41။

9.1K 453 6
                                    

ကုမ္ပဏီသို့မျက်နှာမကောင်းစွာနှင့်
အစောကြီး ရောက်ချလာသည့် ကလေးကြောင့် ယိမ်း တစ်ယောက်ပျာသွားရသည် ။ အတန်းကိုတောင် ပြီးဆုံးအောင်မတက်ခဲ့သည်အထိဆိုးဆိုးဝါးဝါးပြသနာတွေများ ဖြစ်ခဲ့တာလား ဟုတွေးမိလိုက်ရင်း ခပ်သုတ်သုတ်လေးလျှောက်လာခဲ့၏

"ကလေး ။"

တံခါးလေးအားတွန်းဖွင့်လိုက်ရင်း အသံပြုလိုက်သည်နှင့် ပြေးဖက်လာသည့်ကလေးကြောင့် အင့်ကနဲဖြစ်သွားရလေသည်။

"ဝိုးးးး။"

နောက်ကျောမှထွက်ပေါ်လာသည့် ယိမ်း၏ဝန်ထမ်းများဆီက အသံကြောင့် ယိမ်း လန့်သွားကာကလေးအား တွန်းထုတ်လိုက်မိသည်။

"က ကလေး အထဲအရင်ဝင်ရအောင်နော် ။ "

"အဟမ်း ၊ဘာကြည့်တာလဲ ၊ ကိုယ့်အလုပ်ကိုလုပ်ကြ ။"

ခုနကနှင့်မတူဘဲခပ်တည်တည်နှင့် သူတို့အားဟောက်သွားသည့် မမယိမ်းကြောင့် အကုန်းလုံးမျက်နှာပိုးမသေဘဲငြိမ်သွားကြလေသည်။

ယိမ်း သူမ၏ကလေးအား ဆိုဖာခုံပေါ်မှာထိုင်စေပြီး

"ကျောင်းမှာတစ်ခုခုဖြစ်လာလို့လားဟင် ။တို့ကိုပြောပါအုံး။"

စိတ်ပူစွာဖြင့် ယိမ်းမေးလိုက်တော့ သူမ၏ကလေးအား မျက်နှာငယ်လေးနှင့် ရင်ခွင်ထဲသို့တိုးဝှေ့လာလေသည်။

"ဟင့်အင်း ၊ နေ အစ်မကိုလွမ်းလို့ပြန်လာတာ ၊ အစ်မ စိတ်မဆိုးဘူးမို့လားဟင် ၊ နောက်တစ်ခါဆို ဒီလိုမလုပ်တော့ဘူးလေနော် ၊ "

ယိမ်း တစ်ယောက်စိတ်ဆိုးရမည့်အစား သူ့ကလေး၏ခေါင်းလေးအားလက်က‌ေလးဖြင့်ပွတ်သပ်ပေးကာ နှစ်သိမ့်ပေးနေမိသည်။အခုချိန်မှာ ဒီကလေးစိတ်အခြေအနေမကောင်းတာကို ရိပ်မိပါသည်။ သူမအနေဖြင့် ဒီကလေးလေးကိုသာအရိပ်ရိပ်တစ်ကြည့်ကြည့် ကြည့်နေခဲ့တာမဟုတ်လား။

"အစ်မ စိတ်ဆိုးနေတာလားဟင်။ နေ တောင်းပန်ပါတယ်နော် "

"အို မဟုတ်တာကလေးရယ်။ တို့စိတ်မဆိုးပါဘူးကွယ် ။"

"ဟုတ် နေကအစ်မစိတ်ဆိုးမှာကြောက်တယ်။"

"ကလေးလေး "

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang