အမျိုးသားဇာတ်လိုက်၏ ဗီလိန်အစ်...

By Miracle_Phyu97

65K 6.5K 80

Name - Transmigrating Into The Male Lead's Villainess Older Sister Type - Web novel (CN) Genre - Comedy Roman... More

Description
Ch-1.1
Ch-1.2
Chapter-2.1
Chapter-2.2
Chapter-3.1
Chapter-3.2
Chapter-4.1
Chapter-4.2
Chapter-5.1
Chapter-5.2
Paid Gp
Chapter-6.1
Chapter-6.2
Chapter-7.1
Chapter-7.2
Chapter-8.2
Chapter-9.1
Chapter-9.2
Chapter-10.1
Chapter-10.2
Chapter-11.1
Chapter-11.2
Chapter-11.3
Chapter-12.1
Chapter-12.2
Chapter-12.3
Chapter-13.1
Chapter-13.2
Chapter-14.1
Chapter-14.2
Chapter-15.1
Chapter-15.2
Chapter-16.1
Chapter-16.2
Ch-17.1
Ch-17.2
Ch-18.1
Ch-18.2
Chapter-18.3
Ch-18.4
Ch-19.1
Ch-19.2
Ch-19.3
Ch-20.1
Ch-20.2
Attention
Ch-21.1
Ch-21.2
Ch-21.3
Ch-22.1
Ch-22.2

Chapter-8.1

1.1K 166 0
By Miracle_Phyu97

အခန်း (၈) (က)

စစ်ယွီကတော့ သူမ ကလေးကို ကယ်တင်လိုက်သော ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားမှန်း အခုထိ သတိမထားမိသေးပေ။ သူမ သိတာကတော့ ဆေးရုံပေါ်မှာ နေရတာ ဘာမှမကောင်းဘူးဆိုတာပင်။ ထို့ကြောင့် IV ဆေးရည် ကုန်သွားသောအခါ သူမသည် ချက်ချင်းပင် ဆေးရုံဆင်းရန် ပြင်တော့သည်။

အပ်ဖြုတ်ပေးရန်လာသော သူနာပြုငယ်လေးသည် စစ်ယွီအား တစ်ချက်ကြည့်ကာ လုံးဝငြင်းဆန်လိုက်၏။ "မရဘူး။ ရှင့်ကို ပို့လိုက်တုန်းက သွေးတွေအများကြီး ဆုံးရှုံးထားရတာ။ ရှင့်ကိုစစ်ဆေးဖို့အတွက် ဆေးရုံဆက်တက်ဖို့ လိုသေးတယ်။"

သူနာပြုငယ်လေးသည် ထိုရင်သပ်ရှုမောဖွယ် ဗီဒီယိုအား သေချာကြည့်ပြီးပြီဖြစ်ပြီး သူမရှေ့ရှိ သနားစရာမျက်လုံးများဖြင့် တောင်းပန်နေသည့် ခပ်ယဲ့ယဲ့သာရှိသော မိန်းကလေးအား သေချာပေါက် မှတ်မိပေသည်။ ထိုမိန်းကလေးသည် ကလေးလေးအား ကားဆီကနေ ကယ်တင်ခဲ့သည့် သတ္တိရှိသော နတ်သမီးငယ်လေးပဲဖြစ်သည်။

စစ်ယွီတစ်ယောက် ဆေးရုံသို့ ရောက်ခါစက သူမသည် သေမင်းတံခါးဝတွင် ရောက်နေသလိုပင်။ သူနာပြုများမှာ သူတို့၏ မျက်ရည်များကို တိတ်တဆိတ် သုတ်နေရပြီး ထိုကဲ့သို့သော မိန်းမကောင်းလေး သေရမည်မှာ အလွန်နှမျောစရာကောင်းသည်ဟု ခံစားနေခဲ့ကြ၏။ သို့ရာတွင် ထိုနူးညံ့ပြီး အားနည်းပုံပေါ်သော မိန်း‌ကလေးမှာ မမျှော်လင့်ထားစွာ အလွန်အသက်ပြင်းပေသည်။ ထိုကဲ့သို့သော ကြောက်စရာကောင်းသော အခြေအနေမျိုးနှင့် သွေးအလွန်အကျွံ ဆုံးရှုံးထားတာတောင်မှ သူမသည် အမှန်တကယ် အသက်ရှင်နိုင်ခဲ့သည်။ ဆရာဝန်များကပင် ဒါက ထူးဆန်းအံ့ဩဖွယ်ပဲဟု ပြောကြရသည်။

ဒါက 'လူကောင်းတွေမှာ ကောင်းတဲ့ကံက နောက်က လိုက်တယ်' ဆိုတဲ့ ဒဏ္ဍာရီလာ ဆိုရိုးအတိုင်းပဲ ဖြစ်ရမယ်ဟု သူနာပြုငယ်လေးက တွေးလိုက်သည်။ အဲ့ဒါအပြင် သူမတို့ စစ်ယွီအား စစ်ဆေးကြည့်ရှုတုန်းက မည်သည့်အတွင်းဒဏ်ရာကိုမှ မတွေ့ခဲ့ရပေ။ ဒါဆို စစ်ယွီက ဘာဖြစ်လို့ သွေးတွေ အဲ့လောက်တောင် အန်နေရတာလဲ။

သူနာပြုလေးမှာ စိတ်ရှုပ်ထွေးသွားရ၏။

စစ်ယွီသည် မျက်တောင်ခတ်လိုက်ပြီး သနားစရာကောင်းအောင် ဟန်ဆောင်လိုက်သည်။ "ဒါပေမယ့် ကျွန်မမှာ တကယ်ကို ပိုက်ဆံမရှိဘူး..."

"အဲ့ဒါကို ရှင် စိတ်ပူစရာ မလိုတော့ပါဘူး။ အခုလေးတင်ပဲ ရှင့်အတွက် လူကြီးလူကောင်းတစ်ယောက်က ဆေးဖိုးတွေ အကုန်ချေပေးသွားပါပြီ။ အိုး ဒါနဲ့ ..." သူနာပြုလေးသည် သူမလက်ထဲက ဆေးမှတ်တမ်းကို လှန်ကြည့်လိုက်၏။ "သူက ရှင့်ကို အထူးကြပ်မတ်ကုသခန်းဆီလည်း ရွှေ့ပေးသွားသေးတယ်။"

စစ်ယွီ: "အဲ့လူက အမဲရောင်မတ်စ်နဲ့ အမဲရောင် နေကာမျက်မှန်ကို ဝတ်ထားပြီးတော့ သူ့မျက်နှာကို တွေ့ဖို့တောင် ခက်တယ်မလား။"

"ရှင်တို့ တစ်ယောက်နဲ့တစ်ယောက် သိကြတာလား။ သူဝတ်ထားတဲ့ပုံစံက အရမ်းထူးဆန်းလွန်းတယ်။ ကျွန်မဆို သူ့ကို သူ့ကိုယ်သူ မပြရဲတဲ့ ပြစ်မှု တစ်ခုခု ကျူးလွန်ထားတဲ့လူတစ်ယောက်လို့ ထင်လိုက်မိဝာာ..."

စစ်ယွီ : ...ဘေဘီလေးကျီရေ မင်းက လဲ့ဖုန်ကို ကော်ပီကူးရတာများ စွဲလမ်းနေတာလား။ နာမည်တောင် မချန်သွားဘဲနဲ့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်သွားတယ်ပေါ့။ ဒါဆို ငါတို့မျက်နှာချင်းဆိုင်တွေ့တုန်းက ဘာဖြစ်လို့ ထွက်ပြေးသွားတာလဲ။ ဒီငကြောက်လေးကတော့...

* လဲ့ဖုန်ဆိုတာ ကိုယ်ကျိုးစွန့်ပြီး အများအတွက် ပြုလုပ်ပေးတဲ့လူပါတဲ့။

သူမစိတ်ထဲက အဲ့လိုစကားတွေ ပြောနေမိပေမဲ့ ခပ်နွေးနွေး ခံစားချက်လေးတစ်ခုက သူမနှလုံးသားကို လာရိုက်ခတ်ပေသည်။

သူမ၏ အရင်ဘဝတွင် စစ်ယွီသည် အိမ်ထောင်ကွဲ မိသားစုပဲ ရှိခဲ့တာ ဖြစ်၏။ ကျီလင်း လုပ်ခဲ့သလိုမျိုး သူမအတွက် စိတ်ပူပေးတာကို တိုက်ရိုက်ဖော်ပြတဲ့ အခြေအနေမျိုးကို တွေ့ကြုံရတာ သူမအတွက်တော့ ပထမဆုံးအကြိမ် ဖြစ်ပေသည်။

ဒီခံစားချက်က အရမ်းကိုမရင်းနှီးပေမဲ့... သူမကို တကယ်ပဲ နွေးထွေးစေတယ်...

နောက်ဆုံးတွင် ကျီလင်း၏ မထင်မှတ်ထားသည့် ဝင်ရောက်စွက်ဖက်မှုလေးကြောင့် စစ်ယွီသည် ဆေးရုံတွင် နာနာခံခံလေး နေခဲ့လိုက်သည်။

အက်စီးဒန့်ဖြစ်သွားသည့်အတွက်ကြောင့် စစ်ယွီသည် ကျီလင်း၏ အယ်လ်ဘမ်အသစ် သီချင်း‌ဗီဒီယို လူရွေးပွဲသို့ မသွားလိုက်နိုင်ပေ။ ဒီအတွက် စစ်ယွီတစ်ယောက် အလွန် စိတ်အေးသွားရ၏။ ကျီလင်း၏ အလွန်များပြားသော ပရိသတ်များမှ သူမအား စောင်းမြောင်းပြောဆိုခြင်းကို ခံရတဲ့ မန်ဟွာ ‌ဇာတ်လမ်း၏ ဇာတ်ကြောင်းအတိုင်း လိုက်သွားဖို့ မလိုတော့သည့်အတွက် သူမ ဝမ်းသာမိသည်။ သို့သော် ယွီလင်းကတော့ အပြစ်ရှိတယ်လို့ ခံစားနေရ၏။

"ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ..." ယွီလင်းတစ်ယောက် သက်ပြင်းချလိုက်သည်။ "ဒီအခွင့်အရေးကို ရသွားတဲ့လူက အသစ်လေးလို့ ငါကြားမိတယ်။ ငါ အရင်တုန်းက သူမကို လုံးဝမကြားဖူးဘူး။ သူမက ဟွမ်းယီနဲ့လဲ စာချုပ်ချုပ်နိုင်ခဲ့ပြီးတော့ ဒီသီချင်းဗီဒီယိုက သူမရဲ့ ပွဲဦးထွက်ပဲ။ ဒါကြီးက တကယ့်ကို မယုံနိုင်စရာပဲ။"

စစ်ယွီသည် စိတ်အားထက်သန်စွာ မေးလိုက်၏။ "အသစ်လေး ဟုတ်လား။" မူလဇာတ်လမ်းထဲမှ သူမနေရာကို ယူသွားနိုင်သောလူအား စစ်ယွီလည်း စပ်စပ်စုစု သိချင်မိပေသည်။

"ဟုတ်တယ်။" ယွီလင်း ခေါင်းငြိမ့်လိုက်သည်။

"အဲ့ဒီ အသစ်လေးက ရှုချင်းဝမ်လို့ ခေါ်တယ်။"

ဤတစ်ကြိမ်တော့ စစ်ယွီတစ်ယောက် တကယ်စိတ်ပျက်သွားရ၏။

ရှုချင်းဝမ်ဟုတ်လား။ အဲ့ဒါ သူမရဲ့ မန်ဟွာစာအုပ် <<စူပါစတားလေးရဲ့ အလိုလိုက်ခံ အိမ်ထောင်‌ရေး>> ထဲက ဇာတ်လိုက်မင်းသမီးကြီး မဟုတ်ဘူးလား။ ဒါပေမဲ့ စစ်ယွီ သေချာပေါက် မှတ်မိသလောက်ဆို သူမက ပင်ကိုအရည်အသွေး အစီအစဥ်တစ်ခုမှာ ပွဲကြီးထွက်ပြီးတော့ ပင်ကိုအရည်အသွေး အစီအစဥ်မှာ ဆရာအဖြစ် ဝင်လုပ်တဲ့ ကျီလင်းနဲ့ တွေ့ခဲ့တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလောက်အကြီးကြီး လွဲသွားရတာပါလိမ့်။

ရှုချင်းဝမ်က ဒီအချိန်မှာ ပေါ်လာရမှာ မဟုတ်ဘူးလေ။

သူမ ထိတ်လန့်နေဆဲအချိန်တွင် ယွီလင်းသည် ဓာတ်ဘူးကို ထုတ်လိုက်၏။ "အခုတော့ ဒီကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ပါဦး။ ဒီမှာ ငါလုပ်လာတဲ့ စွပ်ပြုတ်လေး သောက်ကြည့်။"

ယွီလင်းသည် စစ်ယွီအား ကျေးဇူးတင်သည့်အတွက်ကြောင့် အားဖြည့်စွပ်ပြုတ်များ နေ့တိုင်းပို့ပေးသည်။ သူမ၏သမီးလေး ပိုင်ပိုင်သည်လည်း အကြိမ် အနည်းငယ် လာခဲ့သည်။ သူမလေး၏ အသက်ကို ကယ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်နိုင်သည်၊ ပိုင်ပိုင်သည် စစ်ယွီအား အလွန်ခင်တွယ်သည်။ သူမလေးသည် အလွန်စိတ်အားထက်သန်နေသည့်အတွက်ကြောင့် သူမ၏ အမေဖြစ်သော ယွီလင်းပင် သဝန်တိုလာရ၏။

"ငါတို့ ပိုင်ပိုင်လေးက လူစိမ်းတွေနဲ့ဆို အရမ်းရှက်တတ်ပြီး သိပ်မကပ်ဘူး။ အရင်တုန်းက ငါသူ့ကို အပြင်ခေါ်သွားရင် သူက ငါ့အနောက်မှာပဲ အမြဲပုန်းနေတာ။ ဒါပေမဲ့ သူ နင့်ကိုတော့ အရမ်းသဘောကျနေတာ။" ယွီလင်းသည် ခဏရပ်လိုက်ပြီး စစ်ယွီ၏ နားနားသို့ တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ကလေးက နည်းနည်းလေး အော်တစ်ဇင်ဖြစ်ချင်နေတာ။ ဆရာဝန် ပြောတာကတော့ အရမ်းကြီး မဆိုးဝါးဘူးတဲ့၊ ဒါပေမဲ့ အချိန်မှီ မကုသနိုင်ရင် ကလေးအပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်တဲ့။ ပိုင်ပိုင်လေးက တခြားလူတစ်ယောက်ကို အဲ့လောက် ကပ်နေတာကို မြင်ဖူးဝာာ ဒါ ပထမဆုံးပဲ။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင်လေ... နင် သူနဲ့ မကြာခဏ အဖော်လုပ်ပေးလို့ ရမလား။"

စစ်ယွီသည် ထိတ်လန့်သွားပြီး မသိစိတ်မှ ပိုင်ပိုင်အား လှမ်းကြည့်မိသောအခါ ကလေးလေး၏ ချိုမြိန်ပြီး နူးညံ့သော အပြုံးလေးအား တွေ့လိုက်ရ၏။ ဘယ်လိုပဲကြည့်ကြည့် ပိုင်ပိုင်သည် အော်တစ်ဇင်ရောဂါ အနည်းငယ် ခံစားနေရသည်ဟု စစ်ယွီမှာ မယုံကြည်နိုင်ပေ။

စစ်ယွီ၏ နှလုံးသားလေးမှာ လုံးဝ နူးညံ့သွားရသည်။

"စိတ်မပူပါနဲ့ လင်းကျဲ" စစ်ယွီသည် ပိုင်ပိုင်၏ ခေါင်းပေါ်သို့ ကြည့်လိုက်သောအခါ သူမလေး၏ ကံတရားမှာ အလွန်ရင့်နေ၏။ သူမလေးသည် အနာဂတ်တွင် အလွန်ကြီးမြတ်သော ကံတရားနှင့် တွေ့ကြုံရမှာ သေချာပေသည်။ "အရမ်းဆိုးဝါးတဲ့ ဒုက္ခကြီးကို ကျော်လွှားပြီး အသက်ရှင်နိုင်သွားတဲ့လူက ကောင်းမွန်တဲ့ ကံတရားတွေနဲ့ ချည်နှောင်ခံရပြီးသားပဲ။ ပိုင်ပိုင်လေးက သေချာပေါက်ကို ပိုကောင်းလာမှာပါ။"

သူမ ပြောလိုက်တာ အမှန်တရားပင်ဖြစ်သည်။

ယွီလင်းမှာ အစကတော့ စစ်ယွီက သူမအား နှစ်သိမ့်နေသည်ဟုသာ ထင်ခဲ့တာဖြစ်သည်။ သို့သော် သူမ စစ်ယွီအား ကြည့်မိသောအခါ သူမ(စစ်ယွီ)၏ အမူအရာမှာ အလွန်တည်ငြိမ်လေးနက်နေပေသည်။

"ငါလည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။" ယွီလင်း သက်ပြင်းချလိုက်သည်။

ယွီလင်းသည် သူမကို မယုံကြည်ကြောင်း စစ်ယွီ ပြောနိုင်ပေသည်။ သူမသည် ထိုအကြောင်းကို တွေးကြည့်ပြီးနောက် အမှန်တရားအချို့ကို ပြောလိုက်၏။ "လင်းကျဲ၊ ကျွန်မရဲ့အဖိုးက ရှေ့ဖြစ်ဟောသူ ဖြစ်ခဲ့ဖူးတယ်။ ပြီးတော့ ကျွန်မကိုယ်တိုင်လည်း လူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကို ကြည့်ပြီးတော့ ရှေ့ဖြစ်ဟောတာကို နည်းနည်းသိတယ်။ ကျွန်မ သိတာက အပေါ်ယံလောက်ပဲ ဆိုပေမဲ့ ကျွန်မ မြင်နိုင်သလောက်တော့ ပိုင်ပိုင်လေးရဲ့ အက်စီးဒန့်က အစ်မအတွက် ကပ်ဆိုးဖြစ်ဖို့ ရည်မှန်းထားတယ်။ အစ်မသာ ဒီကပ်ဆိုးကို လုံးဝကျော်ဖြတ်နိုင်ပြီ ဆိုတာနဲ့ ‌နောက်ပိုင်း အစ်မရဲ့ အနာဂတ်လမ်းကြောင်းက ချောမွေ့သွားလိမ့်မယ်။"

ယွီလင်း၏ ကံကြမ္မာသည် ပုံမှန်ဆိုတာထက် ကောင်းပေသည်။ အမေရော သမီးရော ကောင်းမွန်သည့် ကံကြမ္မာမျိုး ရှိကြ၏။သူတို့နှစ်ယောက်သည် ဤရက်များအတွင်း သူမဆီ မကြာခဏ လာလည်နေသည့်အတွက်ကြောင့် စစ်ယွီအား သူတို့၏ ကံကောင်းမှုများ ကူးစက်လာစေပြီး သူမ၏ နေ့တိုင်း သွေးအန်သည့်နှုန်းပင် လျော့နည်းလာပြီဖြစ်သည်။

"အဲ့ဒါ ... တကယ်ပဲလား။" စစ်ယွီသည် ထိုအကြောင်းကို ပြောနေစဉ် ထူးထူးခြားခြားကို တည်ကြည်နေသည့်အတွက်ကြောင့် ယွီလင်းမှာ သံသယလေးရှိလာရသည်။ သူမသည် ခဏတာ တွန့်‌ဆုတ်နေပြီးမှ ပြောလိုက်သည်။ "အဲ့ဒါသာ အမှန်ဆိုရင် ...."

"ဘာဖြစ်လို့လဲ။" စစ်ယွီ မေးလိုက်၏။

ယွီလင်းသည် သတိပြန်ဝင်လာပြီးမှ ‌ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်သည်။ "ငါ့မှာ အခုတလော ကံဆိုးနေတဲ့ သူငယ်ချင်းတစ်ယောက်ရှိနေလို့။ အကုန်လုံးက သူ့အတွက် မသင့်လျော်တာတွေပဲ ဖြစ်နေတာ။ သူ နာမည်ကြီးဆရာတွေ အများကြီးဆီကို သွားပြီးပြီ၊ ဒါပေမဲ့ ပြဿနာက ဘာလဲဆိုတာကို မပြောပြနိုင်ကြဘူး။ တကယ်လို့ နင် ... တွက်ချက်တတ်တယ်ဆိုရင် ငါ သူ့ကို အရင်မေးကြည့်လိုက်မယ်လေ။"

စစ်ယွီတစ်ယောက် နားလည်သွားသည်။ ယွီလင်း၏ 'သူငယ်ချင်း' ဆိုသောလူမှာ အနုပညာလောကထဲက တစ်ယောက်ယောက် ဖြစ်ရမည်။

သူမသည် လိမ္မာပါးနပ်သောကြောင့် ဘာမှ မမေးခဲ့ပေ။

ဆေးရုံတွင် တစ်ပတ်ပြည့်အောင်နေထိုင်ပြီးနောက် စစ်ယွီသည် နောက်ဆုံးတော့ ဆေးရုံဆင်းခွင့်ရပြီ ဖြစ်သည်။ သူမသည် အားရဝမ်းသာဖြင့် ဆေးရုံမှ ဆင်းလာသောအခါ အနက်ရောင်ဝတ်စုံဝတ် ဘော်ဒီဂတ် တစ်အုပ်နှင့် လူချောလေးတစ်ယောက်သည် သူမ နေသည့် ဆေးရုံခန်းထဲသို့ တိတ်တဆိတ် လျင်လျင်မြန်မြန် ဝင်လာကြသည်။

လုံးဝကို ပြောင်ရှင်းနေသည့် အခန်းအား မြင်လိုက်ရသောအခါ လုရှင်းကျိုး၏ မျက်နှာသည် မဲမှောင်သွား၏။ "သူမ ဘယ်မှာလဲ။"

သိပ်မကြာခင် တစ်ယောက်က သတင်းပို့လာသည်။ "သခင်လေးလု၊ ကျိုးမိန်းကလေးက ဆေးရုံဆင်းသွားနှင့်ပါပြီ။"

လုရှင်းကျိုးမှာ ပြောစရာစကား ပျောက်ရှသွားရ၏။ သူသည်လည်း ကားအက်စီးဒန့်တွင် အနည်းငယ် ဒဏ်ရာရသွားသဖြင့် ထိုအခွင့်အရေးကို အသုံးချကာ အခုထိ နားနေခဲ့တာ ဖြစ်ပြီး သူသည်လည်း စစ်ယွီအား မျက်နှာချင်းမဆိုင်လို၍ဖြစ်သည်။ သူ့အဖေက သူ့အား လာပြီး တောင်းပန်ခိုင်းခဲ့သော်လည်း လုမိသားစု၏ သိက္ခာရှိသော သခင်လေးတစ်ယောက်အနေနှင့် ဘယ်တုန်းကများ သူက တစ်ခြားလူတွေကို ဦးညွှတ်ပြီး တောင်းပန်ခဲ့ရဖူးလို့လဲ။

လုရှင်းကျိုးက မသွားဘူးဟု ဇွတ်ငြင်းနေသောအခါ လုချမ်သည် မတတ်သာတော့ဘဲ လုမိသားစု ပဉ္စမသခင်၏ နာမည်ကိုသုံးကာ သွားခိုင်းခဲ့ရ၏။ လုရှင်းကျိုးသည် စည်းမရှိကမ်းမရှိ ဘယ်သူ့ကိုမှ မကြောက်တဲ့ အရိုင်းတုံးလေးဖြစ်ပေမယ့် သူသည် ပဉ္စမသခင်လုကိုတော့ ကြောက်ပေသည်။ ပဉ္စမသခင်လုက တောင်းပန်ခိုင်းတာဟု ကြားကြားချင်း လုရှင်းကျိုးသည် ချက်ချင်းပင် အရှုံးပေးလိုက်ကာ ပန်းနှင့် သစ်သီးများပင် ဝယ်လာပြီး ဆေးရုံသို့ နာနာခံခံ လာရောက်ခဲ့တာ ဖြစ်သည်။

--- သူ ခြေတစ်လှမ်းလေး နောက်ကျသွားတာနဲ့ အဲ့ဒီမိန်းကလေးက ဆေးရုံဆင်းပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဘယ်သူသိပါ့မလဲ ။

ဒါက ... ပဉ္စမသခင်လုက သူနှေးနေလို့ဆိုပြီး အပြစ်တော့ မတင်လောက်ပါဘူး ဟုတ်တယ်မလား။ လုရှင်းကျိုးသည် ပဉ္စမသခင်လု၏ ကိစ္စတွေကို လုပ်ဆောင်တယ် ဆိုတဲ့ အဓိပ္ပါယ်ကို သတိရသွားပြီး ချက်ချင်းပင် တုန်လှုပ်သွားရ၏။

သူသည် သူ၏ လက်အောက်ငယ်သားများကို အလျင်အမြန် အမိန့်ပေးလိုက်သည်။ "မြန်မြန် သွားပြီးရှာခဲ့ ---- အဲ့ဒါ .. 'ကျိုးစစ်ယွီ' ဟုတ်တယ်မလား။ အဲ့ဒီ ကျိုးစစ်ယွီကို အသေးစိတ် စုံစမ်းပြီး အထူးသဖြင့် သူမ ဘာလိုအပ်နေလဲဆိုတာကို သေချာစုံစမ်းခဲ့။ ငါတို့က သူမကို ကျေးဇူးတင်ရမှာဆိုတော့ လက်ဆောင်လေးတော့ ယူသွားရမှာပဲ။ ငါတို့ လက်ဗလာနဲ့ သွားလို့မရဘူး။ နားလည်ကြလား။"

***

Zawgyi

အခန္း (၈) (က)

စစ္ယြီကေတာ့ သူမ ကေလးကို ကယ္တင္လိုက္ေသာ ဗီဒီယိုသည္ အင္တာနက္ေပၚတြင္ ႐ုတ္႐ုတ္သဲသဲ ျဖစ္သြားမွန္း အခုထိ သတိမထားမိေသးေပ။ သူမ သိတာကေတာ့ ေဆး႐ုံေပၚမွာ ေနရတာ ဘာမွမေကာင္းဘူးဆိုတာပင္။ ထို႔ေၾကာင့္ IV ေဆးရည္ ကုန္သြားေသာအခါ သူမသည္ ခ်က္ခ်င္းပင္ ေဆး႐ုံဆင္းရန္ ျပင္ေတာ့သည္။

အပ္ျဖဳတ္ေပးရန္လာေသာ သူနာျပဳငယ္ေလးသည္ စစ္ယြီအား တစ္ခ်က္ၾကည့္ကာ လုံးဝျငင္းဆန္လိုက္၏။ "မရဘူး။ ႐ွင့္ကို ပို႔လိုက္တုန္းက ေသြးေတြအမ်ားႀကီး ဆုံး႐ႈံးထားရတာ။ ႐ွင့္ကိုစစ္ေဆးဖို႔အတြက္ ေဆး႐ုံဆက္တက္ဖို႔ လိုေသးတယ္။"

သူနာျပဳငယ္ေလးသည္ ထိုရင္သပ္႐ႈေမာဖြယ္ ဗီဒီယိုအား ေသခ်ာၾကည့္ၿပီးၿပီျဖစ္ၿပီး သူမေ႐ွ႕႐ွိ သနားစရာမ်က္လုံးမ်ားျဖင့္ ေတာင္းပန္ေနသည့္ ခပ္ယဲ့ယဲ့သာ႐ွိေသာ မိန္းကေလးအား ေသခ်ာေပါက္ မွတ္မိေပသည္။ ထိုမိန္းကေလးသည္ ကေလးေလးအား ကားဆီကေန ကယ္တင္ခဲ့သည့္ သတၱိ႐ွိေသာ နတ္သမီးငယ္ေလးပဲျဖစ္သည္။

စစ္ယြီတစ္ေယာက္ ေဆး႐ုံသို႔ ေရာက္ခါစက သူမသည္ ေသမင္းတံခါးဝတြင္ ေရာက္ေနသလိုပင္။ သူနာျပဳမ်ားမွာ သူတို႔၏ မ်က္ရည္မ်ားကို တိတ္တဆိတ္ သုတ္ေနရၿပီး ထိုကဲ့သို႔ေသာ မိန္းမေကာင္းေလး ေသရမည္မွာ အလြန္ႏွေမ်ာစရာေကာင္းသည္ဟု ခံစားေနခဲ့ၾက၏။ သို႔ရာတြင္ ထိုႏူးညံ့ၿပီး အားနည္းပုံေပၚေသာ မိန္း‌ကေလးမွာ မေမွ်ာ္လင့္ထားစြာ အလြန္အသက္ျပင္းေပသည္။ ထိုကဲ့သို႔ေသာ ေၾကာက္စရာေကာင္းေသာ အေျခအေနမ်ိဳးႏွင့္ ေသြးအလြန္အကြၽံ ဆုံး႐ႈံးထားတာေတာင္မွ သူမသည္ အမွန္တကယ္ အသက္႐ွင္ႏိုင္ခဲ့သည္။ ဆရာဝန္မ်ားကပင္ ဒါက ထူးဆန္းအံ့ဩဖြယ္ပဲဟု ေျပာၾကရသည္။

ဒါက 'လူေကာင္းေတြမွာ ေကာင္းတဲ့ကံက ေနာက္က လိုက္တယ္' ဆိုတဲ့ ဒ႑ာရီလာ ဆို႐ိုးအတိုင္းပဲ ျဖစ္ရမယ္ဟု သူနာျပဳငယ္ေလးက ေတြးလိုက္သည္။ အဲ့ဒါအျပင္ သူမတို႔ စစ္ယြီအား စစ္ေဆးၾကည့္႐ႈတုန္းက မည္သည့္အတြင္းဒဏ္ရာကိုမွ မေတြ႕ခဲ့ရေပ။ ဒါဆို စစ္ယြီက ဘာျဖစ္လို႔ ေသြးေတြ အဲ့ေလာက္ေတာင္ အန္ေနရတာလဲ။

သူနာျပဳေလးမွာ စိတ္႐ႈပ္ေထြးသြားရ၏။

စစ္ယြီသည္ မ်က္ေတာင္ခတ္လိုက္ၿပီး သနားစရာေကာင္းေအာင္ ဟန္ေဆာင္လိုက္သည္။ "ဒါေပမယ့္ ကြၽန္မမွာ တကယ္ကို ပိုက္ဆံမ႐ွိဘူး..."

"အဲ့ဒါကို ႐ွင္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ အခုေလးတင္ပဲ ႐ွင့္အတြက္ လူႀကီးလူေကာင္းတစ္ေယာက္က ေဆးဖိုးေတြ အကုန္ေခ်ေပးသြားပါၿပီ။ အိုး ဒါနဲ႔ ..." သူနာျပဳေလးသည္ သူမလက္ထဲက ေဆးမွတ္တမ္းကို လွန္ၾကည့္လိုက္၏။ "သူက ႐ွင့္ကို အထူးၾကပ္မတ္ကုသခန္းဆီလည္း ေ႐ႊ႕ေပးသြားေသးတယ္။"

စစ္ယြီ: "အဲ့လူက အမဲေရာင္မတ္စ္နဲ႔ အမဲေရာင္ ေနကာမ်က္မွန္ကို ဝတ္ထားၿပီးေတာ့ သူ႕မ်က္ႏွာကို ေတြ႕ဖို႔ေတာင္ ခက္တယ္မလား။"

"႐ွင္တို႔ တစ္ေယာက္နဲ႔တစ္ေယာက္ သိၾကတာလား။ သူဝတ္ထားတဲ့ပုံစံက အရမ္းထူးဆန္းလြန္းတယ္။ ကြၽန္မဆို သူ႕ကို သူ႕ကိုယ္သူ မျပရဲတဲ့ ျပစ္မႈ တစ္ခုခု က်ဴးလြန္ထားတဲ့လူတစ္ေယာက္လို႔ ထင္လိုက္မိဝာာ..."

စစ္ယြီ : ...ေဘဘီေလးက်ီေရ မင္းက လဲ့ဖုန္ကို ေကာ္ပီကူးရတာမ်ား စြဲလမ္းေနတာလား။ နာမည္ေတာင္ မခ်န္သြားဘဲနဲ႔ ကုသိုလ္ေကာင္းမႈတစ္ခု လုပ္သြားတယ္ေပါ့။ ဒါဆို ငါတို႔မ်က္ႏွာခ်င္းဆိုင္ေတြ႕တုန္းက ဘာျဖစ္လို႔ ထြက္ေျပးသြားတာလဲ။ ဒီငေၾကာက္ေလးကေတာ့...

* လဲ့ဖုန္ဆိုတာ ကိုယ္က်ိဳးစြန္႔ၿပီး အမ်ားအတြက္ ျပဳလုပ္ေပးတဲ့လူပါတဲ့။

သူမစိတ္ထဲက အဲ့လိုစကားေတြ ေျပာေနမိေပမဲ့ ခပ္ေႏြးေႏြး ခံစားခ်က္ေလးတစ္ခုက သူမႏွလုံးသားကို လာ႐ိုက္ခတ္ေပသည္။

သူမ၏ အရင္ဘဝတြင္ စစ္ယြီသည္ အိမ္ေထာင္ကြဲ မိသားစုပဲ ႐ွိခဲ့တာ ျဖစ္၏။ က်ီလင္း လုပ္ခဲ့သလိုမ်ိဳး သူမအတြက္ စိတ္ပူေပးတာကို တိုက္႐ိုက္ေဖာ္ျပတဲ့ အေျခအေနမ်ိဳးကို ေတြ႕ၾကဳံရတာ သူမအတြက္ေတာ့ ပထမဆုံးအႀကိမ္ ျဖစ္ေပသည္။

ဒီခံစားခ်က္က အရမ္းကိုမရင္းႏွီးေပမဲ့... သူမကို တကယ္ပဲ ေႏြးေထြးေစတယ္...

ေနာက္ဆုံးတြင္ က်ီလင္း၏ မထင္မွတ္ထားသည့္ ဝင္ေရာက္စြက္ဖက္မႈေလးေၾကာင့္ စစ္ယြီသည္ ေဆး႐ုံတြင္ နာနာခံခံေလး ေနခဲ့လိုက္သည္။

အက္စီးဒန္႔ျဖစ္သြားသည့္အတြက္ေၾကာင့္ စစ္ယြီသည္ က်ီလင္း၏ အယ္လ္ဘမ္အသစ္ သီခ်င္း‌ဗီဒီယို လူေ႐ြးပြဲသို႔ မသြားလိုက္ႏိုင္ေပ။ ဒီအတြက္ စစ္ယြီတစ္ေယာက္ အလြန္ စိတ္ေအးသြားရ၏။ က်ီလင္း၏ အလြန္မ်ားျပားေသာ ပရိသတ္မ်ားမွ သူမအား ေစာင္းေျမာင္းေျပာဆိုျခင္းကို ခံရတဲ့ မန္ဟြာ ‌ဇာတ္လမ္း၏ ဇာတ္ေၾကာင္းအတိုင္း လိုက္သြားဖို႔ မလိုေတာ့သည့္အတြက္ သူမ ဝမ္းသာမိသည္။ သို႔ေသာ္ ယြီလင္းကေတာ့ အျပစ္႐ွိတယ္လို႔ ခံစားေနရ၏။

"ဒီေလာက္ေကာင္းတဲ့ အခြင့္အေရးကို ..." ယြီလင္းတစ္ေယာက္ သက္ျပင္းခ်လိုက္သည္။ "ဒီအခြင့္အေရးကို ရသြားတဲ့လူက အသစ္ေလးလို႔ ငါၾကားမိတယ္။ ငါ အရင္တုန္းက သူမကို လုံးဝမၾကားဖူးဘူး။ သူမက ဟြမ္းယီနဲ႔လဲ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ၿပီးေတာ့ ဒီသီခ်င္းဗီဒီယိုက သူမရဲ႕ ပြဲဦးထြက္ပဲ။ ဒါႀကီးက တကယ့္ကို မယုံႏိုင္စရာပဲ။"

စစ္ယြီသည္ စိတ္အားထက္သန္စြာ ေမးလိုက္၏။ "အသစ္ေလး ဟုတ္လား။" မူလဇာတ္လမ္းထဲမွ သူမေနရာကို ယူသြားႏိုင္ေသာလူအား စစ္ယြီလည္း စပ္စပ္စုစု သိခ်င္မိေပသည္။

"ဟုတ္တယ္။" ယြီလင္း ေခါင္းၿငိမ့္လိုက္သည္။

"အဲ့ဒီ အသစ္ေလးက ႐ႈခ်င္းဝမ္လို႔ ေခၚတယ္။"

ဤတစ္ႀကိမ္ေတာ့ စစ္ယြီတစ္ေယာက္ တကယ္စိတ္ပ်က္သြားရ၏။

႐ႈခ်င္းဝမ္ဟုတ္လား။ အဲ့ဒါ သူမရဲ႕ မန္ဟြာစာအုပ္ <<စူပါစတားေလးရဲ႕ အလိုလိုက္ခံ အိမ္ေထာင္‌ေရး>> ထဲက ဇာတ္လိုက္မင္းသမီးႀကီး မဟုတ္ဘူးလား။ ဒါေပမဲ့ စစ္ယြီ ေသခ်ာေပါက္ မွတ္မိသေလာက္ဆို သူမက ပင္ကိုအရည္အေသြး အစီအစဥ္တစ္ခုမွာ ပြဲႀကီးထြက္ၿပီးေတာ့ ပင္ကိုအရည္အေသြး အစီအစဥ္မွာ ဆရာအျဖစ္ ဝင္လုပ္တဲ့ က်ီလင္းနဲ႔ ေတြ႕ခဲ့တာ မဟုတ္ဘူးလား။ ဘယ္လိုျဖစ္လို႔ ဒီေလာက္အႀကီးႀကီး လြဲသြားရတာပါလိမ့္။

႐ႈခ်င္းဝမ္က ဒီအခ်ိန္မွာ ေပၚလာရမွာ မဟုတ္ဘူးေလ။

သူမ ထိတ္လန္႔ေနဆဲအခ်ိန္တြင္ ယြီလင္းသည္ ဓာတ္ဘူးကို ထုတ္လိုက္၏။ "အခုေတာ့ ဒီကိစၥကို ခဏ ေဘးဖယ္ထားလိုက္ပါဦး။ ဒီမွာ ငါလုပ္လာတဲ့ စြပ္ျပဳတ္ေလး ေသာက္ၾကည့္။"

ယြီလင္းသည္ စစ္ယြီအား ေက်းဇူးတင္သည့္အတြက္ေၾကာင့္ အားျဖည့္စြပ္ျပဳတ္မ်ား ေန႔တိုင္းပို႔ေပးသည္။ သူမ၏သမီးေလး ပိုင္ပိုင္သည္လည္း အႀကိမ္ အနည္းငယ္ လာခဲ့သည္။ သူမေလး၏ အသက္ကို ကယ္ခဲ့တဲ့အတြက္ေၾကာင့္ ျဖစ္ႏိုင္သည္၊ ပိုင္ပိုင္သည္ စစ္ယြီအား အလြန္ခင္တြယ္သည္။ သူမေလးသည္ အလြန္စိတ္အားထက္သန္ေနသည့္အတြက္ေၾကာင့္ သူမ၏ အေမျဖစ္ေသာ ယြီလင္းပင္ သဝန္တိုလာရ၏။

"ငါတို႔ ပိုင္ပိုင္ေလးက လူစိမ္းေတြနဲ႔ဆို အရမ္း႐ွက္တတ္ၿပီး သိပ္မကပ္ဘူး။ အရင္တုန္းက ငါသူ႕ကို အျပင္ေခၚသြားရင္ သူက ငါ့အေနာက္မွာပဲ အၿမဲပုန္းေနတာ။ ဒါေပမဲ့ သူ နင့္ကိုေတာ့ အရမ္းသေဘာက်ေနတာ။" ယြီလင္းသည္ ခဏရပ္လိုက္ၿပီး စစ္ယြီ၏ နားနားသို႔ တိုးတိုးေလး ကပ္ေျပာလိုက္သည္။ "ကေလးက နည္းနည္းေလး ေအာ္တစ္ဇင္ျဖစ္ခ်င္ေနတာ။ ဆရာဝန္ ေျပာတာကေတာ့ အရမ္းႀကီး မဆိုးဝါးဘူးတဲ့၊ ဒါေပမဲ့ အခ်ိန္မွီ မကုသႏိုင္ရင္ ကေလးအေပၚမွာ သက္ေရာက္မႈ ႐ွိႏိုင္တယ္တဲ့။ ပိုင္ပိုင္ေလးက တျခားလူတစ္ေယာက္ကို အဲ့ေလာက္ ကပ္ေနတာကို ျမင္ဖူးဝာာ ဒါ ပထမဆုံးပဲ။ တကယ္လို႔ ျဖစ္ႏိုင္မယ္ဆိုရင္ေလ... နင္ သူနဲ႔ မၾကာခဏ အေဖာ္လုပ္ေပးလို႔ ရမလား။"

စစ္ယြီသည္ ထိတ္လန္႔သြားၿပီး မသိစိတ္မွ ပိုင္ပိုင္အား လွမ္းၾကည့္မိေသာအခါ ကေလးေလး၏ ခ်ိဳၿမိန္ၿပီး ႏူးညံ့ေသာ အျပဳံးေလးအား ေတြ႕လိုက္ရ၏။ ဘယ္လိုပဲၾကည့္ၾကည့္ ပိုင္ပိုင္သည္ ေအာ္တစ္ဇင္ေရာဂါ အနည္းငယ္ ခံစားေနရသည္ဟု စစ္ယြီမွာ မယုံၾကည္ႏိုင္ေပ။

စစ္ယြီ၏ ႏွလုံးသားေလးမွာ လုံးဝ ႏူးညံ့သြားရသည္။

"စိတ္မပူပါနဲ႔ လင္းက်ဲ" စစ္ယြီသည္ ပိုင္ပိုင္၏ ေခါင္းေပၚသို႔ ၾကည့္လိုက္ေသာအခါ သူမေလး၏ ကံတရားမွာ အလြန္ရင့္ေန၏။ သူမေလးသည္ အနာဂတ္တြင္ အလြန္ႀကီးျမတ္ေသာ ကံတရားႏွင့္ ေတြ႕ၾကဳံရမွာ ေသခ်ာေပသည္။ "အရမ္းဆိုးဝါးတဲ့ ဒုကၡႀကီးကို ေက်ာ္လႊားၿပီး အသက္႐ွင္ႏိုင္သြားတဲ့လူက ေကာင္းမြန္တဲ့ ကံတရားေတြနဲ႔ ခ်ည္ေႏွာင္ခံရၿပီးသားပဲ။ ပိုင္ပိုင္ေလးက ေသခ်ာေပါက္ကို ပိုေကာင္းလာမွာပါ။"

သူမ ေျပာလိုက္တာ အမွန္တရားပင္ျဖစ္သည္။

ယြီလင္းမွာ အစကေတာ့ စစ္ယြီက သူမအား ႏွစ္သိမ့္ေနသည္ဟုသာ ထင္ခဲ့တာျဖစ္သည္။ သို႔ေသာ္ သူမ စစ္ယြီအား ၾကည့္မိေသာအခါ သူမ(စစ္ယြီ)၏ အမူအရာမွာ အလြန္တည္ၿငိမ္ေလးနက္ေနေပသည္။

"ငါလည္း အဲ့လိုပဲ ေမွ်ာ္လင့္ပါတယ္။" ယြီလင္း သက္ျပင္းခ်လိုက္သည္။

ယြီလင္းသည္ သူမကို မယုံၾကည္ေၾကာင္း စစ္ယြီ ေျပာႏိုင္ေပသည္။ သူမသည္ ထိုအေၾကာင္းကို ေတြးၾကည့္ၿပီးေနာက္ အမွန္တရားအခ်ိဳ႕ကို ေျပာလိုက္၏။ "လင္းက်ဲ၊ ကြၽန္မရဲ႕အဖိုးက ေ႐ွ႕ျဖစ္ေဟာသူ ျဖစ္ခဲ့ဖူးတယ္။ ၿပီးေတာ့ ကြၽန္မကိုယ္တိုင္လည္း လူတစ္ေယာက္ရဲ႕ မ်က္ႏွာသြင္ျပင္ကို ၾကည့္ၿပီးေတာ့ ေ႐ွ႕ျဖစ္ေဟာတာကို နည္းနည္းသိတယ္။ ကြၽန္မ သိတာက အေပၚယံေလာက္ပဲ ဆိုေပမဲ့ ကြၽန္မ ျမင္ႏိုင္သေလာက္ေတာ့ ပိုင္ပိုင္ေလးရဲ႕ အက္စီးဒန္႔က အစ္မအတြက္ ကပ္ဆိုးျဖစ္ဖို႔ ရည္မွန္းထားတယ္။ အစ္မသာ ဒီကပ္ဆိုးကို လုံးဝေက်ာ္ျဖတ္ႏိုင္ၿပီ ဆိုတာနဲ႔ ‌ေနာက္ပိုင္း အစ္မရဲ႕ အနာဂတ္လမ္းေၾကာင္းက ေခ်ာေမြ႕သြားလိမ့္မယ္။"

ယြီလင္း၏ ကံၾကမၼာသည္ ပုံမွန္ဆိုတာထက္ ေကာင္းေပသည္။ အေမေရာ သမီးေရာ ေကာင္းမြန္သည့္ ကံၾကမၼာမ်ိဳး ႐ွိၾက၏။သူတို႔ႏွစ္ေယာက္သည္ ဤရက္မ်ားအတြင္း သူမဆီ မၾကာခဏ လာလည္ေနသည့္အတြက္ေၾကာင့္ စစ္ယြီအား သူတို႔၏ ကံေကာင္းမႈမ်ား ကူးစက္လာေစၿပီး သူမ၏ ေန႔တိုင္း ေသြးအန္သည့္ႏႈန္းပင္ ေလ်ာ့နည္းလာၿပီျဖစ္သည္။

"အဲ့ဒါ ... တကယ္ပဲလား။" စစ္ယြီသည္ ထိုအေၾကာင္းကို ေျပာေနစဥ္ ထူးထူးျခားျခားကို တည္ၾကည္ေနသည့္အတြက္ေၾကာင့္ ယြီလင္းမွာ သံသယေလး႐ွိလာရသည္။ သူမသည္ ခဏတာ တြန္႔‌ဆုတ္ေနၿပီးမွ ေျပာလိုက္သည္။ "အဲ့ဒါသာ အမွန္ဆိုရင္ ...."

"ဘာျဖစ္လို႔လဲ။" စစ္ယြီ ေမးလိုက္၏။

ယြီလင္းသည္ သတိျပန္ဝင္လာၿပီးမွ ‌ေခါင္းကို ေျဖးညႇင္းစြာ ခါယမ္းလိုက္သည္။ "ငါ့မွာ အခုတေလာ ကံဆိုးေနတဲ့ သူငယ္ခ်င္းတစ္ေယာက္႐ွိေနလို႔။ အကုန္လုံးက သူ႕အတြက္ မသင့္ေလ်ာ္တာေတြပဲ ျဖစ္ေနတာ။ သူ နာမည္ႀကီးဆရာေတြ အမ်ားႀကီးဆီကို သြားၿပီးၿပီ၊ ဒါေပမဲ့ ျပႆနာက ဘာလဲဆိုတာကို မေျပာျပႏိုင္ၾကဘူး။ တကယ္လို႔ နင္ ... တြက္ခ်က္တတ္တယ္ဆိုရင္ ငါ သူ႕ကို အရင္ေမးၾကည့္လိုက္မယ္ေလ။"

စစ္ယြီတစ္ေယာက္ နားလည္သြားသည္။ ယြီလင္း၏ 'သူငယ္ခ်င္း' ဆိုေသာလူမွာ အႏုပညာေလာကထဲက တစ္ေယာက္ေယာက္ ျဖစ္ရမည္။

သူမသည္ လိမၼာပါးနပ္ေသာေၾကာင့္ ဘာမွ မေမးခဲ့ေပ။

ေဆး႐ုံတြင္ တစ္ပတ္ျပည့္ေအာင္ေနထိုင္ၿပီးေနာက္ စစ္ယြီသည္ ေနာက္ဆုံးေတာ့ ေဆး႐ုံဆင္းခြင့္ရၿပီ ျဖစ္သည္။ သူမသည္ အားရဝမ္းသာျဖင့္ ေဆး႐ုံမွ ဆင္းလာေသာအခါ အနက္ေရာင္ဝတ္စုံဝတ္ ေဘာ္ဒီဂတ္ တစ္အုပ္ႏွင့္ လူေခ်ာေလးတစ္ေယာက္သည္ သူမ ေနသည့္ ေဆး႐ုံခန္းထဲသို႔ တိတ္တဆိတ္ လ်င္လ်င္ျမန္ျမန္ ဝင္လာၾကသည္။

လုံးဝကို ေျပာင္႐ွင္းေနသည့္ အခန္းအား ျမင္လိုက္ရေသာအခါ လု႐ွင္းက်ိဳး၏ မ်က္ႏွာသည္ မဲေမွာင္သြား၏။ "သူမ ဘယ္မွာလဲ။"

သိပ္မၾကာခင္ တစ္ေယာက္က သတင္းပို႔လာသည္။ "သခင္ေလးလု၊ က်ိဳးမိန္းကေလးက ေဆး႐ုံဆင္းသြားႏွင့္ပါၿပီ။"

လု႐ွင္းက်ိဳးမွာ ေျပာစရာစကား ေပ်ာက္႐ွသြားရ၏။ သူသည္လည္း ကားအက္စီးဒန္႔တြင္ အနည္းငယ္ ဒဏ္ရာရသြားသျဖင့္ ထိုအခြင့္အေရးကို အသုံးခ်ကာ အခုထိ နားေနခဲ့တာ ျဖစ္ၿပီး သူသည္လည္း စစ္ယြီအား မ်က္ႏွာခ်င္းမဆိုင္လို၍ျဖစ္သည္။ သူ႕အေဖက သူ႕အား လာၿပီး ေတာင္းပန္ခိုင္းခဲ့ေသာ္လည္း လုမိသားစု၏ သိကၡာ႐ွိေသာ သခင္ေလးတစ္ေယာက္အေနႏွင့္ ဘယ္တုန္းကမ်ား သူက တစ္ျခားလူေတြကို ဦးၫႊတ္ၿပီး ေတာင္းပန္ခဲ့ရဖူးလို႔လဲ။

လု႐ွင္းက်ိဳးက မသြားဘူးဟု ဇြတ္ျငင္းေနေသာအခါ လုခ်မ္သည္ မတတ္သာေတာ့ဘဲ လုမိသားစု ပၪၥမသခင္၏ နာမည္ကိုသုံးကာ သြားခိုင္းခဲ့ရ၏။ လု႐ွင္းက်ိဳးသည္ စည္းမ႐ွိကမ္းမ႐ွိ ဘယ္သူ႕ကိုမွ မေၾကာက္တဲ့ အ႐ိုင္းတုံးေလးျဖစ္ေပမယ့္ သူသည္ ပၪၥမသခင္လုကိုေတာ့ ေၾကာက္ေပသည္။ ပၪၥမသခင္လုက ေတာင္းပန္ခိုင္းတာဟု ၾကားၾကားခ်င္း လု႐ွင္းက်ိဳးသည္ ခ်က္ခ်င္းပင္ အ႐ႈံးေပးလိုက္ကာ ပန္းႏွင့္ သစ္သီးမ်ားပင္ ဝယ္လာၿပီး ေဆး႐ုံသို႔ နာနာခံခံ လာေရာက္ခဲ့တာ ျဖစ္သည္။

--- သူ ေျခတစ္လွမ္းေလး ေနာက္က်သြားတာနဲ႔ အဲ့ဒီမိန္းကေလးက ေဆး႐ုံဆင္းၿပီးသား ျဖစ္သြားလိမ့္မယ္လို႔ ဘယ္သူသိပါ့မလဲ ။

ဒါက ... ပၪၥမသခင္လုက သူေႏွးေနလို႔ဆိုၿပီး အျပစ္ေတာ့ မတင္ေလာက္ပါဘူး ဟုတ္တယ္မလား။ လု႐ွင္းက်ိဳးသည္ ပၪၥမသခင္လု၏ ကိစၥေတြကို လုပ္ေဆာင္တယ္ ဆိုတဲ့ အဓိပၸါယ္ကို သတိရသြားၿပီး ခ်က္ခ်င္းပင္ တုန္လႈပ္သြားရ၏။

သူသည္ သူ၏ လက္ေအာက္ငယ္သားမ်ားကို အလ်င္အျမန္ အမိန္႔ေပးလိုက္သည္။ "ျမန္ျမန္ သြားၿပီး႐ွာခဲ့ ---- အဲ့ဒါ .. 'က်ိဳးစစ္ယြီ' ဟုတ္တယ္မလား။ အဲ့ဒီ က်ိဳးစစ္ယြီကို အေသးစိတ္ စုံစမ္းၿပီး အထူးသျဖင့္ သူမ ဘာလိုအပ္ေနလဲဆိုတာကို ေသခ်ာစုံစမ္းခဲ့။ ငါတို႔က သူမကို ေက်းဇူးတင္ရမွာဆိုေတာ့ လက္ေဆာင္ေလးေတာ့ ယူသြားရမွာပဲ။ ငါတို႔ လက္ဗလာနဲ႔ သြားလို႔မရဘူး။ နားလည္ၾကလား။"

Continue Reading

You'll Also Like

4.6M 524K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
187K 18.8K 73
လှပကြော့ရှင်းသော ချစ်ခြင်းမေတ္တာသည် အမုန်းတရားမှ စတင်ပေါက်ဖွားလာခြင်းဖြစ်၏။ Own Creation by Moe(JE Rain)
347K 8.7K 80
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."