32။

7.3K 415 0
                                    

၃၂။

"ရှင်ဒီကုမ္ပဏီကိုလာစရာဘာအကြောင်းမှမရှိတော့ဘူးထင်‌တယ် ကိုသူရိန်။"

"ယိမ်းကလည်းကွာ။ ကိုယ်တို့ကြားမှာဒီလိုစကားတွေပြောဖို့လိုလို့လား။"

"ဒီလိုစကားပြောရအောင် ကျွန်မတို့ဘယ်တုန်းကများရင်းနှီးကျွမ်းဝင်ရှိခဲ့လို့လဲ။"

ယိမ်း၏စကားကြောင့် ရှေ့ကကိုသူရိန့်၏မျက်နှာသည်ကွက်ကနဲပျက်သွားလေသည်။ သူကျူးလွန်ခဲ့သည့် ကိစ္စကြောင့် ယိမ်းမှာ ဒီရက်တွေအတွင်းမအားလပ်အောင်ကိုအလုပ်‌ရှုပ်နေခဲ့ရတာမဟုတ်လား။ ‌ငွေအလွဲသုံးစားလုပ်သည့်ပြစ်မှုနှင့် တရားမစွဲတာကိုပင် ကျေးဇူးတင်ရကောင်းမှန်းမသိတဲ့ ဒီလူဟာ အရှက်မရှိဒီကုမ္ပဏီမှာခြေချရဲတာအံ့လိုက်တာ။

"ယိမ်းကလည်းကွာ။ ကိုယ်မှားမှန်းသိပြီမလို့ ဒီတစ်ခါတော့ခွင့်လွှတ်ပေးပါကွာ။နော်။ကိုယ့်ကြောင့် နစ်နာသွားတဲ့ ငွေတွေလည်းပြန်ပေးပါ့မယ်။"

"တော်ပါရှင်။ ငွေတွေလည်းပြန်မလိုချင်သလို ရှင့်ကိုလည်းဒီကုမ္ပဏီကဘယ်တော့မှအလိုမရှိတော့ဘူးမို့ လာရာလမ်းအတိုင်းဘဲပြန်လိုက်ပါတော့။"

"ဒါဆို ကိုယ့်ကိုပြန်ချစ်ပေးပါ့လားဟင်။

ထိုစကားကြောင့် ယိမ်းနှုတ်ခမ်းအားမဲ့ပြစ်လိုက်သည်။ ဘယ်လောက်တောင် အရှက်မရှိတဲ့လူပါလိမ့်နော်။ ယိမ်းမှာ ဆိုင်သူရှိနေမှန်း တစ်လောကလုံးအား ကြေငြာထားပြီးသားဖြစ်သလို ရှေ့လလောက်မှာဘဲတရားဝင်လက်ထပ်တော့မည့် သူကို ဒီလိုစကားပြောထွက်တာအံ့ပါရဲ့။

"ကိုယ် ယိမ်းကိုတစ်ကယ်ချစ်တာမို့ ပြန်ချစ်ပေးပါကွာနော် ။"

"ရှင်ဘဲ အရှက်မရှိတာလား ။ဒါမှမဟုတ် ကျွန်မပုံစံကများမနေတတ်မထိုင်တတ်ဖြစ်နေတာလားဘဲ ကိုသူရိန်ရယ် "

"မဟုတ်တာ ယိမ်းရယ်။ ယိမ်းက သိပ်ကိုအိန္ဒြေနဲ့ပြည့်စုံတဲ့မိန်းကလေးပါ။"

"အဟင်း ဒါဆို ရှင်းကဘဲ အရှက်တာဖြစ်ပါလိမ့်မယ်။ ကျွန်မမှာ ဆိုင်သူရှိကြောင်းကို တစ်လောကလုံးကိုတရားဝင်ကြေငြာထားပြီးသားဆိုတာ ရှင်မသိလေသလား။"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang