7။

7.4K 439 0
                                    

"ကဲ ပြောပါအုံး ဒီရက်ပိုင်း‌ေတွအမြီးတောင်မမြင်ရအောင် ဘယ်တွေများကြွချီတော်မူနေတာလဲ ။"

ကဖေးဆိုင်တစ်ဆိုင်တွင် အိမ်ဆုနေသော်တို့အုပ်စုလူစုံနေကြခြင်းဖြစ်သည်။ ဒီရက်ပိုင်းတွေအတွင်းပျောက်နေတတ်သည့် နေနေ့ကို ဖူးခတ်က မကျေနပ်စွာပြောလာ‌သည်မို့ သောက်လက်စ ဘီယာခွက်အားခွပ်ကနဲမြည်‌
အောင်ချလိုက်သည်။

" ဘယ်မှာမှကြွချီတော်မမူရပါဘူး‌ေနာ် တီတီ့ဆီမှာခြေချုပ်မိနေတာလေ။ ဒီနေ့တောင်sundayမို့ နားရက်ရတာ ။"

"ဒါဆိုလည်းဖုန်းလေးတော့ဆက်လို့ရတာပဲမဟုတ်ဘူးလား ဒါပေမယ့်နင်မဆက်လာဘူးလေ "

'အာ မရစ်နဲ့ဖူးခတ်ရာ
ဒီဝိုင်းကိုငါဒကာခံမယ်‌ေလ ဟုတ်ပြီလား'

"ဟွန်း ပြီးရော"

"ရေးးးတကယ်လား စားမယ် စားမယ် "

နေနေ့၏ဒကာခံမည်ဟုအသံကြားတော့ ဟန်သု့ပန်က ထ၍လက်ခုပ်တီးသည်။ စောနကစူပုတ်နေသည့် ဖူးခတ်ကလည်းငြိမ်သွားသလို ကျန်တဲ့နှစ်ယောက်ကလည်း စားဖို့သောက်ဖို့ကိုသာအာရုံရနေသည်။ နေနေတို့အဖွဲ့က စုစုပေါင်းငါးယောက်ရှိသည်။ ငယ်ပေါင်းတွေမဟုတ်သော်လည်း အထက်တန်းကတည်းကပေါင်းလာခဲ့တာဖြစ်လို့ ညီအစ်မတွေလိုပင်ရင်းနှီးကြသည်။

မိုးမြင့်တိမ်လွှာ "စာဂျပိုးလေး မို့မျက်မှန်အမြဲတပ်ထားရသည် အမြဲလိုလိုလုံချည်နှင့်သာနေတတ်သည်မို့ မိန်းမအရမ်းဆန်သည်။ သူလေးကနူးနူးညံ့ညံ့လေး။

ရတီဖူးခတ် "ကလေးလိုလို ခွေးလိုလိုဆိုတာသူမှအစစ်၊ အိမ်ကအစ်မနှင့်အတူထားရမည်။ အသက်က‌သာတစ်ဖြည်းဖြည်းကြီးလာတယ် ကလေးစိတ်ကလုံးဝမပျောက် ၊ ဂါဝန်တွေချည်းသားတစ်နေ့တစ်မျိုးမရိုးရအောင်အဝတ်များသူမို့ သူလေးကကျတော့ cute typeလေး။

ဟန်သု့ပန် "ဟန်ကကျတော့ နေ့ရဲ့တစ်ကယ့်ဘော်ဒါပင်။ အမြဲရှပ်အပွအကျီနှင့်ဂျင်းတွေသာ အဝတ်များသည်မို့ သူကကျ tachi typeလေး၊ကျောင်းမှာဆို မိန်းကလေးအများစုကသည်းသည်းလှုပ်ကြွေသည်။

သက်ငုံဖူး " ဒင်းလေးကကျ လူကြီးပေါက်စလေး ၊‌ေနရာတစ်ကာသူကဆရာကြီးအမြဲလုပ်ချင်သလို အရမ်းစကားများသေးသည်။ သူကကျတော့ ဝတ်ချင်တာဝတ်တဲ့typeမျိုး၊ ထင်ရာ‌စိုင်းတတ်တဲ့ကောင်မ😑။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now