20။

7.5K 400 2
                                    

"ပေါင်မုန့်ကြက်ဥကြော်ကြိုက်တယ်မလား သမီးလေး ။စားနော်။သမီးယိမ်း‌ဆိုရင်အရမ်းကြိုက်တာ။"

"ဟီး ဟုတ်ကဲ့။ သမီးလည်းအရမ်းကြိုက်တယ် များကြီးစားမယ်နော် မာမီ"

"စားပါရှင် မာမီကအများကြီးကြော်ထားတာ။ "

မျက်နှာချင်းဆိုင်မှာထိုင်နေကာအပြန်အလှန်ပြောနေကြသည့်လူနှစ်ယောက်အားကြည့်‌ေနရင်းပင် ယိမ်းတစ်ယောက်မျက်စိဆံမွှေးစူးနေတာကြာပြီ။ မနက်စောကြီးရောက်ချလာကာ မနက်စာပင်ဝင်စားရန်အသင့်ဖြစ်နေသည့်သူကားအိမ့်ဆုနေသော်ပင်ဖြစ်သည် ။ ကျောင်းသွားဟန်ပြင်ထားသောပုံစံကြောင့်ကျောင်းသို့မသွားဘဲ ဘာကိစ္စယိမ်းအိမ်သို့ရောက်ချလာသလဲမပြောတတ်ပေ။

"ဒါနဲ့တက္ကသိုလ်တွေဖွင့်နေပြီမဟုတ်လား သမီး။ ကျောင်းမသွားဘူးလား။"

ကော်ဖီခွက်အားမော့သောက်ရင်းမေးလိုက်သည့်ဒယ်ဒီကြောင့်ယိမ်းမေးစရာပင်မလိုတော့ပေ။

"ဟုတ် ဖွင့်တာတစ်ပတ်လောက်ရှိပါပြီ ဒယ် ဟို အန်ကယ် ။ဒီနေ့လည်းဖွင့်ပါတယ် ၊ အစ်မနဲ့မတွေ့တာကြာပြီဆိုတော့လေ ခနဝင်လာခဲ့တာ ဟီး။"

ဒီကလေးမဒယ်ဒီ့ကိုတော့ရှိန်ပုံရ၏ မာမီ့ကိုကျသွက်သွက်လက်လက်နှင့်တစ်ရင်းတစ်နှီးရှိသည့်တိုင် တည်တည်တံ့တံ့နေတတ်သည့်ဒယ်ဒီ့ကိုတော့အ‌ေတာ်‌ေလးရှိန်‌ေနပုံပေါ်သည်မို့ ကြိတ်ပြုံးလိုက်မိသည်။
ထိုစကားကိုကြားတော့ဒယ်ဒီဟာခေါင်းတစ်ဆတ်ဆတ်ငြိမ့်ရင်း

"သမီးကငယ်သေးတယ်ဆိုတာ သိတယ်မလား ။ကျောင်းလည်းမပြီးသေးဘူးဆိုတော့ အန်ကယ့်အနေနဲ့စာကိုဘဲအာရုံစိုက်စေချင်တယ်။ သမီးယိမ်းနဲ့ တွေ့ချင်သပဆိုလည်းပိတ်ရက်ကျလာလည်ပေါ့ကွာ မဟုတ်ဘူးလား ။ ဒါပေမယ့်ကိုယ့်တက်လမ်းကို‌ေတာ့ကိုယ်တိုင်မပိတ်မိစေနဲ့‌ေပါ့ဟုတ်လား။"

"ဟုတ်ကဲ့ အန်ကယ်"

ဒယ်ဒီ့၏ဩဝါဒအဆုံးမှာ ထိုကလေးမဟာခေါင်းငြိမ့်ရင်းပြန်ဖြေသည်။ဒယ်ဒီကစကားစလိုက်တော့ သူ့ခမျာခနစားမည့်ပေါင်မုန့်ကြက်ဥလေးတောင်လက်ကချလိုက်ရသည်မဟုတ်လား။ မထိဝံ့ မတို့ဝံ့ဖြစ်နေသည့်ကလေးမကြောင့် ယိမ်းကဘဲမနေနိုင်သည့်အဆုံးမှာကော်ဖီခွက်အားငဲ့ကာသူ့အရှေ့သို့တိုးပေးလိုက်ရသည်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now