Don't Stop Believing
נכתב על ידי JE_Rain
586K 37.4K 3K
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... עוד
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62
Episode - 54
6.8K 598 38
נכתב על ידי JE_Rain
မနက်​စော​စော မိုး တို့သားအဖနှစ်​ယောက်​လားရှိုးလေဆိပ်​က​နေ ရန်​ကုန်​သို့ပြန်​ဆင်းလာခဲ့ကြသည်​။​ဖေ​ဖေက​တော့​နေ့လည်​အစည်းအ​ဝေးရှိလို့ဆိုပြီး အိမ်​တောင်​မပြန်​တော့ပဲ ရုံးသို့တန်းသွား​လေသည်​။ မိုး က​တော့အိမ်​ခဏပြန်​ပြီး​နားသည်​။ ညဂျူတီမို့လို့​ဆေးရုံကိုလဲ​အေး​အေး​ဆေး​ဆေးမှပဲ သွားရမည်​မို့ ရှမ်းပြည်​ကအပြန်​ပါလာတဲ့ အသီးအနှံ​လေးအချို့ကို သူ့မမအိမ်​သို့သွားပို့ရင်​ကောင်းမလားလို့​တွေး​နေမိသည်​။​သူ့မမက မနက်​ပိုင်း​ကျောင်းချိန်​မို့ ဒီအချိန်​လောက်​ဆိုရင်​တော့ အိမ်​ပြန်​ရောက်​လောက်​ရော​ပေါ့ဟု​တွေးကာ သစ်​သီး​လေး​တွေကို ပလတ်​စတစ်​ဗူး​လေးတစ်​ခုထဲသို့​ပြောင်းထည့်​ရင်း သူ့မမဆီသို့ ကား​လေးဖြင့်​ထွက်​လာခဲ့လိုက်​သည်​။
သူ့မမအိမ်​ရှေ့​ရောက်​တော့​နေ့လည်​၂ နာရီ​လောက်​ရှိ​နေပါပြီ ။ သစ်​သီးဗူး​လေးကိုင်​ကာ မိုး ခြံ​ရှေ့၌ရပ်​လိုက်​တော့ သစ်​ပင်​ရိပ်​အောက်​မှာ ပန်းအိုးဖြင့်​နှင်းဆီပင်​လေး​တွေ​ပျိုး​နေ​သော အန်​တီတင့်​ကလှမ်းမြင်​လိုက်​ပြီး သူ့ကိုတံခါးထဖွင့်​ပေး​လေသည်​။
"​ဒေါက်​တာမ​လေး ပါလား .... ဝင်​ဝင်​ဒေါက်​တာမ​လေး ... "
" ဟုတ်​ကဲ့ .... ဆရာမ ရှိလား အန်​တီ ? "
မိုး ခြံထဲဝင်​ရင်း​မေးလိုက်​တော့ အန်​တီတင့်​က​ခေါင်းညိမ့်​ရင်း
" ရှိပါတယ်​....​ဒေါက်​တာမ​လေးရဲ့ဆရာမက မနက်​ထဲကဖျား​နေလို့​ကျောင်းမသွားဖြစ်​ဘူး​လေ ..... "
ဖျား​နေတယ်​လို့ ကြားလိုက်​ရတာနဲ့ မိုး ရဲ့မျက်​လုံး​လေး​တွေဟာ ချက်​ချင်းဝိုင်းစက်​သွားပြီး ရင်​ထဲစိုးရိမ်​မှုတို့က လွှမ်းမိုးသွားခဲ့၏ ။
အန်​တီတင့်​ကအိမ်​ထဲသို့အ​ရှေ့မှဝင်​သွားပြီး လင်း ရဲ့အခန်းထဲသို့ဝင်​သွား​လေသည်​။ အန်​တီတင့်​ဝင်​လာ​တော့ လင်း ကအခန်းထဲ၌ ဟိုတစ်​လောကသူကိုယ်​တိုင်​ဆေး​ပေးထားတဲ့ က​လေးရဲ့ sneaker ဖိနပ်​အဖြူ​လေးကို​ငေးကြည့်​နေသည်​။ အဲ့​နေ့က​သွေး​တွေထွက်​နေတဲ့ မိုး ရဲ့​ခြေဖဝါးနဲ့ ထိုဖိနပ်​လေး​ပေါ်နင်းလိုက်​မိတာမို့ ဖိနပ်​မှာ​သွေး​စက်​အချို့ကစွန်းထင်းခဲ့​လေသည်​။ ဒါကို လင်း​တွေ့​တော့ တယုတယပြန်​ဆေး​ပေးပြီး သူ့အခန်းထဲမှာ သိမ်း​ပေးထားတာ ယ​နေ့အထိပင်​။ သူ့က​လေးကို တစ်​ရက်​တော့ ထိုဖိနပ်​လေးသွား​ပေး​ရဦးမယ်​လို့​တွေး​နေစဉ်​မှာပဲ
" လင်း​ရေ ....​လင်း ရဲ့တပည့်​ဒေါက်​တာမ​လေး​ရောက်​လာတယ်​..... "
သူ့က​လေး​ရောက်​နေတယ်​လဲဆို​ရော ညှိုးနွမ်းသ​ယောင်​ပေါ်​နေတဲ့ လင်း ရဲ့မျက်​နှာ​လေးဟာ ချက်​ချင်းအပြုံးရိပ်​ဘက်​သို့သမ်းလို့သွား​ပါသည်​။
" က​လေး​ရောက်​လာတယ်​ဟုတ်​လား အန်​တီတင့်​..... "
" ဟုတ်​တယ်​လင်း ... ဒီမှာ .....​"
လင်း ကုတင်​ပေါ်က ထလိုက်​စဉ်​မှာပဲ မိုး အခန်းအတွင်းဝင်​လာပြီး
" မထပါနဲ့ မ .... ဖျား​နေတယ်​ဆို .. ဆက်​လှဲ​နေပါ ..... "
လင်း ရဲ့ပုခုံး​လေးကို မိုး အသာ​လေးဖိလိုက်​ကာ ကုတင်​ပေါ်ပြန်​ထိုင်​ခိုင်းလိုက်​လေသည်​။ ထို့​နောက်​သူလဲ ကုတင်​ထောင့်​စွန်း​လေးမှာ ဝင်​ထိုင်​လိုက်​ပြီး လက်​ထဲက သစ်​သီး​တွေထည့်​ထားတဲ့ ဗူး​လေးအား သူ့မမထံ လှမ်း​ပေးလိုက်​သည်​။
" ခြံထွက်​စ​တော်​ဘယ်​ရီသီးနဲ့ ပျားလိ​မ္မော်​သီး​လေး​တွေ လာ​ပေးတာပါ ... "
လင်း လဲ မိုး​ပေးတဲ့ဗူးလးကိုလှမ်းယူလိုက်​ပြီး
"​ကျေးဇူးပါပဲ က​လေး .... မနက်​ဖြန်​ဘုရားမှာ အရင်​ကပ်​ပေးမယ်​နော်​.... "
လင်း ခပ်​ပြုံးပြုံး​လေး ပြန်​ပြောရင်းသစ်​သီးဘူး​လေးအား အန်​တီတင့်​ထံလှမ်းကားလိုက်​လေသည်​။ သူ့မမက သူ​ပေးတာကို ဘုရားမှာအရင်​ကပ်​လှူ​ပေးမယ်​ပြောတာမို့ မိုး သ​ဘောကျစွာ ပြုံးလိုက်​မိသည်​။ အန်​တီတင့်​ကဘူးကိုယူပြီး အခန်းအပြင်​မထွက်​သွားမှီ
" ဒါနဲ့​ကော်​ဖီသုံး​ဆောင်​မလား အ​အေး​သုံး​ဆောင်​မလား​ဒေါက်​တာမ​လေး ? "
အန်​တီတင့်​မေး​တော့ မိုး​ခေါင်းတစ်​ချက်​ခါလိုက်​ပြီး
"​ရေ​လေးတစ်​ခွက်​ပဲ​ပေးပါ​နော်​အန်​တီ ... "
"​အော်​ဟုတ်​ကဲ့ .... "
အန်​တီတင့်​ပြန်​ထွက်​သွား​တော့မှ မိုး သူ့မမမျက်​နှာကို​သေချာကြည့်​လိုက်​မိသည်​။
" ဟင်​! "
နှုတ်​ခမ်း​ထောင့်​ချိုးနား၌​ပေါက်​ထားတဲ့ဒဏ်​ရာကိုလဲ မြင်​လိုက်​ရ​ရော မိုး ရင်​ထဲစူးခနဲ​အောင့်​သွားရသည်​။
" ဒီဒဏ်​ရာက ဘာဖြစ်​ရပြန်​တာတုန်း မ ရယ်​... "
မိုး အက်​ကွဲကွဲ​လေသံနဲ့​မေးလိုက်​တော့ လင်း​ခေါင်း​လေးကိုငုံ့လိုက်​ပြီး မျက်​လွှာကို​အောက်​ချလိုက်​သည်​။ လင်း ဘာမှပြန်​မ​ဖြေပဲ တိတ်​နေကတည်းက မိုး သ​ဘော​ပေါက်​လိုက်​ပြီး သက်​ပြင်းရှည်​တစ်​ချက်​ချလိုက်​၏ ။ ပြီး​တော့ လင်း ရဲ့နဖူးပြင်​လေးကို မိုး လက်​ဖဝါး​လေးနဲ့ စမ်းကြည့်​လိုက်​ပြီး
" ကိုယ်​က​နွေး​နေ​သေးတာပဲ ...​ဆေးခန်းမသွားထားဘူး မဟုတ်​လား ? "
မိုး​မေးလိုက်​တော့ လင်း​ခေါင်း​လေးပြန်​မော့ကာ သူ့ကိုကြည့်​ပြီး ပြုံးပြ၏ ။
" ဟုတ်​တယ်​... မသွားဖြစ်​ဘူး ... "
မိုး ကသိ​နေတယ်​လေဆိုတဲ့အကြည့်​မျိုးနဲ့ သူ့မမကိုတစ်​ချက်​ပေတိ​ပေ​စောင်းကြည့်​လိုက်​တော့ လင်း ရဲ့ခပ်​ဖွဖွ​လေးရယ်​နေ​လေသည်​။
" ဒီ​လောက်​ဖြစ်​ထားတာ​တောင်​မှ ရယ်​နိုင်​သေးလို့​တော်​ပါ​သေးရဲ့ ..... "
မိုး မချိပြုံး​လေးပြုံးပြီး​ပြောလိုက်​တော့
" အဲ့ဒါဆို မ ကထိုင်​ငို​နေရမှာလား က​လေးရယ်​? ထိုင်​ငိုတယ်​ဆိုတာ အရှုံးသမား​တွေရဲ့အလုပ်​လေ ..... "
လင်း​ပြောတာကို မိုး မျက်​တောင်​တစ်​ချက်​မခတ်​ပဲ သူ့မမမျက်​နှာ​လေးအား စိုက်​ကြည့်​နေခဲ့သည်​။ ပြီး​တော့ ပြုံးတယ်​ဆိုရုံ​လေးမျှ သူ့မမကိုပြုံးပြလိုက်​ပြီး
" အိမ်​မှာ ဘာလိမ်း​ဆေးရှိလဲ ?​ဆေးထည့်​ထားတဲ့ box​လေးဘာ​လေး မရှိဘူးလား ? "
သူ​မေးလိုက်​တော့ မ က​ဘေးစားပွဲ​ပေါ်မှ ပလတ်​စတစ်​box​လေးတစ်​လုံးကို လှမ်းယူပြီး ကုတင်​ပေါ်၌ ချ​ပေး​လေသည်​။ မိုးလဲ ထို box​လေးအတွင်းသို့ ဖွင့်​ကြည့်​လိုက်​ပြီး
" မြန်​မာေ​ဆး​တွေများတာပဲ .... "
ဆရာခို လိမ်း​ဆေး​ဗူး​လေးကို​ကောက်​ယူလိုက်​ပြီး အဖုံးကိုဖွင့်​ကာ ဂွမ်းထုတ်​ထဲမှ ဂွမ်းနည်းနည်းယူပြီး​ဆေးကိုတို့ယူ၍ သူ့မမနှုတ်​ခမ်း​ထောင့်​က ဒဏ်​ရာ​လေးကို သုတ်​လိမ်း​ပေး​နေသည်​။
မ ရဲ့နှုတ်​ခမ်းဖူးဖူး​လေးမှာ ထို့သို့ဒဏ်​ရာဖြစ်​နေခြင်းကို မြင်​တွေ့ရ​တော့ မိုး ရင်​ထဲခံပြင်းပြီး နာကျင်​နေရသည်​။​ဆေးလိမ်း​ပေး​နေချိန်​၂​ယောက်​မျက်​နှာရဲ့ ကြားအကွာအ​ဝေးဟာ နီးစပ်​နေသည်​မို့ တစ်​ယောက်​ရဲ့ အသက်​ရှုသံကို တစ်​ယောက်​ကြား​နေရပါသည်​။ လင်း ရဲ့နှာသီဖျားက​ပြန်​ထွက်​လာတဲ့​လေဟာ မိုးရဲ့နားသယ်​မွှေး​လေး​တွေကို လှုပ်​ခါသွား​စေတာမို့ မိုး ကြတ်​သီးထသွား၏ ။
သူ့နှုတ်​ခမ်းကို စိုက်​ကြည့်​နေတဲ့ မိုး ကို လင်း ကြည့်​ပြီး ရင်​တွေတဒိတ်​ဒိတ်​ခုန်​လာတာမို့
" ဟို ... ပြီးပြီလားဟင်​က​လေး ? "
အသံသဲ့သဲ့ လင်း​မေးလိုက်​တော့ မိုး အ​နောက်​သို့ပြန်​ဆုတ်​လိုက်​ပြီး
" မနက်​က ဘာ​ဆေး​သောက်​ထား​သေးလဲ ? "
စကားလမ်း​ကြောင်းလွှဲပြီး​ပြောလိုက်​တော့
" ပါရာ​စေတ​မော​သောက်​ထားတယ်​က​လေး .... "
" အစာ​ကော ဝင်​ရဲ့လား ? "
" အင်း ....​နေ့လည်​က ဆန်​ပြုတ်​လေး​သောက်​ထားတယ်​.... "
ရုတ်​တရက်​သူ့မမလက်​လေးကို မိုး လှမ်းကိုင်​လိုက်​ပြီး သူ့မမကို ရီ​ဝေ​သောအကြည့်​တို့ဖြင့်​ငေးကြည့်​ကာ
"​နေ​ကောင်း​အောင်​နေပါ မ ရယ်​... မ ကျန်းကျန်းမာမာရှိ​နေတာကိုပဲ မိုး လိုလားတယ်​.... "
သူ့က​လေး​ပြော​တော့ လင်း တစ်​ချက်​လေးရယ်​ပြလိုက်​ပြီး
" အင်းပါ က​လေးရယ်​... မ​နေ​ကောင်း​အောင်​ကြိုးစားပြီး​နေပါ့မယ်​နော်​... "
ထိုစဉ်​အခန်းထဲသို့​နွေး​လေး ဝင်​လာသဖြင့်​မိုး သူ့မမကိုကိုင်​ထားတဲ့လက်​ကို ပြန်​ဖြုတ်​လိုက်​သည်​။
"​မမ ....​"
"​နွေး​လေး .... "
​နွေး​လေး က​ရေခွက်​လေးကို မိုး ဆီကမ်း​ပေးလိုက်​ပြီး
" ဖွားဖွားရဲ့အခန်းထဲ​ရောက်​နေလို့ မမ​ရောက်​လာတာ ချက်​ချင်းမသိလိုက်​ဘူးရယ်​... "
မိုး​နွေး​လေးကို ပြုံးပြလိုက်​ပြီး
" မမလဲ အခုပဲ​ရောက်​လာတာ​နွေး​လေးရဲ့ .... အ​ခြေအ​နေဘယ်​လိုလဲ ? "
" အားလုံး fine တယ်​မမ .... နှလုံးလဲ မ​အောင့်​တော့ဘူး .... အသက်​ရှုလဲဝတယ်​.... "
ရယ်​ရယ်​မော​မောနဲ့​ပြောလိုက်​တဲ့​နွေး​လေး ရဲ့ပါး​လေးကို မိုး လှမ်းဆွဲလို​က်​ပြီး
" အဲ့လိုအသံ​လေးပဲ အမြဲကြားချင်​ပါတယ်​ရှင်​... "
" ဟီး .... စိတ်​ချ အမြဲကြား​စေရမယ်​နော်​... "
" ဟုတ်​ပါပြီကွာ .... "
မိုး နဲ့သူ့ကြားမှာ လာထိုင်​တဲ့​နွေး​လေးရဲ့​ခေါင်းကို လင်း အသာ​လေးပွတ်​သပ်​ပေးရင်း သူ့သမီးကို​မိခင်​မေတ္တာ​တွေပြည့်​လျှံ​နေသည့်​အကြည့်​တို့ဖြင့်​ကြည့်​နေတဲ့ မြင်​ကွင်းကို မိုး မြင်​လိုက်​ရ​လေသည်​။
စကားခဏတာ ထိုင်​ပြောပြီးတဲ့​နောက်​မှာ​တော့ မိုး လက်​ပတ်​နာရီကို ကြည့်​လိုက်​ပြီး
" မိုး ချိန်းထားတာ​လေး တစ်​ခုရှိ​သေးလို့ ပြန်​တော့မယ်​မ .... "
"​အော်​အင်းပါ က​လေးရယ်​.... "
သူပြန်​မယ်​ပြောလိုက်​တာ့ လင်း ရဲ့မျက်​နှာ​လေးက သိပ်​မရွှင်​လန်း​တော့​ပေ ။
"​နောက်​လဲ ခဏခဏလာလည်​နော်​မမ ... "
" အင်းပါ​နွေး​လေးရယ်​မမ လာလည်​ပါ့မယ်​... ဒါနဲ့​နွေး​လေးက​ကျောင်းဘယ်​တော့ပြန်​တက်​ရမှာလဲ ? "
သူ​မေးလိုက်​တော့ ကြားက လင်း က
" သမီး​လေးကို​ကျောင်းအုပ်​ကြီးက နားလည်​မှုနဲ့​ကျောင်းမတက်​ပဲ စာ​မေးပွဲပဲ လာ​ဖြေဖို့ စီစဉ်​ပေးထားတယ်​.... "
"​အော်​အင်း​ပေါ့​ကျောင်းပိတ်​ဖို့လဲ သိပ်​မှမလို​တော့ပဲ .... အဲ့​တော့စာ​တွေ​ကော လိုက်​နိုင်​ရဲ့လား ? "
" ဟုတ်​ကဲ့ မမ လိုက်​နိုင်​ပါတယ်​... မနက်​၈ နာရီ​လောက်​ဆိုရင်​ကျောင်းကဆရာမ​တွေက အိမ်​အထိလာသင်​ပေးကြတယ်​လေ ....​မေ​မေ့ရဲ့မျက်​နှာနဲ့​ကျောင်းကဆရာမ​တွေက​နွေး ကိုဆို တအားဂရုစိုက်​ကြတာ .... "
​" အင်း​ပေါ့ မ ကိုယ်​တိုင်​ကိုကလဲ​ကျောင်းဆရာမဆို​တော့ .... ကဲ မမ သွားပြီ​နော်​.... မ မိုး သွား​တော့မယ်​.... "
သူထရပ်​ပြီး အခန်းပြင်​ထွက်​မယ်​လုပ်​တော့ လင်း တို့သားအမိနှစ်​ယောက်​စလုံးက လိုက်​ထလိုက်​ကြတာမို့
" လိုက်​မပို့ပါနဲ့​တော့ ... အပြင်​မှာ​လေစိမ်း​တွေတိုက်​တယ်​မ ရဲ့ ... အခန်းထဲမှာပဲ​နေခဲ့​နော်​....​"
" အင်းပါ က​လေးရယ်​.... ahhh​နေဦး ခဏ​လေး .... "
မ ကတခုခုကိုသတိရသွားဟန်​ဖြင့်​ထသွားပြီး အခန်း​ထောင့်​က sneaker ဖိနပ်​အဖြူ​လေးကို သွားယူလာကာ မိုး ကိုလှမ်း​ပေး​၏ ။ ပြီး​တော့ မိုး ရဲ့​ခြေ​ထောက်​ကိုလဲ ငုံ့ကြည့်​လိုက်​ပြီး
"​ခြေဖဝါးက အနာက အမာရွတ်​ကျန်​ခဲ့​သေးလားဟင်​က​လေး ? "
"​ahh မကျန်​ပါဘူး မ ရဲ့ ... အနာက​သေး​သေး​လေးဟာကို .... "
မိုး မျက်​လုံး​လေး​တွေ​ကွေး​သွား​သည့်​တိုင်​ရယ်​ပြီး​ပြောလိုက်​သော်​လည်း
" ဘယ်​က​သေးရမှာလဲ ... လက်​တစ်​ဆစ်​ကျော်​လောက်​ရှိတဲ့ဟာကို ... ဖိနပ်​ပေါ်မှာ​တောင်​သွေးကွက်​တွေက​စွန်း​နေ​ခဲ့​သေးတယ်​.... "
လင်း​ပြောလိုက်​တော့ မိုး သူ့ဖိနပ်​ကို​သေချာငုံ့ကြည့်​လို​က်​ပြီး
" မ ဖိနပ်​ကိုပြန်​ဆေး​ပေးထားတာလား ? "
" အင်း​ပေါ့ နို့မို့ဆို​သွေး​တွေစွန်း​နေတာ​လေ ... "
" ဟာ မ ရယ်​... ဒီတိုင်းထားလိုက်​ရော​ပေါ့ ... ဘာလို့​ဆေးရတာလဲ .... မိုး ငရဲ​တွေကြီးကုန်​တော့မှာပဲ .... "
မိုး စကားကိုကြား​တော့ လင်း ဟိုးအရင်​အချိန်​ကို ပြန်​သတိရသွားကာ တစ်​ချက်​လေးရယ်​လိုက်​မိသည်​။
" ငယ်​ငယ်​တုန်းကအတိုင်း ငရဲကြီးမှာကို​တော့ အခုထိ​ကြောက်​သေးတာပဲ​နော်​... "
" ငရဲဆိုတာ ကြီး​သော ငယ်​သောမ​ရွေးဘူး မ ရဲ့ ....​နောက်​ဆိုရင်​အဲ့လို​တွေ ထပ်​မလုပ်​ပေးပါနဲ့​နော်​.... "
" အဲဒါဆိုရင်​ရှင်​လေးလဲ​နောက်​ကို ကျွန်​မအတွက်​နဲ့ ဒဏ်​ရာရ​အောင်​မလုပ်​ပါနဲ့ ... "
သူ့ကို မျက်​စောင်း​လေးထိုးကာ​ပြောလိုက်​တဲ့ မ ရဲ့အမူအယာ​ကြောင့်​မိုး အသဲ​တွေရွစိရွစိဖြစ်​လာ​လေသည်​။​ဘေးနားမှာ​နွေး​လေး ရှိ​နေလို့သာ နို့မို့ဆို မ ကိုသူဘာလုပ်​မိမယ်​မှန်း မသိ ။
" ဟုတ်​ပါပြီ မ ရယ်​.... အဲ့လို မိုး ကိုဒဏ်​ရာမရ​စေချင်​ဘူးဆိုရင်​မကိုယ်​မလဲ ပိုဂရိုစိုက်​ပါ ... ကဲ မိုး သွားပြီ​နော်​... "
" အင်းပါ က​လေးရယ်​... ကားကိုဂရုစိုက်​မောင်းဦး​နော်​.... "
" ဟုတ်​ကဲ့ပါ မ ..... "
မိုး အခန်းထဲကထွက်​လာ​တော့​နွေး​လေး​ဘေးမှာကပ်​ပါလာသည်​။
" မမ​နောက်​ကိုခဏခဏလာ​နော်​... မမလာ​တော့​မေ​မေလဲဝမ်းသာ​နေတာ ... "
" အင်းပါ​နွေး​လေးရယ်​နောက်​ဆို မမ ခဏခဏလာမယ်​နော်​....​အော်​ဒါနဲ့​လေ ... "
မိုး​နွေး​လေးမျက်​နှာကို​သေချာငုံ့ကြည့်​လိုက်​ပြီး
" တကယ်​လို့​ညီမ​လေး​ကော ဆရာမပါ တအား​နေမ​ကောင်းတာပဲ ဖြစ်​ဖြစ်​... တခြားတခုခုဖြစ်​တာပဲ ဖြစ်​ဖြစ်​... မမကို ဖုန်းဆက်​ပြီးသာ လှမ်း​ခေါ်လိုက်​နော်​.... ဘာမှအားနာ​နေစရာမလိုဘူး ကြားလား ... "
" ဟုတ်​ကဲ့ပါ မမ ... "
အိမ်​ပေါက်​ဝ​ရောက်​တော့ ခြံထဲကို သူ့​အ​ဖေကားဝင်​လာတာ​တွေ့ပြီး​နွေး​လေး မျက်​နှာမှာ တခုခုကိုထိတ်​လန့်​တဲ့ ပုံရိပ်​ဖြတ်​သန်းသွားတာကို မိုး သတိထားမိလိုက်​သည်​။
" ဟို မမ ...​နွေး ခြံထဲအထိ လိုက်​မပို့​တော့ဘူး​နော်​.... "
အ​ခြေအ​နေကို အကဲခတ်​မိတဲ့ မိုး မှာလဲ​ခေါင်း​လေးညိမ့်​လိုက်​၍
" အင်း​နွေး​လေး ... ခြံထဲမှာ​နေပူတယ်​မလိုက်​နဲ့​နော်​... "
" ဟုတ်​မမ ... တာ့တာ့ ... "
" တာ့တာ့​ညီမ​လေး .... "
ချက်​ချင်းလှစ်​ခနဲဆို သူ့​အ​မေအခန်းထဲသို့​နွေး​လေး ပြန်​ပြေးဝင်​သွား​လေသည်​။ ဒါကိုမြင်​ပြီး မိုး စိတ်​ထဲထင့်​မိ၏ ။ သူခြံထဲကိုထွက်​လာလိုက်​တော့ ကား​ပေါ်က ဆင်းလာတဲ့​တေဇာ နဲ့ထိပ်​တိုက်​တွေ့ဆုံ​လေသည်​။
" Hanna ပါလား .... "
​တေဇာ ကသူ့ရဲ့​နေကာမျက်​မှန်​ကိုချွတ်​ပြီး မိုး ကို​တွေ့​တော့ စကားစဆိုသည်​။ မိုး​တေဇာ့မျက်​နှာကို ခပ်​တည်​တည်​ပြန်​ကြည့်​ပြီး စကားတစ်​ခွန်းကို အစ​ဖော်​လိုက်​လေသည်​။
" လွန်​ခဲ့တဲ့ ဆယ်​နှစ်​ကျော်​လောက်​က ကို​တေဇာ​ညီမကို​ပြောခဲ့ဖူးတဲ့ စကားတစ်​ခွန်းကို သတိရ​သေးလား ? "
မိုး​မေး​တော့​တေဇာက မျက်​မှန်​ကိုအကျီမှာ ချိတ်​လိုက်​ရင်း
" ဘာစကားများလဲ Hanna ? "
"​အော်​... မိုး ရဲ့ ဆရာမကို ကို​တေဇာ အသက်​ထက်​တောင်​ပိုမြတ်​နိုးမိ​နေပြီဆိုတဲ့စကားကို​လေ .... "
​မိုး စကားကိုကြားပြီး​တေဇာ ခပ်​ထေ​ထေပြုံးလိုက်​ကာ
" ဘာလို့ ဟိုးအရင်​ကစကားလုံး​တွေကို အစပြန်​ဆွဲထုတ်​နေရတာလဲ Hanna ? "
​တေဇာ​မေးလိုက်​တော့ မိုး ကလဲမဲ့ပြုံး ပြန်​ပြုံးပြရင်း
"​သြော်​.... အခုထက်​ထိ​ကော ကို​တေဇာ မိုး ရဲ့ဆရာမကို အဲ့လိုမျိုး ချစ်​မြတ်​နိုး​သေးရဲ့လားလို့ သိချင်​လို့ပါ .... "
မိုး​ပြော​တော့​တေဇာ ဟက်​ခနဲရယ်​လိုက်​လေသည်​။
" ချစ်​တာ​တွေ မချစ်​တာ​တွေက အခုလိုအချိန်​အ​နေမျိုးမှာ အ​ရေးပါ​သေးလို့လားကွာ .... "
" သိပ်​ပါ​တာ​ပေါ့ ... မိသားစုတစ်​ခုမှာ ချစ်​ခြင်းတရားနဲ့​မေတ္တာတရားက အ​ရေးအပါဆုံးပဲ ကို​တေဇာ ..... ပြီး​တော့ မိုး ကို​တေဇာ့ကို ပွင့်​ပွင့်​လင်းလင်းနဲ့ တည့်​တိုးပဲ​ပြောချင်​တယ်​.... "
မိုး​ဘာများ​ပြောမလဲလို့​တေဇာက မိုး ကို​သေချာစူးစိုက်​ကြည့်​နေသည်​။
" ကိစ္စတစ်​ခုခုဖြစ်​တိုင်း လက်​ပါတတ်​တာက​ယောကျာ်း​ကောင်း​တွေရဲ့ အမူအကျင့်​မဟုတ်​ဘူးဆိုတာ ကို​တေဇာသိမှာပါ ... "
" ဘာ !!! "
​တေဇာ သူ့ကိုမျက်​မှောင်​ကြုတ်​ခါးကို​ထောက်​ပြီး ကြည့်​နေ​ပေမဲ့ မိုး မဖြုံ​ပေ ။ သူ​ပြောချင်​တာကို ဆက်​ပြော​လေသည်​။
" ဆရာမက ဘာမှမ​ပြောဘူးဆို​ပေမဲ့ .... ဆရာမရဲ့ ခန္ဓာကိုယ်​ပေါ်က ဒဏ်​ရာ ဒဏ်​ချက်​တွေက ကို​တေဇာ့ရဲ့ ပ​ရောဂနဲ့ မကင်းဘူးလို့ မိုး ထင်​တယ်​... "
​တေဇာ ဘာတစ်​ခွန်းမှ မငြင်းဆန်​ပဲ သူ့ကိုစိုက်​ကြည့်​နေတာ​ကြောင့်​မ ကိုဒီလိုဒဏ်​ရာ​တွေ​ပေး​နေတဲ့လူဟာ​တေဇာမှန်း မိုး လုံးဝယုံကြည်​သွားခဲ့သည်​။
" တကယ်​လို့များ ကို​တေဇာ ဆရာမကို ထပ်​ပြီးအနာတရဖြစ်​အောင်​လုပ်​မယ်​ဆိုရင်​.... မိုး ကို​တေဇာ့ကို လုံးဝခွင့်​လွှတ်​မှာ မဟုတ်​ဘူးဆိုတာ​ပြောခဲ့ပါရ​စေ ..... "
သူစကားကုန်​ပြောလိုက်​တော့​တေဇာက မ​ကျေနပ်​သည့်​အကြည့်​တွေဖြင့်​မိုး ကိုစူးစူးရှရှကြည့်​နေပြီး
"​နေစမ်းပါဦး Hanna ... ကိုယ်​တို့ရဲ့ အိမ်​ထောင်​ရေးပြသနာက မင်းနဲ့ လားလားမှ မသတ်​ဆိုင်​ဘူးဆိုတာ မင်း သိသင့်​တာ​ပေါ့ .... "
" မသက်​ဆိုင်​ဘူးလို့ မ​ပြောနဲ့ ကို​တေဇာ ... ဆရာမက မိုး ရဲ့ ဆရာမဆိုလဲဟုတ်​တယ်​.... အစ်​မဆိုလဲ ဟုတ်​တယ်​.... ကိုယ့်​ရဲ့ အစ်​မတစ်​ယောက်​လုံး ဒီလိုဒဏ်​ရာ​တွေ ရရ​နေတာကို မိုး ကဒီတိုင်းကြီး ထိုင်​ကြည့်​နေရမှာတဲ့လား ? "
မိုး စိတ်​တိုလာသဖြင့်​စကား​ပြောတဲ့​လေသံက မာလာ​လေပြီ ။
"​အေး မင်း သိထားရမှာကလဲ .... ငါကပြသနာကို မီး​မွှေးရှာ​နေတဲ့ လူမဟုတ်​ဘူးဆိုတာပဲ .... ငါ့မှာလဲ အဲ့လို​ပြသနာ​တွေဖြစ်​လာဖို့ အ​ကြောင်းအရင်း​တွေ အပြည့်​ရှိတာမို့လို့ မင်းဘာမှဝင်​ပြီး မ​ပြောပါနဲ့ .... မင်း ရဲ့ဆရာမက အခုငါပိုင်​ဆိုင်​တဲ့ အရာဖြစ်​နေပြီ .... ငါ့ဘာသာ ဘာလုပ်​လုပ်​မင်းနဲ့ မဆိုင်​တော့ဘူး .... "
မိုး ရဲ့အသံဟာ မာ​ကြောလာသလိုပဲ​တေဇာ့ ရဲ့​လေသံ​တွေဟာလဲ ခတ်​ထန်​လာ​လေပြီ ။ အခန်းအတွင်းမှာရှိ​နေတဲ့ လင်း တို့သားအမိနှစ်​ယောက်​က မသိ​ပေမဲ့လဲ အိမ်​နောက်​ဖေးက​နေ ထွက်​လာတဲ့ အန်​တီတင့်​က​တော့ သူတို့နှစ်​ယောက်​ရဲ့ တင်းမာ​နေတဲ့ အ​ခြေအ​နေကို လှမ်းမြင်​နေရသည်​။
" ဘယ်​လို​ပြောလိုက်​တာလဲ ကို​တေဇာ ? မ က ကို​တေဇာ ပိုင်​ဆိုင်​တဲ့ အရာ ဟုတ်​လား ? ဟက်​.... ဒီမှာ ကို​တေဇာ ... မ က​လေ ... အ​သွေးနဲ့ အသားနဲ့ဖြစ်​တည်​နေတဲ့ လူသားတစ်​ယောက်​ပါ ..... ကို​တေဇာ ပိုင်​ဆိုင်​တဲ့ သက်​မဲ့အရာတစ်​ခုမဟုတ်​ဘူး .... နှလုံးသားနဲ့ ခံစားချက်​ရှိတဲ့ မိန်းမသားတစ်​ယောက်​... ဒဏ်​ရာရရင်​နာကျင်​တတ်​တဲ့ အသိစိတ်​ရှိတဲ့ အ​သွေးနဲ့အသားနဲ့ လူသားရှင့်​လူသား .... "
မိုး​ပြောရင်း​ဒေါသ​ကြောင့်​အသား​တွေ တဇတ်​ဇတ်​တုန်​လာပြီး အသံ​တွေလဲ ကွဲအက်​လာခဲ့သည်​။ မျက်​ဝန်းထဲမှာလဲ​ဒေါသ​ကြောင့်​နဲ့ သူသိပ်​ချစ်​တဲ့ မ ကိုသက်​မဲ့ အရာတစ်​ခုလိုမျိုး အ​ပြောခံလိုက်​ရတာ​ကြောင့်​ဖြစ်​တည်​လာတဲ့ ခံပြင်းမှု​တွေစုပုံပြီး မျက်​ရည်​တွေက ဝဲတက်​လို့​လာသည်​။
"​နောက်​ဆုံးအကြိမ်​ထပ်​ပြီး သတိ​ပေးလိုက်​ပါ့မယ်​....​နောက်​တစ်​ကြိမ်​ထပ်​ပြီး မ ကိုနာကျင်​အောင်​မလုပ်​ပါနဲ့ ... ကို​တေဇာ ..... "
​နောက်​ဆုံးစကားတစ်​ခွန်း​ပြောပြီး မိုး ခြံပြင်​သို့​ခြေလှမ်းကျဲတို့ဖြင့်​ဦးတည်​ခဲ့လိုက်​သည်​။​တေဇာ က​တော့အ​နောက်​မှာ မိုး ကိုမျက်​ထောက်​နီနဲ့ လှမ်းကြည့်​ရင်း​ဒေါနဲ့​မောနဲ့ကျန်​ခဲ့​၏ ။ 
မိုး က​တော့ ကား​ပေါ်​ရောက်​သွားတာနဲ့
"​တောက်​.... "
​တောက်​ခေါက်​သံတစ်​ချက်​ကား​ပေါ်ကျယ်​လောင်​စွာ ထွက်​ပေါ်လာ​လေသည်​။
" ဒီလူကွာ .... ငါ့ရဲ့ မ ကိုယူတုန်းကယူပြီး ...​တော်​တော်​လူမဆန်​တဲ့လူ ...... "
ကားစတီယာတိုင်​ပေါ် လက်​နဲ့ ခပ်​ပြင်းပြင်းတစ်​ချက်​ရိုက်​ချလိုက်​မိ​လေ​တော့သည်​။
X    X    X    X    X    X    X    X    X    X    X    X
မှတ်​စု စာအုပ်​လေးတစ်​အုပ်​လေးတစ်​အုပ်​ကို ဇွဲ​ကောက်​ကိုင်​ပြီး လှန်​ကြည့်​လိုက်​သည်​။
ကားနံပါတ်​တစ်​ခုက ယခုတိုင်​ထင်​ရှား​နေဆဲ ။
"​အေး ရဲ​ဇော်​.... ငါ့ကို တစ်​ခု​လောက်​စုံစမ်း​ပေးစမ်းကွာ ..... ၂၀၀၉ ခုနှစ်​၅ လပိုင်း တုန်းက .. ကားနံပါတ်​xxxx .... ပိုင်​ရှင်​ဘယ်​သူဆိုတာ စုံစမ်း​ပေးစမ်းပါ .. အို​ခေ သူငယ်​ချင်း​ကျေးဇူးကွာ ...... "
ဖုန်းကိုပြန်​ချလိုက်​ပြီးတဲ့​နောက်​
တီချယ်​လင်း အတွက်​ကျွန်​တော်​လုပ်​ပေးနိုင်​တာဆိုလို့ ဒီတစ်​ခုပဲရှိပါတယ်​...
အဲ့​နေ့က​တွေ့မြင်​ခဲ့ရတဲ့ မြင်​ကွင်းနဲ့ အ​ခြေအ​နေ​တွေက အခုထိ ဇွဲကိုကို​ဇော်​၏မှတ်​ဥာဏ်​ထဲမှာ ထင်​ရှားဆဲပါ ။
အိမ်​ပြန်​သွားတယ်​ဆိုပြီး ည ၁၀ နာရီ​ကျော်​လောက်​အထိ​ဆေးရုံကို ပြန်​မ​ရောက်​လာလို့ ကျွန်​တော်​နဲ့ တီချယ်​မြတ်​တို့​ခေါင်းမီး​တောင်​နေတဲ့အချိန်​ပေါ့ ။ ဖုန်းဆက်​တော့လဲ တီချယ်​လင်း မကိုင်​ခဲ့ပါ ။ ဒါ​ကြောင့်​မို့ တီချယ်​မြတ်​က တီချယ်​လင်း ရဲ့အိမ်​ကိုလိုက်​သွား​တော့မယ်​လို့ ဆိုပြီး တီချယ်​လင်း ဆီ​နောက်​ဆုံးတစ်​ကြိမ်​ဖုန်းထပ်​ဆက်​ခဲ့ပါသည်​။ ထိုတစ်​ကြိမ်​မှာ​တော့ တီချယ်​လင်း ဘက်​မှ ဖုန်းပြန်​ဖြေကြားခဲ့ပါတယ်​။ သို့​ပေမဲ့လဲ တီချယ်​လင်း ကိုယ်​တိုင်​တော့ မဟုတ်​ခဲ့ ။
"​အေး .... ဒီမှာ တူမကြီးတစ်​ယောက်​လမ်း​ဘေးမှာလဲ​နေတယ်​ကွယ်​.... အဲ့ဒါအမြန်​ဆုံးလာ​ခေါ်ကြပါ ....​ဆေးရုံပို့ဖို့လိုအပ်​မယ်​ထင်​တယ်​... မြန်​မြန်​လာ​ခေါ်ကြ​ကွယ်​.... "
ချက်​ချင်းပဲ တီချယ်​လင်း ရဲ့​အ​မေကို​ဆေးရုံက nurse​လေးတစ်​ယောက်​ကို ခဏ​စောင့်​ကြည့်​ပေးဖို့​သေချာအထပ်​ထပ်​အပ်​ခဲ့ပြီးမှ ထိုလူကြီး​ပြောတဲ့​နေရာကို တီချယ်​မြတ်​ကားနဲ့အတူ ကျွန်​တော်​တို့အားချင်းလိုက်​ချသွားခဲ့သည်​။
လူသွားလူလာပြတ်​တဲ့ လမ်းနံ​ဘေးတစ်​နေရာမှာ တီချယ်​လင်း ကို အဖိုးတစ်​ယောက်​ရဲ့ လက်​ပေါ်၌​ပြန်​တွေ့ခဲ့ရသည်​။
တီချယ်​လင်း ရဲ့ကိုယ်​ခန္ဓာ​ပေါ်က အဝတ်​အစား​တွေဟာ စုတ်​ပြဲလို့​နေပြီး အဖိုးကသူ့မှာဝတ်​ထားတဲ့ အ​ပေါ်ထပ်​လက်​ရှည်​အကျီတစ်​ထည်​ကိုချွတ်​၍ တီချယ်​လင်းရဲ့ ခန္ဓာကိုယ်​ပေါ် လွှမ်းခြုံ​ပေးထားလို့သာေ​တာ်​ပေ​သေးသည်​။ ဒါအပြင်​ခန္ဓာကိုယ်​အောက်​ပိုင်းမှာလဲ​သွေးများဖြင့်​ပေကျံ​နေတာကို တီချယ်​မြတ်​ရဲ့​ရှေ့ကားမီး​ရောင်​အောက်​၌ မသဲမကွဲ မြင်​လိုက်​ရတာ​ကြောင့်​ကျွန်​တော်​ကော တီချယ်​မြတ်​ပါ​သွေးပျက်​သွားကြသည်​။
" ညီမ​လေး လင်းလင်း ...... အို ကွယ်​.... ဖြစ်​မှဖြစ်​ရ​လေကွယ်​.... "
" အဘက စက်​ဘီးနဲ့ ဒီလမ်းကဖြတ်​လာတာ ... အဲ့ဒါ ဒီကတူမကြီးကိုလမ်း​ဘေးမှာ လဲကျ​နေတာ​တွေ့လိုက်​ရတယ်​... အစက သူ့ကိုအသက်​မှ ရှိ​သေးရဲ့လားလို့ ထင်​မိတာ ...​သေချာကြည့်​မှ အသက်​ရှု​နေ​သေးမှန်း သိလိုက်​တယ်​...​တော်​သေးတာ​ပေါ့ တူမကြီးတို့ဆီက ဖုန်းဝင်​လာလို့သာ ... ဒီမှာ သူ့အိတ်​ထင်​တယ်​...​ရော့​ရော့ .. "
"​ကျေးဇူးတင်​ပါတယ်​ဦး​လေးရယ်​.... "
ဒါနဲ့ပဲ ကျွန်​တော်​တို့ တီချယ်​လင်းကို​ဆေးရုံသို့အမြန်​ဆုံး​ခေါ်သွားခဲ့ကြရသည်​။​ဆေးရုံ​ရောက်​တော့
" လူနာရှင်​က ဒီကအမနဲ့​မောင်​လေးလား ? "
" ဟုတ်​ပါတယ်​ရှင့်​.... "
" လူနာက ပြင်းပြင်းထန်​ထန်​ကာမပြုကျင့်​ခံထားရလို့ pain ဖြစ်​ပြီး shock ရသွားတာပါ .... "
" ရှင်​!!!! "
" ဗျာ !!!! "
ကျွန်​တော်​ကော တီချယ်​မြတ်​ပါ​အလန့်​တကြားဖြစ်​ပြီး ပါးစပ်​အ​ဟောင်းသားဖြစ်​သွားခဲ့ရ​၏ ။
" သားအိမ်​အတွင်းဘက်​နံရံအ​မှေးပါး​လေး​တွေ​ယောင်​နေပြီး​သွေးယိုစိမ့်​မှုအနည်းငယ်​ရှိ​နေပါတယ်​... နာကျင်​မှု​လျော့နည်းသွားဖို့အတွက်​ကျွန်​မတို့​ဆေး​တွေထိုး​ပေးထားပြီးပါပြီ .... မကြာခင်​သူပြန်​သတိရလာမှာပါ ... အသက်​အန္တရာယ်​က​တော့ စိုးရိမ်​စရာမရှိပါဘူး "
" ဟုတ်​... ဟုတ်​ကဲ့ပါ​ဒေါက်​တာ ... "
ကျွန်​တော်​ကော တီချယ်​မြတ်​ပါ ၂​ယောက်​စလုံး​သွေး​ဆောင့်​တက်​ခဲ့ကြရပါသည်​။ ရင်​ထဲမှာ ခံပြင်းမှုတို့က မချိမဆံ့ခံစားခဲ့ရသည်​။ ပြီး​တော့ အဆိုးဆုံးက​တော့ တီချယ်​လင်း ရဲ့ကား​နောက်​ကို မလိုက်​သွားခဲ့မိတဲ့ ကျွန်​တော့ကိုယ်​ကျွန်​တော်​တော်​တော်​လေးကို​ဒေါသထွက်​မိပြီး အပြစ်​တင်​ခဲ့မိ၏ ။ 
ထိုညက တီချယ်​လင်း ဆီမှ ညည်းသံ​တွေ​မကြာခဏထွက်​ပေါ်လာသည်​။ ကယ်​ကြပါဆိုတဲ့ စကားလုံးကိုလဲ နှုတ်​မှတစ်​ဖွဖွ​ရေရွတ်​နေ၏ ။ အ​မေ ဆိုတဲ့ စကားလုံးနဲ့အတူ က​လေး .. က​လေး ဆိုပြီး သူချစ်​ရတဲ့ မိုးဝသန်​လွင်​ကိုလဲ တမ်းတလို့​ယောင်​ယမ်းေ​နတာ မြင်​ရ​တော့ ကျွန်​တော့ရင်​တွေ ပူ​လောင်​လွန်းခဲ့ရပါတယ်​။
အဲ့ညရဲ့ အဖြစ်​အပျက်​က​တော့ ကျွန်​တော့ဘဝအတွက်​တစ်​သက်​တာ မ​မေ့နိုင်​စရာအဖြစ်​အပျက်​ဆိုးတခုပင်​။ ကျွန်​တော်​တောင်​မှ ဒီအဖြစ်​အပျက်​ကို​တွေ့ရပြီး ဒီ​လောက်​ထိပ်​လန့်​ခဲ့တယ်​ဆိုရင်​ကာယကံရှင်​တီချယ်​လင်း က​ကော ....
ရူးမတတ်​ပါပဲဗျာ ...​ဖြစ်​ပျက်​ပြီး ရက်​ပိုင်းအနည်းငယ်​မှာ ရူးမတတ်​ကို ငို​ကြွေးတယ်​... တကယ့်​ကို အချိန်​တိုင်း အရူးတစ်​ပိုင်းလိုပါပဲ ...
ဒါ​ပေမဲ့ ဒီ​လောက်​ဖြစ်​ပျက်​ခဲ့တဲ့ကြားထဲက မိခင်​ဖြစ်​သူကို ပြုစု​ပေးနိုင်​သေးတဲ့ တီချယ်​လင်းက​တော့ ကျွန်​တော့်​ဘဝအတွက်​စံပြပုဂ္ဂိုလ်​တစ်​ဦးဖြစ်​ခဲ့ပါတယ်​။
ကို​တေဇာ ကိုယူခဲ့တယ်​ဆိုတာကလဲ သူ့ဘဝရဲ့အတိတ်​ဆိုးကို ဖုံးကွယ်​ချင်​ခဲ့လို့ ဆိုတာထက်​မိခင်​ဖြစ်​သူရဲ့အသက်​ကို ကယ်​တင်​ခဲ့ချင်​လို့ဆိုတာ ကျွန်​တော်​နားလည်​သ​ဘော​ပေါက်​နိုင်​ခဲ့ပါတယ်​။
"​မေ​မေ မရှိရင်​သမီးလဲ အသက်​ဆက်​ရှင်နိုင်​တော့မှာ မဟုတ်​ဘူး​မေ​မေ ရယ်​"  ဆိုပြီး မိခင်​လက်​ကိုဆုပ်​ကိုင်​ပြီး ငိုယို​နေခဲ့တဲ့ တီချယ်​လင်း ပုံစံကိုလဲ ကျွန်​တော်​ဒီ​နေ့အထိမ​မေ့ခဲ့နိုင်​ပါ ။
သင်​တန်းပြီးလို့ ကျွန်​တော်​ဒုရဲအုပ်​စဖြစ်​တော့ ကျွန်​တော်​ဒီအမှူကို ပြန်​စုံစမ်းချင်​ခဲ့မိတယ်​။ တီချယ်​လင်း က​တော့အရာအားလုံးကို​မေ့ချင်​ခဲ့ပြီး သူ့ဘဝရဲ့ဂုဏ်​သိက္ခာ​ကြောင့်​ဘာအမှုမှလဲ မဖွင့်​ခဲ့သလို ဘာရဲမှလဲ မတိုင်​ခဲ့ ။
အဲ့ဒါ​ကြောင့်​ကျွန်​တော်​ပြန်​စုံစမ်းလိုက်​လို့ သိရပြန်​ရင်​လဲ သူ့ဘဝနဲ့သူ သာယာ​နေပြီဖြစ်​တဲ့ တီချယ်​လင်း ရဲ့ဘဝ​နောက်​ကြောင်းဖြစ်​သည့်​အရိပ်​မဲကြီးကိုလဲ ပြန်​လည်​မမြင်​ယောင်​စေချင်​ခဲ့​တော့ပါ ။ ဒါ့​ကြောင့်​မို့ ကျွန်​တော်​ထိုကိစ္စကို​မေ့ထားတာ ယ​နေ့ထက်​ထိပင်​ဖြစ်​၏ ။
အခုလို​မေ့ထားခဲ့ပြီးမှ ဘာလို့ပြန်​အစ​ဖော်​ဖြစ်​သလဲဆိုရင်​တော့ ...
လွန်​ခဲ့တဲ့ ၂ ရက်​က ကျွန်​တော်​မိုး နဲ့ Bar တစ်​ခုမှာ​တွေ့ဆုံဖြစ်​ခဲ့ကြသည်​။ မ​သောက်​စဖူး​မိုး တစ်​ယောက်​မှာ ကျွန်​တော်​အဲ့ဒီ Bar ကို​ရောက်​တဲ့အချိန်​မှာ​တော့ အရက်​တွေ​တော်​တော်​ကို မူးလို့​နေပါပြီ ။ 
" ငါအဲ့လူကြီးကို တကယ်​မ​ကျေနပ်​ဘူး ဇွဲ ... ငါ့မှာ​တော့ မကိုမထိရက်​မကိုင်​ရက်​ခဲ့ဘူး ... သူက​တော့ သူက​တော့ ငါ့ရဲ့မကို စိတ်​ဆင်းရဲ​အောင်​နာကျင်​အောင်​တွေ လုပ်​နေတယ်​ဇွဲ ရယ်​...... ငါ​လေ မ သာ​ပျော်​ရွှင်​ရမယ်​ဆိုရင်​အဲ့လူကို ငါသတ်​တောင်​သတ်​ပစ်​ရဲတယ်​.... "
" ဟာကွာ ... မိုး ရယ်​ဘာ​တွေ​လျှောက်​ပေါက်​ကရ​ပြော​နေတာလဲ ... နင်​ပြော​နေတာ ငါ့လိုရဲတစ်​ယောက်​ရှေ့မှာ​နော်​.... "
" ဘာလဲ နင်​က ငါ့ကို ဖမ်းချင်​တာလား ? "
ခွက်​ကိုထပ်​ကိုင်​ပြီး​သောက်​ဦးမယ်​လုပ်​နေတဲ့ မိုး ကိုကျွန်​တော်​တော်​တော်​လေး တားလိုက်​ရသည်​။
" နင်​သိလား ဇွဲ .... မ ကိုအဲ့လူရိုက်​တာ​လေ .... မ​ခေါင်းကွဲသွားတာ ၄ ချက်​တောင်​ချုပ်​လိုက်​ရတယ်​.... မ က​လေ​ဆေးထိုးအပ်​လေးနဲ့ အထိုးခံရဖို့​ကို​တောင်​တော်​တော်​လေး​ကြောက်​တတ်​တဲ့လူတစ်​ယောက်​ဟ ... နင်​စဉ်းစားကြည့်​စမ်းပါ မ ဘယ်​လောက်​တောင်​မှ​ကြောက်​နေလိုက်​မလဲ ??? ဟမ်​.... "
ကျွန်​တော့ အကျီလည်​ဂုတ်​ကို လာဆွဲကိုင်​ပြီး​ငိုပြော​နေတဲ့ မိုး ကို ကျွန်​တော်​ပြန်​ထိန်း​ပေး​လိုက်​ရသည်​။
" ငါတို့ပြန်​ကြရ​အောင်​ဟာ ... ငါအိမ်​ပြန်​လိုက်​ပို့​ပေးမယ်​..... နင်​အခုလိုအချိန်​မျိုးမှာ ဆက်​မ​သောက်​နေသင့်​ဘူးဟ .... "
" ဟုတ်​တယ်​ငါဒီလိုမ​သောက်​နေသင့်​ဘူး .. ငါ မ ရဲ့​ဘေးနားမှာ သွား​စောင့်​ပေးပြီး ဟိုလူ့ရန်​က​နေ သွားကာကွယ်​ပေး​နေရမှာ ... "
ရုတ်​တရက်​မိုး ထရပ်​လိုက်​တော့ သူ့ဟာသူအရှိန်​မထ်ိန်းနိုင်​ပဲ ပြန်​လဲကျလာသဖြင့်​ကျွန်​တော်​မနည်းလှမ်းဆွဲလိုက်​ရ​သေးသည်​။
​သြော်​သူလဲ​တော်​တော်​လေးကို ခံစား​နေရမှာပဲ​လေ လို့​တွေးပြီး ထိုညက သူ့အိမ်​သို့ ကျွန်​တော်​ကိုယ်​တိုင်​လိုက်​ပို့​ပေးခဲ့ရပါသည်​။
အစက အဆင်​ပြေ​နေတဲ့ တီချယ်​လင်း တို့မိသားစုမှာ အခုအဆင်​မ​ပြေ​တော့ဘူးလို့ ကျွန်​တော်​ကြားသိခဲ့ရ​တော့ ရင်​ထဲမှာမ​ကောင်း ။ အခုလို ဆရာမတို့မိသားစု ပြန်​အဆင်​မ​ပြေဖြစ်​တာ အဲ့​နေ့ကကိစ္စနဲ့များ ပြန်​လည်​ပတ်​သတ်​နေမလားလို့ ကျွန်​တော်​စဉ်းစားမိလိုက်​သည်​။
ပြီး​တော့ ထို​နေ့ကကိစ္စဟာလဲ ကျွန်​တော့အတွက်​တော့ တီချယ်​လင်းအ​ပေါ်အ​ကြွေးတစ်​ခု ဆပ်​ဖို့ကျန်​နေ​သေးသလို အမြဲခံစားချက်​ရှိခဲ့တာမို့ ...
ဒီ​အ​ကြွေး​ဟောင်းကိုပြန်​ဆပ်​ရမယ်​ဆိုတဲ့ စိတ်​နဲ့ဆုံးဖြတ်​ချက်​တစ်​ခုကြောင့်​ကျွန်​တော်​ဒီအမှုကို ပြန်​အစ​ဖော်​လိုက်​ခြင်း ဖြစ်​ပေ​သည်​။
X   X    X   X   X    X    X    X    X    X     X   
​ကားဖြင့်​ကျောင်းက​နေအိမ်​သို့အပြန်​လမ်း၌ လင်း ကား​မောင်း​နေရင်းရုတ်​တရက်​
" ဟင်​...... "
လမ်းမထက်​ရှေ့တည့်​တည့်​ကို ကြည့်​နေရင်းနဲ့ပဲ သူ့ရဲ့အမြင်​အာရုံ​တွေဟာ ရုတ်​တရက်​အ​မှောင်​ဖုံးလွှမ်းလို့သွားခဲ့သည်​။ ညဘက်​လိုအချိန်​မျိုးမှာ ရုတ်​တရက်​မီးပျက်​သွားလို့ အကုန်​အ​မှောင်​ကျသွားသလိုမျိုးကို ယတိပြတ်​မှောင်​မဲသွားခြင်း​ပေ ။
တစ်​စက္ကန့်​....
နှစ်​စက္ကန့်​....
သုံးစက္ကန့်​....
ဘာမှမမြင်​ရ​တော့​သော​ကြောင့်​လင်း အသက်​ရှုနှုန်း​တွေမြန်​ဆန်​လာကာ​အလွန်​ထိတ်​လန့်​သွားတာမို့ ရုတ်​တရက်​ကားဘရိတ်​ကိုဖိနင်းလိုက်​မိ​လေသည်​။
" ကျွီ ... "
ထိုလမ်းလယ်​ခေါင်​တည့်​တည့်​မှာပဲ အချက်​မီးကြိုမပြပဲ ဘရိတ်​အုပ်​ကာ ရုတ်​တရက်​ရပ်​ချလိုက်​တဲ့သူ့ရဲ့ကားအား အ​နောက်​ကအရှိန်​နဲ့​မောင်းလာတဲ့ ကားတစ်​စီးက အရှိန်​မထိန်းနိုင်​ပဲ လင်း ၏ကား​နောက်​ပိုင်းကို ဝင်​တိုက်​ချလိုက်​လေ​တော့သည်​။
" ဒုန်း ...... "
" အား ..... "
သူဘရိတ်​ဆောင့်​အုပ်​ချလိုက်​ပြီး တစ်​ပြိုက်​နက်​ထဲမှာပဲ အ​နောက်​ကဝင်​တိုက်​လိုက်​တဲ့ အရှိန်​ကြောင့်​လင်း ခါပတ်​ပတ်​ထားသည့်​ကြားထဲမှ အ​ရှေ့ကကားစတီလ်​ယာတိုင်​လက်​ကိုင်​ဖြင့်​နဖူးဖြင့်​ခပ်​ပြင်းပြင်းသွား​ဆောင့်​မိ​၏ ။
မျက်​နှာတစ်​ခုလုံး ပူထူသွားပြီး လင်း ရုတ်​တရက်​နား​တွေအူကာ ဘာမှမကြားရ​တော့ ။ အ​နောက်​ကကား​ပေါ်က လူကြီးကလဲ​ဒေါ်သတကြီးဖြင့်​သူ့ရဲ့ကား​ပေါ်မှ ဆင်းချလာသည်​။ ပြီး​တော့ လင်း ရဲ့ကား​ဘေးသို့လာရပ်​ကာ ကားမှန်​ကိုလှမ်း​ခေါက်​နေသည်​။
"​တောက်​.... ကားကိုဘယ်​လို​မောင်း​နေတာလဲသိဘူး ....​သေချင်​လို့နဲ့တူတယ်​.... "
"​ဒေါက်​ဒေါက်​ဒေါက်​..... "
" ဟိတ်​.... တံခါးဖွင့်​ပေးစမ်း .... "
လင်း ရဲ့ကားမှန်​တံခါးကို ဆက်​တိုက်​ခေါက်​နေပြီး အပြင်​က​နေ​ဒေါနဲ့​မောနဲ့ ထိုလူ​အော်​ဟစ်​နေ၏ ။ လမ်း​ဘေးကလူအချို့လဲ ထို​နေရာသို့ကွက်​ကြည့်​ကွက်​ကြည့်​နဲ့ လူ​တွေတဖြည်းဖြည်းများလို့လာပါသည်​။
လင်း က​တော့ ကားစတီလ်​ယာတိုင်​ပေါ်​မှောက်​နေတဲ့​ခေါင်းကိုပင်​ပြန်​မ​ထောင်​နိုင်​သေး ။ ဒါကို​ဘေးက မှန်​နားကပ်​ကာ လာကြည့်​ကြတဲ့ လူအချို့က
" အထဲမှာ ဘာဖြစ်​သွားလဲမသိဘူး ...​ခေါင်းပြန်​မမတ်​လာ​တော့ဘူးဗျ ..... "
"​ဆေးရုံကား​ခေါ်ကြရင်​မ​ကောင်းဘူးလား ? "
တချို့က​ထိုသို့ပြော​နေ​ပေမဲ့လဲ ဟိုလူက​တော့​ဒေါသကမ​ပြေ​သေး ။ ဆက်​တိုက်​အော်​ကာ လင်း ကိုကား​ပေါ်ကဆင်းခိုင်း​နေသည်​။
တဖြည်းဖြည်းနဲ့ လင်း အသံဆူညံသံတွေပြန်​ကြားလာရသည်​။ ထိုအခါ​ခေါင်းကိုအသာ​လေး ပြန်​ထောင်​ကြည့်​လိုက်​ကာ မှိတ်​ထားတဲ့မျက်​လုံးကို ပြန်​ဖွင့်​ကြည့်​လိုက်​တော့ အရာအားလုံးက ဝိုးတဝါးဖြစ်​နေဆဲ ။ ဘာကိုမှ​သေချာရှင်းရှင်းလင်းလင်း မ​တွေ့ရ​သေးသဖြင့်​မျက်​လုံးကို အတင်းပြန်​မှိတ်​ကာ​ခေါင်းကိုခါယမ်းပစ်​လိုက်​၏ ။ ပြီး​တော့ လင်း မျက်​လုံးကိုပြန်​ဖွင့်​လိုက်​ပြန်​သည်​။ အဲ့လို မျက်​လုံးကို ပိတ်​လိုက်​ဖွင့်​လိုက်​နဲ့ အကြိမ်​ကြိမ်​လုပ်​လိုက်​တော့ မြင်​ကွင်းကအနည်းငယ်​ပြန်​ကြည်​လာခဲ့​လေသည်​။
အဲ့​တော့မှ သူ့​ဘေးပတ်​ဝန်းကျင်​ကို သတိထားမိလိုက်​တော့​ဘေးမှာလူ​တွေက အုံ​နေ​လေပြီ ။ ဒီကြားထဲ​ဘေးက​နေ အတင်း​အော်​ဟစ်​ပြီး တံခါးဖွင့်​ခိုင်း​နေတဲ့ လူကြီး​ကြောင့်​လင်း​ကြောက်​လန့်​သွား​သည်​။ တစ်​ကိုယ်​လုံး​အေးစက်​လာပြီး​ခြေမကိုင်​မိ လက်​မကိုင်​မိဖြစ်​နေသည်​။
" ဟိတ်​မိန်းက​လေး ...​ပြော​နေတာ မကြား​ဘူးလား .... ကားတံခါးကို ဖွင့်​လို့​ပြော​နေတယ်​လေ .... "
လင်း တုန်​ယင်​နေတဲ့လက်​နဲ့ပဲ ကားမှန်​ချတဲ့ခလုတ်​ကို ဖိလိုက်​တော့ ကားမှန်​က​အောက်​သို့ကျသွား၏ ။
" မင်းကားကို ဘယ်​လို​မောင်း​နေတာလဲ ဟမ်​? လမ်းလယ်​ခေါင်​တည့်​တည့်​အ​လယ်​ကြောကိုလဲ တက်​မောင်း​သေးတယ်​.... အချက်​မီးမပြဘာမပြနဲ့ ကားကိုဘရိတ်​ဆောင့်​အုပ်​တယ်​... မင်း ရူး​နေလားဟမ်​..... "
ထိုလူကဇွတ်​အော်​တော့ လင်း​ကြောက်​သထက်​ပို​ကြောက်​လာသည်​။
" ကျ ~~~ ကျွန်​မ ~~​တောင်း ~~~​တောင်း ~~ ပန်​ပါ ~~ တယ်​~~~ "
ကားစတီလ်​ယာတိုင်​ကိုပဲ တင်းကျပ်​စွာလက်​နှစ်​ဖက်​ဖြင့်​ဆုပ်​ကိုင်​ထားပြီး တုန်​တုန်​ယင်​ယင်​ဖြစ်​နေတဲ့ လင်း ကိုထိုလူက မ​ကျေနပ်​သည့်​အကြည့်​ဖြင့်​ကြည့်​ရင်း
" ဒီတိုင်း​တောင်းပန်​နေလို့မရဘူး​လေ ....​အောက်​လေးဘာ​လေးလဲ နည်းနည်းပါးပါးဆင်းကြည့်​ဦး .... မင်းကားနဲ့ဝင်​ဆောင့်​မိလို့ ငါ့ကား​ခေါင်းပိုင်းတစ်​ခုလုံး​ကြေမွကုန်​ပြီ .... "
ထိုလူ​ပြော​တော့ လင်း ဝိုင်းစက်​သောမျက်​လုံးများဖြင့်​သာ ပြန်​ကြည့်​နေမိပါသည်​။ တစ်​ကိုယ်​လုံးတုန်​ယင်​နေတာမို့ ဘာလုပ်​လို့ လုပ်​ရမယ်​မှန်းလဲမသိ​တော့ ။ လူကပူထူလို့​နေ​လေပြီ ။
" ဟိတ်​ငါ​ပြော​နေတယ်​လေ ဆင်းကြည့်​ဆို .... "
" ဟုတ်​~~~ ဟုတ်​~~ ကဲ့ပါ ရှင်​~~~ "
တုန်​ယင်​သောလက်​တို့နဲ့ပဲ ကားတံခါးကို ဆွဲဖွင့်​ကာ လင်း ကား​ပေါ်မှ​တုန်​တုန်​ချိချိဖြင့်​ဆင်းလာ​လိုက်​သည်​။ အဲ့အခါကျမှ လူ​တွေက​ကျောင်းအဖြူအစိမ်းယူနီ​ဖောင်းကို​တွေ့လိုက်​ကြပြီး​ကျောင်းဆရာမတစ်​ယောက်​ဆိုတာ ဝိုင်းသတိထားမိကြ​လေသည်​။ ပြီး​တော့​စော​စောကထိခိုက်​ကာစမို့​သွေးပူပြီး ဘာမှမ​ဖြစ်​ပေမဲ့ အခုမှ မျက်​ခုံး​ပေါက်​သွားသည့်​နေရာမှ​သွေးစက်​တစ်​စက်​က စီးကျလာ၏ ။
" ဟိတ်​လူ .... ခင်​ဗျား စွတ်​ဆက်​ခေါ်မ​နေနဲ့ဦး ... ဒီမှာဆရာမ​လေးက နဖူးမှာဒဏ်​ရာရထားတယ်​..... "
" ဆရာမ အဆင်​ပြေရဲ့လား ? "
​ဘေးနားက လူအချို့က ဝိုင်း​ပြော​တော့မှ ထိုလူနည်းနည်းရှိန်​သွားသည်​။ လင်း က​ကျောင်းဆရာမတစ်​ယောက်​ဖြစ်​နေတာ​ကြောင့်​လဲ ပါ​ပေသည်​။
​ဘေနား​ရောက်​လာတဲ့ မိန်းမတစ်​ဦးက သူ့မှာပါလာတဲ့ တစ်​သျူးထုတ်​ထဲမှ တစ်​သျူးကိုထုတ်​ပြီး တုန်​ယင်​နေတဲ့ လင်းရဲ့လက်​ထဲကို လာထည့်​ပေးသည်​။
" ဆရာမ ဒဏ်​ရာ​ပေါ် ဖိထားလိုက်​...​သွေး​တွေထွက်​နေတယ်​.... "
" ဟုတ်​~~~ ဟုတ်​ကဲ့ ~~​ကျေး ~~​ကျေး ~ ဇူး ပါ ~~ အမ ~~~ "
လင်း တဇတ်​ဇတ်​တုန်​နေတဲ့ လက်​နဲ့ပဲ​စော​စောကမိန်းမလှမ်း​ပေးသည့်​တစ်​သျူးဖြင့်​သူ့မျက်​ခုံး​ပေါ် အသာဖိထားလိုက်​တော့ လင်း လက်​တွေက တုန်​နေတာကို​ဘေးကလူ​တွေကမြင်​ကြ​တော့
" ဆရာမ​အသိမိတ်​ဆွေတစ်​ယောက်​ယောက်​ဖုန်းဆက်​ခေါ်လိုက်​ပါလား ..... "
" ဟုတ်​တယ်​ဆရာမပုံစံက သိပ်​အဆင်​ပြေတဲ့ပုံမ​ပေါ်ဘူး ...... "
အားလုံးဝိုင်း​ပြောကြ​တော့ ဟိုလူဘာမှ ဆက်​မ​ပြော​သေးပဲ လင်း ကိုသာရပ်​ကြည့်​နေသည်​။ လင်း ပုံစံကလဲ တကယ့်​ကို ဟန်​တဲ့ပုံမ​ပေါ်​ပေ ။ တုန်​တုန်​ယင်​ယင်​ဖြင့်​အင်​မတန်​စိတ်​လှုပ်​ရှား​နေပုံက သိသာထင်​ရှား​လို့​နေပါသည်​။
ကား​ထဲသို့ ခဏပြန်​ဝင်​လိုက်​ပြီး လင်း စလင်းဘတ်​အိတ်​ထဲမှ ဖုန်းကိုထုတ်​လိုက်​သည်​။ ဖုန်းကိုင်​ထားတဲ့လက်​က ယခုတိုင်​တုန်​ယင်​နေဆဲ ။
ရုတ်​တရက်​အ​တွေးထဲ ပထမဆုံးဝင်​လာတဲ့သူက သူ့ရဲ့က​လေး​လေးပါ ။
ဟင့်​အင်း ... မဖြစ်​ဘူး က​လေးကို အလကားသတ်​သတ်​စိတ်​ပူ​အောင်​မလုပ်​ချင်​ဘူး ....
လင်း​တွေးလိုက်​ပြီး သူ့​ယောကျာ်း​တေဇာ့ရဲ့ ဖုန်းကိုသာ လှမ်း​ခေါ်လိုက်​သည်​။ သို့​ပေမဲ့ ဖုန်းက ၂ ချက်​လောက်​ဝင်​ပြီးမှ
" လူကြီးမင်း​ခေါ်ဆို​သော ဖုန်းမှာ မအား​သေးပါသဖြင့်​.... "
ဒါ​တေဇာ့ဘက်​မှ ဖုန်းတမင်​ချလိုက်​ခြင်းသာဖြစ်​သည်​ဆိုတာကို လင်း​ကောင်း​ကောင်းကြီးသ​ဘော​ပေါက်​လိုက်​တာမို့ သက်​ပြင်းချလိုက်​မိသည်​။
ဘယ်​လိုလုပ်​ရပါ့မလဲ .... အခြားလူ​ခေါ်ဖို့ကလဲ .... က​လေးရယ်​မ​တောင်းပန်​ပါတယ်​... မ မှာ က​လေးပဲရှိ​တော့တယ်​ကွယ်​....
စိတ်​ထဲက​နေ အားနာမှုများစွာနဲ့ပဲ 'က​လေး' ဆိုပြီး သူမှတ်​ထားတဲ့ ဖုန်းနံပါတ်​လေးကို နှိပ်​လိုက်​လေ​တော့သည်​။
မိုး ဆီလဲကျ​ရော ဖုန်းကတစ်​ချက်​ပဲဝင်​ရ​သေးသည်​။ ချက်​ချင်းတစ်​ဖက်​ဆီမှ သူ့က​လေး​လေးအသံကို ကြားလိုက်​ရသဖြင့်​လင်း အားတက်​သွားခဲ့သည်​။
" ဟဲလို .... မ ... "
" ဟဲ ~ ဟဲလို ~~ က​လေး ~~~ ဟို​လေ ~~~ မ ~~~ မ ယာဉ်​တိုက်​မှုဖြစ်​လို့ ~~~ အဲ့ဒါ ~~ က​လေး ဒီကိုလာခဲ့​ပေးလို့ ~~ ရမလားဟင်​??? "
တုန်​ယင်​သော အသံဖြင့်​သာ လင်း အထစ်​အ​ငေါ့များစွာဖြင့်​သူ့က​လေးကိုအားကိုးတကြီး​လှမ်း​ခေါ်လိုက်​မိပါ​တော့သည်​။
🌧️🌧️🌧️
המשך קריאה
You'll Also Like
329K 34.7K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
1.2M 64K 50
367K 21K 36
ဒေါ်ဒေါ့်ကိုလည်း ချစ်တယ်.... တီချယ့်ကိုလည်း ကြောက်တယ်....
344K 8.6K 79
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်