2။

9.9K 543 0
                                    

နေရောင်ခြည်ဖြဖြဟာပါးပြင်ပေါ်သို့ကျရောက်လာချိန်မှာတော့ သူမကိုယ်လေးလူးလွန့်လာ‌ေလပြီ။မနေ့ကအရှိန်ကြောင့်ခေါင်းတွေဟာတစ်ဆစ်ဆစ်နှင့်ထိုးကိုက်လာ‌ေလသည်။ဘေးနားမှအိပ်ပျော်နေသောအမျိုးသမီးကြောင့် နားထင်အားလက်ဖြင့်အသာဖိရင်းထထိုင်လိုက်သည်။‌ေရာက်ရှိ‌နေသောအခန်း‌လေးအားဝေ့ဝဲကြည့်မိတော့ ကိုယ့်အခန်းဟုတ်မနေချေ။
မနေ့ညကအဖြစ်အပျက်တို့အားပြန်ကာစဉ်းစားမိပြန်တော့ဘာဆိုဘာတစ်ခုမျှမမှတ်မိ။စိတ်ညစ်ညစ်နဲ့ ‌ခေါင်းကိုခါယမ်းလိုက်ကာထဟန်ပြင်သည်။ ဆွဲခြုံထားသောစောင်အားဖယ်ခွာလိုက်ချိန်မှာတော့ ခပ်မှေးမှေးမျက်လုံးတွေဟာပြူးကျယ်လို့သွားရသည်။

အဝတ်အစားတွေ ငါ့အဝတ်အစားတွေကော

ဘေးနားကအမျိုးသမီးအားတစ်လှည့်ဗလာကျင်းနေသောသူ့မကိုယ်အားတစ်လှည့်ကြည့်ရင်းရင်တွေတစ်ဒိတ်ဒိတ်ဖြစ်လာရသည်။ကုတင်အောက်သို့ငုံ့ကြည့်မိတော့ သူ့အဝတ်အစားတွေ အတွင်းခံတွေကစပုံလျက်သား။

သွားပြီ လုံးဝကိုသွားပြီ မနေ့ညကမူးမူးနဲ့ငါအဲ့အမျိုးသမီးနဲ့မှားခဲ့မိတာလား ဟားး

ပုခုံးကျော်သာရှိသည့်ဆံပင်တွေဟာလက်ဖြင့်ထိုးဖွနေမိတော့သည်။မနေ့ကမှတစ်နှစ်ကျော်လောက်ထိကြိတ်Crushခဲ့ရသည့်မကြီးဟာသူ့‌ေကာင်‌ေလးနှင့်စေ့စပ်ကြောင်းလမ်းလိုက်သည်မို့အသဲတွေဗြန်းဗြန်းကွဲရလေသည်။စိတ်ညစ်ညစ်နှင့်သူငယ်ချင်းတွေအားပတ်ရမ်းကာbarမှာအပြတ်ကဲလာမိသည်။မူးရှုးနေတာကြောင့်အိမ်မပြန်ရဲဘဲအစ်မဖြစ်သူအားဖုန်းလှမ်းဆက်တော့မွေးနေ့ပွဲရောက်နေသည်ဟုဆိုတာကြောင့်စိတ်ညစ်သွားမိသည်။သို့သော် လာလို့ရသည် ဟု‌ေပြာကာလာရမည့်လိပ်စာအားလှမ်းပို့သည်။ထို့‌ေကြာင့်ပင်messageထဲကလိပ်စာအတိုင်းရောက်ခြင်းဖြစ်သည်။ ထိုအထိသာမှတ်မိနေပြီး နောက်ပိုင်းကမရာတွေအားမမှတ်တော့။

ကျစ် ရားး စိတ်ရှုပ်လိုက်တာ

မျက်နှာအားလက်ဖြင့်ပွတ်သပ်ကာ ဘေးနားမှအမျိုးသမီးအားမေ့ပြီးကုတင်ပေါ်သို့လက်သီးဖြင့်ထုထည့်လိုက်သည်။‌ေဘးတစ်စောင်းအနေအထားဖြင့်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့် မျက်နှာလေးအားအသာကြည့်မိသည်။ဘာမှလိမ်းခြယ်ထားခြင်းမရှိသည့်မျက်နှာလေးဟာကြည်စင်ဖွေးဥနေသည်။မကျဥ်းမကျယ်ပြေပြစ်သောနဖူးပြင်လေးနှင့်နှာတံလေးမှာစင်း‌နေလေသည်။နှုတ်ခမ်းတစ်စုံအားအကြည့်ရောက်မိတော့ ရင်တွေတစ်ဒိတ်ဒိတ်ခုန်ကာမျက်နှာလေးရဲတက်လာတော့သည်။ညက ဒီအမျိုးသမီးနှင့်မှားခဲ့သည် ဟုသည့်စိတ်ကြောင့်ရင်‌ေတွတစ်ဒိတ်ဒိတ်ခုန်ကာတံတွေးမျိုချမိသည်အထိပင်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now