Don't Stop Believing

By JE_Rain

587K 37.4K 3K

ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... More

Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62

Episode - 20

6.8K 547 36
By JE_Rain


လင်း​ပေးတဲ့အင်္ကျီကို မိုး သိပ်​သ​ဘောကျလွန်းလို့​ ကျောင်းကိုမကြာခဏ​ ဝတ်​လာတတ်သည်​။ မိုးရွာတဲ့​နေ့ဆိုလဲ အိမ်​ပြန်​ခါနီး ကား​ဆီသွားဖို့​တောင်​စိုမှာဆိုးလို့တဲ့ ပြန်​ချွတ်​ကာ​ကျောပိုးအိတ်​ထဲ ကျွတ်​ကျွတ်​အိတ်​နဲထုတ်​ပြီးမှ ထည့်​လေသည်​။

ဒီလိုနဲ့ပဲ​နေ့​တွေည​တွေ အလီလီ​ပြောင်းလဲ​နေခဲ့သည်​။ မိုး မှာ​ကျောင်းစာ​တွေလုပ်​ရတဲ့ အလုပ်​အပြင်​နောက်​ထပ်​အလုပ်​တစ်​ခုရှိ​သေးသည်​။ ညညဆို ဒိုင်​ယာရီ​ရေးတဲ့အလုပ်​ပဲဖြစ်​ပေသည်​။ သူ့မှာ ဟိုးငယ်​စဉ်​အခါထဲက ဒိုင်​ယာရီ​လေး​တွေ​ရေး​ရေး​လေ့ရှိသည်​။ သို့​ပေမဲ့ လင်း နဲ့စ​တွေ့တဲ့​နေ့ကစပြီး သား​ရေအဖုံးအနက်​နဲ့ ဒိုင်​ယာရီစာအုပ်​လေးထဲမှာ သီးသန့်​ရေးသည်​။

​ရေးပြီးတာနဲ့ အမြဲထည့်​သိမ်း​နေကြဖြစ်​ပေမဲ့လဲ လူဆိုတာ တစ်​ကြိမ်​တစ်​ခါ​တော့ မှားယွင်းပြီး​မေ့​လျော့တတ်​ကြစမြဲမဟုတ်​ပါလား။

ထို​နေ့က August လ 31 ရက်​ဖြစ်​သည်​။ တိုက်​တိုက်​ဆိုင်​ဆိုင်​လင်း ရဲ့​မွေး​နေ့လဲ ဖြစ်​သလို ဒုတိယလပတ်​စာ​မေးပွဲရဲ့​နောက်​ဆုံး​နေ့ဖြစ်​၏ ။

မ​နေ့ညက မိုး, လင်း ကိုသူကိုယ်​တိုင်​လက်​နဲ့ဖန်​တီးထားတဲ့ အရာတစ်​ခုခုပြန်​လက်​ဆောင်​ပေးချင်​ခဲ့သည်​။ တစ်​ပတ်​လောက်​ထဲက သူကြိုစဉ်းစားပြီး အကြံရလိုက်​တာက​တော့ မ,ကိုသူကိုယ်​တိုင်​မွေး​နေ့ကိတ်​ဖုတ်​ပေးဖို့ပဲဖြစ်​သည်​။

၃၀ ရက်​နေ့ညက စာ​တွေကို အပြီးသတ်​စော​စောပြန်​နွှေးသည်​။ ထို့​နောက်​ဒေါ်ကြီးဝင်းနဲ့တူတူ သူဝယ်​ထားတဲ့ မုန့်​ဖုတ်​နည်းစာအုပ်​အတိုင်း ဝယ်​ထားတဲ့ပစ္စည်း အစုံပလုံနှင့်​ကိတ်​မုန့်​တစ်​လုံးဖြစ်​လာ​အောင်​ဖန်​တီးရှာသည်​။

သို့​ပေမဲ့ တူးတူးသွားတာနဲ့ အရသာမမှန်​တာ​ကြောင့်​လွှင့်​ပစ်​ရတဲ့ကိတ်​တွေက မနည်း။ တစ်​အိမ်​လုံးလဲ​ညော်​နံ့​တွေမွှန်​နေသဖြင့်​ဒေါ်မူယာသွယ်​ကလာပြီး ပွစိပွစိလုပ်​သေးတာ​ကြောင့်​မိုး နဲ့စကားများမလို​တောင်​ဖြစ်​ကြ​သေးသည်​။ လက်​မှာအပူ​တွေလဲ​လောင်​ခဲ့ရသည်​။

​နောက်​ဆုံးမှာ​တော့ မတူးတဲ့ ရနံ့​မွှေး​မွှေးကိတ်​လေးတစ်​လုံး ရရှိခဲ့​လေသည်​။ ထိုအခါ မိုး​ပျော်​လွန်းလို့ ထခုန်​ရပါ​သေးသည်​။ ပြီး​တော့မှ Chocolate cream နဲ့ Strawberry cream တို့ကို အ​ပေါ်က​နေ လှလှပပ​လေး သုတ်​ကာ ပုံ​ဖော်​၏။ အ​ပေါ်က Strawberry သီး​လေး​တွေ​တောင်​တင်​ပြီး အလှ​ဖော်​ထား​သေးသည်​။

" အရမ်းလှတယ်​မဟုတ်​လား အန်​တီဝင်း ? "

" သိပ်​လှတယ်​သမီး​လေး။ ဆရာမကြိုက်​မှာ ကျိန်း​သေတယ်​... "

သူ့ကိတ်​သူပြန်​ကြည့်​ပြီး မိုး တပြုံးပြုံးဖြင့်​ပီတိဖြာခဲ့သည်​။ အဲ့​နေ့ညက​တော်​တော်​မိုးချုပ်​နေပြီဆို​ပေမဲ့ သူ့ရဲ့​ရေး​နေကျ ဒိုင်​ယာရီ​လေးကို ထုတ်​ရေးဖြစ်​အောင်​ရေးလိုက်​သေးသည်​။

ဒါပေမဲ့​ ရေးပြီအမြဲအံဆွဲထဲသို့ ပြန်​ထည့်​နေကျသူမှာ ထို​နေ့ညက ဘယ်​လိုဖြစ်​ပြီးပြန်​မထည့်​မိမှန်း မသိ​တော့​ချေ ။ အရမ်းကိုပင်​ပန်း​နေပြီး​လေးလံတဲ့မျက်​ခွံတို့ကို မဖွင့်​နိုင်​တော့တာမို့ အိပ်​ယာထဲထိုးအိပ်​လေ​တော့သည်​။

မနက်​ရောက်​တော့လဲ အိပ်​ယာထ​နောက်​ကျမှနိုးတာမို့ စားပွဲ​ပေါ်ကို ဂရုစိုက်​မကြည့်​မိသွား။ အမြန်​ရေချိုးသွားတိုက်​ပြီး လွယ်​အိတ်​ကောက်​မကာ တစ်​ချိုးတည်း လစ်​သည်​။ မနက်​စာ​တောင်​မစားနိုင်​ခဲ့။

​ကျောင်း​ရောက်​တော့ စာ​မေးပွဲ​ဖြေကြရသည်​။​နေ့လည်​ကျောင်းဆင်းတဲ့အခါမှာ​တော့

" မ, ဘုရား မသွား​တော့ဘူးလား  "

" မနက်​ဖြန်​ပိတ်​တာပဲ မနက်​ဖြန်​မှ သွား​တော့မယ်​က​လေးရယ်​... "

" ဒါ​ပေမဲ့ ဒီ​နေ့က မ​မွေး​နေ့​လေ မနက်​ဖြန်​က​မွေး​နေ့မှ မဟုတ်​တော့တာ ... "

"​နေ့ရက်​တွေက အဓိကမကျပါဘူး က​လေးရယ်​။ အဓိကကျတာက စိတ်​ပဲ မဟုတ်​လား။ မနက်​ကအိမ်​ကဘုရားမှာ​ပန်း​ရေချမ်း ဆွမ်း​သေချာကပ်​လှူခဲ့ပြီးပြီ။ မနက်​အ​စောကြီး တန်းဆွမ်းခံကြွတဲ့ ဘုန်းဘုန်း​တွေကို​တောင်​မှ ဆွမ်း နဲ့ ဆွမ်းဟင်း ကပ်​လှူခဲ့​သေးတယ် ... "

"​အော်​ဒါဆို မနက်​က မ အ​စောကြီး ထရမှာ​ပေါ့​နော်​... "

" ၄ နာရီထဲက ထတယ်​..... ဒါပုံမှန်​ပါပဲ က​လေးရယ်​.... "

" အ​စောကြီးပဲ မိုး ဆို ၆ နာရီခွဲ​တောင်​မှ ပြူးပြဲထရတာ .... "

မိုး​ပြောပြီး ရယ်​လိုက်​သည်​။​ကျောင်းဆင်းလို့ အိမ်​ပြန်​ရောက်​တဲ့အခါ ခါတိုင်းလိုပဲ ဆရာတပည့်​၂​ယောက်​ထမင်းလက်​စုံအတူစားကြသည်​။ ပြီး​တော့

" မ အရင်​တက်​နှင့်​နော်​... မိုး​နောက်​ကလိုက်​လာခဲ့မယ်​... "

"​အော်​အင်း ပါက​လေး ..... "

လင်း လဲ​ရှေ့မှ တက်​သွားနှင့်​လိုက်​သည်​။ အခန်းထဲ​ရောက်​တော့ စာကြည့်​စားပွဲ​ပေါ်မှာ ခါတိုင်းနဲ့မတူပဲ စာအုပ်​တွေ ပြန့်​ကျဲ​နေတာ လင်း မြင်​လိုက်​တာမို့ ပြန့်​ကျဲ​နေသည့်​စာအုပ်​များအား လင်း တစ်​အုပ်​ချင်းစီယူကာ စီရီ​ပေး​နေသည်​။

ထိုစဉ်​

" ဘုတ်​..... "

လက်​နဲ့တိုက်​လိုက်​မိတာမို့ သား​ရေဖုံးအနက်​နဲ့စာအုပ်​လေးတစ်​အုပ်​အောက်​သို့ပြုတ်​ကျသွား၏ ။ လင်း လက်​ထဲမှာရှိ​နေတဲ့စာအုပ်​တွေကို​နေရာတကျ ထားလိုက်​ပြီးမှ​အောက်​ကိုကျသွားသည့်​စာအုပ်​လေးကို​ကောက်​ယူလိုက်​မိသည်​။

စာအုပ်​လေးက ပွင့်​လျက်​သားကျသွားတာမို့ လင်း​ကောက်​ယူလိုက်​စဉ်​အမှတ်​မထင်​စာအုပ်​ထဲမှ စာသားအချို့ကို မြင်​တွေ့လိုက်​ရ​လေ​တော့သည်​။

[1.6.2008]

' ​ကျောင်းတတ်တဲ့နေ့မှာတင်ကံကောင်းခြင်းတွေဟာ ယူဆောင်လာခဲ့သလား?

အေးစက်လွန်းနေတဲ့ လက်တစ်ဖက်ကို လာဆုက်ကိုင်ပေးတဲ့ရဲ့ လက်တွေဟာ သိပ်ကိုနွေးထွေးလွန်းနေခဲ့တယ်​။

အပြင်ကေအးစက်မှုအပြင်ရင်ထဲက တလှပ်လှပ်တုန်နေခဲ့တဲ့ကြောက်ရွံ့မှုတွေကိုပါ ရင်ခုန်မှုတွေအဖြစ်​မ က​ပြောင်းလဲပေးနိုင်ခဲ့သူပါ

က​လေးလို့ခေါ်တဲ့ စကားသံချိုချိုအောက်ကျောင်းသားတွေ အားလုံးကို နှုတ်ဆက်နေတဲ့ရဲ့ အပြုံးချိုချိုတွေအောက်မှာ မိုး ကျရှုံးခဲ့မိပါပြီ

မ က​ကောင်းကင်ပေါ်မှာရှိနေတဲ့ မိုးမေမေက လွှတ်လိုက်တဲ့ ကံကောင်းခြင်းလက်ဆောင်လေး ဖြစ်မှာပါ

ဒါကိုရေစက်လို့ သတ်မှတ်ရင်လည်း မိုး အတွက်ဘယ်တော့မှကုန်ဆုံးချင်တော့တဲ့ရေစက်​က​လေးပါပဲ

ခွင့်​မ​တောင်းပဲလို့ခေါ်ခဲ့မိတဲ့အတွက်တော့ မိုးကို ခွင့်လွှတ်ပါရယ်​ ´

" ဟင်​ ... "

ပွင့်​ဟ​နေတဲ့ စာအုပ်​ရဲ့ပထမစာမျက်​နှာက စာသား​တွေကိုမြင်​ပြီး လင်း တအားကိုအံ့သြသင့်​သွားခဲ့သည်​။ ပြီး​တော့ လက်​ချောင်း​လေး​တွေက အ​နောက်​ကစာမျက်​နှာအချို့ကို အလို​လျောက်​လှန်​လိုက်​မိသည်​။

စာရွက်​တိုင်းရဲ့ ထိပ်​မှာ​နေ့စွဲ​လေး​တွေတပ်​ထားပြီး​အောက်​မှာ​တော့ ထို​နေ့စွဲနဲ့သက်​ဆိုင်​သည့်​စာပိုဒ်​လေး​တွေ ပါရှိ​နေသည်​။

' မ​ရောက်လာမဲ့ အချိန်ကိုမျှော်လင့်​တကြီးစောင့်စားနေတဲ့ မိုးအတွက်တော့ မြင်ကွင်းက မလှခဲ့ဘူးရယ်​။

အတွက်တော့ စာ မရတဲ့ က​လေးတစ်ယောက်ကို စာရှင်းပြယုံသက်သက်ဖြစ်ခဲ့မှာပါ

မိုးအတွက်တော့ ကိုယ့်အတွက်ရှိနေပြီးသားလူတစ်ယောက်ကို တစ်ခြားတစ်ယောက်​က လုယူသွားတော့လား ဆိုတဲ့ ခံစားချက်​။

အစွန်းရောက်တဲ့ ခံစားချက်တွေနဲ့အတူ မိုး က​လေးဆန်ခဲ့မိပါပြီ

မိုး ရင်ထဲ ဖြစ်ပေါ်လာတဲ့ ဝမ်းနည်းမှုတွေကိုတော့မြင်ခဲ့မှာ မဟုတ်ဘူးလေ ´

' မ,ကို ဆုံးရှုံးမှာ သိပ်ကြောက်နေသူပါ ... ´

' မိုးရဲ့ အပြုအမူတွေကြောင့်မုန်းသွားပြီလားရယ်​။

ရဲ့ ကြိမ်ချက်တိုင်းဟာ မိုး ရင်ကို အကြိမ်ကြိမ်နာကျင်စေခဲ့ပါတယ်​။

ဒါပင်မဲ့ ကိုယ့်အပြစ်နဲ့ ကိုယ်မို့ ခံယူဝံ့ပါတယ်​ ´

'မ သာ ထားသွားဘူးဆိုရင်လေဟော့ဒီက မိုးဆိုတဲ့ကောင်​မ​လေးက ဒီ့ထက်မကတဲ့ နာကျင်မှုတွေကို ခါးစည်းခံဖို့ အသင့်ပါ ´

' အရမ်းချစ်တယ်​,မ ရယ်​။ မ က​တော့ မိုး အ​ပေါ်မှာအချစ်ဆုံးတပည့်​၊ အချစ်ဆုံးညီမလေးတစ်ယောက်လို ချစ်နေတာမှန်း မိုး သိခဲ့ပင်မဲ့ မိုး က​တော့ကို ဆရာမ ... အစ်မ ဆိုတဲ့ သံယောဇဉ်ထက်ပိုနေခဲ့မိပါပြီမကို ချစ်သူတစ်ယောက်လို မိုး ချစ်မိခဲ့ပြီရယ်​ .. ´

ဖတ်​နေရင်းနဲ့ လင်း ရဲ့မျက်​ဝန်းအိမ်​ထဲမှာ အံ့သြမှု​တွေများစွာနဲ့အတူ ဝမ်းနည်းခြင်းအရိပ်​အ​ယောင်​တွေပါ ဖြစ်​ပေါ်လာခဲ့သည်​။ လင်း စာမျက်​နှာ​တွေကို ဟိုလှန်​ဒီလှန်​ဖြင့်​မျက်​တောင်​မခတ်​ဖတ်​ကြည့်​နေစဉ်​၌

" ဘုတ်​ ... "

သူ့ဒိုင်​ယာရီစာအုပ်​လေးကို ကိုင်​ထားကာ တအံ့တသြမျက်​ဝန်တို့ဖြင့်​စာရွက်​တွေကိုတစ်​ရွက်​ချင်းလှန်​ဖတ်​နေသည့်​လင်း အား
မိုး စိုက်​ကြည့်​ရင်း လက်​ထဲကိုင်ထားသည့်​ မွေး​နေ့ကိတ်​လေး​အောက်​သို့ပြုတ်​ကျသွားခဲ့သည်​။

ကိတ်​မုန့်​ပြုတ်​ကျသံ​ကြောင့်​လင်း ဇတ်​ခနဲ​ခေါင်း​မော့ကြည့်​လိုက်​သောအခါ သူ့ကိုမျက်​လုံးဝိုင်းများနှင့်​ကြည့်​နေ​သော မိုး .. ။

" က​လေး .... "

လင်း, မိုး ကို​တွေ့ပြီး ပိုလန့်​သွားခဲ့သလို မိုး လဲထိုမြင်​ကွင်းကို​တွေ့ပြီး​တော်​တော်​သွေးပျက်​သွားခဲ့သည်​။

မိုး ရဲ့မျက်​နှာမှာ​သွေးမရှိ​တော့သလို ချက်​ချင်းဖြူဆုပ်​သွား၏။ မျက်​နှာကို လက်​ဖြင့်​အုပ်​ကာ အခန်းထဲမှ ဝုန်းဒိုင်းကျဲ​ ပြေးထွက်​သွားပါ​တော့သည်​။

" က​လေး ..... "

လင်း​အော်​ခေါ်လိုက်​ပေမဲ့ မိုး ပြန်​လှည့်​မကြည့်​တော့ ။ လင်း ချက်​ချင်းအ​နောက်​က​နေ​ပြေးလိုက်​ဖို့ လုပ်​လေသည်​။​စော​စောက မိုး လက်​ထဲက ပြုတ်​ကျသွားတဲ့ ကိတ်​က​လေးက​တော့ ၂ ခြမ်းကွဲသွား​လေပြီ ။ သို့​ပေမဲ့ Happy Birthday Ma ဆိုတဲ့စာတန်း​လေးက​တော့ ဖတ်​လို့ရ​နေ​သေးသည်​။

လင်း ဒူး​ထောက်​ထိုင်​ချလိုက်​ပြီး ထိုပျက်​စီးသွားတဲ့ကိတ်​က​လေးကို​ခေတ္တမျှ မှင်​သက်​ပြီး​ငေးကြည့်​နေမိသည်​။ ကိတ်​အောက်​တွင်​ခံထားသည့်​ကဒ်​ထူပြား​လေးအား လင်း မယူလိုက်​ကာ ကိတ်​လေးကိုစားပွဲ​ပေါ်သို့ တင်​လိုက်ပြီး အခန်းထဲမှ အမြန်​ပြေးထွက်​ခဲ့သည်​။

​အောက်​ထပ်​မီဖိုခန်းထဲမှ​ဒေါ်ကြီးဝင်းမှာ​စော​စောက မိုး​ပြေးထွက်​သွားတာကို​တော့ မမြင်​လိုက်​ပဲ အခုမှ မီးဖိုခန်းထဲမှ ထွက်​အလာ ဆရာမ​လေးလင်း ဆင်းလာတာကိုလည်း မြင်​တွေ့လိုက်ရသောအခါ မျက်​နှာပြုံးရွှင်​စွာဖြင့်​

" ဆရာမ တပည့်​ဖုတ်​ထားတဲ့ ကိတ်​က​လေး သ​ဘောကျရဲ့လား ဆရာမ​လေး ? "

လင်း ရဲ့​ခြေလှမ်း​တွေ တုံ့ခနဲရပ်​တံ့လိုက်​ပြီး အ​နောက်​က အ​ဒေါ်ကြီးကို လှည့်​ကြည့်​လိုက်​၏။

" ရှင်​ .... "

" အဲ့ဒါ သူကိုယ်​တိုင်​ဖုတ်​ထားတာ ဆရာမ ရဲ့။ ဆရာမ​လေးအတွက်​ သူကို​ယ်​တိုင်​ဖုတ်​ပေးချင်​လိုဆိုပြီး ဟိုးရက်​တွေထဲက စာအုပ်​တွေဖတ်​မုန့်​ဖုတ်​တဲ့စက်​နဲ့ လိုအပ်​တွေပစ္စည်း​တွေဝယ်​ပြီး လုပ်​ကြည့်​နေတာ။ ဆရာမတပည့်​က ဆရာမ​လေးကို အားကြီးချစ်​ရှာတာ .. "

ဝမ်းပန်းတသာ​ပြော​နေတဲ့ အ​ဒေါ်ဝင်းရဲ့စကားကို တုံ့ပြန်​ရန်​လင်း စကားလုံးရှာမ​တွေ့ခဲ့​တော့ ။ ရင်​ထဲစို့တက်​သွားတာပဲ သူသိလိုက်​သည်​။

" ဟုတ်​ .. ဟုတ်​ကြီးကြီး။ ဟို ကျွန်​မ ဒီနား ခဏသွားလိုက်​ဦးမယ်​.. "

​ပြောပြီ ဖိနပ်​ကိုမြန်​မြန်​စီးကာ​ခြေသုတ်​တင်​ကာ​ပြေးထွက်​ခဲ့ပါ​တော့သည်​။

" က​လေး .... "

ရင်​ထဲမှာ က​လေး က​လေး ဖြင့်​ပဲ့ထပ်​နေ​အောင်​အကြိမ်​ပေါင်းများစွာ​အော်​ခေါ်ရင်း ခြံ​ရှေ့လမ်းမ​ပေါ် ဘယ်​ညာ မျက်​စိတဆုံး လိုက်​ရှာလိုက်​သည်​။

ညာဘက်​ကြည့်​တော့ မ​တွေ့ ။ ဘယ်​ဘက်​ကြည့်​လိုက်​တွေ သူ မိုး ရဲ့​ကျောပြင်​လေးကို ခပ်​ရေး​ရေး​ တွေ့လိုက်​ရပါပြီ။​ တော်​တော်​လေးကို အလှမ်း​ဝေး​နေပြီဖြစ်​တာမို့ လင်း အ​နောက်​က​နေ အမှီ မနည်း​ပြေးလိုက်​ရ​ပေဦးမည်​။

X    X    X    X    X    X    X    X

မိုး​ရင်​ထဲဗ​လောင်​ဆူ​နေပါပြီ။ ရှက်​လည်း တအားရှက်​သည်​။ လင်း သူ့အ​ပေါ်တုံ့ပြန်​မည့်​တုံ့ပြန်​မှုကိုလည်း သူရင်​မဆိုင်​ရဲ​ပေ။ ကျိန်း​သေတာက​တော့ လင်း သူ့အနားက​နေထွက်​သွား​တော့မည်​ထင်​တယ်​လို့ တစ်​ထစ်​ချကို​တွေး​နေခဲ့ပြီ။​ခြေလှမ်းကျဲများက ပြည်​လမ်းမထက်​အင်းလျားကန်​ဘောင်​ဆီသို့ ဦးတည်​နေပါသည်​။ သူ့​နောက်​က လင်း လိုက်​လာတာကိုလဲ မိုး လုံးဝမသိခဲ့။ သူ့အ​တွေးနဲ့သူ​ရောက်​ယက်​ခတ်​ကာ မျက်​ရည်​တွေရွှဲရွှဲစို​နေခဲ့သည်​။

" ဘယ်​လိုလုပ်​မလဲ။ မ ငါ့ကိုမုန်းသွားရင်​ ဘယ်​လိုလုပ်​မလဲ။ ငါ့ကိုထားသွားရင်​ဘယ်​လိုလုပ်​မလဲ။ မိန်းက​လေးအချင်းချင်းချစ်​တဲ့သူဆိုပြီး ရွံ့သွားရင်​ဘယ်​လိုလုပ်​ရမလဲ ...."

လမ်းတစ်​လျှောက်​က​လေးငယ်​လို ငို​ကြွေးခဲ့၏ ။​ဘေးကလူ​တွေ သူ့ကိုကွက်​ကြည့်​ကွက်​ကြည့်​ကြည့်​သွားကြတာကိုလဲ သူဂရုမစိုက်​နိုင်​တော့ ။ လမ်းကြားထဲကအထွက်​ကန်​ဘောင်​ရှေ့က ပြည်​လမ်းမကြီး​ထက်​သို့အ​ရောက်​မှာ​တော့

" တီ ...... တီ ...... "

ကားဟွန်းသံကြားမှ မိုး သိလိုက်​တာက သူ့ဆီသို့အရှိန်​ဖြင့်​လာ​နေသည့်​ ကားတစ်​စီး။ မိုး ထိုကားကိုမြင်​လိုက်​ပြီး ကြတ်​သေ​သေသွားခဲ့သည်​။ အရှိန်​နဲ့​အ​ပြေး​မောင်းနှင်​လာတဲ့ကားကိုကြည့်​ပြီး အ​မေ့ဆီသို့အရှိန်​ဖြင့်​မောင်းလာသည့်​ကားတစ်​စီး၏ အတိတ်​ကပုံ​ရိပ်​က ဖျတ်ခနဲပြန်​မြင်​ယောင်​လာသည်​။​ ခြေ​ထောက်တို့ကလဲ ထိုကားကိုမြင်​လိုက်​ရကတည်းက​ ရွှေ့လို့ မရတော့ချေ။

" တီ ...... "

🌧️     🌧️     🌧️

Continue Reading

You'll Also Like

262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
489K 11.8K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
29.6K 2K 14
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာ...
481K 40.9K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ