အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Ch-19.1

663 89 0
By Miracle_Phyu97

အခန်း (၁၉) (က)

"မင်း- မင်းဘာလို့ အဲ့ဒီ ကျိုးစစ်ယွီကို စိတ်တိုနေရတာလဲ။ အခုလေးတင် လူရွေးပွဲမှာ ငါက သူမကို လဲပစ်ချင်တယ်လို့ ပြောတာနဲ့ ကျီလင်းက ချက်ချင်း ငြင်းဆိုခဲ့တာကို မင်းသိလား။" ဟိုတယ်စားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းထဲတွင် ဥက္ကဌဝမ်က ရှုချင်းဝမ်အား စိတ်ပျက်နေသော အမူအရာဖြင့် ရှင်းပြနေခဲ့သည်။ "ကျီလင်းက ကျီမိသားစု၏ သခင်ငယ်လေးလေ။ သူ ပါးစပ်ဖွင့်လိုက်တာနဲ့ ဒီမျက်နှာကို ငါက မနာခံဘဲနေလို့ရမလားကွ။ သူက ကျိုးစစ်ယွီကို အရမ်းကာကွယ်နေတာဆိုတော့ သူတို့နှစ်ယောက်က သီးသန့်ခင်မင်မှုမျိုး ရှိကောင်းရှိနိုင်တယ်။ ဒီအသေးအဖွဲကိစ္စကြောင့် ကျီလင်းက ပြန်သွားပြီး သူ့မိဘတွေကို တိုင်လိုက်ရင် ဘာဖြစ်သွားမလဲ။"

ရှုချင်းဝမ်က သူ့ကို အဖြေပြန်ပေးဖို့ ဆက်တိုက်ဖိအားပေးနေခဲ့၏။ ဥက္ကဌဝမ်မှာ သူမကို ခေါ်ထုတ်ပြီး ရှင်းပြဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ပေ။ ရှုချင်းဝမ်အပေါ် သူ အလွန်ယဉ်ကျေးရသည့် အကြောင်းရင်းမှာ ရှုချင်းဝမ်က သူ့ကို များစွာ အထောက်အကူ ပြုခဲ့သောကြောင့်သာ ဖြစ်သည်။

ပြောရမယ်ဆိုရင် ဒီအမျိုးသမီးက အထင်ကြီးလောက်စရာပုံမပေါ်ဘူးလို့ ဥက္ကဌဝမ် ခံစားခဲ့ရပေမယ့် တကယ်တမ်းမှာတော့ သူမမှာ အမှန်တကယ် ထူးခြားတဲ့ ထိုးထွင်းသိမြင်ဉာဏ် ရှိနေခဲ့သည်။ ရှုချင်းဝမ်၏ အကြံဉာဏ်ကို နားထောင်ခဲ့ခြင်းကြောင့်သာ ဥက္ကဌဝမ်၏ ကြီးမားသော ရင်းနှီးမြုပ်နှံမှုများသည် အန္တရာယ်များကို ဖြတ်ကျော်ပြီး အမြတ်အစွန်းများ အများအပြား ရရှိစေခဲ့ခြင်းဖြစ်၏။ သူ့နေရာက ဒီရေအလားတက်လာခဲ့ပြီး ရှုချင်းဝမ်လည်း ရှယ်ယာတွေ အများကြီး ပိုင်ဆိုင်ခဲ့သည်။ ယခု သူမကို အစုရှယ်ယာအသေးစား ကိုင်ဆောင်ထားသူဟု သတ်မှတ်လို့ ရနေပြီ ဖြစ်သည်။

သို့သော် ဥက္ကဌဝမ် နားမလည်နိုင်ပေ။ ရှုချင်းဝမ်က ဒီလောက်မယုံနိုင်လောက်စရာ တော်နေမှတော့ ဘာလို့ ဖျော်ဖြေရေး အသိုင်းအဝိုင်းထဲကို ခေါင်းသွင်းချင်နေရတာလဲ။ ဘာလို့ ထိုင်ပြီးပဲ ရှယ်ယာအမြတ်တွေကို ယူမနေတာလဲ။ ဘယ်လိုပဲဖြစ်ဖြစ် ရှုချင်းဝမ်သည် သူမအတွက် လမ်းခင်းပေးရန် သူ့အား တောင်းပန်ခဲ့သည်။ ဒီအမျိုးသမီးက တကယ်အသုံးဝင်တာမို့ ဥက္ကဌဝမ်မှာ သူမကို ငြင်းပယ်ဖို့ ခက်ခဲခဲ့သည်။ ရှုချင်းဝမ်၏ ဇာတ်‌ကောင်နေရာကို ရအောင်ကူညီဖို့ ပိုက်ဆံပစ်ပေးလိုက်ရုံဆို အဆင်ပြေသေးတယ်။ ဒါပေမယ့် ကျီမိသားစုကို စော်ကားတာတော့ လုံးဝမကောင်းဘူးလေ...

"ကျီလင်း၊ သူ......" ရှုချင်းဝမ်၏ ဒူးပေါ်ရှိ လက်များသည် မသိစိတ်ဖြင့် သူမ၏ စကတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်မိ၏။ သူမ မျက်လုံးထဲရှိ မကျေနပ်မှုများကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။ သူမ အပြုံးတစ်ခုကို ညှစ်ထုတ်ဖို့ ကြိုးစားလိုက်ပြီး ဥက္ကဌဝမ်ကို ပြောလိုက်သည်။ "ရှင်ဘာတွေစိတ်ပူနေလဲ ကျွန်မသိပါတယ်။ ရှင် စိတ်ချပါ။ ကျီမိသားစုက ကျိုးစစ်ယွီကို မကူညီမှာ သေချာပါတယ်။"

ဥက္ကဋ္ဌဝမ်က စစ်ယွီကို အစားထိုးဖို့ မလုပ်နိုင်ရခြင်း၏ အကြောင်းရင်းကို သိပြီးနောက်၊ ရှုချင်းဝမ်၏ နှလုံးသားသည် ပို၍ပင် ဆုံးဖြတ်ချက် ခိုင်မာလာခဲ့၏။ ရှုချင်းဝမ်သည် သူမ၏ အတိတ်ဘဝတွင် ကျီမိသားစုရဲ့ချွေးမ ဖြစ်ခဲ့သည်။ မဒမ်ကျီ၊ သွမ့်ရူလန်သည် စစ်ယွီအား ဘယ်လောက်မုန်းတယ် ဆိုတာကို သူမထက် ဘယ်သူကမှ မသိနိုင်ပေ။ ဤကမ္ဘာတွင် စစ်ယွီအား ပျောက်ကွယ်သွားဖို့ အမျှော်လင့်ဆုံးသူမှာ သူမ၏မိခင်အရင်းပင် ဖြစ်ကောင်းဖြစ်နိုင်သည်...။

ရှုချင်းဝမ်သည် သူမနှလုံးသားထဲတွင် တိတ်တိတ်လေး တွေးလိုက်သည်။ "တောင်းပန်ပါတယ် ကျီလင်း၊ ကျွန်မလည်း ဒါကိုလည်း မလုပ်ချင်ခဲ့ပါဘူး" ဒါပေမဲ့ ကျီလင်းက ကျိုးစစ်ယွီလို မိန်းမမျိုးနဲ့ ဆက်ပေါင်းနေပါက အမေနဲ့သားကြား ကွဲလွဲမှုဖြစ်စေမှာ သေချာပေသည်။ သူမအနေနဲ့ ဒီလိုအခြေအနေမျိုးမဖြစ်အောင် ကြိုတင်တားဆီးထားခဲ့တာက ကျီလင်းကောင်းဖို့အတွက်ပဲ။

အနှေးနှင့်အမြန် ကျီလင်းက သူမရဲ့ ဒုက္ခခံပြီး ကြိုးစားခဲ့ရတာကို နားလည်လာလိမ့်မယ် ...

......

ချင်ကော်၏ လူရွေးပွဲပြီးဆုံးပြီးနောက် သက်ဆိုင်ရာ ရွေးချယ်ခံရသူများစာရင်းကို ထိုနေ့တွင်ပဲ ထုတ်ပြန်ကြေညာခဲ့၏။ အံ့ဩစရာမကောင်းစွာဘဲ၊ စစ်ယွီသည် သူမနာမည်ကို မြင်လိုက်ရသည်။ သူမသည် လက်အောက်ခံနိုင်ငံ၏ မင်းသမီး ယွင်ဟယ်အဖြစ် သရုပ်ဆောင်ရမည်ဖြစ်သည်။ သူမတွင် ဇာတ်ကွက်များစွာ မပါရှိပေ။ ရက်နည်းနည်းနဲ့ ပြီးသွားနိုင်၏။ ထို့ကြောင့် စစ်ယွီသည် ယွီလင်းအား သတင်းကောင်းပြောပြဖို့ ဖုန်းခေါ်ပြီးနောက် သူမသည် ထုတ်လုပ်ရေးအဖွဲ့မှ စီစဉ်ပေးသည့် ဟိုတယ်တွင် တည်းခိုလိုက်ပြီး ရိုက်ကူးမှုစတင်ရန် စောင့်ဆိုင်းနေခဲ့သည်။

သူမ၏ လက်ထောက်အသစ် ချန်ယွဲ့မှာ ဘာမှမလုပ်ဘဲ မနေနိုင်သူတစ်ဦးပင်။ အားလပ်ချိန်ရောက်တာနဲ့ သူမသည် စစ်ယွီကို ဆွဲပြီး ဆယ်လ်ဖီရိုက်ရတာကို နှစ်သက်ပေသည်။ ရက်အတော်ကြာပြီးနောက် သူမဖုန်း၏ ဓာတ်ပုံအယ်လ်ဘမ်မှာ လုံးဝပြည့်သွားခဲ့၏။ သူမ အရမ်းစိတ်အားထက်သန်နေတာကို မြင်ရတော့ စစ်ယွီသည် ချန်ယွဲ့အား သူမ၏ ဝေ့ပေါ်အကောင့် "ကျိုးစစ်ယွီ" ကို စီမံခန့်ခွဲဖို့ တာဝန်ပေးလိုက်သည်။ ချန်ယွဲ့သည် တန်ဖိုးအရှိဆုံး ရတနာကို ရလိုက်သလိုပင် တစ်ရက်ကို ကျိုးစစ်ယွီ၏ ပုံ ကိုးပုံလောက် ပုံမှန်တင်နေခဲ့၏။

".. အဲ့လောက်ထိ လုပ်ဖို့ လိုလို့လား။ နင်မကြာခဏ ပို့စ်တင်နေရင် သူတို့က အဲ့ဒီအလှကို ငြီးငွေ့လာမှာ မဟုတ်ဘူးလား။" တကယ်တော့၊ စစ်ယွီသည် ချန်ယွဲ့၏ ဆဲလ်ဖီရိုက်ခြင်းကို အသည်းအသန် ချစ်မြတ်နိုးနေခြင်းအား နားမလည်နိုင်ခဲ့ပေ။ သူမအမြင်အရဆိုရင် သူမဆွဲထားတဲ့ရုပ်ပုံလေးတွေက သူမကိုယ်တိုင်ပုံတွေထက် ပိုချစ်စရာကောင်းပေသည်။ ထို့အပြင် သူမသည် နေ့တိုင်း နေမကောင်းဖြစ်နေပုံ ပေါက်နေသည်။ ဒါက ဘာတွေများ ဒီလောက်ကြည့်ကောင်းနေမှာမို့လဲ ....

ချန်ယွဲ့သည် ကင်မရာကို ချိန်ပြီး ပြောလိုက်သည်။ "စစ်ယွီကျဲ၊ ပရိသတ်တွေ အားလုံး အစ်မကို မကြာခဏ တွေ့ချင်နေကြတာ။ ကျွန်မတို့ ငါးပြုတ်ထဲမှာ အစ်မရဲ့ပုံတွေကို အားကိုးပြီး အစ်မကို တခြားသူတွေဆီ ပြချင်နေတဲ့လူတွေ အများကြီးရှိတယ်။ အထူးသဖြင့် "ပြုတ်ထားတဲ့ ငါးခေါင်း" ဆိုတဲ့ စိတ်ကူးယဉ်ဖန်လေးပေါ့။" သူတို့က စစ်ယွီရဲ့ ဝေ့ပေါ်အောက်မှာ သူတို့ရဲ့ချစ်ခြင်းတွေကို တစ်နေ့အကြိမ်ရှစ်ရာလောက် ဖော်ပြနေကြတာဖြစ်သည်။ ချန်ယွဲ့သည် အခု ဝေ့ပေါ်ကို စီမံခန့်ခွဲနေရတာဖြစ်သောကြောင့် သူမသည် ထို "ပြုတ်ထားတဲ့ငါးခေါင်း" ဆီက နေ့စဉ် ကောင်းသောနံနက်ခင်းပါ၊ ကောင်းသောညပါ ဆိုတဲ့ နှုတ်ဆက်စကားများအပြင် ဘယ်ကနေ စုစည်းထားလဲ မသိရသည့် ကျန်းမာသော နေထိုင်မှုပုံစံ လျှို့ဝှက်ချက် အမျိုးမျိုးကိုလည်း နေ့စဉ်ရရှိနေတာဖြစ်သည်။

စစ်ယွီ: "ပြုတ်ထားတဲ့ .... ဘာကြီး ။"

ချန်ယွဲ့သည် သူမ လွှတ်ခနဲ ပြောမိသွားသည်ကို သတိထားမိပြီး အမြန်ဖုံးကာ ရှောင်တိမ်းပြီး ပြောလိုက်သည်။ "ဘာမှမဟုတ်ပါဘူး" သူမသည် စစ်ယွီဆွဲထားသော ပုံကြမ်းကို ကြည့်ပြီး စပ်စပ်စုစုမေးလိုက်၏။ "စစ်ယွီကျဲ၊ ပုံဘယ်လိုဆွဲရမလဲ သိတယ်ပေါ့။"

စစ်ယွီခေါင်းညိတ်လိုက်ပြီး "အင်း၊ ငါ အပျော်ဆွဲနေတာ"

သူမ အဲဒီမှာ အချိန်အတော်ကြာနေရမယ်လို့ ခန့်မှန်းထားတာကြောင့် စစ်ယွီသည် ချန်ယွဲ့အား သူမရဲ့ ပုံဆွဲကိရိယာတွေကို ထုပ်ပိုးပြီး သူတို့နဲ့အတူ ယူဆောင်လာဖို့ အထူးတောင်းဆိုခဲ့သည်။ အဲ့တော့ ဒီလိုအားလပ်ချိန်တွေရရင် ဟိုတယ်မှာနေရင်းနဲ့ သူမရဲ့ ကောမစ်ကို ဆက်ပြီး ဆွဲနိုင်တယ်လေ။

'ဖက်ရှင်‌ လောက၏ အခက်အခဲများ' သည် အခန်းများစွာရောက်နေပြီဖြစ်သည်။ လက်ရှိတွင်၊ စစ်ယွီသည် ချွီမန်မှ ရာထူးတိုးထားသော စာရေးဆရာလေးဖြစ်၏။ ထို့အပြင် အခု သူမရုပ်ပြသည် အလွန်ရေပန်းစားလာသဖြင့် လူများသည် ပုံမှန် လစဉ်ထုတ် မဂ္ဂဇင်းများတွင် ရုပ်ပြများကို လိုက်ကြည့်နေခြင်းထက် အင်တာနက်ပေါ်တွင် အတွဲလိုက် ရုပ်ပြများ ဝင်ရောက်ကြည့်ရှုဖို့က ပိုအဆင်ပြေကြောင်း တွေ့ရှိလာကြသည်။ ဒီလှုပ်ရှားမှုရဲ့ ရှေ့ဆောင်တစ်ယောက်အနေနဲ့ စစ်ယွီသည် သိပ်မကြာခင်ပဲ ရေပန်းစားလာခဲ့ပြီး @နောက်ထပ် နှစ်ငါးရာကြာအောင် နေနိုင်မဲ့ ခိုအီငါးလေး ၏ ဝေ့ပေါ်သည် ပရိတ်သတ် နှစ်သိန်းကျော်ကို စုဆောင်းနိုင်ခဲ့၏။

လွန်ခဲ့သည့်ရက်အနည်းငယ်က တည်းဖြတ်သူ မူယန်သည် ထုတ်ဝေသူအချို့နှင့် သူမ၏လက်ရာများကို ဆွေးနွှေးခဲ့ကြပြီး ယခု စာအုပ်ထုတ်ဝေဖို့ကိစ္စကို ညှိနှိုင်းနေကြကြောင်း စစ်ယွီအား ပြောပြခဲ့သည်။ ဘာပြဿနာမှမရှိဘူးဆိုရင်၊ ကောမစ်၏ ပထမဆုံးတည်းဖြတ်မှုသည် ဒီနှစ်ကုန်မှာ ဈေးကွက်ထဲရောက်လာမှာဖြစ်သည်။

ဒီသတင်းကြားရပြီး စစ်ယွီမှာ အလွန်ပျော်ရွှင်သွားရသည်။ သူမသည် သူမ၏ကိုယ်ပိုင်စွမ်းအားကို ယုံကြည်မှုရှိပေမယ့် သူမရဲ့ရုပ်ပြကို လူတော်တော်များများက သတိထားမိအောင် လုပ်နိုင်တာကတော့ တကယ်ပဲကောင်းလှသည်။ စိတ်လှုပ်ရှားစွာဖြင့် သူမသည် ရိုက်ကူးမှုမစတင်မီ အချိန်ကို အမြန်အသုံးချခဲ့၏။ သူမသည် ဟိုတယ်တွင် ပုန်းနေခဲ့ပြီး ပိုင်ပိုင့်ကို မော်ဒယ်အဖြစ်ယူထားသော အော်တစ်ဇင်အကြောင်း ကာတွန်းတိုကို ပြန်လည်ပြင်ဆင်ခဲ့သည်။ ထို့နောက် မူယန့်ထံသို့ ပို့လိုက်၏။


Zawgyi

အခန္း (၁၉) (က)

"မင္း- မင္းဘာလို႔ အဲ့ဒီ က်ိဳးစစ္ယြီကို စိတ္တိုေနရတာလဲ။ အခုေလးတင္ လူေ႐ြးပြဲမွာ ငါက သူမကို လဲပစ္ခ်င္တယ္လို႔ ေျပာတာနဲ႔ က်ီလင္းက ခ်က္ခ်င္း ျငင္းဆိုခဲ့တာကို မင္းသိလား။" ဟိုတယ္စားေသာက္ဆိုင္တစ္ခု၏ သီးသန္႔ခန္းထဲတြင္ ဥကၠဌဝမ္က ႐ႈခ်င္းဝမ္အား စိတ္ပ်က္ေနေသာ အမူအရာျဖင့္ ႐ွင္းျပေနခဲ့သည္။ "က်ီလင္းက က်ီမိသားစု၏ သခင္ငယ္ေလးေလ။ သူ ပါးစပ္ဖြင့္လိုက္တာနဲ႔ ဒီမ်က္ႏွာကို ငါက မနာခံဘဲေနလို႔ရမလားကြ။ သူက က်ိဳးစစ္ယြီကို အရမ္းကာကြယ္ေနတာဆိုေတာ့ သူတို႔ႏွစ္ေယာက္က သီးသန္႔ခင္မင္မႈမ်ိဳး ႐ွိေကာင္း႐ွိႏိုင္တယ္။ ဒီအေသးအဖြဲကိစၥေၾကာင့္ က်ီလင္းက ျပန္သြားၿပီး သူ႕မိဘေတြကို တိုင္လိုက္ရင္ ဘာျဖစ္သြားမလဲ။"

႐ႈခ်င္းဝမ္က သူ႕ကို အေျဖျပန္ေပးဖို႔ ဆက္တိုက္ဖိအားေပးေနခဲ့၏။ ဥကၠဌဝမ္မွာ သူမကို ေခၚထုတ္ၿပီး ႐ွင္းျပဖို႔ကလြဲလို႔ ေ႐ြးခ်ယ္စရာ မ႐ွိေတာ့ေပ။ ႐ႈခ်င္းဝမ္အေပၚ သူ အလြန္ယဥ္ေက်းရသည့္ အေၾကာင္းရင္းမွာ ႐ႈခ်င္းဝမ္က သူ႕ကို မ်ားစြာ အေထာက္အကူ ျပဳခဲ့ေသာေၾကာင့္သာ ျဖစ္သည္။

ေျပာရမယ္ဆိုရင္ ဒီအမ်ိဳးသမီးက အထင္ႀကီးေလာက္စရာပုံမေပၚဘူးလို႔ ဥကၠဌဝမ္ ခံစားခဲ့ရေပမယ့္ တကယ္တမ္းမွာေတာ့ သူမမွာ အမွန္တကယ္ ထူးျခားတဲ့ ထိုးထြင္းသိျမင္ဉာဏ္ ႐ွိေနခဲ့သည္။ ႐ႈခ်င္းဝမ္၏ အၾကံဉာဏ္ကို နားေထာင္ခဲ့ျခင္းေၾကာင့္သာ ဥကၠဌဝမ္၏ ႀကီးမားေသာ ရင္းႏွီးျမဳပ္ႏွံမႈမ်ားသည္ အႏၲရာယ္မ်ားကို ျဖတ္ေက်ာ္ၿပီး အျမတ္အစြန္းမ်ား အမ်ားအျပား ရ႐ွိေစခဲ့ျခင္းျဖစ္၏။ သူ႕ေနရာက ဒီေရအလားတက္လာခဲ့ၿပီး ႐ႈခ်င္းဝမ္လည္း ႐ွယ္ယာေတြ အမ်ားႀကီး ပိုင္ဆိုင္ခဲ့သည္။ ယခု သူမကို အစု႐ွယ္ယာအေသးစား ကိုင္ေဆာင္ထားသူဟု သတ္မွတ္လို႔ ရေနၿပီ ျဖစ္သည္။

သို႔ေသာ္ ဥကၠဌဝမ္ နားမလည္ႏိုင္ေပ။ ႐ႈခ်င္းဝမ္က ဒီေလာက္မယုံႏိုင္ေလာက္စရာ ေတာ္ေနမွေတာ့ ဘာလို႔ ေဖ်ာ္ေျဖေရး အသိုင္းအဝိုင္းထဲကို ေခါင္းသြင္းခ်င္ေနရတာလဲ။ ဘာလို႔ ထိုင္ၿပီးပဲ ႐ွယ္ယာအျမတ္ေတြကို ယူမေနတာလဲ။ ဘယ္လိုပဲျဖစ္ျဖစ္ ႐ႈခ်င္းဝမ္သည္ သူမအတြက္ လမ္းခင္းေပးရန္ သူ႕အား ေတာင္းပန္ခဲ့သည္။ ဒီအမ်ိဳးသမီးက တကယ္အသုံးဝင္တာမို႔ ဥကၠဌဝမ္မွာ သူမကို ျငင္းပယ္ဖို႔ ခက္ခဲခဲ့သည္။ ႐ႈခ်င္းဝမ္၏ ဇာတ္‌ေကာင္ေနရာကို ရေအာင္ကူညီဖို႔ ပိုက္ဆံပစ္ေပးလိုက္႐ုံဆို အဆင္ေျပေသးတယ္။ ဒါေပမယ့္ က်ီမိသားစုကို ေစာ္ကားတာေတာ့ လုံးဝမေကာင္းဘူးေလ...

"က်ီလင္း၊ သူ......" ႐ႈခ်င္းဝမ္၏ ဒူးေပၚ႐ွိ လက္မ်ားသည္ မသိစိတ္ျဖင့္ သူမ၏ စကတ္ကို တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားလိုက္မိ၏။ သူမ မ်က္လုံးထဲ႐ွိ မေက်နပ္မႈမ်ားကို ဖုံးကြယ္ရန္ ေခါင္းငုံ႔ထားလိုက္သည္။ သူမ အျပဳံးတစ္ခုကို ညႇစ္ထုတ္ဖို႔ ႀကိဳးစားလိုက္ၿပီး ဥကၠဌဝမ္ကို ေျပာလိုက္သည္။ "႐ွင္ဘာေတြစိတ္ပူေနလဲ ကြၽန္မသိပါတယ္။ ႐ွင္ စိတ္ခ်ပါ။ က်ီမိသားစုက က်ိဳးစစ္ယြီကို မကူညီမွာ ေသခ်ာပါတယ္။"

ဥကၠ႒ဝမ္က စစ္ယြီကို အစားထိုးဖို႔ မလုပ္ႏိုင္ရျခင္း၏ အေၾကာင္းရင္းကို သိၿပီးေနာက္၊ ႐ႈခ်င္းဝမ္၏ ႏွလုံးသားသည္ ပို၍ပင္ ဆုံးျဖတ္ခ်က္ ခိုင္မာလာခဲ့၏။ ႐ႈခ်င္းဝမ္သည္ သူမ၏ အတိတ္ဘဝတြင္ က်ီမိသားစုရဲ႕ေခြၽးမ ျဖစ္ခဲ့သည္။ မဒမ္က်ီ၊ သြမ့္႐ူလန္သည္ စစ္ယြီအား ဘယ္ေလာက္မုန္းတယ္ ဆိုတာကို သူမထက္ ဘယ္သူကမွ မသိႏိုင္ေပ။ ဤကမ႓ာတြင္ စစ္ယြီအား ေပ်ာက္ကြယ္သြားဖို႔ အေမွ်ာ္လင့္ဆုံးသူမွာ သူမ၏မိခင္အရင္းပင္ ျဖစ္ေကာင္းျဖစ္ႏိုင္သည္...။

႐ႈခ်င္းဝမ္သည္ သူမႏွလုံးသားထဲတြင္ တိတ္တိတ္ေလး ေတြးလိုက္သည္။ "ေတာင္းပန္ပါတယ္ က်ီလင္း၊ ကြၽန္မလည္း ဒါကိုလည္း မလုပ္ခ်င္ခဲ့ပါဘူး" ဒါေပမဲ့ က်ီလင္းက က်ိဳးစစ္ယြီလို မိန္းမမ်ိဳးနဲ႔ ဆက္ေပါင္းေနပါက အေမနဲ႔သားၾကား ကြဲလြဲမႈျဖစ္ေစမွာ ေသခ်ာေပသည္။ သူမအေနနဲ႔ ဒီလိုအေျခအေနမ်ိဳးမျဖစ္ေအာင္ ႀကိဳတင္တားဆီးထားခဲ့တာက က်ီလင္းေကာင္းဖို႔အတြက္ပဲ။

အေႏွးႏွင့္အျမန္ က်ီလင္းက သူမရဲ႕ ဒုကၡခံၿပီး ႀကိဳးစားခဲ့ရတာကို နားလည္လာလိမ့္မယ္ ...

......

ခ်င္ေကာ္၏ လူေ႐ြးပြဲၿပီးဆုံးၿပီးေနာက္ သက္ဆိုင္ရာ ေ႐ြးခ်ယ္ခံရသူမ်ားစာရင္းကို ထိုေန႔တြင္ပဲ ထုတ္ျပန္ေၾကညာခဲ့၏။ အံ့ဩစရာမေကာင္းစြာဘဲ၊ စစ္ယြီသည္ သူမနာမည္ကို ျမင္လိုက္ရသည္။ သူမသည္ လက္ေအာက္ခံႏိုင္ငံ၏ မင္းသမီး ယြင္ဟယ္အျဖစ္ သ႐ုပ္ေဆာင္ရမည္ျဖစ္သည္။ သူမတြင္ ဇာတ္ကြက္မ်ားစြာ မပါ႐ွိေပ။ ရက္နည္းနည္းနဲ႔ ၿပီးသြားႏိုင္၏။ ထို႔ေၾကာင့္ စစ္ယြီသည္ ယြီလင္းအား သတင္းေကာင္းေျပာျပဖို႔ ဖုန္းေခၚၿပီးေနာက္ သူမသည္ ထုတ္လုပ္ေရးအဖြဲ႕မွ စီစဥ္ေပးသည့္ ဟိုတယ္တြင္ တည္းခိုလိုက္ၿပီး ႐ိုက္ကူးမႈစတင္ရန္ ေစာင့္ဆိုင္းေနခဲ့သည္။

သူမ၏ လက္ေထာက္အသစ္ ခ်န္ယြဲ႕မွာ ဘာမွမလုပ္ဘဲ မေနႏိုင္သူတစ္ဦးပင္။ အားလပ္ခ်ိန္ေရာက္တာနဲ႔ သူမသည္ စစ္ယြီကို ဆြဲၿပီး ဆယ္လ္ဖီ႐ိုက္ရတာကို ႏွစ္သက္ေပသည္။ ရက္အေတာ္ၾကာၿပီးေနာက္ သူမဖုန္း၏ ဓာတ္ပုံအယ္လ္ဘမ္မွာ လုံးဝျပည့္သြားခဲ့၏။ သူမ အရမ္းစိတ္အားထက္သန္ေနတာကို ျမင္ရေတာ့ စစ္ယြီသည္ ခ်န္ယြဲ႕အား သူမ၏ ေဝ့ေပၚအေကာင့္ "က်ိဳးစစ္ယြီ" ကို စီမံခန္႔ခြဲဖို႔ တာဝန္ေပးလိုက္သည္။ ခ်န္ယြဲ႕သည္ တန္ဖိုးအ႐ွိဆုံး ရတနာကို ရလိုက္သလိုပင္ တစ္ရက္ကို က်ိဳးစစ္ယြီ၏ ပုံ ကိုးပုံေလာက္ ပုံမွန္တင္ေနခဲ့၏။

".. အဲ့ေလာက္ထိ လုပ္ဖို႔ လိုလို႔လား။ နင္မၾကာခဏ ပို႔စ္တင္ေနရင္ သူတို႔က အဲ့ဒီအလွကို ၿငီးေငြ႕လာမွာ မဟုတ္ဘူးလား။" တကယ္ေတာ့၊ စစ္ယြီသည္ ခ်န္ယြဲ႕၏ ဆဲလ္ဖီ႐ိုက္ျခင္းကို အသည္းအသန္ ခ်စ္ျမတ္ႏိုးေနျခင္းအား နားမလည္ႏိုင္ခဲ့ေပ။ သူမအျမင္အရဆိုရင္ သူမဆြဲထားတဲ့႐ုပ္ပုံေလးေတြက သူမကိုယ္တိုင္ပုံေတြထက္ ပိုခ်စ္စရာေကာင္းေပသည္။ ထို႔အျပင္ သူမသည္ ေန႔တိုင္း ေနမေကာင္းျဖစ္ေနပုံ ေပါက္ေနသည္။ ဒါက ဘာေတြမ်ား ဒီေလာက္ၾကည့္ေကာင္းေနမွာမို႔လဲ ....

ခ်န္ယြဲ႕သည္ ကင္မရာကို ခ်ိန္ၿပီး ေျပာလိုက္သည္။ "စစ္ယြီက်ဲ၊ ပရိသတ္ေတြ အားလုံး အစ္မကို မၾကာခဏ ေတြ႕ခ်င္ေနၾကတာ။ ကြၽန္မတို႔ ငါးျပဳတ္ထဲမွာ အစ္မရဲ႕ပုံေတြကို အားကိုးၿပီး အစ္မကို တျခားသူေတြဆီ ျပခ်င္ေနတဲ့လူေတြ အမ်ားႀကီး႐ွိတယ္။ အထူးသျဖင့္ "ျပဳတ္ထားတဲ့ ငါးေခါင္း" ဆိုတဲ့ စိတ္ကူးယဥ္ဖန္ေလးေပါ့။" သူတို႔က စစ္ယြီရဲ႕ ေဝ့ေပၚေအာက္မွာ သူတို႔ရဲ႕ခ်စ္ျခင္းေတြကို တစ္ေန႔အႀကိမ္႐ွစ္ရာေလာက္ ေဖာ္ျပေနၾကတာျဖစ္သည္။ ခ်န္ယြဲ႕သည္ အခု ေဝ့ေပၚကို စီမံခန္႔ခြဲေနရတာျဖစ္ေသာေၾကာင့္ သူမသည္ ထို "ျပဳတ္ထားတဲ့ငါးေခါင္း" ဆီက ေန႔စဥ္ ေကာင္းေသာနံနက္ခင္းပါ၊ ေကာင္းေသာညပါ ဆိုတဲ့ ႏႈတ္ဆက္စကားမ်ားအျပင္ ဘယ္ကေန စုစည္းထားလဲ မသိရသည့္ က်န္းမာေသာ ေနထိုင္မႈပုံစံ လွ်ိဳ႕ဝွက္ခ်က္ အမ်ိဳးမ်ိဳးကိုလည္း ေန႔စဥ္ရ႐ွိေနတာျဖစ္သည္။

စစ္ယြီ: "ျပဳတ္ထားတဲ့ .... ဘာႀကီး ။"

ခ်န္ယြဲ႕သည္ သူမ လႊတ္ခနဲ ေျပာမိသြားသည္ကို သတိထားမိၿပီး အျမန္ဖုံးကာ ေ႐ွာင္တိမ္းၿပီး ေျပာလိုက္သည္။ "ဘာမွမဟုတ္ပါဘူး" သူမသည္ စစ္ယြီဆြဲထားေသာ ပုံၾကမ္းကို ၾကည့္ၿပီး စပ္စပ္စုစုေမးလိုက္၏။ "စစ္ယြီက်ဲ၊ ပုံဘယ္လိုဆြဲရမလဲ သိတယ္ေပါ့။"

စစ္ယြီေခါင္းညိတ္လိုက္ၿပီး "အင္း၊ ငါ အေပ်ာ္ဆြဲေနတာ"

သူမ အဲဒီမွာ အခ်ိန္အေတာ္ၾကာေနရမယ္လို႔ ခန္႔မွန္းထားတာေၾကာင့္ စစ္ယြီသည္ ခ်န္ယြဲ႕အား သူမရဲ႕ ပုံဆြဲကိရိယာေတြကို ထုပ္ပိုးၿပီး သူတို႔နဲ႔အတူ ယူေဆာင္လာဖို႔ အထူးေတာင္းဆိုခဲ့သည္။ အဲ့ေတာ့ ဒီလိုအားလပ္ခ်ိန္ေတြရရင္ ဟိုတယ္မွာေနရင္းနဲ႔ သူမရဲ႕ ေကာမစ္ကို ဆက္ၿပီး ဆြဲႏိုင္တယ္ေလ။

'ဖက္႐ွင္‌ ေလာက၏ အခက္အခဲမ်ား' သည္ အခန္းမ်ားစြာေရာက္ေနၿပီျဖစ္သည္။ လက္႐ွိတြင္၊ စစ္ယြီသည္ ခြၽီမန္မွ ရာထူးတိုးထားေသာ စာေရးဆရာေလးျဖစ္၏။ ထို႔အျပင္ အခု သူမ႐ုပ္ျပသည္ အလြန္ေရပန္းစားလာသျဖင့္ လူမ်ားသည္ ပုံမွန္ လစဥ္ထုတ္ မဂၢဇင္းမ်ားတြင္ ႐ုပ္ျပမ်ားကို လိုက္ၾကည့္ေနျခင္းထက္ အင္တာနက္ေပၚတြင္ အတြဲလိုက္ ႐ုပ္ျပမ်ား ဝင္ေရာက္ၾကည့္႐ႈဖို႔က ပိုအဆင္ေျပေၾကာင္း ေတြ႕႐ွိလာၾကသည္။ ဒီလႈပ္႐ွားမႈရဲ႕ ေ႐ွ႕ေဆာင္တစ္ေယာက္အေနနဲ႔ စစ္ယြီသည္ သိပ္မၾကာခင္ပဲ ေရပန္းစားလာခဲ့ၿပီး @ေနာက္ထပ္ ႏွစ္ငါးရာၾကာေအာင္ ေနႏိုင္မဲ့ ခိုအီငါးေလး ၏ ေဝ့ေပၚသည္ ပရိတ္သတ္ ႏွစ္သိန္းေက်ာ္ကို စုေဆာင္းႏိုင္ခဲ့၏။

လြန္ခဲ့သည့္ရက္အနည္းငယ္က တည္းျဖတ္သူ မူယန္သည္ ထုတ္ေဝသူအခ်ိဳ႕ႏွင့္ သူမ၏လက္ရာမ်ားကို ေဆြးေႏႊးခဲ့ၾကၿပီး ယခု စာအုပ္ထုတ္ေဝဖို႔ကိစၥကို ညႇိႏိႈင္းေနၾကေၾကာင္း စစ္ယြီအား ေျပာျပခဲ့သည္။ ဘာျပႆနာမွမ႐ွိဘူးဆိုရင္၊ ေကာမစ္၏ ပထမဆုံးတည္းျဖတ္မႈသည္ ဒီႏွစ္ကုန္မွာ ေဈးကြက္ထဲေရာက္လာမွာျဖစ္သည္။

ဒီသတင္းၾကားရၿပီး စစ္ယြီမွာ အလြန္ေပ်ာ္႐ႊင္သြားရသည္။ သူမသည္ သူမ၏ကိုယ္ပိုင္စြမ္းအားကို ယုံၾကည္မႈ႐ွိေပမယ့္ သူမရဲ႕႐ုပ္ျပကို လူေတာ္ေတာ္မ်ားမ်ားက သတိထားမိေအာင္ လုပ္ႏိုင္တာကေတာ့ တကယ္ပဲေကာင္းလွသည္။ စိတ္လႈပ္႐ွားစြာျဖင့္ သူမသည္ ႐ိုက္ကူးမႈမစတင္မီ အခ်ိန္ကို အျမန္အသုံးခ်ခဲ့၏။ သူမသည္ ဟိုတယ္တြင္ ပုန္းေနခဲ့ၿပီး ပိုင္ပိုင့္ကို ေမာ္ဒယ္အျဖစ္ယူထားေသာ ေအာ္တစ္ဇင္အေၾကာင္း ကာတြန္းတိုကို ျပန္လည္ျပင္ဆင္ခဲ့သည္။ ထို႔ေနာက္ မူယန္႔ထံသို႔ ပို႔လိုက္၏။

Continue Reading

You'll Also Like

4.7M 524K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
361K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
280K 21.1K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
796K 66.1K 52
ဗိုလ်အောင်ဒင်နှင့်မမြဝင်းကို inspireယူ၍ရေးထားသည့်boy loveဝတ္တုတစ်ပုဒ်ဖြစ်သည်။ ၁၉၄၂ခုနစ်နဲ့၁၉၄၅ခုနစ်ဝန်းကျင် မြန်မာနိုင်ငံကိုဖက်ဆစ်ဂျပန်တို့ရက်စက်ခဲ့သ...