8။

7K 427 10
                                    

"မယိမ်း ဟန့်ကိုမတိုင်ပါနဲ့ဆို။ နော်လို့
မယိမ်းလို့ "

"ဘယ်လိုဖြစ်နေရတာလဲ ဟန်လေးရယ် ။ဒီမှာအလုပ်လုပ်နေတယ်လေ "

ဟန်လေးက ကဖေးဆိုင်က အပြန်မှာကတည်းကသူ့အိမ်သူမပြန်ပါဘဲ ယိမ်းအနောက်ကတစ်ကောက်ကောက်နှင့်ပါလာခဲ့‌ေလသည်။ တစ်လနေမှ တစ်ခေါက်လောက်သာ ရောက်လာတတ်သော ဟန်သု့ပန်က ဗြုန်းစားကြီး ယိမ်းနှင့်အိမ်သို့ပါလာခဲ့သည်မို့ မာမီတို့ကပင်အံ့ဩနေကြသည်အထိ ပင်။

ယခုကား ယိမ်း၏အခန်းထဲသို့ရောက်နေကြခြင်းဖြစ်သည်။ ခပ်စောစောအချိန်လောက်ကတည်းက ပန်းတို့နှင့်ပါလာသည်မို့ အလုပ်တွေကိုပစ်ထားခဲ့ရသည်က အိမ်သို့ပြန်လာတော့ အနည်းငယ်တောင်မှောင်ရီ‌ပျိုးနေလေပြီဖြစ်သည်။

"ဟန့်ကိုမတိုင်ပါနဲ့ဆို နော်လို့ "!!
မယိမ်းနော် ဟန်ဒီမှာဘဲအိပ်မယ်!!

ယိမ်းအတွေးတို့ပင် မဆုံးသေး ၊ အိပ်ယာပေါ်တွင်အိပ်လိုက် မှောက်လိုက်ဖြင့်လူးလိမ့်နေသည်မို့ ယိမ်း စိတ်မရှည်ချင်တော့။

"သဘော သဘော ရှင့်သဘောဘဲ "

"မယိမ်းကလည်း ဟန့်ကိုကြည့်ပါအုံး လို့"!

အနားကနေ တစ်ဂျီဂျီလုပ်နေသည့်ဟန့်ကြောင့် ယိမ်းLaptop အားပိတ်လိုက်ကာ သူပြောသလို သူ့အားစိုက်ကြည့်လိုက်သည်။

"ကဲ ဘာလဲ ပြော "

"မတိုင်ပါနဲ့လို့ နော် ဟန့်ကိုမတိုင်နဲ့ဆို "

ဒီစကားတစ်ခွန်းကိုဘဲထပ်တစ်လဲလဲပြောနေသည့် သူ။ အိမ်ကိုလည်းမပိုင် အိမ်ကလည်းမနိုင်ဆိုတာ ဟန်သု့ပန်မှအစစ်။ ဒယ်ဒီ့၏အစ်မအကြီးဆံုးဖြစ်တဲ့ တီတီကြီး ဟန်ကလျာ ၏တစ်ဦးတည်းသော သမီးဖြစ်တဲ့ ဟန်ဟာသိပ်သိပ်ဆိုးသည်။ ကလေးမရနိုင်တာ‌ေကြာင့် အချိန်အတော်ကြာစိတ်ထိခိုက်‌ေနရှာတဲ့ တီတီကြီးဟာ ယိမ်း အသက်6နှစ်လောက်မှ ဟန့်ကိုလွယ်ရခဲ့တာပင်။ ခက်ခက်ခဲခဲ ရလာတဲ့သမီးလေးမို့ တီတီကြီးအပါအဝင် တစ်မိသားစုလုံးဟာသည်းသည်းလှုပ်အလိုလိုက်ခဲ့ကြတာပင်။

"မယိမ်းလို့ ဟန် ပြောတာကြားရဲ့လား "?

မနားတမ်း သာလိကာလိုဇွတ်ပြောနေသည့် ဟန်ကြောင့် ယိမ်းသက်ပြင်းချလိုက်မိသည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now