ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 235K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၁၂)

12K 2.3K 348
By Meng_L

伪装学渣
Wei Zhuang Xue Zha



ZAWGYI


မင္းဘာေသာက္႐ူးထတာလဲ

ရႊီရွာမွာ ရံုးခန္းအတြင္းရွိလုပ္ေဖာ္ကိုင္ဘက္ ဆရာ/ဆရာမမ်ား၏ ႏွစ္သိမ့္မႈကိုရၿပီးေနာက္တြင္ေတာ့ စိတ္ထဲ၌ပိတ္ဆို႔လ်က္ရွိသည့္ ေဒါသတို႔မွာအတန္ငယ္ေျပေလွ်ာ့၍သြားေလသည္။ ဒီလိုနဲ႔ပင္ နာမည္စာရင္းအားယူ၍ ထရပ္လိုက္ကာအတန္းရွိရာဘက္ထြက္လာခဲ့ရေတာ့၏။ သူမရံုးခန္းအတြင္းမွထြက္လာသည့္အခ်ိန္မွာကား တာဝန္က်ရာအတန္းစခ်ိန္နဲ႔ဆို(၁၀)မိနစ္ခန္႔ပင္ေက်ာ္လြန္လို႔ေနၿပီျဖစ္သည္။



ရွဲ႕ယြီသည္ တမင္ရည္ရြယ္ၿပီး ေနာက္က်တာမဟုတ္ရဘဲ သူသည္ပစၥည္းေတြအကုန္လံုးကိုေနရာခ်ထားလို႔ၿပီးကာမွ အတန္းဘက္ထြက္လာခဲ့ျခင္းေၾကာင့္ အခ်ိန္အနည္ငယ္က်န္႔ၾကာသြားခဲ့ရေလသည္။ အစကေတာ့ျဖင့္ အခန္းအေပါက္ဝမွာပဲ ရပ္ေနခိုင္းခံရေတာ့မည္ဟုထင္မွတ္၍ အသင့္ျပင္ဆင္လို႔ထားမိရေပမယ့္ မထင္မွတ္ထားသည္မွာ အတန္းပိုင္ေရာက္လာတာက သူ႔ထက္ပင္ေနာက္က်လို႔ေနပါေသး၏။

ရွဲ႕ယြီ ျပတင္းေပါက္နားမွျဖတ္ေလွ်ာက္လိုက္မိသည္ႏွင့္ နဂိုကပြက္ေလာ႐ိုက္ဆူညံလို႔ေနပါသည့္ စာသင္ခန္းမွာ ႐ုတ္ခ်ည္းဆိုသလိုပင္တိတ္ဆိတ္ၿငိမ္သက္လို႔သြားေတာ့၏။ အားလံုးမွာ မတ္မတ္ထိုင္လိုက္ၾကၿပီး ေရွ႕ကေက်ာက္သင္ပုန္းထက္တြင္ မည္သည့္စာလံုးမွမရွိေသာ္ျငား ေရွ႕တုရွဳသို႔သာတည့္တည့္စိုက္ၾကည့္ကုန္ၾကသည္။



"အတန္းေဖာ္တို႔ ကၽြန္ေတာ့္မ်ိဳး႐ိုးနာမည္က လွ်ိဳ ၊ နာမည္က ခၽြိင္ေဟာက္ ၊ မွန္ပါတယ္ လွ်ိဳခၽြိင္ေဟာက္ပါ။ အားလံုးပဲ အနည္းနဲ႔အမ်ားေတာ့ ကၽြန္ေတာ့္အေၾကာင္းေတြကိုၾကားသိထားၾကလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။ ကၽြန္ေတာ္မႏွစ္က အထက္တန္းပထမႏွစ္ရဲ႕ အခန္း(1-7)မွာ အတန္းေခါင္းေဆာင္တာဝန္ယူခဲ့ပါတယ္။ ဒီလိုအတန္းကိုတာဝန္ယူစီမံရတာက အေတြ႕အၾကံဳေတြလည္းမ်ားစြာရရွိတာဟုတ္ေပမယ္လို႔ ကၽြန္ေတာ္ေမွ်ာ္လင့္မိတာကေတာ့ အကယ္လို႔ ခဏေနအတန္းေခါင္းေဆာင္ေရြးဖို႔ရွိလာခဲ့မယ္ဆိုရင္ ---  --- ကၽြန္ေတာ့္ကိုလံုးဝကိုမေရြးခ်ယ္ၾကဖို႔ပါပဲ။"

အားလံုးၿငိမ္ေနၾကခ်ိန္မွာ ေက်ာင္းသားတစ္ဦးသည္သာ မတ္တပ္ထရပ္လ်က္ ျပတင္းေပါက္ကိုေက်ာေပးလို႔ထားၿပီး အဆက္မျပတ္စကားေတြဆိုေနေလသည္။

အာသြက္လွ်ာသြက္ရွိလြန္းလွသည့္ ေကာင္ေလးတစ္ေယာက္ပါပင္ ၊ ေျပာေနစဥ္တြင္လည္း မထိန္းႏိုင္မသိမ္းႏိုင္ျဖင့္ လက္ဟန္ေျခဟန္ေတြပင္ပါေနေသး၏။

"ကၽြန္ေတာ့္ကို မေရြးၾကပါနဲ႔ ၊ အခြင့္အေရးကို ပိုၿပီးလိုအပ္မယ့္လူစီကိုပဲ ေပးၾကပါ ၊ အထူးသျဖင့္ေတာ့ တစ္ခါမွအတန္းေခါင္းေဆာင္မလုပ္ဖူးတဲ့လူေပါ့ ၊ ကၽြန္ေတာ္ကေတာ့ သူတို႔တစ္ေတြကို ေပးဖို႔ကပိုလိုအပ္လိမ့္္လို႔ပဲထင္မိတယ္ ၊ သူတို႔ကိုယ္တိုင္လည္း အခြင့္အေရးရသြားတာေပါ့။"

ေဘးအနားရွိလူမွာေတာ့ သူ႔အားျပတင္းအျပင္ဘက္စီၾကည့္ရန္ အသားကုန္မ်က္ရိပ္ေတြျပေနေပသည့္တိုင္ ထိုလွ်ိဳခၽြိင္ေဟာက္ဆိုသည့္ေက်ာင္းသားကေတာ့ ဆိုလိုခ်င္သည္ကိုတစ္စက္ကေလးမွ် အာရံုမစိုက္မိဘဲရွိေခ်သည္။

". . .  . . . အတိုခ်ဳပ္ရရင္ေတာ့ ကၽြန္ေတာ့္ကိုမေရြးဖို႔ပါပဲ ၊ မင္တို႔ဘာလုပ္ေနတာၾကတုန္း ၊ ငါ့ကိုမ်က္စိေတြမွိတ္မျပၾကနဲ႔ေလ ၊ ငယ္ငယ္ရြယ္ရြယ္နဲ႔ ရည္စားထားဖို႔ ငါအစီအစဥ္မရွိဘူး။"



---  --- ရွဲ႕ယြီမွာ လက္ကိုေျမႇာက္၍ တံခါးကိုေခါက္လိုက္ပါေတာ့၏။



လွ်ိဳခၽြိင္ေဟာက္သည္ အသံလာရာသို႔ လွည့္ၾကည့္လို႔လာၿပီး တစ္ခဏအတြင္းမွာပဲ အာေစးမိသြားလ်က္စကားေတြလည္းေပ်ာက္ဆံုးလို႔သြားသည္။

သူႏွင့္အတူထိုင္သည့္သူမွာ ေလသံတိုးတိုးျဖင့္ ဆိုလို႔လာေခ်၏။

"အစ္ကိုေဟာက္ ၊ ခုနကဆို အားလံုးကကိုမ်က္ရိပ္ေတြျပေနၾကတာမ်ား ဒီေလာက္အသိသာႀကီးဟာ ၊ ဒါကိုမင္းကေတာ့ ကိုယ့္ဟာနဲ႔ကိုယ္ပဲနစ္ေျမာေနေတာ့တာ။"

လွ်ိဳခၽြိင္ေဟာက္သည္ စိတ္ထဲမွာေတာ့စကားလံုးေတြေထာင္ေသာင္းမကရွိေနေပမယ့္ ဘယ္လိုေျပာထြက္ကမည္ကိုပဲ မသိဘဲျဖစ္ေနရွာ၏။ တိတ္တိတ္ဆိတ္ဆိတ္နဲ႔ပဲ ထိုင္ကာခ်လိုက္ႏိုင္ျပီး ဘာမွမျဖစ္ခဲ့သည့္ပံုစံသာဖမ္းထားလိုက္ေတာ့သည္။

"တစ္ခုခုရွိရင္လည္း တဲ့တိုးေျပာၾကပါလားကြ ၊ ဘာမ်က္လံုးေတြမွိတ္ျပေနမွန္းမသိနဲ႔။"



ရွဲ႕ယြီဆိုသည္မွာကား အေစာကတည္းကိုက နာမည္ႀကီးလွသူ။

ေက်ာင္းထဲစဝင္လိုက္ကတည္းကိုက ခိုးခ်တယ္ဆိုတဲ့လႈိင္းလံုးႀကီးေၾကာင့္ အားလံုးရဲ႕စိတ္ထဲမွာ စာခိုးခ်တဲ့နတ္ဘုရားတစ္ပါးလိုပံုရိပ္မ်ိဳးထင္ဟပ္လ်က္ရွိေနေလသည္။

ကနဦးအစမွာေတာ့ အားလံုးေျပာဆိုေဆြးေႏြးၾကသည့္ ဦးတည္ရာမွာ - ဒီတစ္ေယာက္ အစြမ္းထက္ခ်က္ပဲ ၊ အထက္တန္းဝင္ခြင့္စာေမးပြဲကိုေတာင္ ခိုးခ်ရဲတယ္ ၊ ေျပာတာၾကားတာေတာ့ သူ႔နဂိုအမွတ္ကိုႏွစ္ဆလုပ္လိုက္ရင္ေတာင္မွ အမွတ္(၂)မွာေအာင္ဖို႔မျဖစ္ႏိုင္ဘူးတဲ့။

ထို႔ေနာက္တြင္ေတာ့ ရွဲ႕ယြီသည္ အတန္းလစ္၍ ေက်ာင္းအျပင္တြင္ ရန္ပြဲျဖစ္လိုက္ပါေသးသည္။ (၁)ေယာက္ႏွင့္ (၅)ေယာက္ယွဥ္ခ်၏။ အျပစ္ေပးျခင္းအေနျဖင့္ အရွက္ရေစေအာင္ စာလံုးႀကီးႀကီးျဖင့္ ေၾကျငာသင္ပုန္းထက္စာသင္ႏွစ္တစ္ႏွစ္လံုးလံုးကပ္၍ထားၿပီး တစ္ေက်ာင္းလံုးကိုအသိေပးေလသည္။ တစ္ပြဲတည္းနဲ႔ကို နာမည္ႀကီးလို႔သြားခဲ့ပါ၏။



ယခု၌ရွဲ႕ယြီသည္ တံခါးေပါက္ဝ၌ရပ္လ်က္ရွိၿပီး ေက်ာပိုးအိတ္အားပုခံုးတစ္ဖက္၌လြယ္ထား၍ လက္ကိုျဖင့္ေဘာင္းဘီအိတ္ကပ္အတြင္းထည့္လို႔ထားကာ မ်က္ႏွာထက္၌မွာေတာ့ ခံစားခ်က္တို႔ကင္းမဲ့ကာေနသည္။

အတန္းတြင္းမွာကား လူေတြအျပည့္ပင္ရွိလို႔ေနေလၿပီ။ ေနမေကာင္းလို႔ ခြင့္ယူထားသည့္ မလာႏိုင္တဲ့သူမ်ားကလည္း အခန္းခြဲသည္ကိုၾကားမိေတာ့ အခန္းတြင္းကခင္မင္ရင္းႏွီးပါသည့္ အတန္းေဖာ္မ်ားအား လြယ္အိတ္တင္၍ေနရာဦးခိုင္းထားၾကေလသည္။ ေက်ာင္းစတက္ခ်ိန္မွာ ႏိုင္လိုမင္းထက္ျပဳမယ့္သူရဲ႕ေဘး၌ထိုင္ရမည္ကို ေၾကာက္ၾကေသာေၾကာင့္ပင္။

ရွဲ႕ယြီသည္ ေဘးဘီဝဲယာသို႔ ႏွစ္ႀကိမ္ခန္႔ၾကည့္ၿပီးခန္႔တြင္ေတာ့ ႏွစ္rowေျမာက္၏ ေနာက္ဆံုးတန္းတြင္သာ ႏွစ္ေနရာစာလြတ္လ်က္ရွိသည္ကိုေတြ႕သည္။ ဤသို႔ျဖင့္ သူသည္မေႏွးမျမန္ပံုမွန္ေျခလွမ္းမ်ားျဖင့္ အေနာက္တန္းသို႔ေလွ်ာက္၍သြားလိုက္ပါ၏။



ေက်ာင္းသားတခ်ိဳ႕မွာ ေခါင္းခ်င္းဆိုင္၍ တီးတိုးေျပာဆိုလို႔ေနၾကသည္။

"ငါတို႔ဒီလိုလုပ္တာ ေကာင္းပါ့မလား ၊ ဒီလိုကၾက သူတို႔ႏွစ္ေယာက္ကို အတူတူထိုင္ခိုင္းလိုက္သလိုျဖစ္မသြားဘူးလား? ေတာင္တစ္ေတာင္ထဲမွာ က်ားႏွစ္ေကာင္မရွိရဆိုသလိုမ်ိဳး သူတို႔ႏွစ္ေယာက္ၾကား ဓာတုေဗဒဓာတ္ျပဳမႈတစ္စံုတစ္ရာျဖစ္လာလို႔ရွိရင္ အတန္းတစ္ခုလံုး ေပါက္ကြဲမ်ားသြားမလားပဲ?"

"ဒါဆိုလည္း မင္းပဲရွဲ႕ယြီနဲ႔တစ္ခံုတည္းသြားထိုင္လိုက္ေလ?"

". . .  . . . ငါမေသခ်င္ေသးဘူးကြ။"



(၅)မိနစ္ ၊ (၆)မိနစ္ခန္႔ၾကာသြားၿပီးသည့္ေနာက္တြင္မွ ရႊီရွာသည္ စာအုပ္ကိုပိုက္လ်က္အတန္းတြင္းဝင္ေရာက္လို႔လာသည္။

"အားလံုးနီးပါးေရာက္ၾကၿပီလား ၊ ဘယ္သူက်န္ေသးလဲ?"

လွ်ိဳခၽြိင္ေဟာက္တစ္ေယာက္မွာ အတန္းေခါင္းေဆာင္မလုပ္ဘူး ၊ အတန္းေခါင္းေဆာင္မလုပ္ဘူး ဟုသာဆိုေနေပမယ့္ အတန္းေခါင္းေဆာင္အျဖစ္အက်င့္ကပါေနကာ ကိုယ္ခႏၶာမွာဆို ဦးေႏွာက္ကထိန္းခ်ဳပ္လို႔ပင္မရေတာ့ဘဲ အလိုလိုပင္တံု႔ျပန္ကာ လက္ကိုေထာင္၍ မတ္တပ္ထရပ္လိုက္မိေခ်သည္။

"ဆရာမ ၊ တစ္ေယာက္က်န္ေနေသးတယ္။"

ရွဲ႕ယြီမွာ မေန႔ညကနည္းနည္းေသာက္လိုက္ေသးသည့္အတြက္ အခုခ်ိန္ထိေခါင္းကမူးေနာက္လို႔ေနစဲရွိတာေၾကာင့္ စားပြဲခံုထက္ေမွာက္၍ လက္ကိုေခါင္းအံုး၍သာအိပ္ေနလိုက္ေတာ့သည္။

ရႊီရွာသည္ ဟိုဒီၾကည့္လိုက္ရင္း အၾကည့္တို႔မွာေနာက္ဆံုးတန္း၏ တစ္စံုတစ္ေယာက္ေသာသူထံ၌ ခဏၾကာမွ်ရပ္တန္႔သြားခဲ့ၿပီးမွ မ်က္ေမွာင္ကိုၾကဳတ္၍ အၾကည့္ျပန္လႊဲလိုက္ေလသည္။

"မလာမွေတာ့လည္း ထားလိုက္ေတာ့။ ခဏေနလို႔ အတန္းလႊတ္ရင္ ေအာက္ထပ္မွာစာအုပ္ေတြသြားထုတ္ၾကလို႔ရၿပီ ၊ အားလံုးပဲဘယ္နားသြားထုတ္ရမလဲ သိၾကတယ္မလား? ၿပီးရင္ေတာ့ ဆရာမ အတန္းအတြက္အဓိကလိုအပ္မယ့္အခ်က္ေလးေတြ အၾကမ္းဖ်င္းေလာက္ေျပာမယ္. . .   . . ."



ရႊီရွာမွာ ထိုေနာက္က်တဲ့သူအား အေရးမထားခ်င္ပဲရွိသည့္တိုင္ ေနာက္က်တဲ့သူမွာေတာ့ ကားကားကားကားျဖင့္ အေပါက္ဝသို႔ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ေရာက္ခ်လို႔လာေခ်သည္။

"ခြင့္ျပဳပါ---  ---"

ဟယ့္ေက်ာင္းသည္ တံခါးေပါက္ဝ၌ရပ္လ်က္ရွိၿပီး အလြန္မွလည္းယဥ္ေက်းလို႔ေန၏။

"ေတာင္းပန္ပါတယ္ ၊ ကၽြန္ေတာ္ေနာက္က်သြားတယ္။"



အေပါက္ဝရွိလူ၏ ပံုပန္းသြင္ျပင္မွာကား ထင္ရွားေပၚလြင္လွၿပီး အနက္ေရာင္တီရွပ္ႏွင့္ ဂ်င္းေဘာင္းဘီအျပာရင့္ကိုတြဲ၍ဝတ္လို႔ထားလ်က္ အက်ႌလက္အနားတို႔ကိုေခါက္၍ထားေလသည္။ စကားေျပာေနစဥ္တြင္လည္း အျပံဳးေရးေရးေလးစြက္လ်က္ရွိရာ ၾကည့္ရသည္မွာ ပံုမွန္ဆို ေက်ာင္းသူကေလးေတြ ဝိုင္းလုၾကမည့္ လူႀကိဳက္မ်ားေပၚျပဴလာျဖစ္သည့္ ပုဂၢိဳလ္မ်ိဳးပင္ျဖစ္၏။ အျပစ္တစ္စံုတစ္ရာလုပ္ထားဦးေတာ့ သူ႔အားတစ္ခ်က္မွ်ၾကည့္မိလိုက္သည္ႏွင့္ ေဒါသတို႔ေျပေလွ်ာ့သြားႏိုင္မည့္အမ်ိဳးေပ။

အပ်င္းထူထူမ်ိဳးျဖင့္ ၾကည့္ရသည္မွာအခ်ိဳးမက်လွသည့္ လူရမ္းကားပံုစံမ်ိဳး လံုးဝကိုမွမေပါက္ဘဲ အေတာ္ေလးကို တက္တက္ႂကြႂကြပံုစံမ်ိဳးရွိလွေပသည္။

ရႊီရွာပင္ အတန္ငယ္အံ့ၾသလို႔သြားခဲ့ရ၏။



ရွဲ႕ယြီႏွင့္ ဟယ့္ေက်ာင္းအား သူမအရင္ကျဖင့္ မသင္ဖူးဘဲရွိသည့္တိုင္ ေက်ာင္းအတြင္းပ်ံ႕လ်က္ရွိသည့္ သတင္းေတြအကုန္လံုးကိုေတာ့ ၾကားဖူးၿပီးျဖစ္ေလသည္။ ဦးေႏွာက္ထဲေတာက္ေလွ်ာက္ကိန္းဝပ္လို႔ေနသည္မွာ လမ္းေလွ်ာက္ရင္လည္း အိပက္ပက္ျဖင့္ ဘာကၽြမ္းက်င္မႈ အရည္အခ်င္းမ်ိဳးမွမရွိသည့္ ၊ ထိုင္ခံုစားပြဲေတြကို ကန္ေက်ာက္ပစ္တတ္သည့္ ၊ အဝတ္အစားဆိုလည္း ေကာင္းေကာင္းမြန္မြန္မဝတ္ဆင္ဘဲရွိၾကမည့္ ေကာင္ကေလးေတြဟုပင္ျဖစ္သည္။

ဒီေန႔ေတာ့ျဖင့္ အားလံုးကိုျမင္ေတြ႕လိုက္ၿပီးျဖစ္၏ ---  --- ရွဲ႕ယြီအေပၚ ကိုျဖင့္ သူမ၏အျမင္မွာ ေခါင္းအေနာက္ဘက္နားကေလးတစ္ခုပဲျဖစ္ေသာ္ျငားလည္းေပါ့။



ရႊီရွာ၏ကေလးပင္လွ်င္ အလယ္တန္းတက္ေရာက္ေတာ့မွာျဖစ္သည့္အတြက္ သူမမွာ ငယ္ငယ္ရြယ္ရြယ္ေကာင္မေလးေတြ၏အေတြးအေခၚမ်ိဳးေတာ့ဘယ္ဟုတ္ေတာ့မလဲေလ။ ၾကည့္မရျဖစ္တာေတာ့ ၾကည့္မရျဖစ္ေနစဲပါေပ။ ထိုသူ႔အေပၚ ေဒါသေတြပံုခ်ဖို႔ရာ ပါးစပ္ျပင္၍စကားလံုးေတြထြက္က်လုစဲစဲမွာပင္ ေျပာဖို႔ရာမွာမမွီလိုက္ေတာ့ပဲရွိသည္။ ဟယ့္ေက်ာင္းသည္ လက္ကိုဆန္႔လိုက္လ်က္ လူတစ္ေယာက္အားေဘးသို႔ ဆြဲထုတ္လိုက္ပါ၏။

"ေက်းဇူးျပဳၿပီး ကၽြန္ေတာ္ေနာက္က်ရတဲ့အေျကာင္းအရင္းေလးကို ရွင္းျပခြင့္ျပဳပါ။"

မ်က္မွန္ဝိုင္းမွာ ခလုတ္တိုက္မိလုမတက္ျဖစ္လ်က္ ျဗဳန္းစားႀကီးဟယ့္ေက်ာင္း၏ဆြဲထုတ္ျခင္းကိုခံလိုက္ရသည္။

"အားလံုးပဲ မဂၤလာပါ ၊ ကၽြန္ေတာ္ကေတာ့ အခန္း(2-8)က ရွိန္က်ယ္ပါ ၊ ကၽြန္ေတာ္ ဒီေန႔ ေလွ်ာက္လမ္းထက္မွာ ႐ုတ္တရက္ေနလို႔မေကာင္းျဖစ္လာတုန္း ကံေကာင္းစြာနဲ႔ ေက်ာင္းသားဟယ့္ကေတြ႕ၿပီး မဆိုင္းမတြကူညီေပးခဲ့တာပါ ၊ ကၽြန္ေတာ့္မွာ နာတာရွည္ရွိ. . .  . . . နာတာရွည္ေရာဂါ. . .  . . ."

႐ုတ္တရက္ဆိုသလို မိမိဘာေရာဂါျဖစ္ေနသလဲဆိုတာကို ရွိန္က်ယ္မွာေမ့လို႔သြားၿပီျဖစ္တာေၾကာင့္ အေတာ္ၾကာေအာင္ ဟိုလိုလိုဒီလိုလိုျဖင့္ရွိရ၏။

ဟယ့္ေက်ာင္းက သူ႔အားသတိလွမ္း၍ေပးလာသည္။

"အစာအိမ္ေရာင္ရမ္းတဲ့ နာတာရွည္ေရာဂါ။"

"မင္း ငါ့ကိုနည္းနည္း႐ိုးရွင္းတာေလး ေပးလို႔မရဘူးလား?"

ရွိန္က်ယ္က ေျပာလိုက္၏။

ဟယ့္ေက်ာင္း : "နာမည္နည္းနည္းရွည္ေတာ့ ပိုၿပီးျပင္းတယ္ထင္ရတယ္ေလကြာ။"



ရႊီရွာမွာ ေဒါသအေတာ္ေလးထြက္ေနၿပီျဖစ္သည္။

ဒီႏွစ္ေယာက္က သူ႔ကိုအ႐ူးလုပ္ေနၾကတာလား?

"မင္းတို႔အဲ့ဒါ တစ္ညီတစ္ၫြတ္တည္းနဲ႔ ေအာ္ပရာဇာတ္ခင္းေနၾကတာေပါ့ေလ?"

ေျပာၿပီးေနာက္တြင္ေတာ့ သူမသည္ စတိတ္ေအာက္သို႔ ၫႊန္ကာျပလိုက္ၿပီး. .

"ငါ အားလံုးရဲ႕အခ်ိန္ေတြကိုအလဟႆမျဖစ္ေစခ်င္ဘူး ၊ မင္းေနရာလြတ္တစ္ခုရွာၿပီး ဝင္ထိုင္ေခ်ေတာ့ ၊ ဟိုမယ္ ၊ ဟိုကေမွာက္အိပ္ေနတဲ့တစ္ေယာက္ရဲ႕ေဘးနား။"

ေမွာက္ကာအိပ္ေနသည့္ ရွဲ႕ယြီမွာလႈပ္၍လာသည္။ တစ္စံုတစ္ရာကိုၾကာလိုက္လို႔ပဲလား ၊သို႔မဟုတ္ မ်က္လံုးအစံုတို႔၏အၾကည့္ေတြကိုခံစားမိလိုက္၍ပဲလား သူသည္ေခါင္းေထာင္၍ ကိုယ္ကိုမတ္လိုက္ၿပီးေနာက္ ျဖည္းျဖည္းခ်င္းမ်က္ဝန္းတို႔ကိုဖြင့္လိုက္၏။

". . . . . ."

ဟယ့္ေက်ာင္း : ". . . . . ."



ဝန္းက်င္ရွိေလထုက အနည္းငယ္ထူးဆန္းလို႔ေနသည္။

အလြန္မွလည္း သိမ္ေမြ႕နက္နဲလ်က္ရွိ၏။

လွ်ိဳခၽြိင္ေဟာက္သည္ ေဘးကတစ္ေယာက္အား စာရြက္တစ္ရြက္လွမ္းေပးလိုက္၏။ စာရြက္ထက္ေရးထားသည္မွာ - ခ်မ်ားခ်ၾကေတာ့မွာလား?

တစ္စားပြဲတည္းအတူထိုင္ ေဘးကတစ္ေယာက္က စာျပန္လာ၏ - ကၽြန္ေတာ္ေတာ့ ေလထုထဲကအားေတြ လႈိင္းထဂယက္႐ိုက္ေနတယ္လို႔ ခံစားမိေနၿပီ ၊ ရက္စက္ခက္ထန္ခ်က္ပဲ။



သို႔ေသာ္ျငားလည္း ေထာင္ေသာင္းမကအၾကည့္ေတြ၏ေအာက္၌ ဟယ့္ေက်ာင္းသည္ စကားလံုးသံုးလံုးတည္းကိုသာဆို၍လာေလသည္။

"သူငယ္ခ်င္း?"

ရွဲ႕ယြီ : ". . . . . ."

"ေရစက္ပဲ။"

ဟယ့္ေက်ာင္းက ထပ္မံဆိုလာခဲ့၏။

"ဘယ္လိုေတာင္ တိုက္ဆိုင္တာ။"



ဘယ္လိုျဖစ္သည္မသိရ ၊ ဒီအစ္ကိုႀကီးႏွစ္ေယာက္ ဘယ္အခ်ိန္တုန္းကမ်ား အေရွ႕ႏွင့္အေနာက္ေဆာင္ကိုေက်ာ္ခြၿပီး ခင္မင္ရင္းႏွီးမႈတည္ေဆာက္လိုက္ၾကသည္မသိရေပ ၊ အထက္တန္းဒုတိယႏွစ္ အခန္း(3)တစ္တန္းလံုးမွာ ၿပိဳင္တူပင္သက္ျပင္းေမာခ်လိုက္မိၾကရ၏။

သူတို႔မွာ အစတုန္းကေတာ့ အသက္ရွဴမွားမတက္ ေၾကာက္လန္႔စရာေကာင္းၿပီး ေသြးပင္လယ္ေဝေတာ့မည္ဟုပင္ ေတြးထင္လို႔ထားၾကတာျဖစ္သည္။



ရႊီရွာသည္ အေၾကာင္းအရာနည္းနည္းေျပာလို႔လာ၏ ၊ ထိုင္ဖို႔ေနရာစီမံေပးျခင္း ၊ အတန္းေခါင္းေဆာင္ေရြးျခင္း ၊ အိမ္စာအျဖစ္ ဘာသာရပ္မ်ားကို ႀကိဳတင္ေလ့လာထားေစၿပီး နိဂံုးခ်ဳပ္အေနႏွင့္ အားလံုးပဲ အသစ္အသစ္ေသာပံုစံမ်ိဳးျဖင့္ စာသင္ႏွစ္အသစ္ကိုႀကိဳဆိုၾကဖို႔ရန္ေျပာၾကားလို႔လာ၏။

"အခ်ိန္နည္းနည္းက်န္ေနေသးေတာ့ ၊ နာမည္စာရင္းအရ ဆရာမ နာမည္ေခၚလိုက္တဲ့အတန္းသားေတြစင္ေပၚတက္ၿပီး ကိုယ့္အေၾကာင္းကိုယ္ အနည္းအက်ဥ္းေလာက္မိတ္ဆက္ေပးၾကမယ္ေနာ္။"

လက္ခုပ္သံေတြၾကား ဟယ့္ေက်ာင္းသည္လည္း စိတ္မပါ့တပါႏွင့္ သံုး/ေလးခ်က္ခန္႔လိုက္၍တီးလိုက္၏။

ရွဲ႕ယြီကေတာ့ ေခါင္းမူးလို႔ေနတာနဲ႔ ျပန္ကာေမွာက္လို႔အိပ္လိုက္ျပန္သည္။



". . . . . ."

"ကၽြန္ေတာ္က ဝမ့္သာပါ ၊ ကၽြန္ေတာ္ဝါသနာပါတာေတြကေတာ့ အေတာ္ေလးမ်ားပါတယ္ ၊ ဥပမာဆိုရရင္ စာဖတ္တာ ၊ အားကစားလုပ္တာ. . .  . . ."

"အားလံုးပဲ မဂၤလာပါ ၊ ရႊဲရွီရွိန္းလို႔ေခၚပါတယ္ ၊ အားလံုးပဲအတူတကြ ႀကိဳးပမ္းအားထုတ္ၾကမယ္ ၊ စာႀကိဳးစားၾကမယ္ ၊ တိုးတက္ေအာင္လုပ္ၾကဖို႔ေမွ်ာ္လင့္ပါတယ္။"

"ဖုေဖ့။"

"သင္းလ်န္႔ဟြာ. . .  . . ."



ဟယ့္ေက်ာင္းသည္ တခဏၾကာနားေထာင္ၿပီးေနာက္တြင္ေတာ့ ရွဲ႕ယြီရဲ႕ပုခံုးကိုလွမ္းလို႔ပုတ္လိုက္လ်က္ လွည့္ကာၾကည့္ရင္းေမးလိုက္သည္။

"ေဟ့ ၊ ရွဲ႕ယြီဆိုတာဘယ္တစ္ေယာက္လဲ မင္းသိလား?"

ရွဲ႕ယြီသည္ စားပြဲထက္ေမွာက္ေနရင္းမွ ေခါင္းကိုေစာင္းငဲ့၍ သူ႔အားလွမ္းလို႔ၾကည့္လိုက္၏။

"ဟမ္?"

စင္ထက္က ေက်ာင္းသားတစ္ေယာက္မွာ အရွက္အေၾကာက္ႀကီးပံုရကာ စကားေျပာရာမွာလည္း ျခင္ေအာ္သံႏွင့္ပင္တူလို႔ေနေသးၿပီး ကိုယ္ဝါသနာပါတာကိုယ္ေျပာဖို႔အေရး အၾကာႀကီးပါးစပ္ပိတ္လို႔ေနၿပီးေနာက္မွ 'ေရကူး' ဆိုတဲ့စကားလံုးႏွစ္လံုးထြက္၍လာခဲ့သည္။ စင္ေအာက္သို႔ျပန္ဆင္းသြားရခ်ိန္ၾကမွသာ သက္ျပင္းခ်ႏိုင္ေလေတာ့သည္။

ဟယ့္ေက်ာင္းက စကားတစ္ေၾကာင္းထပ္ျဖည့္လို႔လာျပန္၏။

"ဟိုတစ္ေယာက္ေလကြာ ၊ အေနာက္ေဆာင္က ၊ အနက္ေရာင္လက္သည္းဆိုးေဆးဆိုးတတ္တဲ့ ပံုမွန္မဟုတ္တဲ့အ႐ူးေကာင္ေလ။"

ဟယ့္ေက်ာင္းမွာ လူေျပာမ်ားအထင္ကရျဖစ္သည့္ အေနာက္ေဆာင္ကအစ္ကိုႀကီးအေၾကာင္း အနည္းငယ္စူးစမ္းခ်င္စိတ္ျဖစ္မိ၏။ အေနာက္ေဆာင္ရွဲ႕ယြီ၏ စြမ္းစြမ္းတမံထူးခၽြန္ေျပာင္ေျမာက္မႈေတြကိုျဖင့္ ဟယ့္ေက်ာင္းကဘယ္လိုမွစိတ္ဝင္စားျခင္းမရွိပါေသာ္လည္းဘာေၾကာင့္ရယ္ေတာ့မသိ ၊ သူ႔မွာ အနက္ေရာင္လက္သည္းဆိုးေဆးဆိုတဲ့အေပၚကိုျဖင့္ နက္နက္ရႈိင္းရႈိင္းကို စြဲမက္၍အမွတ္ရလို႔ေနသည္။ တစ္တန္းလံုးကို တစ္ခ်က္မွ်လွည့္ပတ္ၾကည့္ၿပီးသည့္တိုင္ ထိုလိုဆရာႀကီးေတြက သူတို႔မ်က္ႏွာကိုလူအျမင္မခံဘူးဆိုသလိုပဲ သက္ျပင္းသာလွ်င္ခ်လိုက္ႏိုင္ေတာ့သည္။ လက္သည္းဆိုးေဆးကိုဖ်က္ထားၿပီး ဘယ္တစ္ေယာက္ကအမွန္ျဖစ္မည္ဆိုတာကို မသိရေလေအာင္မ်ားလုပ္ထားသလားပဲ။

ရွဲ႕ယြီက သူ႔အားစိတ္ရႈပ္ေနသည့္ မ်က္ႏွာထားနဲ႕ၾကည့္လို႔ေနသည္။

"သူငယ္ခ်င္း ၊ မင္းက သိတာလားမသိတာလား. . ."

ဟယ့္ေက်ာင္းက အတင္းေမးလာျပန္သည္။

". . .  . . . တကယ္ေတာ့ငါ သူ႔ကိုအေတာ္ေလး စိတ္ဝင္စားမိေနလို႔ ၊ အခြင့္အေရးမ်ားရရင္ တစ္ေယာက္နဲ႔တစ္ေယာက္အျမင္ေတြဖလွယ္ခ်င္တာ။"



ရႊီရွာသည္ စင္ထက္ကေနေအာ္လိုက္၏။

"ေနာက္တစ္ေယာက္ ၊ ရွဲ႕ယြီ။"



ရွဲ႕ယြီသည္ ေအးေအးသက္သာျဖင့္ ထကာရပ္လိုက္ၿပီး ယခုေနဟယ့္ေက်ာင္း၏ မ်က္ႏွာအမူအရာက ဘယ္လိုမ်ားေတာင္ျဖစ္ေနမလဲဆိုတာကို လွည့္ပင္မၾကည့္ဘဲ သူသည္စင္ထက္သို႔သာတက္လို႔သြားလိုက္၏။ ထို႔ေနာက္ ေျမျဖဴကိုယူ၍ ေက်ာက္သင္ပုန္းထက္ 'ရွဲ႕ယြီ' ဆိုသည့္စာလံုးႏွစ္လံုးအားခ်ေရးလိုက္ေလသည္။ လက္ေရးလက္သားက အားပါၿပီး အေတာ္ေလးကိုလွပ၏။

ထို႔ေနာက္ သူသည္ေျမျဖဴအား ဘူးထဲသို႔ပစ္ထည့္လိုက္ၿပီး လက္ထဲတင္က်န္ေနသည့္ေျမျဖဴမႈန္ေတြကို႐ိုက္ကာခါခ်ရင္းမွ တိုတိုတုတ္တုတ္နဲ႔ထိထိေရာက္ေရာက္ရွိစြာ ကိုယ့္ကိုယ္ကိုယ္မိတ္ဆက္လို႔လာခဲ့သည္။

"ရွဲ႕ယြီ ၊ ၿပီးေတာ့ ငါအနက္ေရာင္လက္သည္းဆိုးေဆးမဆိုးဘူး။"

ရွဲ႕ယြီ ေနာက္ဆံုးတစ္ေၾကာင္းအားေျပာခ်ိန္၌ အၾကည့္တို႔မွာ တစ္စံုတစ္ေယာက္ေသာအ႐ူးေကာင္ထံ တစ္သမတ္တည္းေရာက္ရွိလို႔ေနတာျဖစ္သည္။ သို႔တိုင္ေအာင္ ထိုမ်ိဳး႐ိုးဟယ့္ႏွင့္ အ႐ူးေကာင္မွာ ကသိကေအာက္နည္းနည္းေလးေသာ္မွ်မျဖစ္ဘဲရွိသည္။ အားလံုးပင္မည္သူမွ်ဘာဆိုလို႔ဆိုရမွန္းမသိဘဲျဖစ္ေနသည့္ တိတ္ဆိတ္လြန္းလွသည့္အေျခအေနမွာပင္ ထိုအ႐ူးေကာင္မွာ ဦးေဆာင္ဦးရြက္ျပဳလက္ခုပ္တီးလ်က္ ထံုေက်ာျဖစ္သူကို မ်က္ႏွာပန္းလွေအာင္လုပ္ေပးလို႔လာသည္။

(T/N : ထံုေက်ာ/同桌 = deskmate အတန္းထဲမွာတစ္စားပြဲတည္း ေဘးနားအတူထိုင္တဲ့သူ။)

"ေကာင္းတယ္! ေျပာတာေကာင္းတယ္!"

ရွဲ႕ယြီ : ". . . . . ."

ယီးပဲေဟ့။



ရွဲ႕ယြီကိုယ့္ကိုယ္ကိုယ္မိတ္ဆက္လို႔အျပီး ကိုယ့္ေနရာကိုယ္ျပန္လာထိုင္ၿပီးေနာက္တြင္ ဟယ့္ေက်ာင္းမွာ ေျပာင္ေျပာင္တင္းတင္းပင္ ရွဲ႕ယြီ၏လက္အားစိုက္ကာျကည့္ေလေတာ့သည္။ ရွဲ႕ယြီမွာ အားေနၿပီးဘာမွလည္းလုပ္စရာမရွိတာနဲ႔ စာရြက္ထက္ေတာင္ျခစ္ေျမာက္ျခစ္လုပ္ေနရာမွ အၾကည့္ခံေနရျခင္းေၾကာင့္ ေဖာင္တိန္ကိုလႊတ္ခ်ပစ္လိုက္ၿပီး. . .

"မင္းကေသာက္႐ူးပဲ။"

ဟယ့္ေက်ာင္းက ေျပာလို႔လာသည္။

"မင္းတကယ္ႀကီး မဆိုးထားဘူးေပါ့? ယံုတမ္းစကားေတြထဲက မင္းကဒီလိုပံုစံမ်ိဳးမွမဟုတ္ပဲ။"

အေနာက္ေဆာင္ကအစ္ကိုႀကီး၏ အထင္ကရဇာတ္လမ္းေတြထဲ လက္သည္းဆိုးေဆးဆိုတာက အေရးႀကီးတဲ့အခန္းက႑ကပါဝင္ရပ္တည္လ်က္ရွိသည္။ ဟယ့္ေက်ာင္းတစ္ေယာက္ အေစာပိုင္းကတည္းက ရွဲ႕ယြီဆိုသည့္ထိုနာမည္အားမွတ္မိလို႔ေနရသည့္အေၾကာင္းရင္းမွာ ပံုမွန္မဟုတ္တဲ့ လက္သည္းဆိုးေဆးေၾကာင့္ပင္ျဖစ္သည္။

". . .  . . . ယီးကိုယံုတမ္း$$$"

ဟယ့္ေက်ာင္းသည္ ခ်က္ခ်င္းပင္ ရွဲ႕ယြီရဲ႕လက္အားလွမ္းဆြဲယူလိုက္၏။

"မ႐ုန္းနဲ႔ ၊ ငါၾကည့္ၾကည့္မယ္။"

ရွဲ႕ယြီမွာ ထိုသူဒီလိုတဲ့တိုးႀကီးလုပ္ခ်လာလိမ့္မည္ဟု မထင္ထားပဲရွိကာ အသိျပန္ဝင္လာခ်ိန္မွာေတာ့ ဟယ့္ေက်ာင္းက သူ႔ရဲ႕လက္အားဆုပ္ကိုင္လို႔ပင္ထားၿပီးေနၿပီျဖစ္သည္။



ရွဲ႕ယြီ၏လက္တို႔မွာ ေၾကာ့ရွင္းသပ္ရပ္ျပီး အနည္းငယ္လည္းႏူးညံ့လွ၏။

သန္႔သန္႔ရွင္းရွင္း ၊ ရွည္သြယ္သြယ္ျဖင့္ အ႐ိုးအဆစ္တို႔ထင္းကာ လက္သည္းေတြကိုလည္း ညီေနေအာင္ပင္ညႇပ္၍ထားေလသည္။

ငယ္ငယ္တုန္းက အိမ္၏အေျခအေနလည္းေကာင္းေနစဥ္အခါကဆို ကုရႊယ္လန္သည္ သူ႔အားစႏၵယားတီးသြားသင္ဖို႔ေျပာေသး၏ ၊ သူ၏လက္ေတြက ရွည္ရွည္သြယ္သြယ္ရွိတာေျကာင့္ သင့္ေလွ်ာ္သည္ဟုဆိုလာခဲ့သည္။ ရလဒ္ကေတာ့ျဖင့္ ရွဲ႕ယြီမွာ ဆိုးဆိုးရြားရြားပင္အျခားသူမ်ားအေပၚ လက္သီးသံုးခ်လာခဲ့ၿပီးေနာက္မွာေတာ့ အုပ္ထိန္းသူမိဘမ်ားမွာ ေန႔တိုင္းလိုလို ကိုယ့္ကေလးကိုယ္ဆြဲေခၚလ်က္ သူတို႔အိမ္သို႔အေျပးေရာက္လာျကတတ္ၾကသည္။ ခင္ဗ်ားတို႔အိမ္ကကေလးက ဘာလိုျဖစ္ေနတာလဲ ၊ ဘာလို႔လူကို႐ိုက္တာလဲဟူ၍ ဆိုလာၾက၏။

ထို႔ေနာက္တြင္ေတာ့ ကုရႊယ္လန္မွာ စႏၵယားႏွင့္ပတ္သက္လို႔ ထပ္၍ပင္ စကားမဟမိေတာ့ပါေခ်။



ဟယ့္ေက်ာင္းသည္ ခုဏကေလးမွဆြဲယူလိုက္သည့္လက္အား ေသခ်ာေအာင္ပင္မၾကည့္ရေသး ရွဲ႕ယြီမွာခ်က္ခ်င္းပင္ေပါက္ကြဲလို႔လာလ်က္ လက္ကိုဆတ္ခနဲျပန္႐ုပ္လို႔သြားေတာ့သည္။

". . .  . . . FUCK ၊ မင္းဘာေသာက္႐ူးထတာလဲ။"



____________


ေက်ာင္းစတတ္တဲ့ေန႔မွာပဲ လက္အကိုင္ခံလိုက္ရတဲ့ရွဲ႕ယြီေလး :p 😂😂





UNICODE


မင်းဘာသောက်ရူးထတာလဲ

ရွှီရှာမှာ ရုံးခန်းအတွင်းရှိလုပ်ဖော်ကိုင်ဘက် ဆရာ/ဆရာမများ၏ နှစ်သိမ့်မှုကိုရပြီးနောက်တွင်တော့ စိတ်ထဲ၌ပိတ်ဆို့လျက်ရှိသည့် ဒေါသတို့မှာအတန်ငယ်ပြေလျှော့၍သွားလေသည်။ ဒီလိုနဲ့ပင် နာမည်စာရင်းအားယူ၍ ထရပ်လိုက်ကာအတန်းရှိရာဘက်ထွက်လာခဲ့ရတော့၏။ သူမရုံးခန်းအတွင်းမှထွက်လာသည့်အချိန်မှာကား တာဝန်ကျရာအတန်းစချိန်နဲ့ဆို(၁၀)မိနစ်ခန့်ပင်ကျော်လွန်လို့နေပြီဖြစ်သည်။



ရှဲ့ယွီသည် တမင်ရည်ရွယ်ပြီး နောက်ကျတာမဟုတ်ရဘဲ သူသည်ပစ္စည်းတွေအကုန်လုံးကိုနေရာချထားလို့ပြီးကာမှ အတန်းဘက်ထွက်လာခဲ့ခြင်းကြောင့် အချိန်အနည်ငယ်ကျန့်ကြာသွားခဲ့ရလေသည်။ အစကတော့ဖြင့် အခန်းအပေါက်ဝမှာပဲ ရပ်နေခိုင်းခံရတော့မည်ဟုထင်မှတ်၍ အသင့်ပြင်ဆင်လို့ထားမိရပေမယ့် မထင်မှတ်ထားသည်မှာ အတန်းပိုင်ရောက်လာတာက သူ့ထက်ပင်နောက်ကျလို့နေပါသေး၏။

ရှဲ့ယွီ ပြတင်းပေါက်နားမှဖြတ်လျှောက်လိုက်မိသည်နှင့် နဂိုကပွက်လောရိုက်ဆူညံလို့နေပါသည့် စာသင်ခန်းမှာ ရုတ်ချည်းဆိုသလိုပင်တိတ်ဆိတ်ငြိမ်သက်လို့သွားတော့၏။ အားလုံးမှာ မတ်မတ်ထိုင်လိုက်ကြပြီး ရှေ့ကကျောက်သင်ပုန်းထက်တွင် မည်သည့်စာလုံးမှမရှိသော်ငြား ရှေ့တုရှုသို့သာတည့်တည့်စိုက်ကြည့်ကုန်ကြသည်။



"အတန်းဖော်တို့ ကျွန်တော့်မျိုးရိုးနာမည်က လျှို ၊ နာမည်က ချွိင်ဟောက် ၊ မှန်ပါတယ် လျှိုချွိင်ဟောက်ပါ။ အားလုံးပဲ အနည်းနဲ့အများတော့ ကျွန်တော့်အကြောင်းတွေကိုကြားသိထားကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်မနှစ်က အထက်တန်းပထမနှစ်ရဲ့ အခန်း(1-7)မှာ အတန်းခေါင်းဆောင်တာဝန်ယူခဲ့ပါတယ်။ ဒီလိုအတန်းကိုတာဝန်ယူစီမံရတာက အတွေ့အကြုံတွေလည်းများစွာရရှိတာဟုတ်ပေမယ်လို့ ကျွန်တော်မျှော်လင့်မိတာကတော့ အကယ်လို့ ခဏနေအတန်းခေါင်းဆောင်ရွေးဖို့ရှိလာခဲ့မယ်ဆိုရင် ---  --- ကျွန်တော့်ကိုလုံးဝကိုမရွေးချယ်ကြဖို့ပါပဲ။"

အားလုံးငြိမ်နေကြချိန်မှာ ကျောင်းသားတစ်ဦးသည်သာ မတ်တပ်ထရပ်လျက် ပြတင်းပေါက်ကိုကျောပေးလို့ထားပြီး အဆက်မပြတ်စကားတွေဆိုနေလေသည်။

အာသွက်လျှာသွက်ရှိလွန်းလှသည့် ကောင်လေးတစ်ယောက်ပါပင် ၊ ပြောနေစဉ်တွင်လည်း မထိန်းနိုင်မသိမ်းနိုင်ဖြင့် လက်ဟန်ခြေဟန်တွေပင်ပါနေသေး၏။

"ကျွန်တော့်ကို မရွေးကြပါနဲ့ ၊ အခွင့်အရေးကို ပိုပြီးလိုအပ်မယ့်လူစီကိုပဲ ပေးကြပါ ၊ အထူးသဖြင့်တော့ တစ်ခါမှအတန်းခေါင်းဆောင်မလုပ်ဖူးတဲ့လူပေါ့ ၊ ကျွန်တော်ကတော့ သူတို့တစ်တွေကို ပေးဖို့ကပိုလိုအပ်လိမ့််လို့ပဲထင်မိတယ် ၊ သူတို့ကိုယ်တိုင်လည်း အခွင့်အရေးရသွားတာပေါ့။"

ဘေးအနားရှိလူမှာတော့ သူ့အားပြတင်းအပြင်ဘက်စီကြည့်ရန် အသားကုန်မျက်ရိပ်တွေပြနေပေသည့်တိုင် ထိုလျှိုချွိင်ဟောက်ဆိုသည့်ကျောင်းသားကတော့ ဆိုလိုချင်သည်ကိုတစ်စက်ကလေးမျှ အာရုံမစိုက်မိဘဲရှိချေသည်။

". . .  . . . အတိုချုပ်ရရင်တော့ ကျွန်တော့်ကိုမရွေးဖို့ပါပဲ ၊ မင်တို့ဘာလုပ်နေတာကြတုန်း ၊ ငါ့ကိုမျက်စိတွေမှိတ်မပြကြနဲ့လေ ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်စားထားဖို့ ငါအစီအစဉ်မရှိဘူး။"



---  --- ရှဲ့ယွီမှာ လက်ကိုမြှောက်၍ တံခါးကိုခေါက်လိုက်ပါတော့၏။



လျှိုချွိင်ဟောက်သည် အသံလာရာသို့ လှည့်ကြည့်လို့လာပြီး တစ်ခဏအတွင်းမှာပဲ အာစေးမိသွားလျက်စကားတွေလည်းပျောက်ဆုံးလို့သွားသည်။

သူနှင့်အတူထိုင်သည့်သူမှာ လေသံတိုးတိုးဖြင့် ဆိုလို့လာချေ၏။

"အစ်ကိုဟောက် ၊ ခုနကဆို အားလုံးကကိုမျက်ရိပ်တွေပြနေကြတာများ ဒီလောက်အသိသာကြီးဟာ ၊ ဒါကိုမင်းကတော့ ကိုယ့်ဟာနဲ့ကိုယ်ပဲနစ်မြောနေတော့တာ။"

လျှိုချွိင်ဟောက်သည် စိတ်ထဲမှာတော့စကားလုံးတွေထောင်သောင်းမကရှိနေပေမယ့် ဘယ်လိုပြောထွက်ကမည်ကိုပဲ မသိဘဲဖြစ်နေရှာ၏။ တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ထိုင်ကာချလိုက်နိုင်ပြီး ဘာမှမဖြစ်ခဲ့သည့်ပုံစံသာဖမ်းထားလိုက်တော့သည်။

"တစ်ခုခုရှိရင်လည်း တဲ့တိုးပြောကြပါလားကွ ၊ ဘာမျက်လုံးတွေမှိတ်ပြနေမှန်းမသိနဲ့။"



ရှဲ့ယွီဆိုသည်မှာကား အစောကတည်းကိုက နာမည်ကြီးလှသူ။

ကျောင်းထဲစဝင်လိုက်ကတည်းကိုက ခိုးချတယ်ဆိုတဲ့လှိုင်းလုံးကြီးကြောင့် အားလုံးရဲ့စိတ်ထဲမှာ စာခိုးချတဲ့နတ်ဘုရားတစ်ပါးလိုပုံရိပ်မျိုးထင်ဟပ်လျက်ရှိနေလေသည်။

ကနဦးအစမှာတော့ အားလုံးပြောဆိုဆွေးနွေးကြသည့် ဦးတည်ရာမှာ - ဒီတစ်ယောက် အစွမ်းထက်ချက်ပဲ ၊ အထက်တန်းဝင်ခွင့်စာမေးပွဲကိုတောင် ခိုးချရဲတယ် ၊ ပြောတာကြားတာတော့ သူ့နဂိုအမှတ်ကိုနှစ်ဆလုပ်လိုက်ရင်တောင်မှ အမှတ်(၂)မှာအောင်ဖို့မဖြစ်နိုင်ဘူးတဲ့။

ထို့နောက်တွင်တော့ ရှဲ့ယွီသည် အတန်းလစ်၍ ကျောင်းအပြင်တွင် ရန်ပွဲဖြစ်လိုက်ပါသေးသည်။ (၁)ယောက်နှင့် (၅)ယောက်ယှဉ်ချ၏။ အပြစ်ပေးခြင်းအနေဖြင့် အရှက်ရစေအောင် စာလုံးကြီးကြီးဖြင့် ကြေငြာသင်ပုန်းထက်စာသင်နှစ်တစ်နှစ်လုံးလုံးကပ်၍ထားပြီး တစ်ကျောင်းလုံးကိုအသိပေးလေသည်။ တစ်ပွဲတည်းနဲ့ကို နာမည်ကြီးလို့သွားခဲ့ပါ၏။



ယခု၌ရှဲ့ယွီသည် တံခါးပေါက်ဝ၌ရပ်လျက်ရှိပြီး ကျောပိုးအိတ်အားပုခုံးတစ်ဖက်၌လွယ်ထား၍ လက်ကိုဖြင့်ဘောင်းဘီအိတ်ကပ်အတွင်းထည့်လို့ထားကာ မျက်နှာထက်၌မှာတော့ ခံစားချက်တို့ကင်းမဲ့ကာနေသည်။

အတန်းတွင်းမှာကား လူတွေအပြည့်ပင်ရှိလို့နေလေပြီ။ နေမကောင်းလို့ ခွင့်ယူထားသည့် မလာနိုင်တဲ့သူများကလည်း အခန်းခွဲသည်ကိုကြားမိတော့ အခန်းတွင်းကခင်မင်ရင်းနှီးပါသည့် အတန်းဖော်များအား လွယ်အိတ်တင်၍နေရာဦးခိုင်းထားကြလေသည်။ ကျောင်းစတက်ချိန်မှာ နိုင်လိုမင်းထက်ပြုမယ့်သူရဲ့ဘေး၌ထိုင်ရမည်ကို ကြောက်ကြသောကြောင့်ပင်။

ရှဲ့ယွီသည် ဘေးဘီဝဲယာသို့ နှစ်ကြိမ်ခန့်ကြည့်ပြီးခန့်တွင်တော့ နှစ်rowမြောက်၏ နောက်ဆုံးတန်းတွင်သာ နှစ်နေရာစာလွတ်လျက်ရှိသည်ကိုတွေ့သည်။ ဤသို့ဖြင့် သူသည်မနှေးမမြန်ပုံမှန်ခြေလှမ်းများဖြင့် အနောက်တန်းသို့လျှောက်၍သွားလိုက်ပါ၏။



ကျောင်းသားတချို့မှာ ခေါင်းချင်းဆိုင်၍ တီးတိုးပြောဆိုလို့နေကြသည်။

"ငါတို့ဒီလိုလုပ်တာ ကောင်းပါ့မလား ၊ ဒီလိုကကြ သူတို့နှစ်ယောက်ကို အတူတူထိုင်ခိုင်းလိုက်သလိုဖြစ်မသွားဘူးလား? တောင်တစ်တောင်ထဲမှာ ကျားနှစ်ကောင်မရှိရဆိုသလိုမျိုး သူတို့နှစ်ယောက်ကြား ဓာတုဗေဒဓာတ်ပြုမှုတစ်စုံတစ်ရာဖြစ်လာလို့ရှိရင် အတန်းတစ်ခုလုံး ပေါက်ကွဲများသွားမလားပဲ?"

"ဒါဆိုလည်း မင်းပဲရှဲ့ယွီနဲ့တစ်ခုံတည်းသွားထိုင်လိုက်လေ?"

". . .  . . . ငါမသေချင်သေးဘူးကွ။"



(၅)မိနစ် ၊ (၆)မိနစ်ခန့်ကြာသွားပြီးသည့်နောက်တွင်မှ ရွှီရှာသည် စာအုပ်ကိုပိုက်လျက်အတန်းတွင်းဝင်ရောက်လို့လာသည်။

"အားလုံးနီးပါးရောက်ကြပြီလား ၊ ဘယ်သူကျန်သေးလဲ?"

လျှိုချွိင်ဟောက်တစ်ယောက်မှာ အတန်းခေါင်းဆောင်မလုပ်ဘူး ၊ အတန်းခေါင်းဆောင်မလုပ်ဘူး ဟုသာဆိုနေပေမယ့် အတန်းခေါင်းဆောင်အဖြစ်အကျင့်ကပါနေကာ ကိုယ်ခန္ဓာမှာဆို ဦးနှောက်ကထိန်းချုပ်လို့ပင်မရတော့ဘဲ အလိုလိုပင်တုံ့ပြန်ကာ လက်ကိုထောင်၍ မတ်တပ်ထရပ်လိုက်မိချေသည်။

"ဆရာမ ၊ တစ်ယောက်ကျန်နေသေးတယ်။"

ရှဲ့ယွီမှာ မနေ့ညကနည်းနည်းသောက်လိုက်သေးသည့်အတွက် အခုချိန်ထိခေါင်းကမူးနောက်လို့နေစဲရှိတာကြောင့် စားပွဲခုံထက်မှောက်၍ လက်ကိုခေါင်းအုံး၍သာအိပ်နေလိုက်တော့သည်။

ရွှီရှာသည် ဟိုဒီကြည့်လိုက်ရင်း အကြည့်တို့မှာနောက်ဆုံးတန်း၏ တစ်စုံတစ်ယောက်သောသူထံ၌ ခဏကြာမျှရပ်တန့်သွားခဲ့ပြီးမှ မျက်မှောင်ကိုကြုတ်၍ အကြည့်ပြန်လွှဲလိုက်လေသည်။

"မလာမှတော့လည်း ထားလိုက်တော့။ ခဏနေလို့ အတန်းလွှတ်ရင် အောက်ထပ်မှာစာအုပ်တွေသွားထုတ်ကြလို့ရပြီ ၊ အားလုံးပဲဘယ်နားသွားထုတ်ရမလဲ သိကြတယ်မလား? ပြီးရင်တော့ ဆရာမ အတန်းအတွက်အဓိကလိုအပ်မယ့်အချက်လေးတွေ အကြမ်းဖျင်းလောက်ပြောမယ်. . .   . . ."



ရွှီရှာမှာ ထိုနောက်ကျတဲ့သူအား အရေးမထားချင်ပဲရှိသည့်တိုင် နောက်ကျတဲ့သူမှာတော့ ကားကားကားကားဖြင့် အပေါက်ဝသို့ဆိုက်ဆိုက်မြိုက်မြိုက်ရောက်ချလို့လာချေသည်။

"ခွင့်ပြုပါ---  ---"

ဟယ့်ကျောင်းသည် တံခါးပေါက်ဝ၌ရပ်လျက်ရှိပြီး အလွန်မှလည်းယဉ်ကျေးလို့နေ၏။

"တောင်းပန်ပါတယ် ၊ ကျွန်တော်နောက်ကျသွားတယ်။"



အပေါက်ဝရှိလူ၏ ပုံပန်းသွင်ပြင်မှာကား ထင်ရှားပေါ်လွင်လှပြီး အနက်ရောင်တီရှပ်နှင့် ဂျင်းဘောင်းဘီအပြာရင့်ကိုတွဲ၍ဝတ်လို့ထားလျက် အကျႌလက်အနားတို့ကိုခေါက်၍ထားလေသည်။ စကားပြောနေစဉ်တွင်လည်း အပြုံးရေးရေးလေးစွက်လျက်ရှိရာ ကြည့်ရသည်မှာ ပုံမှန်ဆို ကျောင်းသူကလေးတွေ ဝိုင်းလုကြမည့် လူကြိုက်များပေါ်ပြူလာဖြစ်သည့် ပုဂ္ဂိုလ်မျိုးပင်ဖြစ်၏။ အပြစ်တစ်စုံတစ်ရာလုပ်ထားဦးတော့ သူ့အားတစ်ချက်မျှကြည့်မိလိုက်သည်နှင့် ဒေါသတို့ပြေလျှော့သွားနိုင်မည့်အမျိုးပေ။

အပျင်းထူထူမျိုးဖြင့် ကြည့်ရသည်မှာအချိုးမကျလှသည့် လူရမ်းကားပုံစံမျိုး လုံးဝကိုမှမပေါက်ဘဲ အတော်လေးကို တက်တက်ကြွကြွပုံစံမျိုးရှိလှပေသည်။

ရွှီရှာပင် အတန်ငယ်အံ့သြလို့သွားခဲ့ရ၏။



ရှဲ့ယွီနှင့် ဟယ့်ကျောင်းအား သူမအရင်ကဖြင့် မသင်ဖူးဘဲရှိသည့်တိုင် ကျောင်းအတွင်းပျံ့လျက်ရှိသည့် သတင်းတွေအကုန်လုံးကိုတော့ ကြားဖူးပြီးဖြစ်လေသည်။ ဦးနှောက်ထဲတောက်လျှောက်ကိန်းဝပ်လို့နေသည်မှာ လမ်းလျှောက်ရင်လည်း အိပက်ပက်ဖြင့် ဘာကျွမ်းကျင်မှု အရည်အချင်းမျိုးမှမရှိသည့် ၊ ထိုင်ခုံစားပွဲတွေကို ကန်ကျောက်ပစ်တတ်သည့် ၊ အဝတ်အစားဆိုလည်း ကောင်းကောင်းမွန်မွန်မဝတ်ဆင်ဘဲရှိကြမည့် ကောင်ကလေးတွေဟုပင်ဖြစ်သည်။

ဒီနေ့တော့ဖြင့် အားလုံးကိုမြင်တွေ့လိုက်ပြီးဖြစ်၏ ---  --- ရှဲ့ယွီအပေါ် ကိုဖြင့် သူမ၏အမြင်မှာ ခေါင်းအနောက်ဘက်နားကလေးတစ်ခုပဲဖြစ်သော်ငြားလည်းပေါ့။



ရွှီရှာ၏ကလေးပင်လျှင် အလယ်တန်းတက်ရောက်တော့မှာဖြစ်သည့်အတွက် သူမမှာ ငယ်ငယ်ရွယ်ရွယ်ကောင်မလေးတွေ၏အတွေးအခေါ်မျိုးတော့ဘယ်ဟုတ်တော့မလဲလေ။ ကြည့်မရဖြစ်တာတော့ ကြည့်မရဖြစ်နေစဲပါပေ။ ထိုသူ့အပေါ် ဒေါသတွေပုံချဖို့ရာ ပါးစပ်ပြင်၍စကားလုံးတွေထွက်ကျလုစဲစဲမှာပင် ပြောဖို့ရာမှာမမှီလိုက်တော့ပဲရှိသည်။ ဟယ့်ကျောင်းသည် လက်ကိုဆန့်လိုက်လျက် လူတစ်ယောက်အားဘေးသို့ ဆွဲထုတ်လိုက်ပါ၏။

"ကျေးဇူးပြုပြီး ကျွန်တော်နောက်ကျရတဲ့အကြောင်းအရင်းလေးကို ရှင်းပြခွင့်ပြုပါ။"

မျက်မှန်ဝိုင်းမှာ ခလုတ်တိုက်မိလုမတက်ဖြစ်လျက် ဗြုန်းစားကြီးဟယ့်ကျောင်း၏ဆွဲထုတ်ခြင်းကိုခံလိုက်ရသည်။

"အားလုံးပဲ မင်္ဂလာပါ ၊ ကျွန်တော်ကတော့ အခန်း(2-8)က ရှိန်ကျယ်ပါ ၊ ကျွန်တော် ဒီနေ့ လျှောက်လမ်းထက်မှာ ရုတ်တရက်နေလို့မကောင်းဖြစ်လာတုန်း ကံကောင်းစွာနဲ့ ကျောင်းသားဟယ့်ကတွေ့ပြီး မဆိုင်းမတွကူညီပေးခဲ့တာပါ ၊ ကျွန်တော့်မှာ နာတာရှည်ရှိ. . .  . . . နာတာရှည်ရောဂါ. . .  . . ."

ရုတ်တရက်ဆိုသလို မိမိဘာရောဂါဖြစ်နေသလဲဆိုတာကို ရှိန်ကျယ်မှာမေ့လို့သွားပြီဖြစ်တာကြောင့် အတော်ကြာအောင် ဟိုလိုလိုဒီလိုလိုဖြင့်ရှိရ၏။

ဟယ့်ကျောင်းက သူ့အားသတိလှမ်း၍ပေးလာသည်။

"အစာအိမ်ရောင်ရမ်းတဲ့ နာတာရှည်ရောဂါ။"

"မင်း ငါ့ကိုနည်းနည်းရိုးရှင်းတာလေး ပေးလို့မရဘူးလား?"

ရှိန်ကျယ်က ပြောလိုက်၏။

ဟယ့်ကျောင်း : "နာမည်နည်းနည်းရှည်တော့ ပိုပြီးပြင်းတယ်ထင်ရတယ်လေကွာ။"



ရွှီရှာမှာ ဒေါသအတော်လေးထွက်နေပြီဖြစ်သည်။

ဒီနှစ်ယောက်က သူ့ကိုအရူးလုပ်နေကြတာလား?

"မင်းတို့အဲ့ဒါ တစ်ညီတစ်ညွတ်တည်းနဲ့ အော်ပရာဇာတ်ခင်းနေကြတာပေါ့လေ?"

ပြောပြီးနောက်တွင်တော့ သူမသည် စတိတ်အောက်သို့ ညွှန်ကာပြလိုက်ပြီး. .

"ငါ အားလုံးရဲ့အချိန်တွေကိုအလဟဿမဖြစ်စေချင်ဘူး ၊ မင်းနေရာလွတ်တစ်ခုရှာပြီး ဝင်ထိုင်ချေတော့ ၊ ဟိုမယ် ၊ ဟိုကမှောက်အိပ်နေတဲ့တစ်ယောက်ရဲ့ဘေးနား။"

မှောက်ကာအိပ်နေသည့် ရှဲ့ယွီမှာလှုပ်၍လာသည်။ တစ်စုံတစ်ရာကိုကြာလိုက်လို့ပဲလား ၊သို့မဟုတ် မျက်လုံးအစုံတို့၏အကြည့်တွေကိုခံစားမိလိုက်၍ပဲလား သူသည်ခေါင်းထောင်၍ ကိုယ်ကိုမတ်လိုက်ပြီးနောက် ဖြည်းဖြည်းချင်းမျက်ဝန်းတို့ကိုဖွင့်လိုက်၏။

". . . . . ."

ဟယ့်ကျောင်း : ". . . . . ."



ဝန်းကျင်ရှိလေထုက အနည်းငယ်ထူးဆန်းလို့နေသည်။

အလွန်မှလည်း သိမ်မွေ့နက်နဲလျက်ရှိ၏။

လျှိုချွိင်ဟောက်သည် ဘေးကတစ်ယောက်အား စာရွက်တစ်ရွက်လှမ်းပေးလိုက်၏။ စာရွက်ထက်ရေးထားသည်မှာ - ချများချကြတော့မှာလား?

တစ်စားပွဲတည်းအတူထိုင် ဘေးကတစ်ယောက်က စာပြန်လာ၏ - ကျွန်တော်တော့ လေထုထဲကအားတွေ လှိုင်းထဂယက်ရိုက်နေတယ်လို့ ခံစားမိနေပြီ ၊ ရက်စက်ခက်ထန်ချက်ပဲ။



သို့သော်ငြားလည်း ထောင်သောင်းမကအကြည့်တွေ၏အောက်၌ ဟယ့်ကျောင်းသည် စကားလုံးသုံးလုံးတည်းကိုသာဆို၍လာလေသည်။

"သူငယ်ချင်း?"

ရှဲ့ယွီ : ". . . . . ."

"ရေစက်ပဲ။"

ဟယ့်ကျောင်းက ထပ်မံဆိုလာခဲ့၏။

"ဘယ်လိုတောင် တိုက်ဆိုင်တာ။"



ဘယ်လိုဖြစ်သည်မသိရ ၊ ဒီအစ်ကိုကြီးနှစ်ယောက် ဘယ်အချိန်တုန်းကများ အရှေ့နှင့်အနောက်ဆောင်ကိုကျော်ခွပြီး ခင်မင်ရင်းနှီးမှုတည်ဆောက်လိုက်ကြသည်မသိရပေ ၊ အထက်တန်းဒုတိယနှစ် အခန်း(3)တစ်တန်းလုံးမှာ ပြိုင်တူပင်သက်ပြင်းမောချလိုက်မိကြရ၏။

သူတို့မှာ အစတုန်းကတော့ အသက်ရှူမှားမတက် ကြောက်လန့်စရာကောင်းပြီး သွေးပင်လယ်ဝေတော့မည်ဟုပင် တွေးထင်လို့ထားကြတာဖြစ်သည်။



ရွှီရှာသည် အကြောင်းအရာနည်းနည်းပြောလို့လာ၏ ၊ ထိုင်ဖို့နေရာစီမံပေးခြင်း ၊ အတန်းခေါင်းဆောင်ရွေးခြင်း ၊ အိမ်စာအဖြစ် ဘာသာရပ်များကို ကြိုတင်လေ့လာထားစေပြီး နိဂုံးချုပ်အနေနှင့် အားလုံးပဲ အသစ်အသစ်သောပုံစံမျိုးဖြင့် စာသင်နှစ်အသစ်ကိုကြိုဆိုကြဖို့ရန်ပြောကြားလို့လာ၏။

"အချိန်နည်းနည်းကျန်နေသေးတော့ ၊ နာမည်စာရင်းအရ ဆရာမ နာမည်ခေါ်လိုက်တဲ့အတန်းသားတွေစင်ပေါ်တက်ပြီး ကိုယ့်အကြောင်းကိုယ် အနည်းအကျဉ်းလောက်မိတ်ဆက်ပေးကြမယ်နော်။"

လက်ခုပ်သံတွေကြား ဟယ့်ကျောင်းသည်လည်း စိတ်မပါ့တပါနှင့် သုံး/လေးချက်ခန့်လိုက်၍တီးလိုက်၏။

ရှဲ့ယွီကတော့ ခေါင်းမူးလို့နေတာနဲ့ ပြန်ကာမှောက်လို့အိပ်လိုက်ပြန်သည်။



". . . . . ."

"ကျွန်တော်က ဝမ့်သာပါ ၊ ကျွန်တော်ဝါသနာပါတာတွေကတော့ အတော်လေးများပါတယ် ၊ ဥပမာဆိုရရင် စာဖတ်တာ ၊ အားကစားလုပ်တာ. . .  . . ."

"အားလုံးပဲ မင်္ဂလာပါ ၊ ရွှဲရှီရှိန်းလို့ခေါ်ပါတယ် ၊ အားလုံးပဲအတူတကွ ကြိုးပမ်းအားထုတ်ကြမယ် ၊ စာကြိုးစားကြမယ် ၊ တိုးတက်အောင်လုပ်ကြဖို့မျှော်လင့်ပါတယ်။"

"ဖုဖေ့။"

"သင်းလျန့်ဟွာ. . .  . . ."



ဟယ့်ကျောင်းသည် တခဏကြာနားထောင်ပြီးနောက်တွင်တော့ ရှဲ့ယွီရဲ့ပုခုံးကိုလှမ်းလို့ပုတ်လိုက်လျက် လှည့်ကာကြည့်ရင်းမေးလိုက်သည်။

"ဟေ့ ၊ ရှဲ့ယွီဆိုတာဘယ်တစ်ယောက်လဲ မင်းသိလား?"

ရှဲ့ယွီသည် စားပွဲထက်မှောက်နေရင်းမှ ခေါင်းကိုစောင်းငဲ့၍ သူ့အားလှမ်းလို့ကြည့်လိုက်၏။

"ဟမ်?"

စင်ထက်က ကျောင်းသားတစ်ယောက်မှာ အရှက်အကြောက်ကြီးပုံရကာ စကားပြောရာမှာလည်း ခြင်အော်သံနှင့်ပင်တူလို့နေသေးပြီး ကိုယ်ဝါသနာပါတာကိုယ်ပြောဖို့အရေး အကြာကြီးပါးစပ်ပိတ်လို့နေပြီးနောက်မှ 'ရေကူး' ဆိုတဲ့စကားလုံးနှစ်လုံးထွက်၍လာခဲ့သည်။ စင်အောက်သို့ပြန်ဆင်းသွားရချိန်ကြမှသာ သက်ပြင်းချနိုင်လေတော့သည်။

ဟယ့်ကျောင်းက စကားတစ်ကြောင်းထပ်ဖြည့်လို့လာပြန်၏။

"ဟိုတစ်ယောက်လေကွာ ၊ အနောက်ဆောင်က ၊ အနက်ရောင်လက်သည်းဆိုးဆေးဆိုးတတ်တဲ့ ပုံမှန်မဟုတ်တဲ့အရူးကောင်လေ။"

ဟယ့်ကျောင်းမှာ လူပြောများအထင်ကရဖြစ်သည့် အနောက်ဆောင်ကအစ်ကိုကြီးအကြောင်း အနည်းငယ်စူးစမ်းချင်စိတ်ဖြစ်မိ၏။ အနောက်ဆောင်ရှဲ့ယွီ၏ စွမ်းစွမ်းတမံထူးချွန်ပြောင်မြောက်မှုတွေကိုဖြင့် ဟယ့်ကျောင်းကဘယ်လိုမှစိတ်ဝင်စားခြင်းမရှိပါသော်လည်းဘာကြောင့်ရယ်တော့မသိ ၊ သူ့မှာ အနက်ရောင်လက်သည်းဆိုးဆေးဆိုတဲ့အပေါ်ကိုဖြင့် နက်နက်ရှိုင်းရှိုင်းကို စွဲမက်၍အမှတ်ရလို့နေသည်။ တစ်တန်းလုံးကို တစ်ချက်မျှလှည့်ပတ်ကြည့်ပြီးသည့်တိုင် ထိုလိုဆရာကြီးတွေက သူတို့မျက်နှာကိုလူအမြင်မခံဘူးဆိုသလိုပဲ သက်ပြင်းသာလျှင်ချလိုက်နိုင်တော့သည်။ လက်သည်းဆိုးဆေးကိုဖျက်ထားပြီး ဘယ်တစ်ယောက်ကအမှန်ဖြစ်မည်ဆိုတာကို မသိရလေအောင်များလုပ်ထားသလားပဲ။

ရှဲ့ယွီက သူ့အားစိတ်ရှုပ်နေသည့် မျက်နှာထားနဲ့ကြည့်လို့နေသည်။

"သူငယ်ချင်း ၊ မင်းက သိတာလားမသိတာလား. . ."

ဟယ့်ကျောင်းက အတင်းမေးလာပြန်သည်။

". . .  . . . တကယ်တော့ငါ သူ့ကိုအတော်လေး စိတ်ဝင်စားမိနေလို့ ၊ အခွင့်အရေးများရရင် တစ်ယောက်နဲ့တစ်ယောက်အမြင်တွေဖလှယ်ချင်တာ။"



ရွှီရှာသည် စင်ထက်ကနေအော်လိုက်၏။

"နောက်တစ်ယောက် ၊ ရှဲ့ယွီ။"



ရှဲ့ယွီသည် အေးအေးသက်သာဖြင့် ထကာရပ်လိုက်ပြီး ယခုနေဟယ့်ကျောင်း၏ မျက်နှာအမူအရာက ဘယ်လိုများတောင်ဖြစ်နေမလဲဆိုတာကို လှည့်ပင်မကြည့်ဘဲ သူသည်စင်ထက်သို့သာတက်လို့သွားလိုက်၏။ ထို့နောက် မြေဖြူကိုယူ၍ ကျောက်သင်ပုန်းထက် 'ရှဲ့ယွီ' ဆိုသည့်စာလုံးနှစ်လုံးအားချရေးလိုက်လေသည်။ လက်ရေးလက်သားက အားပါပြီး အတော်လေးကိုလှပ၏။

ထို့နောက် သူသည်မြေဖြူအား ဘူးထဲသို့ပစ်ထည့်လိုက်ပြီး လက်ထဲတင်ကျန်နေသည့်မြေဖြူမှုန်တွေကိုရိုက်ကာခါချရင်းမှ တိုတိုတုတ်တုတ်နဲ့ထိထိရောက်ရောက်ရှိစွာ ကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လို့လာခဲ့သည်။

"ရှဲ့ယွီ ၊ ပြီးတော့ ငါအနက်ရောင်လက်သည်းဆိုးဆေးမဆိုးဘူး။"

ရှဲ့ယွီ နောက်ဆုံးတစ်ကြောင်းအားပြောချိန်၌ အကြည့်တို့မှာ တစ်စုံတစ်ယောက်သောအရူးကောင်ထံ တစ်သမတ်တည်းရောက်ရှိလို့နေတာဖြစ်သည်။ သို့တိုင်အောင် ထိုမျိုးရိုးဟယ့်နှင့် အရူးကောင်မှာ ကသိကအောက်နည်းနည်းလေးသော်မျှမဖြစ်ဘဲရှိသည်။ အားလုံးပင်မည်သူမျှဘာဆိုလို့ဆိုရမှန်းမသိဘဲဖြစ်နေသည့် တိတ်ဆိတ်လွန်းလှသည့်အခြေအနေမှာပင် ထိုအရူးကောင်မှာ ဦးဆောင်ဦးရွက်ပြုလက်ခုပ်တီးလျက် ထုံကျောဖြစ်သူကို မျက်နှာပန်းလှအောင်လုပ်ပေးလို့လာသည်။

(T/N : ထုံကျော/同桌 = deskmate အတန်းထဲမှာတစ်စားပွဲတည်း ဘေးနားအတူထိုင်တဲ့သူ။)

"ကောင်းတယ်! ပြောတာကောင်းတယ်!"

ရှဲ့ယွီ : ". . . . . ."

ယီးပဲဟေ့။



ရှဲ့ယွီကိုယ့်ကိုယ်ကိုယ်မိတ်ဆက်လို့အပြီး ကိုယ့်နေရာကိုယ်ပြန်လာထိုင်ပြီးနောက်တွင် ဟယ့်ကျောင်းမှာ ပြောင်ပြောင်တင်းတင်းပင် ရှဲ့ယွီ၏လက်အားစိုက်ကာကြည့်လေတော့သည်။ ရှဲ့ယွီမှာ အားနေပြီးဘာမှလည်းလုပ်စရာမရှိတာနဲ့ စာရွက်ထက်တောင်ခြစ်မြောက်ခြစ်လုပ်နေရာမှ အကြည့်ခံနေရခြင်းကြောင့် ဖောင်တိန်ကိုလွှတ်ချပစ်လိုက်ပြီး. . .

"မင်းကသောက်ရူးပဲ။"

ဟယ့်ကျောင်းက ပြောလို့လာသည်။

"မင်းတကယ်ကြီး မဆိုးထားဘူးပေါ့? ယုံတမ်းစကားတွေထဲက မင်းကဒီလိုပုံစံမျိုးမှမဟုတ်ပဲ။"

အနောက်ဆောင်ကအစ်ကိုကြီး၏ အထင်ကရဇာတ်လမ်းတွေထဲ လက်သည်းဆိုးဆေးဆိုတာက အရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ရပ်တည်လျက်ရှိသည်။ ဟယ့်ကျောင်းတစ်ယောက် အစောပိုင်းကတည်းက ရှဲ့ယွီဆိုသည့်ထိုနာမည်အားမှတ်မိလို့နေရသည့်အကြောင်းရင်းမှာ ပုံမှန်မဟုတ်တဲ့ လက်သည်းဆိုးဆေးကြောင့်ပင်ဖြစ်သည်။

". . .  . . . ယီးကိုယုံတမ်း$$$"

ဟယ့်ကျောင်းသည် ချက်ချင်းပင် ရှဲ့ယွီရဲ့လက်အားလှမ်းဆွဲယူလိုက်၏။

"မရုန်းနဲ့ ၊ ငါကြည့်ကြည့်မယ်။"

ရှဲ့ယွီမှာ ထိုသူဒီလိုတဲ့တိုးကြီးလုပ်ချလာလိမ့်မည်ဟု မထင်ထားပဲရှိကာ အသိပြန်ဝင်လာချိန်မှာတော့ ဟယ့်ကျောင်းက သူ့ရဲ့လက်အားဆုပ်ကိုင်လို့ပင်ထားပြီးနေပြီဖြစ်သည်။



ရှဲ့ယွီ၏လက်တို့မှာ ကြော့ရှင်းသပ်ရပ်ပြီး အနည်းငယ်လည်းနူးညံ့လှ၏။

သန့်သန့်ရှင်းရှင်း ၊ ရှည်သွယ်သွယ်ဖြင့် အရိုးအဆစ်တို့ထင်းကာ လက်သည်းတွေကိုလည်း ညီနေအောင်ပင်ညှပ်၍ထားလေသည်။

ငယ်ငယ်တုန်းက အိမ်၏အခြေအနေလည်းကောင်းနေစဉ်အခါကဆို ကုရွှယ်လန်သည် သူ့အားစန္ဒယားတီးသွားသင်ဖို့ပြောသေး၏ ၊ သူ၏လက်တွေက ရှည်ရှည်သွယ်သွယ်ရှိတာကြောင့် သင့်လျှော်သည်ဟုဆိုလာခဲ့သည်။ ရလဒ်ကတော့ဖြင့် ရှဲ့ယွီမှာ ဆိုးဆိုးရွားရွားပင်အခြားသူများအပေါ် လက်သီးသုံးချလာခဲ့ပြီးနောက်မှာတော့ အုပ်ထိန်းသူမိဘများမှာ နေ့တိုင်းလိုလို ကိုယ့်ကလေးကိုယ်ဆွဲခေါ်လျက် သူတို့အိမ်သို့အပြေးရောက်လာကြတတ်ကြသည်။ ခင်ဗျားတို့အိမ်ကကလေးက ဘာလိုဖြစ်နေတာလဲ ၊ ဘာလို့လူကိုရိုက်တာလဲဟူ၍ ဆိုလာကြ၏။

ထို့နောက်တွင်တော့ ကုရွှယ်လန်မှာ စန္ဒယားနှင့်ပတ်သက်လို့ ထပ်၍ပင် စကားမဟမိတော့ပါချေ။



ဟယ့်ကျောင်းသည် ခုဏကလေးမှဆွဲယူလိုက်သည့်လက်အား သေချာအောင်ပင်မကြည့်ရသေး ရှဲ့ယွီမှာချက်ချင်းပင်ပေါက်ကွဲလို့လာလျက် လက်ကိုဆတ်ခနဲပြန်ရုပ်လို့သွားတော့သည်။

". . .  . . . FUCK ၊ မင်းဘာသောက်ရူးထတာလဲ။"



____________



ကျောင်းစတတ်တဲ့နေ့မှာပဲ လက်အကိုင်ခံလိုက်ရတဲ့ရှဲ့ယွီလေး :p 😂😂

Continue Reading

You'll Also Like

3.9M 268K 81
Married Life ( Male Pregnant ) " ငါေမာင့္ကိုခ်စ္တယ္ ဒါေပမယ့္ ငါ့မွာလည္းသည္းခံႏိုင္တဲ့အတိုင္းအတာဆိုတာ႐ွိတယ္ မင္းငါ့ကိုအရင္ေက်ာခိုင္းရင္ မင္းထားခဲ႔တဲ႔အ...
1.2M 189K 78
Original author: Yǐnlù Xīng - 引路星 Associated name:Wǒ xǐhuān nǐ de xìnxī sù 我喜欢你的信息素 I don't own this story.I just translate.Fully credit to original...
1.6M 143K 45
Straight စစ္​စစ္​လို႔ခံယူထားရာက​ေန သူငယ္​ခ်င္​း​ေကာင္​းမႈ​ေၾကာင္​့ Fundanshi ျဖစ္​ရာက ~ ​ေကာင္​​ေလး တစ္​​ေယာက္​ကို ျမင္​ျမင္​ခ်င္​း သ​ေဘာက်မိသြား​ေသာ...
108K 8.3K 130
Art workကအရမ်းလှလွန်းလို့ရယ်.. ရယ်လည်းရယ်ရလို့ရယ်.. ဒီManhuaလေးကို...စပြီးမြန်မာပြန်ကြည့်လိုက်တာပါ... Enjoy!!! 😍😍😍 I do not own this and all right...