Don't Stop Believing

By JE_Rain

627K 43.5K 3.5K

ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... More

Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62
Episode - 63
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69

Episode - 35

7.8K 652 61
By JE_Rain

လင်း ဆီမှာဖုန်းလာ​သောအခါ မိုး ဖုန်းကိုပိတ်​လိုက်​မိသည်​။

'​တောင်းပန်​ပါတယ်​ မ။ မိုး ဟာတကယ့်​ကို ကံမ​ကောင်း​တဲ့လူသားပါ။ မ အနားမှာ မိုး ဆက်​နေ​နေဦးမယ်​ဆိုရင်​မ ဒီထက်​ပိုဆိုးတဲ့ အရာတစ်​ခုခုဖြစ်​နေလိမ့်​မယ်​။ မိုး​ကြောက်​တယ်​,မ။ မိုး ကြောက်​တယ်​ ... ´

ဦး​ကောင်းထက်​ပြန်​လာ​တော့ သူ့သမီးအခန်းထဲသို့ အရင်​ဆုံးသွားကြည့်​လေသည်​။ ထုံးစံအတိုင်း မိုး က​တော့ ကုတင်​ပေါ်​ခွေ​ခွေ​လေးပင်​။

" သမီးဆရာမက သမီး​လေးကို​မျှော်​နေတဲ့ပုံပဲ။ သမီး ဆရာမဆီတစ်​ခေါက်​လောက်​တော့သွားသင့်​တယ်​.... ချက်​ချင်းသွားဖို့ Daddy မ​ပြောပါဘူး။ သမီးစိတ်​ကြည်​လာမှာပါ ..... "

အ​ဖေ​ပြော​တော့ မိုး သက်​ပြင်းတစ်​ချက်​ချလိုက်​မိပြန်​သည်​။

သူ့ မမကို မိုး​တွေ့လည်း တအား​တွေ့ချင်​မိသည်​။ သို့​ပေမဲ့ သွား​တွေ့ရမှာကိုလဲ သူ​ကြောက်​နေ၏။ လင်း ကသူ့ဆီကို ဖုန်း ၂​ခေါက်​လောက်​ထပ်​ဆက်​ခဲ့တာမို့ ၃ ရက်​မြောက်​တဲ့​နေ့မှာ​တော့ မိုး စိတ်​ကိုတင်းလိုက်​ပြီး သွား​တွေ့ဖို့ဆုံးဖြတ်​လိုက်​တော့သည်​။​ ကျေးဇူးရှင်​ကို ထိုကဲ့သို့​ရှောင်​နေလို့မရတာလည်း သူသိပါသည်​။ ထို့​ကြောင့်​သူ အန်​တီဝင်းကို ကြက်​ပေါင်းရည်​လေး ပြုတ်​ခိုင်းပြီး​ဆေးရုံဖို့သွားဖို့ ပြင်​ဆင်​ခဲ့သည်​။

အ​ဖေက​တော့ ထို​နေ့က အ​ရေးတကြီးအလုပ်​ကိစ္စရှိ​နေတာမို့ ကိုယ်​တိုင်​လိုက်​မပို့​ပေးခဲ့နိုင်​သော​ကြောင့်​ ဘကြီးညိုကားနှင့်​သာ သွားခဲ့ရသည်​။

မိုး ကြက်​ပေါင်းရည်​ထည့်​ထားသည့်​ဓာတ်​ဗူး​လေးကိုကိုင်​ရင်း တုန်​ယင်​တဲ့​ခြေလှမ်းတို့နဲ့အတူ လင်း ရှိရာ ၃ လွှာကအခန်းဆီ အ​ရောက်​သွားခဲ့၏ ။

အခန်း​ပေါက်​ဝနား​ရောက်​တော့ မိုး​ခြေလှမ်းကိုတစ်​လှမ်းချင်း​လေးပင်​စွာလှမ်း​နေသည်​။ အ​ပေါက်​ဝနား​ရောက်​တော့ တံခါးလဲဖွင့်​ထားတာမို့ အခန်းပြင်​ကသာ အသာ​လေး​ချောင်းကြည့်​လိုက်​၏ ။

အထဲမှာ မ ကကုတင်​လေး​ပေါ် လှဲလျောင်း​နေဆဲပဲ။ သို့​ပေမဲ့ မျက်​လုံး​လေး​တွေ​တော့ ဖွင့်​ထားပြီး သူ့​ဘေးနာက လူ ၂​ယောက်​နဲ့စကား​ပြော​နေသည်​။ တစ်​ယောက်​က​တော့ မိုး ရဲ့အတန်းပိုင်​ဆရာမဒေါ်မြတ်​မြတ်​ဆွေ။ နောက်​တစ်​ယောက်​တော့​ကိုတေဇာပင်​ဖြစ်​သည်​။

​တေဇာနဲ့စကား​ပြော​နေတဲ့ မ ရဲ့မျက်​နှာ​လေးက လန်းဆန်းလို့​နေသဖြင့်​မိုး စိတ်​ချသွားရ၏ ။

' ငါ ... မလိုအပ်​တော့ဘူးပဲ​လေ .... ´

စိတ်​အားညှိုးငယ်​စွာနဲ့ပဲ မိုး အခန်း​ပေါက်​နားက​နေ လှည့်​ကာ လာရာလမ်းအတိုင်း ပြန်​လျှောက်​ခဲ့​လေ​တော့သည်​။

X    X    X    X    X   

" ဘယ်​လို​နေ​သေးလဲ ဝတ်​ရည်​?​ခေါင်း​ကဒဏ်​ရာက ၄ ချက်​တောင်​ချုပ်​ထားရတာဆို​တော့ တအားနာ​နေ​သေးလား ? "

" မနာ​တော့ပါဘူး ကို​တေဇာ။ သက်​သာပါတယ်​... "

" လက်​ကော ? ပြီး​တော့​ခြေ​ထောက်​က​ကော ဘယ်​လို​နေ​သေးလဲ ? "

" ဟို​နေ့​တွေက​လောက်​တော့ မနာကျင်​တော့ပါဘူး။ ကျွန်​မ​နေသာ​နေပါပြီ ... "

"​တော်​သေးတာ​ပေါ့ဗျာ .... "

လင်း နဲ့​တေဇာစကား​ပြော​နေကြစဉ်​မမမြတ်​က​တော့ ကုတင်​ခြေရင်းကသာ လက်​လေးပိုက်​ကြည့်​နေရင်း အကြည့်​က အ​ပေါက်​ဝဆီ တစ်​ချက်​ရောက်​သွား​၏ ။

" ဟင်​! မိုးဝဿန်​များလား .... "

မမမြတ်​ရဲ့နှုတ်​မှ လွှတ်​ခနဲထွက်​သွားတဲ့နာမည်​ကြောင့်​လင်း အ​ပေါက်​ဝဆီကို ဖြတ်​ခနဲလှည့်​ကြည့်​လိုက်​တော့ ဟုတ်​ပေသည်​သူ့က​လေးရဲ့​ကျောပြင်​လေး ။​နောက်​ကရိပ်​ခနဲမြင်​လိုက်​ရတာ​တောင်​မှ သူ့က​လေးဖြစ်​မှန်း လင်း တိတိကျကျသိ​နိုင်​ပါသည်​။ ထို့​ကြောင့်​သူ မမမြတ်​ကိုလှမ်းပြီး

" မမ အဲ့ဒါက​လေး ဟုတ်​တယ်​။ လုပ်​ပါဦး ...​ခေါ်​ပေးပါဦး မမရယ်​.... ပြန်​လှည့်​သွားပြီ ..... "

လင်း လှဲ​နေရာမှ ချက်​ချင်း ထဖို့​ဘေး​လေး​စောင်း​တော့​တေဇာက ဆွဲထူ​ပေးလိုက်​ရသည်​။ ကုတင်​အောက်​ကိုအတင်း ဆင်းဖို့ ပြင်​ပြန်​တော့

" ဟာ ဝတ်​ရည်​... မဆင်းနဲ့​လေ။ ခြေ​ထောက်​က​ထောက်​လို့ မရ​သေးဘူးမဟုတ်​လား .... "

လင်း​ခေါင်းအတင်းခါယမ်းကာ

" ကျွန်​မ​လျှောက်​နိုင်​ပါတယ်​..... "

​တေဇာတား​နေတဲ့ကြားက​ခြေ ၂ ဖက်​ကို​အောက်​သို့ချလိုက်​ကာ ဘယ်​လက်​နဲ့ပဲ drip ပုလင်းကို လှမ်းဖြုတ်​လိုက်​သည်​။ ဖိနပ်​တောင်​စွပ်​ပဲ လှမ်းမယ်​လုပ်​တော့​တေဇာက​ဘေးမှတွဲကို​င်​ကာ

" ညာဘက်​ခြေ​ထောက်​တော့ ဖိနပ်​လေးစီးပါဗျာ .... "

" ကျွန်​မ​တောင်းပန်​ပါတယ်။ ကျွန်​မကို မတွဲပါနဲ့​နော်​..... "

လင်း​နောက်​တစ်​ကြိမ်​ထပ်​ပြီး က​လေးသူ့ကိုအထင်​လွဲ​စေမဲ့ အရာ​တွေ ထပ်​မမြင်​တွေ့​စေချင်​တော့ပါ ။ ဘယ်​ဘက်​က ပတ်​တီးအ​ဖွေးသားနဲ့​ခြေကျင်းဝတ်​က​ထောက်​လိုက်​တော့​တော်​တော်​လေးကိုနာကျင်​ပါသည်​။ သို့​ပေမဲ့ လင်း နာတာကို​မေ့​ဖျောက်​ကာ အခန်းအပြင်​သို့သာ အ​ရောက်​လှမ်းချင်​နေ၏ ။​ဘေးက​တေဇာ တွဲတာလဲ မခံ ။ က​လေးကိုမြင်​ချင်​တဲ့စိတ်​နဲ့​ခြေ​ထောက်​ထော့နင်း​ထော့နင့်​နဲ့ အခန်း​ပေါက်​ဆီသို့ ကြိုးစားပမ်းစားနဲ့​လျှောက်​လှမ်းလာခဲ့သည်​။

" သမီးရယ်​လာမှ​တော့ အခန်းထဲဝင်​တွေ့မှ​ပေါ့။ ဟိုမှာ သမီးဆရာမက သမီးကို​မျှော်​နေရှာတာ .... သူ့မှာ သမီးကို သိပ်​တွေ့ချင်​ရှာ​နေတာ။ ခဏဖြစ်​ဖြစ်​ဝင်​တွေ့လိုက်​ပါကွယ်​..... "

" ဟင့်​အင်း သမီးမ​တွေ့​တော့ပါဘူး တီချယ်။ ဒီဓာတ်​ဗူး​လေးပဲ​ပေး​ပေးပါ​နော်​။ ဒါဆရာမလင်းဝတ်​ရည်​သော်​အတွက်​ကြက်​ပေါင်းပြုတ်​ရည်​လေး​တွေ ပြုတ်​လာ​ပေးခဲ့တာ ... "

ဓာတ်​ဗူး​လေးကို ဆရာမမြတ်​မြတ်​ဆွေလက်​ထဲ မိုး အတင်းထိုးထည့်​ရင်း လှည့်​ပြန်​ရန်​အလုပ်​မှာ

" က​လေး ..... "

သူ့မမရဲ့အသံဖြစ်​ပြီး မရဲ့အသံ​တွေက​တုန်​ယင်​နေသည်​။ ပြီး​တော့သိပ်​လဲ မကျယ်​တိုး​ဖျော့​ဖျော့သာ ။

မိုး ချာခနဲပန်​လှည့်​ကြည့်​လိုက်​တော့​ခြေတစ်​ဖက်​ကိုသာအား​ပြု​ထောက်​ထားတဲ့ ဗလာကျင်း​နေတဲ့​ခြေဖျား၊ ညာလက်​မှာ​ကျောက်​ပတ်​တီးစည်းထားကာ ဘယ်​လက်​က drip ပုလင်း​လေးကို​မြှောက်​ကိုင်​လို့ထား​သေးသည်​။​ ခေါင်းကပတ်​တီးကလဲ ယခုတိုင်​ရှိ​နေဆဲ။ မျက်​နှာ​လေးက ဖြူ​ဖျော့​နေပြီးနှုတ်​ခမ်း​လေးကလဲ ဖြူဖတ်​ဖြူ​လျော်​နဲ့။ သူ့ကိုမျက်​ရည်​ကြည်​တွေ​ဝေ့တက်​နေတဲ့ မျက်​ဝန်း​တွေနဲ့ လှမ်းကြည့်​နေရှာသည်​။

"​သြော်လင်းလင်း ရယ်​..... ဘာလို့ထလာပြန်​တာတုန်း .... "

​မမမြတ်​လှမ်း​ပြောလိုက်​စဉ်​မိုး သူ့မမနားသို့ ဖြည်းဖြည်းချင်းလှမ်းသွားကာ လင်း ရဲ့​ရှေ့၌​ ခြေအစုံရပ်​ရင်း​ကြေကွဲတဲ့မျက်​ဝန်းတို့နဲ့ ကြည့်​နေမိသည်​။

" က​လေး .... ဘယ်​ဘက်​မျက်​ခုံး​ပေါက်​သွားတယ်​ဆို။ အရမ်းနာ​နေ​သေးလား ? "

သူ့မျက်​ခုံးနားကပ်​ထားတဲ့ ပလာစတာကို လင်း စိုးရိမ်​တကြီးကြည့်​ကာ​မေးရှာသည်​။

'မ ရယ်​... မ အခုခံစား​နေရတဲ့ ဒဏ်​ရာ​တွေနဲ့ယှဉ်​ရင်​မိုး ဒဏ်​ရာက ပါမွှား​လေးပါ မရယ်​.... ´

မိုး စို့နင့်​တက်​နေတာမို့ ယခုတိုင်​စကားက​ပြောမထွက်​သေး။ မျက်​ရည်​တွေက ပါးပြင်​ထက်​ဖြိုင်​ဖြိုင်​ကျဆင်းလာပြီး လင်း ရဲ့​ရှေ့၌ ဒူး​ထောက်​ချလိုက်၏။

ပြီး​တော့​လက်​အုပ်​လေးချီကာ သူ့မမ​ခြေဖမိုး​ပေါ်သို့ ခခယယဦးချလိုက်​ပါ​တော့သည်​။

" အို က​လေး .... ဘာလုပ်​တာလဲ က​လေးရယ်​... "

" မိုး ~~~​တောင်း ~~ ပန်​~ ပါတယ်​~~ မိုး ကို ~~ ခွင့်​~ မလွှတ်​ပါနဲ့​နော်​~~ "

​ကြေကွဲဆို့နင့်​သော​ လေသံဖြင့်​ မိုး, လင်း ရဲ့​ခြေရင်းထက်​ဝယ်​ပြားပြားဝတ်​ရင်း​တောင်းပန်​စကားဆိုလိုက်​တော့

" က​လေးရယ်​... အဲ့လိုမလုပ်​ပါနဲ့ ... ထပါကွာ ... မမမြတ်​လုပ်​ပါဦး က​လေးကိုထူပါဦး .... "

လင်း​ခြေဖျား​ပေါ် မိုး ရဲ့မျက်​ရည်​စက်​တွေ တ​ပေါက်​ပေါက်​လာကျ​တော့ လင်း ရင်​နာရပြန်​သည်​။ မမမြတ်​က ငို​နေတဲ့ မိုး ကိုအတင်းဆွဲထူ​တော့မှ မိုး ထ၏ ။​ဆေးရုံမှ ဝန်​ထမ်းအချို့နဲ့ ဖြတ်​သွားဖြတ်​လာအချို့က ကြည့်​သွားကြတာမို့ မမမြတ်​လင်း ကို​ကော မိုး ကို​ပါ အခန်း​ထပြန်​ခေါ်လာ​ပေးလိုက်​သည်​။

မိုး​ဘေးမှ သူ့မမကို တွဲ​ပေးရင်း ကုတင်​ပေါ်မှာပြန်​ထိုင်​စေခဲ့သည်​။​တေဇာရှိ​နေတာကိုလဲ မိုး ဂရုစိုက်​မအား​တော့​ပေ။

မျက်​ရည်​တွေမစဲ​သေးတဲ့ မိုး ကို လင်း drip ပိုက်​တန်းလန်းဖြစ်​နေတဲ့ ဘယ်​လက်​လေးနဲ့​လှမ်းဖက်​လိုက်​ကာ သူ့ရင်​ခွင်​ထဲ ဆွဲသွင်းလိုက်​ပြီး

" က​လေးရယ်​တိတ်​ပါ​တော့ကွယ်​။ က​လေးငို​နေ​တော့ မ ကဘယ်​စိတ်​ကောင်းပါ့မလဲလို့ ... "

ငိုသံသဲ့သဲ့နဲ့ လင်း​ပြောရှာသည်​။ မျက်​ရည်​တချို့ဟာလဲ လင်း မထိန်းချုပ်​ထားနိုင်​တော့တာမို့ ထွက်​ကျလာပြန်သည်​။

" မိုး တကယ်​တောင်းပန်​ပါတယ်​... မိုး​ကြောင့်​မ အခုလိုဖြစ်​ခဲ့ရတာပါ ..... "

" မဟုတ်​ရပါဘူး က​လေးရယ်​။ က​လေး​ကြောင့်​မဟုတ်​ပါဘူးကွာ .... မငိုနဲ့​တော့​နော်​တိတ်​တော့​နော်​... "

ရင်​ခွင်​ထဲ ရှိုက်​ကြီးတငင်​ငို​နေရှာတဲ့ က​လေး​လေးကို လင်း လက်​တစ်​ဖက်​နဲ့ မျက်​ရည်​တွေဖယ်​ရှား​ပေး​လိုက်​သည်​။

​တေဇာက​တော့ ဖုန်း​ဝင်​လာသဖြင့်​အခန်းပြင်​ထွက်​သွားကာ ဖုန်း​ပြော​နေပြီး​ဒေါ်မြတ်​မြတ်​ဆွေက​တော့ သူတို့ ဆရာတပည့်​ကို​ကြည့်​ရင်း စိတ်​မ​ကောင်းဖြစ်​နေ​ပါသည်​။

" မငိုပါနဲ့​တော့ဆို ~~~ "

လင်း မငိုဖို့အတင်း​ပြောခါမှ က​လေးစုတ်​လေးက အငိုတိတ်​တော့သည်​။

" အရမ်းနာ​နေတယ်​မဟုတ်​လားဟင်​? "

ရှုံ့မဲ့မဲ့နဲ့ မိုး​မေး​တော့ လင်း ခပ်​ပြုံးပြုံး​လေးပြန်​ဖြေ​လိုက်​သောစကားက

" မနာပါဘူး က​လေးရယ်​.... "

" ညာ​ပြော​နေတာ .... "

"​သြော် ခက်​ပြီကွယ်​။ တကယ်​မနာတာပါ .... က​လေးနဲ့ အခု​အ​ပြေးပြိုင်​လို့​တောင်​ရ​နေပြီ .. "

က​လေးရဲ့​မေးဖျား​လေးကို လှမ်းဆွဲပြီး လင်း ပြုံးပြုံး​လေး လှမ်းစ​လိုက်​တော့

"​လျှောက်​ပြော​နေတာ .... "

လင်း စခါမှပဲ မမ​ချောကငိုမဲ့ငိုမဲ့ထပ်​လုပ်​ပြန်​သဖြင့်​

" ဟိတ်​ထပ်​မငိုရဘူး​လေ ..... မ တကယ်​မနာ​တော့တာပါ က​လေးရယ်​။ မစိုးရိမ်​နဲ့​တော့​နော်​..... "

လင်း​ပြော​တော့ သူ​ခေါင်း​လေးကို ငုံ့ကာ မျက်​လွှာ​လေး​အောက်​ချလိုက်​၏ ။

မ ရဲ့​ခေါင်း လက်​နဲ့​ခြေ​ထောက်​က ပတ်​တီး​ဖွေး​ဖွေး​တွေက သူ့ရင်​ကို နာကျင်​စေသည်​မဟုတ်​ပါလား ။

" ဟို .... ဒါဆို ကျွန်​တော်​ပြန်​လိုက်​ဦးမယ်​နော်​ဝတ်​ရည်​။ အလုပ်​ကိစ္စ​လေး​ပေါ်လာလို့ ..... "

​တေဇာ အခန်းထဲပြန်​ဝင်​လာပြီး​ပြော​တော့ လင်း​ခေါင်း​လေးငြိမ့်​ပြရင်း

" ဟုတ်​ကဲ့ပါ ..... လာကြည့်​ပေးလို့​ကျေးဇူးတင်​ပါတယ်​...... "

" ဟာ မလိုပါဘူးဗျာ .... Hanna အစ်ကိုသွားမယ်​နော်​။ ၂​ယောက်​စလုံး​နေ​ကောင်း​အောင်​နေကြဦး​နော်​။ ဟုတ်​ပြီလား ... "

​တေဇာ ပြုံးပြုံး​လေး​ပြောပြီး အခန်းထဲမှ ထွက်​သွား​လေ၏ ။

X    X    X    X    X    X

" ကဲ ညီမ​လေး အဲ့ဒါဆို မမ အခု ညီမ​လေး​မေ​မေကို သွား​ခေါ်လာခဲ့​ပေးမယ်​နော်​.... "

" ဟုတ်​ကဲ့မမမြတ်​။ ညီမ​ရဲ့အိမ်​မှတ်​မိရဲ့လား မမ ? "

" မှတ်​မိပါတယ်​ကွယ်​။ ဟို​နေ့ညကမှ လိုက်​ပို့​ပေးထားတာပဲဟာ ... မမကတစ်​ခါသွားဖူးတဲ့လမ်းကို ဘယ်​တော့မှမ​မေ့တတ်​ပါဘူး။ ကဲ သမီး​လေးမိုးဝဿန်​... သမီးရဲ့ဆရာမကို​အ​ဖော်​လုပ်​ပေးလိုက်​ဦး​နော်​... ဆရာမ ခဏ​နေပြန်​လာခဲ့မယ်​ဟုတ်​ပြီလား .... "

​ဒေါ်မြတ်​မြတ်​ဆွေ ကမိုးရဲ့​ခေါင်း​လေးကိုပုတ်​ပြီး​ပြော​တော့

" ဟုတ်​ကဲ့ပါ တီချယ်​။ ကားကိုဂရုစိုက်​မောင်းပါ​နော်​တီချယ်​... "

" တီချယ့်​ကိုစိတ်​မပူပါနဲ့ကွယ်​..... တီချယ်​ကကား​မောင်းရင်​ပုံမှန်​လေးပဲ​မောင်းတာပါ .... သမီးတို့ ဆရာတပည့်​၂​ယောက်​သာ ထပ်​ငို​မ​နေကြနဲ့​တော့ .... ဟုတ်​ပလား .... "

မမမြတ်​ရဲ့စကား​ကြောင့်​၂​ ယောက်​သားပြုံးလိုက်​မိကြ​လေ၏။ မမမြတ်​ထွက်​သွားပြီး​နောက်​မှာ​တော့ မိုး ကသူယူလာတဲ့ဓာတ်​ဗူး​လေးထဲမှ ကြက်​ပေါင်းရည်​လေး​တွေကို ခွက်​က​လေးတစ်​ခွက်​ထဲသို့ငှဲ့၍ သူ့မမကိုတိုက်​လေသည်​။

"​သောက်​ရတာ အဆင်​ပြေရဲ့လားဟင်​မ ? အီလည်​လည်​ဖြစ်​နေလား ? "

" မဖြစ်​ပါဘူး က​လေးရယ်​ ... ကြီးကြီးဝင်း လုပ်​ပေးလိုက်​တာထင်​တယ်​.... "

" ဟုတ်​တယ်​မ .... အန်​တီဝင်းက မ ကိုသတင်း​မေးတယ်​လို့လဲ​ပြော​ပေးပါတဲ့ ... သူလဲစိတ်​ပူ​နေရှာတာ ..... "

" အကုန်​လုံးကို စိတ်​ပူ​အောင်​လုပ်​မိသွားပြီပဲ။ မ​အားနာလိုက်​တာကွယ်​.... "

" အို မဟုတ်​တာ မ ရယ်​။ မိုး သာ မ ကိုမျက်​နှာမပြရဲ​လောက်​အောင်​အားနာမိတာပါ .... "

မိုး​ခေါင်း​လေးငုံ့ပြီး​ပြော​တော့

" အဲ့ဒါ​ကြောင့်​ဟို​နေ့​တွေက လာမ​တွေ့တာမို့လား ... "

မ ရဲ့အ​မေးကို မိုး​ခေါင်းညိတ်၍သာ​ ဖြေ​ခဲ့၏။

" ဘာလို့ ... ဘာလို့ မိုး ရဲ့​ရှေ့က​နေ ကာကွယ်​ပေးခဲ့တာလဲဟင်​? မ​သေ​တောင်​သေသွားနိုင်​တယ်​ဆိုတာ သိရဲ့နဲ့ ဘာလို့ ကာကွယ်​ပေးခဲ့ရတာလဲ ? "

မရဲတရဲနဲ့ မိုး​မေး​သောအခါ မ ကသူ့ကိုပြုံးပြုံး​လေးသာ ကြည့်​နေပါသည်​။

" ဘာလို့လဲဆို​တော့ က​လေးဖြစ်​နေလို့​လေ .... မ ... မ ... အရမ်းချစ်​ရတဲ့ မိုးဝဿန်​လွင်​ဖြစ်​နေလို့​ပေါ့ ... "

လင်း​ပြောပြီး သူ့ဟာသူရှက်​ကာ​ခေါင်း​လေးကိုတစ်​ဖက်​လှည့်​လိုက်​လေသည်​။ သို့​ပေမဲ့ မိုး က​တော့ လင်း​ပြောတဲ့စကားကို ရာနှုန်းပြည့်​နားမလည်​ခဲ့ပါ။ ချစ်​တယ်​ဆိုတာ ညီမ​လေးလိုချစ်​တယ်​လို့သာ သူသိထားတာ မဟုတ်​လား။ ထို့​ကြောင့်​ဘာ​မေးခွန်းမှလဲ သူထပ်​မထုတ်​တော့။

ကြက်​ပေါင်းရည်​တိုက်​ပြီး​တော့

" မ ပြန်​လှဲ​နေမလား ? "

" ဟင့်​အင်း .... ခဏ​လေးထိုင်​ချင်​သေးတယ်​..... "

" ဟုတ်​ဟုတ်​.... "

ကုတင်​ခေါင်းရင်းကအမှီ​လေး​ကို​ခေါင်းအုံး​လေးခံ​ပေးလိုက်​ရင်း လင်း ကို​ကျောမှီထိုင်​စေခဲ့သည်​။ ပြီး​တော့ drip အပ်​သွင်းထားရတဲ့ သူ့မမရဲ့ဘယ်​ဘက်​လက်​ဖမိုးကို ကြည့်​ပြီး

" မရယ်​.... လက်​ဖမိုးက​ယောင်​တောင်​ယောင်​ချင်​နေပြီ။ ခဏ​လေး​နော်​မိုး ဒီနားမှာ​ရေခဲ့​လေးသွားဝယ်​လိုက်​ဦးမယ်။ပြီးရင်​ ရေခဲကပ်​ပေးမယ်​နော်​... "

" ရပါတယ်​က​လေးရယ်​... အဲ့​လောက်​ကြီးလဲ မ​ယောင်​သေးပါဘူး .... "

" အခု​လောက်​ထဲက​ရေခဲကပ်​ထားမှ မ အနာသက်​သာမှာ​ပေါ့။ ခဏ​လေးပဲ​နော်​မိုး ပြန်​လာခဲ့မယ်​.... "

ထထွက်​ခါနီး မိုး ရဲ့လက်​ကို လင်း ခပ်​ဖွဖွလှမ်းဆွဲလိုက်​ကာ

" မြန်​မြန်​ပြန်​လာ​နော်​က​လေး ..... "

" ဟုတ်​ကဲ့ မ။ ဒီ​ဆေးရုံ​အောက်​က ဆိုင်​တွေမှာတင်​ရှိမှာပါ ..... "

မိုး ခပ်​သုတ်​သုတ်​သာ​ပြေးထွက်​လာခဲ့ပြီး လမ်းမှာလဲ တစ်​လျှောက်​လုံး မျက်​ရည်​တွေ ဝဲ​နေမိသည်​။​ ဆေးထိုးခံရမှာ အင်​မတန်​ကြောက်​လှတဲ့ သူ့မမမှာ ယခု​တော့သူ့​ကြောင့်​ ဆေးအပ်​တွေတန်းလန်းနဲ့ ဖြစ်​ကုန်​ရပါပြီ။

ဘယ်​လောက်​တောင်​ကြောက်​နေလိုက်​မလဲ မ ရယ်​... ဘယ်​လောက်​တောင်​နာကျင်​နေလိုက်​မလဲ .....

သူ့က​လေးက​တော်​တော်​နဲ့ပြန်​ရောက်​မလာသဖြင့်​လင်း ကုတင်​ပေါ်က​နေ အ​ပေါက်​ဝဆီသို့သာစိုက်​ကြည့်​နေရင်း​တ​မျှော်​မျှော်​ဖြစ်​နေ​ချေပြီ။

" လမ်းမှာ ဘာများဖြစ်​နေပြီလဲ မသိဘူး .... ဘာလို့အခုထိ ပြန်​မ​ရောက်​လာ​သေးတာပါလိမ့်​.... "

၁၅ မိနစ်​လောက်​ကျော်​တော့ လင်း ထပ်​စောင့်​မ​နေနိုင်​တော့ အခန်း​ပေါက်​အပြင်​လေးဖြစ်​ဖြစ်​ထွက်​ကြည့်​မယ်​ဆိုပြီး ကုတင်​ပေါ်မှဖြည်းဖြည်းချင်းဆင်း​နေစဉ်​

" မ ....... ဘာလို့ဆင်း​နေတာလဲ။ Toilet သွားချင်​လို့လားဟင်​ ... "

မိုး သူ့မမ​ဘေးနားကို အ​ပြေး​လေး​ရောက်​လာပြီး​မေး​တော့ မ ကသူ့ကို​ခေါင်းခါပြကာ

" မဟုတ်​ပါဘူး က​လေးရယ်​... က​လေးသွားတာကြာ​တော့ မ စိုးရိမ်​လာလို့ပါ ... "

' ​သြော် မ ရယ်​.... မိုးကိုအဲ့​လောက်​ထိ​တောင်​မှ စိုးရိမ်​တာတဲ့လား။ ခန္ဓာကိုယ်​က ဒဏ်​ရာ​တွေကိုမှ မညှာမတာ .... ´

ကုတင်​အောက်​ကို ချလုဆဲဆဲဖြစ်​နေတဲ့ မ ရဲ့​ခြေ ၂ ဖက်​ကို မိုး ကုတင်​ပေါ်ပြန်​မတင်​ပေးလိုက်​ပြီး ပြန်​လှဲအိပ်​ခိုင်းလိုက်​သည်​။

" မိုး ဘာမှမဖြစ်​ပါဘူး မရယ်။ မ ပဲ မြန်​မြန်​နေ​ကောင်းလာ​အောင်​လုပ်​ရမယ်​နော်​... ခဏခဏဆင်း​လျှောက်​နေလို့မဖြစ်​ဘူး မရဲ့။ ပိုနာပြီး ပိုဆိုးလာလိမ့်​မယ်​.... သန့်​စင်​ခန်းသွားချင်​ရင်​ပြော​နော်​မ ... မိုး ဝှီးချဲပါ တခါထဲ ဌားလာလိုက်​ပြီ။ ခဏ​နေ လာပို့​ပေးလိမ့်​မယ်။မ,အတွက်​သီးသန့်​ဝှီးချဲ ... "

" အဲ့​လောက်​ထိ မလိုအပ်​ပါဘူး က​လေးရယ်​။ Toilet က အခန်းထဲတင်​ဟာကို .... "

" ဘာလို့မလိုရမှာလဲ မရဲ့။ အခန်းထဲဆို​ပေမဲ့​လေးငါးလှမ်း​လောက်​လှမ်း​နေရဦးမယ်​လေ ..... "

​ပြော​နေရင်း မိုး လင်း ၏​ယောင်​နေတဲ့လက်​လေးကိုလှမ်းဆွဲလိုက်​ပြီး လက်​ကိုင်​ပုဝါနဲ့ထုတ်​ထားတဲ့​ရေခဲထုတ်​နဲ့ အသာ​လေးကပ်​ပေး​နေသည်​။

​သေ​သေချာချ​စေ့​စေ့စပ်​စပ်​ရေခဲထိုင်​ကပ်​ပေး​နေတဲ့ က​လေးရဲ့ မျက်​နှာ​လေးကို လင်း​ငေးကြည့်​နေရင်း

" က​လေး .... "

" ရှင်​..... "

" က​လေး မ ကိုချစ်​နေ​သေးလားဟင်​? "

ရုတ်​တရက်​မေးလာတဲ့ လင်း ရဲ့အ​မေး​ကြောင့်​မိုး မျက်​လုံးပြူးသွားရသည်​။ မိုး တစ်​ချက်​က​လေး ပြုံးလိုက်​ကာ

" မ ကဘာလို့​မေးတာလဲ ? "

မိုး ကသူ့အ​မေးကိုမ​ဖြေပဲ ပြန်​မေးခွန်းထုတ်​လိုက်​တာ​ကြောင့်​လင်း နည်းနည်းရှက်​ကိုးရှက်​ကန်းဖြစ်​သွားကာ

" မဟုတ်​ပါဘူး။ ဒီတိုင်း​မေးကြည့်​တာပါ ..... "

"​သြော် ..... "

​အော်​ဆိုတဲ့စကားလုံးနဲ့သာ မိုး ရင်​ထဲက​မျှော်​လင့်​ချက်​တွေကို ရပ်​တံ့ခဲ့ရပြန်​သည်​။

​နောက်​တစ်​နေ့ကျ​တော့လဲ မနက်​အ​စောကြီးထဲက မိုး​ဆေးရုံသို့​ရောက်​လာ​သော​ကြောင့်​

" က​လေး ဒီ​နေ့​ကျောင်းမတက်​ဘူးလား ? "

" မတက်​တော့ဘူး​လေ မ ရဲ့ .... မရဲ့​မေ​မေလဲ အိမ်​ပြန်​နားလို့ရ​အောင်​မိုး​စော​စောလာခဲ့တာ ... "

" အန်​တီ .... ဒီ​နေ့ မိုး​စောင့်​ပေးမှာမို့လို့ အန်​တီစိတ်​ချလက်​ချအိမ်​မှာပဲ နား​နေလိုက်​ပါ​နော်​... ညလဲ မိုး ပဲ​စောင့်​အိပ်​ပေးမယ်​.... "

" အို သမီးရယ်​... သမီး​လေးလဲ မ​နေ့ကလာထား ဒီ​နေ့လဲလာရနဲ့ ပင်​ပန်း​နေပါပြီကွယ်​... ည​နေကျ အန်​တီပြန်​လာခဲ့ပါ့မယ်​.... "

" ရပါတယ်​အန်​တီရယ်​။ သမီးတစ်​စက်​လေး​တောင်​မှ မပင်​ပန်းပါဘူး .... အိမ်​မှာပဲနား​နော်​.... အန်​တီ့ကို ဘကြီးညိုကပြန်​လိုက်​ပို့​ပေးလိမ့်​မယ်​..... "

" အို မလိုပါဘူးကွယ်​။ အားနာလို့ပါ။ အန်​တီ့ဘာသာပဲ ပြန်​လိုက်​ပါ့မယ်​...."

လင်း ရဲ့​မေ​မေကငြင်း​တော့​အခန်းဝမှာရပ်​စောင့်​နေတဲ့ ဘကြီးညိုက လှမ်း​ပြောသည်​။

" အားမနာပါနဲ့ဗျာ။ ရပါတယ်​ကျွန်​တော်​ပို့​ပေးပါ့မယ်​..... "

ဒီလိုနဲ့ပဲ လင်း​မေ​မေကို ဘကြီးညိုက ကားဖြင့်​အိမ်​ပြန်​လိုက်​ပို့​ပေးခဲ့သည်​။

သူ့​မေ​မေပြန်​သွား​တော့မှ

" က​လေးရယ်​ကျောင်းစာ​တွေ လွတ်​ကုန်​တော့မှာပဲ .... "

လင်း​ပြောလိုက်​တော့ မိုး ခပ်​သဲ့သဲ့​လေးရယ်​လိုက်​ရင်း

" ဟက်​....​ကျောင်းစာပျက်​မှာကို​တော့ စိတ်​ပူစရာမလိုပါဘူး မရယ်​.... "

ထိုအချိန်​က မိုး ရယ်​ပြီး​ပြောတဲ့စကားကို လင်း နားမလည်​ခဲ့​ပေမဲ့​နေ့လည်​၁ နာရီ​လောက်​ကျ သူ့တို့ဆီကို ဇွဲကိုကို​ဇော်​နဲ့ ဇာလီတင့်​တို့​ရောက်​လာကြတဲ့အခါမှပဲ လင်း သ​ဘော​ပေါက်​လိုက်​ပါသည်​။

" ဒီမှာ ဒီ​နေ့နဲ့ ဟိုရက်​တွေတုန်းက နင်​ပျက်​သွားသမျှစာ​တွေ ငါတို့ အကုန်​ကူးထား​ပေးတယ်​နော်​မိုး .... "

ဇွဲ က မိုး ကိုစာအုပ်​တချို့ကို လှမ်း​ပေးရင်း သူ့က​လေးအား 'မိုး' လို့အဖျားစွတ်​ခေါ်လိုက်​တာ​ကြောင့်​စိတ်​ထဲ​ခေါင်းစဉ်​မတပ်​တတ်​တဲ့ စိတ်​ခံစားချက်​တစ်​ခုဟာ ပြင်းပြင်းပျပျကို​ပေါ်​ပေါက်​လာသည်​။ လင်း မျက်​နှာသိသိသာသာပျက်​ယွင်းသွားတာကို မိုး ကသတိမထားမိ​ပေမဲ့​ဘေးနာက ဇာလီတင့်​က​တော့ လင်း မျက်​နှာကို​သေချာစိုက်​ကြည့်​ပြီး တခုခုသ​ဘော​ပေါက်​လိုက်​သည့်​အထာဖြင့်​။

"​ကျေးဇူးပါပဲ ဇွဲ .... "

တခါ မိုး က ဇွဲကိုကို​ဇော်​အား ဇွဲ လို့​ခေါ်လိုက်​ပြန်​တော့ လင်း မျက်​နှာကဖြူ​ဖျော့ပြီး သူ့က​လေးကိုလဲ မကြည့်​တော့ပဲ​ခေါင်း​လေးကို ပြူတင်းတံခါးဆီသို့သာ လှည့်​လိုက်​ပါ​တော့သည်​။

" အဟမ်း .... ကူး​ပေးတဲ့အထဲ ငါလဲပါတယ်​လေ ... နင်​ကငါ့ကိုကျ​ကျေးဇူးမတင်​ဘူး​ပေါ့ ဟုတ်​လား ... "

ဇာလီတင့်​အံ့ကြိတ်​ပြ​တော့ မိုး ထရယ်​လိုက်​ကာ

" ဇွတ်​ကို​ကျေးဇူးတင်​ခံချင်​နေ​တော့တာပဲ ...​ကျေးဇူးအထူးတင်​ပါတယ်​ရှင့်​မဇာလီတင့်​ရေ ရပြီလား "

" ဟွန့်​ငဇွဲ ကိုကျ​တော့​လေ​ပြေ​လေညှင်းသံ​လေးနဲ့​ကျေးဇူးတင်​တယ်​လေးဘာ​လေး ငါ့ကျ​တော့ နင်​က​ဆောင့်​အောင့်​တဲ့​လေသံနဲ့​ကျေးဇူးတင်​တယ်​.... "

" ဟာ .. ဇာလီတင့်​နင်​မရစ်​နဲ့​နော်​...​ဆေးရုံလာပြီး လာရစ်​နေတယ်​ပြသနာပဲ ..... "

" ဟွန့်​..... "

ဇာလီတင့်​နဲ့ မိုး တစ်​ယောက်နဲ့တစ်​ယောက်​မျက်​စောင်းတိုက်​ပွဲနွှဲ​နေကြတုန်း ဇွဲ သူ့ဆရာမအနားသွား၍

" ဆရာမ ဒဏ်​ရာ​တွေက​တော်​တော်​များတာပဲ။ နာ​နေ​သေးလားဟင်​။ ခေါင်း​တွေဘာ​တွေ​ကော ကိုက်​သေးလား ? "

" အခု​တော့ မကိုက်​တော့ပါဘူး သားရယ်​... စစဦးဆုံး သတိရရချင်း​လောက်​ပဲကိုက်​တာပါ .... လက်​က​တော့ တစ်​လ​လောက်​နေမှ ပတ်​တီးဖြည်​ရမယ်​ထင်​တာပဲ ..... "

"​ ခြေ​ထောက်​က​ကော ... လမ်း​လျှောက်​လို့ သိပ်​မရ​လောက်​ဘူးထင်​တယ်​နော်​ဆရာမ ... "

" အင်း ဟုတ်​တယ်​... သိပ်​မ​ထောက်​နိုင်​သေးဘူး ... "

" ဘာဖြစ်​သွားတာတဲ့လဲ ကျိုးသွား​သေးတာလားဟင်​? "

ဒီတစ်​ခေါက်​မှာ​တော့ လင်း မ​ဖြေရ​သေးခင်​မှာပဲ မိုး ကကြားထဲမှ ဝင်​ပြောသည်​။

"​ခြေဆစ်​လွဲသွားပြီး အရွတ်​ယောင်​သွားတာ ... တစ်​ပတ်​နှစ်​ပတ်​လောက်​တော့ လမ်းသိပ်​မ​လျှောက်​ဖို့ ဆရာဝန်​က မှာထားတယ်​..... "

"​သြော် ဟုတ်​လား .... ချိုင့်​ထောက်​နဲ့​လျှောက်​ဖို့ကျ​တော့လဲ ညာလက်​က မ​ကောင်း​တော့ ဆရာမ​တော်​တော်​အဆင်​မ​ပြေ ဖြစ်​မှာပဲ .... "

" အင်း ဟုတ်​တယ်​။ အဲ့ဒါ​ကြောင့်​ငါ ဝှီးချဲယူထားတာ ..... "

"​အော်​အေး အဆင်​ပြေသားပဲ အဲ့ဒါ .... "

ဇွဲ နဲ့​မိုး စကား​ပြော​နေပြန်​တော့ အ​နောက်​က ဇာလီတင့်​ဘာမှ ဝင်​မ​ပြော။ ဒီတိုင်းလွှတ်​ပေးထားပြီး သူ့ဆရာမရဲ့ အရိပ်​အချည်​ကိုပဲ​စောင့်​ကြည့်​နေ၏။

" နင်​တို့​တွေ​နေ့လည်​စာ​ကော စားပြီးကြရဲ့လား ? "

" ဟင့်​အင်း ... "

" အင်း ... "

ဇာလီတင့်​က​ခေါင်းခါလိုက်​သလို ဇွဲ က​ခေါင်းညိမ့်​လိုက်​သဖြင့်​

" ဇာလီ နင်​မစားရ​သေးဘူးလား ... ငါလိုက်​ကျွေးမယ်​လေ ...​ဆေးရုံ​အောက်​က ဆိုင်​လေးလဲ​ကောင်းသားပဲ မဆိုးဘူး .... "

"​နေပါ​စေ သူ့ကိုငါပဲ ဝယ်​ကျွေးလိုက်​မယ်​... နင်​ဆရာမ​ဘေးမှာပဲ​ သေချာဂရုစိုက်​ပေးပါ။ ဆရာမကလမ်း​လျှောက်​လို့လဲ မရ​တော့​အ​ပေါ့အပါးသွားချင်​ရင်​ဒုက္ခ​ရောက်​မယ်​.... "

ဇွဲ ကအလိုက်​သိစွာဝင်​ပြော​တော့

" ရပါတယ်​သားရယ်​.... က​လေး လိုက်​ချင်​လိုက်​သွား​နော်​.... "

လင်း ကလိုက်​သွားဖို့​ပြော​ပေမဲ့လဲ

" ဟာ မလိုက်​ပါနဲ့ သူ့အတွက်​စိတ်​မပူနဲ့ ငါ့တာဝန်​ထား။ နင်​ဒီမှာပဲ​နေပြီး ဆရာမကိုသာ​သေချာဂရုစိုက်​ပေး​နော်​။ ငါတို့ပြန်​မယ်​.... "

"​အေးပါဟယ်​စိတ်​ချလက်​ချသာပြန်​ကြ​နော်​.... "

" ဆရာမ အဲ့ဒါဆို သားတို့ ပြန်​တော့မယ်​နော်​.... "

" သမီးတို့ပြန်​လိုက်​ဦးမယ်​နော်​ တီချယ်။ ကျန်းမာ​ရေးဂရုစိုက်​နော်​.... "

"​အေးပါကွယ်​။ ဂရုစိုက်​ပြန်​ကြ​နော်​သားနဲ့သမီး ... "

" ဟုတ်​ကဲ့ .... "

X    X    X    X    X    X

လှဲ​နေရာမှ လင်း သူ့အားသူကိုးပြီး ကုန်းထ​နေသဖြင့်​

" မ ရယ်​...​မိုး ထူ​ပေးပါ့မယ်​.... "

" ရပါတယ်​... ထတာ​လောက်​တော့။ မ ဘာသာထနိုင်​နေပါပြီ .... "

" ထနိုင်​တာ​တော့ ဟုတ်​ပါတယ်​... ဒါ​ပေမဲ့ မ အဲ့ဒီဘယ်​လက်​ကို အားပြု​ထောက်​ထ​တော့ လက်​မှာသွင်းထားတဲ့အပ် Drip ပိုက်​ထဲ​သွေးလိုက်​ပြီး​အ​ပေါက်​ပိတ်​သွားတဲ့အခါ​ဆေးမဝင်​တော့ပဲဖြစ်​လိမ့်​မယ်​။ အဲ့ကျ Nurse​တွေက လာလုပ်​ကြပြန်​တဲ့အခါ မ နာဦးမှာစိုးလို့ပါ ..... "

မိုး​ပြောလဲ​ပြော ထ​နေတဲ့ လင်း ကိုလဲကူတွဲထူ​ပေးလိုက်​သည်​။

တခါတလကျရင်​အဲ့က​လေးက သူ့​မေ​မေထက်​တောင်​ပွစိပွစိလုပ်​တတ်​တာမို့ လင်း ဘာမှထပ်​ပြောမ​နေ​တော့ ။

" Toilet သွားချင်​လို့လား။ နေဦး မိုး ဝှီးချဲယူဦးမယ်​.... "

" မလိုပါဘူး က​လေးရယ်​ဟိုနား​လေးတင်​ဟာကို ... "

" ဟာ မရပါဘူး။ မ ကိုလမ်းကိုမ​လျှောက်​စေချင်​တာပါဆို .... "

​ပြော​ပြောဆိုဆိုနဲ့ နံရံနား​ကပ်​ထားတဲ့ ဝှီးချဲကို တွန်းလာပြန်​သည်​။

" ဖြည်းဖြည်း​လေးထ ... မိုး လက်​ကိုပဲကိုင်​ထား .... "

လင်း မိုး လက်​ကိုအားပြုကိုင်​လိုက်​တော့ မိုး ကသူ့ကိုရယ်​ပြသည်​။​

​သြော် က​လေး​လေးရယ်​။ လူက သူ့ကိုစိတ်​ကောက်​ချင်​တာ​တောင်​မှ သူ့ရဲ့ပြုစုမှု​လေး​တွေ​ကြောင့်​ မ​ကောက်​ရက်​တော့ပါလား​နော်​... ´

လင်း စိတ်​ထဲက​တွေးရင်း သ​ဘောကျစွာပြုံးလိုက်​မိ၏ ။ ဝှီးချဲ​ပေါ်၌ ထိုင်​လိုက်​တဲ့အထိ မိုး သူ့မမကိုယ်​လေးကို​သေချာထိန်း​ပေးပြီး ဝှီးချဲကိုလဲ သန့်​စင်​ခန်း​ရှေ့အထိ တွန်းသွား​ပေသည်​။ ပြီး​တော့ တံခါးကိုတွန်းဖွင့်​ပေးကာ အထဲထိ တွဲ​ပေး​နေသဖြင့်​

" ကဲ ရပါပြီက​လေးရယ်​။ မ ဘာသာဆက်​လုပ်​ပါ့မယ်​.... "

မိုး Drip ပုလင်းချိတ်​သည့်​တွန်းလို့ရတဲ့ တိုင်​လေးကို အထဲမှာ​သေချာ​နေရာချပြီးမှ

" ပြီးပြီဆိုရင်​မိုး ကို​ ခေါ်လိုက်​နော်​။ တံခါးက စိရုံပဲစိထား​ပေးမယ်​နော်​.... "

" ဟုတ်​ကဲ့ပါရှင့်​.... "

လင်း ရယ်​ပြလိုက်​မှသာ သူ​လေးကအပြင်​ပြန်​ထွက်​သွား၏ ။ တကယ့်​က​လေး​လေး ဟုသာ လင်း စိတ်​ထဲ​နောက်​တစ်​ကြိမ်​ရေရွတ်​မိပြန်​သည်​။

​ည​နေ​စောင်း​လောက်​ကျပြန်​တော့လဲ သူ့မှာပျင်း​နေတာ​ကြောင့်​က​လေးလုပ်​နေတဲ့ စာ​လေး​တွေကို လှမ်းယူကြည့်​မိပြန်​တော့

" အဲ့ဒါဘာလုပ်​ဦးမလို့လဲ မ ရဲ့ ? "

" ကြည့်​မလို့ပါ ...​ကျောင်းမှာသင်​နေတာ ဘယ်​အထိ​တွေ​ရောက်​နေပြီလဲ ဆိုတာ ..... "

" ဟာ မကြည့်​ပါနဲ့ မရယ်​....​ပေး​ပေး အဲ့စာရွက်​.... "

မိုး အတင်းပြန်​ဆွဲယူပြီး

" ဒါ​တွေက ဟိုတစ်​ခေါက်ထဲက မ မိုးကိုကြိုသင်​ပေးထားဖူးတဲ့စာ​တွေချည်းပါ .... နားနား​နေ​နေ​နေပါ မရယ်​....​တော်​ကြာ အာရုံစူးစိုက်​ရလို့​ခေါင်းကိုက်​လာဦးမယ်​... ဆရာဝန်​ကြီး​နေ့လည်​က roud လှည့်​တုန်းက​ပြောထားတယ်​မို့လား အာရုံစူးစိုက်​ရမဲ့ အရာ​တွေ မလုပ်​ပါနဲ့ များများအိပ်​ပါလို့ ..... "

" အိပ်​ချည်းပဲအိပ်​နေရ​တော့ မ ပျင်းလို့ပါ က​လေးရယ်​.... "

" ပျင်းရင်​ဘုရားစာရွတ်​ပြီး တရားမှတ်​နေ​လေ မရယ်​.....​နော်​...​နော်​လို့ ..... "

နှုတ်​ခမ်း​လေးစူပြီး မိုး​ပြော​တော့မှ မမလင်းတစ်​ယောက်​ညိမ်​သွားရှာသည်​။ ည​နေ ၅ နာရီခွဲ​လောက်​ကျ​တော့ ဆရာမ​ဒေါ်မြတ်​မြတ်​ဆွေ​ရောက်​လာပြီး လင်း ကိုအ​ခြေအ​နေလာကြည့်​၏ ။

လင်း​ကောသူ့တပည့်​မ​လေးပါ မျက်​နှာ​လေးပြုံးပြုံးရွှင်​ရွှင်​မြင်​ရမှ​ဒေါ်မြတ်​မြတ်​ဆွေ စိတ်​အေးရ​လေသည်​။

ဒီလိုနဲ့​ ဆေးရုံမှာ လင်း ၂ ပတ်​နီးပါး​လောက်​တက်​ခဲ့ရပြီးမှ​ဆေးရုံဆင်းခွင့်​ရခဲ့သည်​။​ကျောင်းက​တော့ လင်း ကို ၁ လတိတ်ိခွင့်​ပေးခဲ့တာမို့ လင်း အိမ်​မှာ​အေး​ဆေးအနားယူခွင့်​ရခဲ့ပါသည်​။

မိုး က​တော့​ကျောင်းလဲတက်​ကျောက်​ဆင်းရင်​လဲ သူ့မမအိမ်​သို့ လာပြီးစာလာလာလုပ်​ရတာဖြင့်​သာ အချိ်​န်​ကုန်​နေသည်​။ စာလာလုပ်​သည်​ဆိုတာထက်​သူ့မမကို ပြုစု​နေချိန်​တွေကသာ ပိုများပါသည်​။  ၃ ပတ်​လောက်​ကြာလာတဲ့အခါမှာ​တော့ လင်း ဒဏ်​ရာ​လေး​တွေက​တော်​တော်​လေးကို သက်​သာစပြုခဲ့​လေပြီ ။​ခေါင်းကပတ်​တီး​ဖွေး​ဖွေး​လေးလဲမရှိ​တော့သလို​ခြေကျင်းဝတ်​မှာလဲ ပတ်​တီးစည်းစရာမလို​တော့ ။ လမ်းလဲ​တော်​တော်​လေးပြန်​လျှောက်​လို့ ရခဲ့​လေပြီ ။

X    X    X    X    X    X

" ဒါနဲ့​လေ မိုးဝဿန်​လွင် .... ငါနင့်​ကို​ပြောစရာရှိတယ်​ဟ။ ငါ​ပြောမယ်​ပြောမယ်​နဲ့ မ​ပြောဖြစ်​သေးတာ .... "

ဇာလီတင့်​ရဲ့ စကား​ကြောင့်​မိုး သိချင်စိတ်​ဝင်​လာသည်​။

" ဘာများလဲ ....​ပြော​လေ ဇာလီ ....  "

" ဆရာမလင်းဝတ်​ရည်​သော်​လေ ..... "

" မ ? မ ဘာဖြစ်​လို့လဲ ? "

ဇာလီ သူ့အနားတိုးကပ်​လာကာ နားနားကပ်​၍

" ဆရာမလဲနင့်​ကိုသ​ဘောကျ​နေတယ်​လို့ ငါထင်​တယ်​မိုးဝသန်​... "

မိုး မျက်​လုံး​လေးများပြူးကျယ်​သွားပြီး​နောက်​ပြုံးရယ်​လိုက်​ကာ

" ဟားဟား နင်​က​တော့​ပေါက်​ကရ​တွေ ... မ ကငါ့ကိုညီမ​လေးလိုချစ်​တာပါဟာ ... "

ဇာလီတင့်​ခေါင်းခါကာ​လေးနက်​သည့်အသံနဲ့ထပ်​ပြောသည်​။

" နင်​သတ်ိမထားမိတာပါဟာ .... ငါက​တော့​ဘေးကလူဆို​တော့ ပိုမြင်​မြင်​ထင်​ထင်​ရှိတာ​ပေါ့ .... ဆရာမ​ဆေးရုံတက်​ရတုန်းက ငါနဲ့ ဇွဲကိုကို တို့​ဆေးရုံလာကြတုန်း​က​ပေါ့ .... "

" အင်း ? "

" နင်​က ဇွဲ လို့​ခေါ်လိုက်​ပြီး ဟို​ကောင်​ငဇွဲကလဲ နင့်​ကို မိုး လို့​ခေါ်လိုက်​တုန်းက​လေ... အဲ့အချိန်​မှာ ဆရာမ မျက်​နှာသိသိသာသာကြီးကို ပျက်​သွားတယ်​... ဝမ်းနည်းသွားသလို ပြီး​တော့ သဝန်​တို​နေတဲ့ ပုံစံကအသိသာကြီး မျက်​နှာမှာတန်း​ပေါ်​နေတယ်​လေ ... ငါကြည့်​နေတာ သူသိလို့လား​တောင်​မသိဘူး အဲ့အချိန်​က သူ့မျက်​နှာ​လေးကို​အောက်​ငုံ့ထားတယ်​... "

ဇာလီတင့်​ရဲ့အကျိုး​အ​ကြောင်းဆီ​လျော်​အောင်​ရှင်းပြ​ပေး​နေတဲ့စကားအချို့​ကြောင့်​မိုး​မျှော်​လင့်​ချက်​လေးခပ်​ရေး​ရေးဝင်​လာသလိုလို ဝမ်းသာခဲ့မိသည်​။ သို့​ပေမဲ့ တစ်​ဖက်​ကလဲ သူတို့ထင်​သလိုမဟုတ်​မှာကိုလဲ​ကြောက်​မိ​နေပြန်​သည်​။

" ဟုတ်​မယ်​မထင်​ပါဘူးဟာ နင်စိတ်​ထင်​တာဖြစ်​မှာပါ .... "

"​အော်​နင်​ကလဲ ငါခန့်​မှန်းရင်​လွဲခဲပါတယ်​ဟယ်​.... ဆရာမနင့်​အ​ပေါ်ထားတဲ့ ခံစားချက်​အမှန်​ကို နင်​မသိချင်​ဘူးလား​ပြော ? "

" သိ​တော့သိချင်​တယ်​ဒါ​ပေမဲ့ သိရပြီး ဘာမှမထူးခြားမှာကိုလဲ​ကြောက်​တယ်​.... "

"​ကြောက်​မ​နေစမ်းပါနဲ့ဟယ်​.... နည်းနည်းပါးပါး​လေး သတ္တိ​လေး​တော့​မွေးမှ​ပေါ့လို့။ ငါ​ပြောသလိုသာ လုပ်​ကြည့်​လိုက်​အဲ့ဒါဆို နင်​အဆင်​ပြသွားမှာ ကျိန်း​သေတယ်​... "

" ဘာများလဲ ? "

မိုး​မေးတာ့ ဇာလီ ခပ်​တိုးတိုးသာပြန်​ပြောသည်​။

" နင်​ငါ့ကို​ပြောခဲ့တယ်​လေ ဆရာမက နင့်​ခံစားချက်​အမှန်​ကို သိ​နေတယ်​လို့ ..... "

" အင်း .... "

" အဲ့​တော့ ဒီလိုလုပ်​..... #%E~SX÷°!%&1 ....... "

၂ ကိုယ်​ကြားရုံမျှ​ပြော​လိုက်​တဲ့ ဇာလီတင့်​ရဲ့စကား​ကြောင့်​မိုး မျက်​လုံး​တွေ ထပ်​မံပြူးကျယ်​လာရပြန်​သည်​။

" ဟာ နင့်​ဟာကလဲ ဖြစ်​ပါ့မလား .... မဖြစ်​ဘူး​နော်​... "

" ဘာလို့မဖြစ်​ရမှာလဲ ... နင်​တခါလုပ်​ဖူး​သေးတာပဲ ဘာလို့ ၂ ခါမလုပ်​ရဲရမှာလဲ .... "

" ဟာ ရူး တိုးတိုး​ပြောစမ်းပါ ... "

"​အောင်​မယ်​လုပ်​မ​နေစမ်းနဲ့ ဘယ်​သူမှမသိဘူး ... "

" နင်​က​တော့​လေ တကယ်​ပဲ .... "

" ငါ​ပြောသလိုသာ လုပ်​ကြည့်​လိုက်​.... သူတကယ်​သာနင့်​အ​ပေါ်ခံစားချက်​ရှိ​နေရင်​... ပြန်​ပြီးတုံ့ပြန်​လိမ့်​မယ်​..... "

" မရှိရင်​ကော ? "

" နင်​ပါးကျိုးရုံ​ပေါ့ ..... "

" ငင့်​..... "

မိုး သူ့ပါး​လေးသူကိုင်​ပြီး ခပ်​ဖွဖွပွတ်​ရင်း​မျက်​လုံးထဲ ပုံရိပ်​တွေမြင်​ယောင်​ကာ​ကျောချမ်း​နေမိပါသည်​။

အဲ့အခါဇာလီတင့်​ ထရယ်​ကာ

" သိပ်​လည်း ကြောက်​မ​နေစမ်းပါနဲ့ဟယ်​။ ဆရာမက နင့်​အ​ပေါ်ဒီ​လောက်​ဂရုစိုက်​တာ နင်​ပါးကျိုး​အောင်​လုပ်​ပါ့မလား။ နင်​ပြန်​စဉ်းစားကြည့်​စမ်းပါ မိုးဝဿန်​လွင် ရယ်။ ဘယ်​သူကများ ကိုယ့်​အသက်​လောက်​မချစ်​ပဲနဲ့ သူ့အသက်​ကို​တောင်​ပေးပြီး ကာကွယ်​ရဲမှာတဲ့လည်း ဟယ်​... "

'အင်း ... အဲ့ဒါ​တော့ဟုတ်​တယ်​.. ဇာလီ​ပြောတာ​တွေ တကယ်​များဖြစ်​နေမလား ... ငါစမ်းကြည့်​တာ မမှားပါဘူး​လေ .... ´

မိုး ခပ်​သဲ့သဲ့​လေး ကိုယ့်​အ​တွေးနဲ့ကို​ယ်​ပြုံးလိုက်​မိ၏ ။

🌧️     🌧️     🌧️

Continue Reading

You'll Also Like

367K 20.5K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...
405K 16.3K 46
ကြယ်ကလေးတွေလည်း လင်းလက်နေပါသေးသည်။ လမင်းကြီးလည်း ထိန်ထိန်လင်းနေပါသေးသည်။ ငှက်ကလေးတွေလည်း ပျံဝဲနေပါသေးသည်။ လေကလေးတွေလည်း တိုက်နေဆဲသာ။ ချစ်သေးရဲ့လားတဲ့...
536K 48.1K 143
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
254K 13.9K 65
ကျွန်မခန္ဓာကိုယ်ရဲ့ဘယ်ဘက်ရင်အုံမှာရှိတဲ့နှလုံးသားကတစ်ချက်ခုန်တိုင်း "အန်တီ" လို့မြည်နေတာပါ...။ Start date_21.5.2022 End date_30.4.2023