16။

7.4K 408 2
                                    

"အငယ်လေးကအခုထိ မနိုးသေးဘူးထင်ပါတယ်ကွယ်။ ထိုင်ပါအုံး ။မာမီသွားနိုး‌ေချအံုးမယ်။နေမကောင်းလို့ဆိုပြီး အလိုလိုက်ထားတာကို အငယ်လေးကဆိုးချင်တိုင်းဆိုးနေတော့တာ..." ။

"ရပါတယ် အန်တီရယ် နိုးမနေပါနဲ့တော့ ယိမ်းလည်း ပြန်တော့မှာပါ ။သူ့အတွက် မုန့်လေးတွေဝင်လာပို့လိုက်တာ ။"

"အို အခုမှရောက်တာကိုသမီးရယ် နေပါအုံးလား။ ပြီးတော့ ဘယ်ချိန်ထိ အန်တီနေမှာလဲကွယ် ၊ အမျိုးတွေဘဲတော်ရတော့မှာ ရှေ့လျှောက်မာမီလို့ဘဲခေါ်တော့ ။

ယိမ်း၏‌အရှေ့မှာ ခပ်ခပ်ပြုံးဆိုလာသည့် အန်တီ့စကားကို ယိမ်းပြန့်၍မတုံ့ပြန်မိပေ။ မျက်မှာလွဲ၍နှုတ်ခမ်းလေးအား ဖွဖွကိုက်ရင်း အရှက်ပြေဟိုကြည့်ဒီကြည့်ဖြင့်ထိုင်နေလိုက်ရသည်။ ခနနေတော့ ‌"ဟင်းအိုးတန်းလန်းကြီး ထားခဲ့တာ တူးတော့မှာဘဲ.. ဟုတီးတိုးဆိုရင်း မီးဖိုဆောင်ဘက်ထသွားလေမို့ အသက်ရှုချောင်သွားရသည်။

ဧည့်ခန်း၏နံရံမှာချိတ်ထားသည်က ပန်းတို့မိသားစုလေးယောက်၏ပုံပင်။ သာလိကာပေါက်စကို သူ့မာမီက ပွေ့ချီထားပြီး ၊ သိတတ်နေပြီဖြစ်တဲ့မကြီးမငယ် ပန်းဆုကတော့ သူ့ဒယ်ဒီနှင့်သာလက်တွဲထား‌ေလသည်။ ဘာရယ် မဟုတ်ထိုပံု‌ေလးအားအတန်ကြာ‌ေအာင်ကြည့်နေရင်း သူ့မာမီ၏လက်ထဲမှပင် သွားဖုံးလေးများအောင် ပေါ်အောင်ထိရယ်နေသည့်ကလေးမလေးဟာ ငယ်ငယ်ကတည်းပင် ချစ်ဖို့ကောင်းနေပါလား ဟုတွေးမိလိုက်ပါသည်။

"ယိမ်း အစောကြီးရောက်နေပါရောလား ။ဘာလဲ ယူ့ကလေးလေးကိုစိတ်ပူနေတယ်ပေါ့ လေ။ မနေ့ထဲက ပြောမလို့ပါဘဲဟယ် အခန်းထဲက ကလေးမက ကဲကဲသည်းသည်း‌တွေလုပ်နေလို့ မပြောတော့တာ သူ့ကြောင့်အလုပ်ပိုနေမှာစိုးလို့တဲ့လေ"

အောက်ထပ်သို့ဆင်းလာရင်း ပန်းဟာခပ်စူစူလေးပြောသည်။ အရမ်းတွေသပ်ရပ်‌ကာကျော့ကျော့လေးဆင်းလာသည့် ပန်း ဟာကုမ္ပဏီသို့သွားတော့မည်ထင်၏

"အင်း ညကဟန်‌ေလးဖုန်းဆက်ပြောမှသိရတာ "

"ဟုတ်သလား ‌ဒင်းကအိမ်ခန်းထဲကနေ ဘယ်မှမထွက်လဲမဟုတ် ။ဟန်‌ေလးတို့ကဘယ်လိုများသိသွားကြတာပါလိမ့် "?

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now