9။

7K 433 12
                                    

"အပြုံးတွေတိုင်းမှာ နူးညံ့မှုရှိတယ်တဲ့
ဒါမယ့် မင်းပြုံးတာကို
ကိုယ်မှမမြင်ဖူးဘဲလေ .."
             Thway64......

ယိမ်း တစ်ယောက်ရုံးသို့သွားရန် အကုန်ပြင်ဆင်ထားသော်လည်း ဖုန်းဆက်လာသည့်ပန်းကြောင့် မသွားသေးဘဲ ထိုင်စောင့်နေရသည်။ အသံတွေဟာ အနည်းငယ်တိုးဝင်နေတာကြောင့် နေမကောင်းဖြစ်နေတာလား ဟုမေးလိုက်ပေမယ့် အဖြေစကားမဆိုဘဲ ထူးဆန်းသည့်စကားတွေကိုသာဆို၏

"အန်ကယ်တို့ရှိလား ယိမ်း  ဪ မေ့လို့ ရုံးကိုမသွားနဲ့အုံးနော်။ တို့‌တွေလာမှာမို့
‌လူကြီးတွေကော ပါလာအံုးမှာရယ် အဲ့ဒါကြောင့်သေချာလေးပြင်ဆင်ထားအံုးနော် '

ပန်း၏ထူးထူးဆန်းဆန်းစကားတွေအား ယိမ်းနားမလည်နိုင်ပေ။ မနေ့ညကလည်း အိမ့်ဆုနေသော် ၏စကားတွေကိုနားမလည်နိုင်ခဲ့။ ယိမ်းတွေးမိလိုက်တာက "ဒီညီမနှစ်ယောက်တော်တော်ထူးဆန်းတာဘဲ‌လို့ "!!

"ဟော သမီးလေး ဧည့်ခန်းထဲမှာတစ်ယောက်တည်းဘာထိုင်လုပ်နေတုန်းကွဲ့"

ယိမ်းတစ်ယောက်တည်း အတွေးနယ်ချဲ့နေရင်း အပေါ်ထပ်မှာ မာမီဟာဆင်းလာသည်။ ခါတိုင်းနေ့တွေနှင့်မတူဘဲ ယနေ့မှပြင်ဆင်ခြယ်သထားသည့် မာမီကြောင့် အပြင်သွားစရာရှိသည်ဟုထင်မိ၏။

" အာ ပန်းကအိမ်လာမယ်ဆိုလို့လေ ခနစောင့်နေတာ မာမီကော သွားစရာရှိလို့လား "

"မရှိပါဘူးကွယ် ရှိခဲ့ရင်လည်းဖျက်ရမှာ ဒီနေ့အရေးကြီးဧည့်သည်တွေလာမှာမို့လို့လေ သမီးလေးလည်းမသွားနဲ့နော် "

ယိမ်းကိုပါ မသွားရန်တားသည်မို့အနည်းငယ်တော့စိတ်ညစ်မိသည်။ ဒယ်ဒီတို့၏ လုပ်ငန်းရှင်စီးပွားဘက်‌ေတွနှင့်မိတ်ဆက်ပေးမည်ကိုတော့ ယိမ်းမကြိုက်ပါ။သို့သော်လည်း စိတ်ထဲကငြင်းဆန်မိပေမယ့်လို့ လက်တွေ့မှာ ခေါင်းငြိမ့်မိလျက်သား။

"ဒယ်ဒီ‌ေရာလား "

"ဟုတ်တယ်လေ သမီးဒယ်ဒီလည်းရှိတယ် အခန်းထဲမှာအကျီလဲနေလေရဲ့ "

ဪ ဟုသာ ယိမ်း ‌ဖြေလိုက်မိသည်။ ထိုစဉ် အပေါ်ထပ်ကနေ သုတ်သုတ်ပြာပြာထွက်လာသည့် ဒယ်ဒီကိုအသာမော့ကြည့်မိသည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Место, где живут истории. Откройте их для себя