Don't Stop Believing

By JE_Rain

587K 37.4K 3K

ငယ်ရွယ်စဉ်မှာ ဘဝရဲ့အချိုးအကွေ့အကူးအပြောင်း၌ အေးစက်သွားကာ ခပ်ချေချေ ပေပေတေတေနေတတ်သည့် ကောင်မလေးတစ်ယောက် ... ။ ... More

Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 7
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14
Episode - 15
Episode - 16
Episode - 17
Episode - 18
Episode - 19
Episode - 20
Episode - 21
Episode - 22
Episode - 23
Episode - 24
Episode - 25
Episode - 26
Episode - 27
Episode - 28
Episode - 29
Episode - 30
Episode - 31
Episode - 32
Episode - 33
Episode - 34
Episode - 35
Episode - 36
Episode - 37
Episode - 38
Episode - 39
Episode - 40
Episode - 41
Episode - 42
Episode - 43
Episode - 44
Episode - 45
Episode - 46
Episode - 47
Episode - 48
Episode - 49
Episode - 50
Episode - 51
Episode - 52
Episode - 53
Episode - 54
Episode - 55
Episode - 56
Episode - 57
Episode - 58
Episode - 59
Episode - 60
Episode - 61
Episode - 62

Episode - 6

8.2K 655 19
By JE_Rain


မိုး အိမ်​သို့ပြန်​ရောက်​သော အခါသူ့အ​ဖေကို​တွေ့လိုက်​ရသဖြင့်​ဝမ်းသာအားရ​ပြေးဖက်​လေ​တော့သည်​။

" Daddy ...... "

" Hanna သမီး​လေး ...... "

သူ့အ​ဖေက သူ့ကို အ​မေ​ခေါ်​နေကျနာမည်​အတိုင်း Hanna ဆိုတဲ့ ဂျပန်​နာမည်​လေးကိုသာ ချစ်​စနိုးနဲ့​ခေါ်​နေကျဖြစ်​သည်​။

" Daddy ဒီတစ်​ခေါက်​ပြန်​ရောက်​တာ​စောသားပဲ​နော်​.... "

" ဟုတ်​တယ်​သမီး​လေးရဲ့ Daddy ရဲ့ လုပ်​ငန်းကိစ္စ​တွေ​မြန်​မြန်​အဆင်​ပြေသွားတာနဲ့​စော​စောပဲ ပြန်​လာဖြစ်​သွားတာ .... "

အ​ဖေက သူ့သမီး​ခေါင်း​လေးကို ပွတ်​ပေးရင်း

" သမီး​ကျောင်းစတက်​နေရပြီမဟုတ်​လား ... ဘယ်​လိုလဲ အဆင်​ပြေရဲ့လား ?​ကျောင်းစာ​တွေ​ကောလိုက်​နိုင်​ရဲ့လား ? "

" ဟုတ်​... ဒါနဲ့​လေ Daddy ကို​လေ သမီး request​လေးတစ်​ခု​လောက်​လုပ်​ချင်​လို့ .... "

" တစ်​ခုမဟုတ်​ဘူး ကြိုက်​သ​လောက်​သာ​ပြော Daddy အကုန်​ဖြည့်​ဆည်း​ပေးမယ်​..... "

" ဟို​လေ သမီး ဆရာမတစ်​ယောက်​လောက်​အိမ်​မှာ​ခေါ်ပြီး ကျူရှင်​သင်​ချင်​လို့ အဲ့ဒါ Daddy ဆရာမကို​ပြော​ပေးပါလား .... သမီး အိမ်​ခေါ်ခဲ့မယ်​လေ ..... "

"​ခေါ်ခဲ့​လေ သမီး .... Daddy လုပ်​ပေးမှာ​ပေါ့ ... ဒါနဲ့တစ်​ယောက်​ထဲပဲလား သမီးရဲ့ .... သမီး​လေးက အခု ၁၀ တန်း​တောင်​ရောက်​နေပြီပဲဟာ ..... ၆ ဘာသာ ၆​ယောက်​လောက်​တော့​ခေါ်ရမှာ​ပေါ့ ... တစ်​ဘာသာတစ်​ယောက်​ပဲ သင်​ကြတာမဟုတ်​ဘူးလား ... "

မိုး ရယ်​ကာ​ခေါင်းခါလိုက်​ပြီး

" သမီးက ဆရာမ​ဒေါ်လင်းဝတ်​ရည်​သော်​တစ်​ယောက်​ထဲနဲ့ပဲသင်​ချင်​တာ Daddy ရဲ့ .... အဲ့ဆရာမက​လေ တအား​တော်​တာ .... Daddy ကြည့်​နေ သမီး ဒီနှစ်​All D ထွက်​အောင်​ကြိုးစားပြမယ်​.... "

သူ့သမီး​လေးကိုယ်​တိုင်​ကိုက ပညာ​ရေးကိစ္စကို လိုလိုလားလားနဲ့ အားတက်​သ​ရော်​မ​ပြောစဖူး​တွေ စ​ပြော​နေသည်​မို့ ဦး​ကောင်းထက်​မိုး ပီတိ​တွေဖြာ​ဝေ​နေ​ချေပြီ ။ သူတအားလဲ အံ့သြလို့​နေသည်​။ သူ့သမီး​လေးမှာ အရင်​ကနဲ့မတူ​တော့ပဲ ပိုတက်​ကြွသွက်​လက်​လာတာ​တော့ အမှန်​ပင်​။ အထူးသဖြင့်​အရင်​ကမပြုံးမရွှင်​တဲ့ သူ့သမီးမျက်​နှာ​လေးမှာ ပြုံးရွှင်​နေသည်​မုိ့ သူလဲ အ​ပျော်​ကြီး​ပျော်​နေ​လေပြီ ။

ထိုအချိန်​တွင်​ဒေါ်မူယာသွယ်​အခန်းထဲမှထွက်​လာသဖြင့်​မိုး ရဲ့မျက်​နှာချက်​ချင်းပြန်​တည်​တံ့သွားကာ

" Daddy သမီးအ​ပေါ်တက်​တော့မယ်​နော်​.... "

ထိုင်​ရာမှထလိုက်​ကာ​လှေကား​ပေါ်တက်​မယ်​အလုပ်​အိမ်​ဖော်​အ​ဒေါ်ကြီးဘက်​လှည့်​ကာ

" အန်​တီ​ရေ ညစာကို​လေ ၇ နာရီ​လောက်​မှပဲ သမီးအခန်းထဲ ယူလာ​ပေးပါ​နော်​သမီး​အောက်​မဆင်း​တော့ဘူး .... "

"​အေး​ပါကွယ်​သမီးရယ်​အန်​တီကြီး ပြင်​ဆင်​ပြီး လာပို့​ပေးမယ်​နော်​.... "

" ဟုတ်​.... "

မိုး ပြုံးပြပြီးအ​ပေါ်တက်​သွား​တော့ အ​ဒေါ်ကြီးကလဲ သူ့တူမ​လေးလို ချစ်​ရတဲ့သူ​လေးက ပြုံးရွှင်​နေတာမြင်​၍ စိတ်​ထဲ ဝမ်းသာ​နေမိ​ပေသည်​။ ဝမ်းမသာနိုင်​သူကြီးက​တော့​ဒေါ်မူယာသွယ်​ပဲ ဖြစ်​ပေ​တော့၏ ။

" မူယာ​ရေ .... "

"​ပြော​လေ ကိုကြီး .... "

" ကို ဒီတစ်​ခေါက်​ပြန်​လာတာ သမီး​လေးအရင်​နဲ့မတူ​တော့ပဲ​ပြောင်းလဲလာတယ်​လို့ ထင်​မိတယ်​.... ကြည့်​စမ်းပါဦးကွာ ပြုံးလို့ရွှင်​လို့ ..... "

" ဟုတ်​တယ်​ဆရာ .... သမီး​လေး အခုတ​လော မျက်​နှာ​လေးပိုလန်းလာတယ်​.... "

ဦး​ကောင်းထက်​မိုး​ပြော​တော့​ဘေးနားက အ​ဒေါ်ကြီးကပါ ပြုံးရယ်​ပြီး ဝင်​ပြော​လေသည်​။

" ကိုကြီးသမီး​ကျောင်းမှာ ရည်းစား​ရ​နေပြီလားမှမသိတာ .... "

​ဒေါ်မူယာသွယ်​က ခနဲ့တဲ့တဲ့​ပြော​တော့ အ​ဒေါ်ကြီးက သူ့ကိုမျက်​မှောင်​ကြုတ်​ကာဖြင့်​

" အို မဟုတ်​ပါဘူး .... သမီး​လေးက စာကလွဲပြီး စိတ်​ဝင်​စားတတ်​တဲ့လူမှ မဟုတ်​တာ .... "

ထိုအခါ ဦး​ကောင်းထက်​က ရယ်​ရင်း

" ရှိရင်​တောင်​မှ ကို​တော့ သမီး​လေး​ပျော်​ရွှင်​နေတာမြင်​ရမယ်​ဆို​ရင်​တော့​ကျေနပ်​သကွ ...... အခုသမီး​လေးက​ပြောတယ်​ဆရာမတစ်​ယောက်​ကို အိမ်​မှာ​ခေါ်သင်​ချင်​လို့တဲ့ မူယာ​ရေ .... "

"​အော်​ဟုတ်​လား .... "

​မိုး က စာ​ပေဘက်​ကို ပြန်​စိတ်​ဝင်​စားလာပုံရ​နေတာ​ကြောင့်​ဒေါ်မူယာသွယ်​မချိုမချဉ်​ပြုံးရင်း စိတ်​ထဲအကုသိုလ်​ပွား​နေမိပြန်​လေသည်​။ သူက​တော့ မိုး အဆင့်​ဘိတ်​ချေးရ​လေ ကြိုက်​လေ ပဲ ဖြစ်​သူကြီးပါ ။

X     X     X     X     X     X     X

မိုးဝသန်​လွင်​တစ်​ယောက်​ထုံးစံအတိုင်း​ကျောင်းတစ်​ဖက်​က ကားလမ်း​ဘေးဖြစ်​သည့်​Bus ကားမှတ်​တိုင်​မှာ သူ့ဆရာမ​လေး​ဒေါ်လင်းဝတ်​ရည်​သော်​ကို​စောင့်​နေမိပြန်​သည်​။ သိပ်​မကြာလိုက်​ခဏ​နေ​တော့ Bus ကား​တစ်​စီး​ပေါ်မှ သူရင်​ခုန်​ရပါ​သော ဆရာမ​လေး ဆင်းလာ​လေပြီ ။

သူချက်​ချင်း လင်း ရဲ့အနားကို​ပြေးသွားပြီး​

" ဆရာမ ... Morning ! "

မျက်​လုံး​လေးနှစ်​ဖက်​မှိတ်​သွားသည်​အထိ သူပြုံးရယ်​ရင်း လင်း ကိုနှုတ်​ဆက်​လိုက်​တော့ လင်း ကလဲ ထုံးစံအတိုင်းပဲ သူ့​ခေါင်း​လေးကိုပွတ်​ကာ

" Morning ပါ က​လေးရယ်​.... မနက်​စာ ဘာစားလာလဲ ? "

" အာ ....​ကော်​ဖီ​နဲ့​ပေါင်​မုန့်​စားလာတယ်။ ဆရာမ​ကောဟင်​ "

" လမ်းမှာ မုန့်​ဟင်းခါး စားလာတယ်​က​လေးရဲ့ .... "

" ဟုတ်​လား ... ဆရာမက မုန့်​ဟင်းခါးကြိုက်​တာလား ... "

" အင်း ကြိုက်​တယ်​က​လေး​ကော ? "

မိုး​ခေါင်း​လေး ကုပ်​ကာဖြင့်​

" အဲ ဟို မိုး ငယ်​ငယ်​လေးထဲက မစားဖူးဘူး ... အနံ့မခံနိုင်​လို့​လေ .... ဆရာမ ဆွဲခြင်း​ပေး သမီးဆွဲ​ပေးမယ်​... "

မိုး ကြိမ်​ဆွဲခြင်း​တောင်းကို လှမ်းယူမယ်​လုပ်​တော့ လင်း အားတုံ့အားနာဖြင့်​

" ရတယ်​က​လေးရဲ့ .... ဆရာမခြင်း​တောင်းက​လေးတယ်​... "

" ရပါတယ်​ဆရာမရယ်​... သမီးဆွဲ​ပေးချင်​လို့ပါ ...​ပေးပါ​နော်​... "

မိုး​ပြောပြီ အတင်းဆွဲယူ​တော့ လင်း လဲရယ်​ပြီး​ပေးလိုက်​မိသည်​။ ထို့​နောက်​လင်း မိုးရဲ့လက်​ဖဝါးနုနု​လေးအား သူ့လက်​ဖြင့်​ဆုပ်​ကိုင်​လိုက်​ရင်း

" လမ်းကူးကြစို့​နော်​... မ​ကြောက်​နဲ့ ဟုတ်​ပြီလား ... "

လင်း ကသူ့လက်​ကိုဆုပ်​ကိုင်​ပေးထားချိန်​တိုင်း သူ့ဘဝ​လေးဟာ အရမ်းကို​နွေး​ထွေး​နေပြီး လုံခြုံမှုရှိတယ်​လို့ မိုးအမြဲခံစားမိရပါသည်​။ သူ့ဆရာမက သူ့လက်​ကို ကိုင်​ပေးထားချိန်​တိုင်း သူအရမ်း​ပျော်​ရွှင်​ရပါသည်​။

" ကားလမ်းကူးမယ်​ဆိုရင်​အရင်​ဆုံး ဘယ်​ကိုကြည့်​ညာကိုကြည့်​ပြီးရင်​ပြန်​ပြီး​တော့ ဘယ်​ကိုပြန်​ကြည့်​ညာကိုပြန်​ကြည့်​လုံးဝရှင်းပြီဆို​တော့မှ ကူးရတယ်​က​လေးရဲ့ .... မ​လောရဘူး ... ပြီးရင်​လဲ အခုလို ကိုယ့်​နားမှာ Bus ကားကြီး​တွေ ပိတ်​ရပ်​ထားရင်​လဲ မကူးနဲ့ဦး အ​နောက်​က​ကျော်​တက်​လာတဲ့ ကား​တွေရှိတတ်​တယ်​လေ .... "

" ဟုတ်​မိုး မှတ်​ထားပါ့မယ်​ဆရာမ .... "

မိုး မျက်​လုံး​လေး​ကွေး​အောင်​ထပ်​ရယ်​ကာ​ပြော​တော့ လင်း ကချစ်​စနိုး​လေးနဲ့ မိုးရဲ့ပါး​လေးကို ခက်​ဖွဖွ​လေး ဆွဲလိုက်​မိလိုက်​၏ ။ ထိုတွင်​တော့ မိုး ရဲ့ရင်​တွေ ဒုန်းဆိုင်း ခုန်​ပေါက်​ပြေးလွှား မိပါ​တော့သည်​။

သူတို့ ၂​ယောက်​ကားလမ်းတူတူကူးခဲ့ကြပြီး​သောအခါ​ကျောင်းလမ်းတစ်​လျှောက်​သွား​နေကြတဲ့အထိ လင်း မိုးကို လက်​တွဲ မဖြုတ်​သေး​ချေ ။

" ဒါနဲ့​လေ ဆရာမ ကျူရှင်​တွေ ဘာ​တွေသင်​လားဟင်​? "

" ဟင့်​အင်း မသင်​ဘူး က​လေးရဲ့ ဆရာမက ဒီနှစ်​မှ ရန်​ကုန်​ပြန်​ပြောင်းလာတာ​လေ ... လွန်​ခဲ့တဲ့ ၂ နှစ်​က နယ်​မှာ တာဝန်​ကျတာ ... ဆရာမစဖြစ်​ကတည်းက နယ်​မှာတာဝန်​ကျတာ​လေ .... အဲ့က က​လေး​တွေက တအားရိုးသားကြတယ်​ဖြူစင်​ကြတယ်​ပြီး​တော့ သူတို့ဆီမှာ ကျူရှင်​ဆိုတာလဲ မရှိကြဘူး​လေ ...​ကျောင်း​တောင်​အနိုင်​နိုင်​တက်​ကြရတာ က​လေးရဲ့ ....​ကျောင်းမှာကလဲ ဆရာမက​ကျောင်းအုပ်​ကြီးနဲ့မှ ၄​ယောက်​ပဲ ရှိတာ ..... အထက်​တန်းပြဆိုလို့ ဆရာမတစ်​ယောက်​ပဲရှိတာ​လေ .... "

" ဟုတ်​လား ဒါဆို ဆရာမ ဘာသာစုံပြ​ပေးရတာ​ပေါ့​နော်​... ? "

" အင်း​ပေါ့ က​လေးရဲ့ ဆရာမလဲ အကုန်​သေချာ ဘာသာစုံ​သင်​ပေးနိုင်​အောင်​စာ​တွေပြန်​လေ့လာခဲ့ရတာကို မ​ပြောပါနဲ့​တော့ ...... အဲ့တုန်းက ဘာသာစုံကိုင်​ခဲ့ရ​ပေမဲ့ အခုလို တစ်​ဘာသာပဲ သင်​ပေး​နေရတာ​လောက်​တောင်​မပင်​ပန်းဘူး ..... "

" ဒါဆို ဒီ​ကျောင်းမှာသင်​ပေးရတာက ပိုပင်​ပန်းတယ်​ပေါ့​နော်​? "

" အင်း လူပင်​ပန်းတာထက်​စိတ်​ပိုပင်​ပန်းတယ်​.... ဒီက က​လေးအများစုက နယ်​က က​လေး​တွေနဲ့မတူကြတာ​တော့ အမှန်​ပဲ​လေ ..... "

" ဒါဆို မိုး က​ကောဟင်​? "

မိုး ရယ်​ပြီး​မေး​တော့ လင်း​မိုး ရဲ့​ခေါင်း​လေးကို ပွတ်​လိုက်​ကာ

" မိုး က နယ်​က က​လေးတွေလိုပဲ။ ဖြူစင်​တယ်​ရိုးတယ်​အေးတယ်​ချစ်​စရာလဲ​ကောင်းတယ်​.... "

လင်း ရယ်​မောပြီး​ပြော​နေ​သောစကားကို မိုး သ​ဘောကျသွားမိ​တော့သည်​။

'ချစ်​ဖို့​ကောင်းတယ်​တဲ့လား မ ရယ်​´ လို့စိတ်​ထဲက​ပြောလိုက်​မိ​တော့သည်​။

​ကျောင်း​ဆောင်​ပေါ်သို့​ရောက်​တဲ့အထိ သူတို့ ၂​ယောက်​စကား​တွေ​ပြောခဲ့ကြသည်​။

" အတန်းထဲဝင်​တော့​နော်​မိုး။ ဆရာမ လက်​မှတ်​သွားထိုးလိုက်​ဦးမယ်​နော်​.... "

" ဟုတ်​မိုး ဆရာမရဲ့ဆွဲခြင်းကို အ​ပေါ်ထပ်​က ဆရာများနား​နေခန်းထဲမှာပဲ ထားခဲ့​ပေးမယ်​နော်​.... "

" ရပါတယ်​က​လေးရယ်​ဆရာမ ဘာသာ ... "

စကားမဆုံးခင်​မှာပဲ မိုး​လှေကား​ပေါ်တက်​လိုက်​ပြီး

" ဟီး ယူသွားပြီ ဆရာမ​ရေ .... "

​လှေကား​ပေါ်​ပျော်​ရွှင်​စွာ​ပြေးတက်​သွားတဲ့ သူ့ရဲ့တပည့်​မ​လေးကို ကြည့်​ပြီး လင်း သ​ဘောကျစွာ ရယ်​လိုက်​မိ​တော့သည်​။

အတန်းထဲ​ရောက်​ပြန်​တော့လဲ မိုး တစ်​ယောက်​ပထမ ၂ ချိန်​ကို မြန်​မြန်​ပြီးဖို့ပဲ ဆု​တောင်းမိ​နေ​တော့သည်​။ ၃ ချိန်​မှာ သူ crush ရတဲ့ ဆရာမ​လေး လင်းဝတ်​ရည်​သော်​အချိန်​ဆို​တော့ ၂ အချိန်​ပြီးလို့​ခေါင်း​လောင်းထိုးတာနဲ့ အ​ပေါက်​ဝသို့သာ လှမ်း​မျှော်​ငေးကြည့်​နေမိ​တော့သည်​။

၂ မိနစ်​လောက်​နေ​တော့ သူ​မျှော်​နေရတဲ့ မမ အတန်းထဲသို့ ဝင်​လာ​လေပြီ ။ သွား​လေးဖြီးပြီး တခြားလူထက်​ကိုရင်​ဦး​အောင်​ထပြီး နှုတ်​ဆက်​ဖို့ ထရပ်​လိုက်​သူက​တော့ မိုး ပဲဖြစ်​တော့သည်​။

သူ့တပည့်​မိုးဝသန်​လွင်​ရဲ့မျက်​နှာကိုကြည့်​ပြီး​ဆရာမ​လေး​ဒေါ်လင်းဝတ်​ရည်​သော်​မှာလဲရယ်​မိလိုက်​သည်​။

" မင်္ဂလာပါ ဆရာမ ..... "

" မင်္ဂလာပါ က​လေးတို့ ..... "

လင်း သင်​နေသည့်​စာသင်​ချိန်​ကိုကျ​တော့ အချိန်​တွေကုန်​တာ​နှေးပါ​စေလို့​တောင်​စိတ်​ထဲကြိတ်​ဆု​တောင်းမိ​နေပါ​သေးသည်​။ လင်း ကသူ့အနားမှာ နီးနီးကပ်​ကပ်​ရှိ​နေချိန်​ဆို မိုး တအားကို​ပျော်​သည်​။ သူ့ကိုယ်​သူ အရင်​ကနဲ့မတူပဲ လင်း​ကြောင့်​ပြောင်းလဲလာပြီဆိုတာလဲ သတိထားမိ​နေပါသည်​။

လင်း ကလဲစာ​တွေရှင်းပြချိန်​တွေ စာတိုင်​ပေးချိန်​တွေမှာ​တောင်​မှ မိုး ရှိ​နေသည့်​ဘေးဘက်​အစွန်​ပြူတင်း​ပေါက်​နားက ခုံတန်း​ရှေ့မှာပဲ အမြဲရပ်​ပြီး စာရှင်းပြ စာတိုင်​ပေး​လေ့ ရှိ၏ ။

ပြီးရင်​လဲ အကြည့်​ချင်းဆုံတာနဲ့ကို ဆရာတပည့်​၂​ယောက်​တပြုံးပြုံးနှင့်​။ မိုး ရဲ့​ဘေးနားကခုံမှာထိုင်​နေတဲ့ မိုး သူငယ်​ချင်းဖြစ်​တဲ့ မန္တ​လေးသူ​လေး ဇာလီတင့်​ပေလျှင်​ထိုဆရာတပည့်​၂​ယောက်​ကို သ​ဘောကျတဲ့အကြည့်​တွေဖြင့်​ငေးကြည့်​နေမိ​သေးသည်​။

Black board မှာ​မေးခွန်းအ​ဖြေ​တွေ လင်း ချ​ရေး​ပေးပြီး​က​လေး​တွေစာကူး​ရေး​နေကြချိန်​မှာ​တော့ လင်း မိုးအနားသို့​လျှောက်​လာသည်​။ မိုး လဲ​မော့ကြည့်​လိုက်​မိ​တော့ လင်း ကခါး​လေးကိုင်းကာ မိုး ရဲ့အနားကပ်​၍ တိုးတိုး​လေး​ပြောသည်​။

" မုန့်​စားဆင်းရင်​ကျောင်း​ဆောင်​ဘေးနားက ခ​ရေပင်​ကြီး​အောက်​မှာရှိတဲ့ ခုံတန်းရှည်​လေးမှာ​စောင့်​နေ​နော်​.... ဆရာမလာခဲ့မယ်​...​က​လေးကြိုက်​တဲ့​ပေါင်​မုန့်​ကြက်​ဥ​တွေ အများကြီး​ကြော်​လာ​ပေးတယ်​သိလား ..... "

" ဝိုး .... အခုထဲက ဗိုက်​တောင်​ဆာလာပြီ အဟိ .... "

မိုး ကဗိုက်​က​လေးပွတ်​ကာ ဖြီးတီးတီးနဲ့​ပြော​တော့ လင်းသူ့တပည့်​ခေါင်းကို အသာ​လေးပုတ်​လိုက်​ပြီး တခစ်​ခစ်​နဲ့ရယ်​တော့သည်​။

" ခဏ​အောင့်​ထားဦး ...​ရေ​သောက်​ထားနှင့်​ရေ​သောက်​ထား .... "

မိုး ရဲ့​ကျောပြင်​လေးကို သပ်​ပေးကာ လင်း တိုးတိုး​လေးစ​နောက်​လိုက်​၏ ။

အတန်းချိန်​ပြီးသွား​တော့ လင်းလဲ အခန်းထဲမှပြန်​ထွက်​သွားသည်​။ ထိုအခါ​ဘေးမှ ဇာလီတင့်​ကမိုး ဘက်​သို့လှည့်​ကာ

" ဟဲ့ မိုး ... "

" အင်း​ပြော​လေ ဇာလီ ..... "

" နင်​နဲ့ ဆရာမ​ဒေါ်လင်းဝတ်​ရည်​သော်​နဲ့က ဟိုးအရင်​ထဲက ခင်​ကြတာလားဟင်​? "

" ဟင့်​အင်း မဟုတ်​ပါဘူး .... ဆရာမက ဒီနှစ်​မှ ငါတို့​ကျောင်းကို​ပြောင်းလာတာ​လေ .... ငါနဲ့ဆရာမနဲ့ကလဲ ဒီနှစ်​မှ စသိကြတာပါ .... "

"​အော်​ဟုတ်​လား .... ဒါနဲ့ နင်​သိလား ? "

" ဟင်​ဘာလဲ ? "

" နင်​လေ ဆရာမ​နဲ့ဆို အမြဲတမ်းပြုံး​နေတတ်​တယ်​အရမ်းချစ်​ဖို့​ကောင်းတာပဲ နင့်​မျက်​နှာ​လေးက ပြုံးရယ်​နေတဲ့ အချိန်​တွေဆိုရင်​လေ ..... "

ဇာလီ ရဲ့စကား​တွေ​ကြောင့်​မိုး သ​ဘောကျစွာ ရယ်​လိုက်​မိ၏ ။

🌧️     🌧️     🌧️

Continue Reading

You'll Also Like

330K 18.1K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"
262K 41.6K 104
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
488K 11.7K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
29.6K 2K 14
_စိန်ပန်းနီနီ တွေ ပြန်ပွင့်နေကြပြီ ထွေးငယ် ဒီ အမျိုးသမီးနှစ်‌ေယာက် ရှိရာ အရပ်ကို ပြန်လာပါတော့လား _ 90's မှ အမျိုးသမီးသုံးယောက်ကြားက ခပ်ရှုပ်ရှုပ် ဇာ...