စည်း

By akyinnamon

4.5M 355K 12.7K

(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော... More

A/N
Part 1 (Unicode)
Part 2 (Unicode)
Part 3 (Unicode)
Part 4 (Unicode)
Part 5 (Unicode)
Part 6 (Unicode)
Part 7 (Unicode)
Part 8 (Unicode)
Part 9 (Unicode)
Part 10 (Unicode)
Part 11 (Unicode)
Part 13 (Unicode)
Part 14 (Unicode)
Part 15 (Unicode)
Part 16 (Unicode)
Part 17 (Unicode)
Part 18 (Unicode)
Part 19 (Unicode)
Part 20 (Unicode)
Part 21 (Unicode)
Part 22 (Unicode)
Part 23 (Unicode)
ဇာတ်သိမ်းပိုင်း
ကျေးဇူးတင်စကား
စည်း (တတိယအကြိမ်)
Part 1 (Zawgyi)
Part 2 (Zawgyi)
Part 3 (Zawgyi)
Part 4 (Zawgyi)
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 11
Part 12
Part 13
Part 14
Part 15
Part 16
Part 17
Part 18
Part 19
Part 20
Part 21
Part 22
Part 23
Part 24
Part 25
Part 26
Part 27
Part 28
Part 29
Part 30
Part 31
Part 32
Part 33
Part 34
Part 35
Part 36
Part 37
Part 38
Part 39
Part 40
Part 41
Part 42
Part 43
Part 44
Part 45
Part 46
Part 47
Part 48
Part 49
Part 50
Part 51
Part 52
Part 53
Part 54
Part 55
ဇာတ်သိမ်းပိုင်း ၁
ဇာတ်သိမ်းပိုင်း ၂
ဇာတ်သိမ်းပိုင်း ၃
ကျေးဇူးတင်စကား
စည်း (တတိယအကြိမ်)

Part 12 (Unicode)

45.3K 4.3K 233
By akyinnamon


ဦးသိန်းကြည်ကားကြီးကို ဆက်ပိုင်တို့ အိမ်ရှေ့တွင်ထိုးရပ်လိုက်သည်။ အိမ်ရှေ့မြေနီလမ်းတစ်ခုလုံး မီးခိုးရောင်ကားဖြင့် ပြည့်နှက်သွားသည်။

"ဆက်ပိုင်.. မင်း ကို အန်ကယ်တောင်းဆိုစရာလေးရှိတယ်။ ဟို.. မင်း စိတ်တော့မဆိုးစေချင်ဘူး။"

ဆက်ပိုင် ကားပေါ်မှဆင်းရန် ကားလက်ကိုင်ကိုလှမ်းအဖွင့် ဦးသိန်းကြည်မရဲတရဲ စကားစလာပြန်သည်။ ဒီတစ်ခါတော့ ဆက်ပိုင် မရယ်ချင်ဘဲရယ်မိသည်။ ဦးသိန်းကြည်ကို လှည့်ကြည့်သော သူ့မျက်လုံးများမှာ မာနရောင်တောက်နေသည်။

"စိတ်ချပါ အန်ကယ်။ ဒီကိစ္စကို ကျွန်တော်နဲ့အန်ကယ်ကလွဲရင် ဘယ်သူမှမသိစေရပါဘူး။ အထူးသဖြင့် ရွှေစင်ရော ကိုထက်ပါ မသိစေရပါဘူး။ ကျွန်တော်ကတိပေးပါတယ်။ အန်ကယ် ကျွန်တော့်ဆီကလိုချင်တာ ဒီကျောက်ကပ်တစ်ခုပဲမဟုတ်လား။ အန်ကယ်လိုချင်တာရရပါစေ့မယ်။ အန်ကယ်ဖြစ်စေချင်တဲ့အတိုင်းလည်း ဘယ်သူမှ မသိစေရပါဘူး။ ရွှေစင့်ကအန်ကယ့်သမီးဖြစ်သလို ကျွန်တော်လည်း အခုမှသိပေမယ့် ကျွန်တော့်ညီမပါ။ ကျွန်တော့်ကြောင့် ရွှေစင် စိတ်မဆင်းစေရဘူး။ ပတ်ဝန်းကျင်မှာ မျက်နှာမပျက်စေရပါဘူး။ အန်ကယ်စိတ်ချပါ။"

ဦးသိန်းကြည် ခေါင်းငုံ့သွားမိသည်။

"ကျွန်တော့်ကိုခွင့်ပြုပါဦး။"

ဆက်ပိုင် ကားတံခါးကိုဖွင့်ဆင်းသွားသည်။ ဦးသိန်းကြည်ဘဝတွင် တစ်ခါမျှ ဒီလောက်ရှက်ရွံ့နာကျင်ရတာမျိုး မခံစားခဲ့ရဘူး။ သူ့အနားမှာ ငယ်ရွယ်ချောမောသော မော်လ်ဒယ်မလေးများ၊ ကောင်လေးများ အခုအချိန်အထိ ၀ိုင်းဝိုင်းလည်နေမြဲဖြစ်သည်။ အခြားသူများ ဘယ်လိုပြောပြော၊ ဘယ်လောက်အပုပ်ချချ သူဂရုမစိုက်သလို စိတ်လည်းမဝင်စားခဲ့။ လိုချင်သည်ကို ဘယ်သူ့မျက်နှာမှမထောက်ဘဲ ရအောင်ယူကာ ဖြစ်ချင်သည်ကို အခြားသူများ အပေါ်ရက်စက်ရပါစေဦး သူဖြစ်အောင်လုပ်တတ်သည်။

ဆက်ပိုင်အမေ သက်သက်ကိုလည်း သူသည်ချွေးသုတ်ပြီးလွှင့်ပစ်လိုက်သည့် တစ်ရှူးတစ်ရွက်လို အလွယ်တကူ အသုံးချပစ်ခွာခဲ့သည်ပဲဖြစ်သည်။ တစ်ချိန်က မင်းသမီးဖြစ်ချင်လွန်းသည့် သက်သက်သည် ရုပ်ရည်ရော၊ အရည်အချင်းပါ ပြည့်စုံပါသည်။ ဒါပေမယ့် ငွေကြေး၊ နောက်ခံဘာမှမရှိသော ထိုမိန်းကလေးကို ဦးသိန်းကြည် အလွယ်တကူအမြတ်ထုတ်နိုင်ခဲ့သည်။
ထိုစဉ်တုန်းက ဦးသိန်းကြည်၏ ရုပ်ရှင်လုပ်ငန်းမှာ ဒီလောက် မအောင်မြင်သေးပါ။ ဒါပေမယ့် အထိုက်အသင့် အောင်မြင်နေချိန်ဖြစ်သည်။ ဦးသိန်းကြည်ဘဝတွင် လိုချင်တာမရတာဆို၍ သားသမီးရတနာသာရှိသည်။ သူ့မိန်းမသည် သားသမီးမရနိုင်ကြောင်း ဝမ်းနည်းစွာ သိခဲ့ရချိန်ဖြစ်သည်။

အဲဒီအချိန်မှာ သက်သက်ကို သူမျက်စိကျခဲ့သည်။ ငယ်ရွယ်သော၊ လှပသော သက်သက်ကို မင်းသမီးဖြစ်အောင်လုပ်ပေးမည်ဟူသော အကြောင်းပြချက်တစ်ခုဖြင့် အပိုင်သိမ်းနိုင်ခဲ့သည်။ သက်သက်ကိုယ်ဝန်ရှိချိန်မှာတော့ သားသမီးလိုချင်လွန်းသည့် ထွေးရီကို သူဖြောင်းဖြနိုင်ခဲ့သည်။ သက်သက်၏ ကလေးကိုသူတို့ယူပြီးသည်နှင့် ထိုမိန်းကလေးနှင့် သူ လုံးဝမပတ်သတ်တော့မည့်အကြောင်း ကျိန်တွယ်ပြောခဲ့သည်။

တကယ်တမ်း အမွှာပူးကလေးမွေးလာသောအခါတွင်မူ သမီးကိုသာအရူးအမူးလိုချင်သော သူ့မိန်းမ ထွေးရီ၏ဆန္ဒကို သူလိုက်လျောခဲ့သည်။ သက်သက်နှင့် သားငယ်ကို ငွေကြေးအထိုက်အလျောက်ပေးပြီး ဝေးရာကိုနှင်ထုတ်ခဲ့သည်။ သက်သက်တို့အပေါ် မတရားခဲ့မှန်းသူသိသည်။ ဒါပေမယ့် သူ့ဘဝမှာ ရွှေစင်ဆိုသည့် သမီးလေးတစ်ယောက်ရှိနေပြီဖြစ်၍ အခြားအရာများကို သိပ်ပြီးမစဉ်းစားမိတော့။ ရွှေစင့်ကိုသာ ငုံထားမတတ်ချစ်ခဲ့၊ အလိုလိုက်ခဲ့သည်။ အခုတော့လည်း လောကဓံတရားက ဦးသိန်းကြည်တို့လင်မယားကို ပြန်လည်ဒဏ်ခတ်သည်ပဲ ဖြစ်သည်။

သေချာသည်ကတော့ ဆက်ပိုင်သည် သူ့ထက်အဆပေါင်းများစွာ လူသားဆန်ကာ ယောက်ျားပီသသော သူတစ်ယောက်ဖြစ်သည်။ သူ့လိုအဖေမျိုးမှ ဒီလိုသားတစ်ယောက်ဖြစ်လာသည်မှာ သူနှင့်ဝေးရာတွင် ကြီးပြင်းလာရ၍သာဖြစ်မည်။ ဦးထွန်းဟန်ဆိုသည့် ထက်ပိုင်ဖခင်၏ ကျေးဇူးလည်းပါမည်ဖြစ်သည်။ ဦးသိန်းကြည် ဝဲတက်လာသော မျက်ရည်များကြောင့် မြင်ကွင်းများ ဝေ၀ါးသွားသည်။ အတန်ကြာအောင် ငေးငိုင်နေမိပြီးမှ ကားစက်နှိုးလိုက်သည်။

ဆက်ပိုင် နောက်ကျောမှ ဦးသိန်းကြည်၏ မီးခိုရောင်ကားကြီး မောင်းထွက်သွားပြီဖြစ်သည်။ ဆက်ပိုင် နောက်ပြန်လှည့်မကြည့်။ မုန်တိုင်းဝင်ကာစလို လှုပ်ရှားနေသောစိတ်များကို ပြန်လည်စုစည်းပြီး အိမ်တံခါးမှ လိုက်ကာဖြူကို ပင့်ဖယ်ကာ အိမ်ထဲလှမ်းဝင်လိုက်သည်။ အိမ်ရှေ့ခန်းတွင် အပြင်ထွက်ရန် အသင့်ဖြစ်နေသော ထက်ပိုင်ကိုတွေ့လိုက်ရသည်။ ရေကူးကန်သွားတိုင်း သယ်ဆောင်လေ့ရှိသည့် အမည်းရောင် ကြိုးတပ်အိတ်အကြီးကို ဘေးတစ်စောင်းလွယ်ကာ ဆိုင်ကယ်ဦးထုပ်ကို လက်မှကိုင်ထားသည်။

ထက်ပိုင်ကို လှမ်းနှုတ်မဆက်နိုင်လောက်အောင်ပင် သူ့ စိတ်တွေ မောပန်းနေသည်။ သူ့ ဆေးရုံလက်ဆွဲအိတ်ကို ထိုင်ခုံပေါ်ပစ်တင်လိုက်ပြီး ဆက်တီခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

"အခုနကကားက အန်ကယ့်ကားမဟုတ်လား ဆက်ပိုင်။"

"ဗျာ.."

အခုမှ အိပ်ရာမှနိုးသူတစ်ယောက်လို ဆက်ပိုင် မော့ကြည့်လိုက်သည်။ သူ့ကိုလှမ်းကြည့်နေသည့် ထက်ပိုင်သည် မျက်မှောင်ကြုတ်နေသည်။

"ရွှေစင့်အဖေကားမဟုတ်လား။"

"အင်း.. ဟုတ်တယ်.."

"မင်းကိုဘာလို့ အိမ်လိုက်ပို့ရတာလဲ။"

သူ စိတ်ညစ်သွားသည်။ အဖြစ်မှန်ကို ထက်ပိုင်သိ၍မဖြစ်။

"လမ်းကြုံလို့။"

ခပ်တိုတိုဖြေကာ အခန်းထဲလှမ်းဝင်ရန် မတ်တတ်ရပ်လိုက်သည်။ ဒါပေမယ့် ထက်ပိုင်သူ့လက်မောင်းကို ဖမ်းဆွဲလိုက်သည်မို့ ခြေလှမ်းတန့်သွားရသည်။ ထက်ပိုင်မျက်လုံးများ ဒေါသရိပ်ငွေ့ငွေ့ကြောင့် ပို၍စူးရှတောက်ပြောင်သွားသည်။

"မင်းဘာတွေလာပြောနေတာလဲ။ အန်ကယ်က ဘယ်သူ့ကိုမှ လမ်းကြုံလို့လိုက်ပို့ပေးမယ့် သူမျိုးမဟုတ်ဘူး။ မင်းနဲ့ဘာကိစ္စရှိလို့တွေ့ကြတာလဲ။"

ဆက်ပိုင် လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ အခုအချိန်မှ သူ ထက်ပိုင်ကိုဖြေရှင်းဖို့ ဘယ်လိုမှစိတ်မရှည်နိုင်။ မိနစ်ပိုင်းအတွင်းကမှ သိခဲ့ရသော အမှန်တရားဆေးခါးကို သူမြိုကျနိုင်အောင် ကြိုးစားရဦးမည်။ ထက်ပိုင်လက်ထဲမှ သူ ရုန်းထွက်လိုက်သည်။

"ကျွန်တော် ရန်နိုင့်ဆီသွားလိုက်ဦးမယ်။"

"မင်း ငါမေးတာဖြေဦး။"

ထက်ပိုင် မလွှတ်။ အသံကမာသလို ကျယ်သွားသည်။

"ဖယ်စမ်းဗျာ။"

ဆက်ပိုင် စိတ်တိုစွာ အားကုန်ဆွဲဖယ်လိုက်သည်။ ဆက်ပိုင်မျက်လုံးများနီရဲနေသည်။ ဒေါသဖြစ်ခဲသော ဆက်ပိုင်ကိုကြည့်ပြီး ထက်ပိုင်မယုံနိုင်လောက်အောင် အံ့သြသင့်သွားသည်။

"မင်းဘာဖြစ်လာတာလဲ။ ဦးသိန်းကြည်နဲ့ ဘယ်လိုပတ်သက်လဲ။"

"ကျွန်တော် ပြောပြီးပြီ ကိုထက်။ လမ်းကြုံလို့လိုက်ပို့တာ။"

ရွှေစင့်အဖေဘေးမှာ မကြာခဏတွေ့ရလေ့ရှိသည့် မော်ဒယ်လ်ကောင်လေး ချောချောလေးများ အကြောင်း စဉ်းစားမိချိန် ထက်ပိုင်ရင်ထဲ ပူလောင်သွားသည်။ ဆက်ပိုင်သည် လူချောလေးတစ်ယောက်ဆိုတာ သူ သိသည်။ သူ့ချစ်သူ၏ ဖခင်ဆိုပေမယ့် ဦးသိန်းကြည်နှင့် မပတ်သက်စေချင်သည့်သူများထဲတွင် ဆက်ပိုင်သည် ရှေ့ဆုံးမှဖြစ်သည်။

"မင်း ငါ့ကိုဘယ်တုန်းကညာလို့ ရဖူးလို့လဲ ဆက်ပိုင်။ အမှန်အတိုင်းပြောစမ်း။ မင်းကိုသူ ဘာကိစ္စ လာပတ်သတ်နေတာလဲ။"

"ပြဿနာမရှာချင်စမ်းပါနဲ့ဗျာ။ ကျွန်တော်ဒီနေ့စိတ်ရှည်နိုင်မှာ မဟုတ်ဘူး။"

"ငါပြဿနာရှာတာမဟုတ်ဘူး။ ဦးသိန်းကြည်က ငါ့ချစ်သူအဖေ။ ငါသိခွင့်ရှိလို့မေးတာ။"

ဆက်ပိုင် နာကျင်စွာပြုံးလိုက်သည်။

"ကျွန်တော်နားလည်တယ် ကိုထက်။ မဏ္ဍဋ်တိုင်တပ်ပြစရာမလိုဘူး။"

"ဘာကွ။"

ထက်ပိုင် ဒေါသများက ငယ်ထိပ်အထိ စောင့်တက်သွားသည်။ ဆက်ပိုင် သူ့ကိုတစ်ခါမှ ဒီလောက်မာမာထန်ထန် ပြန်မပြောဘူး။ ဘယ်တုန်းကမှလည်း ဒီလိုဒေါသရောင်တောက်နေသော မျက်လုံးများဖြင့် မကြည့်ဖူးပါ။ တစ်ခုခုတော့မှားနေသည်မှာ သေချာသည်။ ထက်ပိုင်တားချိန်မရလိုက်။ ဆက်ပိုင် အိမ်ရှေ့တံခါးကို တွန်းထွက်သွားပြီဖြစ်သည်။ အားနှင့် စောင့်ပိတ်ခဲ့သည့် ခြံစည်းရိုးတံခါးမှာ တဖျတ်ဖျတ်ခတ်ကာ ကျန်ခဲ့သည်။ ထက်ပိုင် စိတ်ဆိုးမိသည်ရော၊ နားမလည်မိသည်ရောပေါင်းကာ ဆက်တီထိုင်ခုံကိုသာ ခြေထောက်နှင့် နာနာကန်မိသည်။

................................

ဆက်ပိုင် မှန်တံခါးကို တွန်းဖွင့်ဝင်လိုက်သည်။ ဆိုင်ခန်းထဲမှ ကော်ဖီနံ့မွှေးမွှေးက ကျောင်းတုန်းကလိုပင်။ သစ်သားရောင်လက်နေသော ဘားကောင်တာကတော့ အခုနောက်ပိုင်းမှ ရန်နိုင်ထပ်အားဖြည့်ထားခြင်းဖြစ်သည်။
ကောင်တာနောက် ပုလင်းစင်ပေါ်တွင် နိုင်ငံခြားအရက်ပုလင်းမျိုးစုံဖြင့် ပြည့်နေသည်။ မှန်နောက်ခံဖြစ်သည်မို့ ပုလင်းများအားလုံး ရောင်ပြန်ဟပ်ကာ တောက်ပနေသည်။ ဆိုင်ထဲရှိ စားပွဲဝိုင်းအမြင့်များတွင် စားသောက်သူများနှင့်ပြည့်နှက်နေသည်။ စကားသံ၊ ဇွန်းသံများနှင့်အတူ အနောက်တိုင်းဂီတသံတစ်ခုက ငြိမ့်ညောင်းစွာထွက်ပေါ်နေသည်။

သူ ဒီဆိုင်ကိုမရောက်ဖြစ်သည်မှာ လနှင့်ချီ၍ကြာခဲ့ပြီဖြစ်သည်။ ပိုက်ဆံရှင်းသည့်ကောင်တာတွင် ပိုက်ဆံလက်ခံနေသော ရန်နိုင့်ကိုလှမ်းတွေ့လိုက်ရသည်။ အနက်ရောင်ဘောင်းဘီရှည်နှင့် အပြာရောင် တီရှပ်လက်ပြက် ယူနီဖောင်းကို ဝတ်ဆင်ထားပြီး တီရှပ်ရင်ဘတ်မှာ ဆိုင်နာမည်ကို အဖြူရောင် စာလုံးခပ်လတ်လတ်ဖြင့် ရေးထားသည်။

"ဆက်ပိုင်.. ဟေ့ကောင်.. အခုမှပဲပေါ်လာတော့တယ်။"

ရန်နိုင်ဝမ်းသာအားရပြောပြီး ကောင်တာနောက်မှ ထွက်လာသည်။ ဆက်ပိုင် သူငယ်ချင်းဖြစ်သူကို မပီပြင်သောအပြုံးတစ်ခုဖြင့် နှုတ်ဆက်ဖြစ်သည်။

"ဆောရီးကွာ။ ငါ နည်းနည်းအလုပ်များနေလို့။"

"ဘယ်မှာထိုင်မလဲ။"

"ဘားမှာပဲ သူငယ်ချင်း။ နေရာရှိလား။"

"မင်းဆိုရင် ဘားကောင်တာပေါ်လည်း တက်ထိုင်လို့ရတယ်။"

ဆက်ပိုင် ဘားရှိခုံလည်ထိုင်ခုံမှာ ဝင်ထိုင်လိုက်ချိန် ရန်နိုင် ဆက်ပိုင်ဘေးမှကျော်ကာ ဘားကောင်တာနောက် ဝင်ရပ်လိုက်သည်။ မြင့်မားသောအရပ်မှာ ဆက်ပိုင်ပေါ်ကျော်မိုးနေသည်။

"ဘာသောက်မလဲ.. ဆက်ပိုင်။ .ကော်ဖီလား။"

"ဘီယာ.."

ရန်နိုင်မျက်လုံးပြူးသွားသည်။ ဆက်ပိုင်တစ်ခါမှ ဘီယာမသောက်။ မျက်နှာပျက်ချင်နေသော ဆက်ပိုင်ကို အခုမှသူသေချာကြည့်မိသည်။ သေချာသည်ကတော့ တစ်ခုခုဖြစ်လာသည်။ မေးတော့မမေးမိ။ ဆက်ပိုင်ကလည်း သူမဖြေချင်သည့်အရာဆို ဘယ်လောက်မေးမေး ဖြေတတ်သည်မဟုတ်။ စည်ဘီယာခွက်ကြီးတစ်ခွက်ကို ဆက်ပိုင်ရှေ့ချပေးလိုက်သည်။ တစ်ခွက်လုံးကုန်သည်အထိ အဆက်မပြတ် ဆက်ပိုင်မော့သောက်လိုက်တော့ ရန်နိုင် တကယ်ပင် ပို၍ မျက်လုံးပြူးသွားရသည်။

"ဟာ.. ဟေ့ကောင်.. မင်း သောက်နေကျလည်း မဟုတ်ဘဲနဲ့။"

ဆက်ပိုင် ဘာမှမပြော။ ဘီယာခွက်ကို ကောင်တာပေါ်ပြန်ချလိုက်ကာ နှုတ်ခမ်းများကို လက်ဖမိုးဖြင့် ပွတ်သပ်လိုက်သည်။ မျက်လုံးများက နာကြည်းရိပ်များဖြင့် နီရဲနေသည်။

"သူငယ်ချင်း.. မင်း ဘာတွေဖြစ်လာတာလဲ။"

ဆက်ပိုင် ခေါင်းခါပြသည်။

"နောက်တစ်ခွက်ထည့်ဦးကွာ။"

ကုန်သွားပြီဖြစ်သော ဘီယာခွက်ကို သူ့ ရှေ့တွန်းပို့လိုက်သည်။ စိုးရိမ်ပူပန်မှုများနှင့် ခွက်လွတ်ကို ရန်နိုင် လှမ်းယူလိုက်သည်။ ဆက်ပိုင်ကို တစ်ခါမှ သူဒီလိုမတွေ့ဖူးပါ။ ဘယ်လောက်ပင်ပြဿနာကြီးကြီး၊ ဝမ်းနည်းစရာဖြစ်ဖြစ်၊ သူ့သူငယ်ချင်းသည် ထိန်းချုပ်မြိုသိပ်နိုင်လွန်းသည်ဖြစ်သည်။ ဘယ်တော့မှ ဒီလောက်မျက်နှာမပျက်ဖူးခဲ့။

"သူငယ်ချင်း.. မင်း ထက်ပိုင်နဲ့ရန်ဖြစ်လာတာလား။"

ဆက်ပိုင်ခေါင်းခါလိုက်သည်။

"ဆောရီး ရန်နိုင်။ ငါ တစ်ယောက်တည်း ခဏလောက်နေချင်တယ်။"

"ငါကူညီပေးလို့ရနိုင်တဲ့ ပြဿနာမျိုးလား သူငယ်ချင်း။"

ဆက်ပိုင် နောက်တစ်ကြိမ် ခေါင်းခါပြသည်။ သူဒီထက်ပို၍ ဘာမှမတတ်နိုင်ပါ။ အလုပ်ထဲမှာ အာရုံနှစ်ထားပေမယ့် ရန်နိုင်တစ်ညနေခင်းလုံး အလုပ်မှာ အမှားမှားအယွင်းယွင်းတွေ ဖြစ်နေသည်။ ဆက်ပိုင် ဆိုင်ထဲဝင်လာကတည်းက ထိုင်နေသော ထိုထိုင်ခုံမှာ တစ်ယောက်တည်း ငြိမ်သက်စွာ ထိုင်နေရုံမှလွဲ၍ စကားတစ်ခွန်းမဟတော့။ ဆက်ပိုင်ဘီယာခွက်ထဲကို ရန်နိုင် အကြိမ်ကြိမ်ဖြည့်ပေးနေသည်မှာ ခြောက်ခါ၊ ခုနစ်ခါခန့်ရှိပြီဖြစ်သည်။ အစားတစ်ခုခုစားဖြစ်အောင် ဂရုတစိုက် ချပေးထားသော ပီဇာကိုလည်း လက်ဖျားနှင့်ပင်မတို့။ နောက်ဆုံး ရန်နိုင် ဆိုင်ကို ဧည့်သည်ရှင်းသည်နှင့် စောပိတ်လိုက်သည်။ ထိုအချိန်မှာ ဆက်ပိုင် ခေါင်းမတ်မတ်ပင် မထောင်နိုင်တော့။ လက်နှစ်ဖက်ဖြင့် ပင့်မထားရသည်။ နောက်တစ်ကြိမ် နှုတ်ခမ်းနားတေ့သောက်ရန် ဘီယာခွက်ကိုအမ ရန်နိုင်လှမ်းဖယ်လိုက်သည်။

"တော်တော့ ဆက်ပိုင်။ မင်းလွန်နေပြီ။"

"ရတယ် သူငယ်ချင်း။ ငါသောက်နိုင်သေးတယ်။"

"တော်တော့ကွာ။"

လက်ကျန်ဘီယာကို ရန်နိုင်သွန်ပစ်လိုက်သည်။ မတုန်မလှုပ် လုပ်နိုင်လှသော ဆက်ပိုင်ကို သူစိတ်တိုချင်လာသည်။ တကယ်ဆို ဒီလောက်ခင်မင်ပေါင်းသင်းလာသည့် သူ့ကို ဘာဖြစ်လာသည်ဆိုတာလောက်တော့ ပြောသင့်သည်။

"မင်းအိမ်ပြန်တော့မလား။ ငါလိုက်ပို့ပေးမယ်။"

"ဟင့်အင်း.."

"ဆက်ပိုင်။ မင်း ဘာတွေဖြစ်နေတယ်ဆိုတာ ငါ့ကိုနည်းနည်းတောင် မပြောနိုင်ဘူးလား။"

"မင်းပြောစမ်း ရန်နိုင်။ ငါတကယ်ပဲ ဒီလောက်အသုံးမကျတဲ့ကောင်လား။"

ဆက်ပိုင် လေသံမကွဲတော့ပါ။

"အမေရော အဖေပါ မလိုချင်တဲ့ ကလေးမျိုး မင်းတွေ့ဖူးလား။ အေး မတွေ့ဖူးရင်ကြည့်ထား။ မင်းရှေ့မှာ ထိုင်နေတဲ့ကောင်ပဲ။ သေချာကြည့်ထား။"

ဆက်ပိုင်လက်နှစ်ဖက်ကို ပိုက်ကာ ခေါင်းမှီတင်ရင်း ရန်နိုင့်ကို မော့ကြည့်သည်။ နှုတ်ခမ်းထောင့်မှာ နာကျင်သော လှောင်ပြုံးတစ်ခုထင်နေသည်။ တစ်ခါမှ သူ့မိဘများအကြောင်းကို ဆက်ပိုင် ပြောလေ့မရှိသည်မို့ ရန်နိုင်အံ့သြရသည်။ သူ ဆက်ပိုင်ကိုနားလည်ပါသည်။ သူကိုယ်တိုင်ကလည်း သူ့ရဲ့ရပ်တည်ချက်များကို လက်မခံသော မိဘများနှင့် အခုအချိန်အထိ သင့်မြတ်သည်မဟုတ်။ ဆယ်တန်းပြီးကတည်းက ယခုဆိုင်ထပ်ခိုးသည် သူ့အိမ်နေရာ ဖြစ်ခဲ့သည်။ ဆိုင်ရှင်အန်တီ၏ သဘောထားကြီးမှုကြောင့် နေဖို့တစ်နေရာစာအတွက် သူ မပူခဲ့ရ။

မိဘကလက်မခံသည့် ကိစ္စမျိုးသည် သားသမီးများအတွက် ဘယ်လောက်နာကျင်ခံရခက်သည်ကို သူနားလည်သည်။ ဆက်ပိုင်က သူ့ထက်ပို၍ အခြေအနေများစွာဆိုးသည်ကို ရန်နိုင်သိသည်။ ငယ်စဉ်ကတည်းက အဖေမရှိသော ဆက်ပိုင်ကိုကျောင်းမှာ ကလေးအချင်းချင်း လှောင်ပြောင်စနောက်သည့်အပြင် လူကြီးများကပါ နှာခေါင်းရှုံ့လေ့ရှိသည်။ ဘယ်တုန်းကမှ ဒီအကြောင်းများနှင့် ဆက်ပိုင်ဆက်စပ်ပြောဆိုလေ့မရှိသည်မို့ အတိတ်ကို ပြည်ဖုံးကားချထားသည်ဟုသာ သူ ထင်ခဲ့သည်။

"မင်း ဘာတွေဖြစ်လာတာလဲ..ဆက်ပိုင်။ ဘာလို့အတိတ်ကဖြစ်တာတွေကို ပြန်ပြောနေတာလဲ။ အချိန်တွေပဲ ကြာလှပြီကွာ။"

"ငါလည်းပြန်မစဉ်းစားချင်ပါဘူးကွာ။ ဘယ်တော့မှ မစဉ်းစားချင်တော့ဘူး။ တစ်သက်လုံး မစဉ်းစားချင်တော့ဘူး။ ဒါပေမယ့် ငါ့မျက်စိရှေ့တည့်တည့်ကိုရောက်လာတာကို ငါဘယ်လိုလုပ်ရမလဲ။ ရယ်ရတယ်ကွာ။ တကယ်။"

ဆက်ပိုင် ဘားကောင်တာကို လက်နှင့်နာနာရိုက်ရင်း ပြောလာသည်။ ရယ်နေသော သူ့မျက်လုံးတွင် မျက်ရည်တွေ ၀ိုင်းနေသည်။ ရန်နိုင်တိုင်ကပ်နာရီကိုတစ်ချက်လှမ်းကြည့်လိုက်သည်။ ညဆယ့်နှစ်နာရီကျော်နေပြီ ဖြစ်သည်။
ဆက်ပိုင် ဘားကောင်တာတွင် မျက်နှာတစ်ခြမ်းစောင်း ခေါင်းလှဲအိပ်လိုက်သည်။ မျက်လုံးများက ကောင်းကောင်းမဖွင့်နိုင်တော့။ ဆက်ပိုင် ရန်နိုင့်ရှေ့တွင် အခုလို သတိလက်လွတ် အရက်မသောက်သင့်သလို၊ မူးလည်းမမူးသင့်။ ရန်နိုင်က တောထွက်ဖို့ စဉ်းစားနေသည့် ဘုန်းကြီးပေါက်စမဟုတ်ပါ။ ပြီးတော့ ဆက်ပိုင်သည် သူကျောင်းသားဘဝကတည်းက တွယ်တာချစ်ခင်ခဲ့ရသူ တစ်ယောက်။

နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒါပေမယ့် အချစ်ဦးဆိုသည်က မေ့ရန်ခက်သည်။ ဒီနှစ်များအတွင်းမှာ သူ့မှာ ချစ်သူ ကောင်လေးတွေရှိခဲ့ပါသည်။ ခက်သည်က ဆက်ပိုင်ကိုစွဲလမ်းမိသလောက် ဘယ်သူ့ကိုမှ သူချစ်၍မရခဲ့။ ခြောက်လ၊ တစ်နှစ်ထက်မပိုသော ဇာတ်လမ်းသုံး၊လေးခုနောက်မှာတော့ ရန်နိုင်နောက်ထပ်အချစ်သစ်ကို ရှာချင်စိတ်မရှိတော့။ သူလိုချင်သည်က အချစ်သစ်မဟုတ်။ မရနိုင်ခဲ့သည့်၊ မရခဲ့သည့် အချစ်ဟောင်းတစ်ခုဖြစ်သည်။ သူငယ်ချင်းကောင်းတစ်ယောက်လို ဆက်ပိုင်နားမှာ နှစ်ပေါင်းများစွာ နေခဲ့ပေမယ့် ဆက်ပိုင်သည် သူ့အတွက် သူငယ်ချင်းတစ်ယောက် ဘယ်တုန်းကမှမဖြစ်ခဲ့။ ရင်နှင့်အမျှ ချစ်ရသောသူတစ်ယောက် သာဖြစ်ခဲ့သည်။ အခြေအနေမဆိုးခင် သူဆက်ပိုင်ကို အိမ်ပြန်ပို့မှဖြစ်မည်။

"ဆက်ပိုင်.. မင်းအိမ်ပြန်ဖို့ကောင်းပြီ။"

"မပြန်ချင်ဘူးကွာ။ ဒီည ငါဒီဆိုင်မှာပဲအိပ်မယ်။"

"ဆက်ပိုင်..."

ရန်နိုင်အော်လိုက်မိသည်။

"မင်းအဖေနဲ့ထက်ပိုင် စိတ်ပူနေလိမ့်မယ်။ ငါပြန်လိုက်ပို့ပေးမယ်။ ဟေ့ကောင်..ထ"

"ကိုထက်လား။ ကိုထက် မတရားဘူးကွာ။"

ဆွဲထူဖို့ ပြင်နေသော ရန်နိုင့်လက်များ တစ်ဝက်တစ်ပျက်မှာ ရပ်တန့်သွားသည်။

"ငါ ထိန်းချုပ်ရလွန်းလို့ ရင်တွေကွဲတော့မယ် သူငယ်ချင်း။ ကိုထက် ငါ့ကိုနည်းနည်းမှ နားမလည်ဘူး။ မင်းစဉ်းစားကြည့်စမ်း။ ငါ .. ငါ..ကိုထက်ကို...."

ဆက်ပိုင်ထံမှ ဘာသံမှ ဆက်မကြားရတော့။ ရန်နိုင်ပင့်သက်တစ်ချက်ရှိုက်မိသည်။ ဆက်ပိုင်စကားသံများ တိတ်သွားပေမယ့် ဘာကိုဆိုလိုသည်ကို သူနားလည်သည်။ ရန်နိုင်တိတ်ဆိတ်ငြိမ်သက်စွာ အိပ်ပျော်နေသည့် ဆက်ပိုင်ကို ငေးကြည့်ဝမ်းနည်းမိသည်။ သူနှင့်ဆက်ပိုင်ကြားတွင်ရှိနေသော သူငယ်ချင်းဟူသည့် အသုံးအနှုန်းတစ်ခုကို တစ်ခါတစ်ရံ ရန်နိုင်ကျော်ဖြတ်ချင်သည်။ ဒါပေမယ့် ဘယ်တုန်းကမှ သတ္တိမရှိခဲ့။

Continue Reading

You'll Also Like

7.5K 1K 11
ကျုပ်က လူရိုးဗျ။ ခင်များနဲ့တွေ့မှ အဆန်းတကြယ်တွေဖြစ်ကုန်တော့တာပဲ...
6.4K 183 4
ဘယ်အရာကိုမှ မမျှော်လင့်တော့ပဲ လုံလောက်အောင်စိတ်ကုန်သွားတဲ့အခါ အရာရာကိုစွန့်ပစ်တတ်လာတယ်~~ နာကျင်တာနဲ့ နာကျည်းတာကမတူဘူး နာကျင်တာကခဏတာဆိုပင်မဲ့ နာကျည်းတ...
273K 25.5K 12
(ZawGyi & Unicode) "ကျွန်တော်တို့ နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို မမွန်ရဲ့အနုပညာ စိတ်ကူး နဲ့ ပေါင်းစပ်ပြီး တခြားသူတွေ ရဲ့ ရင်ထဲမှာ စွဲထင်ကျန်ရစ်စေ...
228K 37.5K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .