22။

6.9K 423 3
                                    

At 6:50PM

အခန်းထဲတွင်ဖုန်းတစ်လုံးနှင့်ဖင်တစ်ကြွကြွဖြစ်နေသူမှာအိမ့်ဆုနေသော်ပင်ဖြစ်သည်။အချိန်တွေသာကုန်သွားသော်လည်း အခုချိန်ထိမဆက်သွယ်လာကြသေးတဲ့ မမတွေအားဒေါပွနေရသည်။မနက်အစောကြီး အမှီးတောင်မမြင်ရလေအောင် ခိုးထွက်သွားသောသူတို့သည် နေ့ အားနှုတ်ဆက်ခွင့်လေးတောင်‌ပေးမသွားချေ။

"မိတ်ဆွေ~ခေါ်ဆိုသော~တယ်လီဖုန်းမှာ~ ဆက်သွယ်မှု~ဧရိယာပြင်ပသို့~ရောက်ရှိနေပါသဖြင့်~ခေါ်ဆို၍မရနိုင်ပါရှင်~~။"

"~မိတ်~ဆွေခေါ်ဆိုသော~တယ်လီဖုန်းမှာ~"

~"မိတ်~ဆွေ...!!

နေ့လည်တစ်နာရီလောက်ကြီးဖုန်းခေါ်ကြည့်ပေမယ့်လည်းမကိုင်။ယခုညရောက်ပြန်တော့
လည်းဧရိယာပြင်ပဆိုတော့ တစ်ယောက်တည်းကမ္ဘာတွေပျက်နေရသည်။

"ဟာကွာ ။တောက်။အရေးထဲဒီ$လိုင်းတွေကလည်းအသုံးကိုမကျဘူး။"

အခုချိန်ထိမရောက်ကြသေးလို့လား။ဒါမှမဟုတ်လမ်းမှာများတစ်ခုခု ဟာ လွဲပါစေ ဖယ်ပါစေ ။ငါဘာတွေလျှောက်တွေးနေမိတာလဲ။

ကိုယ့်ကိုယ်ကိုကြိမ်ဆဲမိရင်း မွေ့ယာကုတင်ပေါ်တွက်လူးလိမ့်နေမိသည်။ သူ့အသံလေးမှခုချိန်မကြားရရင်တစ်ညလုံးနေလို့ထိုင်လို့ရမှာမဟုတ်ဘူးဆိုတာကိုယ်တိုင်သာသိသည်။

"ဒေါက် ဒေါက် အငယ်လေးရေ ။
ထမင်းစားရအောင်ဆင်းခဲ့တော့လေကွယ်။"

"ဟုတ်။ မာမီ လာပြီ.!

အခန်းအပြင်ဘက်မှမာမီ့အသံကြောင့် စိတ်မပါစွာဆင်းလာရခဲ့ပြန်သည်။အခုချိန်မှာဘာမှ
စားချင်စိတ်မရှိသော်လည်း စည်းကမ်းကြီးလွန်းသည့်ဒယ်ဒီကြောင့် စားမဝင်လည်းအတင်းထိုးထည့်ရပေအုံးမည်။

ဖုန်းလေးအားလက်ထဲမှကိုင်ကာ ဒယ်ဒီ့၏ဘယ်ဘက်သို့ကုတ်ကုတ်ကလေးဝင်ထိုင်လိုက်တော့ ဒယ်ဒီဟာဖုန်းကိုင်ထားသည့်လက်ကိုတစ်ချက်ကြည့်ပြီးဘာမှတော့မပြောပေ။
ရှေ့မှာချထားသောဟင်းလျာတွေ၏အနံ့ဟာနှာခေါင်းအတွင်းသို့ခပ်သင်းသင်းမွှေးကြိုင်နေသည်။သူ့အကြိုက်တွေဖြစ်တဲ့ ကြက်ဘုကြော်ကမပါမဖြစ်ပင်။
တစ်ပြိုင်တည်းပင် ခုနကမဆာသည့်ဗိုက်ဟာတစ်ဂွီဂွီဖြစ်လာ‌ေလသည်။
(စိတ်ပူတာနဲ့ဗိုက်ဆာတာနဲ့တစ်ခြားဆီပါ ဟီးဟီး ။ )

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now