Don't Stop Believing

By JE_Rain

627K 43.5K 3.5K

ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... More

Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62
Episode - 63
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69

Episode - 39

7.9K 520 45
By JE_Rain

" Morning မ ..... "

မနက်​ခင်းအလင်း​ရောင်​ဖျဖျ​လေး အခန်းထဲသို့ဝင်​ရောက်​လာတဲ့အချိန်​၌ မိုး ကဦးစွာနိုးထလာပြီး​ဘေးကသူ့မမနိုးတဲ့အထိ​စောင့်​ကာကြည့်​နေခဲ့ခြင်းဖြစ်​သည်​။ သူ့ကို​ဘေးက လက်​လေး​ထောက်​ကာ ပြုံးပြုံး​လေး​ဘေး​စောင်းကြည့်​နေသည့်​က​လေး​လေးရဲ့ကြည်​လင်​ဝင်းပတဲ့အပြုံးကို မြင်​ပြီး လင်း နိုးနိုးချင်းပဲ ပြုံး​ရောင်​သမ်းသွားရသည်​။

" က​လေး အ​စောကြီးနိုး​နေပါလား .... "

လင်း လက်​က​လေးနှစ်​ဖက်​ကို ဆန့်​ထုတ်​လိုက်​ပြီး​ဘေးကသူ့က​လေး​လေးအား လည်​ပင်းက​နေ သွယ်​ယှက်​လိုက်​၏ ။

" ummm .... မ နိုးတာ​လေး​စောင့်​ကြည့်​ချင်​လို့ ..... "

" ဒီက​လေး​လေးက​တော့ ..... "

မျက်​နှာမသစ်​ပဲနဲ့​တော့ အိစက်​ညက်​ညောလှတဲ့ မိုး ရဲ့ပါးပြင်​နုနု​လေးကို လင်း နမ်းလိုက်​ပြီး

" ထကြစို့ .... အတူတူမျက်​နှာသစ်​ကြမယ်​.... "

" ဟုတ်​..... "

နှစ်​ယောက်​သား အတူတူမျက်​နှာသစ်​သွားတိုက်​ကြပြီးတဲ့​နောက်​အဝတ်​အစားလဲကာ breakfast ဆင်းစားကြသည်​။ ဒီ​နေ့မှာ​တော့ မ ကကျစ်​ဆံ​မြီး​လေးကျစ်​ထားကာ မြန်​မာဆန်​ဆန်​ချိတ်​ထဘီ အဝါ​လေးနဲ့ရင်​စိအဝါချိုင်းပြတ်​က​လေးအား ဆင်​မြန်းထားပြီး မ ရဲ့အလှကကျတ်​သ​ရေရှိလွန်းလှပါသည်​။

မိုး က​တော့ထုံးစံအတိုင်းပဲ ဂျင်းပန်​အနက်​လေးကိုမှ အ​ပေါ်ကရှပ်​အကျီင်္မိုးပြာ​ရောင်​လက်​ရှည်​လေးနှင့်​လက်​ကို​ခေါက်​တင်​ထားပါသည်​။ ပြီး​တော့ sun glasses ကိုလဲ​ခေါင်း​ပေါ်ချိတ်​တင်​ထား​သေးသည်​။ မသိလျှင်​တရုတ်​မ​လေးတစ်​ယောက်​နဲ့​တောင်​တူ​နေ၏ ။

Breakfast စား​သောက်​လို့အပြီးမှာ​တော့ Hotel နဲ့လဲမနီးမ​ဝေးလွန်းလှတဲ့ ကမ်း​ခြေမှာပဲတည်ထားပါ​သော​စေတီ​တော်​လေးတစ်​ဆူအား ၂​ယောက်​အတူသွား​ရောက်​ဖူး​မြော်​ခဲ့ကြပါသည်​။ ပြီး​တော့ ထိုအနီးနားတစ်​ဝိုက်​က​ကျောက်​ဆောင်​လေး​တွေနားမှာပဲ မိုး ကသူ့မမအား အလှဓာတ်​ပုံ​လေး​တွေ ရိုက်​ပေး​ခဲ့သည်​။ post မ​ပေးတတ်​တဲ့ သူ့မမကို သူကိုယ်​တိုင်​post​တွေ​သင်​ပေးရတာလဲ သူ့မှာအ​မော ။ သူကိုယ်​တိုင်​photographer ကြီးလုပ်​ကာ မသိလျှင်​professional photographer တစ်​ယောက်​အသွင်​ပင်​ပေါက်​လို့​နေပါသည်​။ လင်း က​တော့ရှက်​ရှက်​နဲ့ပဲ သူ့က​လေးသင်​ပေးတဲ့အတိုင်း post​လေး​တွေ ကြိုးစားပမ်းစား​ပေး​နေရရှာသည်​။

ထိုက​နေမှတစ်​ဆင့်​အနီးနားက​ဈေး​လေးသို့ လမ်း​လျှောက်​သွားကြသည်​။ ပြီး​တော့ကမ်း​ခြေက အမှတ်​တရပစ္စည်း​တွေဝယ်​တဲ့ဆိုင်​မှာ ခရုနဲ့လုပ်​ထားတဲ့ ချစ်​စရာအရပ်​လေး​တွေ ဝယ်​ကြရင်း​ခရု​သော့ချိတ်​လေး ၂ ခုဝယ်​ခဲ့၏ ။ တစ်​ခုရဲ့အ​ပေါ်မှာ လင်း လို့စာတန်း​ရေးထိုးထားပြီး​နောက်​တစ်​ခုက​တော့ မိုး လို့စာတန်း​ရေးထိုးထားပါသည်​။ လင်း ဆိုတဲ့​သော့ချိတ်​လေးကို မိုး ကယူပြီး မိုး ဆိုတဲ့ခရုခွံ​သော့ချိတ်​လေးကို​တော့ လင်း ကယူထား၏ ။

ပြီး​တော့​ဟော်​တည်​သို့ပြန်​ကာ​ခဏတဖြုတ်​နား​ရေမိုးချိုးပြီး​နေ့လည်​စာ စားကြ၏ ။​နေ့လည်​စာရဲ့ special menu က​တော့ ပင်​လယ်​စာ​တွေဖြစ်​ခဲ့သည်​။ ပင်​လယ်​ဂဏန်းနဲ့ ပင်​လယ်​ကျောက်​ပုစွန်​ကင်​များဖြစ်​၏ ။

" အ ..... "

​ကျောက်​ပုစွန်​ကင်​ရဲ့ လက်​ချောင်း​တွေကိုချိုးပြီး အခွံ​တွေခွာ​နေသည့်​မိုး ရဲ့မမတစ်​ယောက်​လက်​စူးသွားကာ ထွက်​လာသည့်​အသံပင်​ဖြစ်​သည်​။

လင်း ရဲ့လက်​ဖျားထိပ်​က​လေးမှာ စို့တက်​လာတဲ့​သွေးစ​လေးကို မိုး လှမ်းကိုင်​လိုက်​ပြီး သူ့ပါးစပ်​ထဲသို့ထည့်​ကာ စုပ်​ပေး​နေသဖြင့်​

" ဟယ်​က​လေးရယ်​.... မလုပ်​ပါနဲ့ ....​တော်​ကြာ မ လက်​မှာပိုးမွှား​တွေရှိရင်​ကူးကုန်​ပါ့မယ်​..... "

" မကူးပါဘူး မရယ်​... အဲ့ဒါ​တွေက လက်​နဲ့မခွာရဘူး မ ရဲ့ ... ဒီမှာ​လေ သူတို့​ပေးထားတဲ့ တူ​သေး​သေး​လေးက အဲ့ဒါ​တွေ ခွာဖို့ထားထား​ပေးတာ ... ဒီမှာ မိုး ပြမယ်​.....  "

မိုး ပုစွန်​ခွံမာမာ​တွေကို တူ​သေး​သေးလးနဲ့ ၂ ချက်​၃ ချက်​ထုလိုက်​တဲ့အခါ မီးကင်ခံထားရတဲ့ ပုစွန်​ခွံများအက်​ကွဲ ကွာကျလာပါ​တော့သည်​။

သူ့ကိုလူကြီး​လေးတစ်​ယောက်​သဖွယ်​တည်​ငြိမ်​စွာပြုလုပ်​ပေး​နေတဲ့ မိုး ရဲ့မျက်​နှာကို လင်း လက်​က​လေးစားပွဲ​ပေါ်​ထောက်​တင်​ကာ မျက်​တောင်​လေးပုတ်​ခတ်​ပုတ်​ခတ်​ဖြင့်​ကြည့်​နေခဲ့သည်​။

​အော်​တခါတ​လေ​တော့လဲ သူ​လေးက ငါ့ထက်​တောင်​ရင့်​ကျတ်​ပြီး လူကြီးဆန်​တဲ့ပုံစံ​ပေါက်​နေပါလား​နော်​.....

အခွံ​တွေအကုန်​ခွာ​ပေးပြီး အသား​လေး​တွေချည်းနွှာကာ လင်း​ရှေ့ကပန်းကန်​ပြားထဲသို့ ထည့်​ပေးလိုက်​၏ ။

" မ စား ...... "

" ဟုတ်​ကဲ့ပါရှင့်​..... "

သူ့က​လေးနွှာ​ပေးလို့လား​တော့မသိ​ကျောက်​ပုစွန်​က သူနွှာတုန်းကထက်​ပိုအရသာရှိပြီး ပိုချို​နေသလိုလိုပင်​။

"​အော်​ဒါနဲ့​လေ မ .... "

" အင်း က​လေး ? "

" ဒီလကုန်​ခါနီးတစ်​ပတ်​လောက်​အလိုကျ Daddy ဂျပန်​ကို အလုပ်​ကိစ္စနဲ့သွားစရာရှိတယ်​တဲ့ .... အဲ့ဒါ မိုး ပါလိုက်​သွားမလို့ ....​ဟိုမှာ အခုထိ​မေ​မေ့ဘက်​က အဖွားကသက်​ရှိထင်​ရှား​ရှိ​နေတုန်းပဲ​လေ ..... ပြီး​တော့ အန်​တီလဲ ရှိတယ်​....​ကျောင်း​တွေပြန်​ဖွင့်​မှဆိုရင်​သွားလည်​ဖို့က သိပ်​ပြီးလွယ်​တော့မယ်​မထင်​ဘူး .... အဲ့ဒါ​ကြောင့်​အခုထဲကသွားလည်​ထားမလားလို့ .... "

"​ဟုတ်​တာ​ပေါ့ ....​ကောင်းတာ​ပေါ့ က​လေးရဲ့ .... ဒါနဲ့ ဘယ်​လောက်​ကြာကြာသွားမှာလဲဟင်​? "

" ၂ ပတ်​ကျော်​ကျော်​လောက်​တော့ ကြာလိမ့်​မယ်​ထင်​တယ်​..... စာ​မေးပွဲ​အောင်​စာရင်း ကပ်​ခါနီးတစ်​ပတ်​အလို​လောက်​တော့ ပြန်​ရောက်​မှာပါ မ ရဲ့ .... "

" ဒါဆို​တော်​တော်​ကြာမှာပဲ .... "

မျက်​နှာ​လေးညှိုးနွမ်းသွားတဲ့ မ ရဲ့မျက်​နှာကို မိုး စိုက်​ကြည့်​ရင်း

" အာ့ဆို မသွား​တော့ဘူး​နော်​မ ... "

မိုး သွား​လေးဖြဲကာ​ပြောလိုက်​တော့လဲ

" ဟယ်​အဲ့လိုမလုပ်​ပါနဲ့ .... လိုက်​သွားပါ က​လေးရဲ့ .... ဟိုကအဖွားတို့ကလဲ က​လေးကို မြင်​ချင်​တွေ့ချင်​မှာ​ပေါ့ .... မ တို့ ၂​ယောက်​gmail က​နေ​စကား​ပြောလို့ရတာပဲ​လေ .... "

" အဲ့ဒါဆို မ ကအင်​တာနက်​ဆိုင်​သွားထိုင်​နေရမှာ​ပေါ့လို့ ... စိတ်​မချပါဘူး မရယ်​.... အခု​အင်​တာနက်​ဆိုင်​ထိုင်​တဲ့ ခေတ်​လူငယ်​တွေက ဗရုတ်​သုတ်​ခ​တွေများတယ်​မ တစ်​ယောက်​ထဲသွားမှ စိတ်​မချပါဘူး .... "

လူကြီး​လေသံအတုခိုး​ပြော​နေတဲ့ သူ့က​လေးကို လင်း ကြည့်​ပြီး ရယ်​လိုက်​မိ၏ ။ သူ​လေးနဲ့အတူရှိချိန်​ဆို ကိုယ့်​မှာလူငယ်​ပြန်​ဖြစ်​ပြီး သူကလူကြီး​လေးကိုဖြစ်​လို့​နေ​တော့တာပါပဲ ။

X    X    X    X    X     X     X     X

ည​နေခင်း​လေးတစ်​ခု၌ မိုး ခြံထဲကဒန်း​လေးမှာထိုင်​ရင်း ဝတ္ထုစာအုပ်​ဖတ်​နေသည်​။

" ဘာစာအုပ်​ဖတ်​နေတာလဲ ? "

"​အော်​ဇွဲ ... လာ ထိုင်​လေ .... ဆရာချစ်​ဦးညိုရဲ့ ဗုဒ္ဓယဉ်​ကျေးမှုဝတ္ထုတိုများဆိုတဲ့ စာအုပ်​ဖတ်​နေတာ​လေ ..... "

ဇွဲ ကိုသူ့​ဘေးမှာထိုင်​ခွင့်​ပေး​ပေမဲ့ ဇွဲ ကဒန်း​ပေါ်မှာမထိုင်​ပဲ ဒန်းနဲ့မျက်​နှာချင်းဆိုင်​က ခုံဝိုင်း​လေး​ပေါ်မှာသာ ထိုင်​လိုက်​ပြီး

" ဆရာမ​ဆီကဌားထားတာလား ? "

"​အေး ဟုတ်​တယ်​မ​အိမ်​ကယူလာတာ​လေ .... မ ဆီမှာစာအုပ်​တွေ အများကြီးပဲဟ .... "

သူ့တူနဲ့ မိုး ခြံထဲစကားထိုင်​ပြော​နေတာကို အိမ်​ထဲမလှမ်းမကမ်းက​နေ​ဒေါ်မူယာသွယ်​ကြည့်​နေ၏ ။

" ဟုတ်​လား ... ဒါဆို ဆရာမဆီမှာ လင်္ကာဒီပချစ်​သူဆိုတဲ့စာအုပ်​များ ရှိမလားမသိဘူး .... ဆရာချစ်​ဦးညို​ရေးထားတာပဲ​လေ ..... "

" မ​ပြောတတ်​ဘူးဟ ... ငါ​မေးကြည့်​ပေးမယ်​လေ ... မ ဆီမှာဆရာချစ်​ဦးညိုရဲ့စာအုပ်​တော်​တော်​များများရှိပါတယ်​.... ဒါ​ပေမဲ့ ဘုရားတရားစာ​ပေ​တွေ ပိုများတယ်​ဟ ..... "

"​ငါတို့ဆရာမက အရွယ်​နဲ့မလိုက်​အောင်​ဘုရားတရားသိပ်​လုပ်​တယ်​နော်​.... ငါတို့သာ ဆရာမအရွယ်​ရောက်​ရင်​ဘယ်​လို​နေကြမလဲ မ​ပြောတတ်​သေးဘူး .... "

ဇွဲ ရယ်​ရယ်​မော​မောနဲ့​ပြောလိုက်​တော့ မိုး ကလဲပြုံးပြီး

" ၂၄  - ၂၅ ဆိုရင်​နင်​ဒုရဲအုပ်​လောက်​တော့ဖြစ်​နေ​လောက်​ရော​ပေါ့ ... "

" ဟာ နင်​ကလည်း ..... "

ဇွဲ ရှက်​ကိုးရှက်​ကန်းနဲ့​ခေါင်းကုပ်​နေစဉ်​ခြံ​ပေါက်​ဝဆီမှ​ခေါ်သံတစ်​သံကြားလိုက်​ရ၏ ။

"​က​လေး​ရေ ... မိုး .... "

အသံက သိပ်​မကျယ်​ပေမဲ့ ခြံထဲမှာထိုင်​နေကြတဲ့ သူတို့ ၂​ယောက်​က​တော့​ကောင်း​ကောင်းကြားရပါသည်​။ လင်း အသံဖြစ်​နေတာမို့ မိုး​ပျော်​ရွှင်​ကာ အ​ပြေးအလွှားထသွား​လေသည်​။ ဇွဲ လဲအ​နောက်​က​နေ လိုက်​လျှောက်​သွားမိ၏ ။

" မ .... အ​ကြောင်းမကြား ဘာမကြားနဲ့ ရုတ်​တရက်​ကြီးပါလား ... "

" အခု​လေးတင်​ဖုန်းဆက်​သေးတယ်​က​လေးရဲ့ .... "

" ဟုတ်​လား ... မိုး ခြံထဲ​ရောက်​နေလုိ့ မ ရဲ့ .... လာ ဝင်​မ ..... "

သူ့မမလက်​ကို ကိုင်​ဆွဲရင်း ခြံထဲကဒန်း​လေးရှိရာသို့ ပြန်​ရောက်​လာခဲ့သည်​။

" ဆရာမ​ကျောင်းက​နေလာတာလား ? "

"​အေး ဟုတ်​တယ်​သား​ရေ .... "

လင်း နဲ့ မိုး ကဒန်း​လေး​ပေါ်တွင်​ထိုင်​လိုက်​ကြပြီး ဇွဲ က​တော့​ရှေ့ကခုံ​လေး၌သာ ထိုင်​လေသည်​။

" လက်​ထဲက ဘာအထုတ်​တွေလဲ မ ရဲ့ ? "

"​အော်​ကျောင်း​ရှေ့ကဆို​င်​က က​လေးကြိုက်​တဲ့ Milk Shake နဲ့ ပူတင်း​လေး​တွေ ဝယ်​လာ​ပေးတာ .... က​လေးတို့ ၂​ယောက်​အတူတူစားက​နော်​... "

ဝယ်​လာတုန်းက​တော့ မိုး တစ်​ယောက်​ထဲအတွက်​ဆို​ပေမဲ့ ဇွဲ ပါရှိ​နေ​တော့ လင်း အားနာမိစွာဖြင့်​၂​ယောက်​စလုံးအတူစားကြလို့​ပြောရ​သေးသည်​။
ဒါ​ပေမဲ့ အလိုက်​သိတတ်​တဲ့ ဇွဲ က​တော့​ခေါင်းခါပြကာ

" ကျွန်​တော်​အဲ့ဒါမျိုး​တွေ မစားတတ်​ပါဘူး ဆရာမ .... မိုး တစ်​ယောက်​ထဲစား​နော်​.... "

"​အေး​ပေါ့​လေ အဲ့​တော့လဲ စိတ်​မ​ကောင်းစွာနဲ့ပဲ တစ်​ယောက်​တည်းစားရ​တော့မှာ​ပေါ့ .... "

ဖြီးတီးတီးမျက်​နှာ​လေးနဲ့ မိုး​ပြော​တော့ လင်း နဲ့ ဇွဲ ရယ်​လိုက်​မိကြသည်​။

" ဒါနဲ့ဆရာမ .... "

" အင်း​ပြော သား ... "

" ဆရာမဆီမှာ ဆရာချစ်​ဦးညိုရဲ့ ဝတ္ထု​တော်​တော်​များများရှိတယ်​ဆို ... "

" အင်း ဟုတ်​တယ်​သား ဆရာမက ဆရာချစ်​ဦးညိုရဲ့ fan​လေ .... "

" ahh အဲ့ဒါဆို​လေ .... လင်္ကာဒီပချစ်​သူ ဆိုတဲ့ စာအုပ်​ရှိလားဟင်​ဆရာမ ? "

" ရှိတာ​ပေါ့ သားရဲ့ ... အဲ့စာအုပ်​ဆရာမ သိပ်​သ​ဘောကျတာ .... ဒသဂီရိအ​ကြောင်း​ကို main character​နေရာထား​ရေးထားတာ သိပ်​ဖတ်​လို့​ကောင်းတာပဲ ..... ဘာလဲ သားဖတ်​ချင်​လို့လား ? "

" ဟုတ်​ကဲ့ ကျွန်​တော့သူငယ်​ချင်း​ပြောပြထဲကသိပ်​ဖတ်​ချင်​နေတာ ဆရာမရဲ့ .... ကျွန်​တော့ကို ခဏဌားပါ​နော်​.... ဖတ်​ပြီးတာနဲ့ ဆရာမကိုပြန်​ပေးပါ့မယ်​.... "

ဇွဲ​ပြော​တော့ မိုး ကပါ

" မိုး လဲဖတ်​ကြည့်​ချင်​တယ်​... ဇွဲ နင်​ပြီးမှ ငါ့ကိုဌား​နော်​....​လော​လောဆယ်​ဒီတစ်​အုပ်​တောင်​မပြီး​သေးဘူး ဟီး ..... "

​စော​စောကသူဖတ်​နေတဲ့ စာအုပ်​လေး​ထောင်​ပြပြီး​ပြောလိုက်​တော့ လင်း သူ့က​လေး​ခေါင်း​လေးကိုပုတ်​လိုက်​ရင်း

" စာဂျပိုး​လေး စာ​တွေချည်းဖတ်​နေတယ်​ပေါ့ ဟုတ်​လား ? "

" ဒါပဲလုပ်​စရာရှိတာကို မ ရဲ့ ..... "

" တခါတ​လေ​လေး က​လေးရဲ့​ဖေ​ဖေနဲ့ အလုပ်​ကိုလိုက်​သွားပြီး​ဖေ​ဖေ့အလုပ်​တွေကို ဝိုင်းကူလုပ်​ပေး​ပေါ့ က​လေးရဲ့ ..... "

အိမ်​ထဲက ဧည့်​ခန်းမှာ ထိုင်​နေသည့်​ဒေါ်မူယာသွယ်​မှာ လင်း ခြံထဲဝင်​လာကတည်းက မျက်​နှာကသုန်​မှုန်​နေရာ အခု လင်း ကထိုကဲ့သို့ မိုး ကိုအ​ဖေလုပ်​ငန်း​တွေကူလုပ်​ပေးဖို့​ပြော​တော့ မျက်​နှာက ဘီလူးမမျက်​နှာလိုမျိုး ခတ်​ထန်​မာ​ကြော​နေပါ​တော့သည်​။ သူက အစထဲက ဦး​ကောင်းထက်​ရဲ့ လုပ်​ငန်းမှန်​သမျှအပိုင်​စီးချင်​နေတဲ့လူဆို​တော့ မိုး ကလုပ်​ငန်းကိစ္စ​တွေကို စိတ်​ဝင်​စားလာမှာကို မလိုလားသူတစ်​ယောက်​မဟုတ်​ပါလား ။

"​Daddy မှာက လုပ်​ငန်း​တွေက အများကြီးပဲ မ ရဲ့ .... စက်​ရုံ​တွေ​ကော တခြားလုပ်​ငန်း​တွေပါရှိတာ .... မိုး ကူလုပ်​ပေးမယ်​ဆို​ရင်​Daddy ရဲ့လုပ်​ငန်း​တွေအ​ကြောင်း အရင်​လိုက်​လေ့လာမှ ရမယ်​.... "

" အခုလဲ အိမ်​မှာနား​နေရမဲ့အတူတူ​ဖေ​ဖေနဲ့လိုက်​လိုက်​သွားပြီး​လေ့လာကြည့်​ပေါ့ က​လေးရဲ့ ..... က​လေးရဲ့​ဖေ​ဖေက တစ်​ယောက်​ထဲလုပ်​နေရတာဆို​တော့ ပင်​ပန်းမှာပဲ​လေ ..... က​လေးကနည်းနည်းပါးပါး​လေး ဝိုင်းကူညီ​ပေးတယ်​ဆိုရင်​ပဲ uncle က​ဝမ်းသာရှာမှာပါကွယ်​..... "

လင်း ကဘာရယ်​လို့​တော့မဟုတ်​ဒီတိုင်းက​လေးသာ စိတ်​ဝင်​တစားနဲ့သူ့​ဖေ​ဖေအလုပ်​တွေကို ကူ​ပေးလျှင်​မိဘဖြစ်​တဲ့ က​လေး​ဖေ​ဖေလဲ စိတ်​ချမ်းသာပြီး သူ့သမီး​လေးကို ပိုချစ်​လာ​အောင်​အ​ဖေနဲ့သမီး ပို close ဖြစ်​လာ​ပါ​စေဆိုသည့်​စိတ်​နဲ့​ပြောမိလိုက်​ချင်းသာ ။

သို့​ပေမဲ့ အထဲမှာရှိ​တဲ့ မိန်းမက​တော့ လင်း ရဲ့စကားများကို​တော်​တော်​လေးမှ သ​ဘောမကျဖြစ်​နေ၏ ။ ဒါဟာ သူ့လိုမိ​ထွေးလက်​ထဲကို သူ့အ​ဖေလုပ်​ငန်း​တွေ မ​ရောက်​စေချင်​လို့ အခုထဲက မိုး ကို​သွေးထိုး​ပေး​နေတယ်​ဆိုပြီး ကိစ္စအကြီးကြီးအထိ ဆွဲသွင်းလိုက်​ပြီး လင်း ကိုအခဲမ​ကြေဖြစ်​နေပါ​တော့သည်​။ ဒါကို လင်း က​တော့မသိခဲ့ရှာ ။

X    X    X    X    X    X    X     X

တစ်​မနက်​မှာ​တော့ မနက်စာ စားပွဲဝိုင်းတွင်​

" Daddy ဒီ​နေ့ဘယ်​သွားမှာလဲဟင်​? "

" လှိုင်​သာယာဘက်​က စက္ကူစက်​ရုံကို တစ်​ချက်​သွားကြည့်​ရမယ်​သမီး .... "

" ဟုတ်​လား ဒါဆို သမီးလိုက်​ခဲ့လို့ရမလား Daddy ..... "

အ​ဖေ့ရဲ့လုပ်​ငန်းကိစ္စ​တွေကို ငယ်​ငယ်​လေးထဲက စိတ်​မဝင်စားဖူးတဲ့ သမီးက အခုလို​ပြော​တော့ ဦး​ကောင်းထက်​တအံ့တသြဖြစ်​သွား၏ ။​ဘေးက​ဒေါ်မူယာသွယ်​က​တော့ မျက်​မှောင်​တစ်​ချက်​ကြုတ်​ကာ စိတ်​ထဲက

​ကောင်​မ မ​နေ့က ဟိုဟာမက​သွေးထိုး​ပေးခဲ့တာနဲ့ အခုငါ့ကိုစပြီးတိုက်​ခိုက်​တော့မယ်​ပေါ့ .... ဟက်​.....

" သမီးက Daddy နဲ့လိုက်​ချင်​လုိ့ ဟုတ်​လား ? Daddy နားကြားလွဲတာ​တော့ မဟုတ်​ပါဘူး​နော်​.... "

ဦး​ကောင်းထက်​ သူ့သမီး​လေးကို စ​နောက်​ပြီး​ပြော​တော့ မိုး ကရယ်​ရင်း

" တခြား​တော့မဟုတ်​ပါဘူး Daddy ရယ်​.... သမီးလဲ အိမ်​မှာ​နေရတာပျင်းလို့ပါ။ အဲ့​တော့ ဒီလိုအိမ်​မှာထိုင်​ပြီးပျင်း​နေမဲ့အစား Daddy ရဲ့လုပ်​ငန်း​တွေကို လိုက်​လေ့လာရင်​ကောင်းမလားလို့ပါ။ အဲ့ဒါမှ တစ်​ချိန်​ချိန်​ကျရင်​သမီးက Daddy ကိုကူညီ​ပေးနိုင်​မှာ​ပေါ့ ..... "

သမီးဖြစ်​သူရဲ့စကားကြား​တော့ ဦး​ကောင်းထက်​ဝမ်းသာအားရဖြင့်​ပီတိဖြစ်​မိ​တော့သည်​။

" ကြည့်​စမ်းပါဦးကွာ ...​လိမ္မာလိုက်​တဲ့ Daddy သမီး​လေး ... အ​ဖေကိုအခုထဲက ကူညီ​ပေးချင်​လို့တဲ့ ..... သမီးဆီက ဒီလိုစကားကြားရတာ Daddy​တအားဝမ်းသာတယ်​ဟေ့ ..... okay ဒါဆို အခု breakfast စားပြီးရင်​အဝတ်​အစားသွားလဲလိုက်​နော်​သမီးကို Daddy ရဲ့စက်​ရုံကို​ခေါ်သွားပြမယ်​ဟုတ်​ပြီလား ..... "

ဦး​ကောင်းထက်​က ဝမ်းသာအားရနဲ့​ပြောလိုက်​တော့​ဘေးကအဖျက်​သမားက မျက်​နှာချို​သွေးကာ

" လုပ်​ငန်းအ​ကြောင်း​တွေ​လေ့လာချင်​တယ်​ဆိုရင်​နောက်​တော့မှ company ကိုသွားတဲ့အခါမျိုးမှ လိုက်​ပါလား သမီးရဲ့ .... ဟို တခြား​တော့မဟုတ်​ပါဘူး စက်​ရုံကတအားကြီးပြီး ဂို​ထောင်​ကြီး​တွေထဲမှာလဲ စက္ကူဖြတ်​စတို့ ဖုန်​မှုန့်​တို့ကရှိ​နေမှာ​လေ​နောက်​ပြီး ရာသီကလဲ ပူတယ်​ဆို​တော့ သမီး​လေးဒဏ်​မခံနိုင်​မှာ စိုးရိမ်​လို့ပါ ကိုကြီးရဲ့ ..... "

​ဒေါ်မူယာသွယ်​ရဲ့အ​ပြောမှာ ဦး​ကောင်းထက်​စဉ်းစား​နေမိ​သော်​လည်း မိုး ကအထာ​ပေါက်​တဲ့လူမို့ ဟက်​ခနဲရယ်​ချင်​သွားမိပါသည်​။

ဟက်​...​ဒေါ်မူယာသွယ်​.... ရှင့်​ခေါင်းထဲကအကြံ​တွေ ကျွန်​မမသိဘူးများ မှတ်​နေသလား .... Daddy​ရှေ့မှာ​တော့ ကျွန်​မကိုစိုးရိမ်​တဲ့ပုံစံ​တွေ လာလုပ်​ပြ​နေပြီး တကယ့်​တကယ်​တမ်းမှာ​တော့ ကျွန်​မကလုပ်​ငန်းကိစ္စ​တွေမှာ စိတ်​ဝင်​စားလာပြီး​Daddy အနားမှာ အားကိုးအားထားဖြစ်​ရ​လောက်​မဲ့  အနီးကပ်​လူယုံတစ်​ယောက်​ဖြစ်​လာမှာကို​ကြောက်​နေတာမဟုတ်​လား .... ကျွန်​မသာ အဲ့လိုဖြစ်​သွားခဲ့ရင်​ရှင့်​အတွက်​နေရာမကျန်​တော့မှာကို သိပ်​ကို​ကြောက်​နေတယ်​ပေါ့ ......

" အဲ့ဒါ​တော့ဟုတ်​တယ်​ရာသီကနည်းနည်းလဲပူ​တော့ သမီး​လေးဒဏ်​ခံနိုင်​ပါ့မလား .... "

" Daddy ရယ်​သမီးက Daddy ရဲ့သမီးပါ ... ပင်​ပင်​ပန်းပန်းလိုက်​လုပ်​ရမှာမှ မဟုတ်​ပဲ ဒီတိုင်း Daddy​ဘေးမှာပဲ ဟိုလိုက်​ကြည့်​ဒီလိုက်​ကြည့်​လုပ်​မဲ့ဟာ ဘာကိုပင်​ပန်းရမှာလဲလို့ ...... "

"​အေးပါကွယ်​..... Daddy နဲ့သမီးအန်​တီက သမီး​လေး​နေမ​ကောင်းမှာ စိုးရိမ်​တာတစ်​ခုတည်းပါ .... ကဲ ဒါဆို Daddy အဝတ်​အစားသွားလဲဦးမယ်​... သမီးလဲစားပြီးသွားလဲထား​တော့​နော်​.... သွားခါနီး Daddy​ခေါ်လိုက်မယ်​ဟုတ်​ပြီလား .... "

" ဟုတ်​Daddy ..... "

ဦး​ကောင်းထက်​စားပွဲက​နေအရင်​ထထွက်​သွားကာ သူ့အခန်းထဲသို့ဝင်​သွား​လေသည်​။​ထိုအခါ မိုးသူ့​ရှေ့မှာထိုင်​နေတဲ့​ဒေါ်မူယာသွယ်​၏မျက်​မှာကို မချိုမချဉ်​ကြည့်​လိုက်​ပြီး​နောက်​

"​စော​စောက ရှင့်​ကိုကြည့်​ရတာ ရှင့်​ရဲ့​နေရာကို ကျွန်​မလုယူသွားမှာ သိပ်စိုးရိမ်​နေတဲ့ပုံပဲ​နော်​ဒေါ်မူယာသွယ်​..... "

မိုး​စကားစလိုက်​တော့​ထိုမိန်းမကလဲ မ​ချေမငံပြန်​ပြုံးပြကာ

" ဟက်​.... နင့်​လိုလူက ငါ့ရဲ့ပြိုက်​ဘက်​ဘယ်​တော့မှ ဖြစ်​လာမှာမဟုတ်​တဲ့အတွက်​ငါ့မှာဘာစိုးရိမ်​စရာမှ မရှိဘူး .... "

" ဟုတ်​လို့လား ....​စောင့်​ကြည့်​နေလိုက်​ပါ​နောက်​ဆုံးကျရင်​ဘယ်​သူကဘယ်​လိုကျရှုံးပြီး ဘယ်​လိုထွက်​သွားရမယ်​ဆိုတာကို ..... ကျွန်​မ Daddy က သမီးဖြစ်​သူကို​ကျော်​ပြီး မယားငယ်​ကို သူ့ပိုင်​ဆိုင်​သမျှအားလုံး လွှဲခဲ့မယ်​ထင်​နေတာလား ??? အဲ့လိုဆိုရင်​တော့ ရှင်​သိပ်​ကို​လောဘကြီးလွန်းသွားပြီး .... ဟက်​.... "

ထမထွက်​ခင်​မိုး​ထိုမိန်းမမျက်​နှာကိုကြည့်​ကာ မထီမဲ့မြင်​ပြုံးပြမိခဲ့ပါ​သေးသည်​။ တကယ်​တမ်း​တော့ မိုး သူ့​ဖေ​ဖေရဲ့လုပ်​ငန်း​တွေနဲ့ ပစ္စည်းဥစ္စာမှန်​မျှကို နည်းနည်း​လေးမှ မက်​မောတဲ့စိတ်​မရှိပါ ။ ဒါ​ပေမဲ့ ထိုမိန်းမကို ခနဲ့ချင်​တာ​ကြောင့်​ထိုစကားကို​ပြောခဲ့မိခြင်းသာ ။ သို့​ပေမဲ့ မိုး ရဲ့လုပ်​ရပ်​ဟာ အိပ်​ပျော်​နေတဲ့​မြေ​ခွေးအိုရဲ့အမြီးကို လက်​နဲ့ဆွဲခါလိုက်​သလိုဖြစ်​သွားခဲ့သည်​။

'​တောက်​....​ကောင်​မ ရာရာစစ ဒင်းလိုမဖြစ်​စ​လောက်​ဟာကများ ငါ့ကိုစိန်​ခေါ်သွားရဲတယ်။ ဟက်​စောင့်​ကြည့်​လိုက်​စမ်းပါ .... နင်​ပဲကရှုံးမလား ငါပဲကျရှုံးမလားဆိုတာ။ အရင်​ဆုံး နင့်​ကိုခွန်​အား​တွေ သိပ်​ပေးလွန်း​နေပါတယ်​ဆိုတဲ့ ဟို​ကောင်​မကို နင့်​ဘေးနားက​နေ ငါအရင်​ဆွဲထုတ်​ပြမယ်​။ စောင့်​ကြည့်​နေလိုက်​စမ်းပါ နင်​သွက်​သွက်​ခါ​အောင်​တောင်​ရူးသွား​စေရမယ်​ ..... ´

လွန်​ခဲ့တဲ့ ရက်​သတ်​တစ်​ပတ်​လောက်​တုန်းက မိုး လင်း နဲ့အတူတူငပလီကို ခရီးထွက်​သွားစဉ်​အချိန်​တုန်းက​ပေါ့​ဒေါ်မူယာသွယ်​မှာ မိုး အတွက်​ဦး​ကောင်းထက်​က လျှိုဝှက်​ပြီးသီးသန့်​ဘဏ်​စာအုပ်​လုပ်​ပေးထား​ပေးသည်​ဆိုတဲ့ သတင်းကိုကြားပြီး မိုး ရဲ့အခန်းထဲကို ခိုးဝင်​ကာ​မွှေ​နှောက်​ခဲ့သည်​။ အဲ့ဒီမှာ ဘဏ်​စာအုပ်​တော့ မ​တွေ့ပဲ မိုး ရဲ့ဒိုင်​ယာရီစာအုပ်​ကိုသာ စားပွဲအံဆွဲထဲက​နေ ရှာ​တွေ့ခဲ့သည်​။ အဲ့ဒီမှာ​ဒေါ်မူယာသွယ်​တစ်​ယောက်​စာအုပ်​ကိုတစ်​လုံးမကျန်​လှန်​ဖတ်​ခဲ့တာမို့ မိုး ရဲ့အားနည်းချက်​ကို သူပိုင်​ပိုင်​နိုင်​နိုင်​ရှာ​တွေ့ခဲ့ပါ​တော့သည်​။

X    X    X    X    X    X

ဒီ​နေ့ည ၂ နာရီ​လောက်​ဆို​ခရီးထွက်​ရ​တော့မည်​။ မ ကဒီရက်​ပိုင်းအတွင်း သူ့ဆီ​ရောက်​မလာခဲ့​သေး ။ ဟိုတစ်​နေ့က​တော့ ဖုန်း​ပြောဖြစ်​သေးသည်​။ မ ရဲ့​မေ​မေ​နေသိပ်​မ​ကောင်းဘူး​လို့တော့​ပြောခဲ့သည်​။

အန်​တီ​နေမ​ကောင်းလို့ မလာဖြစ်​ဘူးထင်​တယ်​... ဘယ်​လိုလုပ်​ရမလဲ ခရီးမထွက်​ခင်​လေး​တော့ မ နဲ့တစ်​ခါ​လောက်​တွေ့ချင်​သေးတယ်​....

ဖုန်းဆက်​လိုက်​ပေမဲ့ တစ်​ဖက်​မှ ပြန်​လည်​ဖြေကြားခြင်းမရှိတာမို့ မိုး ဖုန်းကို ကုတင်​ပေါ်ပစ်​တင်​ကာ laggage အတွင်းသို့ အဝတ်​အစား​တွေနဲ့ လိုအပ်​တဲ့ပစ္စည်း​လေး​တွေ ဆက်​ထည့်​နေမိသည်​။ စိတ်​ထဲမှာ​တော့ ည​နေ​စောင်းလို့မှ သူ့မမ မ​ရောက်​လာရင်​တော့ အိမ်​ဖြစ်​ဖြစ်​ခဏ​လိုက်​သွားမည်​ပေါ့ ။

သို့​ပေမဲ့ သူနဲ့ သူ့မမတို့ စိတ်ချင်းဆက်​သွယ်​နေတယ်​ပဲ​ပြောရမလားမသိ ။ သူ​တောင့်​တောင့်​တတလွမ်း​နေမိချိန်​မှာပဲ

"​ဒေါက်​ဒေါက်​..... "

" အင်း ဝင်​ခဲ့ပါ .... "

" က​လေး ..... "

" ဟင်​! မ ..... အခုပဲ မ အ​ကြောင်း​တွေး​နေတာ ..... မ .... မျက်​နှာလဲ မ​ကောင်းပါလား .... ဘာဖြစ်​လာတာလဲ ? "

ညိုးနွမ်း​နေတဲ့ သူ့မမမျက်​နှာ​လေးကိုကြည့်​ပြီး မိုး လက်​ချောင်း​လေးများက သူ့မမ ပါးပြင်​ထက်​သို့​ရောက်​ရှိသွား၏ ။

"​မေ​မေ မ​နေ့ညက ရုတ်​တရက်​အ​မော​ဖောက်​လာလို့​ဆေးရုံတင်​ထားရတယ်​က​လေး .... "

မိုး မျက်​လုံးပြူးသွားပြီး

" ဟင်​! ဟုတ်​လား .... အခုဘယ်​လို​နေ​သေးလဲ မ ? "

" အခု​တော့​အောက်​ဆီဂျင်​ပေးထားလို့​နည်းနည်းပြန်​သက်​သာလာပါပြီ ... "

" အခု​ကော ? အန်​တီ့အနား ဘယ်​သူရှိ​နေလဲ မ ? "

" မမမြတ်​ရှိတယ်​က​လေး ....​မနက်​က မမမြတ်​ကိုဖုန်းဆက်​ပြီး ခွင့်​တိုင်​ရင်းနဲ့ မမမြတ်​သိသွားတယ်​လေ .... အဲ့ဒါ​နေ့လည်​လောက်​ကတည်းက​ရောက်​နေတာ ..... "

"​အော်​တော်​သေးတာ​ပေါ့ ..... "

" က​လေး ဒီညသွားရမှာမဟုတ်​လား ? "

" ဟုတ်​တယ်​မ .... မနက်​၂ နာရီကြီး​လေ .... ဘယ်​လိုလုပ်​ရမလဲ မ ရယ်​.... မ အခက်​အခဲဖြစ်​နေတဲ့အချိန်​မိုး အနားရှိ​ပေးရမှာ ..... မိုး ခရီးစဉ်​cancel လုပ်​လိုက်​မယ်​လေ .... "

" ဟာ မလုပ်​ပါနဲ့ က​လေးကလဲ .... ဟိုက အဖွားနဲ့ အ​ဒေါ်တို့လဲ​မျှော်​နေကြမှာ​ပေါ့ .... လိုက်​သွားပါ က​လေးရယ်​.... မ ကဒီမှာ မမမြတ်​လဲရှိ​နေတာပဲဟာ ..... "

" ဒါ​ပေမဲ့လဲ ..... "

သူ့က​လေး​လေးရဲ့​ခေါင်း​လေးကို လင်း ဖွဖွ​လေးပွတ်​သပ်​ပေးလိုက်​ပြီး

" က​လေးရယ်​.... စိတ်​ချလက်​ချသွားပါ​နော်​.... မ တို့​တွေ G talk က​နေလဲ ဖုန်း​ခေါ်ပြီးစကား​ပြောလို့ ရတာပဲ ..... စိတ်​မပူနဲ့​နော်​မေ​မေလဲ အရမ်းကြီးဖြစ်​တာမှ မဟုတ်​တာပဲ .... အခုသက်​သာ​နေပြီဆို​တော့​နောက်​၂ ရက်​လောက်​နေရင်​ဆေးရုံဆင်းရမှာပါ ...... "

သူ့ကိုစိတ်​မပူဖို့​ပြော​နေ​ပေမဲ့ လင်း ရဲ့မျက်​နှာမှာ​တော်​တော်​လေးနွမ်းလျ​နေတာမို့ မိုး ခရီးသွားဖုိ့​နောက်​ဆံတင်းပြီး စိတ်​လေး​နေမိတာ​တော့အမှန်​ပင်​။

"​အော်​ဒါနဲ့ .... မ ဒီဟာ​လေး လာ​ပေးတာ .... "

" ဘာ​လေးများလဲ မ ရဲ့ ..... "

အိတ်​က​လေးထဲက​နေ ထုတ်​ကြည့်​လိုက်​တော့ အဖြူနဲ့ ခရမ်း​ဖျော့​ရောင်​လေး​ရောစပ်​ထားတဲ့ သိုး​မွှေးမာဖလာ​လေးတစ်​ထည်​။ ဟိုတစ်​ခါ ငပလီကပြန်​ရောက်​ကတည်းက မိုး ခရီးသွားရင်​အသုံးများတည့်​မလားဆိုပြီး မာဖလာ​လေးတစ်​ထည်​ကို မအားမလပ်သည့်​ကြားက အချိန်​ပေးပြီး လင်း ထိုး​ပေးခဲ့ခြင်းသာ ။

" ဟိုမှာဆို​အေးများ​အေးမလားလို့​လေ .... အဲ့ဒါ​ကြောင့်​ဒီမာဖလာ​လေးထိုး​ပေးခဲ့တာ .... "

" မ ရယ်​... အပင်​ပန်းခံလို့ ..... "

မိုး လင်း ကိုသူ့ရင်​ခွင်​ထဲဆွဲသွင်းလိုက်​ပြီး

" အရမ်းချစ်​တယ်​မ ရယ်​..... "

လင်း မိုး ရဲ့ပုခုံး​လေးကို လက်​နဲ့ ပြန်​ဖက်​ပေးလိုက်​ရင်း

" အတူတူပဲ အရမ်းချစ်​တယ်​မိုး ..... "

အချိန်​အတန်​ကြာ တစ်​ယောက်​ကိုတစ်​ယောက်​ပွေ့ဖက်​ထားကြပြီးတဲ့​နောက်​တော့

" အ​နွေးထည်​တွေ​ကော ထည့်​ထားရဲ့လား က​လေး .... "

" ဟုတ်​ထည့်​ထားတယ်​မ .... "

"​ဆေး​တွေ​ကော ?​ခေါင်းကိုက်​ဖျားနာရင်​သောက်​ဖို့​ဆေး​လေး​တွေ​လောက်​တော့​ဆောင်​သွား​နော်​.... "

" အကုန်​ပါတယ်​မ ....​ဆေး​တွေလဲပါတယ်​.... "

" ဟိုဟာ​ကော .... မိန်းက​လေးသုံးပစ္စည်း .... အဲ့ဒါလဲ လိုရမယ်​ရ ထည့်​သွား​နော်​က​လေး .... "

တခုပြီးတခု တရစပ်​ပြော​နေတဲ့ သူ့မမကို မိုး ပြုံးကြည့်​ကာ

" ဟုတ်​ကဲ့ပါရှင့်​..... မ ရယ်​.... ဖြစ်​နိုင်​ရင်​လေ မိုး သွား​လေရာ​နေရာတိုင်းကို မ ကို​ခေါ်သွားချင်​လိုက်​တာ ..... " 

လင်း သူ့က​လေးကို ပြုံးပြုံး​လေး ရယ်​ပြလိုက်​ကာ

"​နောက်​ဆို​ခေါ်​လေ ...​နော်​..... အခု​တော့​မေ​မေ့ကို အရင်​ကျန်းမာ​အောင်​ပြုစု​ပေးလိုက်​ဦးမယ်​နော်​..... "

" ဟုတ်​ကဲ့ပါ မ ရယ်​..... "

"​လေယာဉ်​ပေါ်​ ရောက်​ရင်​ သီချင်းချည်းနားမ​ထောင်​နဲ့​နော်​က​လေး။ ဘုရားစာ​လေးရွတ်​ပြီးရင်​မ ဝယ်​ပေးထားတဲ့ စိပ်ပုတီး​လေရှိတယ်​မဟုတ်​လား ... အဲ့ ပုတီး​လေးနဲ့ သရဏဂုံ ၃ ပါးစိတ်​သွား​နော်​.... "

" ဟုတ်​ကဲ့ပါ မ ရယ်​..... မိုး ကိုစိတ်​မပူနဲ့​နော်​.... မိုး က မ ကိုစိတ်​ပူတာ ..... မ လဲကျန်းမာ​ရေးဂရုစိုက်​နော်​.... အစာကိုလဲ အချိန်​မှန်​မှန်​စား​နော်​မ ...... "

" အင်း က​လေး .... မ ကိုယ်​မ လဲဂရုစိုက်​ပါ့မယ်​နော်​..... ကဲ ဒါဆို မ ပြန်​ဦးမယ်​..... "

"​အောက်​မှာ ဘကြီးဖြိုးကား ရှိတယ်​မ .... မ ကို​ဆေးရုံအထိ လိုက်​ပို့​ပေးခိုင်းမယ်​.... "

" မလုပ်​ပါနဲ့ က​လေးရယ်​.... မ ဘာသာပြန်​ပါ့မယ်​..... "

" အို မ ရယ်​.... ဒီတစ်​ခါ​တော့ မငြင်းပါနဲ့ ..... "

" ဟုတ်​ပါပြီကွယ်​.... "

အခန်းထဲကထွက်​ခါနီးကျမှ မိုး အ​နောက်​က​နေ လင်းရဲ့လက်​ကို ဖမ်းဆွဲလိုက်​ကာ

" မ ........ "

လင်း ရဲ့ပါး​လေးနှစ်​ဖက်​ကို လက်​ဖဝါနုနု​လေးနဲ့ သွယ်​လျက်​ကာ နှုတ်​ခမ်းပါးတစ်​စုံနဲ့ လင်း ရဲ့နဖူးပြင်​လေးအား မြတ်​မြတ်​နိုးနိုးကြင်​ကြင်​နာနာ နမ်းလိုက်၏ ။

" မိုး ကို​စောင့်​နေ​နော်​...... မိုး သိပ်​မကြာခင်​ပြန်​လာခဲ့ပါ့မယ်​...... "

လင်း​ခေါင်း​လေးညိမ့်​ကာ ပြုံးပြလိုက်​ပါ​တော့သည်​။

" အင်းပါ က​လေးရယ်​.... "

X    X    X    X    X    X    X    X

"​ဒေါက်​ဒေါက်​..... ဇွဲ ငါပါ ..... "

မိုး အသံကြားလိုက်​တော့ ဇွဲ အ​ပြေးအလွှာ အခန်းတံခါးကို ဖွင့်​လိုက်​၏ ။

" မိုး ..... သွားရ​တော့မှာလား ? "

" ၁၁ နာရီ​လောက်​မှသွားမှာပါ .... ငါနင့်​ကို မှာစရာရှိလို့ဟ .... "

" အင်း​ပြော​လေ ..... "

" မ ရဲ့​မေ​မေ​ဆေးရုံတင်​ထားရတယ်​ဟ ... "

"​ဟေ ဟုတ်​လား .... ဘယ်​လိုဖြစ်​လို့တုန်းဟ .... "

" အန်​တီကအရင်​ကတည်းက နှလုံး​ရောဂါသည်​ဟ။ မ​နေ့ညက အ​မော​ဖောက်​လာလို့တဲ့။ အဲ့ဒါနင်​မနက်​ဖြန်​မ ဆီလိုက်​သွားပြီး ကူညီ​ပေးလိုက်​ပါဟာ .... သူ့မှာ တစ်​ယောက်​ထဲဆို​တော့ အကူအညီ​တော့ လိုမှာပဲ​လေ ..... "

"​အေးပါ​အေးပါ။ နင်​စိတ်​ချလက်​ချသာသွား။ ငါ ဆရာမဆီသွားလိုက်​ပါ့မယ်​.... "

မိုး သူ့ကိုစာရွက်​အပိုင်းအစ​လေးတစ်​ခု လှမ်း​ပေးပြီး

" ဒါက မ ရဲ့ဖုန်းနံပါတ်​... မသွားခင်​ဆေးရုံနဲ့ အ​ဆောင်​အခန်းနံပါတ်​သေချာ​မေးပြီးမှ သွား​နော်​.... ပြီး​တော့ ဒီ​အောက်​က ငါ့ရဲ့ G talk account name ... ငါ့ဆီ​နေ့တိုင်းစာပို့ပို့​ပေးပါ​နော်​။ တခုခုထူးခြားတာရှိတာနဲ့ ငါ့ကို gtalk က​နေ ဖုန်းဆက်​လိုက်​ငါလိုင်း​ပေါ်မှာ အမြဲရှိ​နေမယ်​.... "

" ahhh okok ..... စိတ်​ချ​နော်​.... "

" အင်း​ ကျေးဇူးပဲ ဇွဲ ..... "

🌧️     🌧️     🌧️

Continue Reading

You'll Also Like

367K 20.5K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...
535K 48.1K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
80.7K 5.1K 26
Dr.Aye Nyein Thu ရဲ့ website ထဲမှာ သောကြာနေ့တိုင်း အပိုင်းနှစ်ပိုင်းစီ တင်ထားပါတယ် ပုံကိုကြည့်ပြီး အညာမြေရဲ့ ချစ်စဖွယ် ပုံရိပ်လေး သွားပြီး ခံစားကြည့်...
162K 13.8K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...