အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-12.2

902 113 0
By Miracle_Phyu97

အခန်း (၁၂) (ခ)

ပုံသုံးပုံထွက်လာခဲ့ပြီး တစ်ခုချင်းစီမှာ ရှေ့က တစ်ပုံထက် ပိုပြင်းထန်ပေသည်။ သူတို့သည် ပရိသတ်အား ဤလှပသော မိန်းကလေးသည် သူမ၏ဘဝအဆုံးသတ်ရောက်နေပြီလို့ ထပ်ခါထပ်ခါ ပြောနေသကဲ့သို့ပင်။ သူမ၏အလှသည် နှင်းဆီတစ်ပွင့်လို ပွင့်လန်းနေသော်လည်း နှင်းဆီအစစ်တစ်ပွင့် ဖြစ်ဖို့တော့ ညှိုးရော်လွန်းနေ၏။ နှင်းဆီညှိုးနွမ်းသွားတဲ့နေ့သည် သူမ၏ နောက်ဆုံးနေ့ရက်ပဲ ဖြစ်ပေသည်။

ကျီလင်း၏ ဖန်များမှာ ထိုပုံသုံးပုံအား စိုက်ကြည့်နေမိကြ၏။ သူတို့ဆဲဆိုဖို့ ပြင်ထားခဲ့သော စကားလုံးမျကို ပြနမျိုချလိုက်ကြရသည်။ ထိုအချိန်တွင် သူတို့သည် ကျီလင်းအတွက် လက်စားချေပေးဖို့ကိုပင် မေ့လျောသွားကြသည်။ သူတို့ကိုယ်သူတို့ မထိန်းနိုင်ဘဲ ထိုပုံသုံးပုံအား ထပ်ခါထပ်ခါကြည့်မိနေကြသည်။ သူတို့၏စိတ်ထဲတွင် ထိတ်လန့်နေမှု‌မှာ စကားလုံးများဖြင့်ပင် ဖော်ပြ၍မရနိုင်ပေ။

ဒါကြီးက အစစ်အတိုင်းပဲ၊ ဒါက တကယ့်အစစ်အတိုင်းပဲ။ မော်ဒယ်လေးက သရုပ်ဆောင်နေတာ မဟုတ်ဘူး ဟုတ်တယ်မလား။ သူတို့သည် ထိုဖြူဖျော့ပြီး ဖျားနာနေသော မိန်းကလေးအား မြင်လိုက်ရချိန်တွင် မထိန်းနိုင်တော့ဘဲ ငိုချင်စိတ်များ ဖြစ်လာကြသည်။ မိတ်ကပ်လိမ်း၊ ဓာတ်ပုံရိုက်ပြီး တည်းဖြတ်ထားရုံလောက်နဲ့တော့ ဒီလိုအရည်အသွေးမျိုး မရနိုင်ဘူး။ ဖြစ်နိုင်တာက အဲ့ဒီမော်ဒယ်လေးကိုယ်တိုင်က နေမကောင်းနေတာများလား။

ဖန်များသည် [ဖက်ရှင်တရားဝင်အကောင့်] အား နောက်ထပ်အကြောင်းအရာများကို မမေးဘဲ မနေနိုင်ကြတော့ပေ။ သူတို့သည် လေထိုးထည့်လိုက်သလိုပင် မှတ်ချက်ရေးသောနေရာသို့ ဤကဲ့သို့သော မေးခွန်းများဖြင့် အလုံးအရင်း ချီတက်လာကြ၏ : "မော်ဒယ် ရှောင်ကျဲကျဲရဲ့ ကျန်းမာရေးက ဘယ်လိုအခြေအနေလဲ။" သို့သော် သူတို့၏ အပြုအမူများကြောင့် [ဖက်ရှင်အိုင်ကွန်၏ တရားဝင်အကောင့်] သည် ကြောက်လန့်သွားပုံပေါ်သည်။ နောက်ဆုံးတွင် တရားဝင်သတိပေးစာတစ်ခု ထွက်လာခဲ့ရသည်။ "စိတ်အေးအေးထားကြပါ၊ ရှောင်ကျဲကျဲက အခု အဆင်ပြေနေပါတယ်။"

သူမ နေကောင်းတယ်ဆိုရင် ကောင်းတာပါပဲ။ ဖန်များသည် စိတ်အေးသွားရသော်လည်း လှုပ်လှုပ်ရွရွဖြစ်သွားကြပြီး မကြာခင်မှာပင် အမြင်စူးရှသော မိန်းမငယ်လေးတစ်ယောက်သည် ပုံအားသေချာစိုက်ကြည့်ကာ တွေးလိုက်၏။ 'အာ ဒီမော်ဒယ်ရဲ့ မျက်နှာက ရင်းနှီးနေသလိုပဲ။ ငါ သူမကို မြင်ဖူးသလိုပါပဲ --- ဒါ ဒါက သိပ်မကြာခင်တုန်းက ဝေ့ပေါ်မှာ ရှာဖွေမှုစာရင်းဝင်သွားခဲ့တဲ့ "ကားအောက်ကနေ ကလေးလေးကို ကယ်ခဲ့တဲ့ နတ်သမီးလေး" ထဲက ကောင်မလေးမဟုတ်လား။'

[ကျီကောကို ဒီနေ့ ရှူရှိုက်ပြီးပြီ]: ညီအစ်မတို့ ကြည့်ကြစမ်း... ဗီဒီယိုရဲ့ အရည်အသွေးက သိပ်မကောင်းပေမဲ့ ‌ဒီမော်ဒယ် ရှောင်ကျဲကျဲက ကားဘီးအောက်ကနေ ကလေးကို ကယ်ခဲ့တဲ့ ကောင်မလေးနဲ့ အတူတူပဲဆိုတာ သေချာမြင်နိုင်သေးတယ်။ သူတို့က တစ်ယောက်တည်းပဲ။ ပြီးတော့ မင်းတို့ကြည့်လိုက်ကြစမ်း၊ ရှောင်ကျဲကျဲက ကလေးကို ကယ်ပြီးတော့ သွေးအန်ခဲ့သေးတယ်။ အခု ငါ သူမရဲ့ကျန်းမာရေးကို စိတ်ပူလာမိပြီ... ပုံထဲကသွေးတွေက အတုတွေနဲ့ မတူဘူးလို့ မင်းတို့ မထင်မိကြဘူးလား...

ထိုမှတ်ချက်သည် အကြီးအကျယ် မွှေသွားခဲ့ပြီး ဖန်တွေကို စက္ကန့်အနည်းငယ်လောက် ကြောင်အ,သွားစေခဲ့၏။ ထို့နောက် သူတို့သည် အရင်တုန်းက နာမည်ကြီးသွားတဲ့ ကယ်ဆယ်တဲ့ ဗီဒီယိုအား အလျင်အမြန် ပြန်ရှာကြတော့သည်။ ရလဒ်ကတော့ သူတို့က တကယ်ကြီး တစ်ယောက်တည်းပဲတဲ့...

၎င်းသည် အကြီးအကျယ် အော်ဟစ်စေခဲ့၏။ အလွန်အမင်း ထိတ်လန့်နေကြသော မိန်းကလေးငယ် အများအပြားသည် ပျားလေးများကဲ့သို့ပင် ကျိုးစစ်ယွီ၏ ဝေ့ပေါ်အကောင့်သို့ ဝိုင်းအုံလာကြ၏။ သို့သော် ကျိုးစစ်ယွီ၏ ဝေ့ပေါ် မှာ ဗလာသာဖြစ်နေပြီး ဖန်များသည် သူမအား သီးသန့်မက်ဆေ့ချ်များ အဆက်မပြတ်ပို့ကြတော့သည်။ ဤစိုးရိမ်မှု၏ စွမ်းဆောင်ချက်သည် ဖန်များအား သူတို့သည် သိပ်မကြာခင်က သူတို့ပြောဆိုခဲ့သည့် ဤနာမည်မရှိသော မော်ဒယ်လေး၏ ဖန်များ မဟုတ်ဘဲ ကျီလင်း၏ အသေခံဖန်လေးများဖြစ်သည်ကိုပင် မေ့လျော့သွားစေခဲ့၏။

ကိစ္စများကို စုစည်းသွားစေခဲ့သော ဖန်ကလပ်၏ စွမ်းဆောင်မှုမှာ ကြောက်ခမန်းလိလိပင်ဖြစ်သည်။ သိပ်မကြာခင်က တစ်ခြားကောင်မလေးတစ်ယောက်သည်လည်း ထိုလူကယ်နေသည့် ဗီဒီယိုအောက်မှ [ဖက်ရှင်အိုင်ကွန်၏ တရားဝင်အကောင့်] ၏ ကိုယ်ပိုင်မှတ်ချက်ကို သတိထားမိသွားခဲ့သည်။ ထိုမှတ်ချက်သည် စစ်ယွီ၏ ကျန်းမာရေးမှာ တစ်ချိန်လုံး အကောင်းဘက်တွင် ရှိမနေဟု ရေးထားခဲ့သည်။ ရှုတင်အတွင်းမှာ သွေးအန်ခဲ့သော ကိစ္စရပ်များပင် ရှိခဲ့သည်ဟုလည်း ဖော်ပြထားပြီး ပြီးတဲ့အထိ ဆက်ရိုက်ဖို့ သူမကိုယ်သူမ အလုပ်ထဲ စိတ်နှစ်ထားခဲ့သည်ဟုလည်း ပြောထား၏။

ဤဖက်ရှင်အိုင်ကွန်၏ ကိုယ်ပိုင်အကောင့်တွင် V တပ်ထားသည်ကိုလည်း တွေ့ရ၏။ ထို့ကြောင့် ဒီလူသည် သေချာပေါက်ကို အတွင်းပိုင်း ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး သူ့စကားများမှာ မှန်နိုင်ချေများပေသည်။ ဖန်များသည် ဒါကိုတွေ့သော အခါ တွေးမိလိုက်ကြ၏ 'ဒါက ငါတို့ခုနက ခန့်မှန်းနေတာတွေကို မှန်တယ်လို့ပြောပေးလိုက်တာ မဟုတ်ဘူးလား?' သေချာပေါက်ကိုပဲ။ စစ်ယွီက နေမကောင်းနေတုန်း အလုပ်လုပ်ခဲ့တာ။ ပုံတွေက အရမ်းကိုအစစ်အမှန်လိုဖြစ်နေတာ မအံ့ဩတော့ပါဘူး သူမက တစ်ချိန်လုံး နေမကောင်းဖြစ်နေခဲ့တာပဲ ..

[မဒမ်ကျီဆိုတဲ့အထဲမှာပါတဲ့ ကျီပါ] : အိုးမိုင်ဂေါ့... စစ်ယွီရှောင်ကျဲကျဲက တကယ့်ပဲ ကိုယ့်ကိုယ်ကို နှစ်မြှုပ်ထားတာပဲ။ မင်းနေမကောင်းဘူးဆိုရင် အများကြီးအနားယူဖို့ သတိရပါဦး...

[တရားဝင် အသိအမှတိပြုခံထားရတဲ့ 'မား'ဖန်] : ငါကျိန်ရဲတယ် အစက ကျီကောရဲ့ မျက်နှာဖုံး စာမျက်နှာနေရာကို ခိုးယူသွားလို့ ဒီကောင်မလေးကို ငါ စုတ်ဖြဲပစ်ချင်ခဲ့တာ။ ဒါပေမဲ့ အခုတော့ ငါသိသွားပြီ စစ်ယွီကျဲကျဲ ဆေးဝါးများ ပြတ်လပ်နေသေးလား။ တစ်ယောက်ယောင်ကို ကယ်တင်ဖို့ သူ့အသက်ကိုတောင် အဓိကမထားခဲ့တဲ့ ဒီလိုနတ်သမီးလေးက တခြားလူဆီက ခိုးယူတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ပြီးတော့ ဒီရာသီအတွက် ပုံစံလေးက သူမနဲ့အရမ်းလိုက်တယ်လို့ ငါထင်တယ်။ ငါအခု တကယ်စိတ်ဆင်းရဲနေပြီ။ တကယ်လို့ ရှုတင်ကို ကျီကောက ပြောင်းခဲ့တာဆိုရင် ဒီဟာကို ဒုတိယအကြိမ်ထပ်မကြည့်ရဲတော့မှာ ငါကြောက်မိနေပြီ။ 

***

Zawgyi

အခန္း (၁၂) (ခ)

ပုံသုံးပုံထြက္လာခဲ့ၿပီး တစ္ခုခ်င္းစီမွာ ေ႐ွ႕က တစ္ပုံထက္ ပိုျပင္းထန္ေပသည္။ သူတို႔သည္ ပရိသတ္အား ဤလွပေသာ မိန္းကေလးသည္ သူမ၏ဘဝအဆုံးသတ္ေရာက္ေနၿပီလို႔ ထပ္ခါထပ္ခါ ေျပာေနသကဲ့သို႔ပင္။ သူမ၏အလွသည္ ႏွင္းဆီတစ္ပြင့္လို ပြင့္လန္းေနေသာ္လည္း ႏွင္းဆီအစစ္တစ္ပြင့္ ျဖစ္ဖို႔ေတာ့ ညိႇဳးေရာ္လြန္းေန၏။ ႏွင္းဆီညိႇဳးႏြမ္းသြားတဲ့ေန႔သည္ သူမ၏ ေနာက္ဆုံးေန႔ရက္ပဲ ျဖစ္ေပသည္။

က်ီလင္း၏ ဖန္မ်ားမွာ ထိုပုံသုံးပုံအား စိုက္ၾကည့္ေနမိၾက၏။ သူတို႔ဆဲဆိုဖို႔ ျပင္ထားခဲ့ေသာ စကားလုံးမ်ကို ျပနမ်ိဳခ်လိုက္ၾကရသည္။ ထိုအခ်ိန္တြင္ သူတို႔သည္ က်ီလင္းအတြက္ လက္စားေခ်ေပးဖို႔ကိုပင္ ေမ့ေလ်ာသြားၾကသည္။ သူတို႔ကိုယ္သူတို႔ မထိန္းႏိုင္ဘဲ ထိုပုံသုံးပုံအား ထပ္ခါထပ္ခါၾကည့္မိေနၾကသည္။ သူတို႔၏စိတ္ထဲတြင္ ထိတ္လန္႔ေနမႈ‌မွာ စကားလုံးမ်ားျဖင့္ပင္ ေဖာ္ျပ၍မရႏိုင္ေပ။

ဒါႀကီးက အစစ္အတိုင္းပဲ၊ ဒါက တကယ့္အစစ္အတိုင္းပဲ။ ေမာ္ဒယ္ေလးက သ႐ုပ္ေဆာင္ေနတာ မဟုတ္ဘူး ဟုတ္တယ္မလား။ သူတို႔သည္ ထိုျဖဴေဖ်ာ့ၿပီး ဖ်ားနာေနေသာ မိန္းကေလးအား ျမင္လိုက္ရခ်ိန္တြင္ မထိန္းႏိုင္ေတာ့ဘဲ ငိုခ်င္စိတ္မ်ား ျဖစ္လာၾကသည္။ မိတ္ကပ္လိမ္း၊ ဓာတ္ပုံ႐ိုက္ၿပီး တည္းျဖတ္ထား႐ုံေလာက္နဲ႔ေတာ့ ဒီလိုအရည္အေသြးမ်ိဳး မရႏိုင္ဘူး။ ျဖစ္ႏိုင္တာက အဲ့ဒီေမာ္ဒယ္ေလးကိုယ္တိုင္က ေနမေကာင္းေနတာမ်ားလား။

ဖန္မ်ားသည္ [ဖက္႐ွင္တရားဝင္အေကာင့္] အား ေနာက္ထပ္အေၾကာင္းအရာမ်ားကို မေမးဘဲ မေနႏိုင္ၾကေတာ့ေပ။ သူတို႔သည္ ေလထိုးထည့္လိုက္သလိုပင္ မွတ္ခ်က္ေရးေသာေနရာသို႔ ဤကဲ့သို႔ေသာ ေမးခြန္းမ်ားျဖင့္ အလုံးအရင္း ခ်ီတက္လာၾက၏ : "ေမာ္ဒယ္ ေ႐ွာင္က်ဲက်ဲရဲ႕ က်န္းမာေရးက ဘယ္လိုအေျခအေနလဲ။" သို႔ေသာ္ သူတို႔၏ အျပဳအမူမ်ားေၾကာင့္ [ဖက္႐ွင္အိုင္ကြန္၏ တရားဝင္အေကာင့္] သည္ ေၾကာက္လန္႔သြားပုံေပၚသည္။ ေနာက္ဆုံးတြင္ တရားဝင္သတိေပးစာတစ္ခု ထြက္လာခဲ့ရသည္။ "စိတ္ေအးေအးထားၾကပါ၊ ေ႐ွာင္က်ဲက်ဲက အခု အဆင္ေျပေနပါတယ္။"

သူမ ေနေကာင္းတယ္ဆိုရင္ ေကာင္းတာပါပဲ။ ဖန္မ်ားသည္ စိတ္ေအးသြားရေသာ္လည္း လႈပ္လႈပ္႐ြ႐ြျဖစ္သြားၾကၿပီး မၾကာခင္မွာပင္ အျမင္စူး႐ွေသာ မိန္းမငယ္ေလးတစ္ေယာက္သည္ ပုံအားေသခ်ာစိုက္ၾကည့္ကာ ေတြးလိုက္၏။ 'အာ ဒီေမာ္ဒယ္ရဲ႕ မ်က္ႏွာက ရင္းႏွီးေနသလိုပဲ။ ငါ သူမကို ျမင္ဖူးသလိုပါပဲ --- ဒါ ဒါက သိပ္မၾကာခင္တုန္းက ေဝ့ေပၚမွာ ႐ွာေဖြမႈစာရင္းဝင္သြားခဲ့တဲ့ "ကားေအာက္ကေန ကေလးေလးကို ကယ္ခဲ့တဲ့ နတ္သမီးေလး" ထဲက ေကာင္မေလးမဟုတ္လား။'

[က်ီေကာကို ဒီေန႔ ႐ွဴ႐ိႈက္ၿပီးၿပီ]: ညီအစ္မတို႔ ၾကည့္ၾကစမ္း... ဗီဒီယိုရဲ႕ အရည္အေသြးက သိပ္မေကာင္းေပမဲ့ ‌ဒီေမာ္ဒယ္ ေ႐ွာင္က်ဲက်ဲက ကားဘီးေအာက္ကေန ကေလးကို ကယ္ခဲ့တဲ့ ေကာင္မေလးနဲ႔ အတူတူပဲဆိုတာ ေသခ်ာျမင္ႏိုင္ေသးတယ္။ သူတို႔က တစ္ေယာက္တည္းပဲ။ ၿပီးေတာ့ မင္းတို႔ၾကည့္လိုက္ၾကစမ္း၊ ေ႐ွာင္က်ဲက်ဲက ကေလးကို ကယ္ၿပီးေတာ့ ေသြးအန္ခဲ့ေသးတယ္။ အခု ငါ သူမရဲ႕က်န္းမာေရးကို စိတ္ပူလာမိၿပီ... ပုံထဲကေသြးေတြက အတုေတြနဲ႔ မတူဘူးလို႔ မင္းတို႔ မထင္မိၾကဘူးလား...

ထိုမွတ္ခ်က္သည္ အႀကီးအက်ယ္ ေမႊသြားခဲ့ၿပီး ဖန္ေတြကို စကၠန္႔အနည္းငယ္ေလာက္ ေၾကာင္အ,သြားေစခဲ့၏။ ထို႔ေနာက္ သူတို႔သည္ အရင္တုန္းက နာမည္ႀကီးသြားတဲ့ ကယ္ဆယ္တဲ့ ဗီဒီယိုအား အလ်င္အျမန္ ျပန္႐ွာၾကေတာ့သည္။ ရလဒ္ကေတာ့ သူတို႔က တကယ္ႀကီး တစ္ေယာက္တည္းပဲတဲ့...

၎သည္ အႀကီးအက်ယ္ ေအာ္ဟစ္ေစခဲ့၏။ အလြန္အမင္း ထိတ္လန္႔ေနၾကေသာ မိန္းကေလးငယ္ အမ်ားအျပားသည္ ပ်ားေလးမ်ားကဲ့သို႔ပင္ က်ိဳးစစ္ယြီ၏ ေဝ့ေပၚအေကာင့္သို႔ ဝိုင္းအုံလာၾက၏။ သို႔ေသာ္ က်ိဳးစစ္ယြီ၏ ေဝ့ေပၚ မွာ ဗလာသာျဖစ္ေနၿပီး ဖန္မ်ားသည္ သူမအား သီးသန္႔မက္ေဆ့ခ်္မ်ား အဆက္မျပတ္ပို႔ၾကေတာ့သည္။ ဤစိုးရိမ္မႈ၏ စြမ္းေဆာင္ခ်က္သည္ ဖန္မ်ားအား သူတို႔သည္ သိပ္မၾကာခင္က သူတို႔ေျပာဆိုခဲ့သည့္ ဤနာမည္မ႐ွိေသာ ေမာ္ဒယ္ေလး၏ ဖန္မ်ား မဟုတ္ဘဲ က်ီလင္း၏ အေသခံဖန္ေလးမ်ားျဖစ္သည္ကိုပင္ ေမ့ေလ်ာ့သြားေစခဲ့၏။

ကိစၥမ်ားကို စုစည္းသြားေစခဲ့ေသာ ဖန္ကလပ္၏ စြမ္းေဆာင္မႈမွာ ေၾကာက္ခမန္းလိလိပင္ျဖစ္သည္။ သိပ္မၾကာခင္က တစ္ျခားေကာင္မေလးတစ္ေယာက္သည္လည္း ထိုလူကယ္ေနသည့္ ဗီဒီယိုေအာက္မွ [ဖက္႐ွင္အိုင္ကြန္၏ တရားဝင္အေကာင့္] ၏ ကိုယ္ပိုင္မွတ္ခ်က္ကို သတိထားမိသြားခဲ့သည္။ ထိုမွတ္ခ်က္သည္ စစ္ယြီ၏ က်န္းမာေရးမွာ တစ္ခ်ိန္လုံး အေကာင္းဘက္တြင္ ႐ွိမေနဟု ေရးထားခဲ့သည္။ ႐ႈတင္အတြင္းမွာ ေသြးအန္ခဲ့ေသာ ကိစၥရပ္မ်ားပင္ ႐ွိခဲ့သည္ဟုလည္း ေဖာ္ျပထားၿပီး ၿပီးတဲ့အထိ ဆက္႐ိုက္ဖို႔ သူမကိုယ္သူမ အလုပ္ထဲ စိတ္ႏွစ္ထားခဲ့သည္ဟုလည္း ေျပာထား၏။

ဤဖက္႐ွင္အိုင္ကြန္၏ ကိုယ္ပိုင္အေကာင့္တြင္ V တပ္ထားသည္ကိုလည္း ေတြ႕ရ၏။ ထို႔ေၾကာင့္ ဒီလူသည္ ေသခ်ာေပါက္ကို အတြင္းပိုင္း ဝန္ထမ္းတစ္ေယာက္ျဖစ္ၿပီး သူ႕စကားမ်ားမွာ မွန္ႏိုင္ေခ်မ်ားေပသည္။ ဖန္မ်ားသည္ ဒါကိုေတြ႕ေသာ အခါ ေတြးမိလိုက္ၾက၏ 'ဒါက ငါတို႔ခုနက ခန္႔မွန္းေနတာေတြကို မွန္တယ္လို႔ေျပာေပးလိုက္တာ မဟုတ္ဘူးလား?' ေသခ်ာေပါက္ကိုပဲ။ စစ္ယြီက ေနမေကာင္းေနတုန္း အလုပ္လုပ္ခဲ့တာ။ ပုံေတြက အရမ္းကိုအစစ္အမွန္လိုျဖစ္ေနတာ မအံ့ဩေတာ့ပါဘူး သူမက တစ္ခ်ိန္လုံး ေနမေကာင္းျဖစ္ေနခဲ့တာပဲ ..

[မဒမ္က်ီဆိုတဲ့အထဲမွာပါတဲ့ က်ီပါ] : အိုးမိုင္ေဂါ့... စစ္ယြီေ႐ွာင္က်ဲက်ဲက တကယ့္ပဲ ကိုယ့္ကိုယ္ကို ႏွစ္ျမႇဳပ္ထားတာပဲ။ မင္းေနမေကာင္းဘူးဆိုရင္ အမ်ားႀကီးအနားယူဖို႔ သတိရပါဦး...

[တရားဝင္ အသိအမွတိျပဳခံထားရတဲ့ 'မား'ဖန္] : ငါက်ိန္ရဲတယ္ အစက က်ီေကာရဲ႕ မ်က္ႏွာဖုံး စာမ်က္ႏွာေနရာကို ခိုးယူသြားလို႔ ဒီေကာင္မေလးကို ငါ စုတ္ၿဖဲပစ္ခ်င္ခဲ့တာ။ ဒါေပမဲ့ အခုေတာ့ ငါသိသြားၿပီ စစ္ယြီက်ဲက်ဲ ေဆးဝါးမ်ား ျပတ္လပ္ေနေသးလား။ တစ္ေယာက္ေယာင္ကို ကယ္တင္ဖို႔ သူ႕အသက္ကိုေတာင္ အဓိကမထားခဲ့တဲ့ ဒီလိုနတ္သမီးေလးက တျခားလူဆီက ခိုးယူတယ္ဆိုတာ မျဖစ္ႏိုင္ဘူး။ ၿပီးေတာ့ ဒီရာသီအတြက္ ပုံစံေလးက သူမနဲ႔အရမ္းလိုက္တယ္လို႔ ငါထင္တယ္။ ငါအခု တကယ္စိတ္ဆင္းရဲေနၿပီ။ တကယ္လို႔ ႐ႈတင္ကို က်ီေကာက ေျပာင္းခဲ့တာဆိုရင္ ဒီဟာကို ဒုတိယအႀကိမ္ထပ္မၾကည့္ရဲေတာ့မွာ ငါေၾကာက္မိေနၿပီ။ 

Continue Reading

You'll Also Like

217K 36.2K 97
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
4.7M 524K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...