25။

7.6K 430 5
                                    

နောက်ကြောင်းပြန်ခြင်း။➡️

လေးတန်းသာရှိသေးသည့် အိမ့်ဆုနေသော်တစ်ယောက်ဟာဖြင့် ကျောင်းဆင်းခါနီးအချိန်မှာပင်ဖင်တစ်ကြွကြွဖြစ်နေလေသည်။အဘယ့်ကြောင့်ဆိုသော်သူ၏ မမဟန်ပန်နှင့်အတူ အိမ်ပြန်ဖို့ရာသာဖြစ်သည်။ ကစားဖော်ဖြစ်သည့် ဘုန်းထက်က‌တော့သုံးတန်းသာရှိသေးသည်မို့ နေနေနဲ့က အခန်းချင်းကပ်လျက်ဖြစ်နေလေသည်။ထို့ကြောင့် နေနေ့အလုပ်ဟာ ဒီကောင့်ကိုဝင်ခေါ်ပြီးမှ ဆယ်တန်းအခန်းဆီသို့သွားရခြင်းဖြစ်သည်။ နေနေကလည်း အစ်မဖြစ်သူနှင့်အိမ်ပြန်ရမည်ဖြစ်သလို ဘုန်းထက်ကလည်း သူ့အစ်မနှင့်သူ ပြန်ရမည်ဖြစ်သည်။ ကျောင်းဆင်းတာနှင့်တစ်ပြိုင်နက် နိုင်ငံတစ်တော်သီချင်းအား အားတက်သရော်သီဆိုပြီးသည်နှင့် ဆရာမအားနှုတ်ဆက်ကာထွက်လာခဲ့သည်။ ချက်ချင်း ဘေးခန်းကိုသွားလိုက်ပြီး ထွက်မလာသေးသည့် ကောင်ပေါက်စကိုစောင့်နေလိုက်သည်။

ဟော တွေ့ပါပြီ။ အုန်းမို့ခွက်ကေလေးနှင့် လုံးလုံးလေးထွက်လာသော ကောင်ကလေး။ ယောကျာ်းလေးဖြစ်ပါသော်လည်း ပါးလေးနှစ်ဖက်က ခပ်ဖောင်းဖောင်းလေးဖြစ်နေကာ ဆံပင်တွေဟာနဖူးပေါ်မှာဝဲဝဲလေးကျနေသည်။

"ဟေ့ ဘုန်းထက်  ငါဒီမှာ"

မျက်လုံးအဝိုင်းသားနှင့်အူလည်လည်ဖြစ်နေသည့်ကောင်လေးအား လက်လှမ်းပြလိုက်တော့ အားကိုးရသွားဟန်ဖြင့် ပြုံးရယ်ကာပြေးလာသည်။ တစ်ပြိုင်နက်တည်းပင်ကျိုးနေသည့် ရှေ့သွားလေးနှစ်ချောင်းဟာလည်းထင်းကနဲပေါ်လာလေသည်။ နေ သဘောကျစွာဖြင့် တစ်ခစ်ခစ်ရယ်တော့ အကောင်ပေါက်ကနားမလည်သည့်ဟန်ဖြင့် နေ့ လက်အားလာတွဲရင်းပြူးပြူးလေးမော့ကြည့်သည်။

"မမနေနေ သားကိုကြည့်ပြီး ဘာလို့ရယ်တာလဲဟင်။'

"ချစ်ဖို့ကောင်းလို့။ "

ရယ်ချင်သည့်စိတ်အား ချုပ်ထိန်းရင်းပြောလိုက်တော့ အဟုတ်မှတ်သွားဟန်ဖြင့်သဘောတွေကျနေလေသည်။

ဆယ်တန်းအခန်းဟာ အပေါ်ထပ်မှာရှိသည်မို့ ‌အောက်ဆင်းလာတဲ့အထိ ‌စောင့်မနေတော့ဘဲ တက်သွားလိုက်သည်။ ရှစ်တန်း ကိုးတန်းက အကိုတွေ အစ်မတွေကပါဆင်းလာတော့ တက်လာသည့်ကလေးနှစ်ယောက်နှင့်ထိပ်တိုက်တွေ့လေသည်။လူကောင်သေးသေးနှင့်မလိုက် နားရွက်ထိ ဝဲကျနေသည့်ဆံပင်တွေအားနားကြားသို့သပ်တင်ထားကာ ထိပ်ကကြက်တောင်စီးထားသော နေနေ့ ပုံဟာတစ်ကယ်ကိုချစ်စရာလေးဖြစ်နေသည်။ လူကြီးတစ်ယောက်လိုဟန်နှင့် သုံးတန်းကလေးလေးအားလက်မှဆွဲကိုင်ကာ ဦးဆောင်၍လျှောက်နေပုံမှာ သူ့ကိုယ်သူ မိခင်ကြီးလိုလို။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now