Chapter 74 : ပြိုလဲကျပြီးနောက် တဖန် ပြန်ထခြင်း
အထူးသဖြင့် ယဲ့ချင်းသည် သူမ မုန်းတီးသောသူတစ်ယောက်၏ ရှေ့တွင် လုံးဝ အရှက်ကွဲသွားသလို ခံစားနေရသည်။ သူမ၏ မာနတရားကို ဖွင့်ချ၍ မြင်သာအောင် ပြသခံလိုက်ရပြီး နေရာအနှံ့ပြန့်ကျဲကာ တဖြည်းဖြည်း ဘာတစ်ခုမှ မကြွင်းကျန်ရစ်တော့သည့်တိုင်အောင် ပျောက်ကွယ်သွားသကဲ့သို့ပင် ခံစားနေရ၏။
အန်တီယဲ့သည် အနည်းငယ်မူးဝေနေပြီးနောက် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာသည်။ သူမ၏ မျက်ဝန်းအကြည့်များတွင် စိတ်ထိခိုက်ခြင်း၊ စိတ်အားငယ်ခြင်းများ ရောယှက်နေပြီး စိတ်အားထက်သန်မှုများ ပျောက်ကွယ်လုနီးပါးပင်။
ငွေကြေးချမ်းသာသူတစ်ယောက်မှ အကြွေးပေါ် အကြွေးဆင့်နေသော သူတစ်ယောက်အဖြစ် ပြောင်းလဲသွားသောအခါ သူမကိုယ်သူမ လက်မခံနိုင်ခဲ့သော်လည်း ယခင်က သူမတွင် ထိုဆင်းရဲဒုက္ခများကို သည်းခံကြိုးပမ်းနိုင်ရန်အတွက် အကြောင်းပြချက်လေးတစ်ခု ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင်တော့ အနည်းငယ် အလှမ်းကွာနေပုံပင်။
"နင့်ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ ကျင်းယွင်ကျောင်း၊ နင် ဘာလို့ ငါ့လမ်းကို ခေါင်းမာမာနဲ့ လာပိတ်နေတာလဲ"
ယဲ့ချင်းက ကြိမ်းမောင်းလိုက်သည်။
ကျင်းယွင်ကျောင်းက သူမအား ရန်စသလို ကြည့်လာ၏။
"နင့်ရဲ့စကားတွေက နင့်ရဲ့အသိစိတ်နဲ့ ဆန့်ကျင်နေတယ်လို့ နင် နည်းနည်းလေးတောင် မခံစားရဘူးလား။ ငါ တစ်ခါမှ နင့်အပေါ် အမှားမလုပ်ခဲ့ဘူး။ နင်ပဲ ငါ့ကို နင့်ရဲ့စိတ်ကူးယဥ် ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ငါ့ကို ကဏ္ဍပေါင်းစုံကနေ လိုက်တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ငါက နင့်ကို သက်ညှာပေးမယ်လို့ ဆုံးဖြတ်ပြီးသားကို နင်က ငါ့ရဲ့ရည်ရွယ်ချက်တွေကို မေးနေတယ်လား။ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"
"နင်က နင့်ရဲ့မိဘတွေကို ပိုက်ဆံပဲ ဆက်တောင်းနေတယ်။ ဒါပေမယ့် နင် သူတို့အပေါ်မှာ ဘယ်လောက် အကြွေးတင်နေတယ်ဆိုတာကိုရော နင်တွေးဖူးလား။ နင်က အဲဒါကို သိက္ခာကျစရာလို့ တွေးနေပေမယ့် ငါမြင်တာကတော့ နင့်လိုမျိုး သမီးတစ်ယောက်ရှိနေတာကမှ နင့်မိဘတွေရဲ့တစ်သက်တာမှာ သိက္ခာအကျဆုံးကိစ္စပဲ"
ကျင်းယွင်ကျောင်းသည် သူတော်စင်တစ်ယောက် မဟုတ်ပေ၊ ကိုယ်ကျင့်သိက္ခာဖြင့် အကျပ်ကိုင်သောနည်းကို သုံးရန်လည်း သူမ တစ်ခါမှ မတွေးဖူးခဲ့ပေ။ သူမက သူတို့ကြားတွင် အခြေခံ အသိတရား အများစုရှိသင့်သည်ဟု ခံစားမိရုံသာ။
ချောင်မိသားစုနှင့် နေထိုင်ခဲ့သည့် ဆယ့်ငါးနှစ်အတွင်း ယဲ့ချင်၏ သူမအပေါ်စိတ်ထားမှာ ယဥ်ကျေး၍ ခပ်တန်းတန်းသာဖြစ်သည်။ ယခု ယဲ့ချင်း လုပ်ခဲ့သမျှမှာမူ ကျင်းယွင်ကျောင်း တစ်ခါမှ စိတ်မကူးနိုင်သည့်အရာများဟုပင် ပြောနိုင်၏။ ထို့ကြောင့် သူမ အလွန်ဒေါသထွက်သွားခြင်းဖြစ်သည်။
(T/N : ယဲ့ချင်က ကျင်းယွင်ကျောင်းရဲ့အမေ၊ ယဲ့ချင်းက ဒီပြဿနာရှာတဲ့ ယဲ့ချင်းပါနော်၊ နာမည်က ဆင်နေလို့။)
အန်တီယဲ့က သူမ၏လက်များကို ယမ်းလိုက်ပြီး ...
"ငါ သဘောထားမပြည့်ဝတဲ့ သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့မိတာ၊ ဒါက ငါနဲ့ထိုက်တန်ပါတယ်လေ"
"ဘယ်သူကမှ ဒါနဲ့ မထိုက်တန်ပါဘူး။ အန်တီယဲ့၊ အခုအချိန်မှာ သူက လူတစ်ယောက်ကို ထိခိုက်ဒဏ်ရာရစေရုံပဲ ရှိသေးတယ်။ လူသတ်မိတဲ့ အဆင့်ထိ မရောက်သေးဘူး။ ဒါပေမယ့် အန်တီ သူ့ကို ဒီလိုသာ ဆက်ခွင့်ပြုထားမယ်ဆို အနာဂတ်မှာ သူ ဘယ်လိုပြောင်းလဲသွားမယ်ဆိုတာ စိတ်မကူးရဲလောက်အောင်ပဲ။ အန်တီက သူ့ရဲ့ အမေအရင်းပါ၊ သူ့ရဲ့ကလေးထိန်း၊ အစေအပါး မဟုတ်ဘူး။ တကယ်လို့ အန်တီ သူ့ကို ဒီနေ့ လွှတ်ပေးလိုက်မယ်၊ အန်တီ့အပေါ် ဆက်နိုင်စားခွင့်ပြုလိုက်မယ်ဆိုရင် အနာဂတ်မှာလည်း သူ အမှားတွေလုပ်ပြီး အန်တီ့ကို နိုင်စားဦးမယ့်အချိန်တွေအတွက် အန်တီ ကြိုပြီး ပြင်ဆင်ထားလိုက်တာ ပိုကောင်းမယ်။ ဒီလောက် အများကြီးပြောပြီးတာတောင် အန်တီက သူ ဘာအမှားမှ မလုပ်ခဲ့ဘူးလို့ ဆက်တွေးနေဦးမယ်ဆိုတော့ ဒီနေ့ အန်တီရဲ့သမီး ဒီလိုလူစားမျိုးဖြစ်လာတာ မထူးဆန်းတော့ပါဘူး"
ကျင်းယွင်ကျောင်း၏ အသံသည် အေးစက်ပြတ်သားနေပြီး အကြည့်များက သူမအား သာမန်လျှံကာပင် ကြည့်နေသည်။
မိဘများ သူတို့၏ သားသမီးများအား ပေးသမျှအရာတိုင်းသည် သူတို့ပြန်ရမည့်အရာများသာ ဖြစ်၏။
အန်တီယဲ့သည် ယဲ့ချင်း သင်တင့်လျောက်ပတ်သော အသိပညာမရှိခြင်းမှာ သူမ၏ ကိုယ်ပိုင်အမှားကြောင့်ဟုသာ အမြဲတမ်း ယုံကြည်ခဲ့သည်။ ထိုအချက်မှာ ယဲ့ချင်းက သူ့ကိုယ်သူ အစွပ်စွဲခံရသလို ယုံကြည်နေစေသည့် အဓိက အကြောင်းအရာပင်ဖြစ်၏။
ကျင်းယွင်ကျောင်း၏ အသံ၊ စကားလုံးတိုင်းနှင့် စကားတိုင်းက အန်တီယဲ့၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း သံမှိုစွဲသွားစေသည်။
ယခင်ကသာ ဆိုပါက သူမသည် နားထောင်ရုံသာ နားထောင်၍ မေ့ပစ်လိုက်မည်ဖြစ်၏။ သို့ရာတွင် မကြာသေးမီက သူမ လက်ခံရရှိခဲ့သော ဆုတ်ယုတ်မှုများမှာ အလွန်များပြားလွန်းလှသည်၊ အထူးသဖြင့် ယခုအချိန်တွင် ဖြစ်၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းဆီမှ ရိုးရိုးရှင်းရှင်း စကားအနည်းငယ်ကပင် သူမ၏ စိတ်ထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်သွားသည်။
သူမ၏ အမူအယာသည် တဖြည်းဖြည်း ကြည်လင်လာ၏။ ယဲ့ချင်းသည် ဆယ့်ငါးနှစ်အရွယ်သာ ရှိသေးသည်၊ သက်တမ်းတစ်ဝက်ပင် မကုန်သေးချေ။ သူမသည် ယဲ့ချင်းအား နောက်အနှစ်ငါးဆယ်ကြာသည်အထိ ဆက်လက် တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်အတွက်ကိုယ်သာကြည့်ခွင့်မပြုနိုင်တော့ပေ။
အန်တီယဲ့၏ မျက်နှာက အနည်းငယ် တည်ငြိမ်လာပြီး ကျင်းယွင်ကျောင်း၏ လက်မောင်းကို အသာတွန်းဖယ်လိုက်သည်။
"နင် ငါနဲ့အတူ တောင်းပန်ဖို့ လိုက်ခဲ့ရမယ်"
ယဲ့ချင်းက သူမအား စိုက်ကြည့်လာပြီး ...
"ကျွန်မ မသွားနိုင်ဘူး"
ဖြန်း ...
အန်တီယဲ့က သူမအား ပါးတစ်ချက်ထပ်ရိုက်လိုက်၏။
"အမေ၊ အမေ့ကို မုန်းတယ်။ ကျွန်မ ဒီကျိန်စာသင့်နေတဲ့ နေရာကနေ ထွက်သွားချင်တယ်၊ အမေ ကျွန်မကို ထပ်တွေ့ရမယ်လို့ တွေးတောင် မတွေးနဲ့"
ယဲ့ချင်းက အော်ဟစ်ခြိမ်းခြောက်လိုက်သည်။
"ဒါဆို ထွက်သွား၊ နင် ထွက်သွားရင် ပြည့်စုံသွားပြီ။ ငါလည်း နင့်အဖေကို ချက်ချင်း ကွာရှင်းမယ်။ အနာဂတ်က တောက်ပနေတုန်းပဲ။ နင့်လိုမျိုး အမှိုက်တစ်ယောက်ထက်စာရင် အမေက အများကြီး ပိုပြီး ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်တယ်။ နင် အိမ်က ပိုက်ဆံခိုးရင်လည်း နင်ထွက်သွားတာနဲ့ ငါ ရဲကို ဖုန်းဆက်မယ်။ ပြီးရင် နင့်ကိုယ်နင် ဘယ်လိုပြုမူရမလဲဆိုတာ သူတို့ကို သင်ခန်းစာတစ်ခု ပေးခိုင်းမယ်"
အန်တီယဲ့က အသံအက်သည်အထိ အော်ဟစ်လိုက်၏။ အစပိုင်း၌ သူမသည် စကားပြောရင်း အကြည့်များက ထိတ်ထိတ်ပျာပျာ ဖြစ်နေသေးသော်လည်း အမြန်ပင် ဖုံးကွယ်လိုက်သည်။ အထူးသဖြင့် ယဲ့ချင်း၏ ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာကို မြင်သောအခါ အန်တီယဲ့က သူမသည် ပို၌ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချလိုက်နိုင်ပြီဖြစ်ကြောင်း ယုံကြည်သွားခဲ့၏။
ကျင်းယွင်ကျောင်းသည်လည်း အံအားသင့်စွာ ကြည့်နေသည်။ သူမက အန်တီယဲ့၏ နှလုံးသားသည် အလွန် လျင်လျင်မြန်မြန် မာကျောသွားလိမ့်မည်ဟု မထင်ခဲ့မိပေ။ သို့သော် ၎င်းက မှန်ကန်ပေသည်၊ လဲကျသွားလျှင် တဖန်ပြန်၍ ထရမည်။ အကယ်၍ သူမကဲ့သို့ သန်မာသော အမျိုးသမီးတစ်ယောက်ဖြစ်ရန် အကြောင်းပြချက်တစ်ခုပေးရမည်ဆိုပါက ထိုသူသည် အခြားအရာများကို အမှုမထားဘဲ ရှင်သန်နေထိုင်နိုင်ရမည် ဖြစ်ချေသည်။
Zawgyi
Chapter 74 : ၿပိဳလဲက်ၿပီးေနာက္ တဖန္ ျပန္ထျခင္း
အထူးသျဖင့္ ယဲ့ခ်င္းသည္ သူမ မုန္းတီးေသာသူတစ္ေယာက္၏ ေရွ႕တြင္ လုံးဝ အရွက္ကြဲသြားသလို ခံစားေနရသည္။ သူမ၏ မာနတရားကို ဖြင့္ခ်၍ ျမင္သာေအာင္ ျပသခံလိုက္ရၿပီး ေနရာအႏွံ႕ျပန့္က်ဲကာ တျဖည္းျဖည္း ဘာတစ္ခုမွ မႂကြင္းက်န္ရစ္ေတာ့သည့္တိုင္ေအာင္ ေပ်ာက္ကြယ္သြားသကဲ့သို႔ပင္ ခံစားေနရ၏။
အန္တီယဲ့သည္ အနည္းငယ္မူးေဝေနၿပီးေနာက္ တျဖည္းျဖည္း အသိစိတ္ျပန္ကပ္လာသည္။ သူမ၏ မ်က္ဝန္းအၾကည့္မ်ားတြင္ စိတ္ထိခိုက္ျခင္း၊ စိတ္အားငယ္ျခင္းမ်ား ေရာယွက္ေနၿပီး စိတ္အားထက္သန္မႈမ်ား ေပ်ာက္ကြယ္လုနီးပါးပင္။
ေငြေၾကးခ်မ္းသာသူတစ္ေယာက္မွ အေႂကြးေပၚ အေႂကြးဆင့္ေနေသာ သူတစ္ေယာက္အျဖစ္ ေျပာင္းလဲသြားေသာအခါ သူမကိုယ္သူမ လက္မခံနိုင္ခဲ့ေသာ္လည္း ယခင္က သူမတြင္ ထိုဆင္းရဲဒုကၡမ်ားကို သည္းခံႀကိဳးပမ္းနိုင္ရန္အတြက္ အေၾကာင္းျပခ်က္ေလးတစ္ခု ရွိေနခဲ့သည္။ သို႔ေသာ္ ယခုအခါတြင္ေတာ့ အနည္းငယ္ အလွမ္းကြာေနပုံပင္။
"နင့္ရဲ႕ ရည္႐ြယ္ခ်က္ေတြက ဘာေတြလဲ။ က်င္းယြင္ေက်ာင္း၊ နင္ ဘာလို႔ ငါ့လမ္းကို ေခါင္းမာမာနဲ႕ လာပိတ္ေနတာလဲ"
ယဲ့ခ်င္းက ႀကိမ္းေမာင္းလိုက္သည္။
က်င္းယြင္ေက်ာင္းက သူမအား ရန္စသလို ၾကည့္လာ၏။
"နင့္ရဲ႕စကားေတြက နင့္ရဲ႕အသိစိတ္နဲ႕ ဆန့္က်င္ေနတယ္လို႔ နင္ နည္းနည္းေလးေတာင္ မခံစားရဘူးလား။ ငါ တစ္ခါမွ နင့္အေပၚ အမွားမလုပ္ခဲ့ဘူး။ နင္ပဲ ငါ့ကို နင့္ရဲ႕စိတ္ကူးယဥ္ ၿပိဳင္ဘက္အျဖစ္ သတ္မွတ္ၿပီး ငါ့ကို က႑ေပါင္းစုံကေန လိုက္တိုက္ခိုက္ေနတာ မဟုတ္ဘူးလား။ ငါက နင့္ကို သက္ညွာေပးမယ္လို႔ ဆုံးျဖတ္ၿပီးသားကို နင္က ငါ့ရဲ႕ရည္႐ြယ္ခ်က္ေတြကို ေမးေနတယ္လား။ ရယ္စရာေကာင္းတယ္လို႔ မထင္ဘူးလား"
"နင္က နင့္ရဲ႕မိဘေတြကို ပိုက္ဆံပဲ ဆက္ေတာင္းေနတယ္။ ဒါေပမယ့္ နင္ သူတို႔အေပၚမွာ ဘယ္ေလာက္ အေႂကြးတင္ေနတယ္ဆိုတာကိုေရာ နင္ေတြးဖူးလား။ နင္က အဲဒါကို သိကၡာက်စရာလို႔ ေတြးေနေပမယ့္ ငါျမင္တာကေတာ့ နင့္လိုမ်ိဳး သမီးတစ္ေယာက္ရွိေနတာကမွ နင့္မိဘေတြရဲ႕တစ္သက္တာမွာ သိကၡာအက်ဆဳံးကိစၥပဲ"
က်င္းယြင္ေက်ာင္းသည္ သူေတာ္စင္တစ္ေယာက္ မဟုတ္ေပ၊ ကိုယ္က်င့္သိကၡာျဖင့္ အက်ပ္ကိုင္ေသာနည္းကို သုံးရန္လည္း သူမ တစ္ခါမွ မေတြးဖူးခဲ့ေပ။ သူမက သူတို႔ၾကားတြင္ အေျခခံ အသိတရား အမ်ားစုရွိသင့္သည္ဟု ခံစားမိ႐ုံသာ။
ေခ်ာင္မိသားစုႏွင့္ ေနထိုင္ခဲ့သည့္ ဆယ့္ငါးႏွစ္အတြင္း ယဲ့ခ်င္၏ သူမအေပၚစိတ္ထားမွာ ယဥ္ေက်း၍ ခပ္တန္းတန္းသာျဖစ္သည္။ ယခု ယဲ့ခ်င္း လုပ္ခဲ့သမွ်မွာမူ က်င္းယြင္ေက်ာင္း တစ္ခါမွ စိတ္မကူးနိုင္သည့္အရာမ်ားဟုပင္ ေျပာနိုင္၏။ ထို႔ေၾကာင့္ သူမ အလြန္ေဒါသထြက္သြားျခင္းျဖစ္သည္။
(T/N : ယဲ့ခ်င္က က်င္းယြင္ေက်ာင္းရဲ႕အေမ၊ ယဲ့ခ်င္းက ဒီျပႆနာရွာတဲ့ ယဲ့ခ်င္းပါေနာ္၊ နာမည္က ဆင္ေနလို႔။)
အန္တီယဲ့က သူမ၏လက္မ်ားကို ယမ္းလိုက္ၿပီး ...
"ငါ သေဘာထားမျပည့္ဝတဲ့ သမီးတစ္ေယာက္ကို ျပဳစုပ်ိဳးေထာင္ခဲ့မိတာ၊ ဒါက ငါနဲ႕ထိုက္တန္ပါတယ္ေလ"
"ဘယ္သူကမွ ဒါနဲ႕ မထိုက္တန္ပါဘူး။ အန္တီယဲ့၊ အခုအခ်ိန္မွာ သူက လူတစ္ေယာက္ကို ထိခိုက္ဒဏ္ရာရေစ႐ုံပဲ ရွိေသးတယ္။ လူသတ္မိတဲ့ အဆင့္ထိ မေရာက္ေသးဘူး။ ဒါေပမယ့္ အန္တီ သူ႕ကို ဒီလိုသာ ဆက္ခြင့္ျပဳထားမယ္ဆို အနာဂတ္မွာ သူ ဘယ္လိုေျပာင္းလဲသြားမယ္ဆိုတာ စိတ္မကူးရဲေလာက္ေအာင္ပဲ။ အန္တီက သူ႕ရဲ႕ အေမအရင္းပါ၊ သူ႕ရဲ႕ကေလးထိန္း၊ အေစအပါး မဟုတ္ဘူး။ တကယ္လို႔ အန္တီ သူ႕ကို ဒီေန႕ လႊတ္ေပးလိုက္မယ္၊ အန္တီ့အေပၚ ဆက္နိုင္စားခြင့္ျပဳလိုက္မယ္ဆိုရင္ အနာဂတ္မွာလည္း သူ အမွားေတြလုပ္ၿပီး အန္တီ့ကို နိုင္စားဦးမယ့္အခ်ိန္ေတြအတြက္ အန္တီ ႀကိဳၿပီး ျပင္ဆင္ထားလိုက္တာ ပိုေကာင္းမယ္။ ဒီေလာက္ အမ်ားႀကီးေျပာၿပီးတာေတာင္ အန္တီက သူ ဘာအမွားမွ မလုပ္ခဲ့ဘူးလို႔ ဆက္ေတြးေနဦးမယ္ဆိုေတာ့ ဒီေန႕ အန္တီရဲ႕သမီး ဒီလိုလူစားမ်ိဳးျဖစ္လာတာ မထူးဆန္းေတာ့ပါဘူး"
က်င္းယြင္ေက်ာင္း၏ အသံသည္ ေအးစက္ျပတ္သားေနၿပီး အၾကည့္မ်ားက သူမအား သာမန္လွ်ံကာပင္ ၾကည့္ေနသည္။
မိဘမ်ား သူတို႔၏ သားသမီးမ်ားအား ေပးသမွ်အရာတိုင္းသည္ သူတို႔ျပန္ရမည့္အရာမ်ားသာ ျဖစ္၏။
အန္တီယဲ့သည္ ယဲ့ခ်င္း သင္တင့္ေလ်ာက္ပတ္ေသာ အသိပညာမရွိျခင္းမွာ သူမ၏ ကိုယ္ပိုင္အမွားေၾကာင့္ဟုသာ အၿမဲတမ္း ယုံၾကည္ခဲ့သည္။ ထိုအခ်က္မွာ ယဲ့ခ်င္းက သူ႕ကိုယ္သူ အစြပ္စြဲခံရသလို ယုံၾကည္ေနေစသည့္ အဓိက အေၾကာင္းအရာပင္ျဖစ္၏။
က်င္းယြင္ေက်ာင္း၏ အသံ၊ စကားလုံးတိုင္းႏွင့္ စကားတိုင္းက အန္တီယဲ့၏ ရင္ထဲတြင္ နက္နက္ရွိုင္းရွိုင္း သံမွိုစြဲသြားေစသည္။
ယခင္ကသာ ဆိုပါက သူမသည္ နားေထာင္႐ုံသာ နားေထာင္၍ ေမ့ပစ္လိုက္မည္ျဖစ္၏။ သို႔ရာတြင္ မၾကာေသးမီက သူမ လက္ခံရရွိခဲ့ေသာ ဆုတ္ယုတ္မႈမ်ားမွာ အလြန္မ်ားျပားလြန္းလွသည္၊ အထူးသျဖင့္ ယခုအခ်ိန္တြင္ ျဖစ္၏။ ထို႔ေၾကာင့္ က်င္းယြင္ေက်ာင္းဆီမွ ရိုးရိုးရွင္းရွင္း စကားအနည္းငယ္ကပင္ သူမ၏ စိတ္ထဲသို႔ နက္နက္ရွိုင္းရွိုင္း ထိုးေဖာက္ဝင္ေရာက္သြားသည္။
သူမ၏ အမူအယာသည္ တျဖည္းျဖည္း ၾကည္လင္လာ၏။ ယဲ့ခ်င္းသည္ ဆယ့္ငါးႏွစ္အ႐ြယ္သာ ရွိေသးသည္၊ သက္တမ္းတစ္ဝက္ပင္ မကုန္ေသးေခ်။ သူမသည္ ယဲ့ခ်င္းအား ေနာက္အႏွစ္ငါးဆယ္ၾကာသည္အထိ ဆက္လက္ တစ္ကိုယ္ေကာင္းဆန္ၿပီး ကိုယ့္အတြက္ကိုယ္သာၾကည့္ခြင့္မျပဳနိုင္ေတာ့ေပ။
အန္တီယဲ့၏ မ်က္ႏွာက အနည္းငယ္ တည္ၿငိမ္လာၿပီး က်င္းယြင္ေက်ာင္း၏ လက္ေမာင္းကို အသာတြန္းဖယ္လိုက္သည္။
"နင္ ငါနဲ႕အတူ ေတာင္းပန္ဖို႔ လိုက္ခဲ့ရမယ္"
ယဲ့ခ်င္းက သူမအား စိုက္ၾကည့္လာၿပီး ...
"ကြၽန္မ မသြားနိုင္ဘူး"
ျဖန္း ...
အန္တီယဲ့က သူမအား ပါးတစ္ခ်က္ထပ္ရိုက္လိုက္၏။
"အေမ၊ အေမ့ကို မုန္းတယ္။ ကြၽန္မ ဒီက်ိန္စာသင့္ေနတဲ့ ေနရာကေန ထြက္သြားခ်င္တယ္၊ အေမ ကြၽန္မကို ထပ္ေတြ႕ရမယ္လို႔ ေတြးေတာင္ မေတြးနဲ႕"
ယဲ့ခ်င္းက ေအာ္ဟစ္ၿခိမ္းေျခာက္လိုက္သည္။
"ဒါဆို ထြက္သြား၊ နင္ ထြက္သြားရင္ ျပည့္စုံသြားၿပီ။ ငါလည္း နင့္အေဖကို ခ်က္ခ်င္း ကြာရွင္းမယ္။ အနာဂတ္က ေတာက္ပေနတုန္းပဲ။ နင့္လိုမ်ိဳး အမွိုက္တစ္ေယာက္ထက္စာရင္ အေမက အမ်ားႀကီး ပိုၿပီး ေကာင္းေကာင္းမြန္မြန္ ရွင္သန္နိုင္တယ္။ နင္ အိမ္က ပိုက္ဆံခိုးရင္လည္း နင္ထြက္သြားတာနဲ႕ ငါ ရဲကို ဖုန္းဆက္မယ္။ ၿပီးရင္ နင့္ကိုယ္နင္ ဘယ္လိုျပဳမူရမလဲဆိုတာ သူတို႔ကို သင္ခန္းစာတစ္ခု ေပးခိုင္းမယ္"
အန္တီယဲ့က အသံအက္သည္အထိ ေအာ္ဟစ္လိုက္၏။ အစပိုင္း၌ သူမသည္ စကားေျပာရင္း အၾကည့္မ်ားက ထိတ္ထိတ္ပ်ာပ်ာ ျဖစ္ေနေသးေသာ္လည္း အျမန္ပင္ ဖုံးကြယ္လိုက္သည္။ အထူးသျဖင့္ ယဲ့ခ်င္း၏ ထိတ္လန့္ေၾကာက္႐ြံ႕ေနေသာ အမူအယာကို ျမင္ေသာအခါ အန္တီယဲ့က သူမသည္ ပို၌ မွန္ကန္ေသာ ဆုံးျဖတ္ခ်က္ကို ခ်လိဳက္နိုင္ၿပီျဖစ္ေၾကာင္း ယုံၾကည္သြားခဲ့၏။
က်င္းယြင္ေက်ာင္းသည္လည္း အံအားသင့္စြာ ၾကည့္ေနသည္။ သူမက အန္တီယဲ့၏ ႏွလုံးသားသည္ အလြန္ လ်င္လ်င္ျမန္ျမန္ မာေက်ာသြားလိမ့္မည္ဟု မထင္ခဲ့မိေပ။ သို႔ေသာ္ ၎က မွန္ကန္ေပသည္၊ လဲက်သြားလွ်င္ တဖန္ျပန္၍ ထရမည္။ အကယ္၍ သူမကဲ့သို႔ သန္မာေသာ အမ်ိဳးသမီးတစ္ေယာက္ျဖစ္ရန္ အေၾကာင္းျပခ်က္တစ္ခုေပးရမည္ဆိုပါက ထိုသူသည္ အျခားအရာမ်ားကို အမႈမထားဘဲ ရွင္သန္ေနထိုင္နိုင္ရမည္ ျဖစ္ေခ်သည္။