မ ကစာတွေမလုပ်သေးဖို့မှာထားခဲ့ပေမဲ့ မိုး သင်္ချာတွေထိုင်တွက်နေမိသည်။နေ့လည်တခြားလဲ လုပ်စရာမရှိတာကြောင့်စာလုပ်ရင်းသာ သူ့မမပြန်အလာကိုမျှော်နေမိသည်။ ဖြစ်နိုင်မယ်ဆိုရင်နာရီလက်တံတွေကိုသာ ကိုယ့်စိတ်တိုင်းကျ ဆွဲလှည့်ပစ်လိုက်ချင်ပါသည်။
ကျောင်းဆင်းချိန်ရောက်တော့ လင်း မိုး ဆီသို့ဖုန်းခေါ်လိုက်ပြီး
" ကလေး ဘာစားချင်လဲဟင်? မ ဘာဝယ်ပေးခဲ့ရမလဲ ? "
" ထွေထွေထူးထူးစားချင်တာတော့ မရှိပါဘူး မရယ်။ မဝယ်ခဲ့ပါနဲ့နော်... "
" အဖျားကောရှိသေးလားဟင်ကလေး ဘယ်လိုနေသေးလဲ ? "
" မရှိတော့ပါဘူးမရဲ့ ... သက်သာနေပါပြီ ... "
" ဟုတ်လား ဒါပေမဲ့ဖျားပြီးကာစဆိုတော့ ကလေး မာမာတွေစားလို့ဖြစ်ဦးမယ်မထင်ဘူး။ မ ကြာဇံထုတ်လေးလမ်းထိပ်ရောက်ရင်ဝင်ဝယ်ခဲ့မယ်နော်။ အိမ်ရောက်တော့ ပြုတ်ပေးမယ်ဟုတ်ပြီလား .... "
" ရပါတယ်မရယ်တကူးတကကြီး မလိုပါဘူး။အခု အပြန်ကို ဘကြီးညိုကားနဲ့ ပြန်လာမှာမဟုတ်လား မ ? "
" ဘကြီးညိုကို လာမကြိုခိုင်တော့ဘူး ကလေးရဲ့ ... အ တစ်ယောက်တည်းအတွက်နဲ့ လာခိုင်းရမှာ အားနာလို့လေ ... သူလဲ အသက်ကြီးပြီမဟုတ်လား ... နားပါစေဆိုပြီး လာမကြိုပါနဲ့တော့လို့ မှာလိုက်တယ်.... Bus ပဲစီးခဲ့မယ်လေ ကလေး ... "
" မရယ်ပင်ပန်းတော့မှာပဲ ညကလဲ မိုးကြောင့်အိပ်ရေးပျက်ထားရတာ မဟုတ်လား .... "
" မပင်ပန်းပါဘူး ကလေးရယ်....ဟောပြောရင်းဆိုရင်း Bus ကားတောင်လာနေပြီ ... ဖုန်းချလိုက်တော့မယ်နော်ကလေး .... "
" ဟုတ်ကဲ့ ကားအတက်အဆင်း ဂရုစိုက်နော်မ ... "
" ဟုတ်ပါပြီရှင့်.... "
တခါတလေကျ လူကြီးဆန်လွန်းသည့်စကားများဆိုတတ်ပါသော အဲ့ဒီကလေးလေးကြောင့်လင်း သဘောကျစွာ ပြုံးမိရတာကတော့ အခေါက်ပေါင်းမနည်းတော့ပေ ။
X X X X X X X X
" မူယာရေ .... "
" ကိုကြီး .... မူယာ့ကိုလဲပြောပါဦး ... သန်ဘက်ခါမှ ပြန်ရောက်မယ်ဆိုပြီး ဘယ်လိုဖြစ်ပြီး ..... "
ဦးကောင်းထက်ဧည့်ခန်းကခုံတွင်ဝင်ထိုင်ကာ
"flight ကအားချင်းရတယ်လေ ... အလုပ်ကိစ္စကလဲစောစောအပြီးသတ်လာနိုင်ခဲ့တယ်အဲ့ဒါကြောင့်.... ဒါနဲ့ သမီးလေးကော .... အန်တီဝင်းရေ သမီးလေးကို သွားခေါ်ပါဦးဗျာ .... "
သူ့အနောက်မလှမ်းမကမ်းမှာရပ်နေသည့်ဒေါ်လေးဝင်း ကိုလှမ်းပြောတော့ဒေါ်လေးဝင်း ပြန်မဖြေခင်မှာပဲ ကြားကနေဒေါ်မူယာသွယ်က
" ကိုကို့သမီးလေးက သူ့ဆရာမအိမ်မှာ သွားနေနေတယ်လေ ... တစ်ပတ်တောင်ရှိနေပြီ .... "
" ဟင်ဟုတ်လား ... "
ကြားလိုက်ရသည့်စကားကြောင့်ဦးကောင်းထက်အပန်းမပြေဖြစ်ခဲ့ရပါသည်။ သူ့သမီးပို့ထားတဲ့ Gmail ကိုလဲ သူသိပုံမပေါ် ။ရောက်ရောက်ချင်း သူ့သမီးလေးမျက်နှာကို မြင်ချင်ခဲ့တာမဟုတ်ပါလား ။ သူ့သမီးလေးကို မြန်မြန်တွေ့ချင်ခဲ့တာမို့ အလုပ်ကိစ္စတွေကိုတောင်နေ့မနားညမနားခဲ့ပဲ အားကြိုးမာန်တက်လုပ်ခဲ့ပေမဲ့ ယခုပြန်လာသောအခါမှာ သူ့သမီးကမရှိတာမို့ ဦးကောင်းထက်ဝမ်းနည်းမှုဆိုသည့်အရာကို ခံစားမိလိုက်၏ ။
" Hanna လေးက ဘာလို့ သူ့ဆရာမအိမ်မှာသွားနေရတာလဲ ? မူယာနဲ့ဖြစ်ခဲ့တဲ့ ပြသနာကြောင့်များလား ? ဒါမှမဟုတ်သူ့ဆရာမကို အရမ်းခင်တွယ်နေပြီလား ငါ့ထက်ပိုပြီးတော့လေ ??? "
ဦးကောင်းထက်ရင်ထဲမေးခွန်းထုတ်ရင်း
" ကိုယ်က သမီးလေးအတွက်ကင်မရာတစ်လုံးဝယ်ခဲ့ပေးတာ .... သမီးလေးက ဓာတ်ပုံရိုက်ရတာ သိပ်ဝါသနာပါတာ မဟုတ်လား .... "
ဦးကောင်းထက်ရဲ့အသံမှာလေးပင်လွန်းလှပြီး ဝမ်းနည်းမှု တမ်းတလွမ်းဆွတ်မှုတွေကိုဖော်ကြူးနေပြန်တာမို့ဒေါ်မူယာသွယ်အမှန်တိုင်းပြောရရင်မနာလိုဖြစ်မိပါသည်။ မိန်းမကိုရှေ့မှာ ငုတ်တုတ်ထားပြီးတော့ သမီးဖြစ်သူကို တမ်းတပြနေတာမို့ အတော်လေးမနှစ်မသက်ဖြစ်နေပါသည်။ သို့ပေမဲ့လဲ မျက်နှာချိုသွေးပြီး မာယာမျက်နှာဖုံးစွတ်ကာ
"အော်ကိုကြီးရယ်ဖုန်းဆက်ပြီး ပြန်ခေါ်လိုက်လို့ရပါတယ်... အဲ့လောက်ကြီးလဲ စိတ်မကောင်းမဖြစ်ပါနဲ့ ... မနက်ဖြန်ကျကျောင်းပိတ်ရက်မဟုတ်လား ဦးလေးညိုကိုလွှတ်လိုက်မယ်လေ .... "
" အင်း မူယာပြောသလိုပဲ လုပ်လိုက်တာပေါ့ .... "
" ကဲ ကိုကြီးအဝတ်အစားလဲပြီးရေလေးဘာလေးချိုးဦးလေ ... ခရီးပန်းလာတာလေး လန်းသွားအောင်.... "
" အင်း မူယာ ... "
X X X X X X X X
ဒီနေ့ ကလေးမပါပဲ တစ်ယောက်ထဲပြန်လာခဲ့ရလို့လားတော့မသိ ။ လင်း ရင်ထဲတစ်ခုခုကိုလွမ်းဆွတ်နေသလိုလိုပင်။ တစ်မနက်လေးမတွေ့ရတဲ့ဟာကို ဘာလို့အဲ့လောက်တောင်သတိရနေပါလိမ့်လို့ လင်း အကြိမ်ကြိမ်တွေးနေမိပြန်သည်။
Bus ကားပေါ်မှာ အခြားလူတွေကိုကြည့်ရင်း Bus ကားပေါ်ယိမ်းထိုးနေသည့်သူ့ကလေးရဲ့ပုံရိပ်လေးတွေက ပြန်လည်မြင်ယောင်လာပြန်သည်။ ဒီလိုနဲ့ပဲ သူ့ကလေးကိုမြန်မြန်တွေ့ချင်တာမို့ ကားပေါ်ကဆင်းသည်နှင့်လမ်းထိပ်ကုန်စုံဆိုင်မှာ ကြာဇံထုတ်လေးတွေဝင်ဝယ်ပြီး အိမ်သို့သုတ်ခြေတင်ခဲ့ပါတော့သည်။
ခြံတံခါးကိုတွန်းဖွင့်လိုက်ပြီး အထဲသို့ဝင်ကာ အိမ်ထဲသို့ဝင်လိုက်သည်နှင့်
"မေမေ ... ကလေးကောဟင်? "
အိမ်ရှေ့ခန်းကခုံလေးမှ ထိုင်နေသည့်အမေအားလင်းမေးလိုက်တော့
" အခန်းထဲမှာသမီး ...လေကွယ်တဲ့နေရာမှာပဲမေမေနေခိုင်းထားတာ .... "
"အော်ဟုတ်.... "
အခန်းထဲက မမမိုးကတော့ သူ့မမသံကြားလိုက်တာနဲ့ အခန်းအပြင်သို့အပြေးအလွှားထွက်လာပြီး သွားလေး ၃၂ချောင်းဖြီးကာ
" မ .......... "
" ကလေး .... "
ဖိနပ်ချွတ်ကနေ အိမ်ထဲဝင်လာသည့်လင်း ရဲ့ဆွဲခြင်းတောင်းလေကို မိုး ဆွဲယူပေးပြီး
" မ နည်းနည်းနောက်ကျတယ်နော်.... "
" လမ်းပိတ်လို့ ကလေးရယ်.... ကလေးနေ့လည်စာ ဆန်ပြုတ်စားထားသေးလား ? "
" ၁၁ နာရီလောက်ကတော့ တစ်ခွက်သောက်ထားတယ်မ ... "
လင်း သူ့ကလေးရဲ့နဖူးကို လက်ဖဝါးလေးနဲ့အသာစမ်းပြီး
" နဖူးလေးကတော့အေးနေပါပြီ ..... "
" အဖျားက မနက်ကတည်းက မရှိတော့တာ သမီးရဲ့ .... အဲ့ဒါကြောင့်မေမေဆေးခန်းကို မခေါ်သွားတော့တာ ... မနက်က နိုးနိုးချင်း ဆန်ပြုတ်လေးတိုက်ပြီးဆေးတစ်လုံးထပ်တိုက်ထားသေးလို့ထင်တယ်အဖျားတော့လုံးဝမတက်လာတော့ဘူး .... "
မေမေကပြောတော့
"တော်သေးတာပေါ့ ..... မနက်ကကျောင်းမှာ စာသင်နေပေမဲ့ ကလေးများထပ်ဖျားနေမလားဆိုပြီး စိတ်ပူနေရတာ ..... "
" မပူပါနဲ့ မ ရယ်..... မိုး အအေးလေးနည်းနည်းမိသွားရုံပါ .... ကဲ မ အဝတ်အစားတွေ လဲဦးနော်..... "
" ဟုတ်ကဲ့ပါရှင့်.... "
သွားလေးဖြီးနေသည့်သူ့ကလေးလေးရဲ့ပါးကို လင်း လက်လေး ၂ ဖက်ဖြင့်ကိုင်လိုက်ရင်း ရယ်ရယ်မောမောပြောလိုက်လေသည်။
လင်း အခန်းထဲဝင်လိုက်တော့ စာပွဲဝိုင်းလေးပေါ်၌ စာအုပ်လေးတွေအစီအရီတင်ထားတာမို့
" ကလေးစာတွေလုပ်နေတာပေါ့ .... မပြောတယ်နားနားနေနေနေပါဆို ..... "
လင်းရဲ့စကားကိုကြားတော့ အိမ်နောက်ဖေးမှာ သူ့မမရဲ့ထမင်းချိုင့်ကိုဆေးဖို့ဟန်ပြင်နေသည့်မိုး တစ်ယောက်ရယ်လိုက်ရင်း
" ဒီတိုင်းကြီးအိပ်နေရမှာ ပျင်းလို့ပါ မ ရယ်..... "
လင်း အခန်းထဲ အကျီလဲနေရင်း သူ့တပည့်အဖြေကြောင့်သဘောကျစွာပြုံးလိုက်မိပြန်သည်။ စာကြိုးစားလွန်းသူလေးမို့ ဘယ်ဆရာကများမချစ်ပဲနေနိုင်ပါ့မည်နည်း။
အဝတ်အစားလဲ ဆံထုံးလေးကိုဖြည်ချရင်း ဆံပင်ကိုစုစည်းပြီး အခန်းအပြင်ပြန်ထွက်လာတော့
" ကလေး ဘာတွေလုပ်နေတာလဲ ? "
အိမ်နောက်ဖေးမှာ ကုပ်ကုပ်ကုပ်ကုပ်လုပ်နေသည့်ကလေးမအနားသို့ လင်း သွားကြည့်လိုက်တော့ သူ့ကလေးမက သူ့ရဲ့ထမင်းချိုင့်ကိုဆေးပေးနေပြန်ပါပြီ။
" ဟယ်ကလေးရယ်။ ထမင်းချိုင့်တွေဆေးနေပြန်ပြီကွယ်။ ရေအေးတွေကိုင်ပြီး အအေးပတ်ကုန်တော့မှာပဲ .... မလုပ်ပါနဲ့ မ ဘာသာဆေးပါ့မယ်ကလေးရယ်.... "
" မ,ရယ်။ ထမင်းချိုင့်လေးဆေးပေးရုံလောက်နဲ့တော့ အအေးမပတ်ပါဘူး ....ဒီမှာဆေးလို့တောင်ပြီးနေပါပြီ ..... "
" ဒီ ကလေးလေးကတော့ တကယ်ပါပဲ .... "
နှုတ်ခမ်းလေးဆူကာပြောနေသည့်သူ့မမကိုကြည့်၍ မိုး ရယ်လိုက်မိသည်။
" မ သိလား။ မ အဲ့လို နှုတ်ခမ်းလေးစူရင်လေ ... တအားချစ်ဖို့ကောင်းတယ်.... "
သူ့မျက်နှာကိုမျက်တောင်တချက်မခတ်ပဲငေးကြည့်နေတဲ့ မိုး ကိုကြည့်ပြီး လင်း အနည်းငယ်ရှက်သွေးဖြာခဲ့ရပြန်သည်။ ရုတ်တရက်ရင်ခုန်နှုန်းတွေမြန်လာသဖြင့်လင်း စကားလမ်းကြောင်းလွှဲဖို့ ကြိုးစားလိုက်၏ ။
" ဟိုလေ ... မ ကြာဇံထုတ်လေးဝယ်လာပေးသေးတယ်ဆွဲခြင်းတောင်းထဲမှာ သိလား .... "
ရှက်သွေးဖြာနေတဲ့ သူ့ရဲ့ 'မ' ကိုကြည့်ပြီး မိုး ပြုံးကာကြောင်အိမ်ကိုလက်ညိုးထိုးလိုက်၏ ။
" ခြင်းတောင်းထဲက ထုတ်ပြီးကြောင်အိမ်ထဲထည့်ထားလိုက်ပြီ မ .... "
"အော်အော်အင်း ... ကလေး .... ဟို ... ကလေး ဗိုက်ဆာရင်ပြောနော်.... "
" ဟုတ်ကဲ့ ..... မ လဲထမင်းစားဦးလေ ..... "
" ခဏနေမှစားမယ်ကလေး ..... "
X X X X X X X X
ကျောင်းမှာ မိုး ပျက်သွားသည့်စာအချို့ကို လင်း ပြန်လည်ရှင်းပြခဲ့၏ ။ ထို့နောက်မှာတော့
မိုး ကတွက်စာအချို့ထိုင်တွက်နေပြီး လင်း ကတော့ကျောင်းမှာတပည့်တွေကို အင်္ဂလိပ်စာ meaning သတ်ပုံတွေခေါ်ပြီးဖြေခိုင်းထားသည့်စာရွက်ကလေးတွေကို စာစစ်အမှတ်ခြစ်ပေးနေ၏ ။
" ဝါး .. "
လင်း လက်ကလေးအုပ်ကာ အနည်းငယ်သမ်းလိုက်မိသဖြင့်
" မ ညကမိုးကြောင့်အိပ်ရေးပျက်သွားတယ်.... "
" မပျက်ပါဘူး ကလေး ရယ်..... "
" ပျက်ပါတယ်မရယ်မိုး သိပါတယ်။ အခု မ အိပ်ချင်နေတယ်မဟုတ်လား ခဏဖြစ်ဖြစ်အိပ်လိုက်ပါလား .... "
" ထမင်းစားလိုက်လို့ နည်းနည်းအိပ်ချင်သလိုဖြစ်လာတာပါ။ မ အိပ်လို့မဖြစ်သေးဘူး ကလေးရဲ့။ ဒီစာရွက်တွေအကုန်စစ်ပေးရဦးမှာ ... ပြီးတော့ ကလေးအတွက်ကြာဇံလဲပြုတ်ပေးရမယ်.... "
" မရယ်မိုး မဆာသေးပါဘူးဆို။ စာက ညမှစစ်လဲ ရတာပဲဟာ ... ခဏလေးဖြစ်ဖြစ်နားလိုက်ပါနော်။ မိုး အိပ်ယာခင်ပေးမယ်လေ .... "
" ရပါတယ်ကလေးရယ်..... မလုပ်ပါနဲ့ .... မ မအိပ်ချင်ပါဘူး ..... "
လင်း တအားငြင်းနေတော့ မိုး ရဲ့နှုတ်ခမ်းလေးမှာ ဆူလာပြီး
" မ ကအမြဲ မိုးပြောတာဆို လက်မခံပေးဘူး ..... "
ဆူပုတ်ပုတ်သူ့ကလေးရဲ့ မျက်နှာကြောင့်လင်း ပျာပျာသလဲဖြင့်
" ဟယ်မဟုတ်ရပါဘူး ကလေးရယ်.... "
" အဲ့ဒါဆို မိုး အိပ်ယာခင်းလိုက်မယ်ခဏနားလိုက်နော်.... "
သူ့ရဲ့ကလေးလေး နှုတ်ခမ်းရှေ့တစ်တောင်လောက်စူ ထွက်မလာခင်မှာပဲ လင်းခေါင်းညိမ့်ပြလိုက်ရပါတော့သည်။
" ကဲ ဟုတ်ပါပြီကွယ် ... "
" ဟီး အဲ့လိုမှပေါ့ မ ရဲ့ ... "
ချက်ချင်းပြုံးဖြီးသွားသူ ပိုးဟပ်ဖြူလေးကြောင့်လင်း ရယ်လိုက်မိတော့သည်။
အော်သူလေးက ငါ့အတွက်အဲ့လောက်တောင်ဂရုစိုက်ပေးတတ်ပါလား .. ဒီလိုကျတော့လဲ လူကြီးကတောင်အရှုံးပေးရတဲ့ ကလေးလေး ။
အိပ်ယာကို တက်တက်ကြွကြွခင်းပေးနေသည့်သူ့ကလေးအား လင်းငေးကြည့်နေမိပါတော့သည်။
ဖျာလေးကိုခင်းသည်ပြီးတော့ စိတ်ရှည်လက်ရှည်ဖြင့်စောင်ခေါက်လေးကိုဖြန့်ခင်းပြီးနောက်ခေါင်းအုံးလေးတစ်လုံးချပေးကာ
" ရပြီ မ ..... အနားယူတော့နော် "
မိုးပြောတော့ လင်း ပြုံးပြုံးလေးခေါင်းညိမ့်ပြရင်း
" ဟုတ်ပါပြီရှင့် .. "
ခြစ်လက်စအမှတ်တွေကို ခဏရပ်ဆိုင်းထားရင်း လင်း သူ့ကလေးခင်းပေးသည့်အိပ်ယာထက်ဝယ်လှဲလျောင်းလိုက်၏ ။
မိုး ကတော့အိပ်ယာဘေးနားက စားပွဲဝိုင်းပုလေး၌ ပြန်ထိုင်ကာ chemistryတွေထိုင်လုပ်နေသည်။ လင်းဘေးစောင်းလေးလှဲရင်း စာလုပ်နေတဲ့သူ့ကလေးလေးမျက်နှာကိုငေးမောကြည့်နေမိသည်။ အခုနောက်ပိုင်းမှ ထူးထူးခြားခြား သူလေးကိုငေးကြည့်စိုက်ကြည့်လိုက်တိုင်း လင်း ရင်တွေတဒိတ်ဒိတ်ခုန်လာသည်များကိုတော့ ညာလို့မရခဲ့ ။ ဘာလို့အဲ့လိုရင်တွေခုန်လာသလဲဆိုတာလဲ သူ့ဘာသာသူ တိတိကျကျရှာဖွေမတွေ့ခဲ့ပေ ။ သူလေးလေးနက်နက်တွေးပြန်ရင်လဲ အဖြေတွေကပျောက်ဆုံးနေဆဲ ။
အမြဲမျက်စိရှေ့ဝဲကျနေတဲ့ဆံနွယ်လေးတွေ နှာတံစင်းစင်းလေးနဲ့ နှုတ်ခမ်းနီမဆိုးပါလျက်နဲ့ ပန်းနုရောင်သမ်းနေတဲ့နှုတ်ခမ်းတစ်စုံတို့က လင်း ရဲ့အကြည့်တွေကိုမလွှဲနိုင်အောင်စွဲဆောင်နေသလိုလို ။
" ဒုတ် ဒုတ် ဒုတ်.... "
နင်ရူးများနေသလား လင်းဝတ်ရည်သော်.... ဘာတွေဖြစ်နေပြန်တာတုန်း .....
" ဟူးးးး ..... "
လေးလေးပင်ပင်ချလိုက်တဲ့ လင်း ရဲ့သက်ပြင်းသံကြောင့်မိုး စာအုပ်ကိုကြည့်နေသည့်အကြည့်ကိုလွှဲရင်း သူ့မမဆီလှမ်းကြည့်ကာ
" မ အိပ်လို့မရလို့လား ? "
" အင်း .... ရင်တွေတုန်နေလို့ ... "
ဘာရယ်မဟုတ်မျက်နှာလေးရှုံ့ခါ ရင်တွေခုန်နေသည်ဆိုတဲ့စကားလုံးအစား ရင်တွေတုန်နေပါတယ်လို့ လင်း ပါးစပ်မှလွှတ်နဲထွက်သွားတာမို့
" ဟင်ရင်တွေတုန်နေတာလား။ ညက အိပ်ရေးပျက်ထားလို့ဖြစ်မယ်ထင်တယ်.... မ အားနည်းနေပြီထင်တယ်ပုံမှန်သောက်နေကျအားဆေးမသောက်ဘူးလား ? "
" ပုံမှန်သောက်နေကျ အားဆေးရယ်လို့တော့ မရှိပါဘူးကလေးရယ်။ မ,ကဒေါင်ဒေါင်မြည်လေ အဲ့ဒါကြောင့်ဘာဆေးမှမသောက်ဘူး ... "
လင်း ရယ်ပြီးပြောနေပေမဲ့ မိုး ကတော့မျက်နှာလေးမဲ့ကာ
" မရဘူး။ မနက်ဖြန်ကြရင်မ အတွက်အားဆေးဝယ်ပေးမယ်။မိန်းကလေးဆိုတာ အနည်းဆုံးတော့ သံဓာတ်အားဆေးလိုအပ်တယ်မ ရဲ့။ မိုး တို့အရွယ်ထက် မ,တို့အရွယ်က ပိုလိုအပ်တယ်... "
မသိလျှင်ဆရာဝန်ကြီးအထာနဲ့ အထာကျကျပြောနေသည့်သူ့ကလေးစကားလုံးတွေကြောင့်လင်း မျက်ခုံးလေးပင့်တင်လိုက်ကာ
"အောင်မယ်ဒီလိုကျတော့လဲ ဆရာဝန်ကြီးကျနေတာပဲနော်။ ကလေး ကြီးလာရင်ဆရာဝန်လုပ်ပါလား ..... "
လင်းပြောတော့ မိုး မျက်လုံးလေးပေကလပ်ပေကလပ်လုပ်ပြီး
" မ ကလုပ်စေချင်တယ်ဆိုရင်လုပ်မှာပေါ့ မရဲ့။ မ က မိုး ကိုဆရာဝန်ကြီးဖြစ်စေချင်တာလား ? "
လင်းခေါင်းလေးညိမ့်လိုက်ပြီး
" အင်း ... ကလေးကို ဆရာဝန်ကြီးဖြစ်စေချင်တယ်။ အဲ့ဒါမှ မ ဖျားတဲ့အခါ ကလေးကဆေးကိုမနာအောင် ထိုးပေးမှာပေါ့ ... ဟုတ်တယ်မဟုတ်လား ခစ်ခစ်.... "
ကလေးတစ်ယောက်လို တခစ်ခစ်နဲ့ ရယ်နေတဲ့ မ ကိုကြည့်ပြီး မိုး ပါလိုက်ရယ်မိလေသည်။
အော်ဘယ်လိုတောင်ချစ်စရာကောင်းရတာလဲ မရယ်...
" ဆရာဝန်ဖြစ်ရင်မ ကိုဆေးမနာအောင်လဲထိုးပေးမယ်အားဆေးတွေလဲ အများကြီးတိုက်မယ်ဟုတ်ပြီလား။ အခုတော့ ဆရာဝန်ဖြစ်အောင်စာကြိုးစားလိုက်ဦးမယ်နော်။ မ လဲအိပ်ပျော်အောင်အိပ်တော့ ... တအားရင်တုန်နေတယ်ဆိုရင်ညနေဆေးခန်းသွားကြမယ်လ .... "
ဆေးခန်းဆိုတဲ့အသံ လင်း ကြားလိုက်တာနဲ့ခေါင်းကိုခါယမ်းပစ်ပြီး
" မတုန်တော့ဘူး အိပ်တော့မယ်နော်ကလေး .... "
ဆေးခန်းသွားရမှာကြောက်လို့ မျက်လုံးကိုတင်းတင်းမှိတ်သွားတဲ့ ကလေးအကြီးစား မလင်းဝတ်ရည်သော်ကို မိုးကြည့်ပြီး သဘောကျစွာပြုံးလိုက်မိ၏ ။
မိနစ်၂၀ကျော်လောက်ကြာတော့ လင်း အိပ်ပျော်သွားပုံရသည်။ မိုး စာလုပ်နေရင်း သူ့ရဲ့မမကို လှမ်းလှမ်းကြည့်နေမိသည်။
ပြီးတော့ လင်း အမှတ်ခြစ်လက်စအဖြေလွှာလေးတွေကိုကြည့်လိုက်တော့ သူပိုင်ပိုင်နိုင်နိုင်ရထားသည့်စာတွေဖြစ်လေသည်။ ထို့ကြောင့်မှင်နီဘောပင်လေးကိုကိုင်ကာ မ ရဲ့ကိုယ်စား သူကဆရာမဝင်လုပ်လိုက်၏ ။
ဟန်ကျပန်ကျကျောင်းဆရာမတစ်ယောက်စတိုင်လ်ဖြင့်အမှတ်လဲခြစ်စိတ်ထဲကနေလဲ
' ဒီလောက်လွယ်တဲ့စာလုံးတွေကိုသောက်သောက်လဲမှားတဲ့လူကလဲ ရှိသေးတယ်... ဒီလိုတပည့်တွေရှိတဲ့အတွက်မတော့ရင်မောရမှာပဲ။ငါနဲ့များကွာပါ့ ... ဟင်း ... '
မသိလျှင်လူကြီးတစ်ယောက်လို သက်ပြင်းရှည်လေးချလို့ ။ အမှတ်တေခြစ်လို့အပြီးမှာတော့ သူ့အကြည့်တွေက လင်း ဆီသို့ရောက်ရှိသွားခဲ့သည်။ လင်း ရဲ့အိပ်မောနေတဲ့ပုံစံမှာ မိုး ကိုငေးမောသွားစေခဲ့သည်။
ပါးပြင်ဖြူဖြူနုနုလေး။ လည်တိုင်မှာရှိနေတဲ့ မှဲ့လေးတစ်လုံး။ ဖြောင့်တန်းသည်မျက်ခုံးလေးနဲ့ မျက်တောင်ကော့ကော့လေးများ၊ ဖြောင့်စင်းနေတဲ့နှာတံလေး .. အထူးသဖြင့်ပန်းနုသွေးရောင်နှုတ်ခမ်းဖူးဖူးလေးတို့ဟာ မိုး ကိုစွဲဆောင်နေသလိုလို .. ။
" ဂလု .... "
မိုး ဖြည်းဖြည်းလေးချင်းစီ လင်း ရဲ့အနားသို့ရွှေ့သွားလိုက်မိသည်။ ပြီးတော့ လင်း ရဲ့မျက်နှာလေးကို အနီးကပ်ငေးမောနေ၏ ။
ရင်တွေခုန်လိုက်တာ မ ရယ်... မိုး ... မိုး ရင်တွေတအားခုန်နေတယ်.....
အခန်းတံခါးကို လှည့်ကြည့်တော့ အခန်းတံခါးဂျလက်လေးချထားသည်။
ဒီတခါလေးပဲ ဒီတခါလေးပဲ အရဲစွန့်ပါရစေ ... ဒီတခါလေးပဲ .... အသားယူသလိုဖြစ်သွားမလား ? ငရဲများကြီးသွားမလား ????
မိုး ရဲ့စိုးထိတ်မှုတွေဟာ လင်း ရဲ့စတော်ဘယ်ရီလို ချိုမြိန်မည့်ပုံသဏ္ဍာန်ပေါက်နေသည့်လင်း ရဲ့နှုတ်ခမ်းဖူးဖူးလေးရဲ့ စွဲဆောင်မှုကို မလွန်ဆန်နိုင်ခဲ့ ။
အို ဖြစ်ချင်ရာဖြစ်ကွာ ... ဒိတခါလေးပဲ ဒီတခေါက်ပဲ အရဲစွန့်ပါရစေ ....
မ ..... မိုး ကိုခွင့်လွှတ်ပေးပါ ......
နောက်ဆုံးမှာတော့ မိုးဝသန်လွင်သည်ခါးလေးကိုကိုင်းခေါင်းလေကိုငုံ့ခါဖြင့်လင်းဝတ်ရည်သော်၏နှုတ်ခမ်းဖူးဖူးလးပေါ်သို့ သူ့ရဲ့နှုတ်ခမ်းဖျားလေးနဲ့ ထိစပ်လိုက်လေတော့သည်။ နှုတ်ခမ်းချင်းထိစပ်ပြီးတဲ့နောက်မှာတော့ မိုး ကိုယ်ကိုပြန်မတ်လိုက်ချိန်
" ဟင်!!!! မ !!!!! "
လင်း ရွှန်းလဲ့နေသည့်မျက်လုံးတစ်စုံကို ဖွင့်လိုက်ကာ မိုး ကိုကြည့်လိုက်သဖြင့်မိုးကြောက်လန့်တကြာနောက်သို့ ဆုတ်လိုက်ရင်း
" မ ~~ မ ~~ မိုး ~~~ မိုး ~~တောင်း ~~တောင်း ပန်ပါတယ် ~~ "
မိုး နှုတ်ခမ်းတွေတုန်ယင်နေပြီး ကတုန်ကယင်ဖြင့်လင်း ကိုတောင်းပန်စကားဆိုလိုက်မိလေသည်။
🌧️ 🌧️ 🌧️