"မမလွှာ ၊ နေ့ ကိုပုစွန်ခွာပေးပါအုံး ၊"
နေနေ့၏ အပြောေကြာင့် လွှာ ဟာပြုံးပြရင်းခေါင်းငြိမ့်လေသည်မို့ ယိမ်းနှင့် ပန်း နှင့်ဟာတစ်ယောက်ကိုတစ်ယောက်ကြည့်မိလိုက်ကြသည် ။ ပန်းကလည်း မသိမသာနှုတ်ခမ်းတွေစူလာသလို ယိမ်းတစ်ယောက်ကလည်း မျက်ခုံးတွေကို တွန့်ချိုးလိုက်မိသည် ။
"ဖြည်းဖြည်းစားပါကွယ် ။ သီးနေပါအုံးမယ် ။"
"ဟီးဟီး အရမ်းကောင်းလို့ ၊နောက်တစ်ခါ ပုဇွန်စားရင်လည်း မမလွှာဘဲနွှာပေးနော် ၊
ကလေးလေးလို ပြောနေရင်း လွှာ့ အနားမှာဘဲ ကပ်ချွဲနေသည့် ယောင်းမလေးကြောင့် လွှာ ပင့်သက်ရှိုက်မိလိုက်သည်။ မျက်နှာချင်းဆိုင်က အတူယှဉ်လျက် ထိုင်နေကြသည့် ပန်းနှင့်ယိမ်းကို ကြည့်လိုက်တော့ အလိုမကျမှုတွေဟာ အထင်းသားပေါ်လွင်လို့နေသည်။
"အဟမ်း ၊ နေသော် နင်ဘယ်အချိန်များမှ ငါ့ချစ်သူလေး အနားကခွာမှာလဲ ဟမ် ။ ငါ့ကိုလည်းအားနာပါအုံးဟယ် ၊ ယိမ်းကလည်း ကိုယ့်ကလေးနားကပ်မယ် မရှိဘူး ၊ထူးထူးခြားခြား ဒင်းတို့တွေ ရန်တွေဘာတွေများဖြစ်ထားသလားဘဲ ။"
ပန်း၏ ခပ်ဆတ်ဆတ်အသံကြားတော့ ဘေးနားက ယိမ်း တစ်ယောက်ဟာ စိတ်မရှည်စွာဖြင့် ပုဇွန်ကိုအခွံနွှာနေရင်းမှ ဘုတ်ကနဲပစ်ချ၏
"မဆီမဆိုင် တို့ကိုလာဆွဲမထည့်နဲ့ ပန်းဆုနေသော်။ဝင့်လွှာ အနားကပ်ချင်တာက ကပ်ချင်ရင်ကပ်ချင်တယ်ပေါ့ ။
၊အဲ့လောက်တောင် ကပ်ချင်နေရင်လည်း ကိုယ့်ညီမကို ပြောပါ့လား"တစ်ခွန်းတစ်ကျန် ပြန်စွာသည့် ယိမ်း ကြောင့် ပန်းမှာ ပါးစပ်အဟောင်းသားနှင့် ။ယိမ်း တစ်ယောက် စွာတာ သိပေမယ့် အခုက ပိုပြီးစိတ်ဆတ်နေပုံမို့ ပန်း မျက်နှာကြီးကိုရှုံ့မဲ့လိုက်ရင်း
"အေးဟေ့ ကပ်ချင်တယ်ဟယ် ဘာဖြစ်လဲ ၊ငါတို့က အခုမှ ချစ်ကြိုက်ခါစလေ ။ ကိုယ့်ချစ်သူနားကိုယ် ကပ်ချင်တာ အပြစ်လား ။"
တစ်ယောက်တစ်ခွန်း အခြေအနေဖြစ်နေကြသည့် နှစ်ယောက်အား နေနေနှင့်လွှာကတော့ မျက်လုံးတွေကလည်ကလည်ဖြင့်ကြည့်နေရတော့သည်။ ဒီနှစ်ယောက်ဟာ ငွေဆောင်ကို ရောက်လာကတည်းက တစ်ကျက်ကျက်နှင့် ရန်ဖြစ်လို့မပြီးတော့ပေ ။
KAMU SEDANG MEMBACA
အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)
Poetry"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား"? "အိုး တော်ပြီ မင်းပြန်လိုက်တော့"!!