အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

Par Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... Plus

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-10.2

1.1K 140 1
Par Miracle_Phyu97

အခန်း (၁၀) (ခ)

ထို့ကြောင့် စစ်ယွီသည် သွမ့်ရူလန်၏ ပါးစပ်မှ ထွက်လာသည်များကို သောက်ရေးမပါဘူးဟုသာ သတ်မှတ်ထားသည်။ စစ်ယွီက ရယ်မောကာ ပြောလိုက်၏။ "ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မမှာ ငယ်ငယ်လေးကတည်းက အမေမရှိဘူး။ အဲ့ဒီတော့ ဒီက အမေတစ်ယောက်က ဘယ်က ပေါ်လာရတာလဲ မသိဘူး။"

သူမသည် အော်သာဖြစ်နေတုန်းက ဘာမှမခံစားခဲ့ရပေ။ သို့သော် အခု သူမ သွမ့်ရူလန်နှင့် မျက်နှာချင်းဆိုင် တွေ့လိုက်ချိန်မှာတော့ ရွံရှာသည်ါစိတ်သာရှိသည်။ -- ဒီလိုလူမျိုးက ဘယ်လိုလုပ် အမေတစ်ယောက်ဖြစ်လာပါလိမ့်။

သွမ့်ရူလန်သည် စိတ်ဓာတ်ကြံ့ခိုင်၏။ စစ်ယွီ၏ ထေ့လုံးငေါ့လုံးများကို သူမစိတ်ထဲမထားပေ။ သူမသည် စစ်ယွီအား အကြီးစကားကိုနားမထောင်သည့် ကလေးဆိုးလေးတစ်ယောက်ကို ကြည့်နေကာ ထပ်ပြီးနားချလိုက်သည်။ "ရှောင်ယွီ သမီးအများကြီး နနစ်နာခဲ့ရတာ အမေသိပါတယ်။ ဒါကြောင့် အမေဒီနေ့ ဒီကိုလာပြီးတော့ သမီးကို အလျော်လာပေးတာ..."

"ဒီမှာပဲ ရပ်လိုက်တော့။ ကျွန်မ အမေတစ်ယောက်ကို လက်လွတ်စပယ် ကောက်ခေါ်လိုက်ဖို့ မစဉ်းစားထားဘူး ပြီးတော့ ကျွန်မ ဘာလျော်ကြေးမှလည်းမလိုဘူး" စစ်ယွီသည် သူမအား စကားဖြတ်ပြောလိုက်၏။

"ဒီမှာ မဒမ် အစကနေအဆုံးထိ ရှင်ပြောသမျှကို ကျွန်မ တစ်လုံးမှ နားမလည်ဘူး။ ရှင် လူမှားနေတယ်လို့ ကျွန်မထင်တယ်။ နှုတ်ဆက်ပါတယ်၊ ကျွန်မ ရှင့်ကို လိုက်မပို့တော့ဘူး။"

ဤကဲ့သို့သောလူမျိုးနှင့် ရင်ဆိုင်ရလျှင် စစ်ယွီမှာ ယဉ်ကျေးမနေနိုင်ပေ။ သို့သော် သူမအား နောင်တရစေသည့်အရာတစ်ခုမှာ သွမ့်ရူလန်၏ကံသည် အလွန်ကောင်းနေခြင်းပင်ဖြစ်၏။ ဘာပဲပြောပြော မန်ဟွာထဲမှာ သွမ့်ရူလန်က ကျီလင်းရဲ့ အမေပဲလေ။ အမျိုးသမီးဇာတ်ပို့က ရူးသွပ်စွာ လက်စားချေဖို့လုပ်တော့ သွမ့်ရူလန်သည် မှန်သောဘက်မှ ရပ်တည်ခဲ့ပြီး သူမသမီးအရင်းအား ဆန့်ကျင်ခဲ့‌သည်။ ထို့နောက် သူမသည် တစ်ဘဝလုံး ချမ်းချမ်းသာသာ နေသွားခဲ့ရလေသည်။

စစ်ယွီသည် ကိုယ့်ကိုယ်ကို လှောင်လိုက်၏။ သူမသည် ဇာတ်ပို့အမျိုးသမီးဇာတ်ကောင်လေး၏ ဘဝအား အလွန်သနားစရာကောင်းအောင် ရေးဆွဲခဲ့သူဖြစ်ပြီး ရလဒ်အနေနဲ့ကတော့ သူမကိုယ်တိုင် ဝဋ်ပြန်လည်နေတာပင်။ သူမသည် ကျိုးစစ်ယွီအဖြစ် ကူးပြောင်းလာပြီးတော့ ကျိုးစစ်ယွီပိုင်ဆိုင်ခဲ့သမျှ အရာအားလုံးကို သူမပိုင်နေခဲ့ပြီဖြစ်သည်။

သို့သော် သူမနှင့် ကျိုးစစ်ယွီ၏ ကွာခြားသောအချက်မှာ သူမသည် သွမ့်ရူလန်၏ စရိုက်အား နည်းနည်းလေးမှ သောက်ဂရုမစိုက်ဘဲ Ji မိသားစုကို လက်တုံ့ပြန်ဖို့လဲ စိတ်ကူးလေးတောင် ရှိမနေပါချေ။ သူမသည် ရိုးရှင်းပြီး ပုံမှန်ဖြစ်သည့် ဘဝလေးကိုသာ လိုချင်တာ ဖြစ်သည်။ ထို့ကြောင့် သွမ့်ရူလန်ဘာပ‌ဲပြောပြော စစ်ယွီသည် လုံးဝ ဂရုစိုက်မနေပေ။

"ကျွန်မ ဆေးသောက်ရမဲ့ အချိန် နီးနေပြီ မဒမ်။ ကျွန်မရဲ့ခန္ဓာကိုယ်ကသိပ်မကျန်းမာဘူး ပြီးတော့ အရမ်းစိတ်လှုပ်ရှားမိရင် မူးလဲတတ်တယ်။ ရှင် ဆေးဖိုးဝါးခ အကုန်မခံချင်ပါဘူး ဟုတ်တယ်မလား" စစ်ယွီ၏အကြည့်တို့သည် အေးစက်သွားပြီး သူမသည် ဝင်ပေါက်ကို လက်ညှိုးထိုးလိုက်သည်။ "ကျွန်မ နည်းနည်း ခေါင်းမူးနေလို့ လိုက်မပို့တော့ဘူး"

"မင်း --- အမေ့ကို ဘယ်လိုပြောနိုင်ရတာလဲ" သွမ့်ရူလန်သည် ဤကဲ့သို့ မာကျောသော နံရံကြီးနှင့် တွေ့ဆုံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမပြင်ဆင်လာခဲ့သည် နှစ်သိမ့်စကား အရှည်ကြီးများသည် ကျိုးစစ်ယွီထံမှ တိုက်ရိုက်ပိတ်ဆို့ခံလိုက်ရပြီး သူမမှာ အသက်ရှူကြပ်သွားရ၏။

သူတို့၏စကားများသည် ဤအတိုင်းအတာထိ ရောက်လာပြီးသည့်နောက် သွမ့်ရူလန်သည် သူမ၏ ချစ်ခင်သောမျက်နှာအား ဆက်မထိန်းထားနိုင်တော့ပေ။ သူမသည် သူမ၏ ရွံရှာဖွယ်သမီးအား စကားရှည်ရှည်ပြောနိုင်ဖို့ သူမ၏ သည်းခံနိုင်မှု အစွန်ဆုံးသို့ ရောက်နေပြီဖြစ်၏။ ထို့ကြောင့် သွမ့်ရူလန်သည် အပြုံးတစ်ခုကို ညှစ်ထုတ်ပြီးပြောလိုက်သည်။ "သမီး နည်းနည်းစိတ်လျှော့လိုက်ပါဦး။ အမေသမီးကို နောက်တစ်ခေါက် လာတွေ့ပါဦးမယ်"ထို့နောက် သူမသည် မြန်မြန်ပဲ ထွက်သွား၏။ သို့သော် ထွက်သွားသော ပုံရိပ်သည် စိတ်တို ဒေါသထွက်နေသည်ကို ဖော်ပြသွား၏။

စစ်ယွီသည် သွမ့်ရူလန်ထွက်သွားသည်ကိုမြင်သောအခါ သူမ၏မျက်နှာမှာ ဖြေးဖြေးချင်း ပုံမှန်ပြန်ဖြစ်သွားသည်။

ဒီ သူမရဲ့အမေဆိုတာက ရုတ်တရတ်ကြီးပေါ်လာတယ်ပေါ့။ ကျီလင်းက သူမကို လိုက်ကပ်နေတယ်ဆိုတာကြားပြီး ပြာယာခတ်သွားတာ မဟုတ်ဘူးလား ..

နောက်ဆုံးတော့ "ယောက်ျားကိုစွန့်ပစ်၊ ကလေးကိုပစ်ခွာပြီး၊ တစ်ခြားလူနောက် ခိုးရာလိုက်ပြီး လကထပ်"လိုက်တာက ပုံရိပ်ကောင်းတစ်ခုမှ မဟုတ်တာ။ ဒီကိစ္စတွေသာပေါ်သွားရင် သွမ့်ရူလန်ကို အထက်တန်းစားတစ်ရပ်လုံးက ရှုံ့ချကြလိမ့်မယ်။ သူမရဲ့ ဂုဏ်အတွက် အကြီးအကျယ် အာရုံစိုက်ထားရတဲ့ သွမ့်ရူလန်လို လူမျိုးက ဒါကို သည်းခံနိုင်မှာတဲ့လား...

အဲ့ဒါကြောင့်မို့ သွမ့်ရူလန်က ဒီအချိန်မှာ ဒီနေရာကိုလာခဲ့ပြီးတော့ ကတ်လေးတစ်ခုပေးပြီး သူမသမီးရဲ့ပါးစပ်ကိုပိတ်ပြီးတော့.... စစ်ယွီလှောင်ရယ်လိုက်သည်။ သူမကို ကျန်း မြို့ကနေ ထွက်သွားပြီး မွေးရပ်မြေကို ပြန်သွားရအောင် ဖိအားပေးမယ်ပေါ့။ သူမ ကျန်း မြို့မှာမရှိမှ သွမ့်ရူလန်စိတ်အေးနိုင်မှာပေါ့။

သူမသာ မမှားဘူးဆိုရင် သွမ့်ရူလန်သည် ဒီနေ့ဒီကိုလာဖို့ ပြင်ဆင်ပြီးသားဖြစ်သည်။ ဖြစ်ကောင်းဖြစ်နိုင်တာက သူမကို အဝေးပို့ပစ်ဖို့ ပိုက်ဆံတောင် ပြင်ထားလောက်ပြီဖြစ်သည်။ ကံ‌မကောင်းစွာနဲ့ပဲ သူမက ရှေ့ကနေ ပိတ်ပြောထားလို့ စကားဆုံးအောင်ပြောလို့မရလိုက်ပေ။

စစ်ယွီသည် ဒီကိစ္စကို စိတ်ထဲတောင်မထည့်ပေ။ ဘာပဲပြောပြော သူမသည် ဇာတ်ပို့အမျိုးသမီးလျှောက်ခဲ့တဲ့လမ်းကို မလိုက်ဖို့ ဆုံးဖြတ်ပြီးသားဖြစ်ပြီး သွမ့်ရူလန်နှင့် Ji မိသားစုကို လက်တုံ့ပြန်ဖို့ အစီအစဉ်လည်း မရှိပေ။ သွမ့်ရူလန်ကတော့ နံရံပေါင်းများစွာကို တိုက်မိပြီးရင် သူမဟာသူမ နောက်ပြန်ဆုတ်သွားလိမ့်မည်။

အစကတော့ သူမသည် ဒီလိုပဲ တွေးခဲ့တာဖြစ်၏။ သို့သော် စစ်ယွီသည် သူမအပေါ် သွမ့်ရူလန်၏ အမုန်းအား လျှော့တွက်မိခဲ့သည်။ Ji မိသားစု၏ မဒမ်တစ်ယောက်အနေနှင့် လာဘ်ထိုးလို့ ခြယ်လှယ်လို့ မရဘူးဆိုရင် သွမ့်ရူလန်သည် ချက်ချင်းပင် တစ်ခြားနည်းလမ်းကို ရှာနိုင်ပေသည်။

တစ်ပတ်အတွင်းတွင် စစ်ယွီသည် သူမ၏မော်ဒယ်အေဂျင်စီမှ သတိပေးစာကို လက်ခံရရှိလိုက်၏။ ပြောထားသည်မှာ သူမသည် စာချုပ်ကိုချိုးဖောက်ခဲ့ပြီး လျော်ကြေးငွေ မီလီယမ်နှစ်ဆယ်ပေးကာ ချက်ချင်းထွက်သွားဖို့ တောင်းဆိုထားခြင်း ဖြစ်ပေသည်။

***

Zawgyi

အခန္း (၁၀) (ခ)

ထို႔ေၾကာင့္ စစ္ယြီသည္ သြမ့္႐ူလန္၏ ပါးစပ္မွ ထြက္လာသည္မ်ားကို ေသာက္ေရးမပါဘူးဟုသာ သတ္မွတ္ထားသည္။ စစ္ယြီက ရယ္ေမာကာ ေျပာလိုက္၏။ "႐ွင္ဘာေတြေျပာေနတာလဲ။ ကြၽန္မမွာ ငယ္ငယ္ေလးကတည္းက အေမမ႐ွိဘူး။ အဲ့ဒီေတာ့ ဒီက အေမတစ္ေယာက္က ဘယ္က ေပၚလာရတာလဲ မသိဘူး။"

သူမသည္ ေအာ္သာျဖစ္ေနတုန္းက ဘာမွမခံစားခဲ့ရေပ။ သို႔ေသာ္ အခု သူမ သြမ့္႐ူလန္ႏွင့္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုက္ခ်ိန္မွာေတာ့ ႐ြံ႐ွာသည္ါစိတ္သာ႐ွိသည္။ -- ဒီလိုလူမ်ိဳးက ဘယ္လိုလုပ္ အေမတစ္ေယာက္ျဖစ္လာပါလိမ့္။

သြမ့္႐ူလန္သည္ စိတ္ဓာတ္ၾကံ့ခိုင္၏။ စစ္ယြီ၏ ေထ့လုံးေငါ့လုံးမ်ားကို သူမစိတ္ထဲမထားေပ။ သူမသည္ စစ္ယြီအား အႀကီးစကားကိုနားမေထာင္သည့္ ကေလးဆိုးေလးတစ္ေယာက္ကို ၾကည့္ေနကာ ထပ္ၿပီးနားခ်လိုက္သည္။ "ေ႐ွာင္ယြီ သမီးအမ်ားႀကီး နနစ္နာခဲ့ရတာ အေမသိပါတယ္။ ဒါေၾကာင့္ အေမဒီေန႔ ဒီကိုလာၿပီးေတာ့ သမီးကို အေလ်ာ္လာေပးတာ..."

"ဒီမွာပဲ ရပ္လိုက္ေတာ့။ ကြၽန္မ အေမတစ္ေယာက္ကို လက္လြတ္စပယ္ ေကာက္ေခၚလိုက္ဖို႔ မစဥ္းစားထားဘူး ၿပီးေတာ့ ကြၽန္မ ဘာေလ်ာ္ေၾကးမွလည္းမလိုဘူး" စစ္ယြီသည္ သူမအား စကားျဖတ္ေျပာလိုက္၏။

"ဒီမွာ မဒမ္ အစကေနအဆုံးထိ ႐ွင္ေျပာသမွ်ကို ကြၽန္မ တစ္လုံးမွ နားမလည္ဘူး။ ႐ွင္ လူမွားေနတယ္လို႔ ကြၽန္မထင္တယ္။ ႏႈတ္ဆက္ပါတယ္၊ ကြၽန္မ ႐ွင့္ကို လိုက္မပို႔ေတာ့ဘူး။"

ဤကဲ့သို႔ေသာလူမ်ိဳးႏွင့္ ရင္ဆိုင္ရလွ်င္ စစ္ယြီမွာ ယဥ္ေက်းမေနႏိုင္ေပ။ သို႔ေသာ္ သူမအား ေနာင္တရေစသည့္အရာတစ္ခုမွာ သြမ့္႐ူလန္၏ကံသည္ အလြန္ေကာင္းေနျခင္းပင္ျဖစ္၏။ ဘာပဲေျပာေျပာ မန္ဟြာထဲမွာ သြမ့္႐ူလန္က က်ီလင္းရဲ႕ အေမပဲေလ။ အမ်ိဳးသမီးဇာတ္ပို႔က ႐ူးသြပ္စြာ လက္စားေခ်ဖို႔လုပ္ေတာ့ သြမ့္႐ူလန္သည္ မွန္ေသာဘက္မွ ရပ္တည္ခဲ့ၿပီး သူမသမီးအရင္းအား ဆန္႔က်င္ခဲ့‌သည္။ ထို႔ေနာက္ သူမသည္ တစ္ဘဝလုံး ခ်မ္းခ်မ္းသာသာ ေနသြားခဲ့ရေလသည္။

စစ္ယြီသည္ ကိုယ့္ကိုယ္ကို ေလွာင္လိုက္၏။ သူမသည္ ဇာတ္ပို႔အမ်ိဳးသမီးဇာတ္ေကာင္ေလး၏ ဘဝအား အလြန္သနားစရာေကာင္းေအာင္ ေရးဆြဲခဲ့သူျဖစ္ၿပီး ရလဒ္အေနနဲ႔ကေတာ့ သူမကိုယ္တိုင္ ဝဋ္ျပန္လည္ေနတာပင္။ သူမသည္ က်ိဳးစစ္ယြီအျဖစ္ ကူးေျပာင္းလာၿပီးေတာ့ က်ိဳးစစ္ယြီပိုင္ဆိုင္ခဲ့သမွ် အရာအားလုံးကို သူမပိုင္ေနခဲ့ၿပီျဖစ္သည္။

သို႔ေသာ္ သူမႏွင့္ က်ိဳးစစ္ယြီ၏ ကြာျခားေသာအခ်က္မွာ သူမသည္ သြမ့္႐ူလန္၏ စ႐ိုက္အား နည္းနည္းေလးမွ ေသာက္ဂ႐ုမစိုက္ဘဲ Ji မိသားစုကို လက္တုံ႔ျပန္ဖို႔လဲ စိတ္ကူးေလးေတာင္ ႐ွိမေနပါေခ်။ သူမသည္ ႐ိုး႐ွင္းၿပီး ပုံမွန္ျဖစ္သည့္ ဘဝေလးကိုသာ လိုခ်င္တာ ျဖစ္သည္။ ထို႔ေၾကာင့္ သြမ့္႐ူလန္ဘာပ‌ဲေျပာေျပာ စစ္ယြီသည္ လုံးဝ ဂ႐ုစိုက္မေနေပ။

"ကြၽန္မ ေဆးေသာက္ရမဲ့ အခ်ိန္ နီးေနၿပီ မဒမ္။ ကြၽန္မရဲ႕ခႏၶာကိုယ္ကသိပ္မက်န္းမာဘူး ၿပီးေတာ့ အရမ္းစိတ္လႈပ္႐ွားမိရင္ မူးလဲတတ္တယ္။ ႐ွင္ ေဆးဖိုးဝါးခ အကုန္မခံခ်င္ပါဘူး ဟုတ္တယ္မလား" စစ္ယြီ၏အၾကည့္တို႔သည္ ေအးစက္သြားၿပီး သူမသည္ ဝင္ေပါက္ကို လက္ညိႇဳးထိုးလိုက္သည္။ "ကြၽန္မ နည္းနည္း ေခါင္းမူးေနလို႔ လိုက္မပို႔ေတာ့ဘူး"

"မင္း --- အေမ့ကို ဘယ္လိုေျပာႏိုင္ရတာလဲ" သြမ့္႐ူလန္သည္ ဤကဲ့သို႔ မာေက်ာေသာ နံရံႀကီးႏွင့္ ေတြ႕ဆုံရလိမ့္မည္ဟု မထင္ထားခဲ့ေပ။ သူမျပင္ဆင္လာခဲ့သည္ ႏွစ္သိမ့္စကား အ႐ွည္ႀကီးမ်ားသည္ က်ိဳးစစ္ယြီထံမွ တိုက္႐ိုက္ပိတ္ဆို႔ခံလိုက္ရၿပီး သူမမွာ အသက္႐ွဴၾကပ္သြားရ၏။

သူတို႔၏စကားမ်ားသည္ ဤအတိုင္းအတာထိ ေရာက္လာၿပီးသည့္ေနာက္ သြမ့္႐ူလန္သည္ သူမ၏ ခ်စ္ခင္ေသာမ်က္ႏွာအား ဆက္မထိန္းထားႏိုင္ေတာ့ေပ။ သူမသည္ သူမ၏ ႐ြံ႐ွာဖြယ္သမီးအား စကား႐ွည္႐ွည္ေျပာႏိုင္ဖို႔ သူမ၏ သည္းခံႏိုင္မႈ အစြန္ဆုံးသို႔ ေရာက္ေနၿပီျဖစ္၏။ ထို႔ေၾကာင့္ သြမ့္႐ူလန္သည္ အျပဳံးတစ္ခုကို ညႇစ္ထုတ္ၿပီးေျပာလိုက္သည္။ "သမီး နည္းနည္းစိတ္ေလွ်ာ့လိုက္ပါဦး။ အေမသမီးကို ေနာက္တစ္ေခါက္ လာေတြ႕ပါဦးမယ္"ထို႔ေနာက္ သူမသည္ ျမန္ျမန္ပဲ ထြက္သြား၏။ သို႔ေသာ္ ထြက္သြားေသာ ပုံရိပ္သည္ စိတ္တို ေဒါသထြက္ေနသည္ကို ေဖာ္ျပသြား၏။

စစ္ယြီသည္ သြမ့္႐ူလန္ထြက္သြားသည္ကိုျမင္ေသာအခါ သူမ၏မ်က္ႏွာမွာ ေျဖးေျဖးခ်င္း ပုံမွန္ျပန္ျဖစ္သြားသည္။

ဒီ သူမရဲ႕အေမဆိုတာက ႐ုတ္တရတ္ႀကီးေပၚလာတယ္ေပါ့။ က်ီလင္းက သူမကို လိုက္ကပ္ေနတယ္ဆိုတာၾကားၿပီး ျပာယာခတ္သြားတာ မဟုတ္ဘူးလား ..

ေနာက္ဆုံးေတာ့ "ေယာက်္ားကိုစြန္႔ပစ္၊ ကေလးကိုပစ္ခြာၿပီး၊ တစ္ျခားလူေနာက္ ခိုးရာလိုက္ၿပီး လကထပ္"လိုက္တာက ပုံရိပ္ေကာင္းတစ္ခုမွ မဟုတ္တာ။ ဒီကိစၥေတြသာေပၚသြားရင္ သြမ့္႐ူလန္ကို အထက္တန္းစားတစ္ရပ္လုံးက ႐ႈံ႕ခ်ၾကလိမ့္မယ္။ သူမရဲ႕ ဂုဏ္အတြက္ အႀကီးအက်ယ္ အာ႐ုံစိုက္ထားရတဲ့ သြမ့္႐ူလန္လို လူမ်ိဳးက ဒါကို သည္းခံႏိုင္မွာတဲ့လား...

အဲ့ဒါေၾကာင့္မို႔ သြမ့္႐ူလန္က ဒီအခ်ိန္မွာ ဒီေနရာကိုလာခဲ့ၿပီးေတာ့ ကတ္ေလးတစ္ခုေပးၿပီး သူမသမီးရဲ႕ပါးစပ္ကိုပိတ္ၿပီးေတာ့.... စစ္ယြီေလွာင္ရယ္လိုက္သည္။ သူမကို က်န္း ၿမိဳ႕ကေန ထြက္သြားၿပီး ေမြးရပ္ေျမကို ျပန္သြားရေအာင္ ဖိအားေပးမယ္ေပါ့။ သူမ က်န္း ၿမိဳ႕မွာမ႐ွိမွ သြမ့္႐ူလန္စိတ္ေအးႏိုင္မွာေပါ့။

သူမသာ မမွားဘူးဆိုရင္ သြမ့္႐ူလန္သည္ ဒီေန႔ဒီကိုလာဖို႔ ျပင္ဆင္ၿပီးသားျဖစ္သည္။ ျဖစ္ေကာင္းျဖစ္ႏိုင္တာက သူမကို အေဝးပို႔ပစ္ဖို႔ ပိုက္ဆံေတာင္ ျပင္ထားေလာက္ၿပီျဖစ္သည္။ ကံ‌မေကာင္းစြာနဲ႔ပဲ သူမက ေ႐ွ႕ကေန ပိတ္ေျပာထားလို႔ စကားဆုံးေအာင္ေျပာလို႔မရလိုက္ေပ။

စစ္ယြီသည္ ဒီကိစၥကို စိတ္ထဲေတာင္မထည့္ေပ။ ဘာပဲေျပာေျပာ သူမသည္ ဇာတ္ပို႔အမ်ိဳးသမီးေလွ်ာက္ခဲ့တဲ့လမ္းကို မလိုက္ဖို႔ ဆုံးျဖတ္ၿပီးသားျဖစ္ၿပီး သြမ့္႐ူလန္ႏွင့္ Ji မိသားစုကို လက္တုံ႔ျပန္ဖို႔ အစီအစဥ္လည္း မ႐ွိေပ။ သြမ့္႐ူလန္ကေတာ့ နံရံေပါင္းမ်ားစြာကို တိုက္မိၿပီးရင္ သူမဟာသူမ ေနာက္ျပန္ဆုတ္သြားလိမ့္မည္။

အစကေတာ့ သူမသည္ ဒီလိုပဲ ေတြးခဲ့တာျဖစ္၏။ သို႔ေသာ္ စစ္ယြီသည္ သူမအေပၚ သြမ့္႐ူလန္၏ အမုန္းအား ေလွ်ာ့တြက္မိခဲ့သည္။ Ji မိသားစု၏ မဒမ္တစ္ေယာက္အေနႏွင့္ လာဘ္ထိုးလို႔ ျခယ္လွယ္လို႔ မရဘူးဆိုရင္ သြမ့္႐ူလန္သည္ ခ်က္ခ်င္းပင္ တစ္ျခားနည္းလမ္းကို ႐ွာႏိုင္ေပသည္။

တစ္ပတ္အတြင္းတြင္ စစ္ယြီသည္ သူမ၏ေမာ္ဒယ္ေအဂ်င္စီမွ သတိေပးစာကို လက္ခံရ႐ွိလိုက္၏။ ေျပာထားသည္မွာ သူမသည္ စာခ်ဳပ္ကိုခ်ိဳးေဖာက္ခဲ့ၿပီး ေလ်ာ္ေၾကးေငြ မီလီယမ္ႏွစ္ဆယ္ေပးကာ ခ်က္ခ်င္းထြက္သြားဖို႔ ေတာင္းဆိုထားျခင္း ျဖစ္ေပသည္။

Continuer la Lecture

Vous Aimerez Aussi

236K 12.6K 79
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
285K 7K 75
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.1M 57.3K 48
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
2.3M 152K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...