အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...
By Miracle_Phyu97
65K 6.5K 80
Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More
Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.1
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2
Chapter-10.1
994 117 0
By Miracle_Phyu97
အခန်း (၁၀)(က)
သွမ့်ရူလန်သည် စစ်ယွီနောက်ကနေ အိမ်ထဲသို့ လိုက်ဝင်လာသည်။ သူမ တံခါးကိုဖြတိပြီး ဝင်လာလာချင်းပင် အလွန်အမင်းပြင်းထန်လှသော ဆေးနံ့ကိုရလိုက်၏။ သူမသည် ချက်ချင်းမျက်မှောင်ကြုံ့လိုက်ပြီး သူမမျက်လုံးထဲမှ ရွံရှာမှုကို မနည်းဖုံးကွယ်ထားရသည်။
ထပ်ပြီးတော့ ဒီတရုတ်တိုင်းရင်းဆေးနံ့ပဲ။ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က သူမသောက်ခဲ့တဲ့အတိုင်းပဲ အနံ့က အလွန်ဆိုးဝါးလွန်းတယ် .. ဒီ သက်တမ်းတို ငွေကုန်စေတဲ့အရာလေးက ကောင်းကောင်းနေနိုင်ပြီးတော့ ကျန်းမြို့အထိတောင် ရောက်လာလိမ့်မယ်လို့ သူမ မထင်မှတ်ထားခဲ့ပေ။ သွမ့်ရူလန်သည် စစ်ယွီ၏ ပိန်ပါးသော ကျောပြင်ကိုကြည့်ပြီး အထင်အမြင်သေးစွာတွေးလိုက်သည်။ အခုတစ်လော သူမရဲ့သားက ဒီပိုက်ဆံကုန်ပေါက်မနှင့် ရင်းနှီးနေတယ်ဆိုတဲ့ သတင်းကိုကြားမိလို့သာ ဒီကလေးမကိုရှာဖို့ အမြန်ပြေးလာရတာဖြစ်သည်။ သူမသည် ကျီလင်းက တစ်ခုခုအမှားလုပ်မိပြီးတော့ သူမ၏လက်ရှိယောက်ျားက တစ်ခုခုကြားသွားမည်ကို ကြောက်နေမိ၏။ သူမဘဝတွင် ဤသမီးအား နောက်တစ်ခေါက် လုံးဝထပ်မမြင်ချင်တော့ပေ။
ဤဖျားနာနေပုံပေါက်သော သမီးသည် သွမ့်ရူလန်ဘဝ၏ အမည်းစက်ကြီးဖြစ်၏။
သွမ့်ရူလန်၏ မိတ်ကပ်မှာ အလွန်လှပသိမ်မွေ့ပေသည်။ သူမသည် တစ်နှစ်ပတ်လုံး ဇိမ်နဲ့နေရပြီး သူမအသားအရေအား သေချာဂရုစိုက်ထားလို့ ဖြစ်နိုင်သည် သူမသည် အသက်သုံးဆယ်ဝန်းကျင်လောက်ဟု ထင်မှတ်ရပေသည်။ သူမ ငယ်ရွယ်စဉ်ကလိုပင် ချစ်စရာကောင်းသော အသွင်အပြင်ကို ပိုင်ဆိုင်ထားပြီး သူမနှင့် စစ်ယွီသည် အနည်းငယ်တူကြောင်းကို သူမ၏မျက်နှာသွင်ပြင်များမှတစ်ဆင့် ခပ်ရေးရေး သိနိုင်‌၏။
စစ်ယွီအား ကြည့်နေသော သွမ့်ရူလန်၏ အမူအရာမှာ အလွန်ကြောက်စရာကောင်းနေပြီး သူမ၏ မျက်နှာကိုပင် တစ်ခဏတာ မဲ့ရွဲ့သွားစေသည်။
သို့သော် စစ်ယွီမှ သူမအား ထိုင်ပြီးသကားပြောဖို့ ဖိတ်ခေါ်လိုက်သောအခါ သွမ့်ရူလန်သည် ချက်ချင်းပဲ သူမ အမူအရာကို ပြင်လိုက်ပြီး ဆိုဖာပေါ်တွင် ‌ဖြောင့်ဖြောင့်ထိုင်ကာ မဒမ်တစ်ယောက်၏ အမူအရာဟန်ပန်အား ပြန်ပြနေပြန်၏။
"ရှောင်ယွီ ဒီနှစ်တွေမှာ မင်း ဘယ်လိုများနေခဲ့လဲဟင်" သူမ၏အသံကို နားထောင်ရသည်မှာ သွမ့်ရူလန်သည် အလွန်အမင်းကြင်နာတတ်သော အမေတစ်ယောက်လိုပင်။ သူမသည် စစ်ယွီအားကြည့်ပြီး စိတ်အားထက်သန်စွာ ပြောလိုက်သည်။ "အမေသိပါတယ် မင်းရဲ့နှလုံးသားထဲမှာ အမေ့ကိုအပြစ်တင်နေမယ်ဆိုတာကို။ ဒါပေမဲ့ အဲ့ဒီအချိန်တုန်းက အမေ့မှာလည်း တစ်ခြားရွေးချယ်စရာမရှိခဲ့လို့ပါ။ အဲ့တုန်းက မင်းကကလေးလေးပဲရှိသေးတာ အခြေအနေတွေကို မင်းနားမလည်သေးဘူး။ မင်းအဖေသေသွားတော့ အမေတို့မှာ အိမ်ကိုထောက်ပံ့မဲ့ ကျောရိုးကြီးမရှိတော့ဘူး။ အကြီးနှစ်ယောက်ကလည်း ၇၀ကျော်နေပြီးတော့ မုဆိုးမတစ်ယောက်နဲ့ ကလေးတစ်ယောက်။ အမေတို့ ဘယ်လိုရှေ့ဆက်နိုင်ပါ့မလဲ။ သမီးကောင်းဖို့အတွက် အမေ တစ်ခြားနည်းလမ်းတစ်ခု ရှာခဲ့ရတာပါ။ သမီးတွေ့တဲ့အတိုင်းပဲလေ အခု အမေအဆင်လာတော့ သမီးကို လာမရှာဘူးလား။"
သွမ့်ရူလန်မှာ 'ရိုးရိုးသားသား' ပြောနေပုံပေါက်သော်လည်း စစ်ယွီ၏နားထဲတွင်တော့ ဟာသတစ်ခုနားထောင်နေရသလိုပင်။
ငါကောင်းဖို့ ဟုတ်လား ။ လိုရင်းသာပြောစမ်းပါ...
<<စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်ရေး>> မန်ဟွာထဲတွင် အမျိုးသမီးဇာတ်ပို့ ကျိုးစစ်ယွီ၏ ရက်စက်မှုနှင့် ရူးသွပ်မှုတစ်ချို့တို့မှာ သူမ၏ မိသားစုနောက်ခံကြောင့် ဖြစ်ရတာ ဖြစ်သည်။ သူမ၏အမေ သွမ့်ရူလန်သည် တောရွာမှ မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် စက်ရုံတစ်ခုတွင် အလုပ်လုပ်ခဲ့၏။ သို့သော် သွမ့်ရူလန်သည် လှ‌ပသော မျက်နှာအစိတ်အပိုင်းများဖြင့် မွေးဖွားခဲ့ပြီး သူမသည် တကယ့်ကို အလှလေးဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူမသည် ကျိုးစစ်ယွီ၏ အဖေနှင့် လက်ထပ်ဖို့ဖြစ်လာပြီး အချိန်ပြည့် အိမ်ထောင်ရှင်မလေး ဖြစ်လာခဲ့၏။
အမျိုးသမီးဇာတ်ပို့၏ မိသားစုမှာ မချမ်းသာလှပေ။ သို့သော် သူတို့၏ အဓိကလိုအပ်ချက်များမှာ ပြည့်စုံပေသည်။ သို့သော် ကျိုးစစ်ယွီမွေးပြီးသောအခါ သူမသည် ပျော့ညံ့ပြီး ချူချာကြောင်း မိသားစုဝင်တွေ သိခဲ့ရသည်။ ကျိုးစစ်ယွီသည် ဆေးထဲမှာ ရေချိုးပြီး ကြီးလာရခြင်းဖြစ်သည်။ ဆေးအတွက် ကုန်သောငွေများမှာ ရေထဲကျသွားသလိုပင်။ မူလက သိပ်မချမ်းသာလှသော မိသားစုမှာ ငွေရေးကြေးရေး ကြပ်တည်းလာရ၏။ နောက်ဆုံးတွင်တော့ သွမ့်ရူလန်သည် မိသားစုတာဝန်ကိုထမ်းရန် ဟော်တယ်တစ်ခုတွင် ဝိတ်တာအဖြစ် ဝင်လုပ်ရတော့သည်။
အစပိုင်းတွင်တော့ သွမ့်ရူလန်သည် သူမ၏ ဤသမီးအား မကြင်နာခဲ့တာတော့ မဟုတ်ပေ။ သို့သော် သူမ၏ အယူအဆမှာ ပြင်းထန်လှသည်။ တောရွာကနေ ထွက်လာတာပဲဖြစ်ဖြစ် သူမရဲ့အလှကို အသုံးချပြီး မိသားစုကောင်းတစ်ခုကို ဝင်နိုင်ခဲ့တာပဲဖြစ်ဖြစ် အဲ့ဒါအားလုံးက သူမရဲ့ဘဝကို ပိုကောင်းစားအောင် လုပ်နိုင်ခဲ့တာချည်းပင်။ အစပိုင်းတွင် သူမသည် ကျိုးစစ်ယွီအပေါ် နူးညံ့သောစိတ်ကလေး ထားခဲ့သော်လည်း သူမ၏သမီးအတွက် ဆေးဝယ်ရင်း မိသားစု၏ စုဆောင်းငွေများ ကုန်တော့မည်ကို မြင်သောအခါ ထိုအရာများသည် သူမ၏ ပုံမှန်အသုံးအဖြုန်းကြီးမှုအတွက် မလောက်ငတော့ရုံသာမက မိသားစုကိုထောင်ပံ့ဖို့ သူမကိုယ်တိုင် နေ့တိုင်း ခက်ခက်ခဲခဲအလုပ်လုပ်လာရတော့သည်။ သူမ၏တောက်ပပြီး လှပသော အသွင်အပြင်ကို ထိန်းသိမ်းချင်သော ထိုမိန်းမမှာ နာကြည်းလာရ၏။
သူမသည် ဆေးသိုလှောင်ရုံလိုဖြစ်နေသော သမီးအား အပြစ်တင်ခဲ့သည်။ သူမ၏ယောက်ျားသည် ဤသမီးကို ဦးစားပေးကာ သူမကိုတော့ လျစ်လျူရှုထားသဖြင့် နာကြည်းလာခဲ့၏။ သူမသည် သူမလက်ထပ်ခဲ့သည့် မိသားစုမှာ လုံလုံလောက်လောက် မချမ်းသာသည်ကိုလည်း မုန်းတီးခဲ့သည်။ သူမဘဝ၏ အဆုံးသတ်ကြီးသည် တစ်ချက်လေးကြည့်ရုံနှင့်ပင် သိသာနေပြီဟု ထင်ခဲ့သည်။ ဒီလိုကလေးမျိုး အိမ်မှာရှိနေတာ ဘာများကောင်းလို့လဲ။
အစကတည်းက သူမသည် သူမဘဝပိုကောင်းလာဖို့အတွက် လက်ထပ်ခဲ့တာဖြစ်သည်။ အခု သူတို့က သူမဘဝတစ်လျှောက်လုံးကို ဒီလိုမျိုးနေသွားစေချင်တယ်ပေါ့။ စိတ်တောင်မကူးလိုက်နဲ့ ...
ထိုအချိန်က ကျီလင်း၏ အဖေဖြစ်သူ ကျီဝမ်ဟန်သည် အလုပ်ကိစ္စခရီးထွက်လာခဲ့ပြီး သွမ့်ရူလန် အလုပ်လုပ်သော ဟော်တယ်တွင် တည်းခိုခဲ့သည်။ သွမ့်ရူလန်၏ အလှမှာ အလွန်လက်ရာမြောက်ပေသည်။ ထိုအချိန်လေးအတွင်းမှာပင် နှစ်ယောက်သား ငြိမိကြပြီး သွမ့်ရူလန်ကိုယ်ဝန်ရသွားခဲ့သည်။ ကျိုးစစ်ယွီ၏ အဖေက အက်စီးဒန့်တစ်ခုတွင် ဆုံးပါးသွားသောအခါ သွမ့်ရူလန်သည် ထိုမိသားစုအား ချက်ချင်းစွန့်ပစ်လိုက်ပြီး ကျီဝမ်ဟန်နှင့်အတူ ကျန်း မြို့သို့ လိုက်လာခဲ့၏။သားတစ်ယောက် မွေးဖွားပြီးသည့်နောက် သူမသည် မဒမ်ကျီဆိုသည့်နေရာအား အလွယ်တကူ ရရှိခဲ့လေသည်။
သွမ့်ရူလန်သည် သူမ မျှော်လင့်ထားသည့်အတိုင်း ချမ်းသာသည့် မဒမ်တစ်ယောက်ဖြစ်လာခဲ့သည်။ ထိုကိစ္စကြောင့် ကျိုးစစ်ယွီ၏အဖိုးသည် ဒေါသဖြင့် အကြီးအကျယ်ဖျားနာခဲ့ပြီး နောက်ဆုံးတွင‌်တော့ လောကကြီးမှထွက်ခွာသွားကာ ကျိုးစစ်ယွီနှင့် သူမ၏အဖွားတို့ကိုသာ ချန်ထားရစ်ခဲ့လေသည်။ သူမတို့နှစ်ဦးသည် အသက်ရှင်သန်ရန်အတွက် တစ်ယောက်ကိုတစ်ယောက် အားကိုးခဲ့ကြရ၏။ သွမ့်ရူလန်၏ ပါးစပ်မှထွက်လာသော စကားများသည် လှပပေသည်။ဘာတဲ့ သူမကောင်းဖို့အတွက် ထားခဲ့ရတာပါ ဟုတ်လား။ ဒါပေမဲ့ အဲ့ဒီအချိန်ကတည်းကဆို နှစ်နှစ်ဆယ်တောင် ကုန်ခဲ့ပြီပဲ။ သွမ့်ရူလန်က သူ့မှာ သမီးတစ်ယောက်ရှိသေးတယ်ဆိုတာကိုတောင် မှတ်မိသေးလို့လား။
ဘယ်မှတ်မိပါ့မလဲ... သွမ့်ရူလန်က ချမ်းသာပြီး အာဏာရှိတဲ့ မိသားစုရဲ့ မဒမ်ဘဝကြီးမှာ စံစားနေပြီးတော့ သူမ၏အရင်အိမ်ထောင်အကြောင်းကို မြေကြီးထဲ မြှုပ်ပစ်ချင်တာထက်‌ပင် ပိုခဲ့၏။
***
Zawgyi
အခန်း (၁၀)(က)
ငါကောင်းဖို့ ဟုတ်လား ။ လိုရင်းသာပြောစမ်းပါ...
Continue Reading
You'll Also Like
1.4M 48.5K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
280K 21K 40
မင်းကိုချစ်တယ်ချစ်ပုံ မင်းဘယ်လိုပုံစံဘဲဖြစ်ဖြစ် ကိုကိုမင်းကိုချစ်တယ် (Own Creation) Started Date 10.1.2022 Ended Date 18.5.2022 မင္းကိုခ်စ္တယ္ခ်စ္ပုံ...
1.6M 69K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...