29။

7.4K 421 2
                                    

ချစ်သူဖြစ်သူပြီးခါမှ အိမ့်ဆုနေသော်တစ်ယောက်ဟာဖြင့် ပို၍ကဲလာလေ၏ နေကောင်းပျောက်ပြီမို့ ကျောင်းပြန်တက်သော်လည်း ယိမ်းကိုသာလိုက်ပို့စေ၏ ဒါ့အပြင် ပိတ်ရက်တွေဆိုသည်မှာလည်းတီတီ့ကိုသွားမကူဘဲ ယိမ်း၏အလုပ်ထဲသို့ နေကုန်နေခမ်းလိုက်လာတတ်ပြန်သည်။ ချော့ပြောလို့လည်းမရ ငေါက်လို့လည်းမရနှင့်ဒီကလေးမဟာသိပ်သိပ်ဆိုးနေသည်။ ထို့ကြောင့် ယိမ်းမှာ သုံးနာရီခွဲအချိန်ဟာအလုပ်ပြီးချိန်ဖြစ်သွားရပြီး တီတီ့ဆီသို့စာကူပြပေးဖို့ဖြစ်လာခဲ့လေသည်။
ယိမ်းမှာ ယုံကြည်စိတ်ချရသော အတွင်းရေးမှူးမလေးရှိနေလို့သာပေါ့ မဟုတ်ရင်ဒင်းလေးနဲ့က မလွယ်ပေ။ ‌

"ကဲ ရောက်ပြီ ။ဆင်းတော့လေ ကလေးမရယ်။ "

ဘွား၏အိမ်သို့ ကားလေးဝင်လာသည်နှင့် စာလုပ်နေသည့်ကလေးတစ်စုဟာ လှုပ်လှုပ်ရှားရှားဖြစ်လာလေ၏ ဒါ့အပြင် တီတီ့ ၏ဆူပူနေသံကိုလည်းကြားဖြစ်အောင်ကြားလိုက်ရပါသေးသည်။

"ဟွန်း ကလေးမလို့မခေါ်ပါနဲ့ဆို ။"

"ဟော ကလေးမလို့ခေါ်တာမကြိုက်ရင်
အိမ့်ဆုနေသော်လို့ခေါ်ရမှာလား "

"အာ။ အဲ့ဒါလည်းမကြိုက်ဘူး။ ခေါ်နဲ့ အဲ့လို"

"ဒါဖြင့် ဘယ်လိုခေါ်ရမှာတုန်း။
အိမ့်ဆုနေသော်လို့ခေါ်ရမှာလား။"

"ဟီး ဒါလင်လို့ခေါ်။"

ကားပေါ်မှမဆင်းဘဲ စပ်ဖြီးဖြီးလုပ်နေသူကြောင့် ခေါင်းကိုခွက်ကနဲမည်အောင်ခေါက်ပစ်လိုက်သည်။ တကယ့်ကို မျက်နှာရှုးလေး။

နာသွားသည့် ခေါင်းလေးအားပွတ်ရင်း မဲ့ရှုံ့ပြနေသည့် ကလေးကိုမြင်တော့ စိတ်ကမကောင်းပြန်။

" ဆင်းပါတော့ဆိုကွယ် ၊ ဟိုမှာ ကလေးတွေလှမ်းကြည့်နေကြပြီ။ မုန့်ထုတ်တွေယူပြီး သွားဝေပေးချည်။"

"ဟွန်း။မညှာမတာနဲ့ ၊ ခေါက်ရက်လိုက်တာ။
ဥုံဖွ ပြန်လုပ်ပေးအုံး။

"ကဲ ဥုံဖွ ဥုံဖွ ရပြီလား "

လက်ကလေးဖြင့် ခေါင်းလေးအားဖွဖွပုတ်ပေးလိုက်သော်လည်း ဒင်းလေးကမကျေနပ်ပြန်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang