14။

7K 433 0
                                    

'အစ်မ ဟီးဟီး"

"အို မင်းဒီကိုဘာလာလုပ်ပြန်ပြီလဲ "?

ယိမ်း အလုပ်ကိုအာရုံစိုက်နေရင်းမှ ရုတ်တရက်အသံကြားလိုက်ရတော့ ကိုယ်လေးပါဆတ်ကနဲတုန်သွားရသည်။လူက ရှက်ရှက်နှင့် ထရပ်မိလျက်သား။

"အစ်မကလည်း နေ့လည်စာအတွက်ထမင်းလာပို့တာလေ ဟီးဟီး နေ ကိုယ်တိုင်ယောက္ခမကြီးနဲ့တူတူချက်လာပေးတာနော် "

လက်ထဲကငါးဆင့် ချိုင့်ကြီးကိုမြှောက်ပြကာ အာပြဲကြီးနှင့်အော်ပြောလာသည့် သူကြောင့် ယိမ်းမှာ နေရခက်သွားရသည်။ဒင်း ဘယ်လိုတွေပြောနေမှန်းမသိ။ ယိမ်းမာမီ့ကိုများယောက္ခမကြီးတဲ့လေ။

"အို ဘယ်လိုတွေပြောနေတာလဲကွယ် သူများတွေကြားကုန်အုံးမယ်"

"ကြားပါစေပေါ့ဗျာ နေ ပြောတာမဟုတ်လို့လား"

"အိမ့်ဆုနေသော် !!

"အစ်မကလည်း.."

ယိမ်းရှက်ရှက်နှင့်ငေါက်လိုက်တော့ အစ်မကလည်း ဟုဆိုကာမျက်နှာလေးငယ်သွားသည်။ ဒီလိုကျတော့လည်း ယိမ်း ကိုယ်တိုင်က စိတ်မကောင်းမိ။ ယိမ်း ရုံးတက်သည့်နေ့တွေဆိုလျှင် နေ့လည်စာကိုအပြင်မှာဘဲစားတတ်သည်လေ။ဒီနေ့မှ ဆိုင်းမဆင့်ဘုံမဆင့် ငါးဆင့်ချိုင့်ကြီးကြီးနှင့် အစ်မအတွက်နေ့လည်စာဟု အပြောကြောင့် ရယ်လည်းရယ်ချင်သည်။ အင်း အိမ်ကယိမ်းမာမီလည်း ကြံရာပါဖြစ်လိမ့်မည်။ဒီကလေးကို ဟင်းတွေပါချက်ပေးလိုက်သည်တဲ့လေ။

"အစ်မ ဒါလေးကြိုက်တယ်မလား ပုစွန်ဆီပြန်ဟင်းလေ နေ ဆိုအရမ်းကြိုက်တာ ဟီး"

"အစ်မ ဒီအမဲသားနှပ်ချက်လေးလည်းကောင်းတယ် ဟီး ဘွားအိမ်မှာတုန်းကလည်း‌ နေ တို့စားခဲ့ကြသေးတယ်လေ "

"အစ်မ ဒါကတော့ ချဉ်ရည်ဟင်းလေ အသီးအရွက်အစုံကို ငါးအသေးလေးတွေနဲ့ ရောကြိုထားတာ အရမ်းသောက်လို့ကောင်းတယ် "

ငါးဆင့်ချိုင့် ကြီးကို တစ်ခုချင်းစီဖြေချကာ စကားများနေသည့် သူရယ်ပါ။ တကယ်ပါ တစ်မနက်လုံးအလုပ်လုပ်နေခဲ့တာမို့ ခေါင်းတွေကိုက်နေသည်ကိုပင် အားမနာ နားပူအောင်‌လုပ်နေပြန်သည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now