27။

8.5K 434 3
                                    

ကုတင်ပေါ်တွင်နစ်နစ်ခြိုက်ခြိုက်အိပ်ပျော်နေဆဲဖြစ်တဲ့ ညီမဖြစ်သူကိုကြည့်ရင်း စိတ်မကောင်းဖြစ်မိသည်။ထို့အတူ ညီမဖြစ်သူ၏‌ဘေးတွင်တစ်စောင်းလေး ထိုင်ကာနေသော့်ကိုတွေတွေလေးကြည့်နေရှာတဲ့ သူငယ်ချင်းဖြစ်သူကိုမြင်တော့ ပိုလို့တောင် စိတ်မကောင်းဖြစ်ရပြန်သည်။ ခပ်လှမ်းလှမ်းမှာထိုင်နေသည့်ဝင်လွှာဟာလည်း မျက်နှာငယ်လေးဖြင့်ကြည့်နေရှာသည်။

ပန်းဆုနေသော်တစ်ယောက်မျက်နှာပျက်နေသည့် သူငယ်ချင်းဖြစ်သူအားကြည့်နေရသည်မှာ နေရခက်လှ၏ တော်ယုံဆိုဘာမှထုတ်ဖော်မပြတတ်သော ယိမ်းဟာအခုဖြစ်‌နေသည့်ပုံစံနှင့်‌တော့တစ်ခြားဆီကွဲလွဲလို့နေသည် ။ယိမ်းအကြောင်းမသိကြသော ဘေးလူတွေကေတာ့မမြင်နိုင်ပေမယ့်လို့ ငယ်ပေါင်းကြီးဖော်ဖြစ်ကြသည့် သူတို့ကတော့အတွင်းကျကျကိုမြင်နေရသည်‌လေ။

အခုချိန်ထိမေ့မျောနေဆဲဖြစ်သည့်ကလေးမ၏လက်လေးအား ဆုတ်ကိုင်ရင်းမမှိန်မသုံကြည့်နေမိပါသည်။ မျက်ကွင်းလေးတွေညိုနေပြီး ဖြူဖျော့နေသည့်နှုတ်ခမ်းလေးကိုမြင်မိတော့ ငိုချင်စိတ်ကိုမနည်းထိန်းထားရသည်။ ယိမ်း သာမငေါက်လိုက်မိရင် ၊ ယိမ်းသာ တစ်ချိန်ကတူညီသည့် အမိန့်မပေးမိခဲ့လျှင် သူဒီလိုဖြစ်မှာမဟုတ်ဘူးဟုဆိုသည့်အတွေးဟာ ကိုယ့်ကိုယ်ကိုနှိပ်စက်နေသည်။

ဒီကလေး ပြန်သတိမရ‌လာသေးတာ တစ်ရက်နှင့်တစ်ညရှိနေလေပြီ။ဒေါက်တာကိုစည်သူမျိုးဟာ လိုအပ်တာတွေလုပ်ပေးခဲ့ပြီးစိတ်မပူရန်ပြောသွားပေမယ့်လည်း စိတ်မအေးနိုင်ပါ။ ရင်ထဲမှာ အရမ်းကိုပူလောင်နေသည်။ ပြီးတော့ သူ့ကိုကျွန်မပြောချင်တာတွေအများကြီးရှိ‌‌ေနသေးသည်။ ပြောမှ ကိုဖြစ်မှာမို့သူ‌ေလးမြန်မြန်သတိရလာမှဖြစ်မယ်ကွယ်။

မနက်အစောကြီးများ သတိလည်လာလေမလားဆိုသည့်မျှော်လင့်ချက်ကလေးဖြင့် ကုမ္ပဏီသို့မသွားခင်လေး ဝင်လာခဲ့ပေမယ့်‌သူမျှော်လင့်မိခဲ့တာနဲ့တစ်ခြားဆီဖြစ်‌နေ
သည်‌လေ။ သူသတိရလာလျှင်ကော ယိမ်းကို စိတ်ဆိုးနေလေမလား ဒါမှမဟုတ် ဒီထက့်ပိုဆိုးတာ နားကျဉ်းနေမည်လား။ ကိုယ်ဟာ တစ်လျှောက်လုံး သူ့အပေါ်မှာကြမ်းကြမ်းတမ်းတမ်းသာဆက်ဆံခဲ့မိသူမဟုတ်လား။
ယိမ်းနွဲ့ဟန်ပန်ဆိုတဲ့မိန်းမက သူ့အတွက်နှင့်အခန်းထဲမှာတစ်ယောက်တည်းကြိတ်ငိုနေခဲ့တာကိုတော့ မင်းမသိနိုင်ပါဘူး ကလေးရယ်။ တို့လေ တို့က သိပ်ကို‌မာကြောပြချင်ခဲ့တာ ၊ တို့ဘယ်လောက်ကြံ့ခိုင်တယ်ဆိုတာကို မြင်စေချင်ခဲ့တာ ၊ တို့ဘယ်လောက်မာနကြီးကြောင်းကို သိစေချင်ခဲ့တာ။ ဒါပေမယ့်လေ တို့ တို့မင်းနဲ့ဆိုရင် အရာအားလုံးကိုအရှုံးပေးလိုက်ချင်တယ်ကွယ်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now