13။

7K 415 0
                                    

"မာမီကလည်း ယိမ်း မလိုက်သွားချင်ပါဘူး "

"သမီးကလည်းကွယ် ရှေ့လျှောက်အမျိုးတွေဘဲ‌ေတာ်ရမယ့်ဟာ လိုက်သွားလိုက်ပါကွယ် ရင်းနှီးသွားတော့ မကောင်းဘူးလား "

မာမီ၏ စကားကြောင့်ယိမ်း အထွန့်မတက်တော့ဘဲ သက်ပြင်းချလိုက်မိပါ၏ သူ့အဖွားနှင့်မိတ်ဆက်ပေးရန်အတွက် ယိမ်းအားလာကြိုမည်ဆိုသည့် ‌အပြောကို ယိမ်း ငြင်းမိသော်လည်း ဒင်းလေးက ပါးနပ်စွာမာမီ့တို့ကိုပါစစ်ကူခေါ်သည်မို့ ယိမ်း မလိုက်ချင်သော်လည်း မရတော့ပေ။

ထိုစဉ် ခြံအရှေ့မှကားသံကြားရသည်။ သူလာပြီထင်၏ ယိမ်း မျက်နှာထားသည်ချက်ချင်းပင်တည်တင်းပစ်လိုက်သည်။ ယိမ်းအနောက်မှ မာမီဂာလည်းပြုံးစစဖြင့်လိုက်ပါလာ၏

အိမ်ထဲမှ တစ်လှမ်းချင်း လျှောက်လမ်းလာသည့် အစ်မ ကြောင့် နေ တစ်ယောက်အတောင့်လိုက်ကြီးရပ်ကာငေးမောမိပါသည်။ မိတ်ကပ်တွေခြယ်မှုန်ထားသော မျက်နှာ‌ေချာ‌‌ေချာ‌ေလးဟာ ပြုံးမနေပါဘဲ တစ်ခုခုကိုအလိုမကျဟန်ဖြင့် ခပ်စူစူလေးဖြစ်‌ေနသည်။ နေ အသည်းယားစွာ ပြေး၍ဖက်ထားပစ်လိုက်ချင်ပါသည်။သို့သော် စိတ်ဆန္ဒနှင့်ခြားနားစွာ အတောင့်လိုက်ကြီးသာရပ်ကြည့်နေရသည်။ ခရမ်းရောင် ချည်သားဝမ်းဆက်ကလေးဟာ သွယ်လျလျခန္ဓာကိုယ်လေးပေါ်မှာ တင့်တယ်နေသည်။ ပြီးနောက်ဆံပင်တွေကို တစ်စုတစ်စည်းတည်း စုစည်းကာချထားသည်။ ဝိုင်းစက်နေသော မျက်လုံးအိမ်လေးထဲက ပုံရိပ်တွေတိုင်းသည် နေ့၏ ပုံရိပ်တွေသာဖြစ်စေချင်သည်။ နေ ဟာအစ်မနဲ့ပတ်သက်လျှင်အဲ့လောက်ထိတောင် အတ္တကြီးပါသည်။

အစ်မ၏မာမီ နေ့ယောက္ခမကြီးက ဖော်ရွေစွာဆီးကြိုသလောက်အစ်မကတော့ တစ်ချက်ပင်ပြုံးမပြပေ။ ဟော ကြည့် ကားပေါ်မှ မိန့်မိန့်ကြီးဝင်ထိုင်သည်က နေ့၏ဘေးမှာမဟုတ်ဘဲ အနောက်ခန်းမှာတဲ့လေ ။ နေ မနိုင်ဘူး ဆိုသည့်အကြည့်ဖြင့်ကြည့်ရင်းသာ တက်နိုင်တော့သည်။ နေ ဟာအစ်မတွက်ဆိုလျှင်ဒါရိုက်ဘာမကလို့ သူတောင်းစားဘဲဖြစ်ရဖြစ်ရပါလေ။

အစက ကိုယ်မှား‌ခဲ့ကြောင်းကိုရိုကျိုးစွာဝန်ခံသည့်အနေဖြင့်တာဝန်ယူချင်သည့်စိတ်တို့ကသာကြီးစိုးနေလေတော့ ရင်ဘက်ထဲက‌ေလးနက်သည့်ခံစားချက်တွေကိုကိုယ်တိုင်ပင်မမြင်နိုင်ခဲ့ပေ။ အစ်မ ကိုပိုင်ဆိုင်ရတော့မည်ဟု တွေးကြည့်မိတိုင်း နေ့ ရင်တွေဟာတစ်လှပ်လှပ်ဖြစ်နေသည်ကိုတစ်ဖြည်းဖြည်းနှင့်သတိထားမိလာသည်။ အစ်မ၏ နာမည်ကိုကြားရတိုင်း ၊အစ်မဆီကို ဖုန်းခေါ်ရတိုင်း ၊အစ်မ၏အသံလေးကိုကြားရတိုင်း ၊အစ်မ၏မျက်နှာလှလှလေးကိုမြင်ရတိုင်း နေ့ ရင်တွေဟာတစ်ဒိတ်ဒိတ်ခုန်နေခဲ့သည်လေ။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang