အခန်း (၁၅) (က)
စစ်ယွီသည် လုရှင်းကျိုးရှိနေသည်ကို သတိမထားမိပေ။ ထိုအချိန်တွင် သူမ၏ခါးကို အရပ်ရှည်ရှည်နဲ့လူက ပွေ့ဖက်ထားသဖြင့် လက်တွေ့ကျကျပင် သူမ၏တစ်ကိုယ်လုံးသည် ထိုလူ၏ရင်ခွင်ထဲသို့ နစ်မြုပ်သွားခဲ့သည်။ ဤမျှနီးကပ်သောအကွာအဝေးတွင် သူမသည် ပဉ္စမသခင်လု၏ ခန္ဓာကိုယ်မှ နံ့သာဖြူနံ့ကိုပင် အနံ့ရခဲ့သည်။ အနံ့သည် ပေါ့ပါးသော်လည်း အလွန်နှစ်သက်ဖွယ်ပင်။
သို့သော် အရေးကြီးဆုံးမှာ စစ်ယွီသည် သူမသာ ဒီမှာ ကြာကြာ ဆက်နေမည်ဆိုပါက သွေးအန်လွန်းပြီး သေတဲ့အထိ ဖြစ်သွားလိမ့်မယ်လို့ ခံစားနေရ၏။
"နေပါဦး... အဟွတ်... အဟွတ်... ချပေးပါဦး..." စစ်ယွီတစ်ယောက် စကားစပြောသည်နှင့် ချောင်းဆိုးလာပြီး သွေးတွေပါပါလာကာ အသံက ပြတ်တောက်သွားခဲ့သည်။ သူမ၏ ခန့်ညားထည်ဝါသော အပြုအမူကို ထိန်းရန် အလွန်ကြိုးစားခဲ့ပါသော်လည်း ပဉ္စမသခင်လု၏ နားထဲသို့ ရောက်ရှိသွားသော အသံလေးမှာ နူးညံ့ စေးကပ်နေသည်။ ခြိမ်းခြောက်ဟန့်တားနိုင်သည့် ခွန်အားမျိုး စိုးစဉ်းမျှ ရှိမနေပါချေ။
သူမ တကယ်နေလို့မကောင်း ဖြစ်နေသောကြောင့် စစ်ယွီသည် မသိစိတ်က ပဉ္စမသခင်လု၏ လက်အား တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး အသက်ရှူသွင်းလိုက်ရသည်။ သူမသည် လွတ်လပ်ချင်သောကြောင့် ရုန်းကန်လိုက်ချင်သော်လည်း သူမ၏ ခြေထောက်များမှာ လေထဲရောက်နေသောကြောင့် ခွန်အားကို မစုစည်းနိုင်တော့ပေ။ သူမခါးရှိ လက်မှာ သံထည်ကြီးလိုပင်။ သူမခြေထောက်တွေကို ဘယ်လောက်ပဲ ယက်ကန်ယက်ကန်လုပ်နေပါစေ၊ ထိုပုံစံက မလွတ်ခဲ့ပေ။ စစ်ယွီမှာ သွေးအန်ပြီးနောက် ခွန်အားများစွာ မကျန်တော့ဘူးဖြစ်သည်။ ဒီလို ရုန်းကန်ပြီးနောက် သူမ နည်းနည်းလေးတောင် ဆက်မလှုပ်နိုင်တော့ပေ။ သူမ၏လက်နှစ်ဖက်အား ပဉ္စမသခင်လု၏ ရင်ဘတ်ကို ထောက်ကန်ထားဖို့ အသုံးပြုလိုက်ပြီး သူမတို့ကြားရှိ အကွာအဝေးကို ပိုကျယ်သွားစေဖို့ ကြိုစားလိုက်၏။ သူမ၏ ငြင်းဆန်လိုမှုကို တိတ်တဆိတ် ဆန္ဒပြနေခြင်းပင်။
သို့သော်... ဘာထိရောက်မှုမှ မရှိခဲ့ပါ။
အင်အားသုံး၍ မရသောအခါ ရှင်သန်လိုစိတ်ပြင်းပြသော စစ်ယွီလေးသည် ဒီလူအား စကားလုံးများဖြင့် စိတ်ပျော့သွားအောင် လုပ်သင့်သည်ဟု မှန်းဆလိုက်သည်။ သူမသည် အသနားခံသည့် အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။ "ကျေးဇူးပြုပြီး ကျွန်မနဲ့ ခွာပေးလို့ရမလား... အဟွတ် အဟွတ် အဟွတ်... ဒီလိုမျိုး အဟွတ်... အဟွတ်... အသက်ရှုလို့ မဝတော့ဘူး...."
သူမသည် စကားကောင်းကောင်း မပြောနိုင်ဘဲ အကြိမ်အနည်းငယ် ချောင်းဆိုးနေခဲ့သည်။ ကံဆိုးမှုတွေက သူမကို တင်းတင်းကြပ်ကြပ် ဝိုင်းရံထားကြ၏။ ထိုယောက်ျား၏ ခန့်ညားလှသော လေထုသည် သူမနှလုံးသားထဲသို့ လက်မတစ်လှမ်းချင်း တိုးဝင်လာခဲ့သည်။ စစ်ယွီသည် ဤမျှ ပြင်းထန်ပြီး ဖိအားပေးနိုင်သော အရှိန်အဝါကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူမ နှလုံးမှာ အရှိန်မထိန်းနိုင်ဘဲ မြန်လာသည်ကို ခံစားလိုက်ရ၏— သူမ ကြောက်လန့်သွားခဲ့သည်။
အတိတ်ဘဝ ဒါမှမဟုတ် ဒီဘဝမှာတောင်မှ သူမက ဥပဒေကို လိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီး ဆိုရှယ်လစ်စနစ်ရဲ့ အရည်အချင်းပြည့်မီသော ဆက်ခံသူလေးပါ။ သူမက နေ့တိုင်း အသိစိတ်ရှိရှိနဲ့ အိမ်မှာပဲနေပြီး ကောမစ်တွေပဲ ရေးနေခဲ့တာပါ။ လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌတစ်ယောက်ရဲ့ ခွေးသွေးဇာတ်လမ်းကို သူမ ကြိုက်တယ်ဆိုပေမဲ့၊ အဲ့လိုလူတစ်ယောက်ကို သူမဘဝမှာ တွေ့ချင်တယ်လို့ ပြောတာ မဟုတ်ဘူးလေ။
ဒီလိုတွေးလိုက်သောအခါ စစ်ယွီရဲ့ မျက်လုံးလေးများသည် ဒီစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကြီးကြောင့် မကျေမနပ်ဖြစ်ကာ နီရဲသွားခဲ့သည်။ သူမသည် 'သခင်ကြီး၊ ကျွန်မကို သွားခွင့်ပေးပါ' လို့ အော်ပြီးငိုလုနီးပါးပင်။ သို့သော် သူမ၏ ပါးစပ်ကတော့ ရှိုက်သံလေး အနည်းငယ်သာ ထွက်လာခဲ့သည်။
...... ကြောင်လေးတစ်ကောင် တမြောင်မြောင် အော်နေသလိုလေးပင်။
နောက်ဆုံးရုန်းကန်မှုရဲ့ သနားစရာကောင်းလှသော အသွင်အပြင်သည် ပဉ္စမသခင်လု၏ စိတ်ဝင်စားမှုကို လှုပ်ခတ်သွားစေခဲ့၏။ သူ ငုံ့ကြည့်လိုက်သောအခါ ကလေးမလေး၏ ဗာဒံစေ့ပုံသဏ္ဍာန် မျက်လုံးများ နီရဲနေပြီး မျက်လုံးများရှိ ကြောက်ရွံ့မှုတို့မှာ အလွန်ထင်ရှားနေသဖြင့် သူ မမြင်ချင်ယောင်ဆောင်လို့တောင် မရပေ။ ထို့အပြင် ဟိုတစ်ခေါက်ကတည်းက စစ်ယွီ၏ သွေးအန်နေသည့် အသွင်အပြင်ကို သူမြင်ဖူးပြီးသားဖြစ်သည်။ ပဉ္စမသခင်လုသည် သွေးထွက်သံယိုကိစ္စများကို မြင်ဖူးသောကြောင့် စစ်ယွီဟန်ဆောင်နေတာ မဟုတ်ကြောင်း သူပြောနိုင်ပေသည်။
"မင်းနေမကောင်းဘူးလား။" နောက်ဆုံးတော့ ပဉ္စမသခင်လုသည် စစ်ယွီကို မြေပြင်ပေါ်သို့ ပြန်ချပေးလိုက်သည်။ သို့သော် စစ်ယွီ၏ "ကျွန်မနဲ့ နည်းနည်း ဝေးဝေး နေပေးပါ။" ဟူသော တောင်းဆိုချက်ကိုတော့ ပဉ္စမသခင်လုသည် တစ်ခါမျှမကြားမိသလို ပြုမူနေသည်။ သူသည် ထိုလူကို မတွန်းထုတ်ရုံသာမက သူ့လက်ကိုသုံးပြီး စစ်ယွီနဲ့ အနည်းငယ် ပိုပြီး နီးကပ်စေလိုက်သည်။
မြေကြီးနှင့် ခြေထောက် ထိမိသွားပြီဖြစ်သော စစ်ယွီသည် သက်ပြင်းတစ်ချက်တောင် မချရသေးမီ ထိုယောက်ျား၏ ရင်ခွင်နှင့် နီးအောင် ချက်ချင်း ဆွဲယူခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူမ၏ မျက်နှာတွင် အံသြသော အကြည့်တစ်ချက် ပေါ်လာခဲ့သည်။
ဤရှုပ်ထွေးသော အမူအရာလေးသည် ပဉ္စမသခင်လုကို ရယ်မောသွားချင်စေပုံရ၏။ သူ့နှုတ်ခမ်းပေါ်တွင် အပြုံးခပ်ရေးရေး ပေါ်လာခဲ့သည်။ နုနယ်သော တိရစ္ဆာန်လေးသည် နိုးနိုးကြားကြားရှိတာ ကောင်းသော်လည်း မုဆိုးက သူတို့ရဲ့သားကောင်ကို လွှတ်ပေးလိမ့်မည်ဟု ယုံကြည်နေခြင်းကတော့ နုံချာပေသည်။
ထို့နောက် ပဉ္စမသခင်လုသည် စိတ်ပုတီးကို ကိုင်ထားဆဲဖြစ်သော သူ့လက်ကို စစ်ယွီဆီသို့ ဆန့်ထုတ်ပေးလိုက်သည်။ သူ့လက်ဖဝါးကို ဖြန့်ပြီး ပြောလိုက်သည်။ "မင်းရဲ့ ညာဘက်လက်ကို ဆန့်လိုက်"
သူ့လေသံမှာ ညီညာသည်။ အမိန့်တစ်ခု မဟုတ်ပေမဲ့ အမိန့်တစ်ခုထက် များစွာသာလွန်နေသည်။ စစ်ယွီအံ့ဩသွားရ၏။ သူမ ခေါင်းငုံ့ကြည့်လိုက်တော့ ဆန့်ထားတဲ့လက်က လှပပြေပြစ်ပြီး အနုပညာလက်ရာတစ်ခုလိုပင်။ သို့သော် ဒီအချိန်မှာ စစ်ယွီသည် ဒါကို ဂရုစိုက်ဖို့ စိတ်မျိုး ဘယ်လိုလုပ်ပြီး ရှိနေပါ့မလဲ။ သူမ စိတ်ထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည့် အတွေးများဖြင့်သာ ပြည့်နေသည်။ သူမ ငြင်းဆန်လိုက်ချင်သော်လည်း သူမရှေ့ရှိ လူ၏ ဘေးပတ်လည်မှ လေများသည် အေးစက်သွားကာ သူမခန္ဓာကိုယ်ပေါ်ရှိ အမွှေးများအားလုံးပင် ထောင်သွားကြောင်းကို ရုတ်တရက် သိလိုက်ရသည်။
စစ်ယွီသည် ပဉ္စမသခင်လု၏ ကိုယ်ပေါ်က သူမ၏အသက်ကို လိုချင်နေသည့် ထိုကြီးမားသော ကံမကောင်းမှုကြီးကို ကြောက်ရွံ့နေမိသည်။ ဤအခိုက်အတန့်တွင် သူမသည် တုန်လှုပ်သွားကာ ပို၍ပင် ကြောက်လန့်လာခဲ့သည်။ မသိစိတ်က သူ့စကားကို နာခံလိုက်ပြီး ညာဘက်လက်ကို သူ့လက်ဖဝါးပေါ်မှာ တင်လိုက်သည်။
သူတို့၏ အရေပြားများသည် ချက်ချင်းဆိုသလို အချင်းချင်း ထိမိသွားကြ၏။ မခံနိုင်လောက်အောင် ပူလောင်နေသည့် ခံစားချက်သည် စစ်ယွီကို အံ့အားသင့်စေခဲ့ပြန်သည်။ ၎င်းသည် သူမအား ချက်ချင်းပင် ကမ္ဘာကြီးပေါ်သို့ ပြန်ရောက်သွားစေသလိုပင်။ ထို့နောက်တွင် သူမသည် ငတုံးအလုပ်တစ်ခုကို လုပ်မိကြောင်း သတိထားမိလိုက်သည် — စစ်ယွီသည် သူမလက်ကို အလျင်စလို ပြန်ဆွဲထုတ်ရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားခဲ့သည်။ ပဉ္စမသခင်လု၏ လက်ဖဝါးပိတ်လိုက်ပြီးနောက်တွင် သူသည် သူမ၏ ပါးလွှာသော လက်ကောက်ဝတ်ကို အားမစိုက်ဘဲ လှည့်လိုက်သည်။ သူ့လက်ညိုးနှင့် လက်ခလယ်ကို တွဲပိတ်ကာ စစ်ယွီ၏ သွေးခုန်နှုန်းပေါ် ဖိချလိုက်၏။
"ချီနဲ့ သွေး နှစ်မျိုးလုံး ချို့တဲ့တာကြောင့် ယင်နဲ့ယန် မညီမျှမှုကို ဖြစ်စေတယ်။ အသက်အန္တရာယ် မရှိပေမဲ့ ပုံမှန်အချိန်တွေမှာ အဆင်မပြေမှုတွေ အများကြီး ရှိလာစေတယ်။ မင်းက ဒီလိုမျိုးပဲ မွေးဖွားလာတာလား။" ပဉ္စမသခင်လုသည် စစ်ယွီ၏ အသက်သွေးကြောကို စစ်ဆေးနေဆဲဖြစ်သည်။ သူမ၏ အသက်တံခါးလေးကို တခြားသူက စမ်းသပ်နေသည့်အတွက် စစ်ယွီမှာ ရုတ်တရက် လှုပ်ရှားရမှာတောင် ကြောက်မိသွား၏။ အစကတော့ ပဉ္စမသခင်လုရဲ့ မေးခွန်းကို ကြားလိုက်ရသောအခါ သူမ ခဏတာ အံ့သြသွားမိပြီးမှ ပြန်တုံ့ပြန်လိုက်သည်။
ဒီလူက... သူမရဲ့ သွေးခုန်နှုန်းကို စမ်းသပ်နေတာလား။
စစ်ယွီတစ်ယောက် ပြန်မဖြေတာကိုမြင်တော့ ပဉ္စမသခင်လုက စိတ်ထဲမထားဘဲ သူ့လက်ချောင်းအောက်က သွေးခုန်နှုန်းကို ဆက်လက်စမ်းသပ်နေခဲ့သည်။ "မင်း အခု သောက်နေတဲ့ဆေးက အထောက်အကူမဖြစ်ဘူး။ သောက်နေတာကို ရပ်လိုက်ပါ။"
သူသည် ထိုသို့ပြောပြီးနောက် စစ်ယွီသောက်သော တရုတ်တိုင်းရင်းဆေးကို တစ်မျိုးပြီးတစ်မျိုး ရွတ်ပြသွားသည်။ စစ်ယွီမှာ နားထောင်လေလေ အံ့သြလေလေ ဖြစ်သည်။ ဘာဖြစ်လို့လဲဆိုတော့ ထိုလူပြောသွားသမျှမှာ တစ်ချက်လေးတောင် လွဲမနေဘဲ အကုန်မှန်နေသောကြောင့်ပင်။ မဟုတ်သေးဘူးလေ... ဒါဟာ သွေးခုန်နှုန်းလေးတစ်ခုပဲ။ သွေးခုန်နှုန်း စမ်းတာကနေ ဘယ်လိုဆေးမျိုးတွေ သောက်လေ့ရှိလဲ သိနိုင်ဖို့ဆိုတာ တကယ်ဖြစ်နိုင်ပါ့မလား။
မသိစိတ်ထဲတွင်၊ သူမ၏နှလုံးသားထဲမှ ပဉ္စမသခင်လု၏ ပုံရိပ်သည် "ယုတ္တိမရှိသော စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေသူ" မှ "ယုတ္တိမရှိသော်လည်း၊ ကျွမ်းကျင်မှုရှိသည့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသည့်လူ" အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ သို့သော်၊ သူ၏ ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုမှာ ထူးခြားပုံပေါက်နေသော်လည်း စစ်ယွီ၏ နားထဲတွင်၊ ထိုအကြောင်းအရာသည် သူမ ထိုလူနှင့် ဝေးဝေးနေရမည့် အကြောင်းပြချက်ထဲက တစ်ခုဟုသာ ကြားမိလေသည်။
"ကျွန်မ ဒီဆေးတွေကို အမြဲသောက်ခဲ့တာ။ ဒီထက် ပိုစျေးကြီးတာ ဘာမှမတတ်နိုင်ဘူး။ အခု ရှင် ကျွန်မကို လွှတ်ပေးလို့ရပြီ..."
စစ်ယွီသည် သူမ၏ လက်ကောက်ဝတ်ကို ရွှေ့လိုက်သော်လည်း လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ပေ။
ထိတ်လန့်နေသော သဘောထားဖြင့် သူ့ကို ရှောင်လိုက်ခြင်းကြောင့် ပဉ္စမသခင်လုမှာ မပျော်တော့ပေ။ သို့သော် သူသည် တစ်နှစ်ပတ်လုံး တရားထိုင်လာသည်ဖြစ်ရာ သူ့နှလုံးသားထဲတွင် လှိုင်းလုံးကြီးကြီးတစ်ခုရှိနေလျှင်ပင် အခြားသူများ မမြင်နိုင်ပေ။ ထို့ကြောင့် သူသည် ပေါ့ပေါ့ပါးပါးသာ ပြောလိုက်သည် "အဲ့ဒီ အညံ့စားထုတ်ကုန်တွေ စားသုံးနေတာ အသုံးမဝင်ဘူး။ နောက်ကျ မင်းဆီကို အရည်အသွေးမြင့် ပစ္စည်းတချို့ပို့ပေးဖို့ ရှင်းကျိုးကို ခိုင်းလိုက်မယ်။"
ပဉ္စမသခင်လုသည် မည်သည့်အမျိုးသမီးကိုမျှ အနားကပ်ခွင့်မပြုခဲ့ပေ။ သို့သော် အခုတော့ စစ်ယွီကို သူ့လက်ထဲသို့ ဆွဲသွင်းလိုက်ရာတွင် မကြိုက်သည့် ခံစားချက်မျိုး ထွက်ပေါ်မလာဘဲ ကျေနပ်မှုကိုပင် ခံစားနေရသည် — ဒါပေါ့၊ သူက စစ်ယွီကို ကျေနပ်တာမဟုတ်ဘဲ သူမရဲ့ အေးစက်တဲ့ ခန္ဓာကိုယ်အပူချိန်ကို ကျေနပ်တာပါ။ သူမကို ဆုပ်ကိုင်လိုက်တဲ့အခါ အရမ်းသက်တောင့်သက်သာရှိပြီး သူ့အတွက် သီးသန့်ပြင်ဆင်ထားတဲ့အရာလိုမျိုး ပူလောင်နေတဲ့ အပူတွေကို ထိရောက်စွာ သက်သာစေနိုင်ပေသည်။
သူ အလွန်ကြိုက်ခဲ့သည့် အဖြူရောင်စကျင်ကျောက်ကဲ့သို့ပင်၊ ပဉ္စမသခင်လုသည် အစားထိုးဆေးကို ရှာမတွေ့နိုင်ခင်တွင် ဤကဲ့သို့ အေးမြသည့် ကလေးမလေးကို လူသားအအေးခန်းအဖြစ် ထိန်းသိမ်းနိုင်မည်ဟု တွေးခဲ့သည်။ နောက်ဆုံးတော့၊ အသက်ရှင်နေတဲ့လူတွေက အသက်မဲ့နေတဲ့ အရာဝတ္ထုတွေထက် အမြဲတမ်း ပိုစိတ်ဝင်စားဖို့ ကောင်းတာပဲလေ။
ထို့နောက် သူက ဘေးကို ကြည့်လိုက်ပြီး အသံမထွက်ဘဲ သူရဲ့ ဖြစ်တည်မှုလေးကို လျော့ချဖို့ ကြိုးစားနေတဲ့ လုရှင်းကျိုးကို ကြည့်လိုက်သည်။ "ရှင်းကျိုး၊ ငါပြောတာ ကြားလား။"
ပဉ္စမသခင်လု၏ စကားကို ကြားတော့ လုရှင်းကျိုးက ပြန်မဖြေသေးခင်မှာပင် စစ်ယွီမှာ အရင်ဆုံး ထိတ်လန့်နေပြီဖြစ်သည်။ သူတို့ နောက်ထပ် တွေ့ကြဦးမယ်လို့ ပြောချင်တာလား။ မဟုတ်ဘူးနော်၊ ငါမတွေ့ချင်ဘူး ..
စိတ်ဆိုးသောကြောင့် စစ်ယွီသည် ကယောင်ကတမ်း စကားအနည်းငယ် ထွက်သွား၏။ "မဟုတ်တာ မလိုပါဘူး၊ မလိုပါဘူး၊ ရှင်သာ ကျွန်မနဲ့ ဝေးဝေးနေသရွေ့..."
သူမသည် ဤနတ်ဆိုးကြီးနှင့် ဝေးကွာနေသရွေ့ ကံကောင်းခြင်းတွေကို စုပ်ယူပြီး ချက်ချင်း အသက်ရှင်နိုင်မည်သာ ဖြစ်သည်။
***
Zawgyi
အခန္း (၁၅) (က)
စစ္ယြီသည္ လု႐ွင္းက်ိဳး႐ွိေနသည္ကို သတိမထားမိေပ။ ထိုအခ်ိန္တြင္ သူမ၏ခါးကို အရပ္႐ွည္႐ွည္နဲ႔လူက ေပြ႕ဖက္ထားသျဖင့္ လက္ေတြ႕က်က်ပင္ သူမ၏တစ္ကိုယ္လုံးသည္ ထိုလူ၏ရင္ခြင္ထဲသို႔ နစ္ျမဳပ္သြားခဲ့သည္။ ဤမွ်နီးကပ္ေသာအကြာအေဝးတြင္ သူမသည္ ပၪၥမသခင္လု၏ ခႏၶာကိုယ္မွ နံ႔သာျဖဴနံ႔ကိုပင္ အနံ႔ရခဲ့သည္။ အနံ႔သည္ ေပါ့ပါးေသာ္လည္း အလြန္ႏွစ္သက္ဖြယ္ပင္။
သို႔ေသာ္ အေရးႀကီးဆုံးမွာ စစ္ယြီသည္ သူမသာ ဒီမွာ ၾကာၾကာ ဆက္ေနမည္ဆိုပါက ေသြးအန္လြန္းၿပီး ေသတဲ့အထိ ျဖစ္သြားလိမ့္မယ္လို႔ ခံစားေနရ၏။
"ေနပါဦး... အဟြတ္... အဟြတ္... ခ်ေပးပါဦး..." စစ္ယြီတစ္ေယာက္ စကားစေျပာသည္ႏွင့္ ေခ်ာင္းဆိုးလာၿပီး ေသြးေတြပါပါလာကာ အသံက ျပတ္ေတာက္သြားခဲ့သည္။ သူမ၏ ခန္႔ညားထည္ဝါေသာ အျပဳအမူကို ထိန္းရန္ အလြန္ႀကိဳးစားခဲ့ပါေသာ္လည္း ပၪၥမသခင္လု၏ နားထဲသို႔ ေရာက္႐ွိသြားေသာ အသံေလးမွာ ႏူးညံ့ ေစးကပ္ေနသည္။ ၿခိမ္းေျခာက္ဟန္႔တားႏိုင္သည့္ ခြန္အားမ်ိဳး စိုးစဥ္းမွ် ႐ွိမေနပါေခ်။
သူမ တကယ္ေနလို႔မေကာင္း ျဖစ္ေနေသာေၾကာင့္ စစ္ယြီသည္ မသိစိတ္က ပၪၥမသခင္လု၏ လက္အား တင္းတင္းၾကပ္ၾကပ္ ဆုပ္ကိုင္ထားၿပီး အသက္႐ွဴသြင္းလိုက္ရသည္။ သူမသည္ လြတ္လပ္ခ်င္ေသာေၾကာင့္ ႐ုန္းကန္လိုက္ခ်င္ေသာ္လည္း သူမ၏ ေျခေထာက္မ်ားမွာ ေလထဲေရာက္ေနေသာေၾကာင့္ ခြန္အားကို မစုစည္းႏိုင္ေတာ့ေပ။ သူမခါး႐ွိ လက္မွာ သံထည္ႀကီးလိုပင္။ သူမေျခေထာက္ေတြကို ဘယ္ေလာက္ပဲ ယက္ကန္ယက္ကန္လုပ္ေနပါေစ၊ ထိုပုံစံက မလြတ္ခဲ့ေပ။ စစ္ယြီမွာ ေသြးအန္ၿပီးေနာက္ ခြန္အားမ်ားစြာ မက်န္ေတာ့ဘူးျဖစ္သည္။ ဒီလို ႐ုန္းကန္ၿပီးေနာက္ သူမ နည္းနည္းေလးေတာင္ ဆက္မလႈပ္ႏိုင္ေတာ့ေပ။ သူမ၏လက္ႏွစ္ဖက္အား ပၪၥမသခင္လု၏ ရင္ဘတ္ကို ေထာက္ကန္ထားဖို႔ အသုံးျပဳလိုက္ၿပီး သူမတို႔ၾကား႐ွိ အကြာအေဝးကို ပိုက်ယ္သြားေစဖို႔ ႀကိဳစားလိုက္၏။ သူမ၏ ျငင္းဆန္လိုမႈကို တိတ္တဆိတ္ ဆႏၵျပေနျခင္းပင္။
သို႔ေသာ္... ဘာထိေရာက္မႈမွ မ႐ွိခဲ့ပါ။
အင္အားသုံး၍ မရေသာအခါ ႐ွင္သန္လိုစိတ္ျပင္းျပေသာ စစ္ယြီေလးသည္ ဒီလူအား စကားလုံးမ်ားျဖင့္ စိတ္ေပ်ာ့သြားေအာင္ လုပ္သင့္သည္ဟု မွန္းဆလိုက္သည္။ သူမသည္ အသနားခံသည့္ အသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။ "ေက်းဇူးျပဳၿပီး ကြၽန္မနဲ႔ ခြာေပးလို႔ရမလား... အဟြတ္ အဟြတ္ အဟြတ္... ဒီလိုမ်ိဳး အဟြတ္... အဟြတ္... အသက္႐ႈလို႔ မဝေတာ့ဘူး...."
သူမသည္ စကားေကာင္းေကာင္း မေျပာႏိုင္ဘဲ အႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးေနခဲ့သည္။ ကံဆိုးမႈေတြက သူမကို တင္းတင္းၾကပ္ၾကပ္ ဝိုင္းရံထားၾက၏။ ထိုေယာက်္ား၏ ခန္႔ညားလွေသာ ေလထုသည္ သူမႏွလုံးသားထဲသို႔ လက္မတစ္လွမ္းခ်င္း တိုးဝင္လာခဲ့သည္။ စစ္ယြီသည္ ဤမွ် ျပင္းထန္ၿပီး ဖိအားေပးႏိုင္ေသာ အ႐ွိန္အဝါကို တစ္ခါမွ် မၾကဳံဖူးခဲ့ေပ။ သူမ ႏွလုံးမွာ အ႐ွိန္မထိန္းႏိုင္ဘဲ ျမန္လာသည္ကို ခံစားလိုက္ရ၏— သူမ ေၾကာက္လန္႔သြားခဲ့သည္။
အတိတ္ဘဝ ဒါမွမဟုတ္ ဒီဘဝမွာေတာင္မွ သူမက ဥပေဒကို လိုက္နာတဲ့ ႏိုင္ငံသားေကာင္းတစ္ဦးျဖစ္ၿပီး ဆို႐ွယ္လစ္စနစ္ရဲ႕ အရည္အခ်င္းျပည့္မီေသာ ဆက္ခံသူေလးပါ။ သူမက ေန႔တိုင္း အသိစိတ္႐ွိ႐ွိနဲ႔ အိမ္မွာပဲေနၿပီး ေကာမစ္ေတြပဲ ေရးေနခဲ့တာပါ။ လႊမ္းမိုးခ်ဳပ္ကိုင္ႏိုင္တဲ့ ဥကၠဌတစ္ေယာက္ရဲ႕ ေခြးေသြးဇာတ္လမ္းကို သူမ ႀကိဳက္တယ္ဆိုေပမဲ့၊ အဲ့လိုလူတစ္ေယာက္ကို သူမဘဝမွာ ေတြ႕ခ်င္တယ္လို႔ ေျပာတာ မဟုတ္ဘူးေလ။
ဒီလိုေတြးလိုက္ေသာအခါ စစ္ယြီရဲ႕ မ်က္လုံးေလးမ်ားသည္ ဒီစိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ႏွိပ္စက္မႈႀကီးေၾကာင့္ မေက်မနပ္ျဖစ္ကာ နီရဲသြားခဲ့သည္။ သူမသည္ 'သခင္ႀကီး၊ ကြၽန္မကို သြားခြင့္ေပးပါ' လို႔ ေအာ္ၿပီးငိုလုနီးပါးပင္။ သို႔ေသာ္ သူမ၏ ပါးစပ္ကေတာ့ ႐ိႈက္သံေလး အနည္းငယ္သာ ထြက္လာခဲ့သည္။
...... ေၾကာင္ေလးတစ္ေကာင္ တေျမာင္ေျမာင္ ေအာ္ေနသလိုေလးပင္။
ေနာက္ဆုံး႐ုန္းကန္မႈရဲ႕ သနားစရာေကာင္းလွေသာ အသြင္အျပင္သည္ ပၪၥမသခင္လု၏ စိတ္ဝင္စားမႈကို လႈပ္ခတ္သြားေစခဲ့၏။ သူ ငုံ႔ၾကည့္လိုက္ေသာအခါ ကေလးမေလး၏ ဗာဒံေစ့ပုံသ႑ာန္ မ်က္လုံးမ်ား နီရဲေနၿပီး မ်က္လုံးမ်ား႐ွိ ေၾကာက္႐ြံ႕မႈတို႔မွာ အလြန္ထင္႐ွားေနသျဖင့္ သူ မျမင္ခ်င္ေယာင္ေဆာင္လို႔ေတာင္ မရေပ။ ထို႔အျပင္ ဟိုတစ္ေခါက္ကတည္းက စစ္ယြီ၏ ေသြးအန္ေနသည့္ အသြင္အျပင္ကို သူျမင္ဖူးၿပီးသားျဖစ္သည္။ ပၪၥမသခင္လုသည္ ေသြးထြက္သံယိုကိစၥမ်ားကို ျမင္ဖူးေသာေၾကာင့္ စစ္ယြီဟန္ေဆာင္ေနတာ မဟုတ္ေၾကာင္း သူေျပာႏိုင္ေပသည္။
"မင္းေနမေကာင္းဘူးလား။" ေနာက္ဆုံးေတာ့ ပၪၥမသခင္လုသည္ စစ္ယြီကို ေျမျပင္ေပၚသို႔ ျပန္ခ်ေပးလိုက္သည္။ သို႔ေသာ္ စစ္ယြီ၏ "ကြၽန္မနဲ႔ နည္းနည္း ေဝးေဝး ေနေပးပါ။" ဟူေသာ ေတာင္းဆိုခ်က္ကိုေတာ့ ပၪၥမသခင္လုသည္ တစ္ခါမွ်မၾကားမိသလို ျပဳမူေနသည္။ သူသည္ ထိုလူကို မတြန္းထုတ္႐ုံသာမက သူ႕လက္ကိုသုံးၿပီး စစ္ယြီနဲ႔ အနည္းငယ္ ပိုၿပီး နီးကပ္ေစလိုက္သည္။
ေျမႀကီးႏွင့္ ေျခေထာက္ ထိမိသြားၿပီျဖစ္ေသာ စစ္ယြီသည္ သက္ျပင္းတစ္ခ်က္ေတာင္ မခ်ရေသးမီ ထိုေယာက်္ား၏ ရင္ခြင္ႏွင့္ နီးေအာင္ ခ်က္ခ်င္း ဆြဲယူခံလိုက္ရ၏။ တစ္ခ်ိန္တည္းမွာပင္ သူမ၏ မ်က္ႏွာတြင္ အံၾသေသာ အၾကည့္တစ္ခ်က္ ေပၚလာခဲ့သည္။
ဤ႐ႈပ္ေထြးေသာ အမူအရာေလးသည္ ပၪၥမသခင္လုကို ရယ္ေမာသြားခ်င္ေစပုံရ၏။ သူ႕ႏႈတ္ခမ္းေပၚတြင္ အျပဳံးခပ္ေရးေရး ေပၚလာခဲ့သည္။ ႏုနယ္ေသာ တိရစၧာန္ေလးသည္ ႏိုးႏိုးၾကားၾကား႐ွိတာ ေကာင္းေသာ္လည္း မုဆိုးက သူတို႔ရဲ႕သားေကာင္ကို လႊတ္ေပးလိမ့္မည္ဟု ယုံၾကည္ေနျခင္းကေတာ့ ႏုံခ်ာေပသည္။
ထို႔ေနာက္ ပၪၥမသခင္လုသည္ စိတ္ပုတီးကို ကိုင္ထားဆဲျဖစ္ေသာ သူ႕လက္ကို စစ္ယြီဆီသို႔ ဆန္႔ထုတ္ေပးလိုက္သည္။ သူ႕လက္ဖဝါးကို ျဖန္႔ၿပီး ေျပာလိုက္သည္။ "မင္းရဲ႕ ညာဘက္လက္ကို ဆန္႔လိုက္"
သူ႕ေလသံမွာ ညီညာသည္။ အမိန္႔တစ္ခု မဟုတ္ေပမဲ့ အမိန္႔တစ္ခုထက္ မ်ားစြာသာလြန္ေနသည္။ စစ္ယြီအံ့ဩသြားရ၏။ သူမ ေခါင္းငုံ႔ၾကည့္လိုက္ေတာ့ ဆန္႔ထားတဲ့လက္က လွပေျပျပစ္ၿပီး အႏုပညာလက္ရာတစ္ခုလိုပင္။ သို႔ေသာ္ ဒီအခ်ိန္မွာ စစ္ယြီသည္ ဒါကို ဂ႐ုစိုက္ဖို႔ စိတ္မ်ိဳး ဘယ္လိုလုပ္ၿပီး ႐ွိေနပါ့မလဲ။ သူမ စိတ္ထဲတြင္ လ်င္ျမန္စြာ ေပ်ာက္ကြယ္သြားသည့္ အေတြးမ်ားျဖင့္သာ ျပည့္ေနသည္။ သူမ ျငင္းဆန္လိုက္ခ်င္ေသာ္လည္း သူမေ႐ွ႕႐ွိ လူ၏ ေဘးပတ္လည္မွ ေလမ်ားသည္ ေအးစက္သြားကာ သူမခႏၶာကိုယ္ေပၚ႐ွိ အေမႊးမ်ားအားလုံးပင္ ေထာင္သြားေၾကာင္းကို ႐ုတ္တရက္ သိလိုက္ရသည္။
စစ္ယြီသည္ ပၪၥမသခင္လု၏ ကိုယ္ေပၚက သူမ၏အသက္ကို လိုခ်င္ေနသည့္ ထိုႀကီးမားေသာ ကံမေကာင္းမႈႀကီးကို ေၾကာက္႐ြံ႕ေနမိသည္။ ဤအခိုက္အတန္႔တြင္ သူမသည္ တုန္လႈပ္သြားကာ ပို၍ပင္ ေၾကာက္လန္႔လာခဲ့သည္။ မသိစိတ္က သူ႕စကားကို နာခံလိုက္ၿပီး ညာဘက္လက္ကို သူ႕လက္ဖဝါးေပၚမွာ တင္လိုက္သည္။
သူတို႔၏ အေရျပားမ်ားသည္ ခ်က္ခ်င္းဆိုသလို အခ်င္းခ်င္း ထိမိသြားၾက၏။ မခံႏိုင္ေလာက္ေအာင္ ပူေလာင္ေနသည့္ ခံစားခ်က္သည္ စစ္ယြီကို အံ့အားသင့္ေစခဲ့ျပန္သည္။ ၎သည္ သူမအား ခ်က္ခ်င္းပင္ ကမ႓ာႀကီးေပၚသို႔ ျပန္ေရာက္သြားေစသလိုပင္။ ထို႔ေနာက္တြင္ သူမသည္ ငတုံးအလုပ္တစ္ခုကို လုပ္မိေၾကာင္း သတိထားမိလိုက္သည္ — စစ္ယြီသည္ သူမလက္ကို အလ်င္စလို ျပန္ဆြဲထုတ္ရန္ ႀကိဳးစားေသာ္လည္း အခ်ိန္ေႏွာင္းသြားခဲ့သည္။ ပၪၥမသခင္လု၏ လက္ဖဝါးပိတ္လိုက္ၿပီးေနာက္တြင္ သူသည္ သူမ၏ ပါးလႊာေသာ လက္ေကာက္ဝတ္ကို အားမစိုက္ဘဲ လွည့္လိုက္သည္။ သူ႕လက္ညိဳးႏွင့္ လက္ခလယ္ကို တြဲပိတ္ကာ စစ္ယြီ၏ ေသြးခုန္ႏႈန္းေပၚ ဖိခ်လိုက္၏။
"ခ်ီနဲ႔ ေသြး ႏွစ္မ်ိဳးလုံး ခ်ိဳ႕တဲ့တာေၾကာင့္ ယင္နဲ႔ယန္ မညီမွ်မႈကို ျဖစ္ေစတယ္။ အသက္အႏၲရာယ္ မ႐ွိေပမဲ့ ပုံမွန္အခ်ိန္ေတြမွာ အဆင္မေျပမႈေတြ အမ်ားႀကီး ႐ွိလာေစတယ္။ မင္းက ဒီလိုမ်ိဳးပဲ ေမြးဖြားလာတာလား။" ပၪၥမသခင္လုသည္ စစ္ယြီ၏ အသက္ေသြးေၾကာကို စစ္ေဆးေနဆဲျဖစ္သည္။ သူမ၏ အသက္တံခါးေလးကို တျခားသူက စမ္းသပ္ေနသည့္အတြက္ စစ္ယြီမွာ ႐ုတ္တရက္ လႈပ္႐ွားရမွာေတာင္ ေၾကာက္မိသြား၏။ အစကေတာ့ ပၪၥမသခင္လုရဲ႕ ေမးခြန္းကို ၾကားလိုက္ရေသာအခါ သူမ ခဏတာ အံ့ၾသသြားမိၿပီးမွ ျပန္တုံ႔ျပန္လိုက္သည္။
ဒီလူက... သူမရဲ႕ ေသြးခုန္ႏႈန္းကို စမ္းသပ္ေနတာလား။
စစ္ယြီတစ္ေယာက္ ျပန္မေျဖတာကိုျမင္ေတာ့ ပၪၥမသခင္လုက စိတ္ထဲမထားဘဲ သူ႕လက္ေခ်ာင္းေအာက္က ေသြးခုန္ႏႈန္းကို ဆက္လက္စမ္းသပ္ေနခဲ့သည္။ "မင္း အခု ေသာက္ေနတဲ့ေဆးက အေထာက္အကူမျဖစ္ဘူး။ ေသာက္ေနတာကို ရပ္လိုက္ပါ။"
သူသည္ ထိုသို႔ေျပာၿပီးေနာက္ စစ္ယြီေသာက္ေသာ တ႐ုတ္တိုင္းရင္းေဆးကို တစ္မ်ိဳးၿပီးတစ္မ်ိဳး ႐ြတ္ျပသြားသည္။ စစ္ယြီမွာ နားေထာင္ေလေလ အံ့ၾသေလေလ ျဖစ္သည္။ ဘာျဖစ္လို႔လဲဆိုေတာ့ ထိုလူေျပာသြားသမွ်မွာ တစ္ခ်က္ေလးေတာင္ လြဲမေနဘဲ အကုန္မွန္ေနေသာေၾကာင့္ပင္။ မဟုတ္ေသးဘူးေလ... ဒါဟာ ေသြးခုန္ႏႈန္းေလးတစ္ခုပဲ။ ေသြးခုန္ႏႈန္း စမ္းတာကေန ဘယ္လိုေဆးမ်ိဳးေတြ ေသာက္ေလ့႐ွိလဲ သိႏိုင္ဖို႔ဆိုတာ တကယ္ျဖစ္ႏိုင္ပါ့မလား။
မသိစိတ္ထဲတြင္၊ သူမ၏ႏွလုံးသားထဲမွ ပၪၥမသခင္လု၏ ပုံရိပ္သည္ "ယုတၱိမ႐ွိေသာ စိတ္ပိုင္းဆိုင္ရာခ်ိဳ႕ယြင္းေနသူ" မွ "ယုတၱိမ႐ွိေသာ္လည္း၊ ကြၽမ္းက်င္မႈ႐ွိသည့္ စိတ္ပိုင္းဆိုင္ရာ ခ်ိဳ႕ယြင္းေနသည့္လူ" အျဖစ္သို႔ ေျပာင္းလဲသြားခဲ့သည္။ သို႔ေသာ္၊ သူ၏ ေဆးဘက္ဆိုင္ရာကြၽမ္းက်င္မႈမွာ ထူးျခားပုံေပါက္ေနေသာ္လည္း စစ္ယြီ၏ နားထဲတြင္၊ ထိုအေၾကာင္းအရာသည္ သူမ ထိုလူႏွင့္ ေဝးေဝးေနရမည့္ အေၾကာင္းျပခ်က္ထဲက တစ္ခုဟုသာ ၾကားမိေလသည္။
"ကြၽန္မ ဒီေဆးေတြကို အၿမဲေသာက္ခဲ့တာ။ ဒီထက္ ပိုေစ်းႀကီးတာ ဘာမွမတတ္ႏိုင္ဘူး။ အခု ႐ွင္ ကြၽန္မကို လႊတ္ေပးလို႔ရၿပီ..."
စစ္ယြီသည္ သူမ၏ လက္ေကာက္ဝတ္ကို ေ႐ႊ႕လိုက္ေသာ္လည္း လြတ္လြတ္လပ္လပ္ မလႈပ္႐ွားႏိုင္ေပ။
ထိတ္လန္႔ေနေသာ သေဘာထားျဖင့္ သူ႕ကို ေ႐ွာင္လိုက္ျခင္းေၾကာင့္ ပၪၥမသခင္လုမွာ မေပ်ာ္ေတာ့ေပ။ သို႔ေသာ္ သူသည္ တစ္ႏွစ္ပတ္လုံး တရားထိုင္လာသည္ျဖစ္ရာ သူ႕ႏွလုံးသားထဲတြင္ လိႈင္းလုံးႀကီးႀကီးတစ္ခု႐ွိေနလွ်င္ပင္ အျခားသူမ်ား မျမင္ႏိုင္ေပ။ ထို႔ေၾကာင့္ သူသည္ ေပါ့ေပါ့ပါးပါးသာ ေျပာလိုက္သည္ "အဲ့ဒီ အညံ့စားထုတ္ကုန္ေတြ စားသုံးေနတာ အသုံးမဝင္ဘူး။ ေနာက္က် မင္းဆီကို အရည္အေသြးျမင့္ ပစၥည္းတခ်ိဳ႕ပို႔ေပးဖို႔ ႐ွင္းက်ိဳးကို ခိုင္းလိုက္မယ္။"
ပၪၥမသခင္လုသည္ မည္သည့္အမ်ိဳးသမီးကိုမွ် အနားကပ္ခြင့္မျပဳခဲ့ေပ။ သို႔ေသာ္ အခုေတာ့ စစ္ယြီကို သူ႕လက္ထဲသို႔ ဆြဲသြင္းလိုက္ရာတြင္ မႀကိဳက္သည့္ ခံစားခ်က္မ်ိဳး ထြက္ေပၚမလာဘဲ ေက်နပ္မႈကိုပင္ ခံစားေနရသည္ — ဒါေပါ့၊ သူက စစ္ယြီကို ေက်နပ္တာမဟုတ္ဘဲ သူမရဲ႕ ေအးစက္တဲ့ ခႏၶာကိုယ္အပူခ်ိန္ကို ေက်နပ္တာပါ။ သူမကို ဆုပ္ကိုင္လိုက္တဲ့အခါ အရမ္းသက္ေတာင့္သက္သာ႐ွိၿပီး သူ႕အတြက္ သီးသန္႔ျပင္ဆင္ထားတဲ့အရာလိုမ်ိဳး ပူေလာင္ေနတဲ့ အပူေတြကို ထိေရာက္စြာ သက္သာေစႏိုင္ေပသည္။
သူ အလြန္ႀကိဳက္ခဲ့သည့္ အျဖဴေရာင္စက်င္ေက်ာက္ကဲ့သို႔ပင္၊ ပၪၥမသခင္လုသည္ အစားထိုးေဆးကို ႐ွာမေတြ႕ႏိုင္ခင္တြင္ ဤကဲ့သို႔ ေအးျမသည့္ ကေလးမေလးကို လူသားအေအးခန္းအျဖစ္ ထိန္းသိမ္းႏိုင္မည္ဟု ေတြးခဲ့သည္။ ေနာက္ဆုံးေတာ့၊ အသက္႐ွင္ေနတဲ့လူေတြက အသက္မဲ့ေနတဲ့ အရာဝတၳဳေတြထက္ အၿမဲတမ္း ပိုစိတ္ဝင္စားဖို႔ ေကာင္းတာပဲေလ။
ထို႔ေနာက္ သူက ေဘးကို ၾကည့္လိုက္ၿပီး အသံမထြက္ဘဲ သူရဲ႕ ျဖစ္တည္မႈေလးကို ေလ်ာ့ခ်ဖို႔ ႀကိဳးစားေနတဲ့ လု႐ွင္းက်ိဳးကို ၾကည့္လိုက္သည္။ "႐ွင္းက်ိဳး၊ ငါေျပာတာ ၾကားလား။"
ပၪၥမသခင္လု၏ စကားကို ၾကားေတာ့ လု႐ွင္းက်ိဳးက ျပန္မေျဖေသးခင္မွာပင္ စစ္ယြီမွာ အရင္ဆုံး ထိတ္လန္႔ေနၿပီျဖစ္သည္။ သူတို႔ ေနာက္ထပ္ ေတြ႕ၾကဦးမယ္လို႔ ေျပာခ်င္တာလား။ မဟုတ္ဘူးေနာ္၊ ငါမေတြ႕ခ်င္ဘူး ..
စိတ္ဆိုးေသာေၾကာင့္ စစ္ယြီသည္ ကေယာင္ကတမ္း စကားအနည္းငယ္ ထြက္သြား၏။ "မဟုတ္တာ မလိုပါဘူး၊ မလိုပါဘူး၊ ႐ွင္သာ ကြၽန္မနဲ႔ ေဝးေဝးေနသေ႐ြ႕..."
သူမသည္ ဤနတ္ဆိုးႀကီးႏွင့္ ေဝးကြာေနသေ႐ြ႕ ကံေကာင္းျခင္းေတြကို စုပ္ယူၿပီး ခ်က္ခ်င္း အသက္႐ွင္ႏိုင္မည္သာ ျဖစ္သည္။