33။

7.3K 407 4
                                    

စူးစမ်းသလို‌မေးလာသည့် အမေးအား ပန်းကပြန်မဖြေဘဲ မျက်ရည်အဝိုင်းသားနှင့်ယိမ်းအားကြည့်လာသည်။

"ပြောလေ ပန်းရဲ့။ ယူတို့နှစ်ယောက်ကြားမှာ တို့မသိသေးတဲ့အရာတစ်ခုခုတော့ ရှိနေတယ်မလား။"

ယိမ်း၏စကားကြောင့် ပန်းဟာပြိုကျတော့မည့် မျက်ရည်တွေအားအတင်းချုပ်တည်းထားပုံပေါ်သည်။ ယိမ်းမှာ ပန်း၏အမူအယာကြောင့် ကိုယ်တိုင်ကပါ ငိုချင်လာပြီး ယိမ်း မသိသေးတဲ့တစ်စုံတစ်ရာအတွက်အလွန်စိတ်ပူနေမိသည်။

"ယိမ်း တစ်ကယ်တော့လေ !

"မမရေ နင့်အခန်းထဲမှာအစ်မရှိနေလား။"

ထိုစဉ်မှာပင် ဘယ်ကတည်းကနိုးလာမှန်းမသိတဲ့ ယိမ်း၏ကလေးဆိုးကြီးဟာ ငိုမဲ့မဲ့ရုပ်ကလေးနှင့် ဝင်လာတာကြောင့် ပန်းကကျမလာသေးသည့်မျက်ရည်တွေအား ခေါင်းလေးစောင်းငဲ့ပြီးသုတ်‌နေသလို ယိမ်းကလည်း သူ၏ကလေးကြီးအား ကြည့်နေလိုက်သည်။

"ဟင့် အနားမှာဘဲ နေပါဆို။ ဘာလို့လျှောက်သွားနေတာလဲ ။"

ယိမ်း၏ လက်မောင်းလေးအား အတင်း‌တောက်တဲ့လိုမှီတွယ်ရင်း ချွဲ့ချွဲ့နွဲ့နွဲ့ဆိုလာတာကြောင့်

‌"အစောကြီးရှိသေးလို့ပါကွယ်။ ပျင်းလာတာနဲ့ ပန်းနဲ့စကားထိုင်ပြောနေကြတာ။"

ယိမ်း ပန်းအားမေးငေါ့၍ပြောလိုက်တော့

"မမ နင်ငိုထားတာလား။"

ယိမ်းလိုပင် လူအကဲခတ်တော်သည့်‌ကလေးဟာ ပန်းတစ်ယောက် မျက်ရည်ကျခဲ့သည်ကိုပင် ရိပ်မိနေလေ၏ ယိမ်းမှာ နေရင်းထိုင်းရင်း စိတ်က ကသိကအောက်ဖြစ်မိသည်။ ယိမ်းမသိလေအောင် တစ်ခုခုကိုလျှို့ဝှက်ထားကြသည့် နှစ်ယောက်အား စိတ်လည်းစိတ်ဆိုးမိသလို တစ်ဖက်ကလည်း ဘာတွေဖြစ်နေကြပါလိမ့် ဟုတွေးရင်းရင်ပူရပါသည်။ ပြေးကြည့်မှ ဒီသူငယ်ချင်းသုံးယောက်ဘဲရှိတာကို ဒင်းတို့က ယိမ်းကိုကွက်၍ဖုံးဖိနေခဲ့သည်လား။

"ဘာ‌တွေလာပြောနေတာလဲ ။
မဟုတ်ပါဘူး။ ပြစမ်း ဒဏ်ရာတွေဘယ်လိုနေသေးလဲ။"

"အေးဆေးပါ ။ မနာတော့ဘူး။
ဟွန်း အဲ့ဒီလူကြီးခုချိန်ဆို ငါ့လက်စာကြောင့်ထတောင်ထ‌နိုင်ရဲ့လားမသိဘူး။ တစ်ခါတည်းသေလည်းအေးတာဘဲ။"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Kde žijí příběhy. Začni objevovat