အချစ်၏ဟန်ပန်-𝑻𝒉𝒆 𝑺𝒕𝒚𝒍�...

By thway64

431K 22K 276

"ပရော်ပရည်စကားတွေပြောမယ်ဆို တို့လက်ခံစကားမပြောဘူးနော်" "အစ်မကလည်း ကိုယ့်ရဲ့ဇနီးလောင်းကိုတောင်ပြောလို့မရဘူးလား... More

1။
2။
3။
4။
5။
6။
7။
8။
9။
10။
11။
12။
13။
14။
15။
16။
17။
18။
19။
20။
21။
22။
23။
24။
25။
26။
27။
29။
30။
31။
32။
33။
34။
35။
36။
37။
38။
39။
40။
41။
42။
43။
final part။
Extra
Extra 1
Extra 2
Xello !!
Extra 3 final
အသိပေးချက် !
Xello!!

28။

8.3K 533 6
By thway64

အိမ့်ဆုနေသော်၏အခန်းထဲတွင် လူစုံနေကြ၏ အကြောင်းမှာ နေနေ့ ၏အခြေအနေအားသေသေချာချာသိရန်အတွက်သာဖြစ်သည်။ လူစုံနေကြသည်ဆိုသော်လည်း လူကြီးတွေမပါဘဲ ယိမ်းတို့သူငယ်ချင်းသုံးယောက်ရယ် ၊ နေနေ ရယ်နဲ့ ကိုစည်သူမျိုးတို့သာရှိသည်။ ဒီကိစ္စအား လူကြီးတွေကိုပေးမသိစေချင်တာကြောင့် အားလုံးတိုးတိုးတိတ်တိတ်လုပ်ရသည်။

ဒေါက်တာစည်သူမျိုးဟာ ဆေးစာရွက်အချက်လက်တွေအား တစ်ရွက်ချင်းလှန်ကြည့်နေလေသည်။ စိတ်ပူနေသော ယိမ်းဟာလက်နှစ်ဖက်အားပွတ်သက်နေမိပြီး  နေနေ ဟာလည်းစိတ်တွေလှုပ်ရှားနေလေသည်။

'ညီမ အရင်ကနေမကောင်းဖြစ်တုန်းက အဖျားကြီးခဲ့တာနော်။ ရာသီတုတ်ကွေးမဟုတ်‌ေပမယ့် ရေထဲမှာအကြာကြီးထိုင်နေခဲ့တာကြောင့် အဖျားရှိလာတာမျိုးပါ။ ဒါကတော့ စိတ်ပူစရာ‌ေတာ့မရှိပါဘူး။"

ထိုအခါမှ အကုန်လုံးအသက်ဝဝရှုနိုင်ကြတော့သည်။

"ခေါင်းခနခန ကိုက်တာကရော ဒေါက်တာ။"

ပန်း၏အမေး။

"ဓာတ်မှန်စစ်ဆေးချက်အ‌ေဖြအရတော့ ဘာမှထွေထွေထူးထူးမတွေ့မိဘူးခင်ဗျ။ ဖြစ်နိုင်ချေနှစ်ခုတော့ရှိတယ်။ မျိုးရိုးလိုက်တာနဲ့ စိတ်ဖိစီးမှုဒဏ်ကြောင့် အဲ့နှစ်ခုပေါင်းသွားတာကြောင့်ဖြစ်ပါလိမ့်မယ်။ အန်တီနဲ့အန်ကယ် တို့နှစ်ဦးထဲကတစ်ဖက်ဖက်ကများ ခေါင်းကိုက်မျိုးရှိလား။"

"ဟုတ် ဒယ်ဒီ့ဖက်ကတော့ ရှိတယ်။ ခေါင်းတွေခနခနကိုက်တာ ။ ဒါပေမယ့် ကျွန်မကျတော့ မကိုက်ဘူးရော် ။"

ပန်း၏အပြောကြောင့် ဒေါက်တာဟာပြုံးသည်။

"ဒါဆို ပန်းကကံကောင်းတာပေါ့။ ဒါပေမယ့် မကိုက်ဘူးဆိုပေမယ့်လည်း မျိုးရိုးကြောင့်ဆိုတော့ အနည်းနဲ့အများတော့ကြုံတွေ့လာနိုင်တာမို့ ဂရုစိုက်စေချင်တယ်။"

ထို့နောက် နေနေ့၏ဘက်သို့လှည့်ကာ

"ဆိုတော့ အခုငါ့ညီမဖြစ်တာက ရှင်းရှင်းလင်းလင်းပြောပြရမယ်ဆိုရင် စိတ်ဖိစီးမှုဒဏ်မခံနိုင်တာမျိုးပါ။ ငယ်ရွယ်တဲ့အချိန်ကတည်းက ဦးနှောက်ကိုအရမ်းအလုပ်ပေးထားလို့ လက်မခံနိုင်ဖြစ်ပြီး ကိုက်ခဲတာမျိုးဖြစ်ပါလိမ့်ပါမယ်နော်။ ပိုဆိုးတာက မျိုးရိုးကလည်းရှိနေတာဆိုတော့ ကိုယ့်စိတ်ကိုပျော်အောင်ထားစေချင်တယ်။"

ဒေါက်တာ၏ အသေးစိတ်ရှင်းပြနေမှုကအားလေးယောက်သား ခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်နားထောင်နေမိကြသည်။ အရွယ်နှင့်မမျှအောင်ပင် စိတ်ဖိစီးမှုများခဲ့သည့်ကလေးဟာ ဦးနှောက်ကိုဆက်တိုက်မနားမပေးခဲ့ဘဲ အသုံးပြုခဲ့ပုံရ၏ ယိမ်းတစ်ယောက်တည်းကိုဘဲကွက်၍ ခနတာမေ့သွားသည်ကတော့ရှင်းပါသည်။ သူ့စိတ်ထဲ ဒါမှမဟုတ် အတွေးတွေထဲတွင်နေရာအများဆုံးယူထားသည်က ယိမ်း ပင်မဟုတ်လား။ထို့ကြောင့် ဦးနှောက်ကဖိအားများလွန်းပြီး အရေးကြီးသည့် မှတ်ဉာဏ်တွေကိုdeleteလုပ်သွားခဲ့တာထင်၏
(စိတ်ကူးယဉ်သက်သက်သာဖြစ်လို့ နားလည်‌ပေးကြရန်)

သို့သော် ဦးနှောက်နှင့်မေ့ပစ်ခဲ့ပြီး နှလုံးသားနှင့်ပြန်၍မှတ်မိခဲ့တာကိုတော့ ယိမ်း အမှန်တကယ်ပင်ကျေးဇူးတင်ရမည်။

-----------------
"အချစ်ကလည်း အဟင့်။ မပြန်ပါနဲ့အုံးဆို နော် ။ အချစ်အနားမှာဘဲနေချင်လို့။"

ယိမ်း၏ ရင်ခွင်ထဲတွင်ခွာလိုမရအောင်ကိုပင် ကပ်နေသူကတော့ တောက်တဲ့ကလေးအိမ့်ဆုနေသော်ပင်ဖြစ်သည်။ မိုးတောင်ချုပ်တော့မည်မို့ အိမ်ပြန်ဖို့ရာ စကားစလိုက်မိရာကနေ ဒီကလေးကခွာမရအောင်ကိုဖြစ်ပြနေသည်မို့ သက်ပြင်းချလိုက်မိပါသည်။ခက်နွေးနွေး ခန္ဓာကိုယ်လေးဟာ အဖျားငွေ့လေးတွေရှိနေသေးသော်လည်း ဖယ်ခွာလိုက်ဖို့မစဉ်းစားမိပေ။

"ကျွန်မမှာ တစ်နေကုန်ရေလည်းမချိုးရ‌သေး
ဘူး။ နည်းနည်းလောက်တော့ခွာပါအုံးရှင်ရယ်။ ချွေးနဲ့တွေမနံဘူးလား။"

"ဟင့်အင်း။ အချစ်ရဲ့ကိုယ်သင်းရနံ့လေးကမွှေးလွန်းတယ် သိလား။ ချွေးနံ့ဆိုရင်တောင် မြတ်နိုးခြင်းတွေနဲ့မွှေးကြူမိတာမို့လေ။"

ထိုသို့ဆိုရင်း ပုခုံးထက်ကို ငုံ့နမ်းလိုက်တာကြောင့် ဆတ်ကနဲဖြစ်သွားရသည်။ ထို့အတူ ကလေး၏အကြည့်စူးစူးတွေဟာ ယိမ်း၏နှုတ်ခမ်းပါးလေးဆီသို့ မျက်တောင်မခတ်တမ်းကြည့်နေရင်း မျက်နှာနားသို့တိုးကပ်လာတာကြောင့် ယိမ်း၏ရင်ဘက်လေးမှာနိမ့်ချီမြင့်ချီဖြစ်လာရသည်။

နီးကပ်လွန်းလာတဲ့အခြေအနေ၊  တစ်ပြိုင်နက်တည်းမှာပင်အလိုအလျှောက်မှိတ်ကျသွားတဲ့မျက်ဝန်းတွေထဲမှာ မျှော်လင့်တောင့်တခြင်းတွေပါ၏ တစ်သိမ့်သိမ့်ခုန်နေသည့်ရင်အစုံ နှင့်အတူ ခပ်နွေးနွေးထိကပ်လာသည့်အနမ်းတစ်ပွင့်မှာ ကိုယ်တိုင်ပျော်ဝင်နေမိသည်။ တွန်းဖယ်ဖို့ရာ စိတ်မကူးမိသလို ရုန်းကန်းနိုင်စွမ်းလည်း ယိမ်းမှာမရှိပေ။

ခနလေးဘဲ ၊ အဲ့ခနလေးအတွင်းမှာဘဲ ယိမ်းတစ်ယောက် ကလေးတစ်ယောက်ဆီမှာကျရှုံးသွားလေ၏

____________________
At 7:00PM

အိမ့်ဆုနေသော်တို့အိမ်တွင် မိသားစုစုံစုံလင်လင်ဖြင့် ထမင်းဝိုင်းလေးကျင်းပနေကြ၏ ခါတိုင်းညစာတွေထက် ဒီနေ့မှာပိုပြီး ဟင်း‌တွေ
စုံလင်နေသယောင် ။ မိသားစုဝင်လေးယောက်ခန့်ရှိသောဒီအိမ်မှာ လူနှစ်ယောက်တိုးလာလေတော့ ပို၍ပင် စည်းကားနေလေ၏

မိဘနှစ်ပါးကို အရင်ဦးမချပါဘဲ ယိမ်း၏ပန်းကန်ထဲသို့ ပုဇွန်ဟင်းလာထည့်ပေးသော ကလေးကြောင့် ယောက္ခမနှစ်ဦးမှာ မျက်နှာတွေပျက်ကုန်ပါတော့သည်။

"ငါ့သမီးငယ်ကတော့လေ အငယ်ဆုံးလေးမို့ သိတတ်မလားမှတ်ပါတယ် ။ ဒင်းက မိန်းမ မျက်နှာတစ်ကမ္ဘာဖြစ်နေတာကိုး။ "

ပြုံးစိစိဖြင့် စသလိုလို နောက်သလိုလိုပြောလာသည့် မာမီ့ကြောင့် ယိမ်းမှာထမင်းဆက်စားဖို့တောင်အခက်တွေ့နေရ၏ ဖဲ့ထားပြီးသားဖြစ်တဲ့ ဒီပုဇွန်ကိုဘဲ မာမီ့ပန်းကန်ထဲသို့ပြောင်းထည့်ပေးရမလိုလို ၊ ဆက်ဘဲစားရတော့မလိုလိုဖြစ်ရ၏ ။

တစ်ပြိုင်နက်တည်းပင် မာမီ့၏အပြောကြောင့် ဝင့်လွှာ၏ပန်းကန်ထဲသို့ ဟင်းထည့်ပေးရန်လက်လှမ်းနေသော ပန်းဆုနေသော်တစ်ယောက်ဟာလည်းလေထဲတွင်ရပ်တန့်လို့သွားလေသည်။

"ဟား ငါ့သမီးတွေကတော့လေ ။ ဒယ်ဒီတို့ ချွေးမနှစ်ယောက်များရတော့မှာလားဘဲ။ ဆိုးစမ်းပါအုံး ။ ပန်းဆုနေသော်လေးရေ။"

ဒယ်ဒီက သဘောကျစွာရယ်ရင်း ပြောလိုက်တော့ ‌ယိမ်းနှင့်နေနေနဲ့ကမျက်လုံးပြူးလေးတွေဖြင့် ကြောင်သွားပြီး ပန်းနှင့်ဝင့်လွှာကတော့ အီလည်လည်ဖြစ်သွားရသည်ထင်၏

"အာ ဒယ်! ဒယ်ဒီကလည်း ။ ဝင့်လွှာနဲ့ကသူငယ်ချင်းတွေပါနော်။ "

တကယ်ပါဘဲ ။ဒယ်ဒီဟာလေ ခါတိုင်းတွေမှာရုပ်တည်သလောက် အခုမှမျက်နှာပြောင်နေရတယ်လို့။

"သူငယ်ချင်းဆိုလည်း သူငယ်ချင်းပေါ့။ ပြီးမှ ချစ်ချစ်တွေဘာတွေဖြစ်မလာကြနဲ့ ဟုတ်လား။ .."

"ဪ ဒါနဲ့ သမီးဝင့်လွှာမိဘတွေကော နေကောင်းရဲ့လားကွ ။ အန်ကယ့်တို့နဲ့လည်းမတွေ့တာကြာနေရောပေါ့။"

ထိုအခါ သူငယ်ချင်းသုံးယောက်စလုံး မျက်နှာပျက်သွားကြလေသည်။ ယိမ်းနှင့်ပန်းဟာ ဖြေရခက်နေသော ဝင့်လွှာအားကြည့်ကာ စိတ်မကောင်း။ နေနေ ကလည်း သူ့ချစ်ချစ်၏မျက်နှာကိုသာကြည့်နေတာမို့ တစ်ခုခုဘဲဆိုတာရိပ်မိလိုက်၏

"ဟုတ် ပြေပါတယ် အန်ကယ်။"

ဝင့်လွှာ တစ်ယောက်ထိုစကားကို မနည်းအားယူကာ ဖြေလိုက်ရသည်။ခုနကထိ အဆင်ပြေပြေရှိနေသော စိတ်ကလေးဟာ ချက်ချင်းကြီးနွမ်းလျလို့သွားလေသည်။

"ဪ အေးပါကွယ်။ နောက်နေ့မှ ထမင်းလေးဘာလေးဖိတ်ကျွေးတာပေါ့။ "

အိမ်၏မိသားစုရေးကို မသိကြသော အန်တီနှင့်အန်ကယ့်ကိုလည်း စိတ်မဆိုးရက်ပေ။ ကလေးချင်းက ငယ်စဉ်ကတည်းကပေါင်းလာတာကြတာဖြစ်လို့ မိဘတွေ၏ဆက်ဆံရေးဟာလည်း တစ်ရင်းတစ်နှီးရှိကြပါသည်။
သို့သော် အိမ်၏မိသားစုအ‌တွင်းရေးပြသာနာတွေကိုသာ ပန်း၏မိဘတွေသိသွားခဲ့လျှင်ကော ဝင့်လွှာကိုအခုလိုမျိုး ဆက်ဆံပါဦးမလား။

အတွေးလွန်နေသော ဝင့်လွှာ သည်ပန်း၏ ခပ်ဖွဖွ လာဆုတ်ကိုင်သည့် အထိအတွေ့ကြောင့်သာ ခပ်ငိုင်ငိုင်ဖြစ်‌နေသောပုံစံကိုပြင်လိုက်ရပါသည်။

"ထည့်စားကြ ထည့်စားကြ ကိုယ့်အိမ်လိုသဘောထားကြကွ နော်။ ချွေးမလေးကကော အခုထိရှိန်နေတုန်းလားကွ ဟေ။ "

ရယ်သံနှောရင်းဖြင့်မျက်ခုံးပင့်ကာ မေးလာသည့်အန်ကယ့်ကြောင့် ယိမ်းမှာ စားနေလက်စထမင်းတွေတောင်နင်သွားရသည်။

ဖြေစကားမဆိုဘဲ ခေါင်းငုံ့ကာတိတ်နေသည့် ယိမ်းကြောင့် အကုန်လုံးရယ်မောမိလိုက်ကြ၏ စွပ်ပြုတ်ပန်းကန်လေးအား မျက်နှာငယ်လေးဖြင့်သောက်နေရရှာသော နေနေ့ မှာ သူ၏ဇနီးလောင်းလေးကိုသာ တစ်စိမ့်စိမ့်ငေးနေလိုက်ပါသည်။

_______________________

အခန်းထဲတွင် ဟို‌လျှောက်ဒီလျှောက်လုပ်နေရင်းပန်းတစ်‌ယောက်ဟာဖြင့် ဂနာမငြိမ်ဖြစ်နေလေသည်။ ဘယ်အရာကိုမှ စိတ်ရှုပ်ခံပြီးအတွေးထဲကြာကြာမထားတတ်သော သူဟာ ညနေက ဝင့်လွှာ၏စကားတွေသာကြားယောင်မိပါသည်။

"   မာမီနဲ့အဲ့ဒီလူရဲ့ပတ်သက်မှုက တို့တွေထင်ထားသလိုမဟုတ်ဘူး ပန်း ၊ဘယ်လိုပြောရမလဲ လောင်းကစားသမားတွေအချင်းချင်းရင်းနှီးကြတဲ့အဆင့်လို့ဆိုရမှာပေါ့ ၊ မာမီက ဖဲ‌ေတွရှုံးပြီး အဲ့လူကြီးဆီကချေးငွေတွေ တစ်စတစ်စနဲ့များသွားတော့တာ အိမ်ဂရံပေါင်ထားရတဲ့အဆင့်ထိဘဲ ။"

"ဘယ်‌ပမာဏလောက်ရှိမလဲ။"

"သိန်းနှစ်ထောင်ကျော်!

ထိုစကားကိုကြားတော့ ရင်ဘက်ကိုဖိမိလိုက်သည်။

"ဘုရား ဘုရား။အဲ့လောက်အများကြီးဘယ်လိုပြန်ဆပ်နိုင်မှာလဲ။"

"တစ်လအတွင်းမှ အဲ့အကြွေးတွေပြန်မဆပ်နိုင်ရင် အိမ်ကိုသိမ်းမယ်တဲ့။ "

ဝင့်လွှာ၏ မျက်လုံးတွေဟာ ရင်ထဲကနာကျင်မှုကိုဖော်ပြနေသယောင်။
ပန်းမှာ သူ့မျက်ဝန်းတွေနှင့် အကြည့်ချင်းမဆုံမိစေရန်မနည်းကြိုးစားနေရသည်။

"ဒုက္ခပါဘဲဟာ ။!

"ပြီးတော့ အခွင့်အရေးတစ်ခုပေးသေးတယ်။"

"ဘာလဲဟင် "

"သူ့သားနဲ့ လက်ထပ်ရင်အဲ့အကြွေးတွေအကုန်လျောပေးမယ်တဲ့။ "

"ဘာ ။ ဒါကတော့ လုံးဝမဖြစ်နိုင်တာကြီး။! အိမ်ကိုသိမ်းချင်သိမ်းပါစေ ၊ ဘယ်ကမှန်းမသိတဲ့ ကောင်ကို ရမ်းစမ်းပြီးလက်မထပ်ရပါဘူး။"

"ဒါပေမယ့်  တို့အဲ့အိမ်လေးကိုနှမြောတယ် ။ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ တို့မိသားစုရဲ့အမှတ်တရတွေကအဲ့ဒီအိမ်လေးမှာဘဲ ရှိ‌နေတာလေ"

"ဒါဆို ယူက လက်ထပ်မလို့လား။ တန်လို့လား ဝင့်လွှာ ။ ဘဝတစ်ခုလုံးနဲ့ရင်းရအောင် တန်လို့လား။!

မတန်ဘူး ။ ဟုတ်တယ် ယူနဲ့လုံးဝမတန်ဘူ။ လုံးဝလည်းလက်မထပ်ရဘူး။ ဘယ်လိုအခြေအနေမျိုးမှာဘဲဖြစ်ဖြစ် လုံးဝလက်မထက်ပါနဲ့လား ဝင့်လွှာရယ်။ သို့ပေမယ့်လို့အက်ကွဲသည့်လေသံဖြင့် ‌ဆိုလာသည့်စကားကိုကြားတော့ ပန်းတစ်ယောက်ပျော့ခွေသွားမတတ်ပင်။

"တို့အမြတ်နိုးဆုံးက မိသားစုဆိုတဲ့အရိပ်အမြုံလေးဆိုတာ ယူမေ့သွားပြီလားဟင်။"

ဟုတ်သားဘဲ ။ ဒီအချက်ကိုသူမေ့နေခဲ့တာ။ လက်မထက်ရဖို့အရေးသာ အတင်းပိတ်ပင်နေခဲ့ပြီး ဝင့်လွှာ၏ခံစားချက်ကို လျစ်လျူရှုခဲ့မိသည်။ မိသားစုကို သိပ်မြတ်နိုးသည့် သူဟာ အကြွေးပြန်ဆပ်မလား၊ သားဖြစ်သူကိုလက်ထပ်မလား ဆိုသည့်ရွေးခြယ်မှုနှစ်ခုကြားမှာဗျာများနေရသည်ထင်၏

သိန်းနှစ်ထောင်တောင်မှဘဲလား။ ဒုက္ခပါဘဲ ဝင့်လွှာရယ်။ပန်းမှာလည်း အဲ့လောက်ငွေအများကြီးကမရှိ။ ကိုယ်တိုင်စုဆောင်းထားသည့်ရှိစုမဲ့စုငွေလေးဟာလည်း သိန်းငါးဆယ်ကျော်ကျော်သာရှိသည်။ မိဘတွေဆီကို အကူညီတောင်းရင်ရမှာဖြစ်ပေမယ့်လို့ ခေါင်းမာလွန်းသည့်ဝင့်လွှာကလက်ခံမည့်ပုံမပေါ်တာမို့ ထိုအတွေးအားခေါင်းထဲမှချက်ချင်းထုတ်ပစ်လိုက်ရသည်။

ဖျက်ကနဲသတိရသွားမိတာက ယိမ်းကိုပင်။

ဒါဆို ယိမ်း ယိမ်းဆိုရင်ကော။ ယိမ်းဆိုရင် သေချာပေါက်ကူညီနိုင်မှာဘဲ ။ သူတို့ထဲမှာ အထက်မြတ်ဆုံးနဲ့ငွေအများကြီးရှာနိုင်တာ ယိမ်းတစ်ယောက်ဘဲရှိတာမဟုတ်လား။ သူဌေးမမကြီးယိမ်းကတော့ ဒီလောက်ငွေလေးကိုမှုမည်မထင်ပေ။

အားကိုးတစ်ကြီးဖြင့် ယိမ်းအား တလိုက်မိရင်း ချက်ချင်းဖုန်းဆက်ဖို့ပြင်လိုက်ပေမယ့် မပြန်ခင်သေချာမှာသွားသော ဝင့်လွှာ၏စကား‌အား ပြန်ကြားယောင်မိလိုက်သည်

"တို့ကိုကတိတစ်ခုပေးပါ။ ဒီကိစ္စကိုယိမ်းကိုမပြောပါနဲ့။"

"ကျစ် ။ နားလည်ရခက်လိုက်တာ မေဝင့်လွှာညီရာ။ ယိမ်းဆိုရင် သေချာပေါက် ကူညီနိုင်တာ သူသိရဲ့သားနဲ့။ ဘာလဲ ။ တစ်ခါမှ မမြင်ဘူးတဲ့ အကောင်နဲ့လက်ထပ်ချင်နေတာလား။"

စိတ်ရှုပ်စွာဖြင့် တင်ပါးနီးနီးထိရည်လျားတဲ့ဆံပင်တွေအား ထိုးဖွလိုက်ရင်း မကျေမနပ်ဖြင့် ပြောလိုက်မိသော်လည်း မျက်ရည်တွေဟာရစ်သိုင်းလာ‌လေသည်။သူတကယ် ဝင့်လွှာ ကိုမဆုံးရှုံးချင်ပါ။

"ဒွီးး ဒွီးးး"

ထိုစဉ်မှာပင်လက်ထဲမှပင်ရှိနေ
သေးသည့်ဖုန်းလေးဟာတုန်ခါလာသည်မို့ မျှော်လင့်တစ်ကြည့်ဖြင့်ကြည့်မိလိုက်သော်လည်း Messageလေးတစ်စောင်သာဖြစ်နေသည်။

"အိပ်နေပြီလား ပန်း"

ထုံးစံအတိုင်း ကိုစည်သူမျိုးဆီက စာပင်ဖြစ်လို့ စိတ်ပျက်လက်ပျက်ဖြစ်သွားရသည်။

"ဟုတ်ကဲ့ အခုအိပ်တော့မလို့ Goodnightပါရှင့်!!

ထိုသို့ ပြန်ပို့လိုက်ရင်း ဖုန်းလေးအား တစ်ခါတည်းစက်ပိတ်ပစ်လိုက်တော့သည်။

တစ်ဖက်က ဒေါက်တာစည်သူမျိုးမှာလည်း
သူ့အပေါ်တွင် ချေလွန်းနေသည့်ကောင်မလေးကြောင့် မွေ့ယာပေါ်တွင်လူးလိမ့်ကာအသည်းယားနေမိတော့သည်။

သူ့အနေဖြင့် မြင်မြင်ချင်းချစ်မိသွားခဲ့တာမဟုတ်ပေမယ့်လို့ စက္ကန့်တိုင်း အချိန်တိုင်း တွေ့ချင် မြင်ချင်သွားတဲ့အထိကိုဖြစ်သွား‌ခဲ့တာမဟုတ်လား။ ကိုယ့်ခံစားချက်ကိုသိနေသော ဒယ်ဒီက လူကြီးတွေနှင့်စကားပြောပေးမယ်ဟုဆိုသော်ငြားလည်း သူလက်မခံမိခဲ့ပေ။ မိဘခြင်းရင်းနှီးနေတာကြောင့် ဆိုတဲ့လောင်းရိပ်ကြီးကို သူမနှစ်မြို့ပါ။ ကိုယ့်အစွမ်းအစနဲ့ကို ပန်း၏အချစ်ကိုရမှသာ ဒယ်ဒီ့ကိုတောင်းရမ်းခိုင်းမည်ဖြစ်၏

ပန်းဆုနေသော်ဆိုတဲ့ ကောင်မလေးဟာ အခြားမိန်းကလေးတွေနှင့်မတူဘဲ တစ်မူကွဲပြားလို့နေသည်။ ဒီအချက်ကြောင့်ဘဲ ကျွန်တော်စွဲလန်းမိသွာတာထင်ပါရဲ့။ မိန်းကလေးဖြစ်ပြီး သွက်သွက်လက်လက်နှင့် ပွင့်လင်းတတ်သော ပုံစံလေးကပင် ကျွန်တော့်နှလုံးသားကိုယိမ်းယိုင်သွားစေခဲ့ဖြစ်မည်။ ‌အသက်အားဖြင့်ကလည်း ရွယ်တူတန်းတူလောက်သာရှိသည်မို့ ကျောင်းထဲမှာခိုးခိုးကြည့်ခဲ့ရတာလည်းအမောပေ ။ ဒီမိန်းကလေးကြောင့်ဘဲ ကျွန်တော် တစ်ခါမှရည်းစားမထားဖြစ်ခဲ့ပေ။ မနီးမဝေးက ပုံရိပ်လေးကိုသာအချစ်တွေပိုမိခဲ့သည်။ သားဖြစ်သူကို အမြဲတမ်းအရိပ်တစ်ကြည့်ကြည့်နှင့်ကြည့်နေတတ်သောဒယ်ဒီက အကဲခတ်တော်ပါသည်။ ပန်းတို့အိမ်မှာ ဆေးသွားကုသည့်အခါမျိုးမှာဆို တစ်ယောက်တည်းသာအေးဆေး‌နေတတ်သည့်ကျွန်တော်က မခေါ်ချင်တာကိုပင် အတင်းရအောင်ပူဆာပြီး လိုက်လာတတ်သည်လေ။

" ဒယ်ဒီပင်စင်ယူရင် ဦးနေသော်ထွန်တို့ရဲ့Family Doctorလုပ်မပေးနိုင်တော့ဘူးကွယ်။ဒါပေမယ့် ငါ့သားကကြိုးစားရင်တော့ ဒယ်ဒီ့နေရာမှာအစားဝင်ပေးဖို့ဒယ်ဒီပြောပေးမယ်။ ငါ့သားကဆရာဝန်ဖြစ်ချင်ရဲ့လား။"

ဒယ်ဒီ့၏အလေးအနက်ပြောလာသောစကားကြောင့် ကျွန်တော်ခေါင်းကိုတစ်ဆတ်ဆတ်ငြိမ့်ပြမိသည်။တစ်ကယ်တမ်း ကျောင်းတက်လာတဲ့ကာလတစ်လျှောက်လုံးမှာ
ကျွန်တော်ဘာဖြစ်ချင်လဲ ဆိုတာ ကိုယ်တိုင်လည်းမသိခဲ့ပေ။ သို့ပေမယ့်လို့ ထိုနေ့ကစပြီး ကျွန်တော်ရည်မှန်းချက် ၊ကျွန်တော့်၏အနာဂတ်သည် ဆရာဝန်တစ်ယောက်ဖြစ်လာရန်သာဖြစ်သည်။ ထို့နေ့မှစ၍ မနာတမ်းစာလုပ်ခဲ့သည်။ကျွန်တော့်ခေါင်းထဲမှာစာကြိုးစားရမည်ဆိုတဲ့စိတ်သာရှိ၏တစ်ခါတစ်လေ စိတ်တွေရှုပ်လာပြီး စာမလုပ်ချင်တော့ဘူးလို့ တွေးမိတိုင်း မျက်လုံးတွေကိုခနမှိတ်လိုက်သည်။ အရမ်းကိုလှပသည့်ပန်းကလေးတစ်ပွင့်ကို မျက်လုံးထဲမြင်ယောင်လာတော့ စာလုပ်ရမှာပျင်းသည့်စိတ်သည့်ချက်ချင်းပျောက်ကွယ်လို့သွားလေသည်။ စာမလုပ်ချင်တော့ဘူး ၊ပျင်းလာပြီဆိုရင် ဒီအရာကိုခနခနပြုလုပ်ဖြစ်ခဲ့သည်။ ကျွန်တော် ဆရာဝန်တစ်ယောက်ဖြစ်မလာခင်အထိ ဒီအလေ့အကျင့်ဟာ စွဲစွဲမြဲမြဲလုပ်ခဲ့သည့်အရာပင်ဖြစ်ခဲ့သည်။ ကျွန်တော့်၏ပန်းကလေးသည် ကျွန်တော့်အတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ပါသည်။

4.3.2023
1:45PM
𝑻𝒉𝒘𝒂𝒚64

ကြိုးစားပါအုံးမည်။အပိုင်း(29)မျှော်

Voteလေးတော့ပေးသွားကြပါအုံးလို့။ရေးရတာ အားမရှိတော့ဘူး🤧

------------
Zawgyi

အိမ့္ဆုေနေသာ္၏အခန္းထဲတြင္ လူစုံေနၾက၏ အေၾကာင္းမွာ ေနေန႕ ၏အေျခအေနအားေသေသခ်ာခ်ာသိရန္အတြက္သာျဖစ္သည္။ လူစုံေနၾကသည္ဆိုေသာ္လည္း လူႀကီးေတြမပါဘဲ ယိမ္းတို႔သူငယ္ခ်င္းသုံးေယာက္ရယ္ ၊ ေနေန ရယ္နဲ႕ ကိုစည္သူမ်ိဳးတို႔သာရွိသည္။ ဒီကိစၥအား လူႀကီးေတြကိုေပးမသိေစခ်င္တာေၾကာင့္ အားလုံးတိုးတိုးတိတ္တိတ္လုပ္ရသည္။

ေဒါက္တာစည္သူမ်ိဳးဟာ ေဆးစာ႐ြက္အခ်က္လက္ေတြအား တစ္႐ြက္ခ်င္းလွန္ၾကည့္ေနေလသည္။ စိတ္ပူေနေသာ ယိမ္းဟာလက္ႏွစ္ဖက္အားပြတ္သက္ေနမိၿပီး ေနေန ဟာလည္းစိတ္ေတြလႈပ္ရွားေနေလသည္။

'ညီမ အရင္ကေနမေကာင္းျဖစ္တုန္းက အဖ်ားႀကီးခဲ့တာေနာ္။ ရာသီတုတ္ေကြးမဟုတ္ေပမယ့် ေရထဲမွာအၾကာႀကီးထိုင္ေနခဲ့တာေၾကာင့္ အဖ်ားရွိလာတာမ်ိဳးပါ။ ဒါကေတာ့ စိတ္ပူစရာေတာ့မရှိပါဘူး။"

ထိုအခါမွ အကုန္လုံးအသက္ဝဝရႈနိုင္ၾကေတာ့သည္။

"ေခါင္းခနခန ကိုက္တာကေရာ ေဒါက္တာ။"

ပန္း၏အေမး။

"ဓာတ္မွန္စစ္ေဆးခ်က္အေဖြအရတော့ ဘာမွေထြေထြထူးထူးမေတြ႕မိဘူးခင္ဗ်။ ျဖစ္နိုင္ေခ်ႏွစ္ခုေတာ့ရွိတယ္။ မ်ိဳးရိုးလိုက္တာနဲ႕ စိတ္ဖိစီးမႈဒဏ္ေၾကာင့္ အဲ့ႏွစ္ခုေပါင္းသြားတာေၾကာင့္ျဖစ္ပါလိမ့္မယ္။ အန္တီနဲ႕အန္ကယ္ တို႔ႏွစ္ဦးထဲကတစ္ဖက္ဖက္ကမ်ား ေခါင္းကိုက္မ်ိဳးရွိလား။"

"ဟုတ္ ဒယ္ဒီ့ဖက္ကေတာ့ ရွိတယ္။ ေခါင္းေတြခနခနကိုက္တာ ။ ဒါေပမယ့္ ကြၽန္မက်ေတာ့ မကိုက္ဘူးေရာ္ ။"

ပန္း၏အေျပာေၾကာင့္ ေဒါက္တာဟာၿပဳံးသည္။

"ဒါဆို ပန္းကကံေကာင္းတာေပါ့။ ဒါေပမယ့္ မကိုက္ဘူးဆိုေပမယ့္လည္း မ်ိဳးရိုးေၾကာင့္ဆိုေတာ့ အနည္းနဲ႕အမ်ားေတာ့ႀကဳံေတြ႕လာနိုင္တာမို႔ ဂ႐ုစိုက္ေစခ်င္တယ္။"

ထို႔ေနာက္ ေနေန႕၏ဘက္သို႔လွည့္ကာ

"ဆိုေတာ့ အခုငါ့ညီမျဖစ္တာက ရွင္းရွင္းလင္းလင္းေျပာျပရမယ္ဆိုရင္ စိတ္ဖိစီးမႈဒဏ္မခံနိုင္တာမ်ိဳးပါ။ ငယ္႐ြယ္တဲ့အခ်ိန္ကတည္းက ဦးႏွောက္ကိုအရမ္းအလုပ္ေပးထားလို႔ လက္မခံနိုင္ျဖစ္ၿပီး ကိုက္ခဲတာမ်ိဳးျဖစ္ပါလိမ့္ပါမယ္ေနာ္။ ပိုဆိုးတာက မ်ိဳးရိုးကလည္းရွိေနတာဆိုေတာ့ ကိုယ့္စိတ္ကိုေပ်ာ္ေအာင္ထားေစခ်င္တယ္။"

ေဒါက္တာ၏ အေသးစိတ္ရွင္းျပေနမႈကအားေလးေယာက္သား ေခါင္းတစ္ၿငိမ့္ၿငိမ့္ျဖင့္နားေထာင္ေနမိၾကသည္။ အ႐ြယ္ႏွင့္မမွ်ေအာင္ပင္ စိတ္ဖိစီးမႈမ်ားခဲ့သည့္ကေလးဟာ ဦးႏွောက္ကိုဆက္တိုက္မနားမေပးခဲ့ဘဲ အသုံးျပဳခဲ့ပုံရ၏ ယိမ္းတစ္ေယာက္တည္းကိုဘဲကြက္၍ ခနတာေမ့သြားသည္ကေတာ့ရွင္းပါသည္။ သူ႕စိတ္ထဲ ဒါမွမဟုတ္ အေတြးေတြထဲတြင္ေနရာအမ်ားဆုံးယူထားသည္က ယိမ္း ပင္မဟုတ္လား။ထို႔ေၾကာင့္ ဦးႏွောက္ကဖိအားမ်ားလြန္းၿပီး အေရးႀကီးသည့္ မွတ္ဉာဏ္ေတြကိုdeleteလုပ္သြားခဲ့တာထင္၏
(စိတ္ကူးယဥ္သက္သက္သာျဖစ္လို႔ နားလည္ေပးၾကရန္)

သို႔ေသာ္ ဦးႏွောက္ႏွင့္ေမ့ပစ္ခဲ့ၿပီး ႏွလုံးသားႏွင့္ျပန္၍မွတ္မိခဲ့တာကိုေတာ့ ယိမ္း အမွန္တကယ္ပင္ေက်းဇူးတင္ရမည္။

-----------------
"အခ်စ္ကလည္း အဟင့္။ မျပန္ပါနဲ႕အုံးဆို ေနာ္ ။ အခ်စ္အနားမွာဘဲေနခ်င္လို႔။"

ယိမ္း၏ ရင္ခြင္ထဲတြင္ခြာလိုမရေအာင္ကိုပင္ ကပ္ေနသူကေတာ့ ေတာက္တဲ့ကေလးအိမ့္ဆုေနေသာ္ပင္ျဖစ္သည္။ မိုးေတာင္ခ်ဳပ္ေတာ့မည္မို႔ အိမ္ျပန္ဖို႔ရာ စကားစလိုက္မိရာကေန ဒီကေလးကခြာမရေအာင္ကိုျဖစ္ျပေနသည္မို႔ သက္ျပင္းခ်လိဳက္မိပါသည္။ခက္ႏြေးႏြေး ခႏၶာကိုယ္ေလးဟာ အဖ်ားေငြ႕ေလးေတြရွိေနေသးေသာ္လည္း ဖယ္ခြာလိုက္ဖို႔မစဥ္းစားမိေပ။

"ကြၽန္မမွာ တစ္ေနကုန္ေရလည္းမခ်ိဳးရေသး
ဘူး။ နည္းနည္းေလာက္ေတာ့ခြာပါအုံးရွင္ရယ္။ ေခြၽးနဲ႕ေတြမနံဘူးလား။"

"ဟင့္အင္း။ အခ်စ္ရဲ႕ကိုယ္သင္းရနံ႕ေလးကေမႊးလြန္းတယ္ သိလား။ ေခြၽးနံ႕ဆိုရင္ေတာင္ ျမတ္နိုးျခင္းေတြနဲ႕ေမႊးၾကဴမိတာမို႔ေလ။"

ထိုသို႔ဆိုရင္း ပုခုံးထက္ကို ငုံ႕နမ္းလိုက္တာေၾကာင့္ ဆတ္ကနဲျဖစ္သြားရသည္။ ထို႔အတူ ကေလး၏အၾကည့္စူးစူးေတြဟာ ယိမ္း၏ႏႈတ္ခမ္းပါးေလးဆီသို႔ မ်က္ေတာင္မခတ္တမ္းၾကည့္ေနရင္း မ်က္ႏွာနားသို႔တိုးကပ္လာတာေၾကာင့္ ယိမ္း၏ရင္ဘက္ေလးမွာနိမ့္ခ်ီျမင့္ခ်ီျဖစ္လာရသည္။

နီးကပ္လြန္းလာတဲ့အေျခအေန၊ တစ္ၿပိဳင္နက္တည္းမွာပင္အလိုအေလွ်ာက္မွိတ္က်သြားတဲ့မ်က္ဝန္းေတြထဲမွာ ေမွ်ာ္လင့္ေတာင့္တျခင္းေတြပါ၏ တစ္သိမ့္သိမ့္ခုန္ေနသည့္ရင္အစုံ ႏွင့္အတူ ခပ္ႏြေးႏြေးထိကပ္လာသည့္အနမ္းတစ္ပြင့္မွာ ကိုယ္တိုင္ေပ်ာ္ဝင္ေနမိသည္။ တြန္းဖယ္ဖို႔ရာ စိတ္မကူးမိသလို ႐ုန္းကန္းနိုင္စြမ္းလည္း ယိမ္းမွာမရွိေပ။

ခနေလးဘဲ ၊ အဲ့ခနေလးအတြင္းမွာဘဲ ယိမ္းတစ္ေယာက္ ကေလးတစ္ေယာက္ဆီမွာက်ရႈံးသြားေလ၏

____________________
At 7:00PM

အိမ့္ဆုေနေသာ္တို႔အိမ္တြင္ မိသားစုစုံစုံလင္လင္ျဖင့္ ထမင္းဝိုင္းေလးက်င္းပေနၾက၏ ခါတိုင္းညစာေတြထက္ ဒီေန႕မွာပိုၿပီး ဟင္းေတြ
စုံလင္ေနသေယာင္ ။ မိသားစုဝင္ေလးေယာက္ခန႔္ရွိေသာဒီအိမ္မွာ လူႏွစ္ေယာက္တိုးလာေလေတာ့ ပို၍ပင္ စည္းကားေနေလ၏

မိဘႏွစ္ပါးကို အရင္ဦးမခ်ပါဘဲ ယိမ္း၏ပန္းကန္ထဲသို႔ ပုဇြန္ဟင္းလာထည့္ေပးေသာ ကေလးေၾကာင့္ ေယာကၡမႏွစ္ဦးမွာ မ်က္ႏွာေတြပ်က္ကုန္ပါေတာ့သည္။

"ငါ့သမီးငယ္ကေတာ့ေလ အငယ္ဆုံးေလးမို႔ သိတတ္မလားမွတ္ပါတယ္ ။ ဒင္းက မိန္းမ မ်က္ႏွာတစ္ကမၻာျဖစ္ေနတာကိုး။ "

ၿပဳံးစိစိျဖင့္ စသလိုလို ေနာက္သလိုလိုေျပာလာသည့္ မာမီ့ေၾကာင့္ ယိမ္းမွာထမင္းဆက္စားဖို႔ေတာင္အခက္ေတြ႕ေနရ၏ ဖဲ့ထားၿပီးသားျဖစ္တဲ့ ဒီပုဇြန္ကိုဘဲ မာမီ့ပန္းကန္ထဲသို႔ေျပာင္းထည့္ေပးရမလိုလို ၊ ဆက္ဘဲစားရေတာ့မလိုလိုျဖစ္ရ၏ ။

တစ္ၿပိဳင္နက္တည္းပင္ မာမီ့၏အေျပာေၾကာင့္ ဝင့္လႊာ၏ပန္းကန္ထဲသို႔ ဟင္းထည့္ေပးရန္လက္လွမ္းေနေသာ ပန္းဆုေနေသာ္တစ္ေယာက္ဟာလည္းေလထဲတြင္ရပ္တန႔္လို႔သြားေလသည္။

"ဟား ငါ့သမီးေတြကေတာ့ေလ ။ ဒယ္ဒီတို႔ ေခြၽးမႏွစ္ေယာက္မ်ားရေတာ့မွာလားဘဲ။ ဆိုးစမ္းပါအုံး ။ ပန္းဆုေနေသာ္ေလးေရ။"

ဒယ္ဒီက သေဘာက်စြာရယ္ရင္း ေျပာလိုက္ေတာ့ ယိမ္းႏွင့္ေနေနနဲ႕ကမ်က္လုံးျပဴးေလးေတြျဖင့္ ေၾကာင္သြားၿပီး ပန္းႏွင့္ဝင့္လႊာကေတာ့ အီလည္လည္ျဖစ္သြားရသည္ထင္၏

"အာ ဒယ္! ဒယ္ဒီကလည္း ။ ဝင့္လႊာနဲ႕ကသူငယ္ခ်င္းေတြပါေနာ္။ "

တကယ္ပါဘဲ ။ဒယ္ဒီဟာေလ ခါတိုင္းေတြမွာ႐ုပ္တည္သေလာက္ အခုမွမ်က္ႏွာေျပာင္ေနရတယ္လို႔။

"သူငယ္ခ်င္းဆိုလည္း သူငယ္ခ်င္းေပါ့။ ၿပီးမွ ခ်စ္ခ်စ္ေတြဘာေတြျဖစ္မလာၾကနဲ႕ ဟုတ္လား။ .."

"ဪ ဒါနဲ႕ သမီးဝင့္လႊာမိဘေတြေကာ ေနေကာင္းရဲ႕လားကြ ။ အန္ကယ့္တို႔နဲ႕လည္းမေတြ႕တာၾကာေနေရာေပါ့။"

ထိုအခါ သူငယ္ခ်င္းသုံးေယာက္စလုံး မ်က္ႏွာပ်က္သြားၾကေလသည္။ ယိမ္းႏွင့္ပန္းဟာ ေျဖရခက္ေနေသာ ဝင့္လႊာအားၾကည့္ကာ စိတ္မေကာင္း။ ေနေန ကလည္း သူ႕ခ်စ္ခ်စ္၏မ်က္ႏွာကိုသာၾကည့္ေနတာမို႔ တစ္ခုခုဘဲဆိုတာရိပ္မိလိုက္၏

"ဟုတ္ ေျပပါတယ္ အန္ကယ္။"

ဝင့္လႊာ တစ္ေယာက္ထိုစကားကို မနည္းအားယူကာ ေျဖလိုက္ရသည္။ခုနကထိ အဆင္ေျပေျပရွိေနေသာ စိတ္ကေလးဟာ ခ်က္ခ်င္းႀကီးႏြမ္းလ်လိဳ႕သြားေလသည္။

"ဪ ေအးပါကြယ္။ ေနာက္ေန႕မွ ထမင္းေလးဘာေလးဖိတ္ေကြၽးတာေပါ့။ "

အိမ္၏မိသားစုေရးကို မသိၾကေသာ အန္တီႏွင့္အန္ကယ့္ကိုလည္း စိတ္မဆိုးရက္ေပ။ ကေလးခ်င္းက ငယ္စဥ္ကတည္းကေပါင္းလာတာၾကတာျဖစ္လို႔ မိဘေတြ၏ဆက္ဆံေရးဟာလည္း တစ္ရင္းတစ္ႏွီးရွိၾကပါသည္။
သို႔ေသာ္ အိမ္၏မိသားစုအတြင္းေရးျပသာနာေတြကိုသာ ပန္း၏မိဘေတြသိသြားခဲ့လွ်င္ေကာ ဝင့္လႊာကိုအခုလိုမ်ိဳး ဆက္ဆံပါဦးမလား။

အေတြးလြန္ေနေသာ ဝင့္လႊာ သည္ပန္း၏ ခပ္ဖြဖြ လာဆုတ္ကိုင္သည့္ အထိအေတြ႕ေၾကာင့္သာ ခပ္ငိုင္ငိုင္ျဖစ္ေနေသာပုံစံကိုျပင္လိုက္ရပါသည္။

"ထည့္စားၾက ထည့္စားၾက ကိုယ့္အိမ္လိုသေဘာထားၾကကြ ေနာ္။ ေခြၽးမေလးကေကာ အခုထိရွိန္ေနတုန္းလားကြ ေဟ။ "

ရယ္သံႏွောရင္းျဖင့္မ်က္ခုံးပင့္ကာ ေမးလာသည့္အန္ကယ့္ေၾကာင့္ ယိမ္းမွာ စားေနလက္စထမင္းေတြေတာင္နင္သြားရသည္။

ေျဖစကားမဆိုဘဲ ေခါင္းငုံ႕ကာတိတ္ေနသည့္ ယိမ္းေၾကာင့္ အကုန္လုံးရယ္ေမာမိလိုက္ၾက၏ စြပ္ျပဳတ္ပန္းကန္ေလးအား မ်က္ႏွာငယ္ေလးျဖင့္ေသာက္ေနရရွာေသာ ေနေန႕ မွာ သူ၏ဇနီးေလာင္းေလးကိုသာ တစ္စိမ့္စိမ့္ေငးေနလိုက္ပါသည္။

_______________________

အခန္းထဲတြင္ ဟိုေလွ်ာက္ဒီေလွ်ာက္လုပ္ေနရင္းပန္းတစ္ေယာက္ဟာျဖင့္ ဂနာမၿငိမ္ျဖစ္ေနေလသည္။ ဘယ္အရာကိုမွ စိတ္ရႈပ္ခံၿပီးအေတြးထဲၾကာၾကာမထားတတ္ေသာ သူဟာ ညေနက ဝင့္လႊာ၏စကားေတြသာၾကားေယာင္မိပါသည္။

" မာမီနဲ႕အဲ့ဒီလူရဲ႕ပတ္သက္မႈက တို႔ေတြထင္ထားသလိုမဟုတ္ဘူး ပန္း ၊ဘယ္လိုေျပာရမလဲ ေလာင္းကစားသမားေတြအခ်င္းခ်င္းရင္းႏွီးၾကတဲ့အဆင့္လို႔ဆိုရမွာေပါ့ ၊ မာမီက ဖဲေတွရှုံးပြီး အဲ့လူႀကီးဆီကေခ်းေငြေတြ တစ္စတစ္စနဲ႕မ်ားသြားေတာ့တာ အိမ္ဂရံေပါင္ထားရတဲ့အဆင့္ထိဘဲ ။"

"ဘယ္ပမာဏေလာက္ရွိမလဲ။"

"သိန္းႏွစ္ေထာင္ေက်ာ္!

ထိုစကားကိုၾကားေတာ့ ရင္ဘက္ကိုဖိမိလိုက္သည္။

"ဘုရား ဘုရား။အဲ့ေလာက္အမ်ားႀကီးဘယ္လိုျပန္ဆပ္နိုင္မွာလဲ။"

"တစ္လအတြင္းမွ အဲ့အေႂကြးေတြျပန္မဆပ္နိုင္ရင္ အိမ္ကိုသိမ္းမယ္တဲ့။ "

ဝင့္လႊာ၏ မ်က္လုံးေတြဟာ ရင္ထဲကနာက်င္မႈကိုေဖာ္ျပေနသေယာင္။
ပန္းမွာ သူ႕မ်က္ဝန္းေတြႏွင့္ အၾကည့္ခ်င္းမဆုံမိေစရန္မနည္းႀကိဳးစားေနရသည္။

"ဒုကၡပါဘဲဟာ ။!

"ၿပီးေတာ့ အခြင့္အေရးတစ္ခုေပးေသးတယ္။"

"ဘာလဲဟင္ "

"သူ႕သားနဲ႕ လက္ထပ္ရင္အဲ့အေႂကြးေတြအကုန္ေလ်ာေပးမယ္တဲ့။ "

"ဘာ ။ ဒါကေတာ့ လုံးဝမျဖစ္နိုင္တာႀကီး။! အိမ္ကိုသိမ္းခ်င္သိမ္းပါေစ ၊ ဘယ္ကမွန္းမသိတဲ့ ေကာင္ကို ရမ္းစမ္းၿပီးလက္မထပ္ရပါဘူး။"

"ဒါေပမယ့္ တို႔အဲ့အိမ္ေလးကိုႏွေျမာတယ္ ။ ဘယ္ေတာ့မွျပန္မရနိုင္ေတာ့တဲ့ တို႔မိသားစုရဲ႕အမွတ္တရေတြကအဲ့ဒီအိမ္ေလးမွာဘဲ ရွိေနတာေလ"

"ဒါဆို ယူက လက္ထပ္မလို႔လား။ တန္လို႔လား ဝင့္လႊာ ။ ဘဝတစ္ခုလုံးနဲ႕ရင္းရေအာင္ တန္လို႔လား။!

မတန္ဘူး ။ ဟုတ္တယ္ ယူနဲ႕လုံးဝမတန္ဘူ။ လုံးဝလည္းလက္မထပ္ရဘူး။ ဘယ္လိုအေျခအေနမ်ိဳးမွာဘဲျဖစ္ျဖစ္ လုံးဝလက္မထက္ပါနဲ႕လား ဝင့္လႊာရယ္။ သို႔ေပမယ့္လို႔အက္ကြဲသည့္ေလသံျဖင့္ ဆိုလာသည့္စကားကိုၾကားေတာ့ ပန္းတစ္ေယာက္ေပ်ာ့ေခြသြားမတတ္ပင္။

"တို႔အျမတ္နိုးဆုံးက မိသားစုဆိုတဲ့အရိပ္အၿမဳံေလးဆိုတာ ယူေမ့သြားၿပီလားဟင္။"

ဟုတ္သားဘဲ ။ ဒီအခ်က္ကိုသူေမ့ေနခဲ့တာ။ လက္မထက္ရဖို႔အေရးသာ အတင္းပိတ္ပင္ေနခဲ့ၿပီး ဝင့္လႊာ၏ခံစားခ်က္ကို လ်စ္လ်ဴရႈခဲ့မိသည္။ မိသားစုကို သိပ္ျမတ္နိုးသည့္ သူဟာ အေႂကြးျပန္ဆပ္မလား၊ သားျဖစ္သူကိုလက္ထပ္မလား ဆိုသည့္ေ႐ြးျခယ္မႈႏွစ္ခုၾကားမွာဗ်ာမ်ားေနရသည္ထင္၏

သိန္းႏွစ္ေထာင္ေတာင္မွဘဲလား။ ဒုကၡပါဘဲ ဝင့္လႊာရယ္။ပန္းမွာလည္း အဲ့ေလာက္ေငြအမ်ားႀကီးကမရွိ။ ကိုယ္တိုင္စုေဆာင္းထားသည့္ရွိစုမဲ့စုေငြေလးဟာလည္း သိန္းငါးဆယ္ေက်ာ္ေက်ာ္သာရွိသည္။ မိဘေတြဆီကို အကူညီေတာင္းရင္ရမွာျဖစ္ေပမယ့္လို႔ ေခါင္းမာလြန္းသည့္ဝင့္လႊာကလက္ခံမည့္ပုံမေပၚတာမို႔ ထိုအေတြးအားေခါင္းထဲမွခ်က္ခ်င္းထုတ္ပစ္လိုက္ရသည္။

ဖ်က္ကနဲသတိရသြားမိတာက ယိမ္းကိုပင္။

ဒါဆို ယိမ္း ယိမ္းဆိုရင္ေကာ။ ယိမ္းဆိုရင္ ေသခ်ာေပါက္ကူညီနိုင္မွာဘဲ ။ သူတို႔ထဲမွာ အထက္ျမတ္ဆုံးနဲ႕ေငြအမ်ားႀကီးရွာနိုင္တာ ယိမ္းတစ္ေယာက္ဘဲရွိတာမဟုတ္လား။ သူေဌးမမႀကီးယိမ္းကေတာ့ ဒီေလာက္ေငြေလးကိုမႈမည္မထင္ေပ။

အားကိုးတစ္ႀကီးျဖင့္ ယိမ္းအား တလိုက္မိရင္း ခ်က္ခ်င္းဖုန္းဆက္ဖို႔ျပင္လိုက္ေပမယ့္ မျပန္ခင္ေသခ်ာမွာသြားေသာ ဝင့္လႊာ၏စကားအား ျပန္ၾကားေယာင္မိလိုက္သည္

"တို႔ကိုကတိတစ္ခုေပးပါ။ ဒီကိစၥကိုယိမ္းကိုမေျပာပါနဲ႕။"

"က်စ္ ။ နားလည္ရခက္လိုက္တာ ေမဝင့္လႊာညီရာ။ ယိမ္းဆိုရင္ ေသခ်ာေပါက္ ကူညီနိုင္တာ သူသိရဲ႕သားနဲ႕။ ဘာလဲ ။ တစ္ခါမွ မျမင္ဘူးတဲ့ အေကာင္နဲ႕လက္ထပ္ခ်င္ေနတာလား။"

စိတ္ရႈပ္စြာျဖင့္ တင္ပါးနီးနီးထိရည္လ်ားတဲ့ဆံပင္ေတြအား ထိုးဖြလိုက္ရင္း မေက်မနပ္ျဖင့္ ေျပာလိုက္မိေသာ္လည္း မ်က္ရည္ေတြဟာရစ္သိုင္းလာေလသည္။သူတကယ္ ဝင့္လႊာ ကိုမဆုံးရႈံးခ်င္ပါ။

"ဒြီးး ဒြီးးး"

ထိုစဥ္မွာပင္လက္ထဲမွပင္ရွိေန
ေသးသည့္ဖုန္းေလးဟာတုန္ခါလာသည္မို႔ ေမွ်ာ္လင့္တစ္ၾကည့္ျဖင့္ၾကည့္မိလိုက္ေသာ္လည္း Messageေလးတစ္ေစာင္သာျဖစ္ေနသည္။

"အိပ္ေနၿပီလား ပန္း"

ထုံးစံအတိုင္း ကိုစည္သူမ်ိဳးဆီက စာပင္ျဖစ္လို႔ စိတ္ပ်က္လက္ပ်က္ျဖစ္သြားရသည္။

"ဟုတ္ကဲ့ အခုအိပ္ေတာ့မလို႔ Goodnightပါရွင့္!!

ထိုသို႔ ျပန္ပို႔လိုက္ရင္း ဖုန္းေလးအား တစ္ခါတည္းစက္ပိတ္ပစ္လိုက္ေတာ့သည္။

တစ္ဖက္က ေဒါက္တာစည္သူမ်ိဳးမွာလည္း
သူ႕အေပၚတြင္ ေခ်လြန္းေနသည့္ေကာင္မေလးေၾကာင့္ ေမြ႕ယာေပၚတြင္လူးလိမ့္ကာအသည္းယားေနမိေတာ့သည္။

သူ႕အေနျဖင့္ ျမင္ျမင္ခ်င္းခ်စ္မိသြားခဲ့တာမဟုတ္ေပမယ့္လို႔ စကၠန႔္တိုင္း အခ်ိန္တိုင္း ေတြ႕ခ်င္ ျမင္ခ်င္သြားတဲ့အထိကိုျဖစ္သြားခဲ့တာမဟုတ္လား။ ကိုယ့္ခံစားခ်က္ကိုသိေနေသာ ဒယ္ဒီက လူႀကီးေတြႏွင့္စကားေျပာေပးမယ္ဟုဆိုေသာ္ျငားလည္း သူလက္မခံမိခဲ့ေပ။ မိဘျခင္းရင္းႏွီးေနတာေၾကာင့္ ဆိုတဲ့ေလာင္းရိပ္ႀကီးကို သူမႏွစ္ၿမိဳ႕ပါ။ ကိုယ့္အစြမ္းအစနဲ႕ကို ပန္း၏အခ်စ္ကိုရမွသာ ဒယ္ဒီ့ကိုေတာင္းရမ္းခိုင္းမည္ျဖစ္၏

ပန္းဆုေနေသာ္ဆိုတဲ့ ေကာင္မေလးဟာ အျခားမိန္းကေလးေတြႏွင့္မတူဘဲ တစ္မူကြဲျပားလို႔ေနသည္။ ဒီအခ်က္ေၾကာင့္ဘဲ ကြၽန္ေတာ္စြဲလန္းမိသြာတာထင္ပါရဲ႕။ မိန္းကေလးျဖစ္ၿပီး သြက္သြက္လက္လက္ႏွင့္ ပြင့္လင္းတတ္ေသာ ပုံစံေလးကပင္ ကြၽန္ေတာ့္ႏွလုံးသားကိုယိမ္းယိုင္သြားေစခဲ့ျဖစ္မည္။ အသက္အားျဖင့္ကလည္း ႐ြယ္တူတန္းတူေလာက္သာရွိသည္မို႔ ေက်ာင္းထဲမွာခိုးခိုးၾကည့္ခဲ့ရတာလည္းအေမာေပ ။ ဒီမိန္းကေလးေၾကာင့္ဘဲ ကြၽန္ေတာ္ တစ္ခါမွရည္းစားမထားျဖစ္ခဲ့ေပ။ မနီးမေဝးက ပုံရိပ္ေလးကိုသာအခ်စ္ေတြပိုမိခဲ့သည္။ သားျဖစ္သူကို အၿမဲတမ္းအရိပ္တစ္ၾကည့္ၾကည့္ႏွင့္ၾကည့္ေနတတ္ေသာဒယ္ဒီက အကဲခတ္ေတာ္ပါသည္။ ပန္းတို႔အိမ္မွာ ေဆးသြားကုသည့္အခါမ်ိဳးမွာဆို တစ္ေယာက္တည္းသာေအးေဆးေနတတ္သည့္ကြၽန္ေတာ္က မေခၚခ်င္တာကိုပင္ အတင္းရေအာင္ပူဆာၿပီး လိုက္လာတတ္သည္ေလ။

" ဒယ္ဒီပင္စင္ယူရင္ ဦးေနေသာ္ထြန္တို႔ရဲ႕Family Doctorလုပ္မေပးနိုင္ေတာ့ဘူးကြယ္။ဒါေပမယ့္ ငါ့သားကႀကိဳးစားရင္ေတာ့ ဒယ္ဒီ့ေနရာမွာအစားဝင္ေပးဖို႔ဒယ္ဒီေျပာေပးမယ္။ ငါ့သားကဆရာဝန္ျဖစ္ခ်င္ရဲ႕လား။"

ဒယ္ဒီ့၏အေလးအနက္ေျပာလာေသာစကားေၾကာင့္ ကြၽန္ေတာ္ေခါင္းကိုတစ္ဆတ္ဆတ္ၿငိမ့္ျပမိသည္။တစ္ကယ္တမ္း ေက်ာင္းတက္လာတဲ့ကာလတစ္ေလွ်ာက္လုံးမွာ
ကြၽန္ေတာ္ဘာျဖစ္ခ်င္လဲ ဆိုတာ ကိုယ္တိုင္လည္းမသိခဲ့ေပ။ သို႔ေပမယ့္လို႔ ထိုေန႕ကစၿပီး ကြၽန္ေတာ္ရည္မွန္းခ်က္ ၊ကြၽန္ေတာ့္၏အနာဂတ္သည္ ဆရာဝန္တစ္ေယာက္ျဖစ္လာရန္သာျဖစ္သည္။ ထို႔ေန႕မွစ၍ မနာတမ္းစာလုပ္ခဲ့သည္။ကြၽန္ေတာ့္ေခါင္းထဲမွာစာႀကိဳးစားရမည္ဆိုတဲ့စိတ္သာရွိ၏တစ္ခါတစ္ေလ စိတ္ေတြရႈပ္လာၿပီး စာမလုပ္ခ်င္ေတာ့ဘူးလို႔ ေတြးမိတိုင္း မ်က္လုံးေတြကိုခနမွိတ္လိုက္သည္။ အရမ္းကိုလွပသည့္ပန္းကေလးတစ္ပြင့္ကို မ်က္လုံးထဲျမင္ေယာင္လာေတာ့ စာလုပ္ရမွာပ်င္းသည့္စိတ္သည့္ခ်က္ခ်င္းေပ်ာက္ကြယ္လို႔သြားေလသည္။ စာမလုပ္ခ်င္ေတာ့ဘူး ၊ပ်င္းလာၿပီဆိုရင္ ဒီအရာကိုခနခနျပဳလုပ္ျဖစ္ခဲ့သည္။ ကြၽန္ေတာ္ ဆရာဝန္တစ္ေယာက္ျဖစ္မလာခင္အထိ ဒီအေလ့အက်င့္ဟာ စြဲစြဲၿမဲၿမဲလုပ္ခဲ့သည့္အရာပင္ျဖစ္ခဲ့သည္။ ကြၽန္ေတာ့္၏ပန္းကေလးသည္ ကြၽန္ေတာ့္အတြက္ အားေဆးတစ္ခြက္ျဖစ္ခဲ့ပါသည္။

4.3.2023
1:45PM
64

ႀကိဳးစားပါအုံးမည္။အပိုင္း(29)ေမွ်ာ္


Continue Reading

You'll Also Like

163K 17.1K 200
Qu Meng'er tidak berharap bahwa kematiannya yang disebabkan oleh ayahnya akan membuatnya terlahir kembali. Ketika dia membuka kembali matanya, dia t...
30.6K 4.2K 22
Pembaca dari dunia yang sama namun berbeda. Dengan cara yang tidak klise, pahlawan dan penjahat tersayang kita menemukan diri mereka dipindahkan ke d...
528 3 71
Puisi-puisi ini dikumpulkan dan dikurasi dengan tema yang sama yaitu Religi. Semua puisi di dalam buku ini ditulis oleh siswa-siswi SIKK, dari mulai...
189K 4.8K 61
Puisi berantai ini hanyalah puisi tanpa mengandung keseriusan