21။

6.7K 407 8
                                    

"အစ်မလို့ လိုက်မယ်လို့ နော်နော်"

ယိမ်း၏လက်မောင်းလေးအားဆွဲကိုင်ကာကလေးတစ်ယောက်လိုချွဲနေသည့်ကလေးကြီးကြောင့် ယိမ်းတစ်ယောက်အကြံအိုက်နေရသည်။ ဒီလိုတွေနားပူနားဆာလုပ်မည်ဆိုးတာကြောင့် တိတ်တိတ်ကလေးခိုးသွားမည်ဆိုသည့်အတွေးဟာဖြင့်ကြက်ပျောက်ငှက်ပျောက်ပင်။ဒီကလေးမဟာကျောင်းပျက်ခံပြီးခရီးကိုလိုက်ခဲ့ချင်သည်တဲ့လေ။

"ဆိုတော့ မင်းကျောင်းကိုဘယ်လိုလုပ်ခဲ့မှာလဲ။

"ပျက်လိုက်မယ်လေ ။မနက်ဖြန်ပိတ်ရက်‌ဆိုတော့နှစ်ရက်ဘဲပျက်မှာမို့ ဘာမှမဖြစ်လောက်ပါဘူးဟီး။"

မဆိုင်းမတွပင်ပြန်ဖြေလာသည့်သူကြောင့် သက်ပြင်းငွေ့သွေ့သာချမိလိုက်ပါ၏

"မဖြစ်‌ေသးပါဘူးကွယ် ။သွားမယ့်ရက်ကလည်းသုံးရက်ဆိုပေမယ့်ပြန်မယ့်နေ့နဲ့ဆိုလေးရက်မြောက်လေ ။သုံးရက်ကြီးတောင်ပျက်သွားမှာ ။"

"အစ်မကလည်း ဟင့်။အစ်မနဲ့မှမခွဲနိုင်တာ။အစ်မမျက်နှာလေးမမြင်ရရင်ကိုမနေနိုင်တာမို့ လိုက်ခွင့်ပြုပါနော် နော်လို့။"

"အို လိုက်လို့မဖြစ်ဘူးလို့ပြောနေတယ်လေ။ကလေးလည်းမဟုတ်ဘဲနဲ့ဂျီမကျစမ်းပါနဲ့ အိမ့်‌‌ဆုနေသော်ရယ်။တို့စိတ်ရှုပ်လွန်းလို့ပါ။"

‌အသံမြင့်ကာမာန်လိုက်မိတော့ ယိမ်း၏လက်မောင်း‌ဆီသို့မှီတွယ်ထားသောလက်တွေအားရုတ်လိုက်သည်။တစ်ပြိုင်တည်းညို့မှိုင်းလာသည့်မျက်ဝန်းတွေဖြင့် ငိုပါလေတော့သည်။ ပိတ်ရက်ဖြစ်တာကြောင့်ယိမ်းကလည်းအိမ်မှာဖြစ်သလို ကျောင်းပိတ်သောကလေးမဟာလည်းခရီးသွားမည့်အကြောင်းကိုသိသွားသဖြင့်အိမ်သို့ရောက်လာပြီးအပူကပ်နေခြင်းဖြစ်သည်။

"တိမ်စမ်း။ကလေးလည်းမဟုတ်ဘဲနဲ့ မရှက်ဘူးလား။ မီးဖိုခန်းထဲကမာမီကြားသွားမယ်။"

နှစ်ယောက်သားထိုင်နေကြသည်ကားဧည့်ခန်းမှာသာဖြစ်တာကြောင့်မီးဖိုခန်းထဲတွင်ချက်ပြုတ်နေသောမာမီကြားသွားမည်စိုး၍တိတ်ရန်သတိပေးရသည်။ ပိတ်ရက်ဖြစ်သည့်တိုင်ဒယ်ဒီကတော့ခါတိုင်းလိုဂေါက်ရိုက်သွားပြီး မောင်လေးကတော့ကျူရှင်သွားသည်မို့ အိမ်မှာဒီကလေးမအပါအဝင်သူတို့သုံးယောက်သာရှိသည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang