဝန်းများက အလွန်စူးရှပြီး
တည့်တည့်ကြည့်မိသူတိုင်း
အခြေမခိုင်စွာ ယိုင်လဲစေသည်အထိ
စူးရှဝံ့ထည်လှပေ၏။
နှာတံသွယ်သွယ်နှင့်အတူ
တင်းတင်းစေ့ထားသော
နှုတ်ခမ်းပါးတစ်လွှာက
အေးစက်မှုနှင့်အတူ
ဆွဲဆောင်မှုရှိလွန်း၏။
ကောလဟာလများအတိုင်း
ရန်ချင်းဝမ်လီဝူရှင်းသည်
နတ်ဘုရားတစ်ပါးပမာ
ချောမောခန့်ညားလှပေသည်။

မိအာနှင့်ပိအာမှာ ထိုသူက
သူမတို့၏ ချောမောလှပလွန်းသော
အရှင့်သားနှင့်
နတ်ဖက်သောစုံတွဲဖြစ်လာနိုင်သည်ဟု
မှတ်ထင်မိလိုက်သော်ငြား
သူမတို့၏အရှင့်သားကမူ
ရန်ချင်းဝမ်နှင့်
လက်ထပ်ထိမ်းမြားရခြင်းအား
ကျေနပ်မှုရှိဟန်မတူချေ။
သူ၏နှုတ်ခမ်းဖျားကို
တင်းတင်းစေ့ထားလျက်
အေးတိအေးစက်ဖြင့်သာရှိနေ၏။

ခဏတာ တိတ်ဆိတ်နေကြပြီးနောက်
လီဝူရှင်းသည်ကား
ယီကွမ်း၏မျက်နှာချောချောကို ကြည့်ရှုလျက် သူ၏မူအတိုင်း
ခံစားချက်မဲ့စွာဆိုလာ၏။

"ပင်ပန်းလာမှာပဲ။ အနားယူလိုက်ပါ။ "

"ဝမ်ရယ့်ကို ကျေးဇူးတင်ပါတယ်။ "

ယီကွမ်းက လီဝူရှင်း၏စကားအဆုံး၌
အားနာမှု အနည်းငယ်ပင်မရှိပဲ  အဆောင်အတွင်းဘက်သို့ လန့်ကိုခေါ်ဆောင်ကာ ဝင်သွားတော့၏။ မိအာနှင့်ပိအာမှာ ကြောင်အစွာ ကျန်ရစ်ခဲ့ရပြီးမှ လီဝူရှင်းထံ ခပ်သွက်သွက် ဂါရဝပြုပြီး ယီကွမ်းနောက်သို့ လိုက်ပါသွားတော့သည်။

ဖုချိုက ဝမ်ဖေးအဆောင်တွင်း
ဝင်သွားသည့်နောက်
စကားတစ်လုံးတစ်ပါဒမျှ
မဟတော့သော
သူ၏သခင်နှင့် အနေရခက်စွာကျန်ရစ်ခဲ့ရပြီး
ဖဲကြိုးနီများဖြင့်အလုပ်ရှုပ်နေသော အလုပ်သမားများကို မြင်ကာမှ သူ၏အလုပ်များကို သတိရပြီး လီဝူရှင်းထံစကားစလာ၏။

"ဝမ်ရယ် ကျွန်တော့်ဆီမှာ မဂ်လာပွဲတက်ရောက်မယ့်သူစာရင်းရနေပါပြီ။ပြီးတော့ အရှင်မင်းကြီးကပါ တက်ရောက်ချီးမြှင့်မယ်ပြောတယ်။ ဘယ်လိုမျိုး စီစဥ်ထားရမလဲ?"

ဤမဂ်လာပွဲအား ဧကရာဇ်က
မဖြစ်မနေတက်ရောက်ချီးမြှင့်ဖို့
မလိုအပ်သော်လည်း လီဝူရှင်းကို လှောင်ပြောင်နေကြသူများ
အကုန်ပါးစပ်ပိတ်စေရန် လီဧကရာဇ်က မဂ်လာပွဲကို တက်ရောက်ချီးမြှင့်ခြင်းဖြင့် လီဝူရှင်းကို မျက်နှာသာပေးခြင်းသာလျင်....။
ယနေ့ညီလာခံ၌လည်း လီဧကရာဇ်က ဤသို့ဆိုပေ၏။

'ကျန်းရဲ့တတိယသားက
နှစ်ဆယ့်ငါးရောက်မှ မဂ်လာပွဲကျင်းပရတာမို့ ကျန်းစိတ်မကောင်းဘူး။
ကျန်းရဲ့ချွေးမကိုလည်း ကောင်းကောင်းဆက်ဆံပေးရမှာပေါ့'

လီဧကရာဇ်၏ သဘောထားသည်ကား လီဝူရှင်းသာမက ယီမင်းသား ယီကွမ်းကိုပါ မျက်နှာသာပေးလိုခြင်းပင်..။
ယီကွမ်းက
သူ၏တော်ဝင်မင်းသားဘဝကို
စွန့်လွှတ်ပြီး
တာ့လီ၏ချွေးမတော်အဖြစ်
နေထိုင်ရသည်ဆိုကတည်းက
သူ့အဖို့တော့
အရှက်ရမှုတစ်ခုပင်...။
သို့နှင့် လီဧကရာဇ်က
ယီဧကရာဇ်နှင့်ထားရှ်ိထားသော
ညီအကိုသံယောဇဥ်အရ ယီကွမ်းကိုပါ မျက်နှာသာပေးလိုခြင်းပင်... ။

ထို့ကြောင့် လီဝူရှင်းမှာ အမျိုးသားတစ်ဦးကို လက်ထပ်ရသော်လည်း နှစ်ဦးနှစ်ဖက် အရှက်ရစရာ သိပ်မရှိတော့ပေ။ အဆုံးသတ်၌ ဤမဂ်လာက ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ထားသော မဂ်လာပင် မဟုတ်ပါလား။

လီဝူရှင်းကမူ သူ၏မဂ်လာပွဲကို တက်ရောက်ချီးမြှင့်ရသော ခမည်းတော်၏ ရည်ရွယ်ချက်ကို သိနှင့်သည်မို့
စိတ်လှုပ်ရှားခြင်းအလျင်းမရှိချေ။
သူ၏ခံစားချက်မဲ့သော မျက်နှာနှင့်ပင် ဖုချိုထံ ပြောဆိုလိုက်၏။

"ပုံမှန်အတိုင်းပဲ စီစဥ်ထားလိုက်"

".....ဟုတ်ကဲ့။ ဝမ်ရယ် မဂ်လာဝတ်ရုံတော်က ရောက်နေပါပြီ။ ဝမ်ရယ်နဲ့ဝမ်ဖေး ဝတ်ကြည့်ဖို့လိုပါတယ်။ တစ်ခုခုမှားယွင်းနေရင် ပြင်ရအောင်လို့ပါ။ "

"အင်း သွားဝတ်မယ်။"

လီဝူရှင်းက ဖုချိုနှင့်အတူ မဂ်လာဝတ်ရုံစမ်းဝတ်ရန်
စန်းရှန်းအဆောင်သို့ လိုက်ပါသွားသည့်နောက် လင်းဟွေ့အဆောင်၌လည်း မိအာနှင့်ပိအာက အလုပ်များလျက်ရှိ၏။
ယီကွမ်းက ခရီးပန်း၍ အနားယူချင်သေးသော်လည်း သူမလေးတို့က မဂ်လာဝတ်ရုံကိုစမ်းဝတ်ကြည့်စေချင်သည်ကြောင့်
ယီကွမ်းမှာ မဂ်လာဝတ်ရုံကို ဝတ်ကြည့်နေရ၏။ ယခုမှမနက်အစောကြီးပင် ရှိသေးသည်။ မဂ်လာပွဲသည်လည်း
သန်ဘက်ခါမှ ကျင်းပမည်ကို သူမတို့
ဘာကိုစိတ်လှုပ်ရှားနေသနည်း။
နားမလည်နိုင်​ပေ။
ယီကွမ်းစောင့်မျှော်နေမိသော
အခိုက်အတန့်သည်ကား ယခုထိရောက်မလာသေးသည်မို့ ယီကွမ်းသည်ကား
ပျင်းရိလျက်သာရှိပေ၏။

"ဒီဝတ်ရုံက အရှင့်သားနဲ့ကွက်တိပဲ။ အရှင့်သားက ကြည့်ကောင်းလိုက်တာ"

"အရမ်းလှတာပဲ ဝတ်ရုံတော်က အရှင့်သားနဲ့ အရမ်းလိုက်ဖက်လွန်းတယ်။"

ယီကွမ်းမှာ မိအာနှင့်ပိအာ၏ အတောမသတ်သော ချီးမွှမ်းမှုများအကြား ပါရှားမှန်ထက်၌ ထင်ဟပ်နေသော မိမိပုံရိပ်ကို
ကြည့်ရှုမိသည်။ သူ၏မဂ်လာဝတ်ရုံက အတိတ်ဘဝနှင့် များများစားစား
ပြောင်းလဲသွားခြင်းမရှိပါချေ။
ပြောင်းလဲသွားခြင်းက သူသာလျင် .....။
သူကယခင်ဘဝကထက်
အရပ်နည်းနည်းပိုရှည်လာခဲ့ပြီး
မျက်နှာက
အနည်းငယ်ပြောင်းလဲသွားခဲ့ဟန်တူသည်။ ယခင်ဘဝကအတိုင်း
ဆေးဆိုးပန်းရိုက်မျိုးမပြုတော့သည်မို့ သူ၏မျက်နှာက ပို၍ဖြူဖြူစင်စင်နှင့်
ကြည့်ကောင်းလာသည်ဟု ထင်မှတ်မိသည်။
မဂ်လာဝတ်ရုံ....။
ဖီးနစ်ငှက်အသွင်
ရွှေချည်ထိုးငင်ထားသော ဝတ်ရုံထက်တွင် ငွေရောင်လိပ်ပြာလေးများစွာကို
ဝန်းရံလျက် ချည်ထိုးထားပြီး
ပခုံးထက်၌မူ 
ရွှေကြယ်သီးငယ်များကို အလှအနေဖြင့် ထိုးချည်ထားကာ လင်းလက်လျက်ရှိ၏။ ကြမ်းပြင်သို့ထိစပ်သည်အထိ ရှည်လျားကာ
အင်မတန်လှပသော ဝတ်ရုံက တန်ဖိုးမနည်းလှကြောင်း ကြည့်ရှုသူတိုင်း သိနိုင်သည်။

သူ၏နှလုံးသားသည်ကား
မှန်ပြင်ထက်မှသူကို ကြည့်ရှုရင်း နာကျင်လာရ၏။

အတိတ်ဘဝ၌
သူမဂ်လာဝတ်ရုံကို နှစ်ကြိမ်တိုင်တိုင် ဝတ်ဆင်ခဲ့သည်။

လီဝူရှင်းနှင့် လက်ထပ်ထိမ်းမြားခဲ့သော အချိန်....။

ထို့နောက်

လီဝူရှင်းအရှေ့၌ပင်
မိမိကိုယ်ကို အဆုံးစီရင်ခဲ့သော အချိန်...။

ယခုဘဝ၌မူ ဤအခါက သူဝတ်ဆင်ရသော သုံးကြိမ်မြောက်ပါပင်...။
မသိလိုက်ခင်၌ပင်
ယီကွမ်း၏မျက်ဝန်းများကနီရဲလာခဲ့ပြီး နှုတ်ခမ်းဖျားက တုန်ယင်လာရသည်။
မိအာနှင့်ပိအာက ပျော်ရွှင်စွာ
ချီးမွှမ်းနေကြရင်း ယယီကွမ်း၏နီရဲရဲမျက်ဝန်းများကို မြင်ပြီး
လန့်ဖြန့်ကုန်ကြကာ
ခြေမကိုင်မိ၊လက်မကိုင်မိ
ဖြစ်ကုန်ကြရသည်။
မိအာက ထိုအခါမှ
မိမိကိုယ်ကို အပြစ်တင်မိလိုက်သည်။ သူမက မဂ်လာဝတ်ရုံက အရမ်းလှလွန်း၍ စိတ်လှုပ်ရှားမိသွားရပြီး
သူမ၏အရှင့်သားက
ယောကျာ်းတစ်ဦးကို
လက်ထပ်ရမည်ဆိုခြင်းအား
မေ့လျော့သွားခဲ့သည်။
ပိအာသည်လည်း ထိုအတိုင်းသာလျင်...။
အမျိုးသားဝမ်ဖေးဖြစ်ရတော့မည့် သခင်၏ အဖြစ်ကို အမှတ်ရမိပြီး ယီကွမ်းနည်းတူ သူမ၏မျက်ဝန်းများက မျက်ရည်များစိုစွတ်လာခဲ့၏။

မိအာသည်ကား ယီကွမ်းကို နှစ်သိမ့်ပေးလာသည်။

"အရှင့်သား... စိတ်ချပါ။ မိအာတို့ ရှိနေသမျှ အရှင့်သားအထီးမကျန်စေရဘူး။ ဘယ်သူမှလည်းအနိုင်မကျင့်စေရဘူး။ အဲ့ဒါကြောင့် စိတ်မကောင်းမဖြစ်ပါနဲ့နော်။ "

ပိအာသည်လည်း နှာတရှုံ့ရှုံ့ဖြင့်ပင်..

"ဟုတ်ပါတယ်။ ပိအာလည်း အရှင့်သား ဘယ်သွားသွား အနားမှာ အဖော်ပြုပေးမှာမို့ အဲ့ဒီလိုစိတ်မကောင်းမဖြစ်ပါနဲ့။ အရှင့်သား ဘယ်တော့မှ အထီးမကျန်စေရပါဘူး။ "

"အရူးမလေးတွေ ဘယ်သူက စိတ်မကောင်းဖြစ်နေလို့လဲ? ငါအဆင်ပြေတယ် မစိုးရိမ်နဲ့"

"အာဝူးး. "

"ရှောင်လန်.. မင်းကပါစိတ်မကောင်းဖြစ်နေတာလား ဟင်?"

လန်က ယီကွမ်းဝတ်ဆင်ထားသော မဂ်လာဝတ်ရုံကို ပွတ်သပ်နေသည်မို့ မိအာက တားဆီးချင်သော်လည်း
ဝံပုလွေပေါက်၏
ပြာလဲ့လဲ့မျက်ဝန်းများက
မကျေမနပ်ကြည့်လာသည်မို့
မည်သို့မှမဆိုရဲတော့ချေ။
ယီကွမ်းကမူ ချွဲနွဲ့နေသော
လန်၏ကျောပြင်ကို
သဘောတကျ
ပွတ်သပ်ဆော့ကစားနေသည့်နောက်
တံခါးခေါက်သံနှင့်အတူ
ဖုချို၏အသံကို
ကြားလိုက်ရပေ၏။

"ဝမ်ဖေး... ကျွန်တော်မျိုး ဖုချိုပါ "

"အင်း ဘာကိစ္စရှိလို့လဲ?"

ယီကွမ်းက မဂ်လာဝတ်ရုံကို ပြန်လည်
ချွတ်ထားလိုက်ပြီး
သာမာန်ဝတ်ရုံတစ်ထည်ကို
မိအာ၏အကူအညီနှင့်
ဝတ်ဆင်နေရင်းမှ
လှမ်း၍မေးမြန်းလိုက်သည်။
တံခါးအပြင်ဘက်မှ ဖုချို၏အသံက ခဏတာ တိတ်ဆိတ်သွားပြီး ပြောရခက်နေဟန်ရှိသော်လည်း ယီကွမ်းက ခဏတွင်းချင်း နားလည်လိုက်ကာ ပြုံးလိုက်မိသည်။

'သူတို့ရောက်လာပြီပဲ။ '

ယီကွမ်းက အချိန်မဖြုန်းတော့ပဲ အပြာရောင်ဝတ်ရုံကို သေသပ်စွာဝတ်ဆင်ပြီးနောက် သူကအလျင် တံခါးဖွင့်လိုက်သည်။ တံခါးအပြင်၌မူ ဖုချိုအပြင်
အမျိုးသမီးကြီး သုံးယောက်က
ရပ်နေခဲ့သည်။ ဖုချိုသည်ကား
မျက်နှာမသာမယာနှင့်ပင် ယီကွမ်းထံ နှုတ်ဆက်လာ၏။

"ဝမ်ဖေး.. သူတို့က ဧကရီမယ်မယ် လွှတ်လိုက်တဲ့ မောမော့*တွေပါ။ "

(မောမော့-နန်းတော်မှ အကြီးတန်း အထိန်းတော်)

"မောမော့? ဘာလုပ်ဖို့များလဲ?"

ယီကွမ်းက မသိချင်ယောင်ဆောင်ကာ မေးမြန်းမိလိုက်သည်။
ထိုအခါ ပြောရခက်နေဟန်ရှိသော
ဖုချိုအစား အသက်ကြီးကာ ဝါအကြီးဆုံး လင်းမောမော့က ယီကွမ်းကို အရိုအသေပြုကာစကားဆိုလာသည်။
အရိုအသေပြုသော်ငြား
သူမ၏မျက်လုံးများထဲတွင်
လေးစားဟန် အရိပ်အယောင်
အနည်းငယ်မျှပင် မရှိချေ။

"ဝမ်ဖေးမယ်မယ်.. ကျွန်မက လင်းမောမော့လို့ ခေါ်ပါတယ်။ ကျွန်မတို့ သုံးဦးက ဧကရီလွှတ်လိုက်တာဖြစ်ပြီး ဝမ်ဖေးကို မဂ်လာပွဲမတိုင်ခင်နဲ့ မဂ်လာပွဲ ပြီးဆုံးပြီး တစ်လကြာသည်အထိ ဝမ်ဖေးတစ်ယောက် တတ်သင့်တဲ့ ပညာတွေကို သင်ပေးသွားမှာပါ"

"ဟုတ်လား?"

ယီကွမ်း၏အမေးကို လင်းမောမော့က ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏အပြုအမူက အနည်းငယ်ပင် လေးစားမှုရှိမနေချေ။ သူမက ဧကရီလျန်၏လူဖြစ်ပြီး
ရန်ချင်းဝမ်၏ ဇနီး
ရန်ဝမ်ဖေးမည်သော အမျိုးသားကို
မဂ်လာပွဲ၌ အရှက်ရအောင် လုပ်ဆောင်ရန်
လာခြင်းပင်...။
သူမက ယောကျာ်းတန်မဲ့ နွဲ့လျကာ ဝမ်ဖေးဖြစ်နေသော ထိုအမျိုးသားကို မင်းသားတစ်ပါးဖြစ်နေပါစေ လေးစားမှု အနည်းငယ်တောင် မရှိပေ...။

သူမ၏အပေါင်းဖော်များသည်လည်း
ဤအတိုင်းသာလျင်..။
ဤနေရာက ယီတိုင်းပြည်မဟုတ်ချေ။
ဧကရီလျန်အုပ်စိုးသော လီတိုင်းပြည်မို့
ထိုမင်းသားကို သူမတို့က ကြောက်နေစရာအကြောင်းမရှိပေ။

လင်းမောမော့မှာ သူမအတွေးနှင့်သူမ ကျေနပ်ကာ မော်ကြွားနေစဥ်၌ ယီကွမ်း၏ မျက်ဝန်းများထဲမှ ရက်စက်မှုအရိပ်အယောင်များကို မြင်တွေ့ခြင်းမရှိလိုက်ချေ။
ယီကွမ်း၏ နှုတ်ခမ်းဖျားက
ပြုံးယောင်သန်းနေခဲ့ပြီး
မည်သူကမှ သေချာမမြင်နိုင်လိုက်သော သူ၏အမူအရာကို
အဝေးမှစောင့်ကြပ်နေသော သူ၏အရိပ်စစ်သည်များသာ မြင်လိုက်ကြပြီး
ကြက်သီးဖြန်းဖြန်းထသွားရသည်။
ထိုအပြုံးက သေချာပေါက် ကောင်းမွန်သော အပြုံးဟုတ်မနေခဲ့ချေ။

အရိပ်စစ်သည်များမှာ သူတို့ခေါင်းဆောင်ရှေ့၌ မော်ကြွားစွာရပ်နေကြသော အမျိုးသမီးကြီးသုံးဦးအတွက်
ဘဝကူးကောင်းစေရန်သာ
ဆုတောင်းပေးလိုက်ကြပေ၏။




ဒီဇာတ်လမ်းနဲ့ပတ်သတ်ပြီး ဘယ်လိုထင်မြင်မိလဲဆိုတဲ့ အထင်အမြင်လေးတွေ ဆွေးနွေးနိုင်ပါတယ်။ commentတွေ Replyမပြန်လို့ စိတ်မကောင်းတော့မဖြစ်ပါနဲ့။
စာရေးသူရဲ့comment boxက တစ်ခုခုဖြစ်နေတော့ Replyပြန်မရပါဘူး။ အကယ်၍ repspondဖြစ်တာကို လိုချင်ရင်တော့
Message boxရယ် message boardရယ်မှာ စကားလာပြောနိုင်ပါတယ်။

********************
***************

(Zawgyi)









"ရန္ဝမ္ဖူ"


ယီကြမ္းတို႔မွာ
ခ်န္ရွီၿမိဳ႕၌ ခဏတာအနားယူၿပီးမွသာ လီတိုင္းျပည္၏ နန္းၿမိဳ႕ေတာ္သို႔ ခရီးဆက္ခဲ့ၾကသည္။ ဖုန္းေရွာင္းယြီသည္ကား သူႀကဳံေတြ႕ခဲ့ရေသာ အျဖစ္အပ်က္ကို စစ္သူႀကီးထံ ေျပာျပခ်င္လွသည္မို႔ စိုင္းျပင္းကာ
ခရီးႏွင္လ်က္ရွီၿပီး
ယီကြမ္းသည္လည္း ထိုကဲ့သို႔ အေဆာတလ်င္နိုင္မႈအား
သိပ္ၿပီးဂ႐ုမထားေခ်။
လက္ထပ္ပြဲက
သန္ဘက္ခါမွသာ
ျပဳလုပ္မည္ျဖစ္ၿပီး ယခုအခ်ိန္ သူက နန္းၿမိဳ႕ရိုးကိုျမင္ေနရၿပီမို႔
အခ်ိန္မမွီျခင္းကို
စိုးရိမ္ပူပန္မႈမရွိေခ်။
နန္းၿမိဳ႕ရိုးကိုေက်ာ္လြန္ကာ ခရီးႏွင္လာရင္း ရန္ဝမ္ဖူအေရွ႕၌
လွည္းကိုရပ္တန႔္လိုက္သည့္အခါ ယီကြမ္း၏အနားယူဟန္ မွိတ္ထားခဲ့ေသာ မ်က္ဝန္းနက္နက္တို႔က
ပြင့္ဟလာခဲ့၏။

အနီးအနားမွ လူအမ်ားသည္
စစ္သည္မ်ားတသီတတန္းႏွင့္ လွည္းယာဥ္ေတာ္က ရန္ဝမ္ဖူအေရွ႕၌ရပ္တန႔္လိုက္သည့္အခါ အားလုံးက စပ္စုဟန္ျဖင့္ ၾကည့္ရႈေနၾက၏။ လွည္းယာဥ္ထက္မွ ပန္းႏုေရာင္စကတ္ေလးႏွင့္ မိန္းမငယ္ေလးတစ္ဦးက အလ်င္ဆင္းလာၿပီး
သူမ၏လက္ကမ္းလင့္မႈ၌
တစ္စုံတစ္ေယာက္က
ဆင္းသက္လာခဲ့သည္။
သူတို႔အားလုံးျမင္ေနရသည္က
အမ်ိဳးသား ၊အမ်ိဳးသမီးမသဲကြဲေသာ
ေက်ာျပင္သာျဖစ္ၿပီး
သူက ပဝါခေမာက္ကို
တပ္ဆင္ထားသည္မို႔ မ်က္ႏွာကို
ျမင္နိုင္စြမ္းမရွိေခ်။ သူ၏အေနာက္ပါး၌မူ ေၾကာက္မက္ဖြယ္ ႏွင္းဝံပုေလြတစ္ေကာင္က အဝါေရာင္မိန္းမငယ္တစ္ဦးႏွင့္အတူ
ခုန္ဆင္းလာၿပီး ပဝါခေမာက္ေဆာင္းထားေသာသူအား ပြတ္သီးပြတ္သပ္ျပဳမူေန၏။ မိန္းမငယ္ႏွစ္ဦးက အေစခံမ်ားျဖစ္ဟန္ရွိၿပီး အျဖဴေရာင္အရိပ္၏ တဖက္တခ်က္ဆီ၌
ေနရာယူထားကာ
တံခါးဝ၌ရိုက်ိဳးစြာ
ေစာင့္ႀကိဳေနေသာ
ရန္ဝမ္ဖူမွ ဖုခ်ိဳ၏ ဦးေဆာင္မႈ၌ ရန္ဝမ္ဖူ အတြင္းသို႔ ဝင္ေရာက္သြားေတာ့၏။

သို႔ႏွင့္ သူတို႔အားလုံးမွာ ခန႔္မွန္းေျခအရ
ရန္ဝမ္ေဖးျဖစ္နိုင္ေသာ အမ်ိဳးသားငယ္ကို ျမင္လိုက္နိုင္စြမ္းမရွိေတာ့ေခ်။
အခ်ိဳ႕လူမ်ားဆိုလ်င္
ႏွေျမာတသျဖစ္စြာႏွင့္
စုပ္ပါသပ္လ်က္ရွိၾကေပ၏။

ရန္ဝမ္ဖူမွ အိမ္ေတာ္ထိန္း
ဖုခ်ိဳမွာ သူ၏ေနာက္ပါးမွ
တိတ္ဆိတ္စြာလိုက္ပါလာေသာ
ယီမင္းသားကို တခ်က္တခ်က္လွမ္း အကဲခတ္လ်က္ရွိသည္။
ထိုအမ်ိဳးသားငယ္၏
လႈပ္ရွားဟန္ အရာအားလုံးက သာမာန္ျဖစ္ၿပီး ဧကရီလ်န္ေၾကျငာထားသကဲ့သို႔
ႏြဲ႕လ်ေနျခင္းမရွိပါေခ်။
အရွိန္အဝါတစ္မ်ိဳးျဖင့္ပင္
ျပည့္စုံ၍ေနေသး၏။
သူကပဝါခေမာက္တပ္ဆင္ထားသည္မွလြဲ၍ သာမာန္ အမ်ိဳးသားမ်ားအတိုင္းသာ
ရွိၿပီး ေအးေဆးတည္ၿငိမ္လ်က္ရွိသည္။
ဖုခ်ိဳက လင္းေဟြ႕အေဆာင္ရွိရာဘက္သို႔ လမ္းျပေခၚေဆာင္ရင္း
သူတို႔အိမ္ေတာ္၏
အနာဂတ္ဝမ္ေဖးကို
ပ်ဴငွာစြာ ရွင္းျပလာ၏။

"ဝမ္ရယ္က နန္းေတာ္ကို ညီလာခံသြားတာမို႔ ခဏေစာင့္ပါ ဝမ္ေဖးမယ္မယ္ ကြၽန္ေတာ္အခု ဝမ္ေဖးအတြက္ျပင္ဆင္ေပးထားတဲ့ အေဆာင္ကို ေခၚသြားပါ့မယ္။ "

"ေက်းဇူးပါ။ အိမ္ေတာ္ထိန္း"

"ကြၽန္ေတာ္မ်ိဳးအမည္နာမက ဖုခ်ိဳပါ။ "

"ေကာင္းပါၿပီ။ "

ယီကြမ္းမွာ ဖုခ်ိဳ၏ပ်ဴငွာမႈကို တုံ႕ျပန္လိုက္ရင္း ရန္ဝမ္ဖူမွ ေနရာတိုင္းကို ပဝါေအာက္မွ ၾကည့္ရႈေနမိသည္။
ရန္ဝမ္ဖူက အတိတ္ဘဝမွအတိုင္း အနည္းငယ္မွ်ပင္
ေျပာင္းလဲမႈမရွိပါေခ်။
ခမ္းနားႀကီးက်ယ္စြာ
အလွဆင္ျခင္းအား
သေဘာမေတြ႕ေသာ လီဝူရွင္းေၾကာင့္
ရန္ဝမ္ဖူသည္
အျခားေသာဦးရီးေတာ္မ်ား၏
ဝမ္ဖူထက္ အနည္းငယ္ ရိုးရွင္း၍ေနၿပီး
ခမ္းနားထည္ဝါမႈ သိပ္မရွိဟန္ထင္ရသည္။
ရိုးရွင္းလွေသာ ရန္ဝမ္ဖူက
သူ၏အတိတ္ဘဝ၌
ဒုတိယအိမ္ျဖစ္ခဲ့ဖူးၿပီး
လင္းေဟြ႕အေဆာင္.. ။
ထိုအေဆာင္က
သူ၏နားခိုရာတစ္ခုျဖစ္ခဲ့သည္။
သူ၏ႏႈတ္ခမ္းဖ်ားက
ေအးစက္စြာ ၿပဳံးေနခဲ့ေသာ္လည္း
ႏွလုံးသားကမူ
အနည္းငယ္မြန္းၾကပ္သြားရသည္။

ဤေနရာက သူ႕အဖို႔ ေကာင္းသည္ထက္
မေကာင္းေသာအမွတ္တရက ပိုမ်ားပါ၏။

'လင္းေဟြ႕အေဆာင္'

ခမ္းနားထည္ဝါစြာေရးထိုးထားေသာ စာတန္းကို ၾကည့္ရႈၿပီး ယီကြမ္းမွာ
သက္ျပင္းတစ္ခ်က္ရွိုက္လိုက္မိသည္။ သူ၏ပဝါခေမာက္ကို ျဖဳတ္လိုက္ၿပီး လင္းေဟြ႕အေဆာင္၏ အနီးတဝိုက္သို႔
ၾကည့္ရႈမိသည့္အခါ အတိတ္ဘဝ
သူစေရာက္စဥ္ကႏွင့္ တူစြာ
မည္သည္ကမွ
ေျပာင္းလဲသြားျခင္းမရွိပါေခ်။
ပန္းဥယ်ာဥ္..။ ေရကန္ငယ္ႏွင့္ အပန္းေျဖေဆာင္...။
တိတ္ဆိတ္စြာသဘာဝဆန္လွေသာ ပတ္ဝန္းက်င္....။

ယီကြမ္းမွာ လင္းေဟြ႕ဟူေသာ စာတန္းကဗ်ည္းကိုသာ ေမာ့ေငးၾကည့္ရႈရင္း သူ၏အေတြးမ်ားထဲ ေပ်ာက္ဆုံးေနခဲ့သည္။ မိအာႏွင့္ပိအာသည္ကား သူတိို႔၏သခင္ေလးအား နားမလည္ဟန္ျဖင့္
ၾကည့္ရႈေနၾကေပ၏။

ဖုခ်ိဳသည္ကား
ပဝါဆြဲျဖဳတ္လိုက္ၿပီးေနာက္
ျမင္လိုက္ရသည့္ မ်က္ႏွာေၾကာင့္
မင္သက္သြားရသည္။
သူတို႔ဝမ္ေဖးသည္ကား နတ္ဘုရားကဲ့သို႔ေသာ အလွတရားရွိၿပီး
ဤတိုင္းျပည္မွ အလွပေဂးမ်ား မယွဥ္နိုင္ေသာ အလွတရားတစ္ပါးပင္....။ သူ၏ရွည္လ်ားေသာအရပ္ေၾကာင့္သာ မဟုတ္လ်င္
သူ၏သြယ္လ်ေသာခါး၊
လွပလွေသာမ်က္ႏွာေၾကာင့္
သူသည္ ေသခ်ာေပါက္ အမ်ိဳးသမီးတစ္ဦးအျဖစ္ အထင္လြဲခံရေပလိမ့္မည္။
ဝမ္ေဖးသည္ကား လင္းေဟြ႕အေဆာင္၏ စာတန္းကိုၾကည့္ရႈရင္း တိတ္ဆိတ္လ်က္ရွိသည္မို႔ သူက တိတ္ဆိတ္မႈကို ၿဖိဳခြဲရန္အႀကံ သူတို႔၏ဝမ္ရယ္ျပန္လာသည္ကို ေတြ႕ျမင္လိုက္ရၿပီး ဝမ္းသာအားရျဖင့္ ဝမ္ရယ့္ထံ လွမ္း၍ႏႈတ္ဆက္လိုက္မိ၏။

"ဝမ္ရယ္~ ဝမ္ေဖးေရာက္ရွိေနပါၿပီ။"

ယီကြမ္း အတိတ္မွအမွတ္တရမ်ားၾကားထဲ နစ္ျမဳပ္ေနစဥ္၌ ဝမ္ရယ္ဟူသည့္ ဖုခ်ိဳ၏ အားပါးတရေခၚသံေၾကာင့္ အေနာက္သို႔
လွည့္၍ၾကည့္ရႈမိလိုက္သည္။ ထုံးစံအတိုင္း
အနက္ေရာင္ေ႐ႊခ်ည္ထိုး ဝတ္႐ုံကိုသာ ဝတ္ဆင္ထားေသာ လီဝူရွင္းက
သူ၏မ်က္စိေရွ႕၌ ရွိေနခဲ့ၿပီး ယီကြမ္းထံသို႔ လွမ္း၍ၾကည့္ရႈေနခဲ့၏။ ယီကြမ္းက လီဝူရွင္း၏ အမ်ားႏွင့္မတူ သာလြန္ေခ်ာေမာလွေသာ မ်က္ႏွာကိုျမင္ရသည္ႏွင့္ ႏွလုံးသားက တင္းၾကပ္သြားရသည္။ သို႔ေသာ္ ေခါင္းၫႊတ္လိုက္ၿပီး လီဝူရွင္းထံသို႔ ႏႈတ္ဆက္လိုက္၏။

"ဝမ္ရယ္ ေတြ႕ရတာဝမ္းသာပါတယ္။ "

"အခုမွေရာက္တာလား?"

"လမ္းမွာကိစၥေတြရွိတာနဲ႕ ၾကန့္ၾကာသြားတာပါ။ "

လီဝူရွင္းက ယီကြမ္း၏
အဓိပ္ပါယ်တစ်မျိုးပါသော
စကားေၾကာင့္ မ်က္ေမွာင္ႀကဳံ႕သြားရကာ....

"တစ္ေနရာရာ ထိခိုက္မိတာမ်ား ရွိေသးလား?"

"ေမးျမန္းတာေက်းဇူးတင္ပါရဲ႕။
ဝမ္ရယ္ ဒီမင္းသားအဆင္ေျပပါတယ္။"

ဖုခ်ိဳမွာ သူတို႔ဝမ္ရယ္၏ ေအးစက္စက္ေမးခြန္းမ်ားအျပင္
ဝမ္ေဖး၏ သူစိမ္းဆန္လွေသာ အသုံးအႏႈန္းကို ၾကားရသည့္အခါ
တံေတြးပင္သီးခ်င္သြားရသည္။
သူတို႔ဝမ္ေဖးသည္လည္း ဝမ္ရယ္ႏွင့္ လက္ထပ္ရသည္ကို
ႏွစ္သက္ျခင္းရွိဟန္မတူေပ။
အျပဳအမူမ်ားက
သိသိသာသာကို
ေအးစက္ေနခဲ့ၿပီး ဖုခ်ိဳသည္ကား
သူႏြေလယ္ေခါင္ႀကီး
ေရခဲလြင္ျပင္ေရာက္ေနသလို
ခံစားလိုက္ရသည္။
ဤစုံတြဲက စေတြ႕စဥ္ကတည္းက
အဆင္မေျပၾကေခ်။

ဖုခ်ိဳ၏အေနရခက္မႈအတိုင္းပင္
မိအာႏွင့္ပိအာသည္လည္း
သူတို႔အရွင့္သား၏
႐ုတ္တရက္ဆန္ေသာ
ေအးစက္မႈအား
နားမလည္နိုင္ပဲျဖစ္လ်က္ရွိ၏။
သို႔ေသာ္ သူမတို႔ႏွစ္ဦးသည္
သူတို႔အရွင့္သား၏ ခင္ပြန္းအေလာင္းလ်ာကို ခိုးၾကည့္လ်က္ အကဲခတ္ေနမိ၏။

သတင္းမ်ားထဲမွအတိုင္းပင္ ရန္ခ်င္းဝမ္၏ ေခ်ာေမာခန့္ညားမႈက အႏွိုင္းမဲ့၏။ ဓါးတစ္စင္းကဲ့သို႔ေသာ မ်က္ခုံးနက္နက္..။ မ်က္ဝန္းမ်ားက အလြန္စူးရွၿပီး
တည့္တည့္ၾကည့္မိသူတိုင္း
အေျခမခိုင္စြာ ယိုင္လဲေစသည္အထိ
စူးရွဝံ့ထည္လွေပ၏။
ႏွာတံသြယ္သြယ္ႏွင့္အတူ
တင္းတင္းေစ့ထားေသာ
ႏႈတ္ခမ္းပါးတစ္လႊာက
ေအးစက္မႈႏွင့္အတူ
ဆြဲေဆာင္မႈရွိလြန္း၏။
ေကာလဟာလမ်ားအတိုင္း
ရန္ခ်င္းဝမ္လီဝူရွင္းသည္
နတ္ဘုရားတစ္ပါးပမာ
ေခ်ာေမာခန့္ညားလွေပသည္။

မိအာႏွင့္ပိအာမွာ ထိုသူက
သူမတို႔၏ ေခ်ာေမာလွပလြန္းေသာ
အရွင့္သားႏွင့္
နတ္ဖက္ေသာစုံတြဲျဖစ္လာနိုင္သည္ဟု
မွတ္ထင္မိလိုက္ေသာ္ျငား
သူမတို႔၏အရွင့္သားကမူ
ရန္ခ်င္းဝမ္ႏွင့္
လက္ထပ္ထိမ္းျမားရျခင္းအား
ေက်နပ္မႈရွိဟန္မတူေခ်။
သူ၏ႏႈတ္ခမ္းဖ်ားကို
တင္းတင္းေစ့ထားလ်က္
ေအးတိေအးစက္ျဖင့္သာရွိေန၏။

ခဏတာ တိတ္ဆိတ္ေနၾကၿပီးေနာက္
လီဝူရွင္းသည္ကား
ယီကြမ္း၏မ်က္ႏွာေခ်ာေခ်ာကို ၾကည့္ရႈလ်က္ သူ၏မူအတိုင္း
ခံစားခ်က္မဲ့စြာဆိုလာ၏။

"ပင္ပန္းလာမွာပဲ။ အနားယူလိုက္ပါ။ "

"ဝမ္ရယ့္ကို ေက်းဇူးတင္ပါတယ္။ "

ယီကြမ္းက လီဝူရွင္း၏စကားအဆုံး၌
အားနာမႈ အနည္းငယ္ပင္မရွိပဲ အေဆာင္အတြင္းဘက္သို႔ လန့္ကိုေခၚေဆာင္ကာ ဝင္သြားေတာ့၏။ မိအာႏွင့္ပိအာမွာ ေၾကာင္အစြာ က်န္ရစ္ခဲ့ရၿပီးမွ လီဝူရွင္းထံ ခပ္သြက္သြက္ ဂါရဝျပဳၿပီး ယီကြမ္းေနာက္သို႔ လိုက္ပါသြားေတာ့သည္။

ဖုခ်ိဳက ဝမ္ေဖးအေဆာင္တြင္း
ဝင္သြားသည့္ေနာက္
စကားတစ္လုံးတစ္ပါဒမွ်
မဟေတာ့ေသာ
သူ၏သခင္ႏွင့္ အေနရခက္စြာက်န္ရစ္ခဲ့ရၿပီး
ဖဲႀကိဳးနီမ်ားျဖင့္အလုပ္ရႈပ္ေနေသာ အလုပ္သမားမ်ားကို ျမင္ကာမွ သူ၏အလုပ္မ်ားကို သတိရၿပီး လီဝူရွင္းထံစကားစလာ၏။

"ဝမ္ရယ္ ကြၽန္ေတာ့္ဆီမွာ မဂ္လာပြဲတက္ေရာက္မယ့္သူစာရင္းရေနပါၿပီ။ၿပီးေတာ့ အရွင္မင္းႀကီးကပါ တက္ေရာက္ခ်ီးျမႇင့္မယ္ေျပာတယ္။ ဘယ္လိုမ်ိဳး စီစဥ္ထားရမလဲ?"

ဤမဂ္လာပြဲအား ဧကရာဇ္က
မျဖစ္မေနတက္ေရာက္ခ်ီးျမႇင့္ဖို႔
မလိုအပ္ေသာ္လည္း လီဝူရွင္းကို ေလွာင္ေျပာင္ေနၾကသူမ်ား
အကုန္ပါးစပ္ပိတ္ေစရန္ လီဧကရာဇ္က မဂ္လာပြဲကို တက္ေရာက္ခ်ီးျမႇင့္ျခင္းျဖင့္ လီဝူရွင္းကို မ်က္ႏွာသာေပးျခင္းသာလ်င္....။
ယေန႕ညီလာခံ၌လည္း လီဧကရာဇ္က ဤသို႔ဆိုေပ၏။

'က်န္းရဲ႕တတိယသားက
ႏွစ္ဆယ့္ငါးေရာက္မွ မဂ္လာပြဲက်င္းပရတာမို႔ က်န္းစိတ္မေကာင္းဘူး။
က်န္းရဲ႕ေခြၽးမကိုလည္း ေကာင္းေကာင္းဆက္ဆံေပးရမွာေပါ့'

လီဧကရာဇ္၏ သေဘာထားသည္ကား လီဝူရွင္းသာမက ယီမင္းသား ယီကြမ္းကိုပါ မ်က္ႏွာသာေပးလိုျခင္းပင္..။
ယီကြမ္းက
သူ၏ေတာ္ဝင္မင္းသားဘဝကို
စြန့္လႊတ္ၿပီး
တာ့လီ၏ေခြၽးမေတာ္အျဖစ္
ေနထိုင္ရသည္ဆိုကတည္းက
သူ႕အဖို႔ေတာ့
အရွက္ရမႈတစ္ခုပင္...။
သို႔ႏွင့္ လီဧကရာဇ္က
ယီဧကရာဇ်နှင့်ထားရှ်ိထားသော
ညီအကိုသံေယာဇဥ္အရ ယီကြမ္းကိုပါ မ်က္ႏွာသာေပးလိုျခင္းပင္... ။

ထို႔ေၾကာင့္ လီဝူရွင္းမွာ အမ်ိဳးသားတစ္ဦးကို လက္ထပ္ရေသာ္လည္း ႏွစ္ဦးႏွစ္ဖက္ အရွက္ရစရာ သိပ္မရွိေတာ့ေပ။ အဆုံးသတ္၌ ဤမဂ္လာက ဧကရာဇ္ကိုယ္တိုင္ ခ်ီးျမႇင့္ထားေသာ မဂ္လာပင္ မဟုတ္ပါလား။

လီဝူရွင္းကမူ သူ၏မဂ္လာပြဲကို တက္ေရာက္ခ်ီးျမႇင့္ရေသာ ခမည္းေတာ္၏ ရည္႐ြယ္ခ်က္ကို သိႏွင့္သည္မို႔
စိတ္လႈပ္ရွားျခင္းအလ်င္းမရွိေခ်။
သူ၏ခံစားခ်က္မဲ့ေသာ မ်က္ႏွာႏွင့္ပင္ ဖုခ်ိဳထံ ေျပာဆိုလိုက္၏။

"ပုံမွန္အတိုင္းပဲ စီစဥ္ထားလိုက္"

".....ဟုတ္ကဲ့။ ဝမ္ရယ္ မဂ္လာဝတ္႐ုံေတာ္က ေရာက္ေနပါၿပီ။ ဝမ္ရယ္နဲ႕ဝမ္ေဖး ဝတ္ၾကည့္ဖို႔လိုပါတယ္။ တစ္ခုခုမွားယြင္းေနရင္ ျပင္ရေအာင္လို႔ပါ။ "

"အင္း သြားဝတ္မယ္။"

လီဝူရွင္းက ဖုခ်ိဳႏွင့္အတူ မဂ္လာဝတ္႐ုံစမ္းဝတ္ရန္
စန္းရွန္းအေဆာင္သို႔ လိုက္ပါသြားသည့္ေနာက္ လင္းေဟြ႕အေဆာင္၌လည္း မိအာႏွင့္ပိအာက အလုပ္မ်ားလ်က္ရွိ၏။
ယီကြမ္းက ခရီးပန္း၍ အနားယူခ်င္ေသးေသာ္လည္း သူမေလးတို႔က မဂ္လာဝတ္႐ုံကိုစမ္းဝတ္ၾကည့္ေစခ်င္သည္ေၾကာင့္
ယီကြမ္းမွာ မဂ္လာဝတ္႐ုံကို ဝတ္ၾကည့္ေနရ၏။ ယခုမွမနက္အေစာႀကီးပင္ ရွိေသးသည္။ မဂ္လာပြဲသည္လည္း
သန္ဘက္ခါမွ က်င္းပမည္ကို သူမတို႔
ဘာကိုစိတ္လႈပ္ရွားေနသနည္း။
နားမလည္နိုင္ေပ။
ယီကြမ္းေစာင့္ေမွ်ာ္ေနမိေသာ
အခိုက္အတန့္သည္ကား ယခုထိေရာက္မလာေသးသည္မို႔ ယီကြမ္းသည္ကား
ပ်င္းရိလ်က္သာရွိေပ၏။

"ဒီဝတ္႐ုံက အရွင့္သားနဲ႕ကြက္တိပဲ။ အရွင့္သားက ၾကည့္ေကာင္းလိုက္တာ"

"အရမ္းလွတာပဲ ဝတ္႐ုံေတာ္က အရွင့္သားနဲ႕ အရမ္းလိုက္ဖက္လြန္းတယ္။"

ယီကြမ္းမွာ မိအာႏွင့္ပိအာ၏ အေတာမသတ္ေသာ ခ်ီးမႊမ္းမႈမ်ားအၾကား ပါရွားမွန္ထက္၌ ထင္ဟပ္ေနေသာ မိမိပုံရိပ္ကို
ၾကည့္ရႈမိသည္။ သူ၏မဂ္လာဝတ္႐ုံက အတိတ္ဘဝႏွင့္ မ်ားမ်ားစားစား
ေျပာင္းလဲသြားျခင္းမရွိပါေခ်။
ေျပာင္းလဲသြားျခင္းက သူသာလ်င္ .....။
သူကယခင္ဘဝကထက္
အရပ္နည္းနည္းပိုရွည္လာခဲ့ၿပီး
မ်က္ႏွာက
အနည္းငယ္ေျပာင္းလဲသြားခဲ့ဟန္တူသည္။ ယခင္ဘဝကအတိုင္း
ေဆးဆိုးပန္းရိုက္မ်ိဳးမျပဳေတာ့သည္မို႔ သူ၏မ်က္ႏွာက ပို၍ျဖဴျဖဴစင္စင္ႏွင့္
ၾကည့္ေကာင္းလာသည္ဟု ထင္မွတ္မိသည္။
မဂ္လာဝတ္႐ုံ....။
ဖီးနစ္ငွက္အသြင္
ေ႐ႊခ်ည္ထိုးငင္ထားေသာ ဝတ္႐ုံထက္တြင္ ေငြေရာင္လိပ္ျပာေလးမ်ားစြာကို
ဝန္းရံလ်က္ ခ်ည္ထိုးထားၿပီး
ပခုံးထက္၌မူ 
ေ႐ႊၾကယ္သီးငယ္မ်ားကို အလွအေနျဖင့္ ထိုးခ်ည္ထားကာ လင္းလက္လ်က္ရွိ၏။ ၾကမ္းျပင္သို႔ထိစပ္သည္အထိ ရွည္လ်ားကာ
အင္မတန္လွပေသာ ဝတ္႐ုံက တန္ဖိုးမနည္းလွေၾကာင္း ၾကည့္ရႈသူတိုင္း သိနိုင္သည္။

သူ၏ႏွလုံးသားသည္ကား
မွန္ျပင္ထက္မွသူကို ၾကည့္ရႈရင္း နာက်င္လာရ၏။

အတိတ္ဘဝ၌
သူမဂ္လာဝတ္႐ုံကို ႏွစ္ႀကိမ္တိုင္တိုင္ ဝတ္ဆင္ခဲ့သည္။

လီဝူရွင္းႏွင့္ လက္ထပ္ထိမ္းျမားခဲ့ေသာ အခ်ိန္....။

ထို႔ေနာက္

လီဝူရွင္းအေရွ႕၌ပင္
မိမိကိုယ္ကို အဆုံးစီရင္ခဲ့ေသာ အခ်ိန္...။

ယခုဘဝ၌မူ ဤအခါက သူဝတ္ဆင္ရေသာ သုံးႀကိမ္ေျမာက္ပါပင္...။
မသိလိုက္ခင္၌ပင္
ယီကြမ္း၏မ်က္ဝန္းမ်ားကနီရဲလာခဲ့ၿပီး ႏႈတ္ခမ္းဖ်ားက တုန္ယင္လာရသည္။
မိအာႏွင့္ပိအာက ေပ်ာ္႐ႊင္စြာ
ခ်ီးမႊမ္းေနၾကရင္း ယယီကြမ္း၏နီရဲရဲမ်က္ဝန္းမ်ားကို ျမင္ၿပီး
လန့္ျဖန့္ကုန္ၾကကာ
ေျခမကိုင္မိ၊လက္မကိုင္မိ
ျဖစ္ကုန္ၾကရသည္။
မိအာက ထိုအခါမွ
မိမိကိုယ္ကို အျပစ္တင္မိလိုက္သည္။ သူမက မဂ္လာဝတ္႐ုံက အရမ္းလွလြန္း၍ စိတ္လႈပ္ရွားမိသြားရၿပီး
သူမ၏အရွင့္သားက
ေယာက်ာ္းတစ္ဦးကို
လက္ထပ္ရမည္ဆိုျခင္းအား
ေမ့ေလ်ာ့သြားခဲ့သည္။
ပိအာသည္လည္း ထိုအတိုင္းသာလ်င္...။
အမ်ိဳးသားဝမ္ေဖးျဖစ္ရေတာ့မည့္ သခင္၏ အျဖစ္ကို အမွတ္ရမိၿပီး ယီကြမ္းနည္းတူ သူမ၏မ်က္ဝန္းမ်ားက မ်က္ရည္မ်ားစိုစြတ္လာခဲ့၏။

မိအာသည္ကား ယီကြမ္းကို ႏွစ္သိမ့္ေပးလာသည္။

"အရွင့္သား... စိတ္ခ်ပါ။ မိအာတို႔ ရွိေနသမွ် အရွင့္သားအထီးမက်န္ေစရဘူး။ ဘယ္သူမွလည္းအနိုင္မက်င့္ေစရဘူး။ အဲ့ဒါေၾကာင့္ စိတ္မေကာင္းမျဖစ္ပါနဲ႕ေနာ္။ "

ပိအာသည္လည္း ႏွာတရႈံ႕ရႈံ႕ျဖင့္ပင္..

"ဟုတ္ပါတယ္။ ပိအာလည္း အရွင့္သား ဘယ္သြားသြား အနားမွာ အေဖာ္ျပဳေပးမွာမို႔ အဲ့ဒီလိုစိတ္မေကာင္းမျဖစ္ပါနဲ႕။ အရွင့္သား ဘယ္ေတာ့မွ အထီးမက်န္ေစရပါဘူး။ "

"အ႐ူးမေလးေတြ ဘယ္သူက စိတ္မေကာင္းျဖစ္ေနလို႔လဲ? ငါအဆင္ေျပတယ္ မစိုးရိမ္နဲ႕"

"အာဝူးး. "

"ေရွာင္လန္.. မင္းကပါစိတ္မေကာင္းျဖစ္ေနတာလား ဟင္?"

လန္က ယီကြမ္းဝတ္ဆင္ထားေသာ မဂ္လာဝတ္႐ုံကို ပြတ္သပ္ေနသည္မို႔ မိအာက တားဆီးခ်င္ေသာ္လည္း
ဝံပုေလြေပါက္၏
ျပာလဲ့လဲ့မ်က္ဝန္းမ်ားက
မေက်မနပ္ၾကည့္လာသည္မို႔
မည္သို႔မွမဆိုရဲေတာ့ေခ်။
ယီကြမ္းကမူ ခြၽဲႏြဲ႕ေနေသာ
လန္၏ေက်ာျပင္ကို
သေဘာတက်
ပြတ္သပ္ေဆာ့ကစားေနသည့္ေနာက္
တံခါးေခါက္သံႏွင့္အတူ
ဖုခ်ိဳ၏အသံကို
ၾကားလိုက္ရေပ၏။

"ဝမ္ေဖး... ကြၽန္ေတာ္မ်ိဳး ဖုခ်ိဳပါ "

"အင္း ဘာကိစၥရွိလို႔လဲ?"

ယီကြမ္းက မဂ္လာဝတ္႐ုံကို ျပန္လည္
ခြၽတ္ထားလိုက္ၿပီး
သာမာန္ဝတ္႐ုံတစ္ထည္ကို
မိအာ၏အကူအညီႏွင့္
ဝတ္ဆင္ေနရင္းမွ
လွမ္း၍ေမးျမန္းလိုက္သည္။
တံခါးအျပင္ဘက္မွ ဖုခ်ိဳ၏အသံက ခဏတာ တိတ္ဆိတ္သြားၿပီး ေျပာရခက္ေနဟန္ရွိေသာ္လည္း ယီကြမ္းက ခဏတြင္းခ်င္း နားလည္လိုက္ကာ ၿပဳံးလိုက္မိသည္။

'သူတို႔ေရာက္လာၿပီပဲ။ '

ယီကြမ္းက အခ်ိန္မျဖဳန္းေတာ့ပဲ အျပာေရာင္ဝတ္႐ုံကို ေသသပ္စြာဝတ္ဆင္ၿပီးေနာက္ သူကအလ်င္ တံခါးဖြင့္လိုက္သည္။ တံခါးအျပင္၌မူ ဖုခ်ိဳအျပင္
အမ်ိဳးသမီးႀကီး သုံးေယာက္က
ရပ္ေနခဲ့သည္။ ဖုခ်ိဳသည္ကား
မ်က္ႏွာမသာမယာႏွင့္ပင္ ယီကြမ္းထံ ႏႈတ္ဆက္လာ၏။

"ဝမ္ေဖး.. သူတို႔က ဧကရီမယ္မယ္ လႊတ္လိုက္တဲ့ ေမာေမာ့*ေတြပါ။ "

(ေမာေမာ့-နန္းေတာ္မွ အႀကီးတန္း အထိန္းေတာ္)

"ေမာေမာ့? ဘာလုပ္ဖို႔မ်ားလဲ?"

ယီကြမ္းက မသိခ်င္ေယာင္ေဆာင္ကာ ေမးျမန္းမိလိုက္သည္။
ထိုအခါ ေျပာရခက္ေနဟန္ရွိေသာ
ဖုခ်ိဳအစား အသက္ႀကီးကာ ဝါအႀကီးဆုံး လင္းေမာေမာ့က ယီကြမ္းကို အရိုအေသျပဳကာစကားဆိုလာသည္။
အရိုအေသျပဳေသာ္ျငား
သူမ၏မ်က္လုံးမ်ားထဲတြင္
ေလးစားဟန္ အရိပ္အေယာင္
အနည္းငယ္မွ်ပင္ မရွိေခ်။

"ဝမ္ေဖးမယ္မယ္.. ကြၽန္မက လင္းေမာေမာ့လို႔ ေခၚပါတယ္။ ကြၽန္မတို႔ သုံးဦးက ဧကရီလႊတ္လိုက္တာျဖစ္ၿပီး ဝမ္ေဖးကို မဂ္လာပြဲမတိုင္ခင္နဲ႕ မဂ္လာပြဲ ၿပီးဆုံးၿပီး တစ္လၾကာသည္အထိ ဝမ္ေဖးတစ္ေယာက္ တတ္သင့္တဲ့ ပညာေတြကို သင္ေပးသြားမွာပါ"

"ဟုတ္လား?"

ယီကြမ္း၏အေမးကို လင္းေမာေမာ့က ေခါင္းၿငိမ့္ျပလိုက္ၿပီး သူမ၏အျပဳအမူက အနည္းငယ္ပင္ ေလးစားမႈရွိမေနေခ်။ သူမက ဧကရီလ်န္၏လူျဖစ္ၿပီး
ရန္ခ်င္းဝမ္၏ ဇနီး
ရန္ဝမ္ေဖးမည္ေသာ အမ်ိဳးသားကို
မဂ္လာပြဲ၌ အရွက္ရေအာင္ လုပ္ေဆာင္ရန္
လာျခင္းပင္...။
သူမက ေယာက်ာ္းတန္မဲ့ ႏြဲ႕လ်ကာ ဝမ္ေဖးျဖစ္ေနေသာ ထိုအမ်ိဳးသားကို မင္းသားတစ္ပါးျဖစ္ေနပါေစ ေလးစားမႈ အနည္းငယ္ေတာင္ မရွိေပ...။

သူမ၏အေပါင္းေဖာ္မ်ားသည္လည္း
ဤအတိုင္းသာလ်င္..။
ဤေနရာက ယီတိုင္းျပည္မဟုတ္ေခ်။
ဧကရီလ်န္အုပ္စိုးေသာ လီတိုင္းျပည္မို႔
ထိုမင္းသားကို သူမတို႔က ေၾကာက္ေနစရာအေၾကာင္းမရွိေပ။

လင္းေမာေမာ့မွာ သူမအေတြးႏွင့္သူမ ေက်နပ္ကာ ေမာ္ႂကြားေနစဥ္၌ ယီကြမ္း၏ မ်က္ဝန္းမ်ားထဲမွ ရက္စက္မႈအရိပ္အေယာင္မ်ားကို ျမင္ေတြ႕ျခင္းမရွိလိုက္ေခ်။
ယီကြမ္း၏ ႏႈတ္ခမ္းဖ်ားက
ၿပဳံးေယာင္သန္းေနခဲ့ၿပီး
မည္သူကမွ ေသခ်ာမျမင္နိုင္လိုက္ေသာ သူ၏အမူအရာကို
အေဝးမွေစာင့္ၾကပ္ေနေသာ သူ၏အရိပ္စစ္သည္မ်ားသာ ျမင္လိုက္ၾကၿပီး
ၾကက္သီးျဖန္းျဖန္းထသြားရသည္။
ထိုအၿပဳံးက ေသခ်ာေပါက္ ေကာင္းမြန္ေသာ အၿပဳံးဟုတ္မေနခဲ့ေခ်။

အရိပ္စစ္သည္မ်ားမွာ သူတို႔ေခါင္းေဆာင္ေရွ႕၌ ေမာ္ႂကြားစြာရပ္ေနၾကေသာ အမ်ိဳးသမီးႀကီးသုံးဦးအတြက္
ဘဝကူးေကာင္းေစရန္သာ
ဆုေတာင္းေပးလိုက္ၾကေပ၏။




ဒီဇာတ္လမ္းနဲ႕ပတ္သတ္ၿပီး ဘယ္လိုထင္ျမင္မိလဲဆိုတဲ့ အထင္အျမင္ေလးေတြ ေဆြးႏြေးနိုင္ပါတယ္။ commentေတြ Replyမျပန္လို႔ စိတ္မေကာင္းေတာ့မျဖစ္ပါနဲ႕။
စာေရးသူရဲ႕comment boxက တစ္ခုခုျဖစ္ေနေတာ့ Replyျပန္မရပါဘူး။ အကယ္၍ repspondျဖစ္တာကို လိုခ်င္ရင္ေတာ့
Message boxရယ္ message boardရယ္မွာ စကားလာေျပာနိုင္ပါတယ္။





















Olvasás folytatása

You'll Also Like

4.3M 497K 92
Title - The True Conqueror (အောင်နိုင်သူအရှင်) တောင်ပိုင်ဘုရင်ကြီးလင်းမိုနှင့် မြောက်ပိုင်းအိမ်ရှေ့စံ လီချန်းယုံတို့၏ ကြည်နူးဖွယ် ဒဏ္ဍာရီတစ်ပုဒ်... N...
548K 64K 183
Divine doctor : Daughter of the first wife [ မြန်မာ ဘာသာပြန် ] Author : 杨十六 (Yang Shi Liu) English Translator : Spring Rain Translations Group Discla...
1.5M 223K 163
Both Unicode and Zawgyi are available ! Title - 穿成炮灰反派怎么破 Author - 莫西辞 (Mò xī cí) Type - web novel (CN) Status in COO- 303 chapters + 3 extras(Comple...