39။

9K 471 15
                                    

"အဟင်း ဘာလိုလိုနဲ့ မနက်ဖြန်ဆိုရင်ဘဲ ငါ့ညီမလေးတောင် မိန်းမရတော့မှာပါလား။"

ရီဝေဝေဖြင့် စကားစလာသည့်ပန်းဆုနေသော်ကြောင့် ယိမ်းက စလာပြန်ပြီ ဆိုသည့်အကြည့်ဖြင့် ဂျိုကြည့်ကြည့်နေတော့သည်။

ယိမ်းတို့ရောက်နေတာကတော့ စားသောက်ဆိုင်တစ်ခုမှာရောက်ရှိနေခြင်းဖြစ်သည်။ ပိတ်ရက်ကလေးရှားရှားပါးပါးဆိုတော့ကလေး၏သူငယ်ချင်းတစ်စုပါ ယိမ်းတို့နှင့်ပါလာလေသည်။ အကြောင်းကတော့
ဒီဇိုင်နာဆီမှအပ်ထားသည့်သတိုးသမီးဝတ်စုံလာယူခြင်းဖြစ်သည်။

"ဟဲဟဲ မမပန်းတော့ အိမ်ထောင်ပြုဖို့ကံမပါလာဘူးထင်တယ်။နောက်ကားကျော်တက်သွားပြီဆိုတော့လေ ။"

ဖူးခတ်၏ အနှောက်သံ။

တစ်ဝိုင်းလုံးလည်းစားစရာသောက်စရာတွေနှင့်ပြည့်နေပြီး ထပ်ချစရာနေရာတောင်မရှိတော့သည့်အထိ မှာနေကြပုံမှာ သွေးတက်စရာပင်ဖြစ်၏ မနက်ဖြန် နေ့မဂ်လာပွဲမို့ ဒီနေ့အကြိုဆိုပြီး နေ့အားဒကာခံခိုင်းကြလေသည်။

"အဟင်း တို့ကမယူချင်သေးလို့ပါနော်။ တစ်ဦးတည်းသောညီမလေးမို့ ဦးစားပေးလိုက်တာ ၊ တို့ယူချင် အခုချက်ချင်းကိုကောက်ယူပစ်လိုက်လို့ရတယ် သိလား။"

"ဟမ် မမ နင်ရည်းစားရနေတာလား။မှန်မှန်ပြောစမ်း ။"

နေနေ့၏အမေး ၊ အကုန်လုံးနီးပါး ရီဝေဝေဖြစ်နေကြပေမယ့် နေ့မှာ ‌အခုမှ‌ေန‌ေကာင်း‌ေပျာက်ခါစမို့ အစ်မ၏ လုံးဝမသောက်ရဘူးဟုအမိန့်ကြောင့် နေ့ မှာကုတ်ကုတ်ကလေးငြိမ်နေရာကနေ မမ၏အပြောကြောင့်အံ့အားသင့်သွားရသည်။

နေ့၏အမေး‌ကြောင့် မမဟာသောက်လက်စခွက်အား အသံမြည်အောင်စောင့်ချလိုက်ရင်း

"နေသော်ရယ် ။ငါနင့်အစ်မပါ ၊ မရှိဘဲနေမလား။ ရှိတာပေါ့ ချစ်လွန်းလို့ဥထားတာ။"

"ပန်း !

ထိုအခါ တစ်ဆက်တည်းထွက်‌ေပါ်လာသော
မမဝင့်လွှာ၏ဟန့်ထားသံ။ ယိမ်းကလည်း အကဲခတ်နေဟန်ဖြင့် ကြည့်နေသည်။

"မမပန်း ချစ်သူကိုငါသိသားဘဲ ဟားဟား။ "

သက်ငုံ့ဖူးဟာငါသိတယ်ဆိုတဲ့ဂုဏ်ဆာသည့်ရုပ်နှင့်ပြောလာလေသည်။ ထိုအခါ ခုံပေါ်တွင်မှောက်နေသည့် ဟန်ကလည်း အတင်းပြူးပြဲကာထလာပြီး

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now