30။

7.7K 424 4
                                    

ဝင့်လွှာကစကား‌ပြောချင်သည်ဆိုတာ‌ကြောင့် အိမ်မှာဘဲလွတ်လွတ်လပ်လပ်
ဆွေးနွေးလို့ရ‌အောင်မာမီဟာစီစဉ်ပေး၏ သို့သော်ဦးနေနိုင်၏သားဖြစ်သူ နေဝေသော်ပါ ပါလာလေသည်။အိမ်ထဲသို့ဝင်ဝင်လာခြင်းပင်ဝင့်လွှာအားပေါက်ထွက်မတက်ကြည့်နေသူကြောင့် မျက်ခုံးတွေတွန့်ချိုးလိုက်မိသည်။ အသက်၂၅လို့မထင်ရအောင်လောက်ပင် ကြမ်းထမ်းနေကာ ဖရိုဖရဲဖြစ်နေသည့် ထိုလူသည်သူဠေးသားဟုပင်ထင်ရက်စရာမရှိ‌ပေ။ဒီလူ့အား ဝင့်လွှာတစ်ခါမှမမြင်ဖူးပါ။ ဦးနေနိုင်ဆိုတဲ့လူကြီးမှာ သားရှိသည်ဆိုတာပင်မသိခဲ့။

" ကိုယ်တို့ကိုခေါ်တယ်ဆိုတော့ မဂ်လာရက်ရွေးဖို့လား  ဒေါ်အေမီမီ ။အဟင်း ဖြစ်နိုင်ရင်တော့ အမြန်ဆုံးဘဲလက်ထပ်ပေးလိုက်ကြတာပေါ့ဗျ။ ကိုယ့်သားကမင်း သမီးကိုမျက်စိကြနေတာကံကောင်းသွားတယ်မှတ်ပါ"

ယုံကြည်ချက်အပြည့်နှင့်ပိုင်ဆိုးပိုင်နက်ပြောလာသည့် စကားကိုကြားတော့ ချဉ်သွားမိသည်။ သူ့သားကို လက်ထပ်ဖို့ရွေးမည်ဆိုတာ အသေချာတွက်ထားသည်ပုံဘဲ။ ဘေးနားမှာ ထိုင်နေသည့် သူ့သားဖြစ်သူကိုတစ်ချက်ကြည့်လိုက်တော့ ရွှန်းရွှန်းစားစားမျက်လုံးတွေဖြင့်မျက်တောင်မခတ်တမ်းကြည့်နေလေသည်။

"အားနာမိပေမယ့် ကျွန်မကိုအချိန်တစ်နှစ်လောက်ပေးပါ။ အဲ့ဒီအတောအတွင်းမှာ တင်နေတဲ့အကြွေးတွေအကုန်းလုံးပြန်ဆပ်ပါ့မယ်။ ဦးနေနိုင်"

ဝင့်လွှာ၏ပြတ်သားကြည်လင်လှသောအသံ။ ပိုင်ဆိုင်မှုဆိုလို့ ဘာမှရေရေရာရာမရှိတော့သည့်ဝင့်လွှာအဖို့ ဘယ်အရာအားကိုးနှင့်ဒီလိုပြောထွက်သလဲ ဆိုရင်သူ့မှာဖြေစရာမရှိပေ။ သေချာကတော့ ဝင့်လွှာဟာမာနကြီးသည့်မိန်းကလေးပင်ဖြစ်သည်။

"တစ်နှစ်တောင်လား။ အရမ်းကြာလွန်းတယ်မထင်ဘူးလား။ "

ပီတီတီမျက်နှာဘေးဖြင့် မျက်ခုံးပင့်ရင်းမေးလာသည့် သူကြောင့်

"ကျွန်မကထပ်ပြီးအုပ်ထိန်းသူတစ်ယောက်အနေနဲ့တောင်းဆိုပါတယ်။ ခင်မင်ခဲ့တဲ့မျက်နှာကိုထောက်ထားပြီးကျွန်မတို့ကိုအချိန်တစ်နှစ်ပေးပါရှင်။ အဲ့ဒီအတောအတွင်းမှာ အတိုးထားရင်လည်းထားပါ။"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now