Don't Stop Believing

By JE_Rain

627K 43.5K 3.5K

ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... More

Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 7
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62
Episode - 63
Episode - 64
Episode - 65
Episode - 66
Episode - 67
Episode - 68
Episode - 69

Episode - 8

8.3K 628 34
By JE_Rain

" Morning Daddy ... "

မိုး ခါတိုင်းနဲ့မတူ မနက်​စော​စောထကာ​အောက်​ထပ်​ဆင်းလာသဖြင့်​သူ့အ​ဖေ တအံ့တသြဖြစ်​နေ​လေသည်​။

" Morning သမီး​လေး Hanna ..... ဒီ​နေ့​ကျောင်းပိတ်​ရက်​မဟုတ်​လား သမီး ... "

မိုး မနက်​စာပြင်​ဆင်​ထားတဲ့ စားပွဲဝိုင်းမှာ ဝင်​ထိုင်​လိုက်​ကာ

" ဟုတ်​တယ်​လေ Daddy ရဲ့ ... "

" မသိပါဘူး ထူးထူးခြားခြား အ​ဖေ့သမီး​လေးက စ​နေ​နေ့လို​ကျောင်းပိတ်​ရက်​မှာ​တောင်​အ​စောကြီးအိပ်​ရာထ​နေလို့​လေ .... ခါတိုင်းဆို သမီး​လေးက​ကျောင်​ပိတ်​ရက်​တွေမှာ ၁၁ နာရီ​လောက်​မှ နိုးတာမဟုတ်​လား .... "

အ​ဖေကတပြုံးပြုံးနဲ့​ပြော​တော့

" ဒီ​နေ့​နေ့လည်​လောက်​ဆို ဆရာမ စာလာသင်​မှာ Daddy ရဲ့ ...​နောက်​ပြီး မနက်​ပိုင်း​လေး အိမ်​ရှေ့မှာ​ဒေါ်ကြီးနဲ့တူတူ နှင်းဆီပန်းပင်​လေး​တွေ စိုက်​မလို့​လေ အဲ့ဒါ​ကြောင့်​စော​စောစီးစီးထလာတာ Daddy .... "

" ဟာ ! Daddy သမီးက​တော့ကွာ ပန်းပင်​တွေဘာ​တွေ​တောင်​ပြန်​စိုက်​တော့မယ်​ပေါ့ ....​ကောင်းတယ်​ကောင်းတယ်​သမီး​ရေ .... "

" ဟီး ...... "

ထုံးစံအတိုင်း သားအဖနှစ်​ယောက်​ပျော်​ပျော်​ရွှင်​ရွှင်​စကား​ပြော​နေကြပြီဆိုပါလျှင်​အဖျက်​သမားဖြစ်​တဲ့​ဒေါ်မူယာသွယ်​က အမြဲ​ရောက်​ရှိလာစမြဲပင်​။

​ဒေါ်မူယာသွယ်​စားပွဲမှာဝင်​ထိုင်​လိုက်​တာနဲ့ မိုး ဇတ်​ခနဲထရပ်​လိုက်​ကာ​ကော်​ဖီခွက်​က​လေးကို​ကောက်​ယူလိုက်​သည်​။

" Have a nice day ... Daddy .... သမီးအ​ပေါ်ပြန်​တက်​တော့မယ်​.... "

သမီးဖြစ်​သူရဲ့စိတ်​ကိုသိပြီးသားမို့ ဦး​ကောင်းထက်​ဘာမှဆက်​ပြောမ​နေ​တော့​ခေါင်းညိမ့်​၍သာ

"​အေး​အေး သမီး .... Have a nice day too .. Hanna .... "
မိုး အိမ်​ပေါ်ထပ်​သို့တက်​သွားပြီး​နောက်​ထမင်းစားခန်းထဲသို့ အ​ဒေါ်ကြီးဝင်​လာပြီး

" ဘာများလိုအပ်​သေးလဲ ဆရာ ? "

" မလိုအပ်​ပါဘူး​ဒေါ်​လေးရယ်​.... သမီး​လေးအတွက်​သာ မုန့်​တခုခုစီစဉ်​ပေးပြီး အ​ပေါ်ထပ်​ကိုသွားပို့​ပေးလိုက်​ပါဦး ... "

" ဟုတ်​ကဲ့ပါ ဆရာ ...... "

အ​ဒေါ်ကြီးလဲ​ပေါင်​မုန့်​ကို​ထောပတ်​သုတ်​ကာ ပန်းကန်​ထဲထည့်​ပြီး အ​ပေါ်ထပ်​သို့ တက်​သွား၏ ။

" ကိုကြီး မနက်​စာ စားလို့​ကောင်းရဲ့လား ..... ? "

"​ကောင်းပါတယ်​မူယာ .... ဒါနဲ့ မူယာ့ရဲ့တူ​လေး​မောင်​ဇွဲကိုကို​ဇော်​ကိုလဲခုတ​လော သိပ်​မ​တွေ့မိသလိုပဲ​နော်​.. "

" ဟုတ်​တယ်​ကိုကြီး​ရေ အဲ့က​လေးလဲ ၁၀ တန်း​ရောက်​မှ အကျင့်​ပျက်​လာတယ်​... အိမ်​ကပ်​တယ်​လို့ကိုမရှိပါဘူး .... တခါတ​လေလဲ အိမ်​တောင်​ပြန်​မအိပ်​ဘူး ...​ပြောတာ​တော့ သူ့သူငယ်​ချင်းအိမ်​မှာ စာစုလုပ်​ရင်းအိပ်​မယ်​ချည်းပါပဲ ..... "

" ကျူရှင်​တွေဘာ​တွေ​ကော မူယာ ထား​ပေးရဲ့လား မူယာ ? "

" စီစဉ်​ပေးပါတယ်​သူကမတက်​ချင်​ဘူးချည်း ဇွတ်​ငြင်း​နေ​တော့တာပဲ ကိုကြီး​ရေ .... "

" အဲ့လိုလုပ်​လို့ဘယ်​ဖြစ်​ပါ့မလဲ ၁၀ တန်းဆိုတာ အ​ရေးကြီးတာပဲ .... သမီး​လေး Hanna ကိုလာသင်​ပေးမယ်​ဆရာမ​လေးနဲ့ အတူတူ​ပေးသင်​ရင်​မ​ကောင်းဘူးလား ? "

ဦး​ကောင်းထက်​ပြောလိုက်​တော့​ဒေါ်မူယာသွယ်​က ရွဲ့တဲ့တဲ့ပြုံးရင်း

" ကိုကြီးသမီးက လက်​ခံမယ်​တဲ့လား ... သူက မာယာတို့တူရီး ၂​ယောက်​ကိုဆို မျက်​နှာချင်း​တောင်​မဆိုင်​ချင်​တဲ့ဟာကို .... "

" သမီး​လေးက သူ့အ​မေ​နေရာမှာ မာယာ့ကို အစားထိုးလိုက်​တယ်​ဆိုပြီး စိတ်​ခံစားချက်​ဝင်​သွားတာ အစကဆို ကိုယ့်​ကို​တောင်​မှ စကား​ကောင်း​ကောင်း​မ​ပြောတာ မာယာလဲအသိပဲ​လေ ..... မာယာက အကြီးပဲကို နားလည်​ပေးလိုက်​ပါကွာ ..... "

" နာလည်​ပေးပါတယ်​ဒါ​ပေမဲ့တခါတခါကိုကြီးသမီးက မာယာ့ကိုဆို အမြဲရန်​သူတစ်​ယောက်​လိုဆက်​ဆံ​နေ​တော့ မာယာလဲ ဘယ်​လိုမှ မလုပ်​တတ်​တော့ဘူး .... "

ဦး​ကောင်းထက်​လဲဘာမှဆက်​မ​ပြော​တော့ပဲ သက်​ပြင်းတစ်​ချက်​သာ ချလိုက်​မိ​လေတာ့သည်​။

X    X    X    X    X    X    X    X    X

လင်း . မိုး တို့အိမ်​ရှေ့​ရောက်​တော့ ခြံတံခါး​ပေါက်​ဖွင့်​ပေးထားတာမို့ ခြံထဲသို့ဝင်​လာခဲ့​လေသည်​။ ခြံထဲ​ရောက်​တော့ နှင်းဆီပန်းပင်​တွေစိုက်​နေတဲ့ အ​ဒေါ်ကြီးနဲ့အတူ မိုး အားမြင်​တွေ့လိုက်​ရတာမို့ လင်း အံ့သြသင့်​သွားခဲ့သည်​။

" ဟိတ်​..... "

အ​နောက်​က​ခေါ်သံ​ကြောင့်​မိုး လှည့်​ကြည့်​လိုက်​တော့

" ဟင်​ဆရာမ​..... "

လင်း . မိုး ရဲ့​ဘေး၌ ထိုင်​လိုက်​ပြီး

"​နှင်းဆီပင်​တွေပါလား ...... "

" ဟုတ်​တယ်​...​ရေ​မွှေး​နှင်းဆီပင်​တွေ​လေ .... စုစု​ပေါင်း ၅ ပင်​စိုက်​ထားတယ်​..... ပန်း​တွေပွင့်​လာတာနဲ့ ဆရာမကို အရင်​ဆုံးပန်​ဖို့​ပေးမယ်​နော်​..... "

မိုး ရဲ့စကား​ကြောင့်​ဘေးနားကအ​ဒေါ်ကြီး​ကော လင်း ပါပြုံးရယ်​မိလိုက်​ကြ​လေသည်​။

" ဟင့်​ဒီက​ဒေါ်​ဒေါ်​လေး ကိုကျ​တော့ မ​ပေးဘူးလား ?​ဒေါ်​ဒေါ်​လေးက ကူညီ​ပေးထားရပြီး ဆရာမ ကကျ​တော့ ဘာမှ မကူ​ပေးထားရဘူး​လေ ..... "

လင်း​ပြောလိုက်​တော့မှ အ​ဒေါ်​ကြီးက ပိုရယ်​တော့သည်​။ ထိုအခါ စကားတတ်​တဲ့ က​လေးမက

"​ပေးမှာ​ပေါ့လို့ ... ဒီဘက်​လေးပင်​က ပန်း​တွေပွင့်​လာရင်​အန်​တီလဲ ခူးပြီးပန်​လို့ရတယ်​နော်​.... ဒါ​ပေမဲ့ ဒီဘက်​အစွန်​ဆုံးအပင်​ကပန်း​တွေကို​တော့ ဆရာမ တစ်​ယောက်​ထဲကိုပဲ​ပေးမှာ ..... ဒီအပင်​က ဆရာမအတွက်​သီးသန့်​.... "

မျက်​လုံး​လေး​ကွေးတက်​အောင်​ရယ်​ပြီး​ပြော​နေရှာ​သော သူ့တပည့်​လေးရဲ့​ခေါင်းကို လင်း ပွတ်​ပေးလိုက်​ရင်း ရယ်​နေမိ​တော့သည်​။ ထိုအခါ​ဘေးနားက​အ​ဒေါ်ကြီးက

" သမီး​လေး လက်​သွား​ဆေးပြီး ဆရာမနဲ့အတူ စာသင်​တော့​နော်​.... ကျန်​တာ​ဒေါ်​လေးပဲဆက်​လုပ်​ပေးမယ်​နော်​..... "

" ဟုတ်​....​ကျေးဇူးပါ​အန်​တီ ..... "

" မလိုပါဘူး သမီး​လေးရယ်​..... "

မိုး ထရပ်​လိုက်​တော့ လင်း ပါပြန်​ထရပ်​လိုက်​၏ ။

" ဆရာမ လာ အထဲဝင်​ကြမယ်​.... "

အိမ်​ထဲသို့​ရောက်​သောအခါ သူ့ဆရာမကို ဧည့်​ခန်း၌ ခဏထိုင်​ခိုင်းပြီး

" ခဏ​လေးထိုင်​ပါဦး​နော်​ဆရာမ .... သမီးလက်​သွား​ဆေးလိုက်​ဦးမယ်​.... "

​ပြောပြီး မိုး အ​နောက်​ဘက်​ထမင်းစားခန်းဆီသို့​ပြေးဝင်​သွား​လေသည်​။ လင်း လဲဧည့်​ခန်းက ဆိုဖာခုံ​ပေါ်၌ ဝင်​ထိုင်​နေလို​က်​သည်​။ ထိုစဉ်​ဧည့်​ခန်းနှင့်​မျက်​နှာချင်းဆိုင်​အခန်းဆီမှ​ဒေါ်မာယာသွယ်​ထွက်​လာတာကို လင်း​တွေ့လိုက်​ရသည်​။

အစက​တော့ မိုး ရဲ့အိမ်​က အိမ်​သားပဲဆိုပြီး လင်း ဘက်​ကစပြုံးပြမလို့ စိတ်​ကူးမိ​ပေမဲ့​ဒေါ်မူယာသွယ်​ကသူ့ကိုစိမ်းကားပြီး မနှစ်​မြို့သည့်​အကြည့်​ဖြင့်​ပေ​စောင်း​စောင်းကြည့်​ပြီး အိမ်​ရှေ့သို့ထွက်​သွားတာ​ကြောင့်​လင်း တအံ့တသြဖြစ်​သွားရ​လေသည်​။

ဘာ့​ကြောင့်​များ အခုမှစ​တွေ့ဖူးတဲ့လူက သူ့ကိုဒီလိုအကြည့်​နဲ့ကြည့်​သွားတာပါလိမ့်​ဘာ​ကြောင့်​များပါလိမ့်​ဆိုပြီး လင်း​တွေး​နေမိသည်​။​နောက်​တော့မှ အိမ်​မှာမိ​ထွေးဆိုတဲ့မိန်းမလဲ အတူ​နေတယ်​ဆိုသည့်​မိုး ရဲ့စကားကို ပြန်​ကြား​ယောင်​ပြီးမှ အ​ဖြေကို သ​ဘော​ပေါက်​သွားခဲ့သည်​။

"​အော်​မိုးနဲ့ သူနဲ့မတည့်​ကြဘူးထင်​တယ်​" ဟု လင်း စိတ်​ထဲမှ​ရေရွတ်မိခဲ့သည်​။

" ဆရာမ အ​ပေါ်ထပ်​တက်​ကြရ​အောင်​... မိုး ရဲ့အခန်းက အ​ပေါ်ထပ်​မှာမို့လို့ပါ ..... "

"​အော်​အင်း အင်း က​လေး ..... "

X    X    X    X    X    X    X    X    X

ပန်းနု​ရောင်​တစ်​ခြမ်း အပြာနု​ရောင်​တစ်​ခြမ်းသုတ်​လိမ်းထားတဲ့အခန်း​လေးတစ်​ခန်း ဆို​ပေမဲ့ အကျယ်​အဝန်းက​တော့ လင်း တို့တစ်​အိမ်​လုံးစာ​လောက်​ပင်​ရှိ​ပေမည်​။ အခန်းရဲ့မျက်​နှာကျက်​မှာလဲ ကြယ်​လေး​တွေ အ​မြောက်​အမြားကပ်​၍ အလှဆင်​ထားပြီး နံရံ​တွေ​ပေါ်မှာလဲ ပန်းချီကားေ​တွချိတ်​ဆွဲထား​ပါ​သေးသည်​။ လင်း အခန်းထဲက ပန်းချီကား​တွေကို တစ်​ခုချင်းစီ​သေချာကြည့်​နေမိသည်​။

​ရေ​ဆေးပန်းချီက ၂ ချပ်​၊ တစ်​ပုံမှာ​တောင်​ကုန်း​လေး​ပေါ်က ခုံ​လေးတစ်​ခုံ ထိုခုံ​လေး​ပေါ်​မှာ​တော့ တ​ယော​လေးတစ်​လုံးတင်​ထားပြီး​ဘေးနားမှာ​တော့ စန္ဒာယားကြီးတစ်​လုံး သည်​နေဝင်​ဆည်းဆာချိန်​ကို​နောက်​ခံပြု​နေသည့်​ပုံဖြစ်​သည်​။​နောက်​တစ်​ပုံက​တော့ လမ်​ဘေးပလတ်​ဖောင်းတစ်​လျှောက်​ချယ်​ရီပန်းပင်​လေး​တွေ စီရီ​နေသည့်​ပုံဖြစ်​ပေသည်​။

ထို့​နောက်​ခဲဖြင့်​ရေးဆွဲထားသည့်​ခဲပန်းချီ​လေး တစ်​ပုံ ။ ဆံပင်​ဂုတ်​ဝဲ​လောက်​ဝဲကျလျက်​ရှိတဲ့ ခပ်​ချော​ချောအမျိုးသမီးရဲ့ပုံနှင့်​သူ့ရဲ့​ဘေးနားမှာ​တော့ ချစ်​စရာ က​လေးငယ်​လေးတစ်​ဦး ပုံပင်​ဖြစ်​ပေသည်​။

ထိုပုံ​တွေကို လင်း စိတ်​ဝင်​တစားကြည့်​နေ​တော့​ဘေးတွင်​မိုး လာရပ်​ပြီး

" အကုန်​မိုး ကိုယ်​တိုင်​ဆွဲထားတာ​လေ .... ဒါ​မေ​မေ့ပုံ .....​ဘေးက သမီး​ပေါ့ ..... "

"​တော်​လိုက်​တာ .... ဆွဲထားတဲ့ပုံ​လေး​တွေက သိပ်​ကိုလက်​ရာ​မြောက်​တယ်​က​လေးရယ်​.... တကယ့်​ပန်းချီဆရာကြီး​တွေဆွဲထားတဲ့အတိုင်းပဲ ..... "

" ဒီဘက်​က​တောင်​ကုန်းနဲ့ပုံ​လေးထဲက တ​ယော​လေးက မိုး ကိုကိုယ်​စားပြုတယ်​လေ ခုံက​တော့ Daddy​ပေါ့ ....​ဘေးနားက စန္ဒာယားခုံကြီးက​မေ​မေ ......​မေ​မေကစန္ဒာယားတီးတာ သိပ်​တော်​တာ ...... မိုး တ​ယောတီးချိန်​တိုင်း​မေ​မေက​ဘေးက​နေ စန္ဒာယားလိုက်​တီး​ပေး​နေကျ​ပေါ့ .....​Daddy က​တော့​ဘေးက​နေ အမြဲထိုင်​ပြီး နား​ထောင်​နေကျ​လေ ........ "

မိုး​ပြော​နေရင်း​လေသံ​လေက တဖြည်းဖြည်းတိမ်​တိမ်​ဝင်​နေသည်​။ လင်း က​တော့ မိုး ရဲ့​ဘေးမှာ မိုး မျက်​နှာ​လေးကို ဂရုဏာသက်​စွာဖြင့်​ငေးကြည့်​နေခဲ့သည်​။

" ဒီဘက်​က လမ်း​ဘေးပလတ်​ဖောင်းနဲ့ ချယ်​ရီပန်းပင်​လေး​တွေပုံက​တော့ မနက်​တိုင်း​မေ​မေနဲ့ လမ်း​လျှောက်​ထွက်​နေကျ မြင်​ကွင်း​လေးတစ်​ခုပုံကို ဆွဲထားတာ​လေ ဆရာမ ....... "

​ပြောလို့အပြီး မိုး လင်းဘက်​သို့လှည့်​ကာ ပြုံးပြ​လေသည်​။ မျက်​ဝန်းအိမ်​ထဲ​ဝေ့တက်​နေတဲ့ မျည်​ရည်​စ​လေး​တွေ​တွေ့လိုက်​တာမို့ လင်း မိုး ကိုလှမ်းဆွဲကာ ဖက်​ပေးထား​လိုက်​တော့သည်​။

" အရမ်း​တော်​တယ်​..... က​လေး​လောက်​တော်​တဲ့ တပည့်​မျိုး ဆရာမမှာ မရှိခဲ့ဖူး​သေးဘူး ..... "

​ခေါင်း​လေးကိုလဲ ဖွဖွ​လေး ပွတ်​ပေး​နေမိပြန်​သည်​။ မိုး က​တော့ လင်းရဲ့ရင်​ခွင်​ထဲ​ရောက်​ရှိသွားတာမို့ ရင်​တွေတဒိတ်​ဒိတ်​ခုန်​ကာ သူ့ရင်​ခုန်​သံပင်​သူပြန်​ကြား​နေရ​လေသည်​။

" အရမ်း .... အရမ်း​နွေး​ထွေးလွန်းတယ်​..... အမြဲ ... အမြဲ မိုး ရဲ့​ဘေးနား ရှိ​နေ​ပေးနိုင်​မလားဟင်​????? မ ........... "

မိုး ဆီမှ 'မ' ဟုအ​ခေါ်ခံလိုက်​ရတာမို့ လင်း ရဲ့မျက်​လုံး​လေး​တွေ ဝိုင်းစက်​သွား​လေ​တော့သည်​။ သူ့ကို အမတစ်​ယောက်​လို အားကိုးတကြီးစိတ်​မျိုးနဲ့ 'မ' လို့​ခေါ်လိုက်​ခြင်းဟု လင်း စိတ်​ထဲက​နေယူဆလိုက်​မိသည်​။

" မ လို့​ခေါ်လို့ရမလားဟင်​ဆရာမ ? "

လင်း မိုး ကိုဖက်​ထား​ပေးရာမှ ခွာလိုက်​ပြီး မိုး ရဲ့မျက်​နှာ​လေးကို လင်း​သေ​သေချာချာကြည့်​လိုက်​ရင်း

" ရတာ​ပေါ့ က​လေးရဲ့ ...... ဒါ​ပေမဲ့ အတန်းထဲမှာ​တော့ မ​ခေါ်နဲ့​ပေါ့ .... အတန်းထဲမှာဆိုရင်​ဆရာမက မိုး ရဲ့ ဆရာမဖြစ်​ပေးမယ်​.... အပြင်​မှာဆိုရင်​တော့ မိုးရဲ့ မမ ဖြစ်​ပေးမယ်​နော်​....... "

' အစ်မ တစ်​ယောက်​လိုလား ? ဒါမှ မဟုတ်​မိုး 'မ' ကို .... ချစ်​ရသူတစ်​ယောက်​လို မြတ်​နိုးမိသွားပြီလား ? ´

မိုး ရင်​ထဲမှာ သူ့ကိုယ်​သူအကြိမ်​ကြိမ်​ပြန်​မေးမိ​နေရင်း

"​ကျေးဇူးပါပဲ ..... မိုး ကို​စောင့်​ရှောက်​ပေးလို့ ......​ကျေးဇူးပါ မ ...... "

ဒီတခါမှာ​တော့ မိုး က လင်း အားတင်းကျပ်​စွာ​ပွေ့ဖက်​လိုက်​လေ​တော့သည်​။ လင်း ကလဲ မိုး ကိုပြန်​ဖက်​ပေးထားရင်း​ကျောပြင်​လေးကို ပွတ်​ပေး​နေ​လေ​တော့သည်​။

🌧️     🌧️     🌧️

Continue Reading

You'll Also Like

254K 13.9K 65
ကျွန်မခန္ဓာကိုယ်ရဲ့ဘယ်ဘက်ရင်အုံမှာရှိတဲ့နှလုံးသားကတစ်ချက်ခုန်တိုင်း "အန်တီ" လို့မြည်နေတာပါ...။ Start date_21.5.2022 End date_30.4.2023
162K 13.8K 32
မမမေငြိဏ်းကျော်က ကျွန်မနှလုံးခုန်သံရဲ့ ရေသောက် မြစ်ငယ်ပေါ့။သူ စီးဝင်လာခဲ့တယ်။သူ ဝင်ရောက်လာခဲ့ပုံဟာ မြူငွေ့ဆန်လွန်းလို့ အဲ့ဒီညင်သာမှုကို ကျွန်မ မမေ့နိ...
3.2M 151K 62
Start Date>>>> 1.4.2020 End>>>20.5.2020 ကိုယ့်ဘက်က အချစ်တွေပေးခဲ့လည်း ပြန်ရခဲ့တာက နာကျင်မှုတွေတဲ့လား မင်းအမုန်း​တွေကိုထပ်ပြီးမခံစားနိုင်တော့လို့ ငါထ...
367K 20.5K 40
ဒေါ်ခတ္တာမေ "ဒေါ်ခတ္တာမေဆိုတဲ့အန်တီကလေဖူးသစ္စာလှိုင်ဆိုတဲ့မင်းလေးကိုနာမည်နဲ့လိုက်အောင်ဖူးဖူးမှုတ်ထားမယ်ဆိုတာကိုသိရဲ့လားကလေးငယ်" ဖူးသစ္စာလှိုင် "အန်တီ...