အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-11.1

1K 115 1
By Miracle_Phyu97

အခန်း (၁၁) (က)

တကယ်တော့ စစ်ယွီနှင့် လက်မှတ်ထိုးခဲ့‌သည့် မော်ဒယ်ကုမ္ပဏီကို ဖိအားပေးရန်မှာ သွမ့်ရူလန်တစ်ယောက်တည်းရဲ့ အကြံတော့မဟုတ်ပေ။

သွမ့်ရူလန်သည် စစ်ယွီကို သွားတွေ့တုန်းက သူမ လိုချင်တာကို မရခဲ့ပေ။ ထို့ကြောင့် အိမ်ပြန်လာကာ တံခါးကိုပိတ်ပြီး ဒေါသကိုဖြေလျော့လိုက်သည်။ ကံမကောင်းခဲ့သော အိမ်ထောင်သည်ဘဝကနေ လွတ်မြောက်ပြီးနောက် သူမ၏ဘဝသည် လွန်ခဲ့သော နှစ်နှစ်ဆယ်လုံးလုံး အဆင်ပြေချောမွေ့နေခဲ့၏။ ကျီမိသားစု၏စီးပွားရေးမှာ အလွန်တိုးတက်လာခဲ့ပြီး ကျန်းမြို့၏ အရေးပါသော ခရိုနီများ ဖြစ်လာခဲ့ကြသည်။ သွမ့်ရူလန်သည် ကျီမိသားစုတွင် ဂုဏ်သိက္ခာရှိ အမျိုးသမီးတစ်ယောက်ဖြစ်သည်။ သူမ သွားသည့်နေရာတိုင်း လူတွေစုဝေးလာပြီး သူမကို အများကြီးဂရုစိုက်ကြ၏။ ထို့ကြောင့် သူမသည် ယခုလောက် ဒေါသမထွက်ဖူး၊ အရှက်ခွဲခံရခြင်းမျိုး မရှိခဲ့ဖူးပေ။

မီးလောင်ရာလေပင့်သကဲ့သို့ သူမအားဒေါသထွက်အောင် လုပ်ခဲ့သူမှာ သူမ အမြဲတမ်းမုန်းခဲ့သည့် ဖျားနာနေသည့်သမီးပဲဖြစ်၏။ သွမ့်ရူလန်သည် မျက်နှာပျက်သည်ဟု ခံစားရပြီး အလွန်ဒေါသထွက်လာရသည်။ ကျိုးစစ်ယွီက သူ့ကိုယ်သူဘာထင်နေတာလဲ။ ငါမွေးလို့ လူဖြစ်ရတဲ့ ကလေးက ငါ့ကို စိန်ခေါ်ရဲတယ် ဟုတ်လား။ တကယ့်ကို အကျင့်ယုတ်ပြီး ပိုက်ဆံပဲကုန်စေတဲ့ မွေးရတာမတန်တဲ့ သမီးပဲ ..

သွမ့်ရူလန်မေ့နေခဲ့သည်မှာ သူမကသာ မိသားစုကနေထွက်ခွာကာ သမီးကိုစွန့်ပစ်ခဲ့သော၊ မိခင်တာဝန်‌မကြေပွန်သောသူသာဖြစ်သည် ဆိုသည့်အချက်ပင်။ သူမသည် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့သည့်အတွက် ဝမ်းနည်းပုံလည်းမပေါ်ပေ။ ကျိုးစစ်ယွီမိသားစု၏ အနှောင်အဖွဲ့မှ လွတ်မြောက်သွားသည့်အတွက် ယခုကဲ့သို့ ချမ်းသာကြွယ်ဝသော ဂုဏ်ရှင် ကြေးရှင် အမျိုးသမီးကြီး ဖြစ်ရသည်ဟုသာ ‌ယူဆနေသည့်ဟန်ရှိသည်။

သွမ့်ရူလန်တစ်ယောက် ရုတ်တရက် ဒေါသအနည်းငယ်ထွက်လာပြန်သည်။ သူမဒေါသကို ဖြေလျော့ရန် အ‌ဖြူနှင့်အပြာ ရောယှက်ထားသော ကြွေထည် ပစ္စည်းတစ်ခုကို ရိုက်ခွဲခြေမွလိုက်သည်။ ထို့နောက် သူမ ထိုင်ချလိုက်ပြီး မိတ်ကပ်ပြန်ပြင်လိုက်သည်။ ထိုအချိန်တွင် စာကြည့်ခန်းထဲတွင် ရှိနေသော ကျီဝမ်ဟောက်တစ်ယောက် ဆူညံသံကြားသောကြောင့် အပေါ်ထပ်သို့ တက်လာခဲ့သည်။ ‌ကြမ်းပြင်မှာ ရှုပ်ပွနေသော ကြွေ‌ထည် အပိုင်းအစများကို တစ်ချက်ကြည့်ပြီး သူ့မိန်းမကို မေးလိုက်သည်။

"ဘာဖြစ်တာလဲ။ ငါအလုပ်ကိစ္စဆွေးနွေးနေတယ်လေ။"

"ဝမ်ဟောက်..." သွမ့်ရူလန်က ခေါ်လိုက်သည်။

"ဝမ်ဟောက်၊ ရှင် ရှင့်သားကို ဂရုစိုက်ထိန်းဖို့လိုနေပြီ။ အာ့လင်းက ဘယ်လိုလူနဲ့ ပတ်သက်နေတယ်ဆိုတာသိလား။ မော်ဒယ်ငယ်ငယ်လေးနဲ့ မရှင်းမရှင်းဖြစ်နေတယ်။ အဲ့ကလေးမက ဂုဏ်ဆိုတာလည်းမရှိ။ မိသားစုနောက်ခံကလည်း မကောင်းတဲ့သူ။ သူ့မျက်နှာလေးဗန်းပြပြီး ကျွန်မတို့သားကို ဆွဲဆောင်နေတာ။ အာ့လင်းက ငယ်ပါသေးတယ်။ သူ့အနေနဲ့ ဒီလိုမိန်းကလေးမျိုးနဲ့ မပတ်သက်သင့်ဘူး။" အမှန်တစ်ဝက် အမှားတစ်ဝက်နှင့် သွမ့်ရူလန်ပြောလိုက်၏။

"ဒီနယ်ပယ်ကရှုပ်ထွေးပါတယ်လို့ကျွန်မပြောခဲ့သားပဲ။ အဲ့တုန်းက သားကို ဘာလို့လုပ်ခွင့်ပေးခဲ့တာလဲ။ မဟုတ်ရင် သားကခုဆို ကုမ္ပဏီကို ဦးစီးနိုင်နေပြီ"

ကျီဝမ်ဟောက်က သူမ ဒီ့ထက်အရေးကြီးသောကိစ္စကိုပြောမည်ထင်နေသောကြောင့် သူမပြောသမျှနားထောင်ပြီးသောအခါ စိတ်မပူရန်ဖြောင်းဖြလိုက်သည်။

"သားကလူငယ်ပဲလေ။ လူငယ်တွေဆိုတော့ စိတ်မြန်လက်မြန်လည်းရှိတယ်။ ရင့်ကလည်းရင့်ကျက်သေးတာမဟုတ်ဘူး။ သူ့ဘာသာ ဘယ်သူနဲ့တွဲတွဲ အများအမြင်တော်ရင် ပြီးတာပဲ"

သူ့ယောင်္ကျား ပြောတာကြားပြီးနောက် သွမ်ရူလန်ဟာ နှုတ်ခမ်းသာ ကိုက်နေနိုင်ခဲ့၏။ မှန်တယ်။ ဒီမိသားစုက ဒီလိုမျိုးပဲ။ သူ့ယောင်္ကျားမှာလည်း အပြင်မှာတွေ့နေသော မိန်းမများစွာရှိသည်။ သူမကတော့ တရားဝင်မယားကြီးပေါ့။ ကျီမိသားစုရဲ့ ချမ်းသာကြွယ်ဝမှုတွေနဲ့ ခွန်အားကြီးတဲ့ မိသားစုနောက်ခံတွေကြောင့် အလျင်စလို လက်ထပ်ယူခဲ့ရသောအိမ်ထောင်ရေးဖြစ်သဖြင့် အချစ်ခံရဖို့ကို သူမ,မမျှော်လင့်ပေ။ ပြီးတော့ ကျီဝမ်ဟောက်မှာ ရုပ်ပိုင်းဆိုင်ရာပြဿနာရှိတယ်။ ကျီလင်းက သူ့ရဲ့ တစ်ဦး‌တည်းသော မျိုးဆက်ပဲ။ ဒါကြောင့် အနာဂတ်မှာ ကျီမိသားစုပိုင်ဆိုင်မှုတွေက သူမအပိုင် ဖြစ်မလာနိုင်ဘူးလား။

ဒီ အထက်တန်းလွှာအသိုင်းအဝိုင်း၏ စာနဲ့ ရေးသားသတ်မှတ်မထားတဲ့ ဥပဒေတွေ၊ သူတို့ရဲ့ လှည့်ကွက်တွေကို အကြိမ်များစွာ သတိပေးခဲ့ပါသော်လည်း သူမ သားက နားမထောင်ခဲ့‌ပေ ။ အနုပညာလောကထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် အိမ်ခွဲနေပြီး နှစ်ဝက်လောက်ကြာတာတောင် အိမ်ပြန်မလာခဲ့တော့။

ကျီဝမ်ဟောက်သည် သွမ်ရူလန်တစ်ယောက် စိတ်ပူနေသည်ကို သိသောကြောင့် ဤသို့နှစ်သိမ့်လိုက်၏။

"သားစိတ်ကိုမင်းလည်းသိသားပဲ။ သူ့ကိုမလုပ်နဲ့လို့ပြောရင်ပိုလုပ်တတ်တဲ့ကလေး။ သူ့ကိုတွန်းအားပေးနေတာထက်စာရင် သူဖြစ်ချင်တာကိုလုပ်ခွင့်ပေးလိုက်ပါ။ သူမကြာခင်ပြန်လာမှာပါ။ တကယ်လို့ အာ့လင်းက မနာခံဘူးဆိုလည်း သူနာခံအောင်လုပ်ဖို့နည်းတွေ အများကြီးရှိပါတယ်။ ဟိုမော်ဒယ်မလေးက ဘယ်ကုမ္ပဏီနဲ့ လက်မှတ်ထိုးထားတာလဲ။ အဲ့ကောင်မလေးကို ရှင်းထုတ်ရမှာပေါ့။"

ဒီလောက်ဆို သွမ်ရူလန်တစ်ယောက် နားလည်သဘောပေါက်လိုက်ပြီ။ ကျန်းမြို့မှာ ကျီမိသားစုရဲ့ ဩဇာနဲ့ အဆက်အသွယ်က အလွန်ကျယ်ဝန်းသည်။ အားထုတ်စရာမလိုပဲ ထိုကလေးမလေး‌၏ ကုမ္ပဏီ သူဌေးကို သိနိုင်ပေသည်။ ကလေးမကို ထုတ်ပစ်ရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ လုပ်လို့ရနိုင်သည်။

ကုမ္ပဏီငယ်လေးရဲ့ သူဌေးလေး‌က မဒမ်ကျီကို ဆန့်ကျင်ရဲပါ့မလား။ ထို့နောက် ဝမ်ဟောက်သည် စစ်ယွီအကြောင်းကို စတင်ရှာဖွေတော့သည်။ "သူက ကုမ္ပဏီမှာ အနိမ့်ဆုံးစာချုပ်နဲ့ ချုပ်ထားတာပဲ။ သူနဲ့ စာချုပ်ဖျက်သိမ်းဖို့ ကုမ္ပဏီဘက်က လုပ်လို့ရတာတွေ အများကြီးပဲ။ အခန့်မသင့်ရင် သူက လျော်ကြေးတောင် ပေးရဦးမယ်။"

မျှော်လင့်ထားသလိုပင် စစ်ယွီသည် ကုမ္ပဏီနဲ့ စာချုပ်ဖျက်သိမ်းဖို့ အပြောခံရပြီး ယွမ် သန်းနှစ်ဆယ် လျော်ဖို့ ဖြစ်လာခဲ့တော့သည်။

***

Zawgyi

အခန္း (၁၁) (က)

တကယ္ေတာ့ စစ္ယြီႏွင့္ လက္မွတ္ထိုးခဲ့‌သည့္ ေမာ္ဒယ္ကုမၸဏီကို ဖိအားေပးရန္မွာ သြမ့္႐ူလန္တစ္ေယာက္တည္းရဲ႕ အၾကံေတာ့မဟုတ္ေပ။

သြမ့္႐ူလန္သည္ စစ္ယြီကို သြားေတြ႕တုန္းက သူမ လိုခ်င္တာကို မရခဲ့ေပ။ ထို႔ေၾကာင့္ အိမ္ျပန္လာကာ တံခါးကိုပိတ္ၿပီး ေဒါသကိုေျဖေလ်ာ့လိုက္သည္။ ကံမေကာင္းခဲ့ေသာ အိမ္ေထာင္သည္ဘဝကေန လြတ္ေျမာက္ၿပီးေနာက္ သူမ၏ဘဝသည္ လြန္ခဲ့ေသာ ႏွစ္ႏွစ္ဆယ္လုံးလုံး အဆင္ေျပေခ်ာေမြ႕ေနခဲ့၏။ က်ီမိသားစု၏စီးပြားေရးမွာ အလြန္တိုးတက္လာခဲ့ၿပီး က်န္းၿမိဳ႕၏ အေရးပါေသာ ခ႐ိုနီမ်ား ျဖစ္လာခဲ့ၾကသည္။ သြမ့္႐ူလန္သည္ က်ီမိသားစုတြင္ ဂုဏ္သိကၡာ႐ွိ အမ်ိဳးသမီးတစ္ေယာက္ျဖစ္သည္။ သူမ သြားသည့္ေနရာတိုင္း လူေတြစုေဝးလာၿပီး သူမကို အမ်ားႀကီးဂ႐ုစိုက္ၾက၏။ ထို႔ေၾကာင့္ သူမသည္ ယခုေလာက္ ေဒါသမထြက္ဖူး၊ အ႐ွက္ခြဲခံရျခင္းမ်ိဳး မ႐ွိခဲ့ဖူးေပ။

မီးေလာင္ရာေလပင့္သကဲ့သို႔ သူမအားေဒါသထြက္ေအာင္ လုပ္ခဲ့သူမွာ သူမ အၿမဲတမ္းမုန္းခဲ့သည့္ ဖ်ားနာေနသည့္သမီးပဲျဖစ္၏။ သြမ့္႐ူလန္သည္ မ်က္ႏွာပ်က္သည္ဟု ခံစားရၿပီး အလြန္ေဒါသထြက္လာရသည္။ က်ိဳးစစ္ယြီက သူ႕ကိုယ္သူဘာထင္ေနတာလဲ။ ငါေမြးလို႔ လူျဖစ္ရတဲ့ ကေလးက ငါ့ကို စိန္ေခၚရဲတယ္ ဟုတ္လား။ တကယ့္ကို အက်င့္ယုတ္ၿပီး ပိုက္ဆံပဲကုန္ေစတဲ့ ေမြးရတာမတန္တဲ့ သမီးပဲ ..

သြမ့္႐ူလန္ေမ့ေနခဲ့သည္မွာ သူမကသာ မိသားစုကေနထြက္ခြာကာ သမီးကိုစြန္႔ပစ္ခဲ့ေသာ၊ မိခင္တာဝန္‌မေၾကပြန္ေသာသူသာျဖစ္သည္ ဆိုသည့္အခ်က္ပင္။ သူမသည္ ထိုကဲ့သို႔ ဆုံးျဖတ္ခဲ့သည့္အတြက္ ဝမ္းနည္းပုံလည္းမေပၚေပ။ က်ိဳးစစ္ယြီမိသားစု၏ အေႏွာင္အဖြဲ႕မွ လြတ္ေျမာက္သြားသည့္အတြက္ ယခုကဲ့သို႔ ခ်မ္းသာႂကြယ္ဝေသာ ဂုဏ္႐ွင္ ေၾကး႐ွင္ အမ်ိဳးသမီးႀကီး ျဖစ္ရသည္ဟုသာ ‌ယူဆေနသည့္ဟန္႐ွိသည္။

သြမ့္႐ူလန္တစ္ေယာက္ ႐ုတ္တရက္ ေဒါသအနည္းငယ္ထြက္လာျပန္သည္။ သူမေဒါသကို ေျဖေလ်ာ့ရန္ အ‌ျဖဴႏွင့္အျပာ ေရာယွက္ထားေသာ ေႂကြထည္ ပစၥည္းတစ္ခုကို ႐ိုက္ခြဲေျခမြလိုက္သည္။ ထို႔ေနာက္ သူမ ထိုင္ခ်လိုက္ၿပီး မိတ္ကပ္ျပန္ျပင္လိုက္သည္။ ထိုအခ်ိန္တြင္ စာၾကည့္ခန္းထဲတြင္ ႐ွိေနေသာ က်ီဝမ္ေဟာက္တစ္ေယာက္ ဆူညံသံၾကားေသာေၾကာင့္ အေပၚထပ္သို႔ တက္လာခဲ့သည္။ ‌ၾကမ္းျပင္မွာ ႐ႈပ္ပြေနေသာ ေႂကြ‌ထည္ အပိုင္းအစမ်ားကို တစ္ခ်က္ၾကည့္ၿပီး သူ႕မိန္းမကို ေမးလိုက္သည္။

"ဘာျဖစ္တာလဲ။ ငါအလုပ္ကိစၥေဆြးေႏြးေနတယ္ေလ။"

"ဝမ္ေဟာက္..." သြမ့္႐ူလန္က ေခၚလိုက္သည္။

"ဝမ္ေဟာက္၊ ႐ွင္ ႐ွင့္သားကို ဂ႐ုစိုက္ထိန္းဖို႔လိုေနၿပီ။ အာ့လင္းက ဘယ္လိုလူနဲ႔ ပတ္သက္ေနတယ္ဆိုတာသိလား။ ေမာ္ဒယ္ငယ္ငယ္ေလးနဲ႔ မ႐ွင္းမ႐ွင္းျဖစ္ေနတယ္။ အဲ့ကေလးမက ဂုဏ္ဆိုတာလည္းမ႐ွိ။ မိသားစုေနာက္ခံကလည္း မေကာင္းတဲ့သူ။ သူ႕မ်က္ႏွာေလးဗန္းျပၿပီး ကြၽန္မတို႔သားကို ဆြဲေဆာင္ေနတာ။ အာ့လင္းက ငယ္ပါေသးတယ္။ သူ႕အေနနဲ႔ ဒီလိုမိန္းကေလးမ်ိဳးနဲ႔ မပတ္သက္သင့္ဘူး။" အမွန္တစ္ဝက္ အမွားတစ္ဝက္ႏွင့္ သြမ့္႐ူလန္ေျပာလိုက္၏။

"ဒီနယ္ပယ္က႐ႈပ္ေထြးပါတယ္လို႔ကြၽန္မေျပာခဲ့သားပဲ။ အဲ့တုန္းက သားကို ဘာလို႔လုပ္ခြင့္ေပးခဲ့တာလဲ။ မဟုတ္ရင္ သားကခုဆို ကုမၸဏီကို ဦးစီးႏိုင္ေနၿပီ"

က်ီဝမ္ေဟာက္က သူမ ဒီ့ထက္အေရးႀကီးေသာကိစၥကိုေျပာမည္ထင္ေနေသာေၾကာင့္ သူမေျပာသမွ်နားေထာင္ၿပီးေသာအခါ စိတ္မပူရန္ေျဖာင္းျဖလိုက္သည္။

"သားကလူငယ္ပဲေလ။ လူငယ္ေတြဆိုေတာ့ စိတ္ျမန္လက္ျမန္လည္း႐ွိတယ္။ ရင့္ကလည္းရင့္က်က္ေသးတာမဟုတ္ဘူး။ သူ႕ဘာသာ ဘယ္သူနဲ႔တြဲတြဲ အမ်ားအျမင္ေတာ္ရင္ ၿပီးတာပဲ"

သူ႕ေယာက်ၤား ေျပာတာၾကားၿပီးေနာက္ သြမ္႐ူလန္ဟာ ႏႈတ္ခမ္းသာ ကိုက္ေနႏိုင္ခဲ့၏။ မွန္တယ္။ ဒီမိသားစုက ဒီလိုမ်ိဳးပဲ။ သူ႕ေယာက်ၤားမွာလည္း အျပင္မွာေတြ႕ေနေသာ မိန္းမမ်ားစြာ႐ွိသည္။ သူမကေတာ့ တရားဝင္မယားႀကီးေပါ့။ က်ီမိသားစုရဲ႕ ခ်မ္းသာႂကြယ္ဝမႈေတြနဲ႔ ခြန္အားႀကီးတဲ့ မိသားစုေနာက္ခံေတြေၾကာင့္ အလ်င္စလို လက္ထပ္ယူခဲ့ရေသာအိမ္ေထာင္ေရးျဖစ္သျဖင့္ အခ်စ္ခံရဖို႔ကို သူမ,မေမွ်ာ္လင့္ေပ။ ၿပီးေတာ့ က်ီဝမ္ေဟာက္မွာ ႐ုပ္ပိုင္းဆိုင္ရာျပႆနာ႐ွိတယ္။ က်ီလင္းက သူ႕ရဲ႕ တစ္ဦး‌တည္းေသာ မ်ိဳးဆက္ပဲ။ ဒါေၾကာင့္ အနာဂတ္မွာ က်ီမိသားစုပိုင္ဆိုင္မႈေတြက သူမအပိုင္ ျဖစ္မလာႏိုင္ဘူးလား။

ဒီ အထက္တန္းလႊာအသိုင္းအဝိုင္း၏ စာနဲ႔ ေရးသားသတ္မွတ္မထားတဲ့ ဥပေဒေတြ၊ သူတို႔ရဲ႕ လွည့္ကြက္ေတြကို အႀကိမ္မ်ားစြာ သတိေပးခဲ့ပါေသာ္လည္း သူမ သားက နားမေထာင္ခဲ့‌ေပ ။ အႏုပညာေလာကထဲ ဝင္သြားသည္ႏွင့္တစ္ၿပိဳင္နက္ အိမ္ခြဲေနၿပီး ႏွစ္ဝက္ေလာက္ၾကာတာေတာင္ အိမ္ျပန္မလာခဲ့ေတာ့။

က်ီဝမ္ေဟာက္သည္ သြမ္႐ူလန္တစ္ေယာက္ စိတ္ပူေနသည္ကို သိေသာေၾကာင့္ ဤသို႔ႏွစ္သိမ့္လိုက္၏။

"သားစိတ္ကိုမင္းလည္းသိသားပဲ။ သူ႕ကိုမလုပ္နဲ႔လို႔ေျပာရင္ပိုလုပ္တတ္တဲ့ကေလး။ သူ႕ကိုတြန္းအားေပးေနတာထက္စာရင္ သူျဖစ္ခ်င္တာကိုလုပ္ခြင့္ေပးလိုက္ပါ။ သူမၾကာခင္ျပန္လာမွာပါ။ တကယ္လို႔ အာ့လင္းက မနာခံဘူးဆိုလည္း သူနာခံေအာင္လုပ္ဖို႔နည္းေတြ အမ်ားႀကီး႐ွိပါတယ္။ ဟိုေမာ္ဒယ္မေလးက ဘယ္ကုမၸဏီနဲ႔ လက္မွတ္ထိုးထားတာလဲ။ အဲ့ေကာင္မေလးကို ႐ွင္းထုတ္ရမွာေပါ့။"

ဒီေလာက္ဆို သြမ္႐ူလန္တစ္ေယာက္ နားလည္သေဘာေပါက္လိုက္ၿပီ။ က်န္းၿမိဳ႕မွာ က်ီမိသားစုရဲ႕ ဩဇာနဲ႔ အဆက္အသြယ္က အလြန္က်ယ္ဝန္းသည္။ အားထုတ္စရာမလိုပဲ ထိုကေလးမေလး‌၏ ကုမၸဏီ သူေဌးကို သိႏိုင္ေပသည္။ ကေလးမကို ထုတ္ပစ္ရန္ တိုက္႐ိုက္ျဖစ္ေစ၊ သြယ္ဝိုက္ၿပီးျဖစ္ေစ လုပ္လို႔ရႏိုင္သည္။

ကုမၸဏီငယ္ေလးရဲ႕ သူေဌးေလး‌က မဒမ္က်ီကို ဆန္႔က်င္ရဲပါ့မလား။ ထို႔ေနာက္ ဝမ္ေဟာက္သည္ စစ္ယြီအေၾကာင္းကို စတင္႐ွာေဖြေတာ့သည္။ "သူက ကုမၸဏီမွာ အနိမ့္ဆုံးစာခ်ဳပ္နဲ႔ ခ်ဳပ္ထားတာပဲ။ သူနဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ ကုမၸဏီဘက္က လုပ္လို႔ရတာေတြ အမ်ားႀကီးပဲ။ အခန္႔မသင့္ရင္ သူက ေလ်ာ္ေၾကးေတာင္ ေပးရဦးမယ္။"

ေမွ်ာ္လင့္ထားသလိုပင္ စစ္ယြီသည္ ကုမၸဏီနဲ႔ စာခ်ဳပ္ဖ်က္သိမ္းဖို႔ အေျပာခံရၿပီး ယြမ္ သန္းႏွစ္ဆယ္ ေလ်ာ္ဖို႔ ျဖစ္လာခဲ့ေတာ့သည္။

Continue Reading

You'll Also Like

2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
1.6M 68.9K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
1.9M 121K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...
285K 7K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်