5။

8K 450 1
                                    



"ဟာ မမ ဘယ်ကိုမောင်းလာတာလဲ?
ဆေးရုံပို့ရအောင် ငါအကောင်းကြီးရှိသေးတာနော်"

ဘေးကနေ အလန့်တစ်ကြားပြူးပြဲကာအော်ဟစ်နေသည့် ညီမတော်အား ပန်းမျက်စောင်းထိုးလိုက်ရင်း

"မသိရင်လည်းအသာ‌ငြိမ်နေစမ်းပါ နေသော်ရာ နင်တစ်ယောက်နဲ့တော့စိတ်ညစ်လိုက်တာလွန်ရော ။
ငါ့သူငယ်ချင်းကို ဝင်ခေါ်တာ သူဆေးရုံဆင်းရတော့မှာမို့"!

"ဟုတ်လား မမသူငယ်ချင်းကဘယ်သူ?

"သင့်မြတ်ဝင့်လွှာတဲ့ မှတ်မိလား..?

"အာ ပါးချိုင့်လေးနဲ့ မမလား !

"အွန်း !

"ဘာဖြစ်တာလဲ ဟင် ?

"အားနည်းတာ "

စကားအရမ်းများနေသည့်ညီမအား စိတ်ကမရှည်ချင်တော့။ ဝင့်လွှာကိုကျ မှတ်မိပြီး ယိမ်းကိုကျ ဘာကိစ္စမမှတ်မိတာပါလိမ့်။ငယ်ငယ်ကတည်းက ဝင့်လွှာနှင့်ယှဥ်လျှင် ယိမ်းနဲ့ကပိုပြီးအနေများသူမဟုတ်လား။ ပန်းဆုနေသော် ကားကိုလည်းဂရုစိုက်မောင်းနှင်လာရင်း အဖြေရှာမရသောအတွေးများစွာနှင့်ငြိမ်သက်နေမိတော့သည်။

"မမ ငါကားထဲမှာ နေခဲ့မယ် ရလား"

နားနှစ်ဖက်သို့ နားကြပ်တွေကနေရာယူထားပြီးဇိမ်ကျနေသည့်ညီမဟာ ကားရပ်သည်နှင့်ထဖောက်လာပြန်ပါသည်။

"မရဘူး ငါတစ်ယောက်တည်းမဖြစ်လောက်ဘူး လိုက်ခဲ့စမ်းပါဟာ "

"ပြီးရော ပြီးရော "

နားကြပ်‌ေတွအားဆွဲဖြုတ်ရင်းဆူအောင့်ကာ ကားထဲကနေ ဆင်းလာသည်မှာ ရယ်ချင်စရာ‌ကောင်းလှသည်။ 

ရှပ်အပြာရောင်လက်ရှည်ကိုတံဒေါင်ဆစ်ထိခေါက်တင်ထားပြီး ဂျင်းအနက်ထဲသို့ထိုးသွင်းကာစတိုင်ကျကျဝတ်ဆင်ထားပုံမှာ စမတ်ကျလွန်းနေသည် ။ထို့အပြင် ကျောပေါ်က အိတ်အသေးစားတစ်လုံးရယ်နှင့် ခေါင်းပေါ်က ဦးထုတ်အနက်ရောင်တို့၏အပြင်အဆင်တို့ကြောင့် မသိသူဆိုလျှင် လုံးဝယောကျာ်းလေးတစ်ယောက်နှယ်။ ယဉ်ယဉ်လေးနှင့်သပ်သပ်ရပ်ရပ်‌ေလးဝတ်ဆင်ထားသည့်ပန်းဆုနဲ့တွဲလျှောက်လာတာမြင်တော့ တစ်ချို့တွေကကွက်ကြည့်ကွက်ကြည့်နှင့်။

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now