Don't Stop Believing
De JE_Rain
585K 37.4K 3K
ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... Mai multe
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62
Episode - 49
6.1K 536 33
De JE_Rain
" ငါတို့ ၃​ယောက်​ဒီလိုတစ်​ခါ​လေး​တွေ့ရဖို့အ​ရေး အ​တော်​လေးကို ချိန်းလိုက်​ကြရတယ်​နော်​.... "
ဇာလီတင့်​က​ပြော​တော့ ဇွဲ ကထရယ်​ပြီး
" ဟုတ်​ပါ့ကွာ .... ငါက အားပြန်​တော့ နင်​တို့ ၂​ယောက်​က မအားပြန်​ဘူး ... ဒီတစ်​ခါ​လေး​တွေ့ရဖို့အ​ရေး ၄​ခေါက်​လောက်​ချိန်းလိုက်​ရတယ်​.... "
စကား​လေး​ပြောလိုက်​ရှေ့ကအာလူး​ချောင်း​ကြော်​လေး​တွေ​ကောက်​စားလိုက်​နဲ့ သူငယ်​ချင်း ၃​ယောက်​သား ကန်​ဘောင်​ဘေးက ဆိုင်​တစ်​ဆိုင်​မှာထိုင်​ရင်း​လေညှင်းခံ​နေကြသည်​။
" ကန်​ဘောင်​က ဒီလိုည​နေ​စောင်း​လေးဆို ထိုင်​လို့​ကောင်းတယ်​ဟ ....​လေ​လေးတဖြူးဖြူးနဲ့ရှယ်​ပဲ .... "
ဇာလီတင့်​ပြော​တော့ ဇွဲ​ကခေါင်း​လေးညိမ့်​ပြီး​ထောက်​ခံ၏ ။
" ငါက​တော့ ဒီကန်​ဘောင်​ကိုမ​ရောက်​ဖြစ်​ခဲ့တာ ၁၃ နှစ်​တောင်​ကြာခဲ့ပြီ .... အရင်​ကထက်​တော့ နည်းနည်း​ပြောင်းလဲသွားသလိုပဲ ..... "
မိုး ကန်​ရေပြင်​ကို မျက်​စိတစ်​ဆုံး​ငေးကြည့်​ရင်း​ပြော​လိုက်​တော့ ဇွဲ က
"​အေး​လေ ကန်​ဘောင်​လျှောက်​လမ်းတစ်​လျှောက်​မှာ​အုတ်​ဘောင်​တွေလုပ်​လိုက်​ပြီ​လေ .... "
" ဟက်​.... ဒါ​လေးပဲ​ပြောင်းလဲသွားတာပါ ..... "
ဇာလီတင့်​ရယ်​ပြီး အာလူး​ချောင်း​ကြော်​တွေကို ဝါးစား​နေပြန်​သည်​။ ပြီး​တော့​ရှေ့ချထားတဲ့ အ​အေးပုလင်းကို​မော့​သောက်​နေ၏ ။
" နင်​ဆေးရုံမှာ အလုပ်​ဝင်​နေတာ အဆင်​ပြေရဲ့လား မိုး ? "
ဇွဲ ရဲ့​မေးခွန်းကို မိုး​ခေါင်း​လေးညိမ့်​ပြီး ပြန်​ဖြေလိုက်​သည်​။
"​အော်​ဒါနဲ့ ..... နင်​တို့ကို​ပြောရဦးမယ်​.... "
"​အေး​ပြော​လေ ... "
" ဘာများတုန်း မိမိုး ? "
သူက​ပြောစရာရှိတယ်​လို့​ပြောလိုက်​တော့ ၂​ကောင်​သား သူ့ကို​သေ​သေချာချာ ကြည့်​နေ​လေရဲ့ ။
"​နောက်​၃ ရက်​နေရင်​ငါ မ ရဲ့သမီးအကြီး​လေး​နွေး​နေခြည်​သော်​လေးကို operation လုပ်​ပေးရမယ်​.... "
သူ​ပြောလိုက်​တော့ ၂​ယောက်​လုံး ပြူးတူးပြဲတဲ ဖြစ်​ကုန်​ကြသည်​။
" ဟမ်​တီချယ်​လင်း ရဲ့ သမီးကြီး ? ဟုတ်​လား မိမိုး ? "
" ဟုတ်​တယ်​ဇာလီ .... ပြီးခဲ့တဲ့ နှစ်​ပတ်​လောက်​က မ ရဲ့သမီး​နွေး​လေး ငါတို့​ဆေးရုံရဲ့ အ​ရေး​ပေါ်ဌာနကို Heart attack ဖြစ်​ပြီး​ရောက်​လာတယ်​...​နွေး​လေးက​မွေးရာပါနှလုံးအဆို့ရှင်​မ​ကောင်းတာ​လေ ... "
" သနားပါတယ်​ကွာ .... ငယ်​ငယ်​ရွယ်​ရွယ်​နဲ့ .... ငါတို့ တီချယ်​လင်း​တော့​တော်​တော်​လေး စိတ်​မ​ကောင်းဖြစ်​နေမှာပဲ .... "
" ဟုတ်​တယ်​နော်​ငဇွဲ ...​အေးဟာ ငါတို့ ၂​ယောက်​လဲ တီချယ်​လင်း နဲ့ လာ​တွေ့ဦးမှပါ ... အခု နင်​တို့​ဆေးရုံမှာပဲလား ? "
" ဟုတ်​တယ်​..... "
" ဒါဆို နင်​အခု တီချယ်​လင်း နဲ့ပြန်​ပြီး စကားအ​ခေါ်အ​ပြောရှိ​နေကြပြီ​ပေါ့​နော်​မိမိုး ? "
ဇာလီတင့်​မေး​တော့ မိုး​ခေါင်း​လေးပဲ ညိမ့်​ပြလိုက်​ပြီး
"​အင်း .... "
သူ​ပြော​တော့ ဇွဲ ကသူ့ကို​သေချာလှမ်းကြည့်​ရင်း
" နင်​အဆင်​ကော​ပြေရဲ့လား မိုး ? "
မိုး ခပ်​သဲ့သဲ့​လေးတစ်​ချက်​ပြုံးပြရင်း
"​ပြေပါတယ်​.... ငါအခုအချိန်​မှာ သူ့သမီး​လေးကို အ​ကောင်းဆုံးကြိုးစား ကုသ​ပေးဖို့ပဲ​ခေါင်းထဲရှိတယ်​.... သူ့သမီး​လေး ပြန်​ကျန်းမာလာတာကို ကြည့်​ပြီး မ စိတ်​ချမ်းချမ်းသာသာ ဖြစ်​နေတာကိုပဲ ငါမြင်​ချင်​တယ်​ဟာ .... "
​ရှေ့က အ​အေးဖန်​ခွက်​ထဲကို ကိုကာကိုလာ ထပ်​ဖြည့်​ထည့်​ပြီး​မော့​သောက်​နေတဲ့ မိုး ကို ဇွဲ နဲ့ ဇာလီ တို့ ၂​ယောက်​ကြည့်​ရင်း ရင်​မောမိကြရပြန်​သည်​။
X    X    X    X    X    X    X    X    X
တစ်​ယောက်​ထဲ ကုတင်​လေး​ပေါ် ငုတ်​တုတ်​ထိုင်​နေတဲ့​နွေး​လေး အနားသို့ လက်​ထောက်​ဆရာဝန်​မ​လေး ချယ်​ရီ​မေ​ရောက်​လာပြီး
" တစ်​ယောက်​ထဲလား ? ဘယ်​သူမှ မရှိဘူးလား​? "
" ဟုတ်​ကဲ့​ဒေါက်​တာ ......​မေ​မေက အိမ်​ခဏပြန်သွားတယ်​...​ဖေ​ဖေက​တော့​ဆေးဝယ်​စရာရှိလို့ အောက်​ထပ်​ခဏဆင်းသွားပါတယ်​ရှင့်​.... "
"​အော်​ဟုတ်​လား ... ဒါဆို ညီမ​လေး​ဖေ​ဖေ ပြန်​ရောက်​လာတဲ့အခါ မမ ဆီကိုလွှတ်​လိုက်​နော်​.... သန်​ဘက်​ခါ ခွဲစိတ်​ဖို့အတွက်​လိုအပ်​တာ​လေး​တွေ​ပြောချင်​လို့ .. "
"​အော်​ဟုတ်​ကဲ့ ...... "
ဆရာဝန်​မ​လေး လာ​ပြောသွားပြီး သိပ်​မကြာလိုက်​တေဇာ သူ့သမီးငယ်​လေးလက်​ကိုဆွဲပြီး ပြန်​ရောက်​လာသည်​။
" မမ​ရော့ ..... "
ပြည့်​လေးကသူ့လက်​ထဲက​ရေခဲမုန့်​ခွက်​က​လေးတစ်​ခုကို သူ့အမကိုလှမ်း​ပေး​နေသည်​။
" မမ မစား​တော့ဘူး​နော်​ပြည့်​လေးပဲ ဝ​အောင်​စား​.... "
သူ့ညီမ​လေးကို ပြုံးပြုံး​လေး​ပြောလိုက်​ပြီး​နောက်​
"​ဖေ​ဖေ​စော​စောက သမီးကို ဟို​ကောင်​တာမှာ ရပ်​နေတဲ့ ဆရာဝန်အမကလာ​ပြောသွားတယ်​...​ဖေ​ဖေ့ကိုခဏ​လောက်​လာ​တွေ့ခိုင်းတယ်​.... "
"​ဟေ ဟုတ်​လား .... ဘာလို့တဲ့လဲ သမီး ? "
" သမီး သန်​ဘက်​ခါ ခွဲစိတ်​ဖို့အတွက်​လိုအပ်​တာ​လေး​တွေ​ပြောထားမလို့တဲ့ ..... "
"​အော်​အေး​အေး ... ဒါဆို​ဖေ​ဖေသွားလိုက်​ဦးမယ်​.... ပြည့်​လေး ဒီမှာပဲ မမနဲ့အတူတူ​နေခဲ့​နော်​... "
သူ့သမီး ပြည့်​လေးကို​နွေး​လေးရဲ့ ကုတင်​ခြေရင်း​ပေါ်သို့ တင်​ပေးလိုက်​ပြီး​တေဇာ ထိုနားမှ ထွက်​လာခဲ့သည်​။
"​ဒေါက်​တာ ... ကျွန်​တော်​နွေး​နေခြည်​သော်​ရဲ့ အ​ဖေပါခင်​ဗျ .... "
​တေဇာ​ဘေးမှာလာရပ်​ပြီး​ပြော​တော့ ချယ်​ရီ​မေ​ဘေးသို့လှည့်​လိုက်​ပြီး
"​အော်​ဟုတ်​ကဲ့ ..... တစ်​ခြား​တော့မဟုတ်​ပါဘူး ... သန်​ဘက်​ခါ​နွေး​နေခြည်​သော်​operation လုပ်​တဲ့ခါကျရင်​လိုအပ်​မဲ့​သွေးကိုအခုထဲက တခါထဲ အလှူရှင်​ကြိုရှာထားဖို့​ပြောမလို့ပါ .... လူနာအတွက်​သွေး​ပေးမဲ့လူကိုလဲ လိုအပ်​တဲ့​သွေးစစ်​ချက်​တွေ ကြိုလုပ်​ထားရမှာမို့​လေ ... "
"​အော်​ဟုတ်​ကဲ့ ခင်​ဗျ .... သမီး​လေးက B​သွေးဆို​တော့ သူ့အ​မေကိုယ်​တိုင်​ပဲ​ပေးဖြစ်​မယ်​ထင်​တယ်​ဒေါက်​တာ ... "
​တေဇာ အဲ့လို​ပြော​တော့ ချယ်​ရီ​မေ​ကြောင်​တောင်​တောင်​လေးဖြစ်​ပြီး​ခေါင်းကုပ်​လိုက်​မိသည်​။
" ရှင်​!​နွေး​နေခြည်​သော်​က B​သွေးမဟုတ်​ဘူးရှင့်​...... A​သွေးပါ .... ဟိုတစ်​နေ့ကပဲ ခွဲစိတ်​ဖို့အတွက်​လိုအပ်​တာ​လေး​တွေ ထပ်​စစ်​ဆေးထားတဲ့အထဲမှာ​တောင်​မှ သေချာ​အောင်​က​လေးရဲ့​သွေးအမျိုးအစားကိုပါ ထပ်​ထည့်​စစ်​ထား​သေးတယ်​လေ ..... "
" ဗျာ ....... " 
​တေဇာ ရုတ်​တရက်​မထင်​မှတ်​ထားတဲ့ အ​ကြောင်းအရာတစ်​ခုကို ကြားသိလိုက်​ရတာမို့ မျက်​လုံးပြူးသွား​ခဲ့သည်​။
ပြီး​တော့ ဇ​ဝေဇဝါဖြစ်​နေသည့်​ပုံဖြင့်​
" မဟုတ်​သေးဘူး​နော်​ဒေါက်​တာ တခုခု​တော့ မှား​နေပြီထင်​တယ်​.... ကျွန်​တော်​တို့​မွေးက​တည်းက သမီး​လေးရဲ့​သွေးကို စစ်​ခဲ့ဖူးတာ B​သွေးပါ .... သမီးရဲ့မှတ်​ပုံတင်​ထဲမှာလဲ B​သွေးပဲဗျ .... "
​တေဇာ တရစပ်​ပြန်​ရှင်းပြ​နေသည်​ကို ချယ်​ရီ​မေ မျက်​မှောင်​ကြုပ်​ကြည့်​ရင်း
" ကျွန်​မတို့ဘက်​ကလဲ​သေချာစစ်​ဆေးပြီးသားပါရှင့်​... ဒီကအကိုမယုံရင်​က​လေးရဲ့​စစ်​ဆေးချက်​မှတ်​တမ်းမှာ ပြန်​ကြည့်​လို့ရပါတယ်​...... "
ချယ်​ရီ​မေ ဘက်​ကလဲ​သေချာခိုင်​လုံစွာ မှတ်​တမ်းနဲ့ပြမယ်​ဆို​တော့​တေဇာ​တော်​တော်​လေး နားလည်​ရခက်​နေ​လေသည်​။​နွေး​လေး​မွေးတဲ့အချိန်​မှာ​တေဇာ အနားမရှိခဲ့​ပေမဲ့ သမီး​လေးရဲ့​သွေးအမျိုးအစားဟာ B​သွေးမှန်း​တော့ သူသိပါ​သေးတယ်​။ သမီးဖြစ်​သူရဲ့​သွေးအမျိုးအစားကို မှားသိရ​လောက်​မည့်​ဖခင်​တစ်​ယောက်​တော့ အဖြစ်​မခံနိုင်​ပါ ။ သူ့ဘက်​ကလဲ ကျိန်း​သေပါသည်​။ ဘာလို့လဲဆို​တော့ သူ့​သွေးက O​သွေးဖြစ်​ပြီး သူ့မိန်းမရဲ့​သွေးက B​သွေးဖြစ်​သည်​။ ဒါ့​ကြောင့်​သမီးကြီး​နွေး​နေခြည်​သော်​ရဲ့​သွေးအမျိုးအစားဟာ ဘယ်​လိုနည်းနဲ့မှ A​သွေးမဖြစ်​နိုင်​ပေ ။ မှားမဲ့မှား​ဆေးရုံကစစ်​ဆေးချက်​သာ မှားနိုင်​မည်​ဟု မုချ​တွေးထင်​နေမိသည်​။
"​ဒေါက်​တာ​ကျေးဇူးပြုပြီး​ကျွန်​တော့ သမီး​လေးရဲ့​သွေးအမျိုးအစားကို​နောက်​တစ်​ကြိမ်​ထပ်​စစ်​ဆေး​ပေးပါဗျာ .... "
​တေဇာ အတင်း​ထပ်​တောင်းဆိုသဖြင့်​ချယ်​ရီ​မေ လဲ​ခေါင်းကုပ်​နေမိသည်​။ ထိုအချိန်​အနားသို့ မိုး​ရောက်​လာကာ
" ဘာဖြစ်​လို့လဲ ချယ်​ရီ ? "
မိုး အသံ​ကြောင့်​ချယ်​ရီ ချက်​ချင်း မိုး ကိုလှည့်​ကြည့်လိုက်​သည်​။​တေဇာ့ရဲ့အကြည့်​လဲ မိုး ထံသို့ရုတ်​ချည်း​ရောက်​ရှိသွား၏ ။
" မမ ... ဒီကအကိုက​နွေး​နေခြည်​သော်​ရဲ့​သွေးအမျိုးအစားက B​သွေးလို့​ပြော​နေတယ်​.... ဒါ​ပေမဲ့ ဟိုတ​နေ့ကပဲ မမ operation အတွက်​တိကျတဲ့ result ရ​အောင်​ဆိုပြီး ထပ်​စစ်​ခိုင်းလို့ ညီမတို့​သေချာစစ်​ဆေးပြီးပါပြီ .... ဓာတ်​ခွဲခန်းကပို့တဲ့ result က A ပါ မမ ..... "
" အင်း ........ "
မိုး​ခေါင်း​လေးတစ်​ချက်​ညိမ့်​လိုက်​တော့​တေဇာ က
" မဟုတ်​သေးဘူး ညီမ​လေး Hanna ....​ဆေးရုံက စစ်​ဆေးချက်​အ​ဖြေက တခုခုလွဲမှား​နေတယ်​လို့​တော့ အကိုထင်​တယ်​... အကုိ့သမီး​လေးက B​သွေးပါ .... A​သွေးဖြစ်​စရာမ​ကြောင်းလဲ လုံးဝမရှိဘူး ညီမ​လေး .... "
​တေဇာ့ ဘက်​ကလဲ ယုံကြည်​မှုအပြည့်​နဲ့ သူတို့​ဆေးရုံက result မှား​နေသည့်​ပုံစံဖြင့်​ကျိန်း​သေ​ပေါက်​ပြော​နေတာမို့ ချယ်​ရီ​မေ သက်​ပြင်းထပ်​ချမိပြန်​သည်​။ မိုး က​တော့ ဘာမှထပ်​တွေးမ​နေပဲ
" ချယ်​ရီ .... "
" ဟုတ်​ကဲ့ မမ .... "
" ထပ်​စစ်​ကြည့်​လိုက်​ပါ .... ပိုပြီး​တော့ တိကျသွား​အောင်​လို့ ..... "
မိုး ရဲ့စကားတစ်​ခွန်းထဲ​ကြောင့်​ချယ်​ရီ​မေ​ခေါင်း​လေးညိမ့်​လိုက်​ရ​လေသည်​။
" ဟုတ်​ကဲ့ပါ မမ ..... "
ဒါနဲ့ပဲ ဓာတ်​ခွဲခန်းက ကျွမ်းကျင်​သူတစ်​ယောက်​ကို​ခေါ်ပြီး စစ်​ဆေးမှုထပ်​မံပြုလုပ်​ခဲ့ရသည်​။ သို့​ပေမဲ့ ထပ်​ထွက်​လာတဲ့ အ​ဖြေကလဲ​တေဇာထင်​ထားသလို B​သွေးမဟုတ်​ပဲ A​သွေးဖြစ်​နေတာမို့​တေဇာ​တော်​တော်​လေး အံ့သြတုန်​လှုပ်​သွားရသည်​။
သမီး​ရှေ့မှာ​တော့ သူ့ရဲ့ကိုယ်​ထဲကဖြစ်​ပေါ်​နေတဲ့ စိတ်​ခံစားချက်​တွေကို ဖုံးဖိထား​လေသည်​။
" လုံးဝမဖြစ်​နိုင်​ဘူး .... သမီးရဲ့​သွေးက B​သွေး မဟုတ်​ပဲ A​သွေးတဲ့လား ... "
" ဟာ မဖြစ်​နိုင်​ဘူးကွာ ..... ဘယ်​လိုမှ မဖြစ်​နိုင်​ပါဘူး .... သူတို့ result မှားတာ .... ဟုတ်​တယ်​.... "
​ယောကျာ်း​လေး သန့်​စင်​ခန်းအတွင်း၌​တေဇာ တစ်​ယောက်​ထဲ အရူး​တစ်​ယောက်​လို ဂ​ယောက်​ဂယက်​ဖြစ်​နေပြီး တစ်​ယောက်​ထဲ​သွေးရူး​သွေးတန်း​တွေ​လျှောက်​ပြော​နေမိသည်​။
" တကယ်​လို့များ ...​နွေး​လေးသာ​နွေး​လေး သာတကယ်​A​သွေးဖြစ်​ခဲ့မယ်​ဆိုရင်​??? A​သွေးသာဆိုရင်​နွေး​လေးကငါ့ရဲ့ ... ငါ့ရဲ့သမီးမဟုတ်​ဘူး​ပေါ့ ???? ငါ့သမီးမဟုတ်​ဘူးဆိုရင်​... ဝတ်​ရည်​... ဝတ်​ရည်​ငါ့ကို .... ငါ့ကို အဲ့အချိန်​တုန်းက လက်​ခံခဲ့တယ်​ဆိုတာက ???? "
​တေဇာ​သွေးပျက်​သွားသည့်​ဟန်​ဖြင့်​မျက်​နှာကို လက်​ဖဝါးနှစ်​ဖက်​နဲ့ ဖိအုပ်​လိုက်​ပြီး
" ဟင့်​အင်း .... ငါယုံတယ်​... ငါ့မိန်းမကို ငါယုံတယ်​.... ဝတ်​ရည်​က ငါ့အ​ပေါ်အဲ့လိုလုပ်​မဲ့ မိန်းမမျိုးမဟုတ်​ဘူး​လေ ...... "
အချိန်​အ​တော်​အတန်​ကြာ​အောင်​ဘိုထိုင်​အိမ်​သာ​ပေါ် ငုတ်​တုတ်​ထိုင်​ပြီး အရူးလို ချာချာလည်​အောင်​တွေး​တောပြီးတဲ့​နောက်​
" DNA စစ်​ကြည့်​လိုက်​ရင်​သိရမှာပဲ .... ဟုတ်​တယ်​ဘာပဲဖြစ်​ဖြစ်​စိတ်​ထဲရှင်းသွားရ​အောင်​DNA​တော့စစ်​ကြည့်​လိုက်​တာ​ကောင်းတယ်​.... "
X    X    X    X    X    X    X    X    X
မလုပ်​စဖူး လုပ်​စဖူး သူ့အ​ဖေက​ကိုယ်တိုင်​ကိုယ်​ကျ သူ့ကို​ခေါင်းဖြီး​ပေး​နေသဖြင့်​နွေး​လေး သ​ဘောကျ​နေမိသည်​။
" အ ....​"
" Oh sorry သမီး​ရေ ....​ဖေ​ဖေ့လက်​က နာရီနဲ့ သမီးဆံပင်​ငြိ​နေတာ​ဖေ​ဖေ မသိလိုက်​လုိ့ ..... "
​တေဇာ ကပျာကယာပြန်​ပြောလိုက်​ပြီး သူ့လက်​ထဲ ဆံပင်​ချည်​အား အကျီအိပ်​ကပ်​အတွင်း​သေချာထည့်​လိုက်​၏ ။ နွေး​လေး က​တော့ မသိရှာပဲရယ်​လိုက်​ပြီး
" ရပါတယ်​ဖေ​ဖေရယ်​.... အခုလို သမီးကို​ခေါင်းဖြီး​ပေးတာနဲ့တင်​ကျေးဇူးတင်​လှပါပြီ ..... သမီးကို ဒီလို​ဖေ​ဖေ ကိုယ်​တိုင်​ခေါင်းဖြီး​ပေး​တော့ သမီး တကယ်​ပျော်​တယ်​သိလား .... "
​နွေး​လေး​ပြောလိုက်​တော့​တေဇာ တစ်​ချက်​က​လေးသာ ပြုံးနိုင်​ခဲ့သည်​။ ရင်​ထဲမှာ​တော့ ပူ​လောင်​မှု​တွေ အပြည့်​နဲ့ပါ ။ 
​ဘေးနားက ဝက်​ပေါက်​လပြည့်​ဝန်း​လေးက​တော့ အပူအပင်​ကင်းမဲ့စွာ​ရေခဲမုန့်​တွေ ထိုင်​စား​နေ​သလို​နွေး​လေး ကလဲသူ့ကို​ပြုံးပြုံး​လေး ကြည့်​နေ​လေသည်​။
X    X    X    X    X    X    X    X    X
​ည​နေဆေးရုံသို့ လင်း ပြန်​ရောက်​လာ​တော့ သမီး​လေး ၂​ယောက်​ရဲ့ မျက်​နှာက ပြုံးရွှင်​နေ​သော်​လည်း​တေဇာရဲ့ မျက်​နှာက​တော့ သုန်​မှုန်​နေသည်​။
တစ်​ချိန်​လုံး လင်း ကိုသာစိုက်​ကြည့်​နေတာမို့
" ဘာဖြစ်​နေလို့လဲ အကို ? "
လင်း လှမ်း​မေးလိုက်​တော့​တေဇာ သူ့ကို စိုက်​ကြည့်​မြဲ စိုက်​ကြည့်​ရင်း
" ကိုယ်​အပြင်​ခဏသွားလိုက်​ဦးမယ်​.... "
" ဘယ်​ကိုလဲ ? "
" သူငယ်​ချင်းတစ်​ယောက်​ဆီပါ ... ကိစ္စ​လေးတစ်​ခု​ပေါ်လာလို့ ... "
​"​အော်​အင်းပါ ..... မြန်​မြန်​တော့ ပြန်​လာ​နော်​... လပြည့်​လေး ကိုလဲ အကိုပဲ အိမ်​ပြန်​ခေါ်သွား​ပေးမှ ရမှာမို့လို့ .... "
" အင်းပါ ..... "
ခပ်​သွက်​သွက်​ထွက်​ခွာသွားတဲ့ သူ့​ယောကျာ်းကို လင်း ဒီတိုင်းသာ လှမ်းကြည့်​နေမိသည်​။
သိပ်​မကြာလိုက်​ဆေးရုံ​ရှေ့သို့​တေဇာ့ ရဲ့အ​ဖေနဲ့​မေ​မေ​လေး တို့​ရောက်​နေတယ်​ဆိုတာမို့ လင်း​ဆေးရုံ​အောက်​သို့ သွားဆင်း​ခေါ်လာ​ပေးခဲ့ရသည်​။
"​ဆေးရုံက တစ်​ယောက်​ထဲသီးသန့်​အထူးခန်း မရ​တော့လို့လား ? "
​တေဇာ့ ရဲ့အ​ဖေက ပို​က်​ဆံအိတ်​ကြီး ချိုင်းကြားညှပ်​ပြီး​မေး​တော့
" ဟုတ်​ကဲ့​အဖေ ... ဒီနှလုံးဌာနမှာ ၁​ယောက်​ထဲအခန်းက မရ​တော့လို့ပါ ..... သီးသန့်​special ခန်း​တော့ ရှိ​ပေမဲ့ အ​ပေါ်ဆုံးထပ်​မှာဆို​တော့ သိပ်​အဆင်​မ​ပြေဘူးလားလို့ ... ဒီမှာဆိုရင်​အ​ရေး​ပေါ်တစ်​ခုခုဖြစ်​တဲ့အခါ​ဆရာဝန်​တွေကလဲ အနီးကပ်​မှာ အသင့်​ရှိ​နေကြတာဆို​တော့ ပိုပြီးအဆင်​ပြေလို့ပါ​အဖေ ... "
လင်း​ထိုသို့​ပြောလိုက်​သော်​လည်း​တေဇာ့ အ​ဖေမျက်​နှာက​ကျေနပ်​သွားပုံမရ ။
"​အေး​ပေါ့​လေ သမီး အဆင်​ပြေတယ်​ဆို​တော့လဲ​အဖေ ဘာမှ မ​ပြောလိုပါဘူး ..... "
" ဒီ​နေရာ​လေးလဲ​ကောင်းပါတယ်​အကိုရဲ့ ..... ၄​ယောက်​သီးသန့်​တစ်​ကန့်​လေးပဲဟာ ...... "
​မေ​မေ​လေးက ကြားကဝင်​ပြော​တော့​တေဇာ့အ​ဖေက သူ့​မြေးမနားသို့ တိုးသွားပြီး
" အ​ရေးကြီးတာ​နွေး​လေး အဆင်​ပြေဖို့ပဲ .... ဒီမှာ​နေရတာ အဆင်​ပြေရဲ့လား​နွေး​လေး ? "
အဘိုးက​မေး​တော့​နွေး​လေး​ခေါင်းအမြန်​ငြိမ့်​ပြလိုက်​ပြီး
" ဟုတ်​ပြေပါတယ်​ဖိုးဖိုး ... သမီး ဒီ​နေရာ​လေးကို သ​ဘောကျတယ်​.... "
"​အေးပါ​နွေး​လေး အဆင်​ပြေရင်​ပြီးတာပါပဲ .... ဒါနဲ့ လင်း .. သမီး ... "
" ဟုတ်​အ​ဖေ ? "
" သား​တေဇာ​ကော ? "
" ကိစ္စ​လေးတစ်​ခု​ပေါ်လာလို့ ဆိုပြီး အပြင်​ခဏထွက်​သွားတယ်​အ​ဖေ ..... "
" အိုကွာ .... သားကလဲ ဒီလိုအချိန်​မျိုးမှာ က​လေးနား ရှိ​နေ​ပေးသင့်​တာကို .... "
​ပြောပြီး​နွေး​လေး ရဲ့​ဘေးမှာ​ကွေး​ကွေး​လေး အိပ်​နေတဲ့ ပြည့်​လေးကို သူ့အဘိုးသ​ဘောကျစွာ လှမ်းကြည့်​ဦး
" ကြည့်​စမ်းပါဦး မိန်းမ​ရေ .... မင်း​မြေး လပြည့်​လေး သူ့အမနားကပ်​နေလိုက်​တာ တကယ်​တည်း ..... "
​" ဟုတ်​ပါ့ အကိုရယ်​..... လူနာကုတင်​ပေါ်သူက တက်​ပြီးအပိုင်​သိမ်းထား​လေရဲ့ .... "
​အဘိုး နဲ့ အဖွား ကသူတို့​မြေး ၂​ယောက်​ကိုကြည့်​ပြီး တခါတည်းကို ပြုံးရွှင်​နေကြ​လေရဲ့ ။
X    X    X    X    X    X    X    X
ဒီ​နေ့အ​ဖေ​ဆေးရုံမှာ ပြန်​လာပြရမဲ့ ရက်​ချိန်းဖြစ်​တာမို့ မိုး ကိုယ်​တိုင်​အ​ဖေကိုအိမ်​ပြန်​သွား​ခေါ်ပြီး​ဆေးရုံသို့​ခေါ်လာခဲ့သည်​။ ပြီး​တော့ ဆရာဝန်​ကြီး ဦး​နေမျိုး နဲ့လိုက်​ပြ​ပေးပြီးတဲ့​နောက်​မှာ​တော့ အ​ဖေကသူ့ရဲ့ ရုံးခန်းနဲ့ ဌာနကိုလိုက်​ကြည့်​ချင်​တယ်​ဆိုတာ​ကြောင့်​မိုး​ခေါ်လာခဲ့ရသည်​။
ဌာနသို့​ရောက်​တော့ မထင်​မှတ်​ပဲ သူနဲ့တစ်​ချိန်​က လုပ်​ငန်းပါတနာ​တွေဖြစ်​ခဲ့ဖူးတဲ့​တေဇာ့ရဲ့ အ​ဖေနဲ့​တွေ့ဆုံကြပြီး​နောက်​
" ကို​ကောင်းထက်​....​ဆေးရုံဘာလာလုပ်​တာလဲဗျ ... ဘာလဲ ခင်​ဗျား​နေမ​ကောင်းဘူးလား ? "
"​အေးဗျာ ..... ကျွန်​တော့အသည်းက သိပ်​မ​ကောင်းလို့ ဒီမှာလာလာပြ​နေရတာ​တော်​တော်​ကြာပြီ​လေ ..... ခင်​ဗျားက​ကောဗျ ? "
" ဒီမှာဗျာ ... ကျွန်​တော့​မြေးမ​လေး​လေ သန်​ဘက်​ခါ operation လုပ်​ရမှာ .... အဲ့ဒါမလုပ်​ခင်​လာ​အား​ပေးတာဗျာ .... "
" ဟုတ်​လား .... ဘာ​ဖြစ်​လို့ operation လုပ်​ရမှာလဲဗျ ? "
ဦး​ကောင်းထက်​မေးလိုက်​တာကို​တေဇာ့ အ​ဖေ ပြန်​မ​ဖြေရ​သေးခင်​မှာပဲ အ​နောက်​မှာရပ်​နေတဲ့ မိုး က
" နှလုံးအဆို့ရှင်​မ​ကောင်းတာ daddy .... သန်​ဘက်​ခါကျ သမီး မသူဇာခိုင်​နဲ့အတူတူ operation လုပ်​ပေးရမှာ .... "
မိုး ဝင်​ပြောလိုက်​တော့​တေဇာ့ အ​ဖေနဲ့​မေ​မေ​လေး ရဲ့ အကြည့်​တို့က မိုး ထံ​သို့​ရောက်​သွားကြသည်​။
"​အ​ဖေ နဲ့​အ​မေ ... ဒါ​နွေး​လေးကို ကုသ​ပေး​နေတဲ့ ဆရာဝန်​ပါ ..... "
လင်း ကြားကဝင်​ပြောလိုက်​တော့ ဦး​ကောင်းထက်​လဲအခုမှ လင်း ကိုသတိထားလိုက်​မိ၏ ။ လင်း ကိုမြင်​လိုက်​တော့ ဦး​ကောင်းထက်​တအားအံ့သြသွားသလို သူ့သမီး​လေးအတွက်​လဲ အနည်းငယ်​စိုးရိမ်​သွားရသည်​။ တစ်​ချိန်​က ဒီဆရာ​မ​လေး​ကြောင့်​သူ့သမီး​လေး အရူးတစ်​ပိုင်းခံစားခဲ့ရတာ မဟုတ်​ပါလား ။
အခု​ကျပြန်​တော့လဲ ဒီဆရာမ​လေးရဲ့ သမီးကိုမှ ခွဲစိတ်​ပေးရမယ်​ဆိုပြန်​တော့ ဘယ်​လို​တောင်​တိုက်​ဆိုင်​တဲ့​ရေစက်​ပါလိမ့်​ဟု​တွေး​နေမိသည်​။
" ကျွန်​တော့​မြေး​လေးကိုခွဲစိတ်​ပေးရမဲ့ ဆရာဝန်​က ကို​ကောင်းထက်​ရဲ့ ... ? "
" ကျွန်​တော့ သမီး​လေးပါ .... Hanna​လေ ..... "
ဦး​ကောင်းထက်​ဝင်​ပြောလိုက်​မှ​နွေး​လေး ရဲ့အဖိုးက မှတ်​မိသွားဟန်​ဖြင့်​
"​အော်​Hanna​လေးလား ... အဲ့တာ​ကြောင့်​မြင်​ဖူးသလိုလိုပဲလို့ ထင်​တော့ထင်​သား ...  ကြည့်​ပါဦးကွာ ..... Hanna​လေး​တောင်​ဆရာဝန်​မကြီးဖြစ်​နေပြီပဲ ....​တော်​လိုက်​တာ သမီး​လေးရယ်​....​အေးကွယ်​... uncle ရဲ့​မြေး​လေးကို​အပ်​ပါတယ်​ကွာ ....​သေချာ ဂရုစိုက်​ပြီး ခွဲစိတ်​ပေးပါ​နော်​.... "
" စိတ်​ချပါ uncle .... မိုး တို့အ​ကောင်းဆုံး ကြိုးစားပြီး​တော့ ခွဲစိတ်​ပေးမှာပါ .... "
မိုး​ပြောပြီး သူ့မမရဲ့ မျက်​နှာအား တစ်​ချက်​က​လေး​စောင်းငဲ့ကြည့်​လိုက်​မိ​တော့​ဘေးက ဦး​ကောင်းထက်​က သမီးဖြစ်​သူအရိပ်​အချည်​ကိုသာ​သေ​သေချာချာလိုက်​ကြည့်​နေ​လေသည်​။
X    X    X    X    X    X    X    X    X
အိမ်​ပြန်​ရောက်​ကြတဲ့ အခါမှာ​တော့
" သမီး အ​ပေါ်မတက်​ခင်​ခဏ​လောက်​ထိုင်​ပါဦးကွယ်​... "
" ဟုတ်​ကဲ့ daddy .... "
ဧည့်​ခန်းက ခုံမှာ သားအဖ နှစ်​ယောက်​လုံးဝင်​ထိုင်​လိုက်​ကြသည်​။
" သမီး ဆရာမနဲ့ ပြန်​တွေ့တာကို​daddy ကိုလဲ သမီးမ​ပြောပါလားကွယ်​.... "
" ဟုတ်​မ​ပြောဖြစ်​ဘူးဆိုတာ စကားမစပ်​လို့ပါ daddy .... "
" ဟိုတစ်​လောက အ​ရေး​ပေါ်​ရောက်​လာတဲ့ လူနာကို စိတ်​မချလို့ ည​စောင့်​အိပ်​ပေးမယ်​ဆိုတာက .... အဲ့ဒါ သမီးဆရာမရဲ့ သမီး​လေး မဟုတ်​လား ? "
အ​ဖေ​မေး​တော့ သူ​ခေါင်း​လေးသာ ပြန်​ညိမ့်​ပြနိုင်​ခဲ့ပါသည်​။
" ဟုတ်​ပါတယ်​daddy .... "
"​အေးကွယ်​.... ဘာပဲဖြစ်​ဖြစ်​ပါ daddy က​တော့ သမီး​လေး​ပျော်​ရွှင်​ပြီး အဆင်​ပြေ​နေတာ​လေးပဲ မြင်​ချင်​တယ်​ကွယ်​..... daddy ပြန်​ခေါ်လိုက်​လို့ ဒီပြန်​လာရပြီးမှ သမီး​လေး အဆင်​မ​ပြေမှာကိုလဲ daddy စိုးရိမ်​တယ်​.... "
စိုးရိမ်​နေတဲ့ အကြည့်​တွေနဲ့ ကြည့်​ပြီး​ပြောနေတဲ့ သူ့အ​ဖေရဲ့ မျက်​နှာကို မိုး​သေ​ချာကြည့်​လိုက်​ပြီး
" စိတ်​မပူပါနဲ့​daddy ရယ်​... သမီးအခု ရင့်​ကျတ်​နေပါပြီ ... အရင်​ကလို​ပျော့ညံ့တဲ့ လူတစ်​ယောက်​မဟုတ်​တော့ပါဘူး .... အဲ့ဒါ​ကြောင့်​သမီးအတွက်​daddy မစိုးရိမ်​ပါနဲ့​နော်​.... "
သူ့သမီး​လေးက သူ့မျက်​နှာ​သေ​သေချာချာကြည့်​ပြီး​ပြော​တော့မှ ဦး​ကောင်းထက်​အနည်းငယ်​စိတ်​အေးရသည်​။ သို့​ပေမဲ့ အပြည့်​အဝ​တော့ စိတ်​မ​အေးနိုင်​သေးပါ ။
X    X    X    X     X     X     X     X
" ဒီ​နေ့ pressure နည်းနည်းတက်​နေပါလား ... မနက်​ဖြန်​အတွက်​စိတ်​လှုပ်​ရှား​နေလို့လား​နွေး​လေး ? "
မနက်​ပိုင်း round လှည့်​ချိန်​နွေး​လေး ရဲ့​နေ့စဉ်​ဆေးမှတ်​တမ်းစာအုပ်​ကို မိုး လှန်​ကြည့်​နေရင်း​ပြောလိုက်​ခြင်းသာဖြစ်​၏ ။
" ဟုတ်​နည်းနည်း​လေး စိတ်​လှုပ်​ရှား​နေမိတယ်​မမ .... "
မိုး ပြုံးလိုက်​ရင်း​နွေး​လေးရဲ့​ခေါင်း​လေးကို ပုတ်​ပေးရင်း
"​စိတ်​ကိုအတတ်​နိုင်​ဆုံး​လျော့ထား​နော်​.... ဘာမှလဲ​ကြောက်​စရာမရှိဘူး .... ခွဲခန်းထဲမှာ မမကိုယ်​တိုင်​ညီမ​လေးရဲ့​ဘေနားမှာ ရှိ​နေ​ပေးမဲ့ဥစ္စာ ... "
" ဟုတ်​ကဲ့ ...​ကြောက်​တာ​တော့ မ​ကြောက်​ပါဘူး ဒီတိုင်း စိတ်​လေးနည်းနည်းလှုပ်​ရှား​နေမိရုံပါ မမ ....​"
"​နွေး​လေး ကြိုက်​တဲ့ ရုပ်​ရှင်​လေးဖြစ်​ဖြစ်​သီချင်းဖြစ်​ဖြစ်​ဖုန်းနဲ့ ကြည့်​ပြီးနား​ထောင်​နေ​လေ ... ဒါမှ ကုတင်​ပေါ်လှဲ​နေရင်းနဲ့ မျက်​လုံး​လေမှိတ်​ပြီး ဝင်​လေထွက်​လေ​လေးကို မှတ်​နေကြည့်​..... အဲ့ဒါစိတ်​ကိုတည်​ငြိမ်​စေတယ်​..... တရားမှတ်​တဲ့​နေရာမှာ​တော့ မမထက်​ဆရာမ ကပိုပြီးကျွမ်းကျင်​တယ်​...​မေ​မေ့ဆီက ပြန်​သင်​နော်​.... "
မိုး သူ့မမကိုလှမ်းကြည့်​ပြီး ရယ်​ရယ်​မော​မောနဲ့ပဲ​ပြောလိုက်​တော့ လင်း လဲပြုံးလိုက်​မိသည်​။
"​မေ​မေသင်​ပေးထားလို့​နွေး ငယ်​ငယ်​လေးကတည်းက တရားမှတ်​တတ်​ပါတယ်​မမ .... မမ​ပြောသလိုပဲမျိုး​နွေး လုပ်​ကြည့်​ပါ့မယ်​နော်​.... "
​နွေး​လေး ပြုံးပြုံး​လေး ပြန်​ပြော​တော့ မိုး လဲပြုံးပြလိုက်​ပြီး
"​နေ့လည်​ကျ မမလဲ စကားလာ​ပြော​ပေးမယ်​နော်​... အခု​တော့ မမ round ဆက်​လှည့်​လိုက်​ဦးမယ်​.... "
" ဟုတ်​ကဲ့ပါ မမ ... "
X    X    X    X    X    X    X    X   
" ချယ်​ရီချက်​လာတဲ့ ဟင်းက မ​ကောင်းလို့လားဟင်​မမ ? "
ချယ်​ရီ့ရဲ့ အတင်း​ဖိတ်​ခေါ်မှု​ကြောင့်​နေ့လည်​စာကို မိုး သူနဲ့အတူတူစားဖြစ်​ခဲ့သည်​။
" Ahh မဟုတ်​ပါဘူး ချယ်​ရီ ရဲ့စား​ကောင်းပါတယ်​..... "
" အဲ့ဒါဆို များများထည့်​စား​လေ မမ ရဲ့ .... "
ပန်းကန်​ထဲ ဟင်း​တွေထပ်​ထည့်​ပေး​နေတဲ့ ချယ်​ရီ​ကြောင့်​
"​တော်​...​တော်​ပါ​တော့ ချယ်​ရီရယ်​.... ကိုယ်​... ကိုယ်​က အရင်​ထဲက အစားနည်းလို့ပါ ..... "
"​သြော်​ဟုတ်​လား ... ဒါဆိုလဲ မမ ကုန်​နိုင်​သ​လောက်​ပဲစား​နော်​သိလား .... ချယ်​ရီ့ကို အားနားလို့ဆိုပြီး အရမ်းကြီး ဖျစ်​ညှစ်​စားမ​နေနဲ့​ဦးနော်​မမ .... "
"​အင်းပါ ချယ်​ရီရယ်​.... "
သူထည့်​ပေးတဲ့ ဟင်း​တွေကို တို့ခနဲဆိတ်​ခနဲ စား​နေတဲ့ မိုး ကိုကြည့်​ပြီး ချယ်​ရီ အားရပုံ​တော့ မ​ပေါ် ။
ရုတ်​တရက်​မိုး တစ်​စုံတစ်​ခုကို သတိရသွားကာ
" ahh မနက်​ထဲက​မေးမလို့ .... ဟို​နေ့က​နွေး​လေးရဲ့​သွေးအမျိုးအစားထပ်​စစ်​ဖြစ်​သေးတယ်​မဟုတ်​လား ? "
" ဟုတ်​ကဲ့ မမ ... ထပ်​စစ်​ဖြစ်​ပါတယ်​.... "
" A ပဲလား ? "
" ဟုတ်​A ပဲ မမ .... ညီမတို့​ဆေးရုံက မှားစရာအ​ကြောင်းအရင်း ရှိကိုမရှိဘူးဆိုတာ ညီမ အ​စောထဲကသိပြီးသားပါ .... ဒီလူကြီးကိုက ဇ​ဝေဇဝါနဲ့ ကိုယ့်​သမီးဖြစ်​သူရဲ့​သွေးအမျိုးအစားအမှန်​ကို​တောင်​သေချာမသိဘူး .... ဒါနဲ့များ သူ့ဘက်​က​သေချာပါတယ်​မှားစရာအ​ကြောင်းမရှိပါဘူး​ဆိုပြီး​ပြော​သေးတယ်​.... "
ချယ်​ရီ​မေ​မျက်​မှောင်​လေးကြုတ်​ပြီး​ပြော​နေတဲ့စကား​တွေကို မိုး တည်​တည်​ညိမ်​ညိမ်​နဲ့သာ နား​ထောင်​နေမိသည်​။​တေဇာကလဲ မှားစရာအ​ကြောင်းမရှိဘူးလို့​ပြောခဲ့တဲ့စကားတစ်​ခွန်း​ကြောင့်​မိုး​တွေးစရာ​လေး​တွေ ဖြစ်​နေသည်​။
အဲ့အချိန်​တုန်းက​တေဇာထိုစကား​ပြော​နေစဉ်​သူ့မျက်​ဝန်း​တွေဟာ ယုံကြည်​မှုအပြည့်​နဲ​ပြော​နေခြင်းမှန်း မိုး ကိုယ်​တိုင်​လဲ​တွေ့ခဲ့တာမို့ ထူးဆန်းသလိုလို​တော့ ရှိ​နေသလို ခံစား​နေရပါသည်​။
X    X    X    X    X    X    X    X
မိုး ပျားလိ​မ္မော်​သီး​လေး​တွေ လက်​ထဲကိုင်​ပြီး​နွေး​လေးရဲ့ကုတင်​နားသို့​လျှောက်​သွားလိုက်​သည်​။
"​နွေး​လေး .... "
"​မမ .... "
" ဘယ်​သူမှ မရှိဘူးလား​နွေး​လေး ? မမ​စော​စောက​တောင်​ဆရာမ​ကို​တွေ့မိ​သေးလိုပဲ ... "
"​မေ​မေ သန့်​စင်​ခန်းခဏသွားတယ်​မမ ... "
"​သြော်​..... "
ကုတင်​ဘေးက ခုံ​တန်း​လေးမှာ မိုး ဝင်​ထိုင်​လိုက်​ပြီး
"​နေ့လည်​စာ စားပြီးပြီလား ? "
" ဟုတ်​ကဲ့ ပြီးပြီ မမ .... မမ​ကော ? "
သွားထက်​လေး​ပေါ်​အောင်​ရယ်​ပြီး သူ့ကိုပြန်​မေးနေ​သော​နွေး​လေးအား မိုး ပြန်​ပြုံးပြရင်း
" မမ လဲစားပြီးပြီ​နွေး​လေး ... ဒီမှာ​နွေး​လေးအတွက်​ပျားလိ​မ္မော်​ချိုချို​လေးစားရ​အောင်​ယူလာတာ .... မနက်​က​နွေး​လေးရဲ့ သွေးအချိုဓာတ်​စစ်​ကြည့်​တော့ လိုအပ်​တဲ့ပမာဏထက်​လျော့​နေတယ်​... အဲ့ဒါ​ကြောင့်​ဒီလိ​မ္မော်​သီးချိုချို​လေးစားလိုက်​နော်​....​နေဦး မမ အခွံနွှာ​ပေးမယ်​....  "
မိုး သူကိုယ်​တိုင်​ပဲ အခွံနွှာ​ပေးပြီး​နွေး​လေး ရဲ့လက်​ထဲသို့ လိ​မ္မော်​သီးစိပ်​လေး​တွေ ထည့်​ပေးလိုက်​တော့​နွေး​လေး ကပြုံးပြုံးက​လေးဖြင့်​
"​ကျေးဇူးပါ မမ ... "
တစ်​စိတ်​ပြီးတစ်​စိတ်​ပါးစပ်​ထဲထည့်​ပြီး အားရပါးရဝါးစား​နေသည့်​နွေး​လေး ကိုကြည့်​ကာ မိုး ပြုံးမိပြန်​သည်​။
" ကြိုက်​ရဲ့လား ? "
" ဟုတ်​ကဲ့ ကြိုက်​တယ်​မမ ... ချို​နေတာပဲ .... "
ရယ်​ပြ​နေတဲ့​နွေး​လေး အား မိုး ပြုံးပြုံး​လေးကြည့်​နေရင်း လိ​မ္မော်​သီးအခွံနွှာ​နေစဉ်​လင်း ပြန်​ရောက်​လာ​လေသည်​။
"​အော်​က​လေး​ရောက်​နေတာပဲ .... "
" ဟုတ်​ကဲ့ .... လာ ဆရာမ ထိုင်​.... "
လင်း သူ့​ဘေးနားမှာ ဝင်​ထိုင်​လိုက်​တော့
" မမက သမီးကို လိ​မ္မော်​သီးလာ​ကျွေး​နေတာ​မေ​မေရဲ့ .... အရမ်းချိုတာပဲ ....​မေ​မေလဲ စားကြည့်​.... "
"​နေပါ​စေ သမီး​လေးပဲ များများစား​နော်​.... "
လင်း​ခေါင်း​လေးခါလိုက်​တော့
" ရှမ်းပြည်​က ပျားလိ​မ္မော်​ဆရာမရဲ့ ....​daddy တပည့်​တစ်​ယောက်​လှမ်းပို့​ပေးလိုက်​တာ .... နည်းနည်းစားကြည့်​အရမ်းချိုတယ်​.... "
​ပြောလဲ​ပြော လက်​ကလဲသူအခွံနွှာ​ပေးထားတဲ့ လိ​မ္မော်​သီးစိပ်​လေး​တွေကို သူ့မမ လက်​ထဲ အတင်းထည့်​ပေးလိုက်​လေသည်​။ လင်း လဲသူ့က​လေးလက်​နဲ့ ကိုယ်​တိုင်​စေသနာပါပါအခွံနွှာ​ပေးထားသည့်​ပျားလိ​မ္မော်​လေး​တစ်​စိပ်​ကို ပါးစပ်​ထဲထည့်​လိုက်​မိသည်​။ သွားနဲ့အသာ​လေးဖိဝါးလိုက်​တာနဲ့ ထွက်​လာတဲ့အရည်​ချိုချို​လေး​တွေ​ကြောင့်​လင်း ပြုံးလိုက်​မိသည်​။
" အင်း ချိုလိုက်​တာ​နော်​.... "
သူ့မမရဲ့ မျက်​နှာအမူအယာကို မိုး ကြည့်​နေပြီး​နောက်​
" ကြိုက်​ရင်​မိုး မှာအများကြီးရှိ​သေးတယ်​ထပ်​လာ​ပေးမယ်​နော်​.... "
" ahhh ရပါတယ်​က​လေးရယ်​.... ဒီ​လောက်​ဆို​တော်​ပါပြီ က​လေး ပဲစား​နော်​.... "
" တကယ်​အများကြီးကျန်​သေးတာပါ .... မနက်​တုန်းက ဌာနထဲက လူ​တွေအကုန်​လိုက်​ဝေ​ပေးတာ​တောင်​မှ ကျန်​နေ​သေးတယ်​.......​အော်​ဒါနဲ့ ....​နွေး​လေး .... "
လင်း ဘက်​ကိုကြည့်​ပြီး​ပြော​နေရာမှာ ရုတ်​တရက်​နွေး​လေးဘက်​ကို လှည့်​ကြည့်​ပြီး နာမည်​ခေါ်လိုက်​တာမို့
" ရှင်​မမ .... "
" မနက်​ဖြန်​ခွဲခန်းဝင်​ရမှာမို့လို့ ညကျရင်​၁၀ နာရီ​နောက်​ပိုင်းထဲက အစာလဲ မစားရ​တော့ဘူး​ရေလဲ မ​သောက်​နဲ့​တော့​နော်​..... "
"​အော်​ဟုတ်​ကဲ့ ....​စော​စောက nurse မမတစ်​ယောက်​လဲ လာ​ပြောသွား​သေးတယ်​.... "
" အင်း ...... ပြီး​တော့ ဆရာမ ....​နွေး​လေးကို မနက်​ဖြန်​သွေး​ပေးမဲ့​သွေးအလှူရှင်​ကို ဒီ​နေ့ထဲကရှာထားမှ ဖြစ်​မယ်​နော်​..... အဲ့ဒါမှ မနက်​စော​စော သူတို့ကို​သွေးစစ်​ဖို့အချိန်​ရမှာ ..... လှူမဲ့အလှူရှင်​က B ပိုး C ပိုး နဲ့ HIV ပိုး​ရှိမရှိဆိုတာ အကုန်​စစ်​ဆေးဖို့ လိုအပ်​တယ်​..... "
" မနက်​ထဲကအဲ့ nruse​လေးလာ​ပြောသွားလို့ မ​ကျောင်းကိုဖုန်းလှမ်းဆက်​ပြီး အကူညီ​တောင်းထားပြီးပြီ .... ဂျူနီယာ ညီမ​လေးတစ်​ယောက်​နဲ့ ဆရာတစ်​ယောက်​က လှူ​ပေးမယ်​တဲ့ ... မနက်​ဖြန်​မနက်​၈ နာရီ​လောက်​ထဲက အ​ရောက်​လာကြမယ်​ပြောတယ်​က​လေး .... "
"​အော်​ဟုတ်​... ဒါဆို အဆင်​ပြေသွားပြီပဲ ...... "
​နွေး​လေး မျက်​နှာကို မိုး​သေချာကြည့်​လိုက်​ပြီး က​လေးရဲ့လက်​လေး​တွေကို ဆုပ်​ကိုင်​ပေးလိုက်​သည်​။
" မနက်​ဖြန်​အတွက်​ကြောက်​ဖို့ လုံးဝမလိုဘူး​နော်​ညီမ​လေး ..... မမ ကညီမ​လေး​ဘေးမှာပဲရှိ​နေမှာ .... ပြီး​တော့ ညီမ​လေးရဲ့ case ကအရမ်းကြီး ခက်​ခက်​ခဲခဲခွဲစိတ်​ရမဲ့ဟာလဲ မဟုတ်​ဘူး .... ဒီတိုင်း စက်​က​လေးတပ်​လိုက်​ရင်​ပြီးပြီ ....​မေ့​ဆေး​ပေးထားမှာဆို​တော့ အိပ်​ပျော်​နေသလိုပဲ ဘာမှသိလိုက်​မှာ​တောင်​မဟုတ်​ဘူး ..... "
သူ​ပြောပြ​နေ​တော့​နွေး​လေး က​သေချာနား​ထောင်​ပြီး သူ့ကိုရယ်​ပြ​လေသည်​။
"​နွေး မ​ကြောက်​ပါဘူး မမ ရယ်​.... "
" ဒါပဲ​ပေါ့ မမ ရဲ့ညီမ​လေးက အာဂသတ္တိခဲ​လေးဆိုတာ မမသိပြီးသားပါ .... fighting babe .... "
မိုး မျက်​စိ​လေးတစ်​ဖက်​မှိတ်​ပြရင်း​ပြော​တော့​နွေး​လေး ကရယ်​လို့​မောလို့ပါ ။
မနက်​ဖြန်​သူ့သမီး​လေး ခွဲစိတ်​မှုအတွက်​မိခင်​တစ်​ယောက်​အ​နေနဲ့ စိုးရိမ်​စိတ်​အပြည့်​ရှိ​နေ​သော်​လဲပဲ အခုလိုသူ့သမီး​လေး ပြုံးပြုံးရွှင်​ရွှင်​လေးရှိ​နေတာမို့ နည်းနည်း​တော့ စိတ်​သက်​သာရာရခဲ့သည်​။ သူ့သမီး​လေး ထိုကဲ့သို့ ပြုံးပြုံးရွှင်​ရွှင်​ဖြစ်​လာ​အောင်​လုပ်​ပေးတဲ့ သူ့က​လေး​လေးကိုလဲ စိတ်​ထဲက ကျိတ်​ပြီး​ကျေးဇူးအခါခါတင်​နေမိပါသည်​။
X    X    X    X    X    X    X    X    X    X
" လင်း​ရေ ..... "
"​အော်​အန်​တီတင့်​...​ရောက်​လာပြီလား .... "
ခြင်း​တောင်းတစ်​ခု စတီးလ်​ချိုင့်​တစ်​ခုနဲ့​ရောက်​ရှိလာ​တဲ့ အန်​တီတင့်​က
"​အေးကွယ်​... Taxi ဌားလာ​ပေမဲ့ ကားလမ်း​တွေက ပိတ်​နေလို့ အခုမှ​ရောက်​လာတာ ... "
ခြင်း​တောင်းနဲ့ စတီးလ်​ချိုင့်​ကို​ဘေးကစားပွဲ​ပေါ်သို့ အန်​တီတင့်​တင်​လိုက်​ပြီး ကုတင်​ပေါ်အိပ်​ပျော်​နေတဲ့​နွေး​လေး ကိုကြည့်​လိုက်​သည်​။
" သမီး​လေး အိပ်​ပျော်​နေတာလား လင်း ? "
" ဟုတ်​တယ်​အန်​တီတင့်​... ညက​သမီး​လေး ကောင်း​ကောင်းအိပ်​မ​ပျော်​ဘူး​လေ ... "
"​အော်​...​အေး​ပေါ့​ဆေးရုံဆို​တော့​သေချာ​ကောင်း​ကောင်း ဘယ်​အိပ်​ပျော်​ပါ့မလဲ ....​နွေး​လေး ကအစထဲကမှ​နေရာသစ်​မှာဆို မအိပ်​တတ်​တဲ့လူဆို​တော့ .... "
" အင်း ဟုတ်​တယ်​အန်​တီတင့်​.... "
​ဘေးနားက ခုံအလွတ်​တစ်​လုံးမှာ အန်​တီတင့်​ဝင်​ထိုင်​ရင်း လင်း ကိုကြည့်​ကာ
"​လင်း အိမ်​ပြန်​ပြီး​ရေမိုးချိုးလိုက်​ပါလား ... မ​နေ့ကလဲ မချိုးထားရဘူးမဟုတ်​လား .... သမီး​လေးလဲ အိပ်​ပျော်​နေတုန်းပြန်​ချိုးလိုက်​လေ ... "
အန်​တီတင့်​ပြော​မှ လင်း သူ့ကိုယ်​သူငုံ့ကြည့်​လိုက်​ပြီး
" လူကနည်းနည်း ညည်းစီစီ​တော့ဖြစ်​နေတယ်​... "
"​အေး​လေ ... အဲ့ဒါ​ကြောင့်​ပြန်​ချိုးလို​က်​လို့ ...​ရေချိုးလိုက်​တော့ လူလဲ နည်းနည်းလန်းသွားတာ​ပေါ့ ... ဒီရက်​ပိုင်း လင်း လဲညဘက်​တွေ​စောင့်​အိပ်​ပေးရတာ များ​တော့ ပင်​ပန်းလှပါပြီ .... ဒီည အန်​တီတင့်​ပဲ​စောင့်​အိပ်​ပေးမယ်​လေ ..... "
" ဟာ ရပါတယ်​အန်​တီတင့်​ရယ်​... ညက​တော့ လင်း ပဲ​စောင့်​အိပ်​ပါ့မယ် ... မနက်​ဖြန်​လဲ သမီး​လေး ခွဲခန်းဝင်​ရမှာ​ဆို​တော့ လင်း​ဘေးမှရှိ​ပေးမှ ဖြစ်​မှာ .... လင်း မြန်​မြန်​ပြန်​ချိုးပြီးတာနဲ့ ပြန်​လာခဲ့ပါ့မယ်​နော်​..... "
"​ရပါတယ်​ကွယ်​ဖြည်းဖြည်းပဲလုပ်​ပါ .... အန်​တီတင့်​နေ့လည်​စာလဲ စားခဲ့ပြီးသားပါ .... "
လင်း ကား​သော့နဲ့အတူ ပိုက်​ဆံအိတ်​တယ်​လီဖုန်း တို့ကိုလှမ်းယူလိုက်​ပြီး
" ဒါဆို လင်း အိမ်​ပြန်​လိုက်​ဦးမယ်​နော်​.... သမီး​လေးနိုးလာတဲ့အခါ လင်း​ရေချိုးပြီးတာနဲ့ ပြန်​လာခဲ့ပါ့မယ်​လို့​သေချာ​ပြော​ပေး​နော်​အန်​တီတင့်​... "
"​အေးပါ​အေးပါ ... စိတ်​ချသာပြန်​အန်​တီတင့်​ပြောထားမယ်​နော်​.... "
" ဟုတ်​ကဲ့ .... "
" ကားကို ဂရုစိုက်​မောင်း​ဦး​နော်​လင်း .... "
" ဟုတ်​ကဲ့ပါ အန်​တီဝင်း .... "
ဒီလိုနဲ့ပဲ လင်း ခပ်​သုတ်​သုတ်​နဲ့ပဲ​ဆေးရုံ​အောက်​ထပ်​ဆင်းခဲ့လိုက်​သည်​။
🌧️     🌧️     🌧️
Continuă lectura
O să-ți placă și
594K 74.5K 105
This novel is not mine. Just a fan translation. Unicode +Zawgyi Author - 桃花引
112K 9.5K 25
253K 13.3K 63
Age gap🏳️‍🌈 (Unicode+Zawgyi)
97.7K 6.1K 46
-မမတော့ မောင့်ကို ချစ်နေမိပြီ ထင်တယ် လက်တွဲဖော်တစ်ယောက်လိုပေါ့ ဟေသာ -