အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...

By thway64

432K 22K 276

"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More

1။
2။
3။
4။
5။
6။
7။
8။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
20။
21။
22။
23။
24။
25။
26။
27။
28။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!

39။

9.6K 491 16
By thway64

"အဟင်း ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်ဘဲ ငါ့ညီမလေးတောင် မိန်းမရတော့မှာပါလား။"

ရီဝေဝေဖြင့် စကားစလာသည့်ပန်းဆုနေသော်ကြောင့် ယိမ်းက စလာပြန်ပြီ ဆိုသည့်အကြည့်ဖြင့် ဂျိုကြည့်ကြည့်နေတော့သည်။

ယိမ်းတို့ရောက်နေတာကတော့ စားသောက်ဆိုင်တစ်ခုမှာရောက်ရှိနေခြင်းဖြစ်သည်။ ပိတ်ရက်ကလေးရှားရှားပါးပါးဆိုတော့ကလေး၏သူငယ်ချင်းတစ်စုပါ ယိမ်းတို့နှင့်ပါလာလေသည်။ အကြောင်းကတော့
ဒီဇိုင်နာဆီမှအပ်ထားသည့်သတိုးသမီးဝတ်စုံလာယူခြင်းဖြစ်သည်။

"ဟဲဟဲ မမပန်းတော့ အိမ်ထောင်ပြုဖို့ကံမပါလာဘူးထင်တယ်။နောက်ကားကျော်တက်သွားပြီဆိုတော့လေ ။"

ဖူးခတ်၏ အနှောက်သံ။

တစ်ဝိုင်းလုံးလည်းစားစရာသောက်စရာတွေနှင့်ပြည့်နေပြီး ထပ်ချစရာနေရာတောင်မရှိတော့သည့်အထိ မှာနေကြပုံမှာ သွေးတက်စရာပင်ဖြစ်၏ မနက်ဖြန် နေ့မဂ်လာပွဲမို့ ဒီနေ့အကြိုဆိုပြီး နေ့အားဒကာခံခိုင်းကြလေသည်။

"အဟင်း တို့ကမယူချင်သေးလို့ပါနော်။ တစ်ဦးတည်းသောညီမလေးမို့ ဦးစားပေးလိုက်တာ ၊ တို့ယူချင် အခုချက်ချင်းကိုကောက်ယူပစ်လိုက်လို့ရတယ် သိလား။"

"ဟမ် မမ နင်ရည်းစားရနေတာလား။မှန်မှန်ပြောစမ်း ။"

နေနေ့၏အမေး ၊ အကုန်လုံးနီးပါး ရီဝေဝေဖြစ်နေကြပေမယ့် နေ့မှာ ‌အခုမှ‌ေန‌ေကာင်း‌ေပျာက်ခါစမို့ အစ်မ၏ လုံးဝမသောက်ရဘူးဟုအမိန့်ကြောင့် နေ့ မှာကုတ်ကုတ်ကလေးငြိမ်နေရာကနေ မမ၏အပြောကြောင့်အံ့အားသင့်သွားရသည်။

နေ့၏အမေး‌ကြောင့် မမဟာသောက်လက်စခွက်အား အသံမြည်အောင်စောင့်ချလိုက်ရင်း

"နေသော်ရယ် ။ငါနင့်အစ်မပါ ၊ မရှိဘဲနေမလား။ ရှိတာပေါ့ ချစ်လွန်းလို့ဥထားတာ။"

"ပန်း !

ထိုအခါ တစ်ဆက်တည်းထွက်‌ေပါ်လာသော
မမဝင့်လွှာ၏ဟန့်ထားသံ။ ယိမ်းကလည်း အကဲခတ်နေဟန်ဖြင့် ကြည့်နေသည်။

"မမပန်း ချစ်သူကိုငါသိသားဘဲ ဟားဟား။ "

သက်ငုံ့ဖူးဟာငါသိတယ်ဆိုတဲ့ဂုဏ်ဆာသည့်ရုပ်နှင့်ပြောလာလေသည်။ ထိုအခါ ခုံပေါ်တွင်မှောက်နေသည့် ဟန်ကလည်း အတင်းပြူးပြဲကာထလာပြီး

"ဟင့် နှမြောလိုက်တာကွာ။
မမပန်းက တကယ်ကြီးရည်းစားရသွားတာလား။ "

ပန်းအပါအဝင်ကလေးတွေကသာ မနားတမ်းပြောနေကြပေမယ့်လို့ ယိမ်းနှင့်ဝင့်လွှာကတော့ ဘာတစ်ခွန်းမှဝင်မပြောဘဲငြိမ်ချက်သားကောင်းနေကြ၏ ဝင့်လွှာက မာလာရှမ်းကောကိုသာ အာရုံစိုက်နေဟန်နှင့် ခေါင်းကိုငုံ့ထားကာ တို့စိတို့စိနှင့်စားနေလေသည်။ ယိမ်းတစ်ယောက်ကတော့ သူ့သူငယ်ချင်းနှစ်ယောက်အား တစ်လှည့်စီကြည့်ကာ အကဲခတ်နေဟန်ရပြီး သူတို့ပြောနေသည့်စကားတွေကိုလည်းအသေချာနားစွင့်နေလေသည်။

"ညီမလေးသက်ငုံဖူးလေးက မမရည်းစားကိုဘယ်လိုသိသွားရတာတုန်း ။ ဒီလောက်အသေအချာဖွက်ထားတာကို ။"

"ဟဲဟဲ ဟိုတစ်လောက ကဖေးဆိုင်မှာဒိတ်နေတာကို သမီးမြင်လိုက်တယ်လေ ။"

"ဟမ် !
__________________________
လက်ထပ်ပွဲနေ့။...

ယနေ့ဟာ နေနေနှင့်ယိမ်းတို့၏မဂ်လာပွဲနေ့လေပင်ဖြစ်လေသည်။ အစောကြီး ထ၍အလှပြင်နေရသည်ကြောင့် နေ့ မှာစိတ်လှုပ်ရှားမှုအပြည့်နှင့်ရင်တုန်ပန်းတုံဖြစ်နေရသည်။တစ်ချိန်တည်းမှာပင် နေ့လိုဘဲအလှပြင်နေမှာဖြစ်သည့် အစ်မကိုမြင်ယောင်မိတော့ ပြုံးစိစိဖြစ်နေရသည်။

"ညီမလေး ပြင်ပြီးပြီလား ၊ အောက်မှာလူတွေတောင်စုံနေပြီ။"

အခန်းထဲသို့ မမဝင်လာတော့ နေ အကုန်ပြင်ပြီးသလောက်ဖြစ်နေသည်။ တစ်ခုတည်းသောကျန်တာက ကျောလယ်လောက်ရှိသည့်ဆံပင်တွေရယ်သာ ၊ ထုံးရမလားမသိ ၊ ဒီအတိုင်းရိုးရိုးလေးဘဲ ချထားရမလားမသိဖြစ်နေ‌လေသည်မို့

"မမ ငါ့ဆံပင်ကဘယ်လိုပြင်ရမှာတုန်း ။"

"အဟင်း ထုံးလိုက်ရင်လူကြီးနဲ့တူသွားလိမ့်မယ်၊ ရိုးရိုးလေးသာချထားလိုက် ။"

နောက်ဆုံးမှာတော့ မမ၏အကြံပေးချက်အတိုင်း မိတ်ကပ်လိမ်းပေးတဲ့ အစ်မနှစ်ယောက်က ဆံပင်တွေကို လိတ်ခွေပေးကာ ရိုးရိုးလေးချထားပေး၏ နေ မှန်ထဲကိုကြည့်ကာ ကိုယ့်ကိုယ်ကို ကြည့်နေမိသည်။ တစ်ခါမှ ဒီလိုမလိမ်းမခြယ် မပြင်မဆင်ဖူးတာကြောင့် အခုလိုပုံစံလေးဟာ နေနှင့်တစ်မျိုးလေးဆန်းနေသည်။ အရင်ကထက် အများကြီးပို၍မိန်းမဆန်နေသည်ကိုး။

"ဟယ်။ လှလိုက်တာ နေနေရာ ။ တကယ်နင်မှဟုတ်ရဲ့လား။"

ထိုစဥ်မှာပင် အခန်းထဲသို့အုပ်စုလိုက်ရောက်ချလာသော နေ့၏အချစ်ဆုံးသူငယ်ချင်းလေးများ။ နေနေ့၏ လှပနေမှုကြီးအားကြည့်ကာ ပါးစပ်အဟောင်းသားဖြစ်နေကြလေသည်။

"အဟမ်း ။ငါလှတာငါသိတယ် ။ အဲ့လောက်ကြည့်မနေကြနဲ့ ။"

နေ ရုပ်တည်ကြီးဖြင့် ပြောချလိုက်တော့ တိမ်လွှာက သူ့အမွှန်းတင်လိုက်သည့်စကားကိုပင်ပြန်ရုတ်သိမ်းချင်သွားသည်ထင်၏

"အမလေး ။ နင်လှတာ ငါတို့တွေ့ပါတယ်နော်။ ဒါပေမယ့် မယိမ်းကိုလုံးဝမမှီဘူး ၊လှလိုက်တာဆိုတာလေ ဘာနဲ့မှကိုနှိုင်းယှဉ်လို့မရဘူး။ငါတို့ အခုမှမယိမ်းအခန်းထဲကထွက်လာတာ။"

ဟန်း၏အပြောကြောင့် နေ သိသိသာသာကိုပင်မရိုးမရွဖြစ်လာရသည်။ ရင်တွေဟာတစ်ဒိတ်ဒိတ်နှင့် အစ်မကိုတွေ့ချင်သည့်စိတ်ကသာကြီးစိုးလာနေသည်။

နေ့ ၏အချစ်ဆုံးသူငယ်ချင်းလေးတွေဟာလည်း နေ့၏မဂ်လာပွဲမှာ ပန်းကြဲပေးမည်ဟုသော ကတိကြောင့် သူတို့လည်းအတောက်ပဆုံးပြင်ဆင်ခြယ်သထားလေသည်။

မဂ်လာပွဲစရန်ဆယ့်ငါးမိနစ်အလို ..

သတို့သမီးများဖြစ်ကြသည့် မအိမ့်ဆုနေသော်နှင့် မယိမ်းနွဲ့ဟန်ပန်တို့ဟာ လိုက်ကာ၏နောက်တွင် ထိုင်နေကြ၏ မိုက်မှတစ်ဆင့် လှမ်းခေါ်မှ နေ တို့အတူတူဆင်မြင့်ပေါ်တွင်လျှောက်လမ်းရမည်ဖြစ်သည်။ ပွဲရှိ လူများမှာလည်း စီးပွာရေးလောကတွင်ထိပ်တန်းဝင်ကျော်ကြားသည့်မယိမ်းနွဲ့ဟန်ပန်၏မဂ်လာပွဲဆိုသည်နှင့် တက်ကနဲလာရောက်ဂုဏ်ပြုကြလေသည်။ အင်း သူတို့၏သားတွေကတော့ ယိမ်းအားနှမြောနေကြမှာအသေအချာပင်ဖြစ်လေသည်။

"အစ်မ စိတ် ~စိတ်တွေလှုပ်ရှားနေလားဟင် ။ ဘာမှမဖြစ်ဘူးနော် နေ့လက်ကိုရဲရဲတွဲထား ။"

အသံတွေတုန်တုန်ရီရီဖြင့်ပြောလာသည့် သူမ၏ကလေးကြောင့် ယိမ်းစောင်းငဲ့၍ကြည့်မိလိုက်သည်။ အသက်ရှုသံတွေကျယ်လောင်ကာ ဘာမှမလုပ်ပါဘဲမောဟိုက်နေပုံရသောကလေးက အင်မတန်စိတ်လှုပ်ရှားနေပုံရသည်။ဒါကိုတောင် ယိမ်းအားစိတ်မလှုပ်ရှား‌စေရာ အားပေးနေပြန်ပါသေးသည်။

အချင်းချင်းပွတ်သက်နေသည့် ကလေး၏လက်ဖဝါးနှစ်ဖက်အား ယိမ်းဆွဲယူစေလိုက်ပြီး

"အဆင်ပြေသွားမှာပါ ကလေးရယ်။ တို့ မင်းဘေးမှာအတူရှိနေမှာမို့လို့ ဘာမှစိတ်လှုပ်ရှားပြီးကြောက်နေစရာမလိုဘူးနော်။"

"နေ~ နေကမ‌ မကြောက်ပါဘူး ။စိတ်လည်းမလှုပ်ရှားဘူး။အစ်မ ကြောက်နေမှာကိုဘဲစိတ်ပူတာ ။"

သူ့ကလေး၏စကားကြောင့် ယိမ်းရယ်ချင်စိတ်ကိုအတင်းအောင့်ထားမိသည်။ဒီကလေးလေးဟာလေ ဘယ်လိုလေးမှန်းကိုမသိဘူး ချစ်စရာလေး။

"သတိုးသမီးများဖြစ်ကြသည့် မအိမ့်ဆုနေသော်နဲ့ မယိမ်းနွဲ့ဟန်ပန်တို့ ဆင်မြင့်ပေါ်တွင်နေရာယူကြပါခင်မျာ ။"

"ကလေး လာ သွားစို့လေကွယ်။"

အခုချိန်ထိ မလှုပ်မယှက်နှင့်မိန့်မိန့်ကြီးထိုင်နေသည့် ကလေးကြောင့် ယိမ်း ထရပ်ရင်းပြောမိလိုက်သည်။

"ဟင့် နေ မသွားရဲဘူး။ကြောက်တယ် ဟင့် အီး။"

ယိမ်းအား မော့ကြည့်ကာ တစ်အိအိဖြင့်ငိုနေသော အိမ့်ဆုနေသော်တစ်ယောက်ရယ်လေ။သူ့ခမျာ လူကြားထဲသို့တစ်ခါမှ မထွက်ဖူးတာကြောင့် အတော်လေးရင်တွေခုန်ကာ စိတ်လှုပ်ရှားနေပုံရသည်။

"လာပါ ကလေးရယ်။ မင်းဘေးမှာ တို့ရှိနေတာဘဲ ၊ ဘာမှကြောက်စရာမလိုပါဘူးကွယ် ၊အဆင်ပြေသွားမှာပါ ကလေးရယ်။"

"ဟင့် အီး လူတွေအများကြီးနေ့ ကိုဝိုင်းကြည့်နေကြမှာ ဟင့် မကြည့်နဲ့လို့ ပြောပေး ၊ ပြီးတော့ ပြီးတော့ မီဒီယာတွေကော လာကြမှာမို့လား ဟင့်အီး ရှက်လည်းရှက်တယ် ကြောက်လည်းကြောက်တယ်လို့ ။"

သတိုးသမီး ဝတ်စုံကြီးနဲ့ ဒူးထောက်ကာ ငိုနေသောကလေးကြောင့် ယိမ်းမှာ အကြပ်ရိုက်နေမိတော့သည်။

သတိုးသမီးများဖြစ်ကြသည့် မအိမ့်ဆုနေသော်နှင့် မယိမ်းနွဲ့ဟန်ပန်တို့ခင်ဗျာ....!!!!

"ဟော လာပါကလေးရယ်။လူတွေအများကြီးစောင့်နေကြပြီ ၊ သွားစို့နော် ၊တို့လက်ကိုတွဲထား..။"

"သူတို့က နေ့ကိုဝိုင်းကြည့်ကြမှာ ဟင့်။"

ငိုမဲ့မဲ့ကလေးနှင့် ယိမ်းအားမော့ကြည့်ကာပြောလာသည့်ကလေးကြောင့် ယိမ်းသက်ပြင်းချလိုက်မိသည်။

"ဟဲ့ ။ထွက်လာကြတော့လေ ၊နင်တို့ဘာလုပ်နေတာတုန်း ၊ !

အထဲသို့ဝင်လာကာ အံကြိတ်ရင်းပြောလာသည့်ယောင်းမဖြစ်သူပန်းဆုနေသော်။

"နေသော် ဘာလို့ငိုနေတာတုန်း ! ကလေးလည်းမဟုတ်တော့ဘူး ၊ ‌ထွက်မလာရဲရင်လည်း ဆောင်မနေကြနဲ့‌တော့ ။"

သူ့ညီမအားကြည့်ကာ ပြောလာသည့်ပန်း၏ခပ်ဆတ်ဆတ်အသံ။ထိုအခါမှ ဘုကြည့်ကြည့်ကာ ခပ်တည်တည်ဖြင့် ယိမ်း၏လက်အားဆွဲကာ ထွက်လာခဲ့ကြသည်။

လိုက်ကာစကိုဖယ်ခွာပြီးပြီးချင်းပင် တစ်ဖိတ်ဖိတ်တောက်ပနေသော မဂ်လာခန်းမကြီးအားမြင်လိုက်ရသည်။ ခန်းမတစ်ခုလုံး၏အပြင်အဆင်များအားလုံးသည် အဖြူရောင်တွေချည်းသာ ဖြစ်၏ သူ့အနေဖြင့် အရာအားလုံးကို အစ်မ၏စိတ်တိုင်းကျသာဖြစ်စေခဲ့သည်။

ခြေတစ်လှမ်းလျှောက်လှမ်းလိုက်သည်နှင့် အစ်မ၏လက်အားမြဲမြံစွာတိုးလို့ဆုတ်ကိုင်ထားမိပါသည်။ လူအများအားလုံး၏အကြည့်များသည် နေ့ဘေးက သတိုးသမီးလေးဆီကိုသာ ၊ အပြုံးချိုချို‌ေတွဖြင့်တောက်ပစွာရွှင်လန်းနေသော ယိမ်းနွဲ့ဟန်ပန်သည် အရမ်း‌ပျော်ရွှင်နေပုံရသည်။ သူမဘေးက မိန်းမငယ်လေးအား ချစ်ရည်ရွှန်းလဲ့သောမျက်ဝန်းများဖြင့်ငေး၍လျှောက်လမ်းလာသည်မှာ မြင်ရသူတိုင်း မနာလိုစရာပင်ဖြစ်သည်။ ထို့အတူ ဦးနေသော်ထွန်း၏သမီးငယ် အိမ့်ဆုနေ‌ေသာ်သည်လူအများ၏အာရုံစိုက်မှုကိုခံနေရသည်။အကြောင်းမှာ ယိမ်းနွဲ့ဟန်ပန်လိုမိန်းမမျိူး၏အချစ်ကိုရရှိခဲ့တာဟာ အလွန်အံဩစရာကောင်းလှသည်မလား။အို အချစ်ဆိုတာအသာထားပါအုံး အခုဆိုတရားဝင်တောင်ပိုင်ဆိုင်‌ရတော့မှာဘဲလေ။ ထို့သို့ဖြင့် နေ့ ၏ချစ်စရာကောင်းပုံကြောင့်တစ်ကြောင်း ၊ မနာလိုမှုက‌တစ်ကြောင်းဖြင့်လူအများ၏ကြည့်ရှုခြင်းကိုခံနေရရှာသည်။

"ဝိုး.....!

ထိုအသံသည် အောက်မှဧည့်သည်များ၏ညီတူထွက်ပေါ်လာသာအသံဖြစ်၏ အကြောင်းမှာ ယိမ်းနွဲ့ဟန်ပန်ဟာ သူ့ကလေး၏နဖူးပေါ်ကချွေးစလေးတွေအား တစ်ယုတယုလှမ်းသုတ်ပေး‌လိုက်သောကြောင့်ဖြစ်ချေသည်။

"ကလေး ၊ အဆင်ပြေသွားမှာပါ ၊မကြောက်နဲ့နော် ၊ တို့လက်ကိုတွဲထား ၊ ပြီးတော့ တို့တစ်ယောက်ကိုဘဲကြည့် ။"

ယိမ်း၏စကားကြောင့် သူမ၏ကလေးဟာ ခေါင်းငြိမ့်၍ပြုံးပြလေသည်။သူ့အနေဖြင့် ချစ်ရသူ၏လက်ကိုဆွဲကာ သူမဆီကိုသာကြည့်နေမိတော့သည်။ သူမဘေးတွင်ရှိသော ၊သူမ၏လက်ကိုတွဲထားသော ၊သူမနှင့်အတူ မဂ်လာဆင်မြင့်မှာလျှောက်လမ်းနေသော သတိုးသမီးလေးသည် အရာရာပြီးပြည့်စုံလွန်းနေသည်။ အောက်တွင်လူအများကြည့်နေသည်ကိုလည်းမမှုနိုင်အားပေ ၊ထို့အတူ မီဒီယာများရိုက်ကူးနေသည်ကိုလည်းမရှက်နိုင်အားတော့ပါ။

သူမအနေဖြင့် ယိမ်းနွဲ့ဟန်ပန်ဆိုသည့် အမျိူးသမီးလေးသာ အနားမှာရှိရင်အရာရာပြီးပြည့်စုံနေပြီမဟုတ်လား။

ကိုယ်နှင့်ငယ်ငယ်ကတည်းကညီအစ်မလိုရင်းနှီးသည့်ဆက်ဆံရေး ၊ ဒါ့အပြင် ကိုယ့်အစ်မ၏သူငယ်ချင်းဖြစ်သူ ယိမ်းနွဲ့ဟန်ပန်သည် ဒီနေ့မှစ၍နေ့အပိုင်သာဖြစ်ကြောင်း ။

ကံကြမ္မာတစ်ကွေ့ကြောင့် ခနတာအလှမ်းဝေးခဲ့ရသော်လည်း တစ်ဖန်ပြန်နီးစပ်လာ‌ေစသည့်အခါ ဒီဘဝတင်မက နောက်သံသယာအဆက်ဆက်ထိပါ လက်လွှတ်ခံမည်မ‌ဟုတ်ကြောင်း ။

အချစ်စစ်သာစစ်မှန်လျှင် ကိုယ့်အပေါ်ပြန်၍သက်ရောက်လာနိုင်ကြောင်း ။

---------------------

"အေ့ နေနေ ဒီနေ့ကမဂ်လာဦးညနော် ၊ငါတော့ရင်တွေခုန်လိုက်တာ အဟိ ။"

"ဟဲ့ ဖူးခတ် ၊ နေနေနဲ့မယိမ်းနဲ့မဂ်လာဦးပါဟ ၊မဆီမဆိုင်ကြားထဲက နင်ကဘာထဖြစ်တာတုန်း ။"

ထိုအခါ ဂနာမငြိမ်ဖြစ်သွားသူမှာ ယိမ်းရယ်ပါ။ အချိန်ဟာညခုနစ်နာရီကျော်နေလေပြီ ၊ ညနေမှောင်ရီးပျိုးစကတည်းကခြံထဲမှာဝိုင်းလုပ်နေသည်မှာ လူကြားမကောင်းအော်ဟစ်သောင်းကျန်းနေကြလေသည်။ဒါတောင် အခုမှ ငြိမ်ခါစလေးဘဲရှိသေး တစ်ဖန်ပွဲဆူလာပြန်သည်။

အခုသူတို့ရောက်ရှိနေသည့်နေရာကတော့ နေနေ့၏အိမ်မှာဘဲဖြစ်၏ ။ မဂ်လာပွဲကိုယိမ်း၏အိမ်မှာလုပ်ခဲ့ပြီး သူမတို့မဂ်လာကြတင်သည် နေနေ့၏အိမ်မှာသာစီစဉ်ပေးကြ၏ ဒီအတောအတွင်း အိမ်ခွဲမနေသေးမချင်း ယိမ်းကယောက္ခမဖြစ်သူ၏အိမ်မှာသာလိုက်နေရမည်ဖြစ်၏

"congratulationပါ နေနေရာ။ ငါ့အစ်မကိုနှမြောမိပေမယ့်လို့ နင်နဲ့ဆိုရင်တော့စိတ်ချပါတယ် ။"

"အဟွန်း ။ စိတ်မချလည်း ငါကရအောင်ယူမှာပါဘဲနော်။"

ဟန့်၏အပြောအား နေ ကရီဝေဝေလေးတုံ့ပြန်လိုက်သည် ။

"ကလေး ။တို့ပင်ပန်းနေလို့ နားချင်ပြီကွယ် ။ အရင်သွားနှင့်မယ်နော် ၊အများကြီးသောက်မလာနဲ့အုံး ။"

"ဟဲ့ ခုမှအစောကြီးရှိသေးတာကို ယိမ်းရာ ၊ ငါလည်းစကားပြောအုံးမယ်လေဟာ ။"

"အို ပြောချင်နောက်နေ့မှပြောတော့ ပန်းရယ် ၊ တို့တကယ်နားချင်နေပြီမို့ ၊ "

"ခွင့်ပြုအုံးနော် ကလေးတို့ ၊ ဪ ပန်း ဝင့်လွှာကိုသေချာပြန်လိုက်ပို့လိုက်အုံးနော်။"

"ငါသိပါတယ် ။ကိုယ့်ဘာကိုသွားမှာသာ သွား ၊ "

"အခန်းထဲကနေ နေသော့်ကိုမျှော်မနေနဲ့အုံးနော် ၊ဟားဟား ညကျငါလာချောင်းအုံးမှပါ ခစ်ခစ်။"

ပန်း၏စကားကြောင့် ယိမ်းကရှက်အားပိုကာ မျက်စောင်းချီ၍ထွက်သွားသလို ဝိုင်းရှိကလေးများမှာလည်း တစ်ဟားဟားနှင့်အော်ရယ်နေကြသည်။

-----------------
‌သူမတို့အကုန်စားကြသောက်ကြပြီးတော့ ညအချိန်ဟာဆယ်နာရီပင်ခွဲလုလေပြီ ၊အလိုက်မသိစွာနဲ့ ရစ်နေပြန်တဲ့ သူငယ်ချင်းတွေသည် နေ့အားအကြာကြီးနှိပ်စက်ထားကြသည်။ သူ့ခမျာ အခန်းထဲသွားချင်တာတောင် ငြိမ်နေရသည့်အဖြစ်မလား ။

အခုမှ ဒင်းတို့ပြန်သွားလေမှ အသက်ရှုချောင်တော့သည်။ မိုးချုပ်နေပြီမို့ မာမီတို့ကလည်း သူတို့ကိုမစောင့်ဘဲ အိပ်ယာဝင်သွားကြလေသည်။ မနက်ဖြန်မှဘဲ နှစ်ဖက်မိဘတွေအားလိုက်ကန်တော့ရတော့မည်။

မမက သူ့သူငယ်ချင်းတွေနှင့်မမဝင့်လွှာအားပြန်လိုက်ပို့ပေးသည်မို့ နေ တစ်ယောက်ကုတ်ချောင်းကုတ်ချောင်းဖြင့် အိမ်ထဲသို့ဝင်လာခဲ့ရ၏ ဒါတောင် နေ ကောလိုက်ပို့ပါဟုရစ်နေသော ကောင်မတွေကြောင့် အနည်းငြင်းလွှတ်ခဲ့ရသေးသည်။

‌"အစ်မ နေ့ကိုတံခါးဖွင့်ပေးပါအုံး ။"

"အစ်မလို့ ။"

"ချလောက် ။"

ထိုအခါမှ တံခါးလာဖွင့်ပေးသော နေ့အမျိုးသမီးလေး ၊ ခပ်ကျုံ့ကျုံ့ဖြစ်နေသောမျက်နှာလေးကြောင့် စိတ်ကောက်နေပြီဆိုတာ သိလိုက်ရပြီ။

သူ့အားတစ်ချက်သာကြည့်ပြီးအထဲသို့ပြန်ဝင်သွားသည့် အမျိူသမီးလေးကြောင့် နေ့ အခန်းတံခါးကိုဂျက်ချလိုက်ပြီး လိုက်လာခဲ့သည်။

"အစ်မလို့။နေ့ကိုစိတ်ကောက်နေတာလား ။"

ပုခုံးလေးအား အသာဆုတ်ကိုင်လိုက်ရင်း နေ မေးလိုက်မိသည်။

" ဘယ်လောက်တောင်သောက်နေလို့ နောက်မကျစေနဲ့ဆိုတာ နောက်ကျနေရတာလဲ ပြော။"

"ဟာ ။ မသောက်ရပါဘူး မိန်းမရယ် ၊ တစ်ခွက်ကလေးဘဲ သောက်တာပါ အဲ့တစ်ခွက်တောင် အပြည့်မဟုတ်ဘူး ၊ "

နေ မျက်နှာငယ်လေးဖြင့် ပြောလိုက်တော့ မယုံသည့်ပုံဖြင့် နေ့ အနားသို့မျက်မှာလေး
ကပ်ကာ အနံ့ခံလေသည်။ ပြီးမှ ယုံသွားဟန်ဖြင့် အနည်းငယ်ပြေလျော့သွားသည့် မျက်ခုံးလေးများ ။

"ဟို ဒီအချိန်ထိနောက်ကျနေတာကလည်း ဟန်တို့ကရစ်နေလို့ပါနော်
၊ ပြီးတော့ မမကပါအစစ်ပါသေး ၊ မမဝင့်လွှာထိန်းတာတောင် မရဘူးလေ
။"

နေ ချစ်စရာကောင်းအောင် နှုတ်ခမ်းလေးဆူကာပြောမိ၏

"ပြီးရော ၊ ရေချိုးအုံးမယ်မလား ၊မြန်မြန်ချိုးနော် ဖျားမယ်။"

"မချိုးတော့ဘူးလေ ဟီးဟီး ။"

"အဲ့ဆို အိပ်တော့လေ ။တို့စာရင်းတွေစစ်နေတာ မပြီးသေးလို့ ခနနေမှအိပ်တော့မယ်။"

နေ့အား မကြည့်ဘဲ စာကြည့်စာပွဲခုံပေါ်တွင်ထိုင်လိုက်သည့် အစ်မကြောင့် နေ့ မှာရယ်ရမလိုလိုငိုရမလိုလိုဖြစ်သွားရသည်။ အစ်မဟာလေ တကယ်ပါဘဲ ၊သူ့laptopကြီး ဘယ်ချိန်ကတည်းကသွားယူထားပါ့လိမ့် ငါ့နှယ်နော် ဟွန်းဟွန်း ။

နေ အစ်မ၏ဘေးသို့ သွားရပ်ကာ ခြေထောက်ကလေးတွေကို ဆောင့်ရင်းချွဲမိလိုက်သည်။

"မိန်းမကလည်း ဒီလိုညကြီးမှာအလုပ်လုပ်လို့မရဘူးလေကွာ ၊ အိပ်ရအောင်ပါ ။"

"အို ဘာမိန်းမလဲ မင်းနော်။"

"ဟာ နေနဲ့အစ်မနဲ့ကလက်ထပ်ပြီးပြီလေ အဲ့တော့ မိန်းမဘဲပေါ့ ။"

"အို မသိဘူး မသိဘူး။အဲ့လိုကြီးမခေါ်နဲ့ ၊နားရှက်စရာကောင်းအောင် ။"

"အဲ့ဆို အိပ်ကြမယ်လေ နော်။ ဘာလဲ နေ့ကိုအငတ်ထားတော့မလို့လား ။"

နေ ထိုသို့ဆိုလိုက်ရင်း အစ်မ၏ပုခုံး‌စွန်းလေးအာငုံ့နမ်းမိပါ၏

"အာ့ ဘာ ဘာလုပ်တာလဲ ။ပြန်ချပေး ..."

နေ့အမျိုးသမီးလေးအားဆက်ကနဲ ပွေ့ချီကာ အိပ်ယာပေါ်သို့ခေါ်သွားမိတော့ ပါးပြင်းနှစ်ဖက်ဟာသိသိသာသာပင်နီရဲလာလေသည်။
ပြီးနောက်နေ တို့၏မဂ်လာကုတင်လေးပေါ်သို့ ဖြည်းညင်းစွာချပေးလိုက်သည်။

နှင်းဆီပန်းတွေတစ်လွှာချင်းကြွေချထားကာ အလယ်မှာအသဲပုံလေးလုပ်ထားသည်မှာ တကယ်ကိုချစ်စရာလေးဖြစ်နေသည်။သို့သော် ယခုတော့ဖြင့် နေ့ အမျိုးသမီးလေး၏ကျောအောက်တွင်ပိပြားနေမှာအမှန်ပင်ဖြစ်သည်။

နေ အစ်မ၏ကိုယ်ပေါ်သို့ အုပ်မိုးလိုက်ရင်း အပေါ်စီးဖြင့် နေ့အမျိုးသမီးလေး၏မျက်နှာလေးအားကြည့်နေမိသည်။ မျက်နှာတွေရဲနေကာ နေ့ အားမကြည့်ပါဘဲ နှုတ်ခမ်းကိုကိုက်၍ဘေးဘက်သို့လွဲထားပုံမှာ နေ့ စိတ်ကိုပိုကြွစေ၏

"နေ့ ကိုကြည့်ပါအုံး မိန်းမရဲ့ ။"

"ပြွတ်~ အွန်းးးး!! ပြွတ်~ ပြွတ် ....!!

ချိုသည် ၊ အစ်မ၏နှုတ်ခမ်းတွေသည် ဘယ်အရာနှင့်မှနှိုင်းယှဉ်မရအောင်ကိုချိုသည်။ ထပ်ကာထပ်ကာ နမ်းရှိုက်ချင်တဲ့အထိကို ဆွဲဆောင်နိုင်စေသည်။

"အဟင်းးးး ။!

ဖြူကျော့ကျော့လည်တိုင်လေးအား နေ့ နှုတ်ခမ်းတွေရောက်သွားချိန်မှာတော့ အစ်မဟာမျက်လုံးတွေမှေးစင်းရင်း တစ်ချက်ညီးငြူလေ၏

ထိုသို့ဖြင့် အဆက်မပြတ်နမ်းနေရင်း နေ့၏လက်များကအငြိမ်မနေ အစ်မ၏ကျောအောက်သို့လျှိုဝင်လိုက်သည်။

Braချိတ်ဖြုတ်သွားသည်နှင့် ထွက်ပေါ်လာသော အရာ ၊ ထိုအရာလေးတွေအား ကြည့်ကာ အသက်ရှုသံတွေမြန်လာရသည်။အနမ်းတွေဖယ်ခွာခါ နေ စူးစိုက်ကြည့်နေသည်ကို ရိပ်မိသွားသောအမျိုးသမီးလေးမှာ နှုတ်ခမ်းလေးအားကိုက်ရင်း သူမလက်တွေဖြင့်ကွယ်ဝှက်လေသည်။

"အရမ်းလှတာဘဲ မိန်းမရာ။ စက္ကန့်မလပ်ကိုမြင်ချင်ထိချင်မိတဲ့အထိဘဲ ။"

အစ်မ၏လက်နှစ်ဖက်အား ဆွဲခွာစေကာ အပေါ်သို့မြှောက်တင်၍ နေ့ လက်တစ်ဖက်ဖြင့်ချုပ်နှောင်ထားမိသည်။ ထိုအရာလေးတွေအား ထပ်မံမြင်လိုက်ရတော့ နေ့ ၏စိတ်ဆန္ဒတွေသည်ထိပ်ဆုံးသို့ရောက်လာချေပြီ ။

"ပြွတ် !

"အာ့။"

တုံ့ဆိုင်းမနေပါဘဲ ချက်ချင်းပါးစပ်ထဲငုံလိုက်မိတော့ အောက်ကအမျိုးသမီးလေးဟာတစ်ချက်တွန့်သွားလေသည်။ ယနေ့မှ နေ့ ၏စိတ်တွေဟာလုံးဝအမှောင်ကျနေသည်။ ဘယ်အရာကို မမြင်တော့ဘဲ နေ့၏အကြည့်များသည် အစ်မ၏လှပလွန်းသောခန္ဓာကိုယ်ဆီမှာမခွာ‌တော့ပေ ။

"က ~ကလေး ။

နေ ပိုမိုရဲတင်းစွာဖြင့် ခါးစပ်နားဆီသို့လက်လှမ်းလိုက်တော့ အစ်မ၏ဟန့်တားသံ ၊
မျက်ရည်လေးတွေဝေ့သီရင်း ‌ရှက်ကြောက်နေဟန်ရသော အစ်မကြောင့် နေ တုန်လှုပ်သွားမိသည်။ သွားပြီး ၊သူအစ်မကို ခုချိန်ထိခွင့်မတောင်မိဘဲ စိတ်ထင်တိုင်းပြုမှုနေမိသည်မဟုတ်လား ။

"ဟို နေ ~နေ တောင်းပန်ပါတယ်နော်။နေ လေ ..!

"ဘာတွေပြောနေတာလဲ။မီးသွားပိတ်အုံးလို့ ။ ထင်းထင်းလင်းလင်းကြီးမှာကို ...!

ပါးပြင်းနှစ်ဖက်ဟာခုချိန်ထိကိုနီရဲနေကာ နှုတ်ခမ်းလေးအားကိုက်ရင်း ခပ်ဆတ်ဆတ်လေးပြောလာသည်မို့ နေ့ မှာဝမ်းသာအားရဖြင့် ကုတင်ပေါ်မှအမြန်ဆင်းကာ မီးထပိတ်လိုက်လေတော့သည်။ သေချာပေါက် နေ့ မျက်နှာကြီးကတော့မှိုရသည့်မျက်နှာမျိုးနဲ့ရယ်ပါလေ ။

24.3.2023
7:35PM
𝑻𝒉𝒘𝒂𝒚64

ဆက်ရန်။

ကလေးက အဲ့လိုပိုင်းတွေသိပ်မကျွမ်းတော့လေ ၊🥹 လိုအပ်ချက်များရှိခဲ့ရင် သည်းခံပေးပါလို့။

------------------------

Zawgyi

၃၉။

"အဟင္း ဘာလိုလိုနဲ႕ မနက္ျဖန္ဆိုရင္ဘဲ ငါ့ညီမေလးေတာင္ မိန္းမရေတာ့မွာပါလား။"

ရီေဝေဝျဖင့္ စကားစလာသည့္ပန္းဆုေနေသာ္ေၾကာင့္ ယိမ္းက စလာျပန္ၿပီ ဆိုသည့္အၾကည့္ျဖင့္ ဂ်ိဳၾကည့္ၾကည့္ေနေတာ့သည္။

ယိမ္းတို႔ေရာက္ေနတာကေတာ့ စားေသာက္ဆိုင္တစ္ခုမွာေရာက္ရွိေနျခင္းျဖစ္သည္။ ပိတ္ရက္ကေလးရွားရွားပါးပါးဆိုေတာ့ကေလး၏သူငယ္ခ်င္းတစ္စုပါ ယိမ္းတို႔ႏွင့္ပါလာေလသည္။ အေၾကာင္းကေတာ့
ဒီဇိုင္နာဆီမွအပ္ထားသည့္သတိုးသမီးဝတ္စုံလာယူျခင္းျဖစ္သည္။

"ဟဲဟဲ မမပန္းေတာ့ အိမ္ေထာင္ျပဳဖို႔ကံမပါလာဘူးထင္တယ္။ေနာက္ကားေက်ာ္တက္သြားၿပီဆိုေတာ့ေလ ။"

ဖူးခတ္၏ အႏွောက္သံ။

တစ္ဝိုင္းလုံးလည္းစားစရာေသာက္စရာေတြႏွင့္ျပည့္ေနၿပီး ထပ္ခ်စရာေနရာေတာင္မရွိေတာ့သည့္အထိ မွာေနၾကပုံမွာ ေသြးတက္စရာပင္ျဖစ္၏ မနက္ျဖန္ ေန႕မဂ္လာပြဲမို႔ ဒီေန႕အႀကိဳဆိုၿပီး ေန႕အားဒကာခံခိုင္းၾကေလသည္။

"အဟင္း တို႔ကမယူခ်င္ေသးလို႔ပါေနာ္။ တစ္ဦးတည္းေသာညီမေလးမို႔ ဦးစားေပးလိုက္တာ ၊ တို႔ယူခ်င္ အခုခ်က္ခ်င္းကိုေကာက္ယူပစ္လိုက္လို႔ရတယ္ သိလား။"

"ဟမ္ မမ နင္ရည္းစားရေနတာလား။မွန္မွန္ေျပာစမ္း ။"

ေနေန႕၏အေမး ၊ အကုန္လုံးနီးပါး ရီေဝေဝျဖစ္ေနၾကေပမယ့္ ေန႕မွာ အခုမွေနေကာင်းေပျာက်ခါစမို့ အစ္မ၏ လုံးဝမေသာက္ရဘူးဟုအမိန႔္ေၾကာင့္ ေန႕ မွာကုတ္ကုတ္ကေလးၿငိမ္ေနရာကေန မမ၏အေျပာေၾကာင့္အံ့အားသင့္သြားရသည္။

ေန႕၏အေမးေၾကာင့္ မမဟာေသာက္လက္စခြက္အား အသံျမည္ေအာင္ေစာင့္ခ်လိဳက္ရင္း

"ေနေသာ္ရယ္ ။ငါနင့္အစ္မပါ ၊ မရွိဘဲေနမလား။ ရွိတာေပါ့ ခ်စ္လြန္းလို႔ဥထားတာ။"

"ပန္း !

ထိုအခါ တစ္ဆက္တည္းထြက္ေပါ်လာသော
မမဝင့္လႊာ၏ဟန႔္ထားသံ။ ယိမ္းကလည္း အကဲခတ္ေနဟန္ျဖင့္ ၾကည့္ေနသည္။

"မမပန္း ခ်စ္သူကိုငါသိသားဘဲ ဟားဟား။ "

သက္ငုံ႕ဖူးဟာငါသိတယ္ဆိုတဲ့ဂုဏ္ဆာသည့္႐ုပ္ႏွင့္ေျပာလာေလသည္။ ထိုအခါ ခုံေပၚတြင္ေမွာက္ေနသည့္ ဟန္ကလည္း အတင္းျပဴးၿပဲကာထလာၿပီး

"ဟင့္ ႏွေျမာလိုက္တာကြာ။
မမပန္းက တကယ္ႀကီးရည္းစားရသြားတာလား။ "

ပန္းအပါအဝင္ကေလးေတြကသာ မနားတမ္းေျပာေနၾကေပမယ့္လို႔ ယိမ္းႏွင့္ဝင့္လႊာကေတာ့ ဘာတစ္ခြန္းမွဝင္မေျပာဘဲၿငိမ္ခ်က္သားေကာင္းေနၾက၏ ဝင့္လႊာက မာလာရွမ္းေကာကိုသာ အာ႐ုံစိုက္ေနဟန္ႏွင့္ ေခါင္းကိုငုံ႕ထားကာ တို႔စိတို႔စိႏွင့္စားေနေလသည္။ ယိမ္းတစ္ေယာက္ကေတာ့ သူ႕သူငယ္ခ်င္းႏွစ္ေယာက္အား တစ္လွည့္စီၾကည့္ကာ အကဲခတ္ေနဟန္ရၿပီး သူတို႔ေျပာေနသည့္စကားေတြကိုလည္းအေသခ်ာနားစြင့္ေနေလသည္။

"ညီမေလးသက္ငုံဖူးေလးက မမရည္းစားကိုဘယ္လိုသိသြားရတာတုန္း ။ ဒီေလာက္အေသအခ်ာဖြက္ထားတာကို ။"

"ဟဲဟဲ ဟိုတစ္ေလာက ကေဖးဆိုင္မွာဒိတ္ေနတာကို သမီးျမင္လိုက္တယ္ေလ ။"

"ဟမ္ !
__________________________
လက္ထပ္ပြဲေန႕။...

ယေန႕ဟာ ေနေနႏွင့္ယိမ္းတို႔၏မဂ္လာပြဲေန႕ေလပင္ျဖစ္ေလသည္။ အေစာႀကီး ထ၍အလွျပင္ေနရသည္ေၾကာင့္ ေန႕ မွာစိတ္လႈပ္ရွားမႈအျပည့္ႏွင့္ရင္တုန္ပန္းတုံျဖစ္ေနရသည္။တစ္ခ်ိန္တည္းမွာပင္ ေန႕လိုဘဲအလွျပင္ေနမွာျဖစ္သည့္ အစ္မကိုျမင္ေယာင္မိေတာ့ ၿပဳံးစိစိျဖစ္ေနရသည္။

"ညီမေလး ျပင္ၿပီးၿပီလား ၊ ေအာက္မွာလူေတြေတာင္စုံေနၿပီ။"

အခန္းထဲသို႔ မမဝင္လာေတာ့ ေန အကုန္ျပင္ၿပီးသေလာက္ျဖစ္ေနသည္။ တစ္ခုတည္းေသာက်န္တာက ေက်ာလယ္ေလာက္ရွိသည့္ဆံပင္ေတြရယ္သာ ၊ ထုံးရမလားမသိ ၊ ဒီအတိုင္းရိုးရိုးေလးဘဲ ခ်ထားရမလားမသိျဖစ္ေနေလသည္မို႔

"မမ ငါ့ဆံပင္ကဘယ္လိုျပင္ရမွာတုန္း ။"

"အဟင္း ထုံးလိုက္ရင္လူႀကီးနဲ႕တူသြားလိမ့္မယ္၊ ရိုးရိုးေလးသာခ်ထားလိုက္ ။"

ေနာက္ဆုံးမွာေတာ့ မမ၏အႀကံေပးခ်က္အတိုင္း မိတ္ကပ္လိမ္းေပးတဲ့ အစ္မႏွစ္ေယာက္က ဆံပင္ေတြကို လိတ္ေခြေပးကာ ရိုးရိုးေလးခ်ထားေပး၏ ေန မွန္ထဲကိုၾကည့္ကာ ကိုယ့္ကိုယ္ကို ၾကည့္ေနမိသည္။ တစ္ခါမွ ဒီလိုမလိမ္းမျခယ္ မျပင္မဆင္ဖူးတာေၾကာင့္ အခုလိုပုံစံေလးဟာ ေနႏွင့္တစ္မ်ိဳးေလးဆန္းေနသည္။ အရင္ကထက္ အမ်ားႀကီးပို၍မိန္းမဆန္ေနသည္ကိုး။

"ဟယ္။ လွလိုက္တာ ေနေနရာ ။ တကယ္နင္မွဟုတ္ရဲ႕လား။"

ထိုစဥ္မွာပင္ အခန္းထဲသို႔အုပ္စုလိုက္ေရာက္ခ်လာေသာ ေန႕၏အခ်စ္ဆုံးသူငယ္ခ်င္းေလးမ်ား။ ေနေန႕၏ လွပေနမႈႀကီးအားၾကည့္ကာ ပါးစပ္အေဟာင္းသားျဖစ္ေနၾကေလသည္။

"အဟမ္း ။ငါလွတာငါသိတယ္ ။ အဲ့ေလာက္ၾကည့္မေနၾကနဲ႕ ။"

ေန ႐ုပ္တည္ႀကီးျဖင့္ ေျပာခ်လိဳက္ေတာ့ တိမ္လႊာက သူ႕အမႊန္းတင္လိုက္သည့္စကားကိုပင္ျပန္႐ုတ္သိမ္းခ်င္သြားသည္ထင္၏

"အမေလး ။ နင္လွတာ ငါတို႔ေတြ႕ပါတယ္ေနာ္။ ဒါေပမယ့္ မယိမ္းကိုလုံးဝမမွီဘူး ၊လွလိုက္တာဆိုတာေလ ဘာနဲ႕မွကိုႏွိုင္းယွဥ္လို႔မရဘူး။ငါတို႔ အခုမွမယိမ္းအခန္းထဲကထြက္လာတာ။"

ဟန္း၏အေျပာေၾကာင့္ ေန သိသိသာသာကိုပင္မရိုးမ႐ြျဖစ္လာရသည္။ ရင္ေတြဟာတစ္ဒိတ္ဒိတ္ႏွင့္ အစ္မကိုေတြ႕ခ်င္သည့္စိတ္ကသာႀကီးစိုးလာေနသည္။

ေန႕ ၏အခ်စ္ဆုံးသူငယ္ခ်င္းေလးေတြဟာလည္း ေန႕၏မဂ္လာပြဲမွာ ပန္းႀကဲေပးမည္ဟုေသာ ကတိေၾကာင့္ သူတို႔လည္းအေတာက္ပဆုံးျပင္ဆင္ျခယ္သထားေလသည္။

မဂ္လာပြဲစရန္ဆယ့္ငါးမိနစ္အလို ..

သတို႔သမီးမ်ားျဖစ္ၾကသည့္ မအိမ့္ဆုေနေသာ္ႏွင့္ မယိမ္းႏြဲ႕ဟန္ပန္တို႔ဟာ လိုက္ကာ၏ေနာက္တြင္ ထိုင္ေနၾက၏ မိုက္မွတစ္ဆင့္ လွမ္းေခၚမွ ေန တို႔အတူတူဆင္ျမင့္ေပၚတြင္ေလွ်ာက္လမ္းရမည္ျဖစ္သည္။ ပြဲရွိ လူမ်ားမွာလည္း စီးပြာေရးေလာကတြင္ထိပ္တန္းဝင္ေက်ာ္ၾကားသည့္မယိမ္းႏြဲ႕ဟန္ပန္၏မဂ္လာပြဲဆိုသည္ႏွင့္ တက္ကနဲလာေရာက္ဂုဏ္ျပဳၾကေလသည္။ အင္း သူတို႔၏သားေတြကေတာ့ ယိမ္းအားႏွေျမာေနၾကမွာအေသအခ်ာပင္ျဖစ္ေလသည္။

"အစ္မ စိတ္ ~စိတ္ေတြလႈပ္ရွားေနလားဟင္ ။ ဘာမွမျဖစ္ဘူးေနာ္ ေန႕လက္ကိုရဲရဲတြဲထား ။"

အသံေတြတုန္တုန္ရီရီျဖင့္ေျပာလာသည့္ သူမ၏ကေလးေၾကာင့္ ယိမ္းေစာင္းငဲ့၍ၾကည့္မိလိုက္သည္။ အသက္ရႈသံေတြက်ယ္ေလာင္ကာ ဘာမွမလုပ္ပါဘဲေမာဟိုက္ေနပုံရေသာကေလးက အင္မတန္စိတ္လႈပ္ရွားေနပုံရသည္။ဒါကိုေတာင္ ယိမ္းအားစိတ္မလႈပ္ရွားေစရာ အားေပးေနျပန္ပါေသးသည္။

အခ်င္းခ်င္းပြတ္သက္ေနသည့္ ကေလး၏လက္ဖဝါးႏွစ္ဖက္အား ယိမ္းဆြဲယူေစလိုက္ၿပီး

"အဆင္ေျပသြားမွာပါ ကေလးရယ္။ တို႔ မင္းေဘးမွာအတူရွိေနမွာမို႔လို႔ ဘာမွစိတ္လႈပ္ရွားၿပီးေၾကာက္ေနစရာမလိုဘူးေနာ္။"

"ေန~ ေနကမ မေၾကာက္ပါဘူး ။စိတ္လည္းမလႈပ္ရွားဘူး။အစ္မ ေၾကာက္ေနမွာကိုဘဲစိတ္ပူတာ ။"

သူ႕ကေလး၏စကားေၾကာင့္ ယိမ္းရယ္ခ်င္စိတ္ကိုအတင္းေအာင့္ထားမိသည္။ဒီကေလးေလးဟာေလ ဘယ္လိုေလးမွန္းကိုမသိဘူး ခ်စ္စရာေလး။

"သတိုးသမီးမ်ားျဖစ္ၾကသည့္ မအိမ့္ဆုေနေသာ္နဲ႕ မယိမ္းႏြဲ႕ဟန္ပန္တို႔ ဆင္ျမင့္ေပၚတြင္ေနရာယူၾကပါခင္မ်ာ ။"

"ကေလး လာ သြားစို႔ေလကြယ္။"

အခုခ်ိန္ထိ မလႈပ္မယွက္ႏွင့္မိန႔္မိန႔္ႀကီးထိုင္ေနသည့္ ကေလးေၾကာင့္ ယိမ္း ထရပ္ရင္းေျပာမိလိုက္သည္။

"ဟင့္ ေန မသြားရဲဘူး။ေၾကာက္တယ္ ဟင့္ အီး။"

ယိမ္းအား ေမာ့ၾကည့္ကာ တစ္အိအိျဖင့္ငိုေနေသာ အိမ့္ဆုေနေသာ္တစ္ေယာက္ရယ္ေလ။သူ႕ခမ်ာ လူၾကားထဲသို႔တစ္ခါမွ မထြက္ဖူးတာေၾကာင့္ အေတာ္ေလးရင္ေတြခုန္ကာ စိတ္လႈပ္ရွားေနပုံရသည္။

"လာပါ ကေလးရယ္။ မင္းေဘးမွာ တို႔ရွိေနတာဘဲ ၊ ဘာမွေၾကာက္စရာမလိုပါဘူးကြယ္ ၊အဆင္ေျပသြားမွာပါ ကေလးရယ္။"

"ဟင့္ အီး လူေတြအမ်ားႀကီးေန႕ ကိုဝိုင္းၾကည့္ေနၾကမွာ ဟင့္ မၾကည့္နဲ႕လို႔ ေျပာေပး ၊ ၿပီးေတာ့ ၿပီးေတာ့ မီဒီယာေတြေကာ လာၾကမွာမို႔လား ဟင့္အီး ရွက္လည္းရွက္တယ္ ေၾကာက္လည္းေၾကာက္တယ္လို႔ ။"

သတိုးသမီး ဝတ္စုံႀကီးနဲ႕ ဒူးေထာက္ကာ ငိုေနေသာကေလးေၾကာင့္ ယိမ္းမွာ အၾကပ္ရိုက္ေနမိေတာ့သည္။

သတိုးသမီးမ်ားျဖစ္ၾကသည့္ မအိမ့္ဆုေနေသာ္ႏွင့္ မယိမ္းႏြဲ႕ဟန္ပန္တို႔ခင္ဗ်ာ....!!!!

"ေဟာ လာပါကေလးရယ္။လူေတြအမ်ားႀကီးေစာင့္ေနၾကၿပီ ၊ သြားစို႔ေနာ္ ၊တို႔လက္ကိုတြဲထား..။"

"သူတို႔က ေန႕ကိုဝိုင္းၾကည့္ၾကမွာ ဟင့္။"

ငိုမဲ့မဲ့ကေလးႏွင့္ ယိမ္းအားေမာ့ၾကည့္ကာေျပာလာသည့္ကေလးေၾကာင့္ ယိမ္းသက္ျပင္းခ်လိဳက္မိသည္။

"ဟဲ့ ။ထြက္လာၾကေတာ့ေလ ၊နင္တို႔ဘာလုပ္ေနတာတုန္း ၊ !

အထဲသို႔ဝင္လာကာ အံႀကိတ္ရင္းေျပာလာသည့္ေယာင္းမျဖစ္သူပန္းဆုေနေသာ္။

"ေနေသာ္ ဘာလို႔ငိုေနတာတုန္း ! ကေလးလည္းမဟုတ္ေတာ့ဘူး ၊ ထြက္မလာရဲရင္လည္း ေဆာင္မေနၾကနဲ႕ေတာ့ ။"

သူ႕ညီမအားၾကည့္ကာ ေျပာလာသည့္ပန္း၏ခပ္ဆတ္ဆတ္အသံ။ထိုအခါမွ ဘုၾကည့္ၾကည့္ကာ ခပ္တည္တည္ျဖင့္ ယိမ္း၏လက္အားဆြဲကာ ထြက္လာခဲ့ၾကသည္။

လိုက္ကာစကိုဖယ္ခြာၿပီးၿပီးခ်င္းပင္ တစ္ဖိတ္ဖိတ္ေတာက္ပေနေသာ မဂ္လာခန္းမႀကီးအားျမင္လိုက္ရသည္။ ခန္းမတစ္ခုလုံး၏အျပင္အဆင္မ်ားအားလုံးသည္ အျဖဴေရာင္ေတြခ်ည္းသာ ျဖစ္၏ သူ႕အေနျဖင့္ အရာအားလုံးကို အစ္မ၏စိတ္တိုင္းက်သာျဖစ္ေစခဲ့သည္။

ေျခတစ္လွမ္းေလွ်ာက္လွမ္းလိုက္သည္ႏွင့္ အစ္မ၏လက္အားၿမဲၿမံစြာတိုးလို႔ဆုတ္ကိုင္ထားမိပါသည္။ လူအမ်ားအားလုံး၏အၾကည့္မ်ားသည္ ေန႕ေဘးက သတိုးသမီးေလးဆီကိုသာ ၊ အၿပဳံးခ်ိဳခ်ိဳေတွဖြင့်တောက်ပစွာရွှင်လန်းနေသော ယိမ္းႏြဲ႕ဟန္ပန္သည္ အရမ္းေပ်ာ္႐ႊင္ေနပုံရသည္။ သူမေဘးက မိန္းမငယ္ေလးအား ခ်စ္ရည္႐ႊန္းလဲ့ေသာမ်က္ဝန္းမ်ားျဖင့္ေငး၍ေလွ်ာက္လမ္းလာသည္မွာ ျမင္ရသူတိုင္း မနာလိုစရာပင္ျဖစ္သည္။ ထို႔အတူ ဦးေနေသာ္ထြန္း၏သမီးငယ္ အိမ့္ဆုေနေသာ်သည်လူအများ၏အာရုံစိုက်မှုကိုခံနေရသည်။အကြောင်းမှာ ယိမ္းႏြဲ႕ဟန္ပန္လိုမိန္းမမ်ိဴး၏အခ်စ္ကိုရရွိခဲ့တာဟာ အလြန္အံဩစရာေကာင္းလွသည္မလား။အို အခ်စ္ဆိုတာအသာထားပါအုံး အခုဆိုတရားဝင္ေတာင္ပိုင္ဆိုင္ရေတာ့မွာဘဲေလ။ ထို႔သို႔ျဖင့္ ေန႕ ၏ခ်စ္စရာေကာင္းပုံေၾကာင့္တစ္ေၾကာင္း ၊ မနာလိုမႈကတစ္ေၾကာင္းျဖင့္လူအမ်ား၏ၾကည့္ရႈျခင္းကိုခံေနရရွာသည္။

"ဝိုး.....!

ထိုအသံသည္ ေအာက္မွဧည့္သည္မ်ား၏ညီတူထြက္ေပၚလာသာအသံျဖစ္၏ အေၾကာင္းမွာ ယိမ္းႏြဲ႕ဟန္ပန္ဟာ သူ႕ကေလး၏နဖူးေပၚကေခြၽးစေလးေတြအား တစ္ယုတယုလွမ္းသုတ္ေပးလိုက္ေသာေၾကာင့္ျဖစ္ေခ်သည္။

"ကေလး ၊ အဆင္ေျပသြားမွာပါ ၊မေၾကာက္နဲ႕ေနာ္ ၊ တို႔လက္ကိုတြဲထား ၊ ၿပီးေတာ့ တို႔တစ္ေယာက္ကိုဘဲၾကည့္ ။"

ယိမ္း၏စကားေၾကာင့္ သူမ၏ကေလးဟာ ေခါင္းၿငိမ့္၍ၿပဳံးျပေလသည္။သူ႕အေနျဖင့္ ခ်စ္ရသူ၏လက္ကိုဆြဲကာ သူမဆီကိုသာၾကည့္ေနမိေတာ့သည္။ သူမေဘးတြင္ရွိေသာ ၊သူမ၏လက္ကိုတြဲထားေသာ ၊သူမႏွင့္အတူ မဂ္လာဆင္ျမင့္မွာေလွ်ာက္လမ္းေနေသာ သတိုးသမီးေလးသည္ အရာရာၿပီးျပည့္စုံလြန္းေနသည္။ ေအာက္တြင္လူအမ်ားၾကည့္ေနသည္ကိုလည္းမမႈနိုင္အားေပ ၊ထို႔အတူ မီဒီယာမ်ားရိုက္ကူးေနသည္ကိုလည္းမရွက္နိုင္အားေတာ့ပါ။

သူမအေနျဖင့္ ယိမ္းႏြဲ႕ဟန္ပန္ဆိုသည့္ အမ်ိဴးသမီးေလးသာ အနားမွာရွိရင္အရာရာၿပီးျပည့္စုံေနၿပီမဟုတ္လား။

ကိုယ္ႏွင့္ငယ္ငယ္ကတည္းကညီအစ္မလိုရင္းႏွီးသည့္ဆက္ဆံေရး ၊ ဒါ့အျပင္ ကိုယ့္အစ္မ၏သူငယ္ခ်င္းျဖစ္သူ ယိမ္းႏြဲ႕ဟန္ပန္သည္ ဒီေန႕မွစ၍ေန႕အပိုင္သာျဖစ္ေၾကာင္း ။

ကံၾကမၼာတစ္ေကြ႕ေၾကာင့္ ခနတာအလွမ္းေဝးခဲ့ရေသာ္လည္း တစ္ဖန္ျပန္နီးစပ္လာေစသည့်အခါ ဒီဘဝတင္မက ေနာက္သံသယာအဆက္ဆက္ထိပါ လက္လႊတ္ခံမည္မဟုတ္ေၾကာင္း ။

အခ်စ္စစ္သာစစ္မွန္လွ်င္ ကိုယ့္အေပၚျပန္၍သက္ေရာက္လာနိုင္ေၾကာင္း ။

---------------------

"ေအ့ ေနေန ဒီေန႕ကမဂ္လာဦးညေနာ္ ၊ငါေတာ့ရင္ေတြခုန္လိုက္တာ အဟိ ။"

"ဟဲ့ ဖူးခတ္ ၊ ေနေနနဲ႕မယိမ္းနဲ႕မဂ္လာဦးပါဟ ၊မဆီမဆိုင္ၾကားထဲက နင္ကဘာထျဖစ္တာတုန္း ။"

ထိုအခါ ဂနာမၿငိမ္ျဖစ္သြားသူမွာ ယိမ္းရယ္ပါ။ အခ်ိန္ဟာညခုနစ္နာရီေက်ာ္ေနေလၿပီ ၊ ညေနေမွာင္ရီးပ်ိဳးစကတည္းကၿခံထဲမွာဝိုင္းလုပ္ေနသည္မွာ လူၾကားမေကာင္းေအာ္ဟစ္ေသာင္းက်န္းေနၾကေလသည္။ဒါေတာင္ အခုမွ ၿငိမ္ခါစေလးဘဲရွိေသး တစ္ဖန္ပြဲဆူလာျပန္သည္။

အခုသူတို႔ေရာက္ရွိေနသည့္ေနရာကေတာ့ ေနေန႕၏အိမ္မွာဘဲျဖစ္၏ ။ မဂ္လာပြဲကိုယိမ္း၏အိမ္မွာလုပ္ခဲ့ၿပီး သူမတို႔မဂ္လာၾကတင္သည္ ေနေန႕၏အိမ္မွာသာစီစဥ္ေပးၾက၏ ဒီအေတာအတြင္း အိမ္ခြဲမေနေသးမခ်င္း ယိမ္းကေယာကၡမျဖစ္သူ၏အိမ္မွာသာလိုက္ေနရမည္ျဖစ္၏

"congratulationပါ ေနေနရာ။ ငါ့အစ္မကိုႏွေျမာမိေပမယ့္လို႔ နင္နဲ႕ဆိုရင္ေတာ့စိတ္ခ်ပါတယ္ ။"

"အဟြန္း ။ စိတ္မခ်လည္း ငါကရေအာင္ယူမွာပါဘဲေနာ္။"

ဟန႔္၏အေျပာအား ေန ကရီေဝေဝေလးတုံ႕ျပန္လိုက္သည္ ။

"ကေလး ။တို႔ပင္ပန္းေနလို႔ နားခ်င္ၿပီကြယ္ ။ အရင္သြားႏွင့္မယ္ေနာ္ ၊အမ်ားႀကီးေသာက္မလာနဲ႕အုံး ။"

"ဟဲ့ ခုမွအေစာႀကီးရွိေသးတာကို ယိမ္းရာ ၊ ငါလည္းစကားေျပာအုံးမယ္ေလဟာ ။"

"အို ေျပာခ်င္ေနာက္ေန႕မွေျပာေတာ့ ပန္းရယ္ ၊ တို႔တကယ္နားခ်င္ေနၿပီမို႔ ၊ "

"ခြင့္ျပဳအုံးေနာ္ ကေလးတို႔ ၊ ဪ ပန္း ဝင့္လႊာကိုေသခ်ာျပန္လိုက္ပို႔လိုက္အုံးေနာ္။"

"ငါသိပါတယ္ ။ကိုယ့္ဘာကိုသြားမွာသာ သြား ၊ "

"အခန္းထဲကေန ေနေသာ့္ကိုေမွ်ာ္မေနနဲ႕အုံးေနာ္ ၊ဟားဟား ညက်ငါလာေခ်ာင္းအုံးမွပါ ခစ္ခစ္။"

ပန္း၏စကားေၾကာင့္ ယိမ္းကရွက္အားပိုကာ မ်က္ေစာင္းခ်ီ၍ထြက္သြားသလို ဝိုင္းရွိကေလးမ်ားမွာလည္း တစ္ဟားဟားႏွင့္ေအာ္ရယ္ေနၾကသည္။

-----------------
သူမတို႔အကုန္စားၾကေသာက္ၾကၿပီးေတာ့ ညအခ်ိန္ဟာဆယ္နာရီပင္ခြဲလုေလၿပီ ၊အလိုက္မသိစြာနဲ႕ ရစ္ေနျပန္တဲ့ သူငယ္ခ်င္းေတြသည္ ေန႕အားအၾကာႀကီးႏွိပ္စက္ထားၾကသည္။ သူ႕ခမ်ာ အခန္းထဲသြားခ်င္တာေတာင္ ၿငိမ္ေနရသည့္အျဖစ္မလား ။

အခုမွ ဒင္းတို႔ျပန္သြားေလမွ အသက္ရႈေခ်ာင္ေတာ့သည္။ မိုးခ်ဳပ္ေနၿပီမို႔ မာမီတို႔ကလည္း သူတို႔ကိုမေစာင့္ဘဲ အိပ္ယာဝင္သြားၾကေလသည္။ မနက္ျဖန္မွဘဲ ႏွစ္ဖက္မိဘေတြအားလိုက္ကန္ေတာ့ရေတာ့မည္။

မမက သူ႕သူငယ္ခ်င္းေတြႏွင့္မမဝင့္လႊာအားျပန္လိုက္ပို႔ေပးသည္မို႔ ေန တစ္ေယာက္ကုတ္ေခ်ာင္းကုတ္ေခ်ာင္းျဖင့္ အိမ္ထဲသို႔ဝင္လာခဲ့ရ၏ ဒါေတာင္ ေန ေကာလိုက္ပို႔ပါဟုရစ္ေနေသာ ေကာင္မေတြေၾကာင့္ အနည္းျငင္းလႊတ္ခဲ့ရေသးသည္။

"အစ္မ ေန႕ကိုတံခါးဖြင့္ေပးပါအုံး ။"

"အစ္မလို႔ ။"

"ခ်ေလာက္ ။"

ထိုအခါမွ တံခါးလာဖြင့္ေပးေသာ ေန႕အမ်ိဳးသမီးေလး ၊ ခပ္က်ဳံ႕က်ဳံ႕ျဖစ္ေနေသာမ်က္ႏွာေလးေၾကာင့္ စိတ္ေကာက္ေနၿပီဆိုတာ သိလိုက္ရၿပီ။

သူ႕အားတစ္ခ်က္သာၾကည့္ၿပီးအထဲသို႔ျပန္ဝင္သြားသည့္ အမ်ိဴသမီးေလးေၾကာင့္ ေန႕ အခန္းတံခါးကိုဂ်က္ခ်လိဳက္ၿပီး လိုက္လာခဲ့သည္။

"အစ္မလို႔။ေန႕ကိုစိတ္ေကာက္ေနတာလား ။"

ပုခုံးေလးအား အသာဆုတ္ကိုင္လိုက္ရင္း ေန ေမးလိုက္မိသည္။

" ဘယ္ေလာက္ေတာင္ေသာက္ေနလို႔ ေနာက္မက်ေစနဲ႕ဆိုတာ ေနာက္က်ေနရတာလဲ ေျပာ။"

"ဟာ ။ မေသာက္ရပါဘူး မိန္းမရယ္ ၊ တစ္ခြက္ကေလးဘဲ ေသာက္တာပါ အဲ့တစ္ခြက္ေတာင္ အျပည့္မဟုတ္ဘူး ၊ "

ေန မ်က္ႏွာငယ္ေလးျဖင့္ ေျပာလိုက္ေတာ့ မယုံသည့္ပုံျဖင့္ ေန႕ အနားသို႔မ်က္မွာေလး
ကပ္ကာ အနံ႕ခံေလသည္။ ၿပီးမွ ယုံသြားဟန္ျဖင့္ အနည္းငယ္ေျပေလ်ာ့သြားသည့္ မ်က္ခုံးေလးမ်ား ။

"ဟို ဒီအခ်ိန္ထိေနာက္က်ေနတာကလည္း ဟန္တို႔ကရစ္ေနလို႔ပါေနာ္
၊ ၿပီးေတာ့ မမကပါအစစ္ပါေသး ၊ မမဝင့္လႊာထိန္းတာေတာင္ မရဘူးေလ
။"

ေန ခ်စ္စရာေကာင္းေအာင္ ႏႈတ္ခမ္းေလးဆူကာေျပာမိ၏

"ၿပီးေရာ ၊ ေရခ်ိဳးအုံးမယ္မလား ၊ျမန္ျမန္ခ်ိဳးေနာ္ ဖ်ားမယ္။"

"မခ်ိဳးေတာ့ဘူးေလ ဟီးဟီး ။"

"အဲ့ဆို အိပ္ေတာ့ေလ ။တို႔စာရင္းေတြစစ္ေနတာ မၿပီးေသးလို႔ ခနေနမွအိပ္ေတာ့မယ္။"

ေန႕အား မၾကည့္ဘဲ စာၾကည့္စာပြဲခုံေပၚတြင္ထိုင္လိုက္သည့္ အစ္မေၾကာင့္ ေန႕ မွာရယ္ရမလိုလိုငိုရမလိုလိုျဖစ္သြားရသည္။ အစ္မဟာေလ တကယ္ပါဘဲ ၊သူ႕laptopႀကီး ဘယ္ခ်ိန္ကတည္းကသြားယူထားပါ့လိမ့္ ငါ့ႏွယ္ေနာ္ ဟြန္းဟြန္း ။

ေန အစ္မ၏ေဘးသို႔ သြားရပ္ကာ ေျခေထာက္ကေလးေတြကို ေဆာင့္ရင္းခြၽဲမိလိုက္သည္။

"မိန္းမကလည္း ဒီလိုညႀကီးမွာအလုပ္လုပ္လို႔မရဘူးေလကြာ ၊ အိပ္ရေအာင္ပါ ။"

"အို ဘာမိန္းမလဲ မင္းေနာ္။"

"ဟာ ေနနဲ႕အစ္မနဲ႕ကလက္ထပ္ၿပီးၿပီေလ အဲ့ေတာ့ မိန္းမဘဲေပါ့ ။"

"အို မသိဘူး မသိဘူး။အဲ့လိုႀကီးမေခၚနဲ႕ ၊နားရွက္စရာေကာင္းေအာင္ ။"

"အဲ့ဆို အိပ္ၾကမယ္ေလ ေနာ္။ ဘာလဲ ေန႕ကိုအငတ္ထားေတာ့မလို႔လား ။"

ေန ထိုသို႔ဆိုလိုက္ရင္း အစ္မ၏ပုခုံးစြန္းေလးအာငုံ႕နမ္းမိပါ၏

"အာ့ ဘာ ဘာလုပ္တာလဲ ။ျပန္ခ်ေပး ..."

ေန႕အမ်ိဳးသမီးေလးအားဆက္ကနဲ ေပြ႕ခ်ီကာ အိပ္ယာေပၚသို႔ေခၚသြားမိေတာ့ ပါးျပင္းႏွစ္ဖက္ဟာသိသိသာသာပင္နီရဲလာေလသည္။
ၿပီးေနာက္ေန တို႔၏မဂ္လာကုတင္ေလးေပၚသို႔ ျဖည္းညင္းစြာခ်ေပးလိုက္သည္။

ႏွင္းဆီပန္းေတြတစ္လႊာခ်င္းေႂကြခ်ထားကာ အလယ္မွာအသဲပုံေလးလုပ္ထားသည္မွာ တကယ္ကိုခ်စ္စရာေလးျဖစ္ေနသည္။သို႔ေသာ္ ယခုေတာ့ျဖင့္ ေန႕ အမ်ိဳးသမီးေလး၏ေက်ာေအာက္တြင္ပိျပားေနမွာအမွန္ပင္ျဖစ္သည္။

ေန အစ္မ၏ကိုယ္ေပၚသို႔ အုပ္မိုးလိုက္ရင္း အေပၚစီးျဖင့္ ေန႕အမ်ိဳးသမီးေလး၏မ်က္ႏွာေလးအားၾကည့္ေနမိသည္။ မ်က္ႏွာေတြရဲေနကာ ေန႕ အားမၾကည့္ပါဘဲ ႏႈတ္ခမ္းကိုကိုက္၍ေဘးဘက္သို႔လြဲထားပုံမွာ ေန႕ စိတ္ကိုပိုႂကြေစ၏

"ေန႕ ကိုၾကည့္ပါအုံး မိန္းမရဲ႕ ။"

"ႁပြတ္~ အြန္းးးး!! ႁပြတ္~ ႁပြတ္ ....!!

ခ်ိဳသည္ ၊ အစ္မ၏ႏႈတ္ခမ္းေတြသည္ ဘယ္အရာႏွင့္မွႏွိုင္းယွဥ္မရေအာင္ကိုခ်ိဳသည္။ ထပ္ကာထပ္ကာ နမ္းရွိုက္ခ်င္တဲ့အထိကို ဆြဲေဆာင္နိုင္ေစသည္။

"အဟင္းးးး ။!

ျဖဴေက်ာ့ေက်ာ့လည္တိုင္ေလးအား ေန႕ ႏႈတ္ခမ္းေတြေရာက္သြားခ်ိန္မွာေတာ့ အစ္မဟာမ်က္လုံးေတြေမွးစင္းရင္း တစ္ခ်က္ညီးျငဴေလ၏

ထိုသို႔ျဖင့္ အဆက္မျပတ္နမ္းေနရင္း ေန႕၏လက္မ်ားကအၿငိမ္မေန အစ္မ၏ေက်ာေအာက္သို႔လွ်ိုဝင္လိုက္သည္။

Braခ်ိတ္ျဖဳတ္သြားသည္ႏွင့္ ထြက္ေပၚလာေသာ အရာ ၊ ထိုအရာေလးေတြအား ၾကည့္ကာ အသက္ရႈသံေတြျမန္လာရသည္။အနမ္းေတြဖယ္ခြာခါ ေန စူးစိုက္ၾကည့္ေနသည္ကို ရိပ္မိသြားေသာအမ်ိဳးသမီးေလးမွာ ႏႈတ္ခမ္းေလးအားကိုက္ရင္း သူမလက္ေတြျဖင့္ကြယ္ဝွက္ေလသည္။

"အရမ္းလွတာဘဲ မိန္းမရာ။ စကၠန႔္မလပ္ကိုျမင္ခ်င္ထိခ်င္မိတဲ့အထိဘဲ ။"

အစ္မ၏လက္ႏွစ္ဖက္အား ဆြဲခြာေစကာ အေပၚသို႔ျမႇောက္တင္၍ ေန႕ လက္တစ္ဖက္ျဖင့္ခ်ဳပ္ႏွောင္ထားမိသည္။ ထိုအရာေလးေတြအား ထပ္မံျမင္လိုက္ရေတာ့ ေန႕ ၏စိတ္ဆႏၵေတြသည္ထိပ္ဆုံးသို႔ေရာက္လာေခ်ၿပီ ။

"ႁပြတ္ !

"အာ့။"

တုံ႕ဆိုင္းမေနပါဘဲ ခ်က္ခ်င္းပါးစပ္ထဲငုံလိုက္မိေတာ့ ေအာက္ကအမ်ိဳးသမီးေလးဟာတစ္ခ်က္တြန႔္သြားေလသည္။ ယေန႕မွ ေန႕ ၏စိတ္ေတြဟာလုံးဝအေမွာင္က်ေနသည္။ ဘယ္အရာကို မျမင္ေတာ့ဘဲ ေန႕၏အၾကည့္မ်ားသည္ အစ္မ၏လွပလြန္းေသာခႏၶာကိုယ္ဆီမွာမခြာေတာ့ေပ ။

"က ~ကေလး ။

ေန ပိုမိုရဲတင္းစြာျဖင့္ ခါးစပ္နားဆီသို႔လက္လွမ္းလိုက္ေတာ့ အစ္မ၏ဟန႔္တားသံ ၊
မ်က္ရည္ေလးေတြေဝ့သီရင္း ရွက္ေၾကာက္ေနဟန္ရေသာ အစ္မေၾကာင့္ ေန တုန္လႈပ္သြားမိသည္။ သြားၿပီး ၊သူအစ္မကို ခုခ်ိန္ထိခြင့္မေတာင္မိဘဲ စိတ္ထင္တိုင္းျပဳမႈေနမိသည္မဟုတ္လား ။

"ဟို ေန ~ေန ေတာင္းပန္ပါတယ္ေနာ္။ေန ေလ ..!

"ဘာေတြေျပာေနတာလဲ။မီးသြားပိတ္အုံးလို႔ ။ ထင္းထင္းလင္းလင္းႀကီးမွာကို ...!

ပါးျပင္းႏွစ္ဖက္ဟာခုခ်ိန္ထိကိုနီရဲေနကာ ႏႈတ္ခမ္းေလးအားကိုက္ရင္း ခပ္ဆတ္ဆတ္ေလးေျပာလာသည္မို႔ ေန႕ မွာဝမ္းသာအားရျဖင့္ ကုတင္ေပၚမွအျမန္ဆင္းကာ မီးထပိတ္လိုက္ေလေတာ့သည္။ ေသခ်ာေပါက္ ေန႕ မ်က္ႏွာႀကီးကေတာ့မွိုရသည့္မ်က္ႏွာမ်ိဳးနဲ႕ရယ္ပါေလ ။

24.3.2023
7:35PM
64

ဆက္ရန္။

ကေလးက အဲ့လိုပိုင္းေတြသိပ္မကြၽမ္းေတာ့ေလ ၊ လိုအပ္ခ်က္မ်ားရွိခဲ့ရင္ သည္းခံေပးပါလို႔။












Continue Reading

You'll Also Like

1M 58.6K 115
#1 - Puisi (2 November 2018) Ini adalah kumpulan diksi yang membutuhkan ruang untuk abadi. Ketika membacanya nanti, mungkin ada banyak hal yang akan...
8.7M 149K 197
Ada berjuta baris kata yang tak mampu untuk bibir ucapkan namun masih mampu dirangkai oleh jemari. Aku biarkan diriku bersahabat dengan kertas dan pe...
30.7K 4.2K 22
Pembaca dari dunia yang sama namun berbeda. Dengan cara yang tidak klise, pahlawan dan penjahat tersayang kita menemukan diri mereka dipindahkan ke d...
432K 22K 51
"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!