43။

8.7K 457 10
                                    

"အစ်မ နေ့ ကို မခေါ်ဘူးလားဟင် ။"

"ဟင့် အစ်မလို့ ။ နောက်မလုပ်တော့ဘူးလေနော်။"

"ဟင့် ဟီး အီးးးး။"

ဆိုဖာခုံပေါ်တွင်လူးလိမ့်ကာ အိမ့်ဆုနေသော်တစ်ယောက် အော်‌ငိုနေတော့သည်။ ထိုနေ့ညက ကိစ္စပြီးကတည်းက အစ်မဟာ နေ့ အားစကားမပြောသည်မှာ ဒီနေ့နဲ့ဆို သုံးရက်ပင်ပြည့်ပြီ ၊ယနေ့ ပိတ်ရက်လေးမှ နှစ်ယောက်စလုံး အိမ်တွင်သာရှိနေခြင်းဖြစ်သည်။ ဒယ်ဒီနှင့်မာမီကလည်း ‌နေ့ အားအမြင်မကြည် ၊ မမတစ်ယောက်ကလည်း သူ့ကိစ္စနှင့်သူ ဒီရက်ပိုင်းအတွင်းအိမ်ပင်မကပ်တော့။

"အစ်မလို့ ဟင့် ဟီး။...!

"ဘာလဲ နားညီးတယ်နော် အိမ့်ဆုနေသော် ။အသဲဗြဲကြီးနဲ့အော်ငိုမနေနဲ့ မခေါ်ဘူး သွား ။"

ယိမ်း ကုတင်ပေါ်သို့ဘေးတစ်စောင်းလေးထိုင်ရင်း ခပ်ဆတ်ဆတ်လေးရန်တွေ့လိုက်တော့ ဒင်းလေးက အတင်းကုန်းရုန်းထလာသည်။

"ချစ်တယ်လေ နော် ။ အများကြီး အများကြီးချစ်တာ ။"

"ဖယ်စမ်းပါ ။ ခုမှဘာချစ်တာလဲ ၊ ပြောတော့ဖြင့် မိုးတစ်လုံးလေတစ်လုံး ၊စာတွေကြိုစားပြီး တို့ကိုပြည့်ပြည့်စုံစုံထားနိုင်အောင်ကြိုးစားမယ်ဆို ၊ ခုတော့ကြည့်အုံး သေရည်တွေသွားသောက်ပြီး ကြိုးစားနေတာပေါ့လေ ။"

"ဟင့် ။ ဟန်တို့အတင်းခေါ်လို့လိုက်သွားမိတာပါလို့ အီးး ။နောက်ခါလိုက်တော့ဘူးလေ နော် နော်လို့ ။"

ယိမ်း၏ကိုယ်လေးအား နောက်ကျောမှသိုင်းဖက်ကာ အတင်းချွဲနေသောသူကြောင့် ပြုံးမိလိုက်သော်လည်း အတင်းပြန်တည်ထားရသည်။ဒင်းလေးက သိပ်အလိုလိုက်လို့မဖြစ် ၊  တကယ်ဆို သူလေးက အိမ်ထောင်ဦးစီးလေ သူကကလေးဆန်နေလို့ ဘယ်ရပါ့မလဲ ။

"အဲ့ဒါဆို ကတိပေးနိုင်လား။နောက်ခါ ဒီလိုတွေမလုပ်တော့ပါဘူးလို့ ၊ တစ်ခါတစ်လေ အပျော်အပါးမက်တာ အပြစ်မပြောလိုဘူး ၊အခုဟာက စာမေးပွဲကနီးနေပြီလေကွာ ၊ ဒီရက်လေးအတွင်းမှာတော့ စာကိုဘဲအာရုံစိုက်စမ်းပါကွယ် ၊ စာမေးပွဲပြီးရင် ကြိုက်သလောက်သောက် ဟုတ်ပြီလား ၊တို့ကိုယ်တိုင်ဝယ်တိုက်မှာ ။"

အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍𝒆 𝑶𝒇 𝑳𝒐𝒗𝒆(Complete)Where stories live. Discover now