အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-12.1

1K 109 0
By Miracle_Phyu97

အခန်း (၁၂) (က)

ယနေ့ညတွင် ကျီလင်း၏ မရေမတွက်နိုင်သော ဖန်လေးများသည် ဖက်ရှင် အော်ဖစ်ရှယ် ဘလော့ဂ်အား အနီးကပ် စောင့်ကြည့်နေကြပြီး ပင်မစာမျက်နှာအား ခဏခဏ ဆွဲနေကြ၏။ မဂ္ဂဇင်း အသစ်ထွက်မည့် ကြော်ငြာချက်အား စိတ်လှုပ်ရှားစွာ စောင့်နေကြခြင်းပင်။

<<ဖက်ရှင်အိုင်ကွန်>> သည် တရုတ်တွင် ထိပ်တန်းဖက်ရှင် မဂ္ဂဇင်းတစ်ခုဖြစ်သည်။ လွန်ခဲ့သည့် လအနည်းငယ်လောက်က သူတို့သည် သူတို့နှင့် အတူ လက်တွဲ အလုပ်လုပ်ရန် ကျီလင်းအား ဖိတ်ခေါ်ထားကြောင်း ပြောခဲ့၏။ ဖန်များက ထိုသတင်းကို ကြားသောအခါ အလွန်စိတ်လှုပ်ရှားခဲ့ကြသည်။ ဘာပဲပြောပြော ' ကျီလင်း' လို့ခေါ်တဲ့လူက ဗုဒ္ဓလိုပဲလေ။ သူက အရမ်းပေါ်ပြူလာဖြစ်ပေမဲ့ မလုပ်မနေလုပ်ရတဲ့ အလုပ်တွေကလွဲရင် ကျန်တဲ့ရသစုံလင်ရှိုးတွေနဲ့ စီးပွားဖြစ်လှုပ်ရှားမှုတွေဆို တစ်ခါတစ်လေလေးမှသာ ဝင်ပါတတ်သည်။ သူပြောခဲ့သည်မှာ , အဲ့အချိန်အတွင်း ဂိမ်းဆော့နေတာက ပိုမကောင်းဘူးလား။ ဘာကြောင့်များ ကျွန်တော်က ကျွန်တော့်ကိုယ်ကျွန်တော် နှိပ်စက်နေရမှာလဲ။

ဖန်အများစုသည် ကျီလင်းအသက် ‌ဆယ့်ငါးနှစ်ထဲက ကျီလင်းတစ်ယောက် အောင်မြင်မှုဆီသို့ တစ်လှမ်းချင်းတက်လာသည့် ခရီးကို အတူလိုက်ပါလာကြသူများဖြစ်သည်။ ၎င်းသည် ပါပီလေး ကျီလင်း၏ 'အားလုံး အေးဆေး‌ပေါ့ ' ဆိုသည့် ပုံစံအပေါ် အချစ်အမုန်းခံစားချက် ရောထွေးနေသော ကျီလင်းအား မျက်စိကျနေသည့် မိန်းကလေးဖန်များအား သက်ရောက်သွားစေခဲ့သည်။ နောက်ဆုံးမှာတော့ သူတို့သည် အကူအညီမဲ့စွာပင် သူလုပ်ချင်ရာလုပ်ဖို့ လွှတ်ထားလိုက်ရတော့သည်: ကောင်းပြီ ကောင်းပြီ။ နင်ပျော်နေ‌သရွေ့ပေါ့။ ဘယ်သူကများ နင့်ကို အဲ့လောက် ချစ်ဖို့ကောင်းခိုင်းနေလို့လဲ...

အခုတော့ ကျီလင်း၏ ပူးပေါင်းလုပ်ဆောင်မှု အရေးကြီး သတင်းအား စောင့်နိုင်ဖို့ မလွယ်ကူပါချေ။ ကျီလင်း၏ ဖန်များသည် စိတ်လှုပ်ရှားမှုများဖြင့် ချက်ချင်းပဲ ပေါက်ကွဲထွက်လာကြ၏ --- ဝယ်မယ် ဝယ်မယ် ဝယ်မယ်။ ဒီရာသီရဲ့ << ဖက်ရှင်အိုင်ကွန် >> က ငါတို့ရဲ့ ကျီလေးနဲ့ စာချုပ်ချုပ်ထားတာဟေး။

ကျီလင်း၏ ဖက်ရှင်နှင့် ပက်သက်လို့ အမြဲတမ်း ဖုံးကွယ်ပြီး ထူးထူးခြားခြား သရုပ်ဆောင်တတ်သည့် ပုံရိပ်ကြောင့်ဖြစ်မည်။ ဖန်အားလုံးမှာ ကျီလင်း၏ ပုံသည် သေချာပေါက် မျက်နှာဖုံးစာမျက်နှာတွင် ပါလိမ့်မည်ဟု ထင်ခဲ့ကြ၏။ ထို့ကြောင့် သူတို့တွေးထားသည့် အတွေးများကြောင့်ပင် သူတို့သည် ဓာတ်ပုံများ ထုတ်ဝေလာမည်ကို စောင့်ရင်း သူတို့၏ ဝေ့ပေါ်အကောင့်များကို သေချာကြည့်နေကြသည်။ အဲ့ဒါမှသာ သူတို့သည် ပုံများကို မြန်မြန်သိမ်းပြီး ကျီလင်း၏ ချောမောသော မျက်နှာလေးကို လျက်နိုင်မှာဖြစ်သည်။

ထိုသို့ဖြစ်ကြပြီးနောက် ညရှစ်နာရီတွင် ဖုန်းရှန့်သည် ကြေညာချက်တစ်ခုကို တင်ခဲ့သည်။ သို့သော် တစ်ချက်လေးကြည့်ရုံနှင့်ပင် ဖန်များမှာ စိတ်ပျက်သွားကြရ၏။

[ဖက်ရှင်တရားဝင်အကောင့်]: ချမ်း... ချမ်း... ချမ်း ~~ << ဖက်ရှင်အိုင်ကွန် >>အသစ်ကို နောက်တစ်ပတ် ထုတ်ဝေမယ်လို့ ခန့်မှန်းထားပါတယ်။ ဒီတစ်ခေါက် ပုံစံအတွက် မျက်နှာဖုံး စာမျက်နှာကတော့ 'နှင်းဆီတွေ ညှိုးနွမ်းသွားတဲ့နေ့' ပဲဖြစ်ပြီး အဲ့ဒါက အိပ်ပျော်နေတဲ့ အလှလေးရဲ့ ကျက်သရေရှိလှတဲ့ နောက်ဆုံးအချိန်ကို ပြထားတာပဲ ဖြစ်ပါတယ်။ မော်ဒယ်ရှောင်ကျဲကျဲ @ကျိုးစစ်ယွီယွီယွီ ကြိုးစားအားထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။

*ချမ်း... ချမ်း... ချမ်း... ဆိုတာ အသံပါ။

နေပါဦး... ကျီလင်းနဲ့ ပူးပေါင်းလုပ်ဆောင်မှာဆို။ မျက်နှာဖုံး စာမျက်နှာအတွက် သတင်းက ဘာကြီးတုန်း။ ကြိုတင်အသိပေးချက်မှာ သူ့နာမည်ကို ဘာဖြစ်လို့ မန်းရှင်းမထားရတာလဲ။ ကောင်မလေးဖန်များသည် ချက်ချင်း ဒေါသထွက်လာကြ၏။ စောက်ပေါလုပ်မနေနဲ့။ ပြီးတော့ အဲ့ဒီနာမည်တောင် မရှိတဲ့ အဆင့်၁၈ မော်ဒယ်လေး ကျိုးစစ်ယွီယွီယွီကရော ဘယ်က ပါလာတာလဲ။ ငါတို့ သူ့နာမည်ကို‌ ကြားတောင် မကြားဖူးဘူးလေ။

အဲ့ဒီ ဖက်ရှင်အိုင်ကွန်ရဲ့ ဦးနှောက်ကို မြည်းတစ်ကောင်က ကန်ခံလိုက်ရတာလား။ သူတို့က မျက်နှာဖုံးစာမျက်နှာအတွက် ကျီလင်းရဲ့ပုံကို အဲ့ဒီမော်ဒယ်လေးနဲ့ တကယ်ကြီး ပြောင်း‌ပစ်လိုက်တယ်ပေါ့။

ဖန်များသည် နှာမှုတ်လိုက်ကြပြီး ပရိုမိုးရှင်းအတွက် ဝေ့ပေါ် တွင်တင်ထားသည့် ပုံများကို နှိပ်ကြည့်လိုက်ကြသည်။ လူကြိုက်အများဆုံး စူပါစတားလေး ကျီလင်းကိုတောင် တွန်းချနိုင်လိုက်တဲ့ လူက ဘယ်လောက်တောင် အရည်အချင်းရှိနေလို့လဲဆိုတာ သူတို့လည်း ကြည့်ချင်နေသေးသည်။ ဒါမှမဟုတ်ရင် အဲ့မိန်းမက နောက်က ထောက်ပံ့သူကြီး တစ်ယောက်ယောက် ရှိနေလို့လဲ ဖြစ်ရင်ဖြစ်မှာပေါ့။

လူပေါင်းများစွာသည် တူညီသောအတွေးများကို တွေးမိကြပြီး ပုံကိုဖွင့်ကြည့်လိုက်သောအခါ --- သူတို့အကုန်လုံး တိတ်ဆိတ်သွားကြရသည်။

[ဖက်ရှင်တရားဝင်အကောင့်]: အရည်အသွေး အကောင်းစား ပုံသုံးပုံ တင်ထားခဲ့သည်။ ပထမပုံတွင် စစ်ယွီသည် သူမမျက်နှာတွင် အပြုံးလေးတစ်ခုနှင့် ကင်မရာဘက်သို့ နည်းနည်းလှည့်နေပြီး ပန်းတွေကြားမှာထိုင်ကာ လက်ထဲတွင် အနီရောင်နှင်းဆီပန်းအား လှည့်နေသည်။ သူမ၏အသားအရည်မှာ သိသိသာသာကို ကျန်းမာရေးမကောင်းဘဲ ဖြူဖျော့နေ၏။ သို့သော် ၎င်းမှာ မိတ်ကပ်ဖြင့် ပြုပြင်ထားသည့် အတုအယောင် ဖျားနာနေသည့် ပုံစံမဟုတ်ဘဲ ထိုအစား သူမတွင် အလွန်သဘာဝကျပြီး စစ်မှန်သည့်ပုံစံ ရှိနေသည်။ သေဆုံးခြင်း၏ အရိပ်အယောင် အားနည်းခြင်းနှင့် စွမ်းအင်မရှိခြင်း၏ ခံစားချက်တို့မှာ ကင်မရာမှန်အား ဖောက်ထွက်လာတော့မလိုပင်။ သူမနှုတ်ခမ်းတွင် အပြုံးတစ်ခု ချိတိဆွဲထားစဉ်တွင် နူးညံ့သော မျက်ခုံးလေးမှာ အနည်းငယ်ကြုံ့နေပြီး မျက်ဝန်းတို့မှာ သောကများဖြင့် ပြည့်နေ၏။

ဒုတိယပုံတွင် စစ်ယွီသည် ကင်မရာရှေ့တွင် ဒူးထောက်ထား၏။ လက်နှစ်ဖက်လုံးသည် သူမအား မြေပြင်ပေါ်တွင် အင်အားမဲ့စွာ ထောက်ကူထားပြီး ညှိုးနွမ်းနေသော ‌နှင်းဆီတစ်ပွင့်က ဘေးမှာရှိနေသည်။ သူမ၏ နှုတ်ခမ်းထောင့်မှ ကျနေသောသွေးများသည် ဖြူစွတ်နေသော အင်္ကျီအား အနီရောင် စွန်းထင်းသွားစေပြီး နှင်းဆီ၏ ပွင့်ချပ်များထံ ကျဆင်းသွားသည်။ သူမ၏ အခုအခြေအနေသည် ပျံသန်းမှုအဆုံးက မြှားတစ်စင်းလို ဖြစ်နေကြောင်း မျက်စိကောင်းသူတိုင်း တွေ့နိုင်ပေသည်။ သူမ၏ဘဝသည်လည်း ခြောက်သွေ့နေသော နှင်းဆီပန်းလေးကဲ့သို့ပင်။ သို့သော် လူတွေကို အံ့အားသင့်စေသည့်အချက်မှာ ပုံထဲမှ ထုတ်လွှတ်နေသော သေဆုံးခြင်းအာရုံမှာ ပြင်းထန်လွန်းလှ၍ လူများအား ဤအရာသည် ဖုန်းထဲက ဓာတ်ပုံလေးတစ်ပုံပဲဆိုတာကိုတောင် မေ့လျော့သွားစေသည်။ ထိုအရာသည် လူများအား သူတို့၏လက်များကိုဆန့်ထုတ်ပြီး ဤနူးညံ့လှသည့်လူသားလေးအား စောင့်ရှောက်ပေးချင်သော ရှုပ်ထွေးသည့်စိတ်ခံစားချက်များကိုပင် ဖြစ်ပေါ်လာစေခဲ့၏။

တတိယပုံတွင် ပန်းအစုအဝေးကြီးထဲမှ နှင်းဆီများအားလုံးသည် ခြောက်သွေ့နေကြသည်။ စစ်ယွီသည် သွေးရောင်ကောဇောကဲ့သို့ ဖြစ်နေသည့် နှင်းဆီပွင့်ဖတ်များအပြည့် ဖြန့်ကျဲထားသည့်အပေါ်တွင် လဲလျောင်းနေ၏။ သူမမျက်နှာမှ သွေးစီးကြောင်းနှင့် ဝတ်စုံမှာ အလွန်အမင်း မျက်စိဖမ်းစားနေသည်။ ကောင်းကင်ပေါ်သို့ တစ်ဝက်လောက်မြှောက်ထားသည့် သူမ၏လက်ကလေးနှင့် လက်ချောင်းများ အနည်းငယ် ကွေးနေပုံမှာ တစ်ခုခုကို ဖမ်းဆုပ်ချင်နေသလိုဖြစ်နေသော်လည်း သူမလက်ထဲမှာတော့ ဘာမျှမရှိပေ။ ထို့ကြောင့် သူမ၏အနက်ရောင်မျက်ဝန်းများထဲမှ မျှော်လင့်ချက်များသည် တစ်စတစ်စ ပျောက်ကွယ်သွားပြီး နောက်ဆုံးတွင် မလှုပ်မယှက်နှင့် တိတ်ဆိတ်လာခဲ့ရသည်။ သူမသည် သူမ၏သေခြင်းတရားကို လက်ခံလိုက်ပုံပေါ်ပြီး နောက်ဆုံးတစ်ကြိမ်အနေနှင့် ကမ္ဘာကြီးအား ပြုံးပြလိုက်၏။ သို့သော် ထိုအပြုံးသည် လေးလံနေခြင်း ဝိုးတစ်ဝါးဖြစ်နေခြင်းမရှိတော့ဘဲ စိတ်သက်သာရာရသွားခြင်းနှင့် လွတ်လပ်သော ခံစားချက်တို့သာ ပါဝင်နေခဲ့သည်။ သူမသည် စင်စစ် ကမ္ဘာကြီးမှ ထွက်ခွာသွားတော့မည့် လူတစ်ယောက်လိုပင်။ 

***

Zawgyi

အခန္း (၁၂) (က)

ယေန႔ညတြင္ က်ီလင္း၏ မေရမတြက္ႏိုင္ေသာ ဖန္ေလးမ်ားသည္ ဖက္႐ွင္ ေအာ္ဖစ္႐ွယ္ ဘေလာ့ဂ္အား အနီးကပ္ ေစာင့္ၾကည့္ေနၾကၿပီး ပင္မစာမ်က္ႏွာအား ခဏခဏ ဆြဲေနၾက၏။ မဂၢဇင္း အသစ္ထြက္မည့္ ေၾကာ္ျငာခ်က္အား စိတ္လႈပ္႐ွားစြာ ေစာင့္ေနၾကျခင္းပင္။

<<ဖက္႐ွင္အိုင္ကြန္>> သည္ တ႐ုတ္တြင္ ထိပ္တန္းဖက္႐ွင္ မဂၢဇင္းတစ္ခုျဖစ္သည္။ လြန္ခဲ့သည့္ လအနည္းငယ္ေလာက္က သူတို႔သည္ သူတို႔ႏွင့္ အတူ လက္တြဲ အလုပ္လုပ္ရန္ က်ီလင္းအား ဖိတ္ေခၚထားေၾကာင္း ေျပာခဲ့၏။ ဖန္မ်ားက ထိုသတင္းကို ၾကားေသာအခါ အလြန္စိတ္လႈပ္႐ွားခဲ့ၾကသည္။ ဘာပဲေျပာေျပာ ' က်ီလင္း' လို႔ေခၚတဲ့လူက ဗုဒၶလိုပဲေလ။ သူက အရမ္းေပၚျပဴလာျဖစ္ေပမဲ့ မလုပ္မေနလုပ္ရတဲ့ အလုပ္ေတြကလြဲရင္ က်န္တဲ့ရသစုံလင္႐ိႈးေတြနဲ႔ စီးပြားျဖစ္လႈပ္႐ွားမႈေတြဆို တစ္ခါတစ္ေလေလးမွသာ ဝင္ပါတတ္သည္။ သူေျပာခဲ့သည္မွာ , အဲ့အခ်ိန္အတြင္း ဂိမ္းေဆာ့ေနတာက ပိုမေကာင္းဘူးလား။ ဘာေၾကာင့္မ်ား ကြၽန္ေတာ္က ကြၽန္ေတာ့္ကိုယ္ကြၽန္ေတာ္ ႏွိပ္စက္ေနရမွာလဲ။

ဖန္အမ်ားစုသည္ က်ီလင္းအသက္ ‌ဆယ့္ငါးႏွစ္ထဲက က်ီလင္းတစ္ေယာက္ ေအာင္ျမင္မႈဆီသို႔ တစ္လွမ္းခ်င္းတက္လာသည့္ ခရီးကို အတူလိုက္ပါလာၾကသူမ်ားျဖစ္သည္။ ၎သည္ ပါပီေလး က်ီလင္း၏ 'အားလုံး ေအးေဆး‌ေပါ့ ' ဆိုသည့္ ပုံစံအေပၚ အခ်စ္အမုန္းခံစားခ်က္ ေရာေထြးေနေသာ က်ီလင္းအား မ်က္စိက်ေနသည့္ မိန္းကေလးဖန္မ်ားအား သက္ေရာက္သြားေစခဲ့သည္။ ေနာက္ဆုံးမွာေတာ့ သူတို႔သည္ အကူအညီမဲ့စြာပင္ သူလုပ္ခ်င္ရာလုပ္ဖို႔ လႊတ္ထားလိုက္ရေတာ့သည္: ေကာင္းၿပီ ေကာင္းၿပီ။ နင္ေပ်ာ္ေန‌သေ႐ြ႕ေပါ့။ ဘယ္သူကမ်ား နင့္ကို အဲ့ေလာက္ ခ်စ္ဖို႔ေကာင္းခိုင္းေနလို႔လဲ...

အခုေတာ့ က်ီလင္း၏ ပူးေပါင္းလုပ္ေဆာင္မႈ အေရးႀကီး သတင္းအား ေစာင့္ႏိုင္ဖို႔ မလြယ္ကူပါေခ်။ က်ီလင္း၏ ဖန္မ်ားသည္ စိတ္လႈပ္႐ွားမႈမ်ားျဖင့္ ခ်က္ခ်င္းပဲ ေပါက္ကြဲထြက္လာၾက၏ --- ဝယ္မယ္ ဝယ္မယ္ ဝယ္မယ္။ ဒီရာသီရဲ႕ << ဖက္႐ွင္အိုင္ကြန္ >> က ငါတို႔ရဲ႕ က်ီေလးနဲ႔ စာခ်ဳပ္ခ်ဳပ္ထားတာေဟး။

က်ီလင္း၏ ဖက္႐ွင္ႏွင့္ ပက္သက္လို႔ အၿမဲတမ္း ဖုံးကြယ္ၿပီး ထူးထူးျခားျခား သ႐ုပ္ေဆာင္တတ္သည့္ ပုံရိပ္ေၾကာင့္ျဖစ္မည္။ ဖန္အားလုံးမွာ က်ီလင္း၏ ပုံသည္ ေသခ်ာေပါက္ မ်က္ႏွာဖုံးစာမ်က္ႏွာတြင္ ပါလိမ့္မည္ဟု ထင္ခဲ့ၾက၏။ ထို႔ေၾကာင့္ သူတို႔ေတြးထားသည့္ အေတြးမ်ားေၾကာင့္ပင္ သူတို႔သည္ ဓာတ္ပုံမ်ား ထုတ္ေဝလာမည္ကို ေစာင့္ရင္း သူတို႔၏ ေဝ့ေပၚအေကာင့္မ်ားကို ေသခ်ာၾကည့္ေနၾကသည္။ အဲ့ဒါမွသာ သူတို႔သည္ ပုံမ်ားကို ျမန္ျမန္သိမ္းၿပီး က်ီလင္း၏ ေခ်ာေမာေသာ မ်က္ႏွာေလးကို လ်က္ႏိုင္မွာျဖစ္သည္။

ထိုသို႔ျဖစ္ၾကၿပီးေနာက္ ည႐ွစ္နာရီတြင္ ဖုန္း႐ွန္႔သည္ ေၾကညာခ်က္တစ္ခုကို တင္ခဲ့သည္။ သို႔ေသာ္ တစ္ခ်က္ေလးၾကည့္႐ုံႏွင့္ပင္ ဖန္မ်ားမွာ စိတ္ပ်က္သြားၾကရ၏။

[ဖက္႐ွင္တရားဝင္အေကာင့္]: ခ်မ္း... ခ်မ္း... ခ်မ္း ~~ << ဖက္႐ွင္အိုင္ကြန္ >>အသစ္ကို ေနာက္တစ္ပတ္ ထုတ္ေဝမယ္လို႔ ခန္႔မွန္းထားပါတယ္။ ဒီတစ္ေခါက္ ပုံစံအတြက္ မ်က္ႏွာဖုံး စာမ်က္ႏွာကေတာ့ 'ႏွင္းဆီေတြ ညိႇဳးႏြမ္းသြားတဲ့ေန႔' ပဲျဖစ္ၿပီး အဲ့ဒါက အိပ္ေပ်ာ္ေနတဲ့ အလွေလးရဲ႕ က်က္သေရ႐ွိလွတဲ့ ေနာက္ဆုံးအခ်ိန္ကို ျပထားတာပဲ ျဖစ္ပါတယ္။ ေမာ္ဒယ္ေ႐ွာင္က်ဲက်ဲ @က်ိဳးစစ္ယြီယြီယြီ ႀကိဳးစားအားထုတ္ေပးမႈအတြက္ ေက်းဇူးတင္ပါတယ္။

*ခ်မ္း... ခ်မ္း... ခ်မ္း... ဆိုတာ အသံပါ။

ေနပါဦး... က်ီလင္းနဲ႔ ပူးေပါင္းလုပ္ေဆာင္မွာဆို။ မ်က္ႏွာဖုံး စာမ်က္ႏွာအတြက္ သတင္းက ဘာႀကီးတုန္း။ ႀကိဳတင္အသိေပးခ်က္မွာ သူ႕နာမည္ကို ဘာျဖစ္လို႔ မန္း႐ွင္းမထားရတာလဲ။ ေကာင္မေလးဖန္မ်ားသည္ ခ်က္ခ်င္း ေဒါသထြက္လာၾက၏။ ေစာက္ေပါလုပ္မေနနဲ႔။ ၿပီးေတာ့ အဲ့ဒီနာမည္ေတာင္ မ႐ွိတဲ့ အဆင့္၁၈ ေမာ္ဒယ္ေလး က်ိဳးစစ္ယြီယြီယြီကေရာ ဘယ္က ပါလာတာလဲ။ ငါတို႔ သူ႕နာမည္ကို‌ ၾကားေတာင္ မၾကားဖူးဘူးေလ။

အဲ့ဒီ ဖက္႐ွင္အိုင္ကြန္ရဲ႕ ဦးေႏွာက္ကို ျမည္းတစ္ေကာင္က ကန္ခံလိုက္ရတာလား။ သူတို႔က မ်က္ႏွာဖုံးစာမ်က္ႏွာအတြက္ က်ီလင္းရဲ႕ပုံကို အဲ့ဒီေမာ္ဒယ္ေလးနဲ႔ တကယ္ႀကီး ေျပာင္း‌ပစ္လိုက္တယ္ေပါ့။

ဖန္မ်ားသည္ ႏွာမႈတ္လိုက္ၾကၿပီး ပ႐ိုမိုး႐ွင္းအတြက္ ေဝ့ေပၚ တြင္တင္ထားသည့္ ပုံမ်ားကို ႏွိပ္ၾကည့္လိုက္ၾကသည္။ လူႀကိဳက္အမ်ားဆုံး စူပါစတားေလး က်ီလင္းကိုေတာင္ တြန္းခ်ႏိုင္လိုက္တဲ့ လူက ဘယ္ေလာက္ေတာင္ အရည္အခ်င္း႐ွိေနလို႔လဲဆိုတာ သူတို႔လည္း ၾကည့္ခ်င္ေနေသးသည္။ ဒါမွမဟုတ္ရင္ အဲ့မိန္းမက ေနာက္က ေထာက္ပံ့သူႀကီး တစ္ေယာက္ေယာက္ ႐ွိေနလို႔လဲ ျဖစ္ရင္ျဖစ္မွာေပါ့။

လူေပါင္းမ်ားစြာသည္ တူညီေသာအေတြးမ်ားကို ေတြးမိၾကၿပီး ပုံကိုဖြင့္ၾကည့္လိုက္ေသာအခါ --- သူတို႔အကုန္လုံး တိတ္ဆိတ္သြားၾကရသည္။

[ဖက္႐ွင္တရားဝင္အေကာင့္]: အရည္အေသြး အေကာင္းစား ပုံသုံးပုံ တင္ထားခဲ့သည္။ ပထမပုံတြင္ စစ္ယြီသည္ သူမမ်က္ႏွာတြင္ အျပဳံးေလးတစ္ခုႏွင့္ ကင္မရာဘက္သို႔ နည္းနည္းလွည့္ေနၿပီး ပန္းေတြၾကားမွာထိုင္ကာ လက္ထဲတြင္ အနီေရာင္ႏွင္းဆီပန္းအား လွည့္ေနသည္။ သူမ၏အသားအရည္မွာ သိသိသာသာကို က်န္းမာေရးမေကာင္းဘဲ ျဖဴေဖ်ာ့ေန၏။ သို႔ေသာ္ ၎မွာ မိတ္ကပ္ျဖင့္ ျပဳျပင္ထားသည့္ အတုအေယာင္ ဖ်ားနာေနသည့္ ပုံစံမဟုတ္ဘဲ ထိုအစား သူမတြင္ အလြန္သဘာဝက်ၿပီး စစ္မွန္သည့္ပုံစံ ႐ွိေနသည္။ ေသဆုံးျခင္း၏ အရိပ္အေယာင္ အားနည္းျခင္းႏွင့္ စြမ္းအင္မ႐ွိျခင္း၏ ခံစားခ်က္တို႔မွာ ကင္မရာမွန္အား ေဖာက္ထြက္လာေတာ့မလိုပင္။ သူမႏႈတ္ခမ္းတြင္ အျပဳံးတစ္ခု ခ်ိတိဆြဲထားစဥ္တြင္ ႏူးညံ့ေသာ မ်က္ခုံးေလးမွာ အနည္းငယ္ၾကဳံ႕ေနၿပီး မ်က္ဝန္းတို႔မွာ ေသာကမ်ားျဖင့္ ျပည့္ေန၏။

ဒုတိယပုံတြင္ စစ္ယြီသည္ ကင္မရာေ႐ွ႕တြင္ ဒူးေထာက္ထား၏။ လက္ႏွစ္ဖက္လုံးသည္ သူမအား ေျမျပင္ေပၚတြင္ အင္အားမဲ့စြာ ေထာက္ကူထားၿပီး ညိႇဳးႏြမ္းေနေသာ ‌ႏွင္းဆီတစ္ပြင့္က ေဘးမွာ႐ွိေနသည္။ သူမ၏ ႏႈတ္ခမ္းေထာင့္မွ က်ေနေသာေသြးမ်ားသည္ ျဖဴစြတ္ေနေသာ အက်ႌအား အနီေရာင္ စြန္းထင္းသြားေစၿပီး ႏွင္းဆီ၏ ပြင့္ခ်ပ္မ်ားထံ က်ဆင္းသြားသည္။ သူမ၏ အခုအေျခအေနသည္ ပ်ံသန္းမႈအဆုံးက ျမႇားတစ္စင္းလို ျဖစ္ေနေၾကာင္း မ်က္စိေကာင္းသူတိုင္း ေတြ႕ႏိုင္ေပသည္။ သူမ၏ဘဝသည္လည္း ေျခာက္ေသြ႕ေနေသာ ႏွင္းဆီပန္းေလးကဲ့သို႔ပင္။ သို႔ေသာ္ လူေတြကို အံ့အားသင့္ေစသည့္အခ်က္မွာ ပုံထဲမွ ထုတ္လႊတ္ေနေသာ ေသဆုံးျခင္းအာ႐ုံမွာ ျပင္းထန္လြန္းလွ၍ လူမ်ားအား ဤအရာသည္ ဖုန္းထဲက ဓာတ္ပုံေလးတစ္ပုံပဲဆိုတာကိုေတာင္ ေမ့ေလ်ာ့သြားေစသည္။ ထိုအရာသည္ လူမ်ားအား သူတို႔၏လက္မ်ားကိုဆန္႔ထုတ္ၿပီး ဤႏူးညံ့လွသည့္လူသားေလးအား ေစာင့္ေ႐ွာက္ေပးခ်င္ေသာ ႐ႈပ္ေထြးသည့္စိတ္ခံစားခ်က္မ်ားကိုပင္ ျဖစ္ေပၚလာေစခဲ့၏။

တတိယပုံတြင္ ပန္းအစုအေဝးႀကီးထဲမွ ႏွင္းဆီမ်ားအားလုံးသည္ ေျခာက္ေသြ႕ေနၾကသည္။ စစ္ယြီသည္ ေသြးေရာင္ေကာေဇာကဲ့သို႔ ျဖစ္ေနသည့္ ႏွင္းဆီပြင့္ဖတ္မ်ားအျပည့္ ျဖန္႔က်ဲထားသည့္အေပၚတြင္ လဲေလ်ာင္းေန၏။ သူမမ်က္ႏွာမွ ေသြးစီးေၾကာင္းႏွင့္ ဝတ္စုံမွာ အလြန္အမင္း မ်က္စိဖမ္းစားေနသည္။ ေကာင္းကင္ေပၚသို႔ တစ္ဝက္ေလာက္ေျမႇာက္ထားသည့္ သူမ၏လက္ကေလးႏွင့္ လက္ေခ်ာင္းမ်ား အနည္းငယ္ ေကြးေနပုံမွာ တစ္ခုခုကို ဖမ္းဆုပ္ခ်င္ေနသလိုျဖစ္ေနေသာ္လည္း သူမလက္ထဲမွာေတာ့ ဘာမွ်မ႐ွိေပ။ ထို႔ေၾကာင့္ သူမ၏အနက္ေရာင္မ်က္ဝန္းမ်ားထဲမွ ေမွ်ာ္လင့္ခ်က္မ်ားသည္ တစ္စတစ္စ ေပ်ာက္ကြယ္သြားၿပီး ေနာက္ဆုံးတြင္ မလႈပ္မယွက္ႏွင့္ တိတ္ဆိတ္လာခဲ့ရသည္။ သူမသည္ သူမ၏ေသျခင္းတရားကို လက္ခံလိုက္ပုံေပၚၿပီး ေနာက္ဆုံးတစ္ႀကိမ္အေနႏွင့္ ကမ႓ာႀကီးအား ျပဳံးျပလိုက္၏။ သို႔ေသာ္ ထိုအျပဳံးသည္ ေလးလံေနျခင္း ဝိုးတစ္ဝါးျဖစ္ေနျခင္းမ႐ွိေတာ့ဘဲ စိတ္သက္သာရာရသြားျခင္းႏွင့္ လြတ္လပ္ေသာ ခံစားခ်က္တို႔သာ ပါဝင္ေနခဲ့သည္။ သူမသည္ စင္စစ္ ကမ႓ာႀကီးမွ ထြက္ခြာသြားေတာ့မည့္ လူတစ္ေယာက္လိုပင္။ 

Continue Reading

You'll Also Like

347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
1.1M 57.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
390K 38K 116
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်