အခန်း (၇) (ခ)
သူ ဒါကို ဘယ်လို ရှင်းပြသင့်လဲ... သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် လုံးဝမသိဘူးလေ။ သူက အစ်မည်မသိ မော်ဒယ်လေးရဲ့ အိပ်ရာဆီ ပြေးသွားတဲ့ နာမည်ကြီးစူပါစတားတစ်ယောက်လို့ အမှန်ကို မသိတဲ့လူတွေကတော့ တွေးကြလိမ့်မယ်။ သူတို့နှစ်ယောက်ကြားမှာ တစ်ခုခုရှိနေတယ်လို့ တွေးကြလိမ့်မယ်။
"ငါ အမ်... တကယ်တော့..." သခင်လေးကျီသည် ဆင်ခြေတစ်ခုပေးရန် သူ့ဦးနှောက်အား အလုပ်ပေးလိုက်၏။ သူသည် အမှန်တကယ်ကြီးကို "မင်းက ငါ့အစ်မပဲ" ဆိုတဲ့ စကားလုံးလေးလုံးကို ပြောလိုက်လို့ မဖြစ်ပါချေ။
သူ့ရဲ့ အစ်မကို သူ ခြောက်လှန့်မိသလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ သူမက နူးညံ့တယ်။ အထိခိုက်မခံနိုင်ဘူး။ ကျီလင်းသည် ထိုအခြေအနေမှ လွတ်မြောက်ရန် ဆင်ခြေတစ်ခုအား ရှာတွေ့လိုက်သည်။
ကံကောင်းစွာပင် ထိုအချိန်တွင် တံခါးမှာ တွန်းဖွင့်ခံလိုက်ရ၏။ ယွီလင်းသည် ဓာတ်ဘူးတစ်လုံးဖြင့် ဝင်လာပြီး "စစ်ယွီ ငါနင့်ကို ယူလာပေး..."
သူမသည် ရုတ်တရတ် အခန်းထဲတွင် အရပ်ရှည်ရှည် ယောက်ျားတစ်ယောက် ရပ်နေသေးသည်ကို မြင်လိုက်ရသောအခါ သူမစကားကို ရပ်လိုက်၏။
ကျီလင်းသည် တံခါးဖွင့်သံကို ကြားလိုက်ရသောအခါ စိတ်အေးသွားရသည်။ အခုတော့ သူသည် အကြောင်းပြချက်တစ်ခုပြပြီး ထွက်ပြေးလို့ရပြီလေ။
တစ်ချိန်တည်းမှာပင် သူသည် မက်စ်ကိုတပ် နေကာမျက်မှန်ကို ခပ်မြန်မြန်တပ်ပြီး သူ့မျက်နှာကို ခေါင်းစွပ်ဖြင့် လုံလုံခြုံခြုံ ကာထားလိုက်သည်။ စစ်ယွီတစ်ယောက် ကြောင်အ,ပြီး ကြည့်နေမိတုန်းမှာပင် သူသည် နှစ်စက္ကန့်အတွင်း သူ့အမေပင် သူ့ကို မမှတ်မိနိုင်အောင် တစ်ခေါင်းလုံးကို လုံအောင်ဖုံးပြီး ရုပ်ဖျက်ခြင်း ပြီးစီးသွား၏။ ထိုအခါမှသာ သူသည် အပြင်သို့ထွက်ရန် စိတ်ချသွားရသည်။
"သူက ဘယ်သူလဲ။" ယွီလင်းသည် ကျီလင်း၏ ထွက်ပြေးသွားသော ပုံရိပ်ကိုကြည့်ကာ စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။ ဒီလူရဲ့ပုံစံက အတော်လေး ရင်းနှီးနေတယ်လို့ သူမ ထင်မိသည်။ သို့သော် မျက်နှာတစ်ဝက်ခန့်ကို အပြည့်အဝ ဖုံးကွယ်ထားသည့်အတွက် ဘယ်သူလဲဆိုတာ သူမ မသိနိုင်ပေ။
"လင်းကျဲ ထိုင်ပါဦး၊ ထိုင်ပါဦး။ အဲ့လူက အခန်းမှားဝင်လာတာပါ။" စစ်ယွီသည် ယွီလင်း၏အာရုံကို ပြန်ဆွဲယူလိုက်ပြီး ထိုအရူးကောင်လေးကို လိုက်လံဖုံးဖိပေးလိုက်၏။
အဝေးကြီးမရောက်သေးသော ကျီလင်းမှာ နှာချေလိုက်မိသည်။ သူသည် ဘေးပတ်လည်ကို တစ်ချက်ကြည့်ပြီး ခေါင်းစွပ်ကိုချွတ်ကာ လှေခါးထစ်တွေဆီ ပြေးသွားလိုက်၏။ ဖုန်းကိုထုတ်ကာ သူ၏ဒုတိယအကောင့်သို့ ပျော်ရွှင်စွာ ချိန်းလိုက်ပြီး စစ်ယွီတစ်ယောက် ကလေးမလေးကို ကားဆီမှ ကယ်ဆယ်ခဲ့သည့် ဝေ့ပေါ် ပို့စ်ဆီသို့ သွားလိုက်သည်။ အရူးအမူး ပရိသတ်လေးကဲ့သို့ပင် သူသည် အသက်တစ်ရှိုက်စာ အချိန်လေးတွင်ပင် မှတ်ချက်အများအပြား ချရေးလိုက်၏။ "အားးး တကယ့်နတ်သမီးလေးပဲ... ဒါပေမယ့် မင်းရဲ့ လုံခြုံရေးအတွက်လည်း ဂရုစိုက်ဖို့လိုတယ်လေ။ ဒါက အန္တရာယ်များလွန်းတယ်။"
ထိုကဲ့သို့ ရေးသားပြီးတာတောင် ကျီလင်းမှာ လုံလောက်ပြီဟု မထင်မိသေးပေ။ ထို့ကြောင့် သူ၏ အဓိက ဝေ့ပေါ် အကောင့်ကို ပြန်ချိန်းလိုက်ပြီး ထိုပို့စ်အား လိုက်ခ်ပေးလိုက်သည်။
သူ၏ ဝေ့ပေါ် အကောင့်တွင် ဖော်လိုဝါ သန်းနှစ်ဆယ်ကျော် ရှိပါသည်။ ပုံမှန်ဆိုလျှင် သူသည် ဝေ့ပေါ် တွင် ကြော်ငြာများကို ထပ်ဆင့်မျှဝေတာ ဒါမှမဟုတ် ကြော်ငြာပို့စ်လောက်ပဲ တင်တာဖြစ်သည်။ ကိုယ်ရေးကိုယ်တာနဲ့ ပက်သက်သည့် ပို့စ်တစ်ခုကိုမြင်ဖို့ အလွန်ခဲယဉ်းပေသည်။ ဤ 'လိုက်ခ်' လေးတစ်ခုသည် မရေမတွက်နိုင်သော ပရိသတ်များအား ထိုကယ်တင်နေသည့် ဗီဒီယိုကို ရှာဖွေအောင် ပြုလုပ်နိုင်ခဲ့သည်။ သူတို့သည် သူတို့အိုင်ဒေါ ဘာလုပ်နေဝာာလဲဆိုတာ စပ်စုချင်ကြ၏။ သူက ပို့စ်တင်ဖို့တောင် အလွန်ခဲယဉ်းတာ၊ ဒီဝေ့ပေါ် ပို့စ်ကို ဘာဖြစ်လို့ ရုတ်တရတ်ကြီး လိုက်ခ်ပေးတာလဲ။
ထိုစပ်စုမှုသည် ကားတိုက်ခံရခြင်းမှ ကယ်တင်သည့် ဗီဒီယိုအား ထပ်ပြီးပေါက်ကွဲလာစေပြန်သည်။
မူလက ထိုမတော်တဆမှုအတွက် စိတ်အားထက်သန်မှုများမှာ အလျင်အမြန်ပဲ အေးဆေးသွားတာဖြစ်ပြီး ယခုမူ ကျီလင်း၏ ပရိသတ်များ စုအုံလာသောအခါ "ကားအောက်က လူတစ်ယောက်ကို ကယ်တင်ခဲ့တဲ့ နတ်သမီးလေး" ဗီဒီယိုသည် ရှာဖွေမှုအများဆုံးစာရင်းထဲ ပြန်ဝင်လာခဲ့ပြန်သည်။
ကျီလင်းသည် သူ့အစ်မ၏ ရဲရင့်မှုနှင့် ကြင်နာမှုတို့ကို လူများများမြင်အောင် လုပ်သင့်သည်။ အဲ့ဒါအပြင် ဒီလိုကောင်းတဲ့အရာကို လိုက်ခ်ပေးတာ သင့်တော်တယ်လေ၊ ဟုတ်တယ်မလား။ ကျီလင်းသည် ဖုန်းကိုပိတ်လိုက်ပြီး လက်ထောက်ရှောင်အိုက်ထံမှ အပြင်းအထန် စစ်ဆေးနေသော မက်ဆေ့ချ်များကို လျစ်လျူရှုထားလိုက်သည်။ သူသည် သီချင်းတစ်ပုဒ်ကိုညည်းရင်း လမ်းလျှောက်ရင်းနှင့် တွေးလိုက်မိသည်။ တရုတ်တိုင်းရင်းဆေး အထူးပြုတဲ့ အလွန့်အလွန်တော်တဲ့ ဆရာဝန်အိုကြီးတစ်ယောက် ရုန်မြို့ရဲ့ လုမိသားစုမှာ ရှိတယ်လို့ သူကြားမိ၏။ သူ တစ်ရက်ရက်မှာ သူ့အစ်မကို ဒီဆရာဝန်နဲ့ ပြပေးဖို့ ကူညီလို့ရနိုင်မလားဆိုတာ ကြိုးစားကြည့်ရမယ်။
ဆေးရုံဆောင်အတွင်းတွင် ယွီလင်းသည် ဓာတ်ဘူးမှ ယာဂုပူပူနွေးနွေးလေးကို ပန်းကန်ထဲ လောင်းချပြီး စားပွဲအသေးလေးပေါ်သို့ တင်လိုက်သည်။ ထိုအချိန်တွင် သူမ၏ မျက်နှာပေါ်မှာ အောင်မြင်နေသော အမျိုးသမီးတစ်ယောက်၏ တင်းမာမှုနှင့် တိကျပြတ်သားနေမှုတို့ မရှိနေတော့ဘဲ မိခင်တစ်ယောက်၏ နူးညံ့မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့သာ ကျန်နေရစ်ပေသည်။
"စစ်ယွီ၊ ပိုင်ပိုင်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ နင်သာမရှိခဲ့ရင် ပိုင်ပိုင်က..." ယွီလင်းသည် ခေါင်းကိုငုံ့ကာ သူမ၏ မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။ "ငါ အခုပဲ သူမကို အိမ်ပြန်ပို့ခဲ့တာ။ သူမလေးက မထိခိုက်သွားဘူး နည်းနည်းလေး လန့်သွားရုံပဲ။ ဒါ အရမ်းကို ကံကောင်းလွန်းတယ်... နင့်ကို ဘယ်လိုကျေးဇူးတင်ရမလဲတောင် ငါမသိတော့ဘူး။"
ယွီလင်းသည် စစ်ယွီအား နောင်တများဖြင့် ကြည့်လိုက်သည်။ စစ်ယွီသည် ကုတင်ပေါ်တွင် လှဲနေရင်း စက္ကူအဖြူတစ်ရွက်လိုပင် ဖြူဖျော့နေ၏။ သူမ၏ လက်မောင်းတွင် သေးငယ်သော ပွန်းပဲ့ရာများနှင့် ပြည့်နှက်နေသည်။ သွေးတိတ်သွားပြီဖြစ်သော်လည်း ဒီအနာများကို ကြည့်ခြင်းဖြင့် ထိုအချိန်တုန်းက ဘယ်လောက်တောင် အန္တရာယ်များခဲ့သည်ကို သိနိုင်ပေသည်။
စစ်ယွီသည် ယွီလင်းအား နှစ်သိမ့်ပေးနေရင်း သူမခေါင်းပေါ်ကို လျှို့ဝှက်စွာ ချောင်းကြည့်လိုက်သည်။ ကံမကောင်းစေတဲ့ အနက်ရောင်မြူက သေချာပေါက် ပျောက်သွားခဲ့ပြီ။ ယွီလင်း၏ ကံကောင်းခြင်းဖြစ်သော ပန်းရောင်ဖျော့ဖျော့လေးက ပြန်လည်ရောက်ရှိနေခဲ့ပြီး အရင်တုန်းကထက်တောင် အရောင်ပိုရင့်လာခဲ့သည်။
ဒါက ယွီလင်းတစ်ယောက် ဘေးဒုက္ခဆိုးကြီးကို အောင်အောင်မြင်မြင် ဖြတ်ကျော်သွားနိုင်ပြီလို့ ဆိုလိုတာလား။
ယွီလင်းထွက်သွားပြီးနောက် စစ်ယွီသည် အချိန်အကြာကြီး တွေးနေခဲ့ပြီး ဤစွမ်းရည်၏ လုပ်နိုင်စွမ်းများကို အကျဉ်းချုပ်ကြည့်လိုက်သည် : သူမက လူတစ်ယောက်ရဲ့ ကံကြမ္မာကို မြင်နိုင်တယ်။ လူတစ်ယောက်က မကောင်းတဲ့ကံနဲ့ ကြုံတွေ့ရတော့မယ်ဆိုရင် သူမက အဲ့ဒီကံမကောင်းမှုရဲ့ ဖြစ်ပွားရခြင်းကို ရိပ်ခနဲ မြင်တွေ့နိုင်တယ်။ ပြီးတော့ သူမက ကံကောင်းတဲ့လူတွေအနားမှာနေရင် သူမလည်း အကျိုးကျေးဇူးရနိုင်ပြီး သူမရဲ့ခန္ဓာကိုယ်အခြေအနေလည်း အတိုင်းအတာတစ်ခုအထိ တိုးတက်နိုင်တယ်။
ဒါဆို ဒီကံကောင်းမှုက သူမရဲ့ဘဝကို အထောက်အပံ့လိုဖြစ်နေတာများလား။
စစ်ယွီသည် ကျွတ်ခနဲ စုတ်သပ်လိုက်သည်။ ကြည့်ရတာတော့ သူမ ငြိမ်ငြိမ်းချမ်းချမ်း အခြေချလို့ရမယ့် နည်းလမ်းတစ်ခုကို တွေ့ပြီထင်တယ်။
***
Zawgyi
အခန္း (၇) (ခ)
သူ ဒါကို ဘယ္လို ႐ွင္းျပသင့္လဲ... သူတို႔ႏွစ္ေယာက္က တစ္ေယာက္နဲ႔တစ္ေယာက္ လုံးဝမသိဘူးေလ။ သူက အစ္မည္မသိ ေမာ္ဒယ္ေလးရဲ႕ အိပ္ရာဆီ ေျပးသြားတဲ့ နာမည္ႀကီးစူပါစတားတစ္ေယာက္လို႔ အမွန္ကို မသိတဲ့လူေတြကေတာ့ ေတြးၾကလိမ့္မယ္။ သူတို႔ႏွစ္ေယာက္ၾကားမွာ တစ္ခုခု႐ွိေနတယ္လို႔ ေတြးၾကလိမ့္မယ္။
"ငါ အမ္... တကယ္ေတာ့..." သခင္ေလးက်ီသည္ ဆင္ေျခတစ္ခုေပးရန္ သူ႕ဦးေႏွာက္အား အလုပ္ေပးလိုက္၏။ သူသည္ အမွန္တကယ္ႀကီးကို "မင္းက ငါ့အစ္မပဲ" ဆိုတဲ့ စကားလုံးေလးလုံးကို ေျပာလိုက္လို႔ မျဖစ္ပါေခ်။
သူ႕ရဲ႕ အစ္မကို သူ ေျခာက္လွန္႔မိသလိုျဖစ္သြားရင္ ဘယ္လိုလုပ္မလဲ။ သူမက ႏူးညံ့တယ္။ အထိခိုက္မခံႏိုင္ဘူး။ က်ီလင္းသည္ ထိုအေျခအေနမွ လြတ္ေျမာက္ရန္ ဆင္ေျခတစ္ခုအား ႐ွာေတြ႕လိုက္သည္။
ကံေကာင္းစြာပင္ ထိုအခ်ိန္တြင္ တံခါးမွာ တြန္းဖြင့္ခံလိုက္ရ၏။ ယြီလင္းသည္ ဓာတ္ဘူးတစ္လုံးျဖင့္ ဝင္လာၿပီး "စစ္ယြီ ငါနင့္ကို ယူလာေပး..."
သူမသည္ ႐ုတ္တရတ္ အခန္းထဲတြင္ အရပ္႐ွည္႐ွည္ ေယာက်္ားတစ္ေယာက္ ရပ္ေနေသးသည္ကို ျမင္လိုက္ရေသာအခါ သူမစကားကို ရပ္လိုက္၏။
က်ီလင္းသည္ တံခါးဖြင့္သံကို ၾကားလိုက္ရေသာအခါ စိတ္ေအးသြားရသည္။ အခုေတာ့ သူသည္ အေၾကာင္းျပခ်က္တစ္ခုျပၿပီး ထြက္ေျပးလို႔ရၿပီေလ။
တစ္ခ်ိန္တည္းမွာပင္ သူသည္ မက္စ္ကိုတပ္ ေနကာမ်က္မွန္ကို ခပ္ျမန္ျမန္တပ္ၿပီး သူ႕မ်က္ႏွာကို ေခါင္းစြပ္ျဖင့္ လုံလုံျခဳံျခဳံ ကာထားလိုက္သည္။ စစ္ယြီတစ္ေယာက္ ေၾကာင္အ,ၿပီး ၾကည့္ေနမိတုန္းမွာပင္ သူသည္ ႏွစ္စကၠန္႔အတြင္း သူ႕အေမပင္ သူ႕ကို မမွတ္မိႏိုင္ေအာင္ တစ္ေခါင္းလုံးကို လုံေအာင္ဖုံးၿပီး ႐ုပ္ဖ်က္ျခင္း ၿပီးစီးသြား၏။ ထိုအခါမွသာ သူသည္ အျပင္သို႔ထြက္ရန္ စိတ္ခ်သြားရသည္။
"သူက ဘယ္သူလဲ။" ယြီလင္းသည္ က်ီလင္း၏ ထြက္ေျပးသြားေသာ ပုံရိပ္ကိုၾကည့္ကာ စိတ္႐ႈပ္ေထြးစြာ ေမးလိုက္သည္။ ဒီလူရဲ႕ပုံစံက အေတာ္ေလး ရင္းႏွီးေနတယ္လို႔ သူမ ထင္မိသည္။ သို႔ေသာ္ မ်က္ႏွာတစ္ဝက္ခန္႔ကို အျပည့္အဝ ဖုံးကြယ္ထားသည့္အတြက္ ဘယ္သူလဲဆိုတာ သူမ မသိႏိုင္ေပ။
"လင္းက်ဲ ထိုင္ပါဦး၊ ထိုင္ပါဦး။ အဲ့လူက အခန္းမွားဝင္လာတာပါ။" စစ္ယြီသည္ ယြီလင္း၏အာ႐ုံကို ျပန္ဆြဲယူလိုက္ၿပီး ထိုအ႐ူးေကာင္ေလးကို လိုက္လံဖုံးဖိေပးလိုက္၏။
အေဝးႀကီးမေရာက္ေသးေသာ က်ီလင္းမွာ ႏွာေခ်လိုက္မိသည္။ သူသည္ ေဘးပတ္လည္ကို တစ္ခ်က္ၾကည့္ၿပီး ေခါင္းစြပ္ကိုခြၽတ္ကာ ေလွခါးထစ္ေတြဆီ ေျပးသြားလိုက္၏။ ဖုန္းကိုထုတ္ကာ သူ၏ဒုတိယအေကာင့္သို႔ ေပ်ာ္႐ႊင္စြာ ခ်ိန္းလိုက္ၿပီး စစ္ယြီတစ္ေယာက္ ကေလးမေလးကို ကားဆီမွ ကယ္ဆယ္ခဲ့သည့္ ေဝ့ေပၚ ပို႔စ္ဆီသို႔ သြားလိုက္သည္။ အ႐ူးအမူး ပရိသတ္ေလးကဲ့သို႔ပင္ သူသည္ အသက္တစ္႐ိႈက္စာ အခ်ိန္ေလးတြင္ပင္ မွတ္ခ်က္အမ်ားအျပား ခ်ေရးလိုက္၏။ "အားးး တကယ့္နတ္သမီးေလးပဲ... ဒါေပမယ့္ မင္းရဲ႕ လုံျခဳံေရးအတြက္လည္း ဂ႐ုစိုက္ဖို႔လိုတယ္ေလ။ ဒါက အႏၲရာယ္မ်ားလြန္းတယ္။"
ထိုကဲ့သို႔ ေရးသားၿပီးတာေတာင္ က်ီလင္းမွာ လုံေလာက္ၿပီဟု မထင္မိေသးေပ။ ထို႔ေၾကာင့္ သူ၏ အဓိက ေဝ့ေပၚ အေကာင့္ကို ျပန္ခ်ိန္းလိုက္ၿပီး ထိုပို႔စ္အား လိုက္ခ္ေပးလိုက္သည္။
သူ၏ ေဝ့ေပၚ အေကာင့္တြင္ ေဖာ္လိုဝါ သန္းႏွစ္ဆယ္ေက်ာ္ ႐ွိပါသည္။ ပုံမွန္ဆိုလွ်င္ သူသည္ ေဝ့ေပၚ တြင္ ေၾကာ္ျငာမ်ားကို ထပ္ဆင့္မွ်ေဝတာ ဒါမွမဟုတ္ ေၾကာ္ျငာပို႔စ္ေလာက္ပဲ တင္တာျဖစ္သည္။ ကိုယ္ေရးကိုယ္တာနဲ႔ ပက္သက္သည့္ ပို႔စ္တစ္ခုကိုျမင္ဖို႔ အလြန္ခဲယဥ္းေပသည္။ ဤ 'လိုက္ခ္' ေလးတစ္ခုသည္ မေရမတြက္ႏိုင္ေသာ ပရိသတ္မ်ားအား ထိုကယ္တင္ေနသည့္ ဗီဒီယိုကို ႐ွာေဖြေအာင္ ျပဳလုပ္ႏိုင္ခဲ့သည္။ သူတို႔သည္ သူတို႔အိုင္ေဒါ ဘာလုပ္ေနဝာာလဲဆိုတာ စပ္စုခ်င္ၾက၏။ သူက ပို႔စ္တင္ဖို႔ေတာင္ အလြန္ခဲယဥ္းတာ၊ ဒီေဝ့ေပၚ ပို႔စ္ကို ဘာျဖစ္လို႔ ႐ုတ္တရတ္ႀကီး လိုက္ခ္ေပးတာလဲ။
ထိုစပ္စုမႈသည္ ကားတိုက္ခံရျခင္းမွ ကယ္တင္သည့္ ဗီဒီယိုအား ထပ္ၿပီးေပါက္ကြဲလာေစျပန္သည္။
မူလက ထိုမေတာ္တဆမႈအတြက္ စိတ္အားထက္သန္မႈမ်ားမွာ အလ်င္အျမန္ပဲ ေအးေဆးသြားတာျဖစ္ၿပီး ယခုမူ က်ီလင္း၏ ပရိသတ္မ်ား စုအုံလာေသာအခါ "ကားေအာက္က လူတစ္ေယာက္ကို ကယ္တင္ခဲ့တဲ့ နတ္သမီးေလး" ဗီဒီယိုသည္ ႐ွာေဖြမႈအမ်ားဆုံးစာရင္းထဲ ျပန္ဝင္လာခဲ့ျပန္သည္။
က်ီလင္းသည္ သူ႕အစ္မ၏ ရဲရင့္မႈႏွင့္ ၾကင္နာမႈတို႔ကို လူမ်ားမ်ားျမင္ေအာင္ လုပ္သင့္သည္။ အဲ့ဒါအျပင္ ဒီလိုေကာင္းတဲ့အရာကို လိုက္ခ္ေပးတာ သင့္ေတာ္တယ္ေလ၊ ဟုတ္တယ္မလား။ က်ီလင္းသည္ ဖုန္းကိုပိတ္လိုက္ၿပီး လက္ေထာက္ေ႐ွာင္အိုက္ထံမွ အျပင္းအထန္ စစ္ေဆးေနေသာ မက္ေဆ့ခ်္မ်ားကို လ်စ္လ်ဴ႐ႈထားလိုက္သည္။ သူသည္ သီခ်င္းတစ္ပုဒ္ကိုညည္းရင္း လမ္းေလွ်ာက္ရင္းႏွင့္ ေတြးလိုက္မိသည္။ တ႐ုတ္တိုင္းရင္းေဆး အထူးျပဳတဲ့ အလြန္႔အလြန္ေတာ္တဲ့ ဆရာဝန္အိုႀကီးတစ္ေယာက္ ႐ုန္ၿမိဳ႕ရဲ႕ လုမိသားစုမွာ ႐ွိတယ္လို႔ သူၾကားမိ၏။ သူ တစ္ရက္ရက္မွာ သူ႕အစ္မကို ဒီဆရာဝန္နဲ႔ ျပေပးဖို႔ ကူညီလို႔ရႏိုင္မလားဆိုတာ ႀကိဳးစားၾကည့္ရမယ္။
ေဆး႐ုံေဆာင္အတြင္းတြင္ ယြီလင္းသည္ ဓာတ္ဘူးမွ ယာဂုပူပူေႏြးေႏြးေလးကို ပန္းကန္ထဲ ေလာင္းခ်ၿပီး စားပြဲအေသးေလးေပၚသို႔ တင္လိုက္သည္။ ထိုအခ်ိန္တြင္ သူမ၏ မ်က္ႏွာေပၚမွာ ေအာင္ျမင္ေနေသာ အမ်ိဳးသမီးတစ္ေယာက္၏ တင္းမာမႈႏွင့္ တိက်ျပတ္သားေနမႈတို႔ မ႐ွိေနေတာ့ဘဲ မိခင္တစ္ေယာက္၏ ႏူးညံ့မႈႏွင့္ ပင္ပန္းႏြမ္းနယ္မႈတို႔သာ က်န္ေနရစ္ေပသည္။
"စစ္ယြီ၊ ပိုင္ပိုင္ကို ကယ္တင္ေပးလို႔ ေက်းဇူးတင္ပါတယ္။ နင္သာမ႐ွိခဲ့ရင္ ပိုင္ပိုင္က..." ယြီလင္းသည္ ေခါင္းကိုငုံ႔ကာ သူမ၏ မ်က္လုံးေထာင့္မွ မ်က္ရည္မ်ားကို သုတ္လိုက္သည္။ "ငါ အခုပဲ သူမကို အိမ္ျပန္ပို႔ခဲ့တာ။ သူမေလးက မထိခိုက္သြားဘူး နည္းနည္းေလး လန္႔သြား႐ုံပဲ။ ဒါ အရမ္းကို ကံေကာင္းလြန္းတယ္... နင့္ကို ဘယ္လိုေက်းဇူးတင္ရမလဲေတာင္ ငါမသိေတာ့ဘူး။"
ယြီလင္းသည္ စစ္ယြီအား ေနာင္တမ်ားျဖင့္ ၾကည့္လိုက္သည္။ စစ္ယြီသည္ ကုတင္ေပၚတြင္ လွဲေနရင္း စကၠဴအျဖဴတစ္႐ြက္လိုပင္ ျဖဴေဖ်ာ့ေန၏။ သူမ၏ လက္ေမာင္းတြင္ ေသးငယ္ေသာ ပြန္းပဲ့ရာမ်ားႏွင့္ ျပည့္ႏွက္ေနသည္။ ေသြးတိတ္သြားၿပီျဖစ္ေသာ္လည္း ဒီအနာမ်ားကို ၾကည့္ျခင္းျဖင့္ ထိုအခ်ိန္တုန္းက ဘယ္ေလာက္ေတာင္ အႏၲရာယ္မ်ားခဲ့သည္ကို သိႏိုင္ေပသည္။
စစ္ယြီသည္ ယြီလင္းအား ႏွစ္သိမ့္ေပးေနရင္း သူမေခါင္းေပၚကို လွ်ိဳ႕ဝွက္စြာ ေခ်ာင္းၾကည့္လိုက္သည္။ ကံမေကာင္းေစတဲ့ အနက္ေရာင္ျမဴက ေသခ်ာေပါက္ ေပ်ာက္သြားခဲ့ၿပီ။ ယြီလင္း၏ ကံေကာင္းျခင္းျဖစ္ေသာ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ေလးက ျပန္လည္ေရာက္႐ွိေနခဲ့ၿပီး အရင္တုန္းကထက္ေတာင္ အေရာင္ပိုရင့္လာခဲ့သည္။
ဒါက ယြီလင္းတစ္ေယာက္ ေဘးဒုကၡဆိုးႀကီးကို ေအာင္ေအာင္ျမင္ျမင္ ျဖတ္ေက်ာ္သြားႏိုင္ၿပီလို႔ ဆိုလိုတာလား။
ယြီလင္းထြက္သြားၿပီးေနာက္ စစ္ယြီသည္ အခ်ိန္အၾကာႀကီး ေတြးေနခဲ့ၿပီး ဤစြမ္းရည္၏ လုပ္ႏိုင္စြမ္းမ်ားကို အက်ဥ္းခ်ဳပ္ၾကည့္လိုက္သည္ : သူမက လူတစ္ေယာက္ရဲ႕ ကံၾကမၼာကို ျမင္ႏိုင္တယ္။ လူတစ္ေယာက္က မေကာင္းတဲ့ကံနဲ႔ ၾကဳံေတြ႕ရေတာ့မယ္ဆိုရင္ သူမက အဲ့ဒီကံမေကာင္းမႈရဲ႕ ျဖစ္ပြားရျခင္းကို ရိပ္ခနဲ ျမင္ေတြ႕ႏိုင္တယ္။ ၿပီးေတာ့ သူမက ကံေကာင္းတဲ့လူေတြအနားမွာေနရင္ သူမလည္း အက်ိဳးေက်းဇူးရႏိုင္ၿပီး သူမရဲ႕ခႏၶာကိုယ္အေျခအေနလည္း အတိုင္းအတာတစ္ခုအထိ တိုးတက္ႏိုင္တယ္။
ဒါဆို ဒီကံေကာင္းမႈက သူမရဲ႕ဘဝကို အေထာက္အပံ့လိုျဖစ္ေနတာမ်ားလား။
စစ္ယြီသည္ ကြၽတ္ခနဲ စုတ္သပ္လိုက္သည္။ ၾကည့္ရတာေတာ့ သူမ ၿငိမ္ၿငိမ္းခ်မ္းခ်မ္း အေျခခ်လို႔ရမယ့္ နည္းလမ္းတစ္ခုကို ေတြ႕ၿပီထင္တယ္။