ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)

By Meng_L

1.4M 234K 22.4K

Author - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ေက်ာင္းသာ... More

ဇာတ်ကောင်မိတ်ဆက်
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၆)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း(၂၁)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄) ပ
အခန်း(၂၄) ဒု
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း(၆၉)
အခန်း(၇၀)
အခန်း(၇၁)
အခန်း(၇၂)
အခန်း(၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)
အခန်း(၇၈)
အခန်း(၇၉)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂)
အခန်း(၈၃)
အခန်း(၈၄)
အခန်း(၈၅)
အခန်း(၈၆)
အခန်း(၈၇)
အခန်း(၈၈)
အခန်း(၈၉)
အခန်း(၉၀)
အခန်း(၉၁)
အခန်း၉၂)
အခန်း(၉၃)
အခန်း(၉၄)
အခန်း(၉၅)
အခန်း(၉၆)
အခန်း(၉၇)
အခန်း(၉၈)
အခန်း(၉၉)
အခန်း(၁၀၀)
အခန်း(၁၀၁)
အခန်း(၁၀၂)
အခန်း(၁၀၃)
အခန်း(၁၀၄)
အခန်း(၁၀၅)
အခန်း(၁၀၆)
အခန်း(၁၀၇)
အခန်း(၁၀၈)
အခန်း(၁၀၉)
အခန်း(၁၁၀)
အခန်း(၁၁၁)
အခန်း(၁၁၂)
အမေးအဖြေ(၃၀)
အချပ်ပို(၁)
အချပ်ပို(၂)
အချပ်ပို(၃)
အချပ်ပို(၄) ပ
အချပ်ပို(၄) ဒု
အချပ်ပို(၄) တ
T/N
Notice!

အခန်း(၁၁)

13.2K 2.2K 105
By Meng_L

伪装学渣
Wei Zhuang Xue Zha

ZAWGYI

အခန္း(2-3) သတ္ျဖတ္ေရးကြင္း

သာ့ေမဆိုသည့္ ထိုအမည္နာမကား နားေထာင္ရသည္မွာ မိန္းမဆန္လြန္းလွေသာ္ျငားလည္း ထိုသူမွာ အမွန္တကယ္ေတာ့ ေယာက္်ားေလးတစ္ေယာက္သာျဖစ္သည္။

သူသည္ သံုးေယာက္ထဲ၌ အငယ္ဆံုးတစ္ေယာက္လည္းျဖစ္ကာ အၿမဲလိုလိုကာကြယ္ေပးေနရသည့္ အေနအထားမွာရွိသည့္အတြက္ သာ့ေမဆိုသည့္ ထိုnicknameဟာဆိုလွ်င္ က်ိဳးသာ့ေလအေျပာင္အျပက္ေခၚတြင္ရာမွျဖစ္ေပၚလာျခင္းျဖစ္ေလသည္။

"မင္းက ကိုယ့္ရဲ႕ညီငယ္ေလးျဖစ္တာေၾကာင့္ အစ္ကိုႀကီး မင္းကို နာမည္တစ္ခုခ်ီးျမႇင့္မယ္ ၊ သာ့ေမဆိုရင္ဘယ္လိုေနလဲ? အခုခ်ိန္ကစၿပီး ကိုယ္ေတြညီအစ္ကိုႏွစ္ေယာက္ ကာရန္ညီညီရွိသြားတာေပါ့။"

(T/N : သာ့ေလ ၊ သာ့ေမ ဆိုၿပီးကာရန္ညီသြားတာကို ဆိုလိုခ်င္တာပါ။ သာ့ေမက ေမ/美ကလွတယ္ဆိုတဲ့ အဓိပၸာယ္ပါ ၊ အထူးသျဖင့္ေတာ့ မိန္းကေလးေတြနာမည္မွာသာ သံုးတတ္ၾကပါတယ္။)

သာ့ေမသည္ လူေကာင္ေသးတာေျကာင့္လည္း အၿမဲလိုလိုအျခားသူမ်ား၏ အႏိုင္က်င့္ျခင္းကိုခံရတတ္ကာ ျပန္ၿပီးလည္းမခ်တတ္ဘဲရွိ၏။

က်ိဳးသာ့ေလမွာေတာ့ သားကေလးအားေစာင့္ေရွာက္ရသည့္ပမာ ကာကြယ္ေစာင့္ေရွာက္ေပးၿပီး ရံဖန္ရံခါ တစ္ဖက္အဖြဲ႕ကလူမ်ားေနလို႔ မခ်ႏိုင္ပဲရွိသည့္အခါမ်ိဳးမွာက် ရွဲ႕ယြီအားေခၚ၍အတူသြားတတ္ၾကသည္။

ေနာက္ပိုင္း သာ့ေမတစ္ေယာက္ ဝါးပင္ကဲ့သို႔အရပ္ႀကီးထိုးေထာင္ထြက္လာၿပီး (၆)ေပအထိကိုရွည္လာခ်ိန္တြင္ေတာ့ ထိုေကာင္ကေလးမွာ သူ႔ကိုယ္သူအရြယ္ေရာက္လာၿပီပဲဟု ထင္ေနေလေတာ့သည္။ ဒီေလာက္ႏွစ္ေတြအမ်ားႀကီးအတြင္း သူတို႔တစ္ေတြရန္ျဖစ္ၾကသည့္အခါတိုင္း၌လည္း သူ႔မွာေတာ့ဝက္သားမစားရဘဲ ေျပးေနတဲ့ဝက္ကိုသာျမင္ေနရတတ္သည္။

(T/N : ကိုယ္တိုင္အေတြ႕အၾကံဳမရွိဘဲ ၾကည့္ပဲၾကည့္ေနရတာကို ဆိုလိုျခင္းပါ။)

တစ္ခါကေတာ့ မေနႏိုင္ေတာ့တာနဲ႔ပဲ ခ်က္ခ်င္းဆိုသလို က်ိဳးသာ့ေလ၏ေရွ႕၌ ကာရပ္ပစ္လိုက္ကာ. .

"ကၽြန္ေတာ့္ကိုခြင့္ျပဳ ၊ အဲ့အ႐ူးတစ္သိုက္ကို ကၽြန္ေတာ္သင္ခန္းစာေပးေပးမယ္။"

အဆံုးသတ္ကေတာ့ျဖင့္ သေဘာတရား ႏွင့္ လက္ေတြ႕ဆိုသည္မွာကား မိုးႏွင့္ေျမလိုကြာျခားလ်က္ သာ့ေမမွာ သူ႔တစ္ပါးကို ထိခိုက္အနာတရျဖစ္ေအာင္လည္းမလုပ္နိုင္တဲ့အတြက္ က်ိဳးသာ့ေလမွာ သာ့ေမ၏လက္ကိုဆြဲ၍ တစ္ခ်ိဳးတည္းလစ္ေျပးရေတာ့သည္။

"ခ်ီးကို သင္ခန္းစာေပး ၊ မင္း ရန္ေရာျဖစ္တတ္ရဲ႕လား ၊ မင္းရဲ႕ ဒီေသးေသးသြယ္သြယ္ လက္တံ ၊ ေျခတံေတြက သာမန္လူေတြထက္ရွည္တာကလြဲၿပီး က်န္တာဘာအသံုးဝင္တာမ်ားရွိေသးလဲ ---  --- တကယ္ပဲ မင္းနဲ႔ေတာ့ ငါေဒါသထြက္လို႔ေသေတာ့မယ္ မင္း။"



"အဲ့ခ်ီးထုပ္ေကာင္ေလးက ငါ့ကိုေတာ့ အစုတ္အျပတ္ပန္းတစ္အိုးေပးသြားတာပဲ ၊ သူသြားခါနီး မင္းကိုက်ဘာေပးသြားေသးလဲ?"

က်ိဳးသာ့ေလမွာ ေတြးမိေလေလ ေဒါသကထြက္လာေလေလ။

". . .  . . . ေနဦး ၊ ဒါကေပးတယ္လို႔ ဘယ္ယူဆလို႔ရမလဲ ၊ ေကၽြးေမြးေစာင့္ေရွာက္ေပးဖို႔ဆို ပိုမွန္မွာေပါ့။"

ရွဲ႕ယြီသည္ လွ်ပ္စစ္ဓာတ္ႀကိဳးေတြကို ေမာ့ကာၾကည့္ရင္းမွ အရင္ကအျဖစ္အပ်က္ကိစၥရပ္ေတြအား သြားလို႔သတိရလာမိကာ နႈတ္ခမ္းစြန္းတို႔ ေကာ့တက္လာသည္အထိျပံဳးလိုက္မိ၏။

"Rubik's cube."

က်ိဳးသာ့ေလ : "အမ္?"

ရွဲ႕ယြီ ေျပာျပလိုက္၏။

"မင္းထက္ေတာ့ နည္းနည္းပိုေကာင္းတယ္ ၊ သာ့ေမကသြားခါနီး ငါ့ကို rubik's cube တစ္တံုးေပးသြားတယ္။"



တကယ္ေတာ့ ရႊီယန္႔ေမ၏လက္ရာမွာ သိပ္ၿပီးေတာ့လည္း အရသာမရွိလွေခ်။ အျပင္အဆင္ကေတာ့ ၾကည္ရလွပေပသည့္တိုင္ အရသာကေတာ့ တစ္မူထူးျခားလွသည့္သူမပင္ကိုယ္အရသာနဲ႔ျဖစ္သည္။ ထို႔အျပင္ အၿမဲလိုလိုလည္း ဟင္းခတ္အေမႊးအႀကိဳင္တို႔အားထည့္ရန္ ေမ့တတ္ေသး၏။

"အရသာက ႐ိုးရွင္းၿပီးေကာင္းလြန္းလို႔ ဘာစကားမွေတာင္မဆိုႏိုင္ဘူး။"

က်ိဳးသာ့ေလသည္ အရြက္ေတြကိုၿမိဳကာခ်ရင္းမွ စကားဆက္သည္။

"ဒါနဲ႔  အန္တီေမကို ကၽြန္ေတာ္ ေမးခ်င္တာေလးရွိလို႔ ၊ ဟင္းခ်က္ရာမွာ အေစာကတည္းက ဆားမထည့္ဘူးဆိုရင္လည္း ဘာလို႔ကၽြန္ေတာ္တို႔ကို ပင္ပန္းေအာင္ ကုန္စံုဆိုင္စီဆားသြားဝယ္ခိုင္းေနေသးတာတုန္း။"

ရႊီယန္႔ေမမွာ မယံုႏိုင္ပဲရွိေလ၏။

"ငါ ထည့္ဖို႔မ်ားေမ့သြားတာလား? မျဖစ္ႏိုင္တာ ၊ ဒီတစ္ေခါက္ကိုေတာ့ ပံုမွန္ထက္ အေသအခ်ာႀကီးကို ျပင္ဆင္ထားတာပဲလို႔ေတာင္ ငါကေတြးမိေနတာ ၊ တစ္ခုခ်င္းစီကို စိတ္ႏွစ္ထားတာပဲကို။"

ရွဲ႕ယြီ ေျပာလိုက္ပါ၏။

"ကိုယ္တိုင္ ျမည္းၾကည့္ၾကည့္ပါဦး။"

ဤထမင္းတစ္နပ္၏ အဆံုးသတ္ကေတာ့ျဖင့္ 'ဗိုက္ဝၿပီ' ဆိုသည့္မွတ္ခ်က္အထိပင္မေရာက္လိုက္ေတာ့ပဲ အျပင္ကေနၿပီး ပုဇြန္ဟင္းမွာစား၍သာ ထိုတစ္နပ္အားအစားထိုးကယ္ဆယ္လိုက္ရေတာ့သည္။



"လာ ၊ ခ်ီးယားစ္---"

အန္တီေမသည္ သံုး/ေလးခြက္ခန္႔ေသာက္ၿပီးေနာက္တြင္ေတာ့ လူတစ္ကိုယ္လံုးမွာ စားပြဲထက္တက္ၿပီး မတ္တပ္ရပ္ေတာ့မတပ္ျဖင့္ ေျခတစ္ဖက္က ထိုင္ခံုကိုခြထားၿပီး ရင္ဘက္ကိုပုတ္လ်က္မွ. .

"ေသာက္ ၊ ေသာက္ၾကမယ္ေဟ့! ေရွာင္ယြီက မနက္ျဖန္ဆို ေက်ာင္းဖြင့္ၿပီ ၊ အားလံုးပဲ စကားေလးနည္းနည္းပါးပါးေျပာလိုက္ၾကဦး။"

ရွဲ႕ယြီသည္ ရႊီယန္႔ေမ၏ေရွ႕က ပုဇြန္အခြံေတြနဲ႔ျပည့္ကာေနသည့္ ပန္းကန္အား လွမ္းဆြဲ၍ေဘးသို႔ဖယ္ကာေပးလိုက္၏။ သတိမထားမိဘဲ သူမဝင္တိုက္မိမည္ကို စိုးေသာေၾကာင့္ပင္။

က်ိဳးသာ့ေလသည္ ဦးစြာပင္ ေရေအးတစ္ခြက္အားမယူၿပီးေနာက္ မတ္တပ္ထရပ္လိုက္၏။

"ရွဲ႕Boss ၊ ငါအရင္ဆံုးေျပာမယ္ေနာ္ ၊ လွပတဲ့ ဆုမြန္ေကာင္းေတြ မင္းကိုေပးအပ္ပါတယ္ ၊ ငါ မင္းကိုဆုေတာင္းေပးပါတယ္ မင္း အမွတ္(၄) လိယန္ေက်ာင္းမွာ. . .  . . ."

"အမွတ္(၄)?"

ရွဲ႕ယြီမွာ ထိုစကားအားၾကားသည့္အခါတြင္ေတာ့ မေအာင့္ထားႏိုင္ေတာ့ဘဲ ရယ္ခ်ပစ္လိုက္မိၿပီး က်ိဳးသာ့ေလအား တစ္ခ်က္လွမ္းလို႔ကန္လိုက္၏။

"မင္းအေမႀကီးကို အမွတ္(၄)ပါလား ၊ အမွတ္(၂)ပါကြ။"



အမွတ္(၂)လိယန္ေက်ာင္းအား ထူေထာင္ထားသည္မွာ ႏွစ္(၆၀)ေက်ာ္ပင္ ရွိၿပီျဖစ္ၿပီး Aၿမိဳ႕၌ အတန္ငယ္နာမည္ႀကီးသည္ဟု ယူဆ၍ရေလ၏။

သင္ၾကားမႈပိုင္းမွာ သာမန္မွ်ျဖစ္သည့္အားေလ်ာ္စြာ ေက်ာင္းအပ္ႏွံမႈနႈန္းကလည္း သိပ္ေတာ့မျမင့္ဘဲရွိသည္။ ဆင္ေျခဖံုးရပ္ကြက္တစ္ခု၌တည္ရွိၿပီး နားေထာင္ေကာင္းေအာင္ဆိုရလွ်င္ေတာ့ တိတ္ဆိတ္ေအးခ်မ္းကာ စာသင္ၾကားရာတြင္ သန္႔ရွင္းလတ္ဆတ္သည့္ေလထုတို႔လႊမ္းျခံဳလ်က္ရွိသည္။ သို႔ေသာ္လည္း ေနာက္ပိုင္းအနီးအနားတစ္ဝိုက္၌ ေခတ္ေရးစီးေၾကာင္းအတိုင္းမလိုက္ဘဲရွိတဲ့ အသစ္ေဆာက္လုပ္လာေသာ နည္းပညာေက်ာင္းအနည္းငယ္ေၾကာင့္ တည္ေနရာသည္လည္း တကယ္ကိုကသိကေအာက္ျဖစ္၍လာရေတာ့သည္။

သို႔တိုင္ ေက်ာင္းပရိဝုဏ္ႀကီးတစ္ခုလံုးအား တည္ေဆာက္ထားပံုမွာေတာ့ အေတာ္ေလးကိုမဆိုးလွပဲရွိေခ်သည္။ စာသင္ေဆာင္ေတြအားလည္း ဒီ(၂)ႏွစ္အတြင္း ဆက္တိုက္ဆိုသလိုျပန္လည္ျပဳျပင္ထားေသးသည့္အတြက္ေၾကာင့္ ၾကည့္လိုက္တာနဲ႔ 'ယိုယြင္းပ်က္စီး' ေနသည္ဟူ၍လည္း မခံစားရေတာ့။ တကယ္ေတာ့ ဘယ္လိုေျပာေျပာ Aၿမိဳ႕သည္လည္း ေက်ာ္ၾကားလွတဲ့ၿမိဳ႕ႀကီးတစ္ၿမိဳ႕ျဖစ္သည့္အေလ်ာက္  ဆင္ေျခဖံုးရပ္ကြက္တြင္းမွာေတာင္ လမ္းမ်ား၌ယာဥ္အသြားအလာတို႔ျပည့္ႏွက္လ်က္ရွိၿပီး ကုန္သြယ္လမ္းဟာဆိုလွ်င္လည္း စည္ပင္တိုးတက္လ်က္ရွိေခ်၏။



ေက်ာင္းဂိတ္ေပါက္ဝမွာ ျမင့္မားခန္႔ထည္လ်က္ရွိၿပီး အေပါက္ဝကေနအထဲတြင္းလွမ္းၾကည့္လိုက္လွ်င္ေတာ့ စိမ္းလန္းလွသည့္ သစ္ပင္ခ်ံုႏြယ္ေတြအျပင္ကို သိသာအေပၚလြင္ဆံုးကေတာ့ ေက်ာင္းဝင္းအလယ္တည့္တည့္၌သြန္းလုပ္ထားသည့္ Auguste Rodin ၏ The Thinker ဆိုသည့္ေၾကး႐ုပ္ထုႀကီးပင္ျဖစ္သည္။ စက်င္ေက်ာက္ကို ေအာက္ခံခံုအျဖစ္အေျခတည္ကာထားၿပီး ေၾကး႐ုပ္ထုႀကီးတစ္ခုလံုးမွာ ကတၱရာေစးအေရာင္ရွိကာ အေရာင္တို႔ဝင္းေျပာင္ေတာက္ပလ်က္ရွိေလ၏။

ေအာက္ခံအုတ္ျမစ္တြင္ေတာ့ ညီညီညာညာစာလံုးေသးေလးမ်ားျဖင့္ ေက်ာင္း၏ေဆာက္ပုဒ္အား ထြင္းထုကာထားေလသည္ - ကေလးတို႔၏ အျပစ္ကင္းစင္တဲ့ႏွလံုးသား။

႐ိုးရွင္းလွသည့္ထိုစကားလံုးတို႔အား ေရႊေရာင္ေဖာင္းႂကြျပဳလုပ္ထားသည့္အတြက္ ေနေရာင္ေအာက္တြင္ ဖိတ္ဖိတ္ေတာက္လ်က္ရွိေခ်သည္။



ေက်ာင္းေတြျပန္ဖြင့္ခ်ိန္မွာေတာ့ ေက်ာင္းဝင္းအတြင္း၌ အလြန္မွအသက္ဝင္စည္ကားကာေနေတာ့သည္။

ေက်ာင္းသားသစ္ေတြအမ်ားႀကီးလည္း လာေရာက္အပ္ႏွံၾကၿပီး အေပါက္ဝတြင္လည္း bannerအႀကီးႀကီးခ်ိတ္ဆြဲလို႔ထား၏ - အထက္တန္းပထမႏွစ္ေက်ာင္းသားသစ္ေတြအား အမွတ္(၂)မိသားစုႀကီးမွ ႀကိဳဆိုပါတယ္ ၊ တိုးတက္ေအာင္ သင္ယူမယ္ ၊ အတူတကြ ထူးခၽြန္ေျပာင္ေျမာက္မႈကိုတည္ေဆာက္မယ္။

ဒုတိယႏွစ္သမားေတြကေတာ့ အေပါက္ဝက ေၾကျငာသင္ပုန္းနားတြင္ အံုခဲ၍ အတန္းခြဲသည့္အေျခအေနအား ၾကည့္႐ွဳေနၾကေလသည္။ ႀကိတ္ႀကိတ္တိုးလ်က္ရွိၾကသည္မွာ ေခၽြးေတြပင္တစ္ေပါက္ေပါက္က်ကာေနေတာ့သည္။ သူတို႔တစ္ေတြ အခ်ိန္တစ္ခုၾကာၾကည့္ၿပီးသြားသည့္ေနာက္ မည္သည့္စာေၾကာင္းအား ေတြ႕ရွိသြားၾကသည္မသိရ ဇာတ္တိုက္မထားပါဘဲနဲ႔ေတာင္ ၿပိဳင္တူအားလံုးအသက္ရွဴေတြမွားကုန္ၾကေလေတာ့သည္။

"အခန္း(2-3) ကဘယ္လိုအေျခအေနႀကီးလဲ?"

"အခန္း(2-3)? ေသစမ္း ၊ မိုက္ခ်က္ႀကီးကေတာ့ ၊ သတ္ျဖတ္ေရးကြင္းမ်ားလား?"

". . .  . . . ေတာ္ ၊ ေတာ္ေသးတာေပါ့ ငါကအခန္း(5) ကမလို႔။"

"ငါကဘယ္လိုျဖစ္လို႔ ႐ုတ္တစ္ရက္ႀကီး ခ်မ္းစိမ့္စိမ့္ျဖစ္လာရတာပါလိမ့္။"

"ေက်ာင္းရဲ႕ဆိုးဆိုးသြမ္းသြမ္းႏွစ္ေယာက္က အခန္းခြဲတာ တစ္ခန္းထဲက်တယ္? ဘယ္လိုေတြေတာင္ စဥ္းစားလုပ္ၾကတာပါလိမ့္ ၊ ေက်ာင္းႀကီးကို ေပါက္ကြဲသြားေစခ်င္လို႔လားဟ။"

"ရွဲ႕ယြီ ၊ ဟယ့္ေက်ာင္း. . .  . . . FUCK. . ေသာက္လခြမ္းႀကီးေဟ့။"



သူတို႔အားလံုးမွာ အထက္တန္းဒုတိယႏွစ္ေက်ာင္းသားေတြျဖစ္သည္။ ပထမႏွစ္ စတင္တက္ေရာက္စဥ္ကဆို စာသင္ခန္းေပါင္းဆယ္ခန္းေက်ာ္ခန္႔ရွိကာ စာသင္ေဆာင္အသစ္ေဆာက္လုပ္မႈမွာ ၾကန္႔ၾကာေနျခင္းေၾကာင့္ မျဖစ္မေန အျခမ္းႏွစ္ျခမ္းခြဲ၍ထားရေလေတာ့သည္။ ထိုစာသစ္ႏွစ္၌ အေရွ႕ေဆာင္ ႏွင့္ အေနာက္ေဆာင္ဟူ၍ ႏွစ္ပိုင္းခြဲလို႔ထားျခင္းေၾကာင့္ ခမ္းလွမ္းလွမ္းကေနသာ လွမ္း၍ျမင္ၾကရ၏။

သို႔ေသာ္ျငား အေဆာင္ႏွစ္ေဆာင္အား ဆက္ကာေဆာက္လုပ္ထားလ်က္ အေဆာင္ႏွစ္ခုၾကား၌ စႀကႍေလွ်ာက္လမ္းကေလးပါရွိေလသည္။ အဓိကကေတာ့ ဆရာေတြစာသင္ရအဆင္ေျပေအာင္ႏွင့္ ေက်ာင္းသားေတြလည္း ကူးသန္းသြားလာလို႔ရေအာင္ျဖစ္သည္။ သို႔တိုင္ အေဆာင္ႏွစ္ေဆာင္ရွိ ေက်ာင္းသား/သူတို႔မွာကား အခ်င္းခ်င္း အထူးတလည္ျပဳအဆက္အဆံမရွိၾကပါေခ်။

ထို႔အျပင္ ထိုအထဲ၌ အံကိုက္ဆိုသလို ဗီလိန္ဇာတ္ေကာင္ႏွစ္ဦးလည္းပါရွိ၏။

အေရွ႕ေဆာင္ ဟယ့္ေက်ာင္း ႏွင့္ အေနာက္ေဆာင္ ရွဲ႕ယြီ ပါေပ။



ထိုေက်ာင္းသားတစ္စုမွာ စုရံုးစု႐ုံးျဖင့္ သူတစ္ေၾကာင္းငါတစ္ေၾကာင္း အတင္းအဖ်င္းဆိုလ်က္ရွိၾကရင္းမွ အဆံုးသတ္မွာေတာ့တစ္ဖြဲ႕လံုး ၿငိမ္သက္တိတ္ဆိတ္လို႔သြား၏။

ဦးေႏွာက္အတြင္းက်န္ရွိေနခဲ့သည္မွာေတာ့ 'ေၾကာက္စရာေကာင္းခ်က္' ဆိုသည့္စကားလံုးမ်ားသာ။

ကြက္တိဆိုသလို အခန္း(2-3)က်သည့္ လူတစ္စုမွာေတာ့ တဆတ္ဆတ္တုန္ယင္ကာေနေလေတာ့သည္ - ငါေၾကာက္တယ္ကြ အတန္းမတက္ရဲေတာ့ဘူး ၊ အဲ့ႏွစ္ေယာက္လံုးက မ်က္ေတာင္မခတ္ဘဲေတာင္ လူသတ္မယ့္ အေက်ာ္ေဇယ်လူမိုက္အစ္ကိုႀကီးေတြဟာကို။



လူမိုက္အစ္ကိုႀကီးရွဲ႕ယြီကေတာ့ျဖင့္ ဘာေတြျစ္ပ်က္လ်က္ရွိမွန္း မသိဘဲရွိေလ၏။ သူသည္ခရီးေဆာင္အိတ္အားဆြဲလ်က္ အရင္ဆုံးအေဆာင္ဝင္၍ ပစၥည္းေတြခ်ၿပီးမွပဲ အတန္းထဲသြားကာ စာအုပ္ယူမည္ဟုဆုံးျဖတ္ထားေလသည္။

ကုရႊယ္လန္မွာ အေဆာင္ထဲအထိလိုက္ပို႔ခ်င္ၿပီး သူ႔ရဲ႕အခန္းအားၾကည့္ခ်င္ေနေသးတာျဖစ္သည္။ သို႔ေပမယ့္ရွဲ႕ယြီ ႐ုတ္တရက္သတိရလို႔သြားသည္မွာ သူ၏အခန္းထဲက လုပ္လို႔မၿပီးေသးပဲရွိသည့္《5.3》စာအုပ္တစ္စံုစားပြဲထက္ပိုးလိုးပတ္လက္ရွိေနျခင္းက သိပ္ၿပီးမသင့္ေလ်ာ္လွဆိုတာပင္။

*《5.3》= အထက္တန္းစာေမးပြဲ revisionစာအုပ္



အေဆာင္ကႏွစ္ေယာက္ခန္းျဖစ္သည့္တိုင္ တစ္ေလွ်ာက္လံုးပင္ သူကေတာ့ တစ္ေယာက္တည္းသာေနျဖစ္၏။

ဤအမွတ္(၂)ေက်ာင္းသည္ကား လြတ္လပ္မႈကိုတန္ဖိုးထားၿပီး ေက်ာင္းအိပ္ေက်ာင္းစားေနျခင္းကိုလည္း အားေပးသည့္အေလ်ာက္ ေက်ာင္းသားေတြအေဆာင္ေနျခင္းနဲ႔ပတ္သက္ၿပီး လိုအပ္ခ်က္ေတြအကုန္အား အေတာ္ေလးစဥ္းစားလို႔ေပး၏။ ဥပမာဆိုရလွ်င္ အခ်ိန္မေရြး အခန္းေျပာင္းပိုင္ခြင့္ရွိၿပီး ထိုေက်ာင္းသားေက်နပ္တဲ့ေနရာအထိေျပာင္းႏိုင္ေပသည္။ အခန္းေဖာ္နဲ႔ ျပႆနာတက္အျငင္းပြားျခင္းတို႔မလိုအပ္ဘဲ အဆင္မေျပတာနဲ႔ ခ်က္ခ်င္းေျပာင္း၍ရေလ၏။

ထို႔ေၾကာင့္လည္း ရွဲ႕ယြီမွာ အစဥ္အဆက္ပင္ အခန္းေဖာ္ဆိုသူ၏မ်က္ႏွာကေလးကိုမွ် မျမင္ဖူးမေတြ႕ဖူးရ။ ရွဲ႕ယြီဆိုသည့္ စကားလံုးႏွစ္လံုးအားၾကားသည္ႏွင့္ကို တစ္ဦးတစ္ေယာက္ေသာ္မွ် မေနရဲၾကဘဲရွိေခ်သည္။



ရွဲ႕ယြီတစ္ေယာက္ luggageႀကီးကိုဆြဲ၍ အခန္းထဲဝင္လုဆဲဆဲ၌ မ်က္မွန္အဝိုင္းကိုတပ္ထားကာ ဆံပင္အားတိုကပ္ေနေအာင္ညႇပ္ထားပါသည့္ေကာင္ေလးတစ္ေယာက္က အေပၚထပ္သို႔အေျပးတက္၍လာေလသည္။ ထိုမ်က္မွန္ဝိုင္းမွာ အေျပးအလႊားျဖင့္ပင္ ရွဲ႕ယြီ၏မ်က္ႏွာခ်င္းဆိုင္အခန္းေရွ႕သို႔ေရာက္သြားၿပီး ရပ္တန္႔သြားခဲ့၏။



မ်က္မွန္ဝိုင္းသည္ ထိုအိပ္ခန္းအေဆာင္၏တံခါးအား အေတာ္ၾကာေအာင္ပင္ ေခါက္လ်က္ရွိသည္။

"---  --- အစ္ကိုေက်ာင္း ၊ အစ္ကိုေက်ာင္းရွိလား?"

တံုျ့ပန္မႈတစ္စံုတစ္ရာေသာ္မွ်မရွိ။

"ဒါက အိပ္ခန္းေတာ့ဟုတ္ပါတယ္ေနာ့္ ၊ အေဆာင္ေနမယ္ဆိုၿပီး ႐ုတ္တရက္ေျပာလာတာက ငါ့ကိုအ႐ူးထပ္လုပ္တာေတာ့ မဟုတ္ေလာက္ဘူးမလား။"

မ်က္မွန္ဝိုင္းသည္ တစ္ကိုယ္တည္းေရရြတ္ၿပီးေနာက္ ထပ္မံ၍တံခါးေခါက္လိုက္ျပန္သည္။  တံခါးကလံုးဝကိုမွ ေလာ့ခ်မထားသည္ကိုေတြ႕ေတာ့ သူသည္ခ်က္ခ်င္းဆိုသလို 'ကၽြီခနဲ' တံခါးအားတြန္းဖြင့္လိုက္ေတာ့၏။

". . . . . ."

"ကၽြန္ေတာ္ ၊ ကၽြန္ေတာ္ဝင္လာခဲ့ၿပီေနာ္. . .  . . ."

မ်က္မွန္ဝိုင္းသည္ တံခါးကိုဆြဲဖြင့္ၿပီးေနာက္ ခ်က္ခ်င္းပင္အထဲသို႔လွမ္းဝင္လိုက္ကာ ဟိုဒီၾကည့္ခိုက္ ညာဘက္ျခမ္းက ကုတင္ထက္မွာလူတစ္ေယာက္ရွိသည္ကို ေတြ႕လိုက္ရသည္။

ဟယ့္ေက်ာင္းသည္ မ်က္ဝန္းတို႔အား ေမွးက်ဥ္းကာထားလ်က္ အိပ္ခ်င္မူးတူးရွိေနရာမွ ကုတင္ထက္ထကာထိုင္လိုက္၏။ ထို႔ေနာက္ နံရံကိုမွီလ်က္ ေခါင္းရင္းဘက္ကခ်ိဳခ်ဥ္ထုပ္အားလွမ္းဆြဲကာယူလိုက္ၿပီး. . .

"ဘာေတြဆူညံေနတာလဲ?"



မ်က္မွန္ဝိုင္းက ထူးထူးဆန္းဆန္းပင္ဆိုလာခဲ့ေခ်သည္။

"အစ္ကိုေက်ာင္းေရ သတင္းအႀကီးႀကီးပဲ ၊ မင္း အခန္းခြဲတဲ့စာရင္းေရာၾကည့္ၿပီးသြားၿပီလား ၊ ငါ့လခြမ္းပဲ ၊ စာသင္ႏွစ္တစ္ႏွစ္လုံးေတာ့ အုတ္ေအာ္ေသာင္းနင္းျဖစ္ေတာ့မယ္။"

"မၾကည့္ရေသးဘူး။"

ဟယ္ေက်ာင္းသည္ အထုပ္ထဲကေန လိေမၼာ္ေရာင္တစ္ေခ်ာင္းအားထုတ္ယူလိုက္၏။  ႏွစ္ႀကိမ္/သံုးႀကိမ္မွ်ျဖင့္ ခ်ိဳခ်ဥ္အခြံကိုဖြင့္ေဖာက္လိုက္ၿပီးေနာက္ ပါးစပ္ထဲထည့္လိုက္ေလသည္။

"အခန္းခြဲတာပဲ ဘယ္လိုခြဲခြဲေပါ့ ၊ ဘာၾကည့္စရာရွိလို႔လဲ။"

မ်က္မွန္ဝိုင္းမွာၾကည့္ရင္းမွ ၾကက္ေသေသလို႔သြားလ်က္ မိမိမွာသတင္းႀကီးတစ္ခုယူေဆာင္လာခဲ့သည္ကိုပင္ တစ္ခဏမွ်ေမ့လို႔သြားရသည္။

"ကၽြန္ေတာ္ မ်က္လံုးမ်ားကန္းသြားတာလား? ဒါကဘာႀကီးလဲ က်ိန္းက်စ္ပန္႔? မင္းအခု တုတ္ခ်ိဳခ်ဥ္စားေနတာလား?"

ဟယ့္ေက်ာင္းက ဆိုလိုက္၏။

"အခုတေလာ ေဆးလိပ္ျဖတ္ေနလို႔။"

ေျပာလို႔ၿပီးသည့္ေနာက္တိုင္ေအာင္ မ်က္မွန္ဝိုင္းမွာသူ႔အား မွင္တက္စြာျဖင့္ ၾကည့္ေနဆဲရွိသည္မွာအ႐ူးအေပါနဲ႔ပင္တူေနေတာ့၏။ ဟယ့္ေက်ာင္းလည္း ထပ္မံဆိုလိုက္ေလသည္။

"ဘာလို႔လဲ ၊ မင္းလည္းတစ္ေခ်ာင္းလိုခ်င္လို႔လား?"

"မ မ မလိုပါဘူး။"

မ်က္မွန္ဝိုင္းသည္ကား လက္တစ္ခါခါျဖင့္ရွိေနေခ်ေတာ့သည္။



ဟယ့္ေက်ာင္းသည္ ထိုခ်ိဳခ်ဥ္အားဝါးကာစားပစ္လိုက္ၿပီး တုတ္ေခ်ာင္းကိုေတာ့ပါးစပ္တြင္းကိုက္ကာထားသည္။ အနည္းငယ္ခ်ိဳအီလြန္းလွပါ၏။

"မင္းရဲ႕ သတင္းႀကီးဆိုတာကေရာ?"

မ်က္မွန္ဝိုင္းမွာ ထိုအခါမွပင္သူ၏တာဝန္ကိုသူ သတိျပန္၍ရလာၿပီး ေပါင္ကိုတစ္ခ်က္႐ိုက္လိုက္ကာ. . .

"FUCK. . ေမ့ေတာ့မလို႔ ၊ အစ္ကိုေက်ာင္းေရ ဒီႏွစ္ကေတာ့ ထူးထူးကဲကဲပဲ ၊ ေသာက္လခြမ္း နတ္ဘုရားက ႀကိဳးကိုင္ျခယ္လွယ္ေနတဲ့အတိုင္းပဲ. . .  . . . ရွဲ႕ယြီေလ မင္းနဲ႔အခန္းအတူတူပဲ။"

"ဘယ္သူ?"

"အေနာက္ေဆာင္ရွဲ႕ယြီ ဆိုတဲ့တစ္ေယာက္ေလ။"




အထက္တန္းဒုတိယႏွစ္အဖြဲ႕ ဆရာမ်ားရံုးခန္းအတြင္း၌. . .

ဒီႏွစ္အခန္းခြဲတာကို ဘယ္သူခြဲတာလဲ? ကြန္ျပဴတာနဲ႔ အလ်ဥ္းသင့္ေရြးလိုက္တာလား ဒါမွမဟုတ္ ဒီႏွစ္တာဝန္ရွိသူလုပ္တာလား? အခန္းခြဲတာကို ဒီလိုမ်ိဳးျဖစ္ကတတ္ဆန္း ခြဲလို႔မရဘူးေလ။ အခန္းခြဲတဲ့အေျခအေနကို ဆရာေတြကအရင္ဆံုးႀကိဳသိေနတာေတာင္ လက္ခံလိုက္တာကေတာ့ မျဖစ္ႏိုင္ဘူးေလ။

ဆရာမတစ္ဦးမွာ water cooler ေရွ႕တြင္ရပ္၍ေရထည့္ကာေနရင္းမွ. .

"ဒီစာသင္ႏွစ္မွာ ယဥ္ေက်းမႈအတန္းက စုစုေပါင္း(၃)တန္းရွိတယ္ ၊ ဝိဇၨာ နဲ႔ သိပၸံ ဆိုၿပီးခြဲတာမလို႔လည္း သံုးတန္းမွာမွ သိပၸံတန္းကတစ္တန္းပဲရွိေတာ့ ဒီလိုခြဲလိုက္တာက သိပ္ၿပီးေတာ့လည္းမထူးဆန္းပါဘူး။"


အမွတ္(၂)လိယန္ေက်ာင္းဟာဆိုလွ်င္ အႏုသုခုမဘက္ပိုင္းကိုပိုအသားေပးေသာ ေက်ာင္းတစ္ေက်ာင္းျဖစ္၏။ Culture ပိုင္း၌မွာေတာ့ အျခားေက်ာင္းက ေက်ာင္းသားမ်ားကို မယွဥ္ႏိုင္ဘဲရွိသည့္တိုင္ အႏုသုခုမဘက္ပိုင္းတြင္ေတာ့ မဆိုးလွတဲ့စံနႈန္းမ်ားရွိေလသည္။ ပထမႏွစ္ကတည္းကိုက ေက်ာင္းသားမ်ားအား အႏုပညာလမ္းေၾကာင္းသို႔သြားရန္ ေက်ာင္းကအားေပးအားေျမႇာက္ျပဳ၏။ ဒုတိယႏွစ္၌အခန္းခြဲရျခင္းမွာ Cultureေက်ာင္းသား ၊ အႏုပညာေက်ာင္းသား ဟူ၍ရွင္းရွင္းလင္းလင္းျဖစ္ေစရန္ ခြဲျခင္းျဖစ္ပါ၏။

ထိုဆရာမမွာ ေရထည့္လို႔အၿပီးမွာေတာ့ ဆက္၍ေျပာလာခဲ့သည္။

"ဒီကေလးႏွစ္ေယာက္က ဆိုးေနေစဦးေတာ့ ကေလးေတြပဲမဟုတ္လား ၊ မလုပ္ၾကည့္ရေသးဘဲနဲ႔ မျဖစ္ႏိုင္ဘူးလို႔ဘယ္လိုလုပ္ၿပီးသိလဲ၊ ေျပာမရဘူး ကိစၥက ငါတို႔ေတြးေနသေလာႀကီးလည္း ဆိုးခ်င္မွဆိုးမွာပါ။"



"နင္ကရတယ္ေပါ့?"

ေနရာတြင္သာ ထိုင္ၿမဲထိုင္လ်က္ႏွင့္ နႈတ္ဆိတ္လို႔သာေနသည့္ ေနာက္ဆရာမတစ္ဦး၏မ်က္ႏွာကား ညိဳမည္း၍လာ၏။ နားေထာင္ကာေနသည့္အဆံုး ဒီအထိေရာက္လာခဲ့ခ်ိန္မွာေတာ့ မေအာင့္အည္းႏိုင္ေတာ့ပဲရွိေခ်သည္။

"တကယ္ႀကီး နင္ကရတယ္ဆိုရင္လည္း နင္ဘဲတာဝန္ယူလိုက္ေတာ့ေလ။"

". . . . . ."

ခုနေလးက ေရထည့္လို႔ေနသည့္ဆရာမမွာ နႈတ္ဆိတ္လို႔သြားခဲ့ပါ၏။

"ဆရာမရႊီ စိတ္မဆိုးပါနဲ႔ ၊ ေရွာင္လွ်ိဳက ဒီလိုပဲေပါ့ေပါ့တန္တန္ေျပာလိုက္တာပါ။"

အျခားဆရာမ်ားကလည္း အေျခအေနမဟန္သည္ကိုေတြ႕ေတာ့ ဝင္ေရာက္ႏွစ္သိမ့္လို႔လာၾက၏။

"ဒီတစ္ေခါက္အခန္းခြဲတာက တကယ္တရားလြန္လြန္းပါတယ္ ၊ အခန္း(3)ရဲ႕အတန္းပိုင္ဆိုတဲ့ေနရာကို ဘယ္သူကမွလည္းေျပာင္းဖို႔ ဆႏၵရွိၾကမွာမဟုတ္ဘူးပဲ။"



ရႊီရွာ ၊ အခန္း(3)၏ အတန္းပိုင္။ ပထမဆုံးအႀကိမ္ အခန္းခြဲနာမည္စာရင္းကိုျမင္ခ်ိန္၌ သူမမွာ သတိပင္လစ္လုနီးနီးျဖစ္သြားခဲ့၏။

သူမ စာသင္သည့္လုပ္သက္မွာ(၁၀)ႏွစ္ေက်ာ္ရွိၿပီျဖစ္ၿပီး သူမ၌ မ်ားစြာေသာ ထူးခၽြန္ေအာင္ျမင္ျခင္းတို႔မရွိေသာ္ျငား အရည္အခ်င္းကေတာ့ျဖင့္ ေရွာင္လွ်ိဳထက္အၿမဲသာပါ၏။ ဘာအေၾကာင္းျပခ်က္မွမရွိဘဲနဲ႔ ေက်ာင္းကသူမအားအခက္ေတြ႕ေစတာပဲဟု သူမဘာသာေတြးေနမိရသည္။ မစဥ္းစားမေတြးေခၚပါဘဲနဲ႔ ဘြင္းဘြင္းရွင္းရွင္းႀကီးဆိုလိုက္မိသည္ကိုေတာ့ျဖင့္ ၿပီးကာမွသိလိုက္ေလသည္။ EQႏွိမ့္သည့္ပင္ကိုစ႐ိုက္ေၾကာင့္ လူအမ်ားကိုအျပစ္ျပဳမိသည္မွာမနည္း။

"ဘာေၾကာင့္လဲ? ဘာေၾကာင့္ ဒီလိုအခန္းမ်ိဳးမွ ကၽြန္မလက္ထဲေရာက္လာရတာလဲ? ဒါက ကၽြန္မကို တမင္သက္သက္ႀကီး အခက္ေတြ႕ေစတာမဟုတ္လို႔ဘာလဲ?"

ရႊီရွာမွာ ေဒါသထြက္လြန္း၍ ခဏေနရွိမည့္ အတန္းအစည္းအေဝးအတြက္ေတာင္ ဘာတစ္ခုမွမျပင္ဆင္ခ်င္ေတာ့ဘဲရွိေလသည္။

"ေက်ာင္းက ဘယ္လိုေတြးလိုက္တာလဲ ၊ မထူးပါဘူး ႂကြက္ႏွစ္ေကာင္ကို ကၽြန္မရဲ႕ ဒီဆန္ျပဳတ္အိုးထဲပဲ ခ်ီးပါခ်ခိုင္းလိုက္တာေကာင္းပါတယ္ဆိုၿပီးမ်ား ေတြးေနေရာ့သလားပဲ။"


____________



Lol အတန္းေဖာ္ေတြတင္ေၾကာက္တာမဟုတ္ဘူး ဆရာေတြပါေၾကာက္ၾကတာဟ😂😂

ဆိုးေပေလးႏွစ္ေယာက္ ေက်ာင္းစတက္ေတာ့မယ္😁



Auguste Rodin's The Thinker


《5.3》





UNICODE


အခန်း(2-3) သတ်ဖြတ်ရေးကွင်း

သာ့မေဆိုသည့် ထိုအမည်နာမကား နားထောင်ရသည်မှာ မိန်းမဆန်လွန်းလှသော်ငြားလည်း ထိုသူမှာ အမှန်တကယ်တော့ ယောက်ျားလေးတစ်ယောက်သာဖြစ်သည်။

သူသည် သုံးယောက်ထဲ၌ အငယ်ဆုံးတစ်ယောက်လည်းဖြစ်ကာ အမြဲလိုလိုကာကွယ်ပေးနေရသည့် အနေအထားမှာရှိသည့်အတွက် သာ့မေဆိုသည့် ထိုnicknameဟာဆိုလျှင် ကျိုးသာ့လေအပြောင်အပြက်ခေါ်တွင်ရာမှဖြစ်ပေါ်လာခြင်းဖြစ်လေသည်။

"မင်းက ကိုယ့်ရဲ့ညီငယ်လေးဖြစ်တာကြောင့် အစ်ကိုကြီး မင်းကို နာမည်တစ်ခုချီးမြှင့်မယ် ၊ သာ့မေဆိုရင်ဘယ်လိုနေလဲ? အခုချိန်ကစပြီး ကိုယ်တွေညီအစ်ကိုနှစ်ယောက် ကာရန်ညီညီရှိသွားတာပေါ့။"

(T/N : သာ့လေ ၊ သာ့မေ ဆိုပြီးကာရန်ညီသွားတာကို ဆိုလိုချင်တာပါ။ သာ့မေက မေ/美ကလှတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ ၊ အထူးသဖြင့်တော့ မိန်းကလေးတွေနာမည်မှာသာ သုံးတတ်ကြပါတယ်။)

သာ့မေသည် လူကောင်သေးတာကြောင့်လည်း အမြဲလိုလိုအခြားသူများ၏ အနိုင်ကျင့်ခြင်းကိုခံရတတ်ကာ ပြန်ပြီးလည်းမချတတ်ဘဲရှိ၏။

ကျိုးသာ့လေမှာတော့ သားကလေးအားစောင့်ရှောက်ရသည့်ပမာ ကာကွယ်စောင့်ရှောက်ပေးပြီး ရံဖန်ရံခါ တစ်ဖက်အဖွဲ့ကလူများနေလို့ မချနိုင်ပဲရှိသည့်အခါမျိုးမှာကျ ရှဲ့ယွီအားခေါ်၍အတူသွားတတ်ကြသည်။

နောက်ပိုင်း သာ့မေတစ်ယောက် ဝါးပင်ကဲ့သို့အရပ်ကြီးထိုးထောင်ထွက်လာပြီး (၆)ပေအထိကိုရှည်လာချိန်တွင်တော့ ထိုကောင်ကလေးမှာ သူ့ကိုယ်သူအရွယ်ရောက်လာပြီပဲဟု ထင်နေလေတော့သည်။ ဒီလောက်နှစ်တွေအများကြီးအတွင်း သူတို့တစ်တွေရန်ဖြစ်ကြသည့်အခါတိုင်း၌လည်း သူ့မှာတော့ဝက်သားမစားရဘဲ ပြေးနေတဲ့ဝက်ကိုသာမြင်နေရတတ်သည်။

(T/N : ကိုယ်တိုင်အတွေ့အကြုံမရှိဘဲ ကြည့်ပဲကြည့်နေရတာကို ဆိုလိုခြင်းပါ။)

တစ်ခါကတော့ မနေနိုင်တော့တာနဲ့ပဲ ချက်ချင်းဆိုသလို ကျိုးသာ့လေ၏ရှေ့၌ ကာရပ်ပစ်လိုက်ကာ. .

"ကျွန်တော့်ကိုခွင့်ပြု ၊ အဲ့အရူးတစ်သိုက်ကို ကျွန်တော်သင်ခန်းစာပေးပေးမယ်။"

အဆုံးသတ်ကတော့ဖြင့် သဘောတရား နှင့် လက်တွေ့ဆိုသည်မှာကား မိုးနှင့်မြေလိုကွာခြားလျက် သာ့မေမှာ သူ့တစ်ပါးကို ထိခိုက်အနာတရဖြစ်အောင်လည်းမလုပ်နိုင်တဲ့အတွက် ကျိုးသာ့လေမှာ သာ့မေ၏လက်ကိုဆွဲ၍ တစ်ချိုးတည်းလစ်ပြေးရတော့သည်။

"ချီးကို သင်ခန်းစာပေး ၊ မင်း ရန်ရောဖြစ်တတ်ရဲ့လား ၊ မင်းရဲ့ ဒီသေးသေးသွယ်သွယ် လက်တံ ၊ ခြေတံတွေက သာမန်လူတွေထက်ရှည်တာကလွဲပြီး ကျန်တာဘာအသုံးဝင်တာများရှိသေးလဲ ---  --- တကယ်ပဲ မင်းနဲ့တော့ ငါဒေါသထွက်လို့သေတော့မယ် မင်း။"



"အဲ့ချီးထုပ်ကောင်လေးက ငါ့ကိုတော့ အစုတ်အပြတ်ပန်းတစ်အိုးပေးသွားတာပဲ ၊ သူသွားခါနီး မင်းကိုကျဘာပေးသွားသေးလဲ?"

ကျိုးသာ့လေမှာ တွေးမိလေလေ ဒေါသကထွက်လာလေလေ။

". . .  . . . နေဦး ၊ ဒါကပေးတယ်လို့ ဘယ်ယူဆလို့ရမလဲ ၊ ကျွေးမွေးစောင့်ရှောက်ပေးဖို့ဆို ပိုမှန်မှာပေါ့။"

ရှဲ့ယွီသည် လျှပ်စစ်ဓာတ်ကြိုးတွေကို မော့ကာကြည့်ရင်းမှ အရင်ကအဖြစ်အပျက်ကိစ္စရပ်တွေအား သွားလို့သတိရလာမိကာ နှုတ်ခမ်းစွန်းတို့ ကော့တက်လာသည်အထိပြုံးလိုက်မိ၏။

"Rubik's cube."

ကျိုးသာ့လေ : "အမ်?"

ရှဲ့ယွီ ပြောပြလိုက်၏။

"မင်းထက်တော့ နည်းနည်းပိုကောင်းတယ် ၊ သာ့မေကသွားခါနီး ငါ့ကို rubik's cube တစ်တုံးပေးသွားတယ်။"



တကယ်တော့ ရွှီယန့်မေ၏လက်ရာမှာ သိပ်ပြီးတော့လည်း အရသာမရှိလှချေ။ အပြင်အဆင်ကတော့ ကြည်ရလှပပေသည့်တိုင် အရသာကတော့ တစ်မူထူးခြားလှသည့်သူမပင်ကိုယ်အရသာနဲ့ဖြစ်သည်။ ထို့အပြင် အမြဲလိုလိုလည်း ဟင်းခတ်အမွှေးအကြိုင်တို့အားထည့်ရန် မေ့တတ်သေး၏။

"အရသာက ရိုးရှင်းပြီးကောင်းလွန်းလို့ ဘာစကားမှတောင်မဆိုနိုင်ဘူး။"

ကျိုးသာ့လေသည် အရွက်တွေကိုမြိုကာချရင်းမှ စကားဆက်သည်။

"ဒါနဲ့  အန်တီမေကို ကျွန်တော် မေးချင်တာလေးရှိလို့ ၊ ဟင်းချက်ရာမှာ အစောကတည်းက ဆားမထည့်ဘူးဆိုရင်လည်း ဘာလို့ကျွန်တော်တို့ကို ပင်ပန်းအောင် ကုန်စုံဆိုင်စီဆားသွားဝယ်ခိုင်းနေသေးတာတုန်း။"

ရွှီယန့်မေမှာ မယုံနိုင်ပဲရှိလေ၏။

"ငါ ထည့်ဖို့များမေ့သွားတာလား? မဖြစ်နိုင်တာ ၊ ဒီတစ်ခေါက်ကိုတော့ ပုံမှန်ထက် အသေအချာကြီးကို ပြင်ဆင်ထားတာပဲလို့တောင် ငါကတွေးမိနေတာ ၊ တစ်ခုချင်းစီကို စိတ်နှစ်ထားတာပဲကို။"

ရှဲ့ယွီ ပြောလိုက်ပါ၏။

"ကိုယ်တိုင် မြည်းကြည့်ကြည့်ပါဦး။"

ဤထမင်းတစ်နပ်၏ အဆုံးသတ်ကတော့ဖြင့် 'ဗိုက်ဝပြီ' ဆိုသည့်မှတ်ချက်အထိပင်မရောက်လိုက်တော့ပဲ အပြင်ကနေပြီး ပုဇွန်ဟင်းမှာစား၍သာ ထိုတစ်နပ်အားအစားထိုးကယ်ဆယ်လိုက်ရတော့သည်။



"လာ ၊ ချီးယားစ်---"

အန်တီမေသည် သုံး/လေးခွက်ခန့်သောက်ပြီးနောက်တွင်တော့ လူတစ်ကိုယ်လုံးမှာ စားပွဲထက်တက်ပြီး မတ်တပ်ရပ်တော့မတပ်ဖြင့် ခြေတစ်ဖက်က ထိုင်ခုံကိုခွထားပြီး ရင်ဘက်ကိုပုတ်လျက်မှ. .

"သောက် ၊ သောက်ကြမယ်ဟေ့! ရှောင်ယွီက မနက်ဖြန်ဆို ကျောင်းဖွင့်ပြီ ၊ အားလုံးပဲ စကားလေးနည်းနည်းပါးပါးပြောလိုက်ကြဦး။"

ရှဲ့ယွီသည် ရွှီယန့်မေ၏ရှေ့က ပုဇွန်အခွံတွေနဲ့ပြည့်ကာနေသည့် ပန်းကန်အား လှမ်းဆွဲ၍ဘေးသို့ဖယ်ကာပေးလိုက်၏။ သတိမထားမိဘဲ သူမဝင်တိုက်မိမည်ကို စိုးသောကြောင့်ပင်။

ကျိုးသာ့လေသည် ဦးစွာပင် ရေအေးတစ်ခွက်အားမယူပြီးနောက် မတ်တပ်ထရပ်လိုက်၏။

"ရှဲ့Boss ၊ ငါအရင်ဆုံးပြောမယ်နော် ၊ လှပတဲ့ ဆုမွန်ကောင်းတွေ မင်းကိုပေးအပ်ပါတယ် ၊ ငါ မင်းကိုဆုတောင်းပေးပါတယ် မင်း အမှတ်(၄) လိယန်ကျောင်းမှာ. . .  . . ."

"အမှတ်(၄)?"

ရှဲ့ယွီမှာ ထိုစကားအားကြားသည့်အခါတွင်တော့ မအောင့်ထားနိုင်တော့ဘဲ ရယ်ချပစ်လိုက်မိပြီး ကျိုးသာ့လေအား တစ်ချက်လှမ်းလို့ကန်လိုက်၏။

"မင်းအမေကြီးကို အမှတ်(၄)ပါလား ၊ အမှတ်(၂)ပါကွ။"



အမှတ်(၂)လိယန်ကျောင်းအား ထူထောင်ထားသည်မှာ နှစ်(၆၀)ကျော်ပင် ရှိပြီဖြစ်ပြီး Aမြို့၌ အတန်ငယ်နာမည်ကြီးသည်ဟု ယူဆ၍ရလေ၏။

သင်ကြားမှုပိုင်းမှာ သာမန်မျှဖြစ်သည့်အားလျော်စွာ ကျောင်းအပ်နှံမှုနှုန်းကလည်း သိပ်တော့မမြင့်ဘဲရှိသည်။ ဆင်ခြေဖုံးရပ်ကွက်တစ်ခု၌တည်ရှိပြီး နားထောင်ကောင်းအောင်ဆိုရလျှင်တော့ တိတ်ဆိတ်အေးချမ်းကာ စာသင်ကြားရာတွင် သန့်ရှင်းလတ်ဆတ်သည့်လေထုတို့လွှမ်းခြုံလျက်ရှိသည်။ သို့သော်လည်း နောက်ပိုင်းအနီးအနားတစ်ဝိုက်၌ ခေတ်ရေးစီးကြောင်းအတိုင်းမလိုက်ဘဲရှိတဲ့ အသစ်ဆောက်လုပ်လာသော နည်းပညာကျောင်းအနည်းငယ်ကြောင့် တည်နေရာသည်လည်း တကယ်ကိုကသိကအောက်ဖြစ်၍လာရတော့သည်။

သို့တိုင် ကျောင်းပရိဝုဏ်ကြီးတစ်ခုလုံးအား တည်ဆောက်ထားပုံမှာတော့ အတော်လေးကိုမဆိုးလှပဲရှိချေသည်။ စာသင်ဆောင်တွေအားလည်း ဒီ(၂)နှစ်အတွင်း ဆက်တိုက်ဆိုသလိုပြန်လည်ပြုပြင်ထားသေးသည့်အတွက်ကြောင့် ကြည့်လိုက်တာနဲ့ 'ယိုယွင်းပျက်စီး' နေသည်ဟူ၍လည်း မခံစားရတော့။ တကယ်တော့ ဘယ်လိုပြောပြော Aမြို့သည်လည်း ကျော်ကြားလှတဲ့မြို့ကြီးတစ်မြို့ဖြစ်သည့်အလျောက်  ဆင်ခြေဖုံးရပ်ကွက်တွင်းမှာတောင် လမ်းများ၌ယာဉ်အသွားအလာတို့ပြည့်နှက်လျက်ရှိပြီး ကုန်သွယ်လမ်းဟာဆိုလျှင်လည်း စည်ပင်တိုးတက်လျက်ရှိချေ၏။



ကျောင်းဂိတ်ပေါက်ဝမှာ မြင့်မားခန့်ထည်လျက်ရှိပြီး အပေါက်ဝကနေအထဲတွင်းလှမ်းကြည့်လိုက်လျှင်တော့ စိမ်းလန်းလှသည့် သစ်ပင်ချုံနွယ်တွေအပြင်ကို သိသာအပေါ်လွင်ဆုံးကတော့ ကျောင်းဝင်းအလယ်တည့်တည့်၌သွန်းလုပ်ထားသည့် Auguste Rodin ၏ The Thinker ဆိုသည့်ကြေးရုပ်ထုကြီးပင်ဖြစ်သည်။ စကျင်ကျောက်ကို အောက်ခံခုံအဖြစ်အခြေတည်ကာထားပြီး ကြေးရုပ်ထုကြီးတစ်ခုလုံးမှာ ကတ္တရာစေးအရောင်ရှိကာ အရောင်တို့ဝင်းပြောင်တောက်ပလျက်ရှိလေ၏။

အောက်ခံအုတ်မြစ်တွင်တော့ ညီညီညာညာစာလုံးသေးလေးများဖြင့် ကျောင်း၏ဆောက်ပုဒ်အား ထွင်းထုကာထားလေသည် - ကလေးတို့၏ အပြစ်ကင်းစင်တဲ့နှလုံးသား။

ရိုးရှင်းလှသည့်ထိုစကားလုံးတို့အား ရွှေရောင်ဖောင်းကြွပြုလုပ်ထားသည့်အတွက် နေရောင်အောက်တွင် ဖိတ်ဖိတ်တောက်လျက်ရှိချေသည်။



ကျောင်းတွေပြန်ဖွင့်ချိန်မှာတော့ ကျောင်းဝင်းအတွင်း၌ အလွန်မှအသက်ဝင်စည်ကားကာနေတော့သည်။

ကျောင်းသားသစ်တွေအများကြီးလည်း လာရောက်အပ်နှံကြပြီး အပေါက်ဝတွင်လည်း bannerအကြီးကြီးချိတ်ဆွဲလို့ထား၏ - အထက်တန်းပထမနှစ်ကျောင်းသားသစ်တွေအား အမှတ်(၂)မိသားစုကြီးမှ ကြိုဆိုပါတယ် ၊ တိုးတက်အောင် သင်ယူမယ် ၊ အတူတကွ ထူးချွန်ပြောင်မြောက်မှုကိုတည်ဆောက်မယ်။

ဒုတိယနှစ်သမားတွေကတော့ အပေါက်ဝက ကြေငြာသင်ပုန်းနားတွင် အုံခဲ၍ အတန်းခွဲသည့်အခြေအနေအား ကြည့်ရှုနေကြလေသည်။ ကြိတ်ကြိတ်တိုးလျက်ရှိကြသည်မှာ ချွေးတွေပင်တစ်ပေါက်ပေါက်ကျကာနေတော့သည်။ သူတို့တစ်တွေ အချိန်တစ်ခုကြာကြည့်ပြီးသွားသည့်နောက် မည်သည့်စာကြောင်းအား တွေ့ရှိသွားကြသည်မသိရ ဇာတ်တိုက်မထားပါဘဲနဲ့တောင် ပြိုင်တူအားလုံးအသက်ရှူတွေမှားကုန်ကြလေတော့သည်။

"အခန်း(2-3) ကဘယ်လိုအခြေအနေကြီးလဲ?"

"အခန်း(2-3)? သေစမ်း ၊ မိုက်ချက်ကြီးကတော့ ၊ သတ်ဖြတ်ရေးကွင်းများလား?"

". . .  . . . တော် ၊ တော်သေးတာပေါ့ ငါကအခန်း(5) ကမလို့။"

"ငါကဘယ်လိုဖြစ်လို့ ရုတ်တစ်ရက်ကြီး ချမ်းစိမ့်စိမ့်ဖြစ်လာရတာပါလိမ့်။"

"ကျောင်းရဲ့ဆိုးဆိုးသွမ်းသွမ်းနှစ်ယောက်က အခန်းခွဲတာ တစ်ခန်းထဲကျတယ်? ဘယ်လိုတွေတောင် စဉ်းစားလုပ်ကြတာပါလိမ့် ၊ ကျောင်းကြီးကို ပေါက်ကွဲသွားစေချင်လို့လားဟ။"

"ရှဲ့ယွီ ၊ ဟယ့်ကျောင်း. . .  . . . FUCK. . သောက်လခွမ်းကြီးဟေ့။"



သူတို့အားလုံးမှာ အထက်တန်းဒုတိယနှစ်ကျောင်းသားတွေဖြစ်သည်။ ပထမနှစ် စတင်တက်ရောက်စဉ်ကဆို စာသင်ခန်းပေါင်းဆယ်ခန်းကျော်ခန့်ရှိကာ စာသင်ဆောင်အသစ်ဆောက်လုပ်မှုမှာ ကြန့်ကြာနေခြင်းကြောင့် မဖြစ်မနေ အခြမ်းနှစ်ခြမ်းခွဲ၍ထားရလေတော့သည်။ ထိုစာသစ်နှစ်၌ အရှေ့ဆောင် နှင့် အနောက်ဆောင်ဟူ၍ နှစ်ပိုင်းခွဲလို့ထားခြင်းကြောင့် ခမ်းလှမ်းလှမ်းကနေသာ လှမ်း၍မြင်ကြရ၏။

သို့သော်ငြား အဆောင်နှစ်ဆောင်အား ဆက်ကာဆောက်လုပ်ထားလျက် အဆောင်နှစ်ခုကြား၌ စင်္ကြံလျှောက်လမ်းကလေးပါရှိလေသည်။ အဓိကကတော့ ဆရာတွေစာသင်ရအဆင်ပြေအောင်နှင့် ကျောင်းသားတွေလည်း ကူးသန်းသွားလာလို့ရအောင်ဖြစ်သည်။ သို့တိုင် အဆောင်နှစ်ဆောင်ရှိ ကျောင်းသား/သူတို့မှာကား အချင်းချင်း အထူးတလည်ပြုအဆက်အဆံမရှိကြပါချေ။

ထို့အပြင် ထိုအထဲ၌ အံကိုက်ဆိုသလို ဗီလိန်ဇာတ်ကောင်နှစ်ဦးလည်းပါရှိ၏။

အရှေ့ဆောင် ဟယ့်ကျောင်း နှင့် အနောက်ဆောင် ရှဲ့ယွီ ပါပေ။



ထိုကျောင်းသားတစ်စုမှာ စုရုံးစုရုံးဖြင့် သူတစ်ကြောင်းငါတစ်ကြောင်း အတင်းအဖျင်းဆိုလျက်ရှိကြရင်းမှ အဆုံးသတ်မှာတော့တစ်ဖွဲ့လုံး ငြိမ်သက်တိတ်ဆိတ်လို့သွား၏။

ဦးနှောက်အတွင်းကျန်ရှိနေခဲ့သည်မှာတော့ 'ကြောက်စရာကောင်းချက်' ဆိုသည့်စကားလုံးများသာ။

ကွက်တိဆိုသလို အခန်း(2-3)ကျသည့် လူတစ်စုမှာတော့ တဆတ်ဆတ်တုန်ယင်ကာနေလေတော့သည် - ငါကြောက်တယ်ကွ အတန်းမတက်ရဲတော့ဘူး ၊ အဲ့နှစ်ယောက်လုံးက မျက်တောင်မခတ်ဘဲတောင် လူသတ်မယ့် အကျော်ဇေယျလူမိုက်အစ်ကိုကြီးတွေဟာကို။



လူမိုက်အစ်ကိုကြီးရှဲ့ယွီကတော့ဖြင့် ဘာတွေစြ်ပျက်လျက်ရှိမှန်း မသိဘဲရှိလေ၏။ သူသည်ခရီးဆောင်အိတ်အားဆွဲလျက် အရင်ဆုံးအဆောင်ဝင်၍ ပစ္စည်းတွေချပြီးမှပဲ အတန်းထဲသွားကာ စာအုပ်ယူမည်ဟုဆုံးဖြတ်ထားလေသည်။

ကုရွှယ်လန်မှာ အဆောင်ထဲအထိလိုက်ပို့ချင်ပြီး သူ့ရဲ့အခန်းအားကြည့်ချင်နေသေးတာဖြစ်သည်။ သို့ပေမယ့်ရှဲ့ယွီ ရုတ်တရက်သတိရလို့သွားသည်မှာ သူ၏အခန်းထဲက လုပ်လို့မပြီးသေးပဲရှိသည့်《5.3》စာအုပ်တစ်စုံစားပွဲထက်ပိုးလိုးပတ်လက်ရှိနေခြင်းက သိပ်ပြီးမသင့်လျော်လှဆိုတာပင်။

*《5.3》= အထက်တန်းစာမေးပွဲ revisionစာအုပ်



အဆောင်ကနှစ်ယောက်ခန်းဖြစ်သည့်တိုင် တစ်လျှောက်လုံးပင် သူကတော့ တစ်ယောက်တည်းသာနေဖြစ်၏။

ဤအမှတ်(၂)ကျောင်းသည်ကား လွတ်လပ်မှုကိုတန်ဖိုးထားပြီး ကျောင်းအိပ်ကျောင်းစားနေခြင်းကိုလည်း အားပေးသည့်အလျောက် ကျောင်းသားတွေအဆောင်နေခြင်းနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေအကုန်အား အတော်လေးစဉ်းစားလို့ပေး၏။ ဥပမာဆိုရလျှင် အချိန်မရွေး အခန်းပြောင်းပိုင်ခွင့်ရှိပြီး ထိုကျောင်းသားကျေနပ်တဲ့နေရာအထိပြောင်းနိုင်ပေသည်။ အခန်းဖော်နဲ့ ပြဿနာတက်အငြင်းပွားခြင်းတို့မလိုအပ်ဘဲ အဆင်မပြေတာနဲ့ ချက်ချင်းပြောင်း၍ရလေ၏။

ထို့ကြောင့်လည်း ရှဲ့ယွီမှာ အစဉ်အဆက်ပင် အခန်းဖော်ဆိုသူ၏မျက်နှာကလေးကိုမျှ မမြင်ဖူးမတွေ့ဖူးရ။ ရှဲ့ယွီဆိုသည့် စကားလုံးနှစ်လုံးအားကြားသည်နှင့်ကို တစ်ဦးတစ်ယောက်သော်မျှ မနေရဲကြဘဲရှိချေသည်။



ရှဲ့ယွီတစ်ယောက် luggageကြီးကိုဆွဲ၍ အခန်းထဲဝင်လုဆဲဆဲ၌ မျက်မှန်အဝိုင်းကိုတပ်ထားကာ ဆံပင်အားတိုကပ်နေအောင်ညှပ်ထားပါသည့်ကောင်လေးတစ်ယောက်က အပေါ်ထပ်သို့အပြေးတက်၍လာလေသည်။ ထိုမျက်မှန်ဝိုင်းမှာ အပြေးအလွှားဖြင့်ပင် ရှဲ့ယွီ၏မျက်နှာချင်းဆိုင်အခန်းရှေ့သို့ရောက်သွားပြီး ရပ်တန့်သွားခဲ့၏။



မျက်မှန်ဝိုင်းသည် ထိုအိပ်ခန်းအဆောင်၏တံခါးအား အတော်ကြာအောင်ပင် ခေါက်လျက်ရှိသည်။

"---  --- အစ်ကိုကျောင်း ၊ အစ်ကိုကျောင်းရှိလား?"

တုံြ့ပန်မှုတစ်စုံတစ်ရာသော်မျှမရှိ။

"ဒါက အိပ်ခန်းတော့ဟုတ်ပါတယ်နော့် ၊ အဆောင်နေမယ်ဆိုပြီး ရုတ်တရက်ပြောလာတာက ငါ့ကိုအရူးထပ်လုပ်တာတော့ မဟုတ်လောက်ဘူးမလား။"

မျက်မှန်ဝိုင်းသည် တစ်ကိုယ်တည်းရေရွတ်ပြီးနောက် ထပ်မံ၍တံခါးခေါက်လိုက်ပြန်သည်။  တံခါးကလုံးဝကိုမှ လော့ချမထားသည်ကိုတွေ့တော့ သူသည်ချက်ချင်းဆိုသလို 'ကျွီခနဲ' တံခါးအားတွန်းဖွင့်လိုက်တော့၏။

". . . . . ."

"ကျွန်တော် ၊ ကျွန်တော်ဝင်လာခဲ့ပြီနော်. . .  . . ."

မျက်မှန်ဝိုင်းသည် တံခါးကိုဆွဲဖွင့်ပြီးနောက် ချက်ချင်းပင်အထဲသို့လှမ်းဝင်လိုက်ကာ ဟိုဒီကြည့်ခိုက် ညာဘက်ခြမ်းက ကုတင်ထက်မှာလူတစ်ယောက်ရှိသည်ကို တွေ့လိုက်ရသည်။

ဟယ့်ကျောင်းသည် မျက်ဝန်းတို့အား မှေးကျဉ်းကာထားလျက် အိပ်ချင်မူးတူးရှိနေရာမှ ကုတင်ထက်ထကာထိုင်လိုက်၏။ ထို့နောက် နံရံကိုမှီလျက် ခေါင်းရင်းဘက်ကချိုချဉ်ထုပ်အားလှမ်းဆွဲကာယူလိုက်ပြီး. . .

"ဘာတွေဆူညံနေတာလဲ?"



မျက်မှန်ဝိုင်းက ထူးထူးဆန်းဆန်းပင်ဆိုလာခဲ့ချေသည်။

"အစ်ကိုကျောင်းရေ သတင်းအကြီးကြီးပဲ ၊ မင်း အခန်းခွဲတဲ့စာရင်းရောကြည့်ပြီးသွားပြီလား ၊ ငါ့လခွမ်းပဲ ၊ စာသင်နှစ်တစ်နှစ်လုံးတော့ အုတ်အော်သောင်းနင်းဖြစ်တော့မယ်။"

"မကြည့်ရသေးဘူး။"

ဟယ်ကျောင်းသည် အထုပ်ထဲကနေ လိမ္မော်ရောင်တစ်ချောင်းအားထုတ်ယူလိုက်၏။  နှစ်ကြိမ်/သုံးကြိမ်မျှဖြင့် ချိုချဉ်အခွံကိုဖွင့်ဖောက်လိုက်ပြီးနောက် ပါးစပ်ထဲထည့်လိုက်လေသည်။

"အခန်းခွဲတာပဲ ဘယ်လိုခွဲခွဲပေါ့ ၊ ဘာကြည့်စရာရှိလို့လဲ။"

မျက်မှန်ဝိုင်းမှာကြည့်ရင်းမှ ကြက်သေသေလို့သွားလျက် မိမိမှာသတင်းကြီးတစ်ခုယူဆောင်လာခဲ့သည်ကိုပင် တစ်ခဏမျှမေ့လို့သွားရသည်။

"ကျွန်တော် မျက်လုံးများကန်းသွားတာလား? ဒါကဘာကြီးလဲ ကျိန်းကျစ်ပန့်? မင်းအခု တုတ်ချိုချဉ်စားနေတာလား?"

ဟယ့်ကျောင်းက ဆိုလိုက်၏။

"အခုတလော ဆေးလိပ်ဖြတ်နေလို့။"

ပြောလို့ပြီးသည့်နောက်တိုင်အောင် မျက်မှန်ဝိုင်းမှာသူ့အား မှင်တက်စွာဖြင့် ကြည့်နေဆဲရှိသည်မှာအရူးအပေါနဲ့ပင်တူနေတော့၏။ ဟယ့်ကျောင်းလည်း ထပ်မံဆိုလိုက်လေသည်။

"ဘာလို့လဲ ၊ မင်းလည်းတစ်ချောင်းလိုချင်လို့လား?"

"မ မ မလိုပါဘူး။"

မျက်မှန်ဝိုင်းသည်ကား လက်တစ်ခါခါဖြင့်ရှိနေချေတော့သည်။



ဟယ့်ကျောင်းသည် ထိုချိုချဉ်အားဝါးကာစားပစ်လိုက်ပြီး တုတ်ချောင်းကိုတော့ပါးစပ်တွင်းကိုက်ကာထားသည်။ အနည်းငယ်ချိုအီလွန်းလှပါ၏။

"မင်းရဲ့ သတင်းကြီးဆိုတာကရော?"

မျက်မှန်ဝိုင်းမှာ ထိုအခါမှပင်သူ၏တာဝန်ကိုသူ သတိပြန်၍ရလာပြီး ပေါင်ကိုတစ်ချက်ရိုက်လိုက်ကာ. . .

"FUCK. . မေ့တော့မလို့ ၊ အစ်ကိုကျောင်းရေ ဒီနှစ်ကတော့ ထူးထူးကဲကဲပဲ ၊ သောက်လခွမ်း နတ်ဘုရားက ကြိုးကိုင်ခြယ်လှယ်နေတဲ့အတိုင်းပဲ. . .  . . . ရှဲ့ယွီလေ မင်းနဲ့အခန်းအတူတူပဲ။"

"ဘယ်သူ?"

"အနောက်ဆောင်ရှဲ့ယွီ ဆိုတဲ့တစ်ယောက်လေ။"




အထက်တန်းဒုတိယနှစ်အဖွဲ့ ဆရာများရုံးခန်းအတွင်း၌. . .

ဒီနှစ်အခန်းခွဲတာကို ဘယ်သူခွဲတာလဲ? ကွန်ပြူတာနဲ့ အလျဉ်းသင့်ရွေးလိုက်တာလား ဒါမှမဟုတ် ဒီနှစ်တာဝန်ရှိသူလုပ်တာလား? အခန်းခွဲတာကို ဒီလိုမျိုးဖြစ်ကတတ်ဆန်း ခွဲလို့မရဘူးလေ။ အခန်းခွဲတဲ့အခြေအနေကို ဆရာတွေကအရင်ဆုံးကြိုသိနေတာတောင် လက်ခံလိုက်တာကတော့ မဖြစ်နိုင်ဘူးလေ။

ဆရာမတစ်ဦးမှာ water cooler ရှေ့တွင်ရပ်၍ရေထည့်ကာနေရင်းမှ. .

"ဒီစာသင်နှစ်မှာ ယဉ်ကျေးမှုအတန်းက စုစုပေါင်း(၃)တန်းရှိတယ် ၊ ဝိဇ္ဇာ နဲ့ သိပ္ပံ ဆိုပြီးခွဲတာမလို့လည်း သုံးတန်းမှာမှ သိပ္ပံတန်းကတစ်တန်းပဲရှိတော့ ဒီလိုခွဲလိုက်တာက သိပ်ပြီးတော့လည်းမထူးဆန်းပါဘူး။"


အမှတ်(၂)လိယန်ကျောင်းဟာဆိုလျှင် အနုသုခုမဘက်ပိုင်းကိုပိုအသားပေးသော ကျောင်းတစ်ကျောင်းဖြစ်၏။ Culture ပိုင်း၌မှာတော့ အခြားကျောင်းက ကျောင်းသားများကို မယှဉ်နိုင်ဘဲရှိသည့်တိုင် အနုသုခုမဘက်ပိုင်းတွင်တော့ မဆိုးလှတဲ့စံနှုန်းများရှိလေသည်။ ပထမနှစ်ကတည်းကိုက ကျောင်းသားများအား အနုပညာလမ်းကြောင်းသို့သွားရန် ကျောင်းကအားပေးအားမြှောက်ပြု၏။ ဒုတိယနှစ်၌အခန်းခွဲရခြင်းမှာ Cultureကျောင်းသား ၊ အနုပညာကျောင်းသား ဟူ၍ရှင်းရှင်းလင်းလင်းဖြစ်စေရန် ခွဲခြင်းဖြစ်ပါ၏။

ထိုဆရာမမှာ ရေထည့်လို့အပြီးမှာတော့ ဆက်၍ပြောလာခဲ့သည်။

"ဒီကလေးနှစ်ယောက်က ဆိုးနေစေဦးတော့ ကလေးတွေပဲမဟုတ်လား ၊ မလုပ်ကြည့်ရသေးဘဲနဲ့ မဖြစ်နိုင်ဘူးလို့ဘယ်လိုလုပ်ပြီးသိလဲ၊ ပြောမရဘူး ကိစ္စက ငါတို့တွေးနေသလောကြီးလည်း ဆိုးချင်မှဆိုးမှာပါ။"



"နင်ကရတယ်ပေါ့?"

နေရာတွင်သာ ထိုင်မြဲထိုင်လျက်နှင့် နှုတ်ဆိတ်လို့သာနေသည့် နောက်ဆရာမတစ်ဦး၏မျက်နှာကား ညိုမည်း၍လာ၏။ နားထောင်ကာနေသည့်အဆုံး ဒီအထိရောက်လာခဲ့ချိန်မှာတော့ မအောင့်အည်းနိုင်တော့ပဲရှိချေသည်။

"တကယ်ကြီး နင်ကရတယ်ဆိုရင်လည်း နင်ဘဲတာဝန်ယူလိုက်တော့လေ။"

". . . . . ."

ခုနလေးက ရေထည့်လို့နေသည့်ဆရာမမှာ နှုတ်ဆိတ်လို့သွားခဲ့ပါ၏။

"ဆရာမရွှီ စိတ်မဆိုးပါနဲ့ ၊ ရှောင်လျှိုက ဒီလိုပဲပေါ့ပေါ့တန်တန်ပြောလိုက်တာပါ။"

အခြားဆရာများကလည်း အခြေအနေမဟန်သည်ကိုတွေ့တော့ ဝင်ရောက်နှစ်သိမ့်လို့လာကြ၏။

"ဒီတစ်ခေါက်အခန်းခွဲတာက တကယ်တရားလွန်လွန်းပါတယ် ၊ အခန်း(3)ရဲ့အတန်းပိုင်ဆိုတဲ့နေရာကို ဘယ်သူကမှလည်းပြောင်းဖို့ ဆန္ဒရှိကြမှာမဟုတ်ဘူးပဲ။"



ရွှီရှာ ၊ အခန်း(3)၏ အတန်းပိုင်။ ပထမဆုံးအကြိမ် အခန်းခွဲနာမည်စာရင်းကိုမြင်ချိန်၌ သူမမှာ သတိပင်လစ်လုနီးနီးဖြစ်သွားခဲ့၏။

သူမ စာသင်သည့်လုပ်သက်မှာ(၁၀)နှစ်ကျော်ရှိပြီဖြစ်ပြီး သူမ၌ များစွာသော ထူးချွန်အောင်မြင်ခြင်းတို့မရှိသော်ငြား အရည်အချင်းကတော့ဖြင့် ရှောင်လျှိုထက်အမြဲသာပါ၏။ ဘာအကြောင်းပြချက်မှမရှိဘဲနဲ့ ကျောင်းကသူမအားအခက်တွေ့စေတာပဲဟု သူမဘာသာတွေးနေမိရသည်။ မစဉ်းစားမတွေးခေါ်ပါဘဲနဲ့ ဘွင်းဘွင်းရှင်းရှင်းကြီးဆိုလိုက်မိသည်ကိုတော့ဖြင့် ပြီးကာမှသိလိုက်လေသည်။ EQနှိမ့်သည့်ပင်ကိုစရိုက်ကြောင့် လူအများကိုအပြစ်ပြုမိသည်မှာမနည်း။

"ဘာကြောင့်လဲ? ဘာကြောင့် ဒီလိုအခန်းမျိုးမှ ကျွန်မလက်ထဲရောက်လာရတာလဲ? ဒါက ကျွန်မကို တမင်သက်သက်ကြီး အခက်တွေ့စေတာမဟုတ်လို့ဘာလဲ?"

ရွှီရှာမှာ ဒေါသထွက်လွန်း၍ ခဏနေရှိမည့် အတန်းအစည်းအဝေးအတွက်တောင် ဘာတစ်ခုမှမပြင်ဆင်ချင်တော့ဘဲရှိလေသည်။

"ကျောင်းက ဘယ်လိုတွေးလိုက်တာလဲ ၊ မထူးပါဘူး ကြွက်နှစ်ကောင်ကို ကျွန်မရဲ့ ဒီဆန်ပြုတ်အိုးထဲပဲ ချီးပါချခိုင်းလိုက်တာကောင်းပါတယ်ဆိုပြီးများ တွေးနေရော့သလားပဲ။"


____________



Lol အတန်းဖော်တွေတင်ကြောက်တာမဟုတ်ဘူး ဆရာတွေပါကြောက်ကြတာဟ😂😂

ဆိုးပေလေးနှစ်ယောက် ကျောင်းစတက်တော့မယ်😁

Continue Reading

You'll Also Like

42.6K 1.9K 10
#水千丞 #188男团 #188男团夏日限定 [ Zawgyi Version ] Original Author : Shui Qian Cheng • 水千丞 This is really a rough translation. I just want to read this for my...
1.4M 139K 129
ZawGyi~~ နာမည္ႀကီးအႏုပညာ႐ွင္ျဖစ္တဲ့Junaဟာ လိင္တူခ်စ္ႀကိဳက္သူျဖစ္တယ္ဆိုတဲ့သတင္းေတြေၾကာင့္ သူ ့ရဲ ့ အဖြဲ ့ထဲကေန ႏုတ္ထြက္ေပးခဲ့ရတယ္ ၆လအၾကာမွာ 'Han JunRa...
361K 42.1K 199
Title : SAYE Author : WU ZHE, YUAN DIAN GEZI MANHUA, ZUOER CONG DONG Gener : Shounen Ai/ Drama/ Psychological/ Romance/ School life/ Slice of Life St...
14.2K 1.2K 6
ဖုန်းရှင့်နှင့် မုချင်ကို မြတ်နိုးမိ၍ ဘာသာပြန်ခြင်း [!! spoiler alert!!] Original Author : heartbeatangel (on ao3) (I've got the permission to transl...