38။

7.9K 414 14
                                    

"ပန်း ‌ညနေတောင်စောင်းနေပြီနော်။"

"အွန်းလေ ဘာဖြစ်လို့။"

သင့်မြတ်ဝင့်လွှာ !ကြည့်နေလိုက်စ တီဗွီအားပိတ်လိုက်သည်။ သူ့မအားအနောက်ကနေသိုင်းဖက်ထားကာ ပုခုံးပေါ်သို့မေးတင်ထားသည့် ပန်းတစ်ယောက်ဟာ အခုချိန်ထိမလှုပ်မယှက်ငြိမ်နေဆဲပင်။

ယနေ့ဟာ လွှာတို့၏ပထမဆုံးရက်နှင့်ချစ်သူဘဝကိုဖြတ်သန်းရသည့်နေ့ရက်ကလေးပင်ဖြစ်၏တစ်နေကုန် လွှာ့၏အိမ်တွင်သာ စကားတွေပြောလိုက် ၊ရုပ်ရှင်ကြည့်လိုက်နှင့်နှစ်ဦးသားအချိန်တွေကုန်ဆုံးရင်း နေတောင်ဝင်လုပြီမို့ အိမ်ပြန်ဖို့ရာသတိပေးရတော့သည်။

"နှင်တာမဟုတ်ပေမယ့် ပြန်သင့်ပြီထင်လို့ပါ။ အိမ်ကမျှော်နေရော့မယ်။"

"ဟင့်အင်း လွမ်းနေသေးတာကို ။"

အနောက်မှနေရင်း ပါးပြင်ကိုခပ်ဖွဖွလာနမ်းရင်းပြော‌လေသည်မို့ လွှာ့မှာ ရင်တွေခုန်ရပြန်သည်။ တကယ်ပါဘဲ ၊ အိမ့်ဆုနေသော်ဟာအသက်အရွယ်ငယ်သေးလို့ ကလေးဆန်သည်ဟုထင်ခဲ့မိပေမယ့် ဒီတစ်ယောက်ကတော့ ရင့်ကျက်သင့်နေပြီမဟုတ်ဘူးလား။ လွှာဟင်းချက်နေတော့လည်း အငြိမ်မနေ အနောက်ကနေ သိုင်းဖက်ထားပြန်သည် ၊ ဒါကရသေးသည် ၊ ရေချိုးနေတဲ့အချိန်မှာတောင် အပြင်ဘက်ကနေဝင်လာပါမယ်တစ်ကဲကဲလုပ်နေတာကြောင့် လွှာ့မှာရင်တုန်ပန်းတုန်ဖြင့် ဒုန်းစိုင်းချိုးခဲ့ရသည့်အဖြစ်မဟုတ်လား။ ကလေးဆန်တတ်တဲ့ သူ့အမူအကျင့်ကိုသိထားပေမယ့်လို့ ဒီလောက်ထိ ဆိုးလိမ့်မည်လို့လုံးဝမထင်ခဲ့မိပါ။

လွှာ ပြောဖို့ရာ ပါးစပ်ဟလိုက်စဉ်မှာပင် ပန်း၏ဖုန်‌လေးဟာထမြည်လာသည်မို့ တိတ်နေ‌လိုက်တော့သည်။

"ဟယ်လို .!!

".........!

"မာမီကလည်း ..."

"ဟုတ် ဟုတ် ခုလာပြီလို့။"

".......!

"မာမီရာ ဆူချင်ရင်လည်းအိမ်ရောက်မှဘဲဆက်ဆူတော့နော် အခုတော့ ဘိုင့်ဘိုင်။"

"အန်တီ ဆက်တာလား ဘာတဲ့လဲ ။"

"အွန်း ဒီနေ့နေသော်ဆေးရုံကဆင်းရမယ့်ရက်လေ လွှာရဲ့ ။ "

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Tempat cerita menjadi hidup. Temukan sekarang